← Chapters

ရင်းနှီးနေပါသော

Vol. 6 Ch. 89

ရင်းနှီးနေပါသော

Vol. 6 Ch. 89

ကောင်းမင်သည် ရွှမ်ဝမ်နှင့်ရွှမ်ဝမ်၏အမူအကျင့်များကို ရင်းနှီးသည်။သူမသည် ရူးနှမ်းသည့်ကြောင်တောင်တောင်စကားတစ်ချို့ပြောလေ့ရှိသော်လည်း သူမသည် ကောင်းမင်ထံမှ လေးစားသည့်အကွာအဝေးတစ်ခု အမြဲထားလေ့ရှိသည်။

"သူ့ကို လုပ်ခွင့်ပေးလိုက်ပါ ၊ ရှင့်ကိုယ်ရှင် ခက်ခဲအောင် တွန်းအားမပေးပါနဲ့ "

ရွှမ်ဝမ်သည် ကုတင်ပေါ်လဲလိုက်ပြီး အကြောဆန့်လိုက်သည်။

"မင်းပြောသမျှ စကားလုံးတိုင်းကို ကိုယ်နားလည်ပါတယ် ၊ အတူတူတွဲရက်ဆိုရင် တော့ အရမ်းထူးဆန်းတဲ့အသံ ထွက်နေတယ် "

ကောင်းမင်က ရွှမ်ဝမ်ကို လျစ်လျူရှုလိုက်သည်။သူ့နှလုံးကို ပုတ်လိုက်သည်။အပြစ်ဒုက္ခများဖြင့်ကွေးညွှတ်နေသော ချိန်းကြိုးများသည် သူ့အသားထဲမှ တွားထွက်လာကြသည်။လီလုစင်းသည် ရွှမ်ဝမ်၏ အိမ်တွင် ကောင်းမင်ကို တွေ့ရလိမ့်မည်ဟု မျှော်လင့်မထားချေ။သူမသည် ထိတ်လန့်သွား၏။

"ရှင်ဘယ်သူလဲ ၊ ဘာလို့ ရှင့်ကို အရမ်းရင်းနှီးနေသလို ခံစားရတာလဲ ၊ ကျွန်မတို့ အရင်က ချစ်ခဲ့ကြတာလား "

"မဟုတ်ဘူး "

ကောင်းမင်က ရှေ့တိုးလိုက်သည်။သူ့တွင်သားစားကြူးနတ်ရှိနေသောကြောင့် ဖြစ်ရပ်ဆိုးရောက်မလာခင် ထိုကဲ့သို့ မွန်းစတားများကို သူမကြောက်ရွံ့ပေ။

"ကျွန်မ ရှင့်ကို သိတယ် ! "

လှပသောမျက်နှာလေးသည် ကောင်းမင်ကို ချစ်မြတ်နိုးစွာကြည့်လိုက်သည်။သူမ၏ မျက်လုံးများသည် အပြစ်ကင်းစွာ တောက်ပနေ၏။

"ကျွန်မ သူ့ကို မသတ်ရင် သူက ကျွန်မကို သတ်လိမ့်မယ်! သူက ရူးနေတာ ! သူ့ကို မယုံနဲ့ ! "

"ငါသူ့ကို မယုံဘူးဆိုရင် မင်းကို ယုံသင့်တာလား "

သန္ဓေပြောင်းနှလုံးသားသည် ခုန်ပေါက်လာ၏။သွေးကြောများထဲမှ သေခြင်းမှတ်ဉာဏ်များကို ဆွဲထုတ်လိုက်သည်။နတ်ဘုရား နိုးထလာချေပြီ။

"ရှင်ဘာပြောနေလဲ ကျွန်မမသိဘူး "

လီစုစင်းသည် သူမ၏သွေးစွန်းဓားကို လွတ်ချလိုက်သည်။

"ကျွန်မက လူတစ်ယောက်ကို ရှာနေတာ ၊ အဲ့ဒီလူက ရှင်ပဲဖြစ်ရမယ် ၊ ရှင် ကျွန်မကို ယုံစေချင်တယ် ၊ သူက အရမ်းအန္တရာယ်ရှိတယ်! သူက ရှင့်ကို သတ်ပစ်လိမ့်မယ်! "

"ရုပ်ပိုင်းဆိုင်ရာအနေနဲ့ဆိုရင် သူက တခြားအမျိုးသမီးဇာတ်ကောင်တွေထက် အများကြီးအားနည်းတယ် ၊ ကျွန်မသာ ဒီမှာရှိနေရင် ကျွန်မရဲ့အားနည်းချက်နဲ့ အပြစ်ကင်းစင်တာတွေကို ပြပြီးတွန်းအားပေးဖို့ကြိုးစားမယ် ၊ တခြားလူရဲ့ ယုံကြည်မှုကို ရပြီးရင်တော့ ကျွန်မက နောက်ထပ်ဓားတစ်ချောင်းထုတ်ပြီး တည့်တည့်ထိုးလိုက်မယ် "

ရွှမ်ဝမ်သည်သူမဘာသာ တစ်ပတ်လှည့်လိုက်သည် ။

ထိုစကားကို ကြားသောအခါ လီလုစင်း၏မျက်လုံးများက တုန်ယင်သွားသည်။သူမသည် ကောင်းမင်ထံ လမ်းလျှောက်သွားလိုက်သည်။သူမသည် ရုတ်တရက်ရှေ့သို့ပြေးတက်လာပြီး သူမနောက်ကျောမှ သစ်သီးလှီးဓားတစ်ချောင်းကို ထုတ်လိုက်သည်။ဓားတွင် အမျိုးသမီးများ၏အော်ဟစ်သံများ ပဲ့တင်ထပ်နေသည်။ကောင်းမင်က မရွေ့လျားခဲ့ပေ။သူ့နောက်တွင် သားစားကြူးနတ်ပေါ်ထွက်လာ၏။လက်ရှစ်ဖက်သည် ပြင်းထန်စွာ ရိုက်ချလိုက်သည်။

"ချိန်းကြိုးတွေကို ငါထုတ်ခဲ့ရင်တောင် အဲ့ဒါတွေကို ငါသုံးမယ်လို့ မဆိုလိုဘူး "

တိုက်ခိုက်မှု တစ်ခုတည်းဖြင့် လီလုစင်း၏ အရိပ်ကျနေသော ခန္ဓာကိုယ် တစ်ဝက်ကို ရိုက်ချိုးပစ်လိုက်သည် ။

"ငါ့ မျက်နှာလေး ! "

သူမက အော်ဟစ်လိုက်သည်။သို့သော်လည်း နောက်ကျသွားပြီဖြစ်သည်။လှပသော ခန္ဓာကိုယ်သည် နတ်ဘုရား၏ဖမ်းဆီးခြင်းခံလိုက်ရသည်။ကောင်းမင်စကားမပြောနိုင်သေးခင် လီလုစင်းသည် သန္ဓေပြောင်းနှလုံးထဲသို့ ဆွဲသွင်းခံလိုက်ရသည်။အပြစ်သဏ္ဍာန်မျက်နှာသည် ရှင်းလင်းလာပြီးမေးရိုးများသည် သွယ်လျလာ၏။သားစားကြူးနတ်သည် ကောင်းမင်ထက်ပင် ပိုမိုအလုပ်ကြိုးစားလေသည်။၎င်းသည် သူ့ကိုယ်သူ သန်မာလာရန် အလွန်ကြိုးစားနေလေသည်။

လီလုစင်းအား အကျဉ်းချလိုက်ပြီးနောက် ကောင်းမင်သည် သူမနောက်ကျောမှာ အရိပ်တစ်ခုကို ဆွဲထုတ်၍ လွင့်ပစ်လိုက်သည်။အရိပ်တွင် အခြားအမျိုးသမီးတစ်ယောက်၏ ငိုကြွေးသံများပါဝင်လေသည်။သူမကို နတ်ဘုရားက မဝါးမြိုခဲ့ပဲ ကုန်းစီက လွှတ်ပေးလိုက်သည်။အခန်းသည် ပြန်လည်တိတ်ဆိတ်သွားလေသည်။လီလုစင်းရှိခဲ့‌သောနေရာတွင် သစ်သီးလှီးဓားတစ်ချောင်းနှင့် ဈေးကြီးသည့်လက်ဆွဲအိတ်တစ်လုံးသာ ကျန်ခဲ့လေသည်။

ရွှမ်ဝမ်သည် လက်အိတ်စွပ်ထားသော လက်များဖြင့် ထလာ၏။သူသည် လက်ဆွဲအိတ်ကို ဖွင့်လိုက်ရာ အမျိုးမျိုးသော မိတ်ကပ်ဘူးများကြားတွင် ဗလာဖြစ်နေသော လူသေဓာတ်ပုံတစ်ခုကို ရှာတွေ့လိုက်သည်။

"ဒီလောက်အချိန်အကြာကြီးယူပြီးတာတောင် သူက လူတစ်ယောက်ပဲ သတ်နိုင်ခဲ့တာလား! ၊ အားနည်းလိုက်တာ "

"ဒီကိစ္စအတွက် မင်းပြင်ဆင်ထားတယ်လို့ ကိုယ်ဘာလို့ခံစားနေတာလဲ "

ကောင်းမင်သည် ကုန်းစီကို သူ့နှလုံးဆီ ပြန်သွားစေလိုက်သည်။သူက ခြေရာလက်ရာများကို စတင်ရှင်းလင်းလိုက်သည်။

"ကျွန်မက အသတ်ခံရဖို့ ဒီအတိုင်းထိုင်စောင့်နေမယ်လို့ ရှင်မျှော်လင့်နေတာလား "

ရွှမ်ဝမ်သည် သူမ၏ အဝတ်စင်ကို ဖွင့်လိုက်သည်။အဝတ်စင်ထဲတွင် အမျိုးမျိုးသော ကိရိယာများပြည့်နှက်‌နေလေသည်။သူမသည် အပြုံးတစ်စနှင့်အတူ ဗလာဓာတ်ပုံကို ကောင်းမင်ဆီပေးလိုက်သည်။

"ရှင့်ရဲ့ဝှက်ဖဲကို ကျွန်မဆီ ပြခဲ့တယ်နော် ၊ နောက်ကျ ကျွန်မရှင့်ကို သတ်ချင်လာရင် ဘယ်လိုလုပ်မလဲ"

"မင်း မလုပ်ပါဘူး "

ကောင်းမင်၏ အဆုံးမဲ့သေခြင်းမှတ်ဉာဏ်များတွင် ရွှမ်ဝမ်သည် ရံဖန်ရံခါ ပါလာတတ်သည်။သူမသည် အမြဲတမ်းပင် အရိပ်ကမ္ဘာထဲပြန်ရောက်သွားခြင်းဖြင့် အဆုံးသတ်ခဲ့ရသည်။

"ရှင် ကျွန်မကို သေချာပေါက် ယုံကြည်နေတာပဲ "

ရွှမ်ဝမ်သည် လက်အိတ်များကို ချွတ်လိုက်ပြီး ကောင်းမင်၏နှလုံးသားကို စိုက်ကြည့်လိုက်သည်။

"ကျွန်မ သူတို့ကို အားကျတယ် ၊ ဘာလို့ဆို သူတို့က အစ်ကိုကြီးရဲ့နှလုံးသားထဲမှာ နေနိုင်ကြတယ်လေ "

"ပုံမှန်ပဲ ပြော "

ကောင်းမင်သည် အဝတ်စင်ထဲ ကြည့်လိုက်သည်။သူသည် ရွှမ်ဝမ် 'ပြင်ဆင်' ထားသည်များကိုတွေ့လိုက်ရသည်။သူမသည် လီလုစင်းထက် မတူညီသော လယ်ဗယ်တွင်ရှိသူဖြစ်သည်။

"ကိုယ့်စိုးရိမ်မှုက အခြေအမြစ်မရှိပုံပဲ "

"အဲ့လို မဟုတ်ပါဘူး၊ အနည်းဆုံးတော့ ရှင့်ရဲ့ဖြစ်တည်မှုကို ကျွန်မသိပ်မမုန်းတော့ဘူးလေ "

ရွှမ်ဝမ်က အဝတ်စင်ကို ပြန်ပိတ်လိုက်သည်။

"ကမ္ဘာကြီးက ကြီးမားတယ် ၊ မုန်တိုင်းထဲမှာ အလောင်းတစ်ခုကို သတ္တိရှိရှိ ကူညီဖြေရှင်းပေးဖို့ ဆန္ဒရှိတဲ့ လူတစ်ယောက်ကို ရှာရတာက မလွယ်ကူပါဘူးလေ "

ထိုစကားသည်ကောင်းမင်အတွက် ဘာကိုဆိုလိုမှန်း နားမလည်သည့် ပထမဆုံးအကြိမ်ဖြစ်သည်။သူက ရေခဲသေတ္တာကို ဖွင့်လိုက်ပြီး ရေအေးတစ်ခွက် ငှဲ့လိုက်သည်။

"မင်း ရေခဲရေကို လျှော့သောက်သင့်တယ် ၊ ဒါက မင်းအစာအိမ်အတွက် မကောင်းဘူး ၊ ဒီထဲမှာ အစားအစာတချို့ထားဖို့ ကိုယ်ပြင်ဆင်ပေးရမလား "

"ဒီအတိုင်း အလွတ်ထားလိုက်ပါ ၊ ကျွန်မက ဒီထဲမှာ လူသေအလောင်းတွေ ထည့်ထားချင်လို့ "

ရွှမ်ဝမ်က ခပ်တည်တည်ပြောလိုက်သည်။

ကောင်းမင်၏ ဖန်ခွက်သည် တန့်သွား၏။ရွှမ်ဝမ့်စကားကို ကြားသောအခါ သူက ရေခွက်ကို ပြန်ချလိုက်သည်။

"ကျွန်မ နောက်နေတာပါ "

"ကျွန်မ တကယ်မဆာလို့ပါ "

ကောင်းမင်က ရွှမ်ဝမ်ကို လက်ယမ်းပြလိုက်သည်။

"မနက်ဖြန် ဂိမ်းမူကြမ်းတွေနဲ့အတူ အလုပ်သွားလျှောက်ဖို့ မမေ့နဲ့နော် ၊ ကိုယ်သွားတော့မယ် "

ကောင်းမင်သည် တံခါးပိတ်လိုက်ပြီး မိုးကာအင်္ကျီဝတ်၍ အလျင်အမြန်ထွက်ခွာသွားလေသည်။

ပြေးလွှားသွားသော ခြေသံများကိုကြားရပြီးနောက် ရွှမ်ဝမ်က ခြောက်ကပ်ကပ်ရယ်လိုက်သည်။

"တကယ်တမ်းတော့ ၊ ကျွန်မကြောက်နေခဲ့တာ "

............

ကောင်းမင်သည် တစ်လမ်းလုံးပြေးလွှားလာပြီး သူ့သော့ဖြင့် အိမ်တံခါးကို ဖွင့်လိုက်သည်။

အသံကြားသောအခါ ဝမ်ကျီသည် ဖကိုင်ကို ချီထားရင်း ဆိုဖာပေါ်မှ ထလာ၏။သူသည် ကောင်းမင်ကို မြင်လိုက်ချိန်တွင် သူ့၏စိတ်လှုပ်ရှားနေသော အကြည့်များက တည်ငြိမ်သွားသည်။သို့သော် မကြာမီ သူသည် အပြစ်ကင်းသည့်မျက်နှာလေးကို မော့၍ အံ့အားသင့်ဟန်ဖြင့်မေးလိုက်သည်။

"အရမ်းမြန်တာပဲလား "

"မင်းက ဘာထင်နေလို့လဲ "

ကောင်းမင်က မိုးကာအင်္ကျီကို ချွတ်လိုက်သည်။

"အိပ်ရာဝင်တော့ ၊ မနက်ဖြန် အစ်ကို လုပ်စရာကိစ္စတွေ အများကြီးရှိတယ် "

သေဆုံးမှတ်ဉာဏ်များသည် ကောင်းမင်အား အနာဂတ်ပုံရိပ်များကို ဖျတ်ခနဲ မြင်စေခဲ့သည်။သူသည် ထိုအပိုင်းအစများကို သုံး၍ သူအတွက် လမ်းကြောင်းအသစ်ဖန်တီးရမည်ဖြစ်သည်။ကောင်းမင်သည် ဆိုဖာပေါ်တွင် အိပ်ပျော်သွားခဲ့သည်။မုန်တိုင်းသည် ဆက်လက်တိုင်ခတ်နေ၏။သို့သော်လည်း ဝမ်ကျီရှိနေကတည်းက ငှားထားသော အိမ်လေးသည် အလွန်ပင်နွေးထွေးနေခဲ့လေသည်။

နံနက် ခြောက်နာရီတွင်

လူတစ်ယောက်က အခန်းတံခါးလာခေါက်လေသည်။အအိပ်ဆတ်သော ဝမ်ကျီသည် ကောင်းမင်၏ ခွင့်ပြုချက်ဖြင့်တံခါး သွားဖွင့်လိုက်သည်။

"အနှောက်အယှက်ပေးရလို့ တောင်းပန်ပါတယ် ၊ ကျုပ်မှာ မေးစရာတချို့ရှိလို့ပါ "

အနက်ရောင်ယူနီဖောင်း ၊ အနက်ရောင်ဆက်သွယ်ရေးစက်နှင့် ပျက်စီးနေသည့် မျက်နှာဖြင့် ထိုလူကို ကောင်းမင်က ချက်ချင်း မှတ်မိလိုက်သည်။

"ခင်ဗျားဘယ်သူလဲ ၊ ဘာလို့ သူများအိမ်တွေထဲ မမေးမမြန်းပဲ ဝင်လာရတာလဲ "

ကောင်းမင်က မျက်မှောင်ကြုံ့လိုက်ပြီး စိတ်မရှည်ဟန်ဖြင့်ပြောလိုက်သည်။

"ကျုပ်က ချင်ထျန်းပါ ၊ အထူးဌာနတစ်ခုပါဗျ ၊ သူကတော့ ကျွန်တော့ဂျူနီယာ ချူးစီစီပါ ၊ နောက်ကျရင် ကျုပ်တို့လည်း အမှန်တရားကို ဖော်ထုတ်ပြီးတဲ့အထိ လီကျင်းအိမ်ရာမှာ နေမှာပါ "

ချင်ထန်း၏အသွင်အပြင်သည် ‌ကောင်းမင် နောက်ဆုံးအကြိမ်က တွေ့ခဲ့ရသလိုပင် ဘွင်းဘွင်းရှင်းရှင်းဖြစ်သည်။

"တစ်ခုခု ဖြစ်ခဲ့တာလား "

ဝမ်ကျီသည် အိပ်ပျော်နေသော ဖကိုင်ကို ချီလာခဲ့သည်။

"ရဲကားတွေက မသွားကြသေးဘူး ၊ စည်းတွေလည်း ချထားတယ် ၊ လူတိုင်း ကြောက်နေကြတာ "

"အခုတော့ ကျုပ်ဘာမှ မပြောနိုင်သေးဘူး "

ချင်ထန်းသည် လသာဆောင်သို့လျှောက်သွားလိုက်ပြီး ခန်းဆီးကို ဆွဲလိုက်သည်။

"ဒီ‌ကနေဆိုရင် တစ်ဖက်က အဆောက်အဦးကို ခင်ဗျားမြင်ရတယ်၊ မနေ့ညက အဆောက်အဦး ၂မှာ ထူးဆန်းတဲ့လူတစ်ယောက်ယောက်များ မြင်မိသေးလား "

ကောင်းမင်က ခေါင်းခါလိုက်သည်။သူသည် သူ့ကိုယ်သူ ထူးဆန်းသည့်လူတစ်‌ယောက်ဟု အမှန်ပင် ‌‌မတွေးမိချေ။

"ခင်ဗျားတွေးမိတဲ့ လူတစ်ယောက်ယောက်များ ရှိလား "

"ကျုပ်ဖြင့် ဘယ်သူမှ မတွေးမိပါဘူး"

ကောင်းမင်က ခေါင်းထပ်ခါလိုက်သည်။

"ဒါ‌က ဘာကြောင့် ပေါက်ကွဲထွက်လာတာလဲ ၊ ပြီးတော့ အရမ်းပြင်းထန်တာလား "

ချင်ထျန်းသည် စိတ်ရှုပ်နေခဲ့သည်။ချင်ထျန်းသည် မေးခွန်းများ ထပ်မေးရန် ပြင်လိုက်စဉ် ဆက်သွယ်ရေးစက်က တုန်ခါလာခဲ့သည်။ဆက်သွယ်ရေးစက်မှတဆင့် ကပ္ပတိန်ချန်းယွင်ထန်း၏အသံ ထွက်ပေါ်လာ၏။

"ချင်ကြီး ၊ ကွင်းစ်ဌာနက အကုန်ပြုတ်သွားတယ် ၊ ယာယီအကြီးအကဲအသစ်က ဒါကို စေ့စေ့စပ်စပ် စုံစမ်းစေချင်နေတယ် ၊ ကျွမ်းကျင်စုံစမ်းရေးမှူးတွေကို ရွေ့ပြောင်းလိမ့်မယ် ၊ မင်းအခု အမြန်ပြန်လာဖို့လိုတယ် ! "

"ဒါပေမယ့် လီကျင်းအိမ်ရာ မတော်တဆမှုကို လျစ်လျူရှုထားလို့မရဘူးဗျ ၊ ကျုပ်မသွားနိုင်ဘူး! "

ချင်ထျန်းသည် ဆက်သွယ်ရေးစက်ထဲ ခပ်တိုးတိုးပြောလိုက်သည်။

"အရှေ့ပိုင်းမြို့တော်က ဟန်ဟိုင်းရဲ့နှလုံးသည်းပွတ်ပဲ ၊ အရင် ပြန်ခဲ့ပါ ၊ ငါတို့ ဆွေးနွေးကြမယ် "

အသံက ပျောက်ကွယ်သွားသည်။ချင်ထျန်းသည် သက်ပြင်းချက်လိုက်သည်။

"သာမန်ပြည်သူတွေရဲ့အသက်‌တွေက တန်ဖိုးမရှိလို့လား "

"ခင်ဗျား အရှေ့ပိုင်းမြို့တော်ကို သွားမှာလား "

ကောင်းမင်သည် အရာအားလုံးကို ကြားလိုက်ရသည်။နောက်ဆုံးအကြိမ်တွင် သူသည် ချင်ထျန်းကိုဦးဆောင်၍ အဆင့်၃ မူမမှန်ဖြစ်ရပ်ကို ဖြေရှင်းခဲ့သည်။ယင်းသည် စီတုအန်းက ချင်ထန်းကို ရွေးချယ်ခဲ့ပြီး စီစွေ့အိမ်ရာတွင် သေဆုံးခဲ့သော အကြောင်းရင်းဖြစ်ပေသည်။

ယခုအကြိမ်တွင် ကွင်းစ်စုံစမ်းစစ်ဆေးရေးဌာနသည် အမြစ်ပြုတ်သွားခဲ့ခြင်းကြောင့် ချင်ထျန်းအား အရှေ့ပိုင်းမြို့တော်သို့ ရွေ့ပြောင်းတော့မည်ဖြစ်သည်။မည်သည့်ကိစ္စပင်ဖြစ်ပါစေ ကံကြမ္မာသည် ချင်ထျန်းကို အရှေ့ပိုင်းမြို့တော်သို့ ပြောင်းရွေ့မည်ဖြစ်သည်။

"ကျုပ်တပည့်ဂျူနီယာလေးက ဒီမှာ ကူညီဖို့နေခဲ့လိမ့်မယ် ၊ ခင်ဗျားမှာ မေးစရာတွေရှိရင် သူ့ကိုသာ မေးလိုက်ပါ "

ချင်ထျန်းသည် ကောင်းမင်ကို ကျော်၍ တံခါးဆီ သွားလိုက်သည်။

"နေပါဦး ..."

ကောင်းမင်က ပြောလိုက်သည် ။

"ဘာဖြစ်လို့လဲ "

ချင်ထျန်းက ရပ်လိုက်သည်။

"ခင်ဗျား သံသယဖြစ်စရာတစ်ခုခုကို သတိရသွားလို့လား "

"ကျုပ်က ငယ်ကတည်းက လူတွေကို လက္ခဏာဖတ်ရတာ တော်တယ် "

ကောင်းမင်က ချင်ထျန်း၏လက်ကို ဆွဲလိုက်သည်။

"ခင်ဗျားဟာ ‌ဖုန်းပြောပြီးတဲ့နောက် သေခြင်းအငွေ့အသက်တွေက ခင်ဗျားပေါ်မှာ စုဝေးနေတယ် ၊ အရှေ့ပိုင်းမြို့တော်ကို ခင်ဗျားသွားရင် ခင်ဗျား သေလိမ့်မယ် "

"ကျေးဇူးပဲ ဒါပေမယ့် ကျုပ်က ဒီလိုဟာမျိုးတွေကို မယုံဘူး "

‌ချင်ထျန်းသည် ကောင်းမင်၏လက်ကို ပုတ်လိုက်သည်။

"သေခြင်းတရားက ကြောက်စရာမကောင်းပါဘူး ၊ ကျုပ်ရဲ့သေခြင်းက အနည်းငယ်ပဲအသုံးဝင်ခဲ့ရင်တောင် ဒါက လုံလောက်ပါတယ် "

All Chapters