နောင်တ
Vol. 6 Ch. 81
မှောင်မဲနေသည့်မြေတိုက်ခန်းထဲ ဝင်လာပြီးနောက် ကောင်းမင်သည် လက်လေးဘက်ကို ဆုံတွေ့ခဲ့ရသည်။ ပထမဆုံးလက်သည် မျက်မမြင်လူ၏ လက်ဖြစ်နိုင်ပေသည်။သူသည် ကောင်းမင်အား ပိုနက်ရှိုင်းသည့် မြေတိုက်ခန်းထဲ ခေါ်လာခဲ့ပြီး အရိပ်ကမ္ဘာထဲ ပို့ခဲ့သည်။
ဒုတိယလက်များသည် သက်လက်ပိုင်း စုံတွဲတစ်တွဲဖြစ်သည်။သူတို့သည် မျက်မမြင်လူ၏ မိဘများဖြစ်ပုံရသည်။သူတို့သည် သူ့အား အဆက်မပြတ်ရိုက်နှက်၍ အဝေးကို မောင်းထုတ်ခဲ့ကြသည်။
တတိယမြောက်လက်သည် လူကုန်ကူးသူတစ်ယောက်ဖြစ်နိုင်၏။သူတို့သည် ကလေးများကို သူတောင်းစားလုပ်ခိုင်းကြခြင်း ဖြစ်သည်။
စတုတ္ထမြောက်လက်သည် မျက်မမြင်လူထံ ဘေးကင်းမှုအား ယူဆောင်လာသည့်လူဖြစ်သည်။လေးခုမြောက် လက်သည် မျက်မမြင်လူအား ပြုစုပျိုးထောင်ခဲ့ခြင်းဖြစ်သည်။
သူမသည် သူ့အတွက် အစားအစာများ ချက်ပြုတ်ပေးခဲ့ပြီး မည်သို့ငွေရှာရမည်ကို သင်ပေးခဲ့သည်။သူမသည် သူနှင့် ဆွေမျိုးတော်စပ်ခြင်းမဖြစ်နိုင်ပေ။သူမသည် ကြင်နာတတ်သော လူတစ်ယောက်ဖြစ်နိုင်၏။ အရောင်အဆင်းမဲ့ပြီး တိတ်ဆိတ်လှသော ကမ္ဘာတွင် လက်သည် ရေနစ်သူအတွက် ကောက်ရိုးတစ်မျှင်ဖြစ်ခဲ့လေသည်။
သူသည် ဝါးများဖြင့် ခြင်းတောင်းယက်နည်းများ ၊ ခြေနင်းခုံလုပ်နည်းများ သင်ကြားနေစဉ် ကောင်းမင်က ထိုလူကို စိတ်ကူးယဉ်နိုင်ရန် ကြိုးစားနေခဲ့သည်။ထိုကြင်နာတတ်သောသူသည် ခွေးမြေတိုက်ခန်းအမှုမှတ်တမ်းတွင် ထွက်ပေါ်မလာခဲ့ပေ။
"ဒါပြီးတော့ ဘာဖြစ်ခဲ့တာလဲ "
လက်သည် ကောင်းမင်ပုခုံးများကို ပုတ်နေ၏။၎င်းသည် စိုးရိမ်ပူပန်နေပြီး ကောင်းမင်ကို မြန်မြန်သင်ကြားရန် လောဆော်နေခဲ့သည်။ ၎င်းသည် တစ်ခုခုကို စိတ်ပူနေ၏။ကောင်းမင်က မကောင်း သောခံစားချက်တစ်ခု ရလိုက်သည်။သူသည် အနံ့ဆိုးကို ဖော်ထုတ်ရန် ကြိုးစားလိုက်သည်။အနံ့သည် ပေါ့ပါးသည်။ ယင်းသည် ခန္ဓာကိုယ်အပုတ်နံ့ သို့မဟုတ် လူသေအလောင်းနံ့မဟုတ်ပေ။ အနံ့သည် အမိုးနီးယားနှင့် ပိုတူလေသည်။
ကောင်းမင်သည် ဖြစ်နိုင်ခြေကို တွေးလိုက်သည်။ကျောက်ကပ်ရောဂါရှိသည့်လူနာများသည် ခန္ဓာကိုယ်အညစ်အကြေးများကို ပုံမှန်မစွန့်ထုတ်နိုင်ကြပေ။ ရေတွင်ပျော်ဝင်နိုင်သော အဆိပ်အတောက်များသည် သွေးနှင့်အတူ ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့သွားနိုင်သည်။သူမသည် အသက်ရှုခြင်း သို့မဟုတ် ချွေးထွက်သည့်အခါတွင် အမိုးနီးယားနံ့ကို ထုတ်ပေးနိုင်၏။
"သူ့ရောဂါက ပြင်းထန်နေတာဖြစ်နိုင်တယ် "
မျက်မမြင်လူအတွက် ကောင်းကင်ဘုံမှ ကျလာသော ထိုကြိုးသည် အချိန်မရွေး ပြန်ဆွဲယူခံရနိုင်လေသည်။
"ငါ ဘာလုပ်နိုင်မလဲ "
အနံ့များဖြင့် ဖန်တီးထားသော မှတ်ဉာဏ်ထဲတွင် ကောင်းမင်သည် ဘာမှ မတတ်နိုင်ခဲ့ပေ။လက်သည် ကောင်းမင်အား မှောင်မဲတိတ်ဆိတ်နေသော လောကကြီးတွင် မည်သို့ ရှင်သန်ရန် သင်ကြားပေးခဲ့သည်။အမျိုးသမီးထံမှ အနံ့ဆိုးသည် ပိုမိုပြင်းထန်လာခဲ့သည်။
"အိမ်မှာ အစားအသောက်အနံ့တစ်ခုပဲရှိတယ် ၊ ဘယ်တုန်းကမှ ဆေးဝါးနံ့မရှိခဲ့ဘူး ၊ သူက မျက်မမြင်လူအတွက် သူ့ကိုယ်သူ စတေးခဲ့တာလား "
ကောင်းမင်သည် သူမကို မမြင်ရသလို ကြားလည်း မကြားရပေ။ကောင်းမင် မှတ်မိသည်ကား သူမ၏ ကြင်နာမှုနှင့် သူမ၏ ပျော့ပြောင်းသော အနံ့ဆိုးတစ်ခုသာ ဖြစ်သည်။ ယခုချိန်ထိ သူသည် သူမ၏နာမည်နှင့် အသံကို မသိပေ။ဖြည်းညင်းစွာပင် ကောင်းမင်သည် မျက်မမြင်လူကဲ့သို့ ဖြစ်လာပြီး သူ့လက်ပေါ်တွင် ယုံကြည်မှုတစ်ခု ရှိလာခဲ့သည်။ထိုအခိုက်အတန့်တွင် လက်က ကောင်းမင်ကို လွတ်ပေးလိုက်သည်။သူမသည် ကောင်းမင်အား သူမအတွက် တစ်ခုခု လုပ်ပေးစေချင်ဟန် ရှိသည်။
လက်မှုပစ္စည်းများ ပြုလုပ်ရန်အတွက် အိမ်ထဲတွင် ကိရိယာများကို ရှာဖွေသည့် ထိုဂိမ်း၏တာဝန်သည် အလွန်ရိုးရှင်းလေသည်။ကောင်းမင်သည် ယင်းကို အကြိမ်များစွာ ပြုလုပ်ခဲ့သည်။သူအနံ့ဆိုးကို ရလိုက်သည့်အချိန်တိုင်း ကောင်းမင်သည် လုံခြုံမှုကို ခံစားရသည်။အဘယ်ကြောင့်ဆိုသော် လက်သည် သူ့ကို ထားမသွားသောကြောင့်ဖြစ်သည်။ထိုအရာအား ကြိမ်ဖန်များစွာ ပြုလုပ်ပြီးနောက် ကောင်းမင်သည် အရာအားလုံးကို ချောမွေ့စွာ ပြုလုပ်လာနိုင်၏။ နောက်ဆုံးတွင် သူသည် တိတ်ဆိတ်နေသော အမှောင်လောကနှင့် အသားကျသွားခဲ့ပြီ ဖြစ်သည်။
ကောင်းမင်သည် သူ့လက်များကို ဝေ့ယမ်း၍ ပျော်ရွှင်မှုများကို လက်နှင့်အတူ ဝေမျှချင်နေခဲ့သည်။ သူနားလည်လိုက်သည်ကား အနံ့ဆိုးသည် မှိန်ဖျော့နေခဲ့ခြင်းဖြစ်သည်။သူသည် အနံ့ဆိုးနောက်ပြေးလိုက်ရန် ကြိုးစားလိုက်သော်လည်း သူ့ဖိနပ်များက ရွှံ့ထဲ ပြုတ်ကျသွားသည်။ တစ်စုံတစ်ခုကို သူခလုတ်တိုက်မိသွားသည်။
ရွှံ့များက သူ့မျက်နှာကို ဖုံးလွှမ်းသွားပြီး သူ့လက်ကို ဖြတ်လိုက်သည်။ကောင်းမင်သည် မြေကြီးပေါ်လဲလျောင်းနေသော်လည်း သူမသည် ထပ်မံ ထွက်ပေါ်မလာခဲ့ပေ။ကောင်းမင်သည် ကုန်းထလိုက်ပြီး ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ လောကကြီးထဲတွင် သူတစ်ယောက်တည်း ဖြစ်နေသယောင် ခံစားနေရသည်။
"ခင်ဗျား ပြန်မလာတော့ဘူးလား "
ကောင်းမင်က အော်ဟစ်ချင်သော်လည်း သူ့အသံသူမကြားနိုင်ပေ။ သူစိတ်ပျက်လာသည်။ သူသည် သူ့၏များစွာသော သေဆုံးခြင်းများပြီးနောက် ဘာမဆိုစိတ်အေးအေးဖြင့် ဖြေရှင်းနိုင်လိမ့်မည်ဟု ထင်ထားခဲ့သည်။သို့သော် သူသည် လူသားဆန်ခြင်း၏ နာကျင်မှုကို အထင်လွဲနေခဲ့ခြင်း ဖြစ်သည်။
ကောင်းမင် ထိုနေရာတွင် တခဏနေလိုက်ပြီး မတ်တပ်ရပ်လိုက်သည်။ထို့နောက် လက်က သူ့ကို သင်ခဲ့ပေးထားသကဲ့သို့ ကျောက်တုံးနံရံများကို သူ့လက်များဖြင့် ထိတွေ့၍ ဖြည်းညင်းစွာ နောက်ပြန်ဆုတ်လိုက်သည်။
သူက တံခါးကိုဖွင့်လိုက်ပြီး ဝါးထရံကာ အိမ်လေးဆီသို့ ပြန်လာခဲ့သည်။
ထိုအိမ်သည် အနံ့ဆိုး၏ အိမ်ဖြစ်သော်လည်း ယခုတွင် သူတစ်ယောက်တည်း ဖြစ်နေခဲ့သည်။
"ငါ ဒီနေရာမှာ ထာဝရနေရတော့မှာလား ၊ ဒီစိတ်ပျက်စရာ အမှောင်ထုကြီးထဲမှာလား "
အဆိုးမြင်စိတ်များ ထွက်ပေါ်လာကြသည်။ကောင်းမင်သည် ဝါးကို ယက်လုပ်ရန်ကြိုးစားလိုက်သည်။ သူက ရှေ့တိုးလိုက်ရာ ခြေထောက်တစ်ဖက်ကို ထိတွေ့မိလိုက်သည်။
အနံ့ဆိုးက ပေါ်မလာခဲ့ပေ။ဆိုလိုသည်မှာ အိမ်ထဲက လူသည် မူလပိုင်ရှင်မဟုတ်ခြင်းဖြစ်သည်။ထိုလူက ကောင်းမင်ကို ကန်လိုက်သည်။ကောင်းမင်က လဲကျသွားပြီး နောက်တစ်ယောက်ဆီ ဒူးထောင်ကျသွားသည်။အိမ်ထဲတွင် လူအများအပြားရှိနေလေသည်။ သူတို့အနံ့များသည် ချွေးနံ့ ၊ စပါးနံ့ ၊ နွားချီးနံ့ အစရှိသဖြင့်။ ကောင်းမင်နှင့်ရင်းနှီးနေသော အနံ့ဆိုးတစ်ခုသာ ပျောက်ဆုံးနေခဲ့ခြင်းဖြစ်သည်။
"ဒီလူတွေက တခြားရွာသားတွေများလား "
ထိုလူများစည် အိမ်ထဲရှိပစ္စည်းကို ဆွဲယူသွားကြသည်။သူတို့က ကောင်းမင်ကို ဂရုမစိုက်ကြပေ။သူ တားဆီးဖို့ကြိုးစားလိုက်လျင် သူရိုက်နှက်ခံရမည်ဖြစ်သည်။ရင်းနှီးနေသော အိမ်သည် မမှတ်မိနိုင်လောက်အောင် ပျက်စီးသွားခဲ့သည်။ပရိဘောဂများကို ခိုးယူသွားကြသည်။ထိုအရာသည် အဆိုးဆုံး မဟုတ်သေးချေ။လူတစ်ယောက်က ကောင်းမင်ကို ဆွဲခေါ်၍ အိမ်အပြင်ဘက် လွှင့်ပစ်လိုက်လေသည်။သူတို့သည် ကောင်းမင်၏ကယ်တင်ရှင်၏ အိမ်ကို သိမ်းပိုက်လိုက်ကြလေသည်။
ကောင်းမင်သည် မျက်စိကွယ်နေသောကြောင့် မည်သို့ပြုမူရမည်မှန်းမသိချေ။သူသည် စိတ်ပျက်အားငယ်ခြင်းကို ဖိနှိပ်ရန် ကြိုးစားနေရသည်။
"မျက်မမြင်လူက သူတို့ကို လက်စားချေဖို့ ရွာသားတွေရဲ့ကလေးတွေကို ခေါ်သွားခဲ့တာလား ၊ ဒါပေမယ့် သူ့အတွေ့အကြုံအရ မျက်မမြင်လူက ရူးနေတာ မဟုတ်ဘူး ၊ ပြီးတော့ သူ့မှာ ကလေးတွေကို ပြန်ပေးဆွဲဖို့လည်း စွမ်းရည်မရှိဘူး "
သူ့စိတ်သည် စိတ်ပျက်အားငယ်လာချိန်တွင် ရင်းနှီးနေသော အနံ့ဆိုးသည် ထပ်မံပေါ်ထွက်လာခဲ့သည်။လက်သည် ကောင်းမင်၏လက်ကောက်ဝက်ကို ကိုင်လိုက်သည်။
"သူပဲ ! "
သူမသည် သူ့အား တစ်နေရာသို့ ခေါ်သွားချင်နေ၏။သူမသည် အလွန်နှေးကွေးနေပြီး သူမကိုယ်ပေါ်မှ အနံ့ဆိုးသည် အလွန်ပြင်းထန်နေခဲ့သည်။ကောင်းမင်က သူ့ခြေထောက်အောက်ရှိ မြေပြင်သည် ပြောင်းလဲနေကြောင်း ခံစားခဲ့ရသည်။ သူတို့သည် တောင်ကုန်းပေါ် တက်နေကြသည်။ထို့နောက် ကောင်းမင်သည် မြေတိုက်ခန်းဝင်ပေါက်ရှိ အုတ်ခဲများကို ထိတွေ့မိလိုက်လေသည်။
"ဒါက မြေတိုက်ခန်း ဝင်ပေါက်များလား "
မှတ်ဉာဏ်နှင့် အရှိတရားသည် နောက်ဆုံးတွင် ထပ်တူကျသွားခဲ့သည်။ကောင်းမင်သည် မိုးသံများကို စတင်ကြားလိုက်ရပြီး အမှောင်ထဲတွင် အလင်းရောင်အနည်းငယ်ရှိနေလေသည်။
"အိမ်ကို သိမ်းခံလိုက်ရပြီးတော့ သူက မျက်မမြင်လူတွက် နောက်ထပ်အိမ်တစ်လုံး ရှာပေးခဲ့တာလား"
လက်သည် ကောင်းမင်ကို လွှတ်ပေးလိုက်သည်။သူမသည် ကောင်းမင်ကို အလင်းနှင့်အသံဆီသို့ အသာအယာတွန်းပို့လိုက်သည်။ ထိုအချင်းအရာသည် မျက်မမြင်လူ၏မှတ်ဉာဏ်မှ လွတ်မြောက်ရန် အခွင့်အရေးဖြစ်သည်။ပိတ်မိနေသော စုံစမ်းရေးမှူးအများစုသည် ထွက်သွားရန် ရွေးချယ်ခဲ့လိမ့်မည်ဖြစ်သည်။ကောင်းမင်သည်လည်း ထွက်သွားရန် ပြင်လိုက်သည်။သို့သော်လည်း သူသည် သူ့နေရာကို သိခဲ့သည်။ မျက်မမြင်လူကကော လက်ကို စွန့်ပစ်ပြီး ထွက်သွားပါ့မလား ။
မျက်မမြင်လူအတွက် လက်သည် ကမ္ဘာအစစ်ဖြစ်ခဲ့ပေလိမ့်မည်။
ကောင်းမင်က ထိုအရာကို စဉ်းစားချင့်ချိန်လိုက်သည်။ဖြစ်နိုင်ခြေ သုံးခု ရှိလေသည်။ ပထမတစ်ခု - သူမ၏ ညွှန်ကြားချက်ကို လိုက်နာလျှင် သူထွက်သွားနိုင်လိမ့်မည်။ ဒုတိယတစ်ခု - သူ့ကယ်တင်ရှင်နှင့်အတူ အမှောင်ထဲတွင် နေရန်ဖြစ်သည်။ တတိယတစ်ခု - အမျိုးသမီးသည် သေဆုံးပြီးသား ဖြစ်နိုင်သည်။ထိုအရာသည် မျက်မမြင်လူ၏ ပုံရိပ်ယောင်များဖြစ်သည်။
ကောင်းမင်သည် သူ့နှလုံးသားဆန္ဒအတိုင်း လိုက်နာခဲ့သည်။သူ ထွက်မသွားခဲ့ပေ။ သူသည် လက်ကို ဆုပ်ကိုင်လိုက်ပြီး မြေတိုက်ခန်းထဲ ဝင်လိုက်လေသည်။
ထပ်တူကျနေသော အရာများ ပိုမိုဖြစ်ပျက်ခဲ့သည်။ အနက်ရောင် မြေအောက်ခန်း၏ ပုံသဏ္ဌာန်သည် ပြန်လည် ပြုပြင်ခံထားရခြင်းဖြစ်သည်။အနံ့ဆိုးသည် ပိုဆိုးဝါးလာသော်လည်း ကောင်းမင်က မငြင်းဆန်ခဲ့ပေ။သူသည် သူ့လက်များကို အသုံးပြု၍ မြေတိုက်ခန်းထဲရှိ အရာဝတ္ထုများကို နေ့စဉ်မှတ်သားနေခဲ့သည်။ သူသည် သူကိုယ်တိုင် အရာအားလုံးနှင့် ရင်းနှီးလာပြီးနောက် သူ၏ နေမကောင်းဖြစ်သော ကယ်တင်ရှင်ကို စောင့်ရှောက်ရန် ကြိုးစားခဲ့သည်။သူသည် မမြင်နိုင် မကြားနိုင်သော်လည်း ခံစားနိုင်၏။
ကောင်းမင်သည် လူတစ်ယောက်၏ အကြီးမားဆုံးနောင်တကို ပြုပြင်ပေးနိုင်သည့် အရာတစ်ခုကို ပြုလုပ်ရမည်ဖြစ်သည်။