အိမ်တော်ကို သန့်ရှင်းခြင်း
Vol. 5 Ch. 62
ကျူးဂျန်ရှန် သူ့လက်သီးကို ပြန်ဆွဲယူဖို့ ကြိုးစားလိုက်၏။
သို့ပေမယ့် သူ့လက်သီးကို ဂျန်ဖန်းက အသာအယာ ဆုပ်ကိုင်ထားတာ အံ့အားသင့်စွာ တွေ့လိုက်ရသည်။
“ဘာလဲဟ… မင်းနဲ့ပတ်သက်ပြီး ဘာမှားနေတာလဲ….”
သူက ထိပ်ထိပ်ပျာပျာဖြစ်လာခဲ့သည်။ နောက်ထပ်လက်သီးတစ်လုံးရှိသေးတာကို သတိရသွားပြီး ဂျန်ဖန်းကို ထိုးလိုက်၏။
သို့ပေမယ့် ထိုအရာက အရမ်းနောက်ကျသွားပြီပဲဖြစ်သည်။
ဂျန်ဖန်း ကျူးဂျန်ရှန်ကို ရှေ့သို့ အားနှင့် ဆွဲယူလိုက်ပြီး ဝမ်းဗိုက်ကို ဒူးနှင့်ပစ်တိုက်လိုက်၏။
ဘုန်း!
ချက်ချင်းပဲ ကျူးဂျန်ရှန် ပုစွန်ဆိပ်တစ်ကောင်းကဲ့သို့ ကွေးသွားပြီး နာကျင်မှုကြောင့် ထိန်းမရသိမ်းမရ ပျို့တက်သွားခဲ့သည်။
သူ အလွန်ဒေါသထွက်သွားခဲ့သည်။
တိမ်စိမ်းဂိုဏ်းတပည့်တစ်ယောက်အနေဖြင့် တစ်ချိန်က အမှိုက်ဟုသတ်မှတ်ခံရသည့် ကောင်ကို ဘယ်လိုလုပ် အလွယ်တကူ ရှုံးနိမ့်နိုင်မည်နည်း။
“တော်လောက်ပြီ….”
သူက ဟိန်းဟောက်လိုက်ပြီး အခြေခံတည်ဆောက်ခြင်းအဆင့် စိတ်ဝိညာဥ်စွမ်းအင်ကို ထုတ်လွတ်လိုက်သည်။
“ကြယ်ချိုးဖြတ်ခြင်း လက်ချောင်း….”
သူက ကျင့်ကြံခြင်းနည်းလမ်းကို တောင် အသုံးပြုလိုက်၏။
ထို့ပြင် ၎င်းက အဝါရောင် အလယ်အလတ်အဆင့် နည်းလမ်းဖြစ်၏။
ဂျန်ဖန်းကတည်ငြိမ်နေဆဲဖြစ်ပြီး စာတစ်ကြောင်းတောင် ရေးလိုက်၏။
“သုံးစားမရတဲ့ ဒေါသတွေပဲ…..”
ပြောပြီးနောက် လှုပ်ရှားမှုနည်းလမ်းကို ပေါ့ပေါ့ပါးပါး အသုံးပြုလိုက်ပြီး မျှော်လင့်မထားသည့်အရှိန်ဖြင့် ကျူးဂျန်ရှန်နားကို ချည်းကပ်လာခဲ့သည်။
ထို့နောက် ကျူးဂျန်ရှန်မျက်နှာကို ဖြတ်ရိုက်လိုက်သည်။
ကျူးဂျန်ရှန် ထိုအရာကို မယုံကြည်နိုင် ဖြစ်နေခဲ့သည်။ သူ့သိုင်းပညာကို ထုတ်သုံးတာတောင် အရိုက်ခံနေဆဲဖြစ်၏။
စူးရှသည့်နာကျင်မှုက သူ့ဒေါသကို ပိုမိုတောက်လောင်လာစေခဲ့၏။
ဒေါသတွေပေါက်ကွဲထွက်လုနီးပါဖြစ်နေပြီး အော်ပြောလိုက်သည်။
“ငါမင်းကို သတ်မယ်…..”
ဖြန်း!
သူက ပြင်းထန်သည့်လက်ဝါးတစ်ချက်နှင့် တွေ့ဆုံသွားခဲ့သည်။
ဒေါသတကြီးနှင့် ကျူးဂျန်ရှန်အော်ပြောလိုက်သည်။
“မင်းသေရမယ်…. ဒီနေ့မင်းသေကိုသေရမယ်…..”
ဖြန်း!
နောက်ထပ်ရိုက်ချက်တစ်ချက်ရောက်လာခဲ့သည်။
ကျူးဂျန်ရှန် သူ့စွမ်းအားတွေကို ဘယ်လိုပဲ သုံးသုံး ရလဒ်ကတော့ သာမန်အတိုင်း ရိုက်သည့် နောက်ထပ်လက်ဝါးချက်တွေပဲဖြစ်သည်။
“အား…. ဂျန်ဖန်း…..”
ဖြန်း!
“ငါမင်းနဲ့ သေတဲ့ထိတိုက်ခိုက်မယ်….”
ဖြန်း!
“ငါမင်းတို့တစ်မိသားစုလုံးသတ်….”
ဖြန်း!
“ငါ….”
ဖြန်း!
……
ရှုမိသားစုတစ်ခုလုံး အံ့သြတုန်လှုပ်နေခဲ့ကြသည်။
သူတို့က သူတို့ရှေ့မှာရှိသည့် ထူးဆန်းသည့် မြင်ကွင်းကို အံ့သြတကြီး ကြည့်နေခဲ့ကြသည်။
ဘေးက နောက်လိုက်တွေလည်း သစ္ဆေတစ်ကောင်မြင်လိုက်ရသကဲ့သို့ အေးခဲသွားကြသည်။ သူတို့က ရှုမိသားစုဝင်တွေကို နောက်ထပ်မဖမ်းရဲတော့ပေ။
သူတို့မျက်လုံးတွေထဲ၌….
တစ်ချိန်က မာနကြီးခဲ့သည့် ကျူးဂျန်ရှန်… တိမ်းစိမ်းဂိုဏ်၏ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူက ခန်းမအပြင်ရောက်သည်အထိ တစ်ဆင့်ချင်း ဂျန်ဖန်း၏ အရိုက်ခံနေရ၏။
ကျူးဂျန်ရှန် မည်သို့ပင်ခုခံစေကာမူ အပြန်အလှန်အားဖြင့် သူက အညာတာမဲ့စွာ ရိုက်ခံနေရတာပဲဖြစ်သည်။
သူ့ပါးက ယောင်ကိုင်းကာ နှာခေါင်းသွေးတွေလည်း အဆက်မပြတ်ထွက်နေခဲ့သည်။ မျက်နှာတစ်ခုလုံးက ပုံပျက်နေကာ သွေးအလိမ်းလိမ်း ဖြစ်နေခဲ့သည်။
နောက်ဆုံးမှာတော့ သူက ဂျန်ဖန်း ပြိုင်ဘက်မဟုတ်ဘူးဆိုတာ ကျူးဂျန်ရှန် နားလည်သွားခဲ့သည်။
သူက အံကြိတ်ပြီး ထွက်ပြေးတော့၏။ သူ့မျက်လုံးထဲ၌ အမုန်းတရားတွေနှင့် ပြည့်နှက်နေခဲ့သည်။
ပင်မဂိတ်တံခါးက ထွက်မသွားခင် ဂျန်းဖန်းကို အငြိုးကြီးစွာ ကြည့်လိုက်သည်။
“ကောင်းတယ်, ဂျန်ဖန်း…. မင်းစောင့်နေ….”
“ငါတို့နှစ်ယောက်ထဲက တစ်ယောက်တော့ သေကိုသေရမယ်….”
“ကျူးမိသားစုဒေါသကို မင်းစောင့်နေလိုက်….”
ဂျန်ဖန်းမျက်လုံးတွေက အေးစက်စက် အလင်းတစ်ချက်လက်သွားခဲ့သည်။
သူကအလျှင်အမြန်ပဲ နောက်ကလိုက်သွားခဲ့သည်။
ရှုမိသားစုက ထွက်ခွာပြီးနောက်…..
ဂျန်ဖန်း လှုပ်ရှားမှုနည်းလမ်းကို အစွမ်းကုန်အသုံးပြုလိုက်၏။ ထို့နောက် ကျူးဂျန်ရှန်ကို လျို့ဝှက်လမ်းကျဥ်းလေးတစ်ခုမှာ ဖမ်းမိသွားခဲ့သည်။
ကျူးဂျန်ရှန် မရပ်မနား တတွတ်တွတ်ရေရွတ်နေခဲ့သည်။
“ငါသတ်မယ်…. ငါ အဲ့ကောင်ကိုသတ်မယ်….”
သူ့တစ်ဘဝလုံး၌ ဤကဲ့သို့ တစ်ခါမှ အစော်ကား မခံရဘူးပေ။
သို့ပေမယ့် သူ့နောက်ကနေ ရှင်းလင်းပြတ်သားသည့်အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
“မင်း အခွင့်ရေးရတော့မယ် မထင်ဘူး….”
ဂျန်ဖန်း လိုက်မီသွားပြီး ထူးမခြားနားစွာ ပြောလိုက်သည်။
ကျူးဂျန်ရှန် လှည့်ကြည့်လိုက်သည့်အခါ ဂျန်ဖန်းကို မြင်လိုက်သည်။
တစ်ခုခုမှားနေတာကို သတိထားမိပြီး တုန်လှုပ်စွာနှင့် အော်ပြောလိုက်၏။
“မင်းက စကားပြောနိုင်တယ်….”
အေးစက်စက်မျက်နှာထားနှင့် ဂျန်ဖန်း သစ်သားဓားကိုဆွဲထုတ်ကာ သူ့ကို ညွှန်ပြလိုက်သည်။
“ငါတို့ထဲက တစ်ယောက်သေရမယ် ဆိုမှတော့ မင်းအရင်သေလိုက်တော့…..”
သစ်သားဓားကို မြင်သည့်အခါ ကျူးဂျန်ရှန် မျက်နှာ အကြီးအကျယ်ပြောင်လဲသွားခဲ့သည်။
“ဒါက နံပါတ် ၁ အရိပ်စောင့် ဓားမဟုတ်ဘူးလား… ဘာလို့ မင်းဆီရောက်နေတာလဲ….”
ရုတ်တရက် ကြောက်စရာကောင်းသည့် အတွေးတစ်ခု သူ့စိတ်ထဲမှာ ပေါ်လာခဲ့သည်။
သူက တုန်လှုပ်သွားပြီး အထစ်ထစ်အငေါ့ငေါ့ပြောလိုက်သည်။
“မင်း…. မင်းက နံပါတ် ၁ အရိပ်စောင့်လား….”
သို့ပေမယ့် ထိုအရာက မည်သို့ဖြစ်နိုင်မည်နည်း။
တစ်ယောက်က ယခင်က နာမည်ကြီး အမှိုက်ဖြစ်၏။
အခြားတစ်ယောက်ကတော့ အထီးကျန်လှေမြို့၏ ဂုဏ်ယူရသည့် စစ်သည်တော်ဖြစ်၏။ အခြေခံတည်ဆောက်ခြင်းအဆင့်ကိုတောင် ချီကျင့်ကြံခြင်း အဆင့် ၉ ဖြင့် သတ်နိုင်သည့် ပါရမီရှင်ဖြစ်သည်။
နှစ်ယောက်က ကမ္ဘာကြီးတစ်ခုလောက် ခြားနားတာပဲဖြစ်သည်။
ဘယ်လိုလုပ် သူတို့က တစ်ယောက်တည်း ဖြစ်နိုင်မည်နည်း။
ဂျန်ဖန်း အေးစက်စွာပြောလိုက်သည်။
“ဂုဏ်ယူပါတယ်…. မင်းခန့်မှန်းမိသွားပြီပေါ့….”
သူက မျက်နှာဖုံးတစ်ခုကို ဖြေးညင်းစွာ ထုတ်လိုက်ပြီး တပ်လိုက်သည်။
မရှုံနိမ့်နိုင်ခြင်းကိုကိုယ်စားပြုသည့် နံပါတ် ၁ ဂဏန်းက ကျူးဂျန်ရှန်ကို ပင့်သက်ရှိုက်သွားစေခဲ့သည်။
သူက ကြောက်လန့်တကြီး ခေါင်းခါယမ်းလိုက်ပြီး ပြောလိုက်သည်။
“မင်း…. မင်းက တကယ် နံပါတ် ၁ အရိပ်စောင့်ပဲ….”
“မဖြစ်နိုင်ဘူး…. မဖြစ်နိုင်ဘူး….. ဒါဘယ်နည်းနဲ့မှ မဖြစ်နိုင်ဘူး…..”
သူက ထိုအရာကို လက်မခံနိုင်ဖြစ်နေခဲ့သည်။
တစ်ချိန်က သူအထင်သေးခဲ့သည့်အမှိုက် ကောင်က သူထက်သာလွန်သည့် နံပါတ် ၁ အရိပ်စောင့် မည်သို့ ဖြစ်နိုင်မည်နည်း။
ဂျန်ဖန်း အသံက ပိုလို့တောင် အေးစက်လာခဲ့သည်။
“မင်း ရှုရို့ရန်အပေါ် မကောင်းတဲ့စိတ်တွေ ထားတဲ့အချိန်တကည်းက မင်းက သေရမယ်ဆိုတာ သတ်မှတ်ပြီးသွားပြီ….”
“ဒါပေမယ့် မင်းက အကန့်အသတ်ကို မသိပဲ ငါ့အောက်ဆုံးမျဥ်းကို အကြိမ်ကြိမ် လာစိန်ခေါ်နေတယ်…..”
“ယခု, ဘယ်သူမှ မင်းကို မကယ်နိုင်တော့ဘူး….”
ပြောပြီသည်နှင့် သူက ရှေ့ကိုပြေးဝင်သွားကာ တွေဝေမနေပဲ ဓားဖြင့် ခုတ်ပိုင်းလိုက်၏။
ကျူးဂျန်ရှန် စိတ်ဝိညာဥ် လွင့်ထွက်လုနီးပါး ဖြစ်သွားခဲ့သည်။
နံပါတ် ၁ အရိပ်စောင့်၏ ကြောက်စရာ စွမ်းအားကို မျက်မြင်တွေ့ဖူးသည်ဖြစ်၍ ပြိုင်ဘက် ဘယ်လောက်အားကောင်းလဲ ဆိုတာ သူသိ၏။ ထို့ကြောင့် ကြောက်လန့်တကြား ထွက်ပြေးတော့သည်။
သို့ပေမယ့် ထိုအရာက အသုံးမဝင်ပေ။
သူ့ကျောဘက်က ထင်ရှားနေပြီး ချို့ယွင်းချက်တွေနှင့် ပြည့်နှက်နေခဲ့သည်။
ဤအချိန်၌ သူကို ကာကွယ်ပေးဖို့ တစ်ယောက်မှ မရှိတော့ပေ။
သို့ပေမယ့် ထိုအခိုက်အတန့်၌…..
ငှက်တစ်ကောင်က ကောင်းကင်ကနေ ထိုးဆင်းလာခဲ့သည်။
ကျောပေါ်၌ ခရမ်းဝတ်အမျိုးသမီးတစ်ဦး မတ်တပ်ရပ်နေခဲ့သည်။ အရပ်ရှည်ရှည် ကြော့ရှင်းသည့်ပုံရိပ်က ရင်သက်ရှုမောဖွယ် လှပလွန်းလှ၏။
သူမက မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည်။
“ရပ်လိုက်….”
သူမကိုမြင်သည့်အခါ ကျူးဂျန်ရှန် အလွန်ပျော်ရွင်သွားခဲ့သည်။ ရေနစ်သူတစ်ယောက် အသက်ကယ်လှေကို တွေ့လိုက်ရသကဲ့သို့ပဲဖြစ်သည်။
“စီနီယာအမလျို, ငါ့ကိုကယ်ပါ…. ဒီကောင် ပုန်ကန်နေတယ်….”
ဂျန်ဖန်းမျက်လုံးတွေ အနည်းငယ်ကျုံ့သွားခဲ့သည်။
ပုံရိပ်က မြို့သခင်အိမ်တော်မှာ တွေ့ဖူးသည့် လျိုချင်းရှန်ပဲဖြစ်သည်။
သူမက နဂါးလမ်းကြောင်းမှာ စမ်းသပ်မှုတ်တစ်ခု ချန်ထားခဲ့ပြီး တိမ်စိမ်းဂိုဏ်းမှလည်းဖြစ်သည်။
သူမက ကျူးဂျန်ရှန်ကို ကာကွယ်ပေးမလို့လား…..
ထိုအရာကိုတွေးမိသည့်အခါ ဂျန်ဖန်း ရပ်တန့်ရမည့်အစား အရှိန်ပိုမြှင့်လိုက်သည်။
မမျှော်လင့်ထားစွာနှင့် လျိုချင်းရှန် အော်ပြောလိုက်သည်။
“ဘယ်လိုတောင်လုပ်ရဲတာလဲ…. ရပ်စမ်း….”
ဂျန်ဖန်၏ သတ်ဖြတ်လိုစိတ်က ပိုမိုပြင်းထန်လာပြီး တွေဝေမနေပဲ “မြောက်ပိုင်းကြယ်ခုနှစ်လုံး” ဓားကွက်ကို အသုံးပြုလိုက်သည်။
အေးစက်စက်အလင်းတစ်ချက် ကျူးဂျန်ရှန်ရင်ဘတ်ကို အပေါ်မှ အောက်သို့ နှလုံးသားကို ထိုးဖောက်သွားခဲ့သည်။
ကျူးဂျန်ရှန် အားကြောင့် ရှေ့ကို ခြေလှမ်းအနည်းငယ် ယိုင်သွားခဲ့သည်။
နှလုံးပျက်ဆီးသွားပြီဖြစ်၍ သူ့ခန္ဓာကိုယ်ကစွမ်းအားကုန်ဆုံးကာ မြေပြင်ပေါ်လဲကျသွားခဲ့သည်။
ရေထဲမှထွက်လာသည့်ငါးတစ်ကောင်ကဲ့သို့ အသက်ကောင်းကောင်းမရှုနိုင်တော့ပဲ စိတ်ပျက်အားငယ်စွာဖြင့် အော်ခေါ်လိုက်သည်။
“စီနီယာအမလျို…. မြန်… မြန်…. ငါ့ကိုကယ်ပါ…..”
လျိုချင်းရှန် ငှက်ပေါ်က ဆင်းလာပြီး ချက်ချင်း စစ်ဆေးလိုက်၏။
ဓားက နှလုံးကို ဖောက်ထွက်သွားတာ တွေ့သည့်အခါ ကယ်လို့မရတော့ဘူးဆိုတာ သူမသိလိုက်၏။
သူမမျက်လုံးတွေက အေးစက်နေပြီး ဂျန်ဖန်းကို စိုက်ကြည့်လိုက်သည်။
“နင်က တော်တော်လေးရဲတင်းတာပဲ…. ချင်းယွင်ဂိုဏ်းတပည့်ကိုတောင်သတ်ရဲတယ်…..”
လျိုချင်းရှန် အားကောင်းသည့် စိတ်ဝိညာဥ်စွမ်းအားကို ထုတ်ဖော်လိုက်သည်။
ကျူးဂျန်ရှန်က သေဖို့ ထိုက်တန်၏။ သို့ပေမယ့် တိမ်စိမ်းဂိုဏ်း စည်းမျဥ်းအောက်မှာသာ သေသင့်၏။ အပြင်လူတစ်ယောက်၏ အသာအယာသတ်ဖြတ်ခြင်းခံရတာက မဖြစ်သင့်ပေ။
ထိုအခြေအနေနှစ်ခုက လုံးဝမတူညီသည့် အရာဖြစ်သည်။
ဂျန်ဖန်း ကြောက်ရွံ့မနေပဲ အေးစက်စွာ ပြောလိုက်သည်။
“သူက သေသင့်တယ်….”
“ငါက တိမ်စိမ်း(ချင်းယွင်)ဂိုဏ်းအတွက် သန့်ရှင်းရေးလုပ်ပေးလိုက်တာပါ….”
လျိုချင်းရွယ်မျက်လုံးတွေ အေးစက်ကျဥ်းမြောင်းသွားခဲ့သည်။
“ငါတို့ နင့်အကူအညီမလိုဘူး… ကိုယ့်ဘာသာ ရှင်းနိုင်တယ်…..”
“နင်က အသက်ကြီးတာနဲ့ နှစ်ပေါင်းများစွာကျင့်ကြံထားတာကို မှီခိုနေရုံပဲရှိတာ….”
“နင် ဒုနန်းတော်သခင်သတ်ထားတာကို ထောက်ပြီး ဒီတစ်ချိန်တော့ လျော်ပေးလိုက်မယ်…..”
“နောက်တစ်ကြိမ်ဆိုရင်တော့, အကြင်နာမဲ့တယ်လို့မပြောနဲ့….”
အသက်ကြီးတယ်?.....
သူမ ဘယ်သူ့အကြောင်းပြောနေတာလဲ….
ငါလား…..
ဂျန်ဖန်းမျက်လုံးလှန်လိုက်ပြီး ပြန်ပြောလိုက်သည်။
“နင်ကမှ အသက်ကြီးနေတာ…..”
“အဖွားကြီး…..”
လျိုးချင်းရွယ် အံ့အားသင့်သွားခဲ့သည်။
“နင်က အတော်ရယ်ရတာပဲ….”
“၃၀, ၄၀ လောက်ရှိတဲ့လူက အသက် ၂၀ ပဲရှိတဲ့လူကကို အဖွားကြီးလို့ ခေါ်နေတယ်….”
“ဘယ်လောက်ရယ်စရာကောင်းလိုက်လဲ….”
ထိုအခိုက်အတန့်၌…..
ရှုယင်းရင်း ပြေးလာပြီး ပင့်သက်ရှိုက်လိုက်သည်။
“စီနီယာအမလျို…. စီနီယာအမလျို…. အာ, ကျူးဂျန်ရှန်…..”
“စီနီယာအမ နင်သတ်လိုက်တာလား…..”
တကယ်တော့ လျိုချင်ရှန်ကို ရှုယင်းရင်းခေါ်ခဲ့တာဖြစ်၏။
သူမ ရှုမိသားစုအခြေအနေကို ရှင်းပြပြီးနောက် လျိုချင်းရှန် ဒေါသထွက်သွားခဲ့သည်။ သူမက ကင်ဆာရောဂါကဲ့သို့ ကျူးဂျန်ရှန်ကို ရှင်းပစ်ဖို့ ချက်ချင်းလိုက်လာခဲ့ခြင်း ဖြစ်သည်။
“သူသတ်တာ….”
လျိုချင်းရှန် မေးငေါ့ပြလိုက်သည်။
ရှုယင်းရင်း မော့ကြည့်လိုက်ရာ အံ့အားသင့်သွားခဲ့သည်။
“နံပါတ် ၁ အရိပ်စောင့်…..”
သူမကအပြေးသွားလိုက်ပြီး မျက်လုံးတွေ တောက်ပလာခဲ့သည်။ သူမကိုယ်သူမ စိတ်အားထက်သန်စွာ မိတ်ဆက်ပေးလိုက်သည်။
“ငါလေ…. နံပါတ် ၂ အရိပ်စောင့်။ ငါနာမည်က ရှုယင်းရင်….”
“ဆရာ, နင့်နာမည်ကကော?...... နင့်နာမည် အစစ်အမှန်ပြောလို့ရမလား…..”
အမ်….
လျိုးချင်းရှန် အံ့အားသင့်သွားခဲ့သည်။
“နင်က သူ့ကို ဆရာလို့ခေါ်တာလား….”
ထိုမေးခွန်းကြောင့် ရှုယင်းရင်း ပဟေဠိဖြစ်သွားခဲ့သည်။
“ငါတို့က အသက်အတူတူတွေ မဟုတ်ဘူးလား…. ဆရာလို့ခေါ်တာ ဘာမှားလို့လဲ…..”
ဘာ?....
အသက်တူတွေလား…..
လျိုချင်းရှန် ဂျန်ဖန်းကို တုန်လှုပ်စွာ ကြည့်လိုက်သည်။
“သူက ၃၀, ၄၀ အရွယ်ယောက်ျားကြီး မဟုတ်ဘူးလား…..”