← Chapters

နင်က ငါရှာနေတဲ့ပါရမီရှင်ပဲ

Vol. 5 Ch. 63

နင်က ငါရှာနေတဲ့ပါရမီရှင်ပဲ

Vol. 5 Ch. 63

ဂျန်ဖန်း နဖူးသွေးကြောတွေ ထောင်လာခဲ့သည်။

ဘယ် ၁၈ နှစ်အရွယ်ဘယ်လူငယ်က ဦလေးခေါ်ခံရတာ သည်းခံနိုင်မည်နည်း။

“မင်းကသာ ဦးလေး… အဖွားကြီး…..”

လျိုချင်းရှန် တစ်ခုခု နားလည်မှုလွဲနေတာ ရှုယင်းရင် နားလည်လိုက်၏။

သူမက ရှင်းပြလိုက်သည်။

“စီနီယာအမလျို, ငါတို့အရိပ်စောင့်အဖွဲ့က အထီးကျန်လှေမြို့က ပါရမီရှင်လူငယ်တွေနဲ့ ဖွဲ့စည်းထားတာ….”

“အကြီးဆုံးတောင် ၁၈ နှစ် မကျော်ဘူး….”

ဟမ်….

လျိုချင်းရှန် လေအေးတွေကို ရှုသွင်းလိုက်ပြီး ဂျန်ဖန်းကို မယုံကြည်နိုင်စွာနှင့် ကြည့်လိုက်သည်။

၁၈ နှစ်, ချီကျင့်ကြံခြင်းအဆင့် ၉ဖြင့် အခြေခံတည်ဆောက်ခြင်းအဆင့် ၂ ကို တစ်ယောက်တည်းသတ်ခဲ့ခြင်း….

သူမ သူ့အရွယ်တုန်းက ဤကဲ့သို့ လုပ်နိုင်ဖို့ မဖြစ်နိုင်ပေ။

အသက်ကြီးပြီး အတွေ့အကြုံများတာကြောင့် နံပါတ် ၁ အရိပ်စောင့်က အားကောင်းတာဟု သူမနှင့် ချန်းကျန်တောက် တွေးခဲ့ကြ၏။

သို့ပေမယ့် သူက အမှန်တကယ် ၁၈ နှစ်သာ ရှိသေးတာဖြစ်သည်။

နေပါအုန်း…..

လျိုချင်းရှန် ရုတ်တရက် တုန်လှုပ်သွားပြီး မျက်လုံးတွေတောက်ပလာခဲ့သည်။

“မကြာသေးခင်က နဂါးလမ်းကြောင်းမှာ ငါရယ်, ချန်းကျန်းတောက်ရယ်, ယွင်ထျန်းကျိုးတို့ရဲ့ စမ်းသပ်မှုတွေကို နင်အောင်မြင်ခဲ့တယ်မလား…..”

ဂျန်ဖန်း တည်ငြိမ်စွာပြောလိုက်သည်။

“အဲ့ဒီတော့ ဘာဖြစ်လို့လဲ…..”

လျိုချင်းရှန် နှလုံးသားက အပြင်းအထန်ခုန်ပေါက်လာခဲ့သည်။

သူပဲ….တကယ်သူပဲ….

နဂါးလမ်းကြောင်းမှ ပါရမီရှင်….

သူမက ပျော်ရွင်သွားခဲ့သည်။

“ကိုယ်ရှာနေတဲ့လူက အားစိုက်စရာမလိုပဲ ကိုယ်ရှေ့ရောက်လာတယ်…..”

“နင်က တကယ် ငါ့ကို ခက်ခက်ခဲခဲ ရှာရအောင်လုပ်တာပဲ…..”

သူမ တုန်လှုပ်လိုက်၊ ပျော်ရွင်လိုက် ဖြစ်နေပြီး နာမလည်နိုင်တဲ့စကားတွေ ရေရွတ်နေတာမြင်သည့်အခါ

ဂျန်ဖန်း မလွယ်ကူသလို ခံစားလိုက်ရသည်။

သူက ကျူးဂျန်ရှန်သေတာ အတည်ပြုဖို့ တစ်ချက်ကြည့်လိုက်သည်။

ထို့နောက် ပြတ်သားစွာနှင့် အဝေးကို ထွက်ခွာသွားခဲ့သည်။

“နေပါအုန်း….. မသွားနဲ့အုန်းလေ….”

လျိုချင်းရှန် အလျှင်အမြန် နောက်ကလိုက်သွားခဲ့သည်။

သူမလိုက်လာတာကြောင့် ဂျန်ဖန်း ပိုပြီး စိုးရိမ်သွားခဲ့သည်။

သူက ငန်းရိုင်အရိပ်ခြေလှမ်းကို အကန့်အသတ်ထိ အသုံးပြုပြီး ခေါင်းမိုးပေါ် ခုန်တက်လိုက်၏။ ထို့နောက် လမ်းတွေပါ်မှာ လျပ်တပြတ်လုပ်ရှားကာ မည်သည့်အရိပ်အယောင်မှ မကျန်ရှိပဲ ပျောက်ကွယ်သွားခဲ့သည်။

လျိုချင်းရှန် အချိန်အနည်းငယ် နောက်ကလိုက်ဖမ်းပေမယ့် မမီတော့ပေ။

သူမက မအံ့သြပဲ မနေနိုင်ခဲ့ပေ။

“ဘာလဲဟ…. ငါ့ကျင့်ကြံခြင်းအဆင့်နဲ့ တောင် မဖမ်းနိုင်ဘူးလား….”

“သူက လှုပ်ရှားမှုနည်းလမ်းတစ်ခုခု အသုံးပြုခဲ့တာလား…..”

“လှုပ်ရှားမှုနည်းလမ်းတွေက နားလည်ဖို့ အတော်လေးခက်ခဲတယ်မလား…. တိမ်စိမ်းဂိုဏ်းမှာတောင် အောင်မြင်တဲ့သူ အများကြီးမရှိဘူး….. သူ့ရဲ့နားလည်နိုင်စွမ်းက ထူးခြားတာပဲ….”

ရှုယင်းရင် စူးစမ်းစွာနှင့်လိုက်လာပြီး အံ့အားသင့်စွာမေးလိုက်သည်။

“စီနီယာအမလျို, နင်ဘာလို့ သူ့ကို လိုက်ဖမ်းနေတာလဲ…..”

လျိုချင်းရှန် ပြန်ပြောလိုက်သည်။

“သူ့ထွက်လာဖို့ လက်ထောက်ခန်းမသခင်နဲ့ ငါ လဝက်လောက်စောင့်ခဲ့ရတာ…..”

“သူ့အလားအလာက ကောင်းကင်ဘုံစက်ယန္ဒယားခန်းမကို တိုက်ရိုက်ဝင်လို့ရတယ်။ အနာဂတ်အောင်မြင်မှုတွေက ငါ့အဖေထက်နိမ့်ကျမှာ မဟုတ်ဘူး…..”

ဘာ?.....

ရှုယင်းရင် သူမအနီရောင်နှုတ်ခမ်းလေးကို လက်ဖြင့်ကာလိုက်ပြီး လှပသည့်မျက်လုံးတွေက တုန်လှုပ်မှုတွေနှင့် ပြည့်နှက်နေခဲ့သည်။

နံပါတ် ၁ အရိပ်စောင့်မှာ ထူးခြားတဲ့ ပါရမီရှိတာ သူမသိ၏။

သို့ပေမယ့် လျိုချင်းရှန် ပြောတာကိုကြားသည့်အခါ သူ ဘယ်လောက်ပါရမီရှိတာကို နားလည်သွားခဲ့သည်။

တိမ်စိမ်းဂိုဏ်း ခေါင်းဆောင်သမီးနှင့် လက်ထောက်ခန်းမသခင်က သူ့ထွက်လာဖို့ လဝက်တောင်စောင့်ခဲ့ရ၏။

သူမစိတ်ထဲမှာ သဘောကျမှုတွေ ထိန်းမရသိမ်းမရ ထွက်ပေါ်လာခဲ့သည်။

“နံပါတ် ၁ အရိပ်စောင့် ဘယ်သူလဲဆိုတာ ငါစုံစမ်းရမယ်…..”

လျိုချင်းရှန် မျက်လုံးတွေ တောက်ပလာခဲ့သည်။

ဤကဲ့သို့ပါရမီရှင်မျိုးကို အရယူဖို့ သူမ ဆုံးဖြတ်ထား၏။

ရှုယင်းရင်လည်း နံပါတ် ၁ အရိပ်စောင့်၏ အထောက်အထားအစစ်အမှန်ကို အတော်လေးသိချင်လာခဲ့သည်။

“စီနီယာအမလျို, ငါလည်း စုံးစမ်းဖို့ ကူညီပေးမယ်…..”

ခဏကြာပြီးနောက်…..

ကျူးမိသားစု၌…..

ငိုကျွေးသံတွေ နေရာတိုင်းမှ ထွက်ပေါ်လာခဲ့သည်။ ကျန်းယုရို သူမမျက်လုံးတွေ ယောင်ကိုင်းသည်အထိ ငိုကျွေးနေခဲ့သည်။

“ရှန်အာ…. ငါ့ရှန်အာလေး…. သားသေရတာ အရမ်းသနားစရာ ကောင်းတာပဲ….”

သူ့မဘေး၌ သူမမသိသည့် လူငယ်တစ်ဦး ရှိနေခဲ့သည်။

“သခင်လေးကျောင်း, ငါရှန်အာအတွက် တရာမျှတမှုရှာပေးရမယ်…..”

ကျန်ယုရို အသနားခံလိုက်၏။

“သခင်လေးက တိမ်စိမ်းဂိုဏ်း အတွင်းစည်းတပည့်ပဲ…. သခင်လေးကပဲ ကျွန်မတို့အတွက် တရားမျှတမှု ရှာပေးနိုင်မှာ….”

မကြာသေးမီက…..

မြို့သခင်အိမ်တော်က စစ်သားတွေ မြို့သခင်အမှာစကားနှင့်အတူ ကျူးဂျန်ရှန် ခန္ဓာကို ပြန်ယူလာခဲ့ကြသည်။

ကျူးဂျန်ရှန်က သေဖို့ထိုက်တန်သည့်အတွက် ဒီကိစ္စက ပြီးပြီဟု ဆိုခဲ့သည်။

သို့ပေမယ့် သူမသား မမျှော်ပဲ သေဆုံးခဲ့ရသည့်အတွက် ကျန်းယုရို ထိုကိစ္စကို လက်မခံနိုင်ပေ။

ကျူးဂျန်ရှန်ကို အမြဲကာကွယ်ပေးသည့် ကျောင်းချီကျန့်က မီးစိတ်ဝိညာဥ်ပုလဲ ယူဖို့ ရောက်လာခဲ့တာဖြစ်သည်။

ကျောင်းချီကျန့်က အမြဲစေ့စပ်သေချာသူ ဖြစ်ပြီး ကျုးဂျန်ရှန် ခန္ဓာကိုယ်ကို လေးနက်သည့်အမူအရာဖြင့် စစ်ဆေးလိုက်၏။

“အဲ့ဒီလူရဲ့ ဓားပညာက အတော်လေး အဆင့်မြင့်တာပဲ။ လျင်မြန်တိကျပြီး တစ်ချက်တည်းနဲ့ သတ်နိုင်တယ်။ ကြည့်ရတာ ဂျူနီယာညီလေးကျူးက စွမ်းအားကြီးရန်သူနဲ့ တွေ့ခဲ့တယ်ထင်တယ်…..”

ထို့နောက် သူက တစ်စုံတစ်ခုကို သတိထားမိလိုက်သည်။ ကျူးဂျန်ရှန် အင်္ကျီလက်၌ သွေးနှင့်ရေးထားသည့် စာတစ်ကြောင်းရှိနေခဲ့သည်။

မရှင်းသော်လည်း အနီးကပ်ကြည့်လိုက်သည့်အခါ ဖတ်လို့ရ၏။

“ဂျန်ဖန်းကို…. ရန်… မစနဲ….”

“ဂျန်ဖန်းက ဘယ်သူလဲ…..”

ကျောင်းချီုကျန့် မေးလိုက်သည်။

ကျန်ယုရို လျှင်မြန်စွာကြည့်လိုက်ပြီး တွေဝေသွားခဲ့သည်။

“ဂျန်ဖန်းလား…. သူက ရှုမိသားစုသမက် အမှိုက်ကောင်လေ…..”

ဂျန်ဖန်း သူမသားကို သတ်ခဲ့တာ သူမ မယုံပေ။

ကျောင်းချီကျန့် မျက်လုံးထဲမှာ အေးစက်စက်အလင်းတစ်ချက် လက်သွားခဲ့သည်။

“သူဘယ်သူပဲ ဖြစ်ဖြစ် ကိစ္စမရှိဘူး…. ဂျူနီယာညီလေး မသေခင် သူ့နာမည်ကို ပြောခဲ့တယ်ဆိုမှတော့ သူက ဂျူနီယာညီလေးရဲ့သေဆုံးမှုနဲ့ မပတ်သက်တာ မဖြစ်နိုင်ဘူး….”

“တိုက်တိုက်ဆိုင်ဆိုင်ပဲ, ငါလည်း ငါ့ဆရာကို ကြိုဆိုဖို့ ရှုမိသားစုကို သွားရအုန်းမယ်…..”

“အဲ့ဒီဂျန်ဖန်းကို စစ်ဆေးကြည့်ရမယ်….”

“ဂျန်ဖန်းကို ရန်မစနဲ့” ဆိုသည့်စကားကိုတော့ ကျောင်ချီကျန့် လုံးဝကို လျစ်လျူရှုထားခဲ့သည်။

သူက တိမ်စိမ်းဂိုဏ်း အတွင်းစည်းတပည့်တစ်ယောက်ဖြစ်၏။

ကျူးဂျန်ရှန်က အပြင်စည်းတပည့်သာ ဖြစ်သည်။

ကျူးဂျန်ရှန် အပြစ်မလုပ်ရဲသည့်လူကို ကျောင်းချီကျန့် အပြစ်လုပ်ရဲ၏။

သူက ကျောင်းချီကျန့်အာရုံကို ဆွဲဆောင်မိပြီဆိုတာ ဂျန်ဖန်းကတော့ မသိပေ။

ရှုမိသားစုကို ခြိမ်းခြောက်နေသည့်အရာကို ဖြေရှင်းပြီးနောက် ဂျန်ဖန်း သူ့အခန်းကို ပြန်လာလိုက်သည်။ သူက နဂါးရှာဖွေကျမ်းကို လေ့ကျင့်ဖို့ စိတ်အားထက်သန်နေခဲ့သည်။

ထိုကျင့်စဥ်ကို စတင်လိုက်သည်နှင့် သူက ၎င်း၏ ထူးခြားမှုကို ခံစားမိ၏။

စိတ်ဝိညာဥ်စွမ်းအင်စုပ်ယူသည့်နှုန်းက အရင်ကထက် ၅ ဆ ပိုမြန်လာခဲ့သည်။

ရှုမိသားစုနယ်မြေထဲက စိတ်ဝိညာဥ်စွမ်းအင်တွေ သူ့ဆီသို့ တစ်ဟုန်ထိုးတိုးဝင်နေပြီး စိတ်ဝိညာဥ်ရေကန်ထဲမှာ အဆက်မပြတ်တိုးပွားလာနေ၏။

သို့ပေမယ့် အခြေခံတည်ဆောက်ခြင်း အဆင့်၌…..

ကျင့်ကြံရေး အဆင့်တက်ဖို့က အများကြီး ပိုခက်တာပဲဖြစ်သည်။

ဤကဲ့သို့ အားကောင်းသည့် ကျင့်စဥ်နည်းလမ်းနှင့်တောင် တစ်နေလုံးကျင့်ပြီးနောက် အနည်းငယ်သာ တိုးတက်ခဲ့၏။

ထိုနှုန်းအတိုင်းဆိုလျှင် တစ်လအတွင်း အခြေခံတည်ဆောက်ခြင်းအဆင့်ကို ချိုးဖြတ်ဖို့က ခက်ခဲပြီပဲဖြစ်သည်။

ရုတ်တရက် သူက နဂါးလမ်းကြောင်းကို တွေးလိုက်မိ၏။

ပြေကြသည့်အတိုင်းဆိုလျှင် ထိုစမ်းသပ်မှုက ဆုလဒ်တွေလည်း ထုတ်ပေးတာဖြစ်သည်။

နောက်ဆုံးအကြိမ်တုန်း၌ သူက အဆင့် ၁၁ မှာ ရပ်တန့်ခဲ့၏။

သူ ထိုအဆင့်ကိုသာ အောင်မြင်လျှင် ဆုလဒ်တစ်ခု ရမည်လား….

မျှော်လင့်ချက်အပြည့်ဖြင့် သူက နဂါးလမ်းကြောင်းကို နောက်တစ်ကြိမ် ရောက်လာခဲ့သည်။ နံပါတ် ၁ အရိပ်စောင့် မျက်နှာဖုံးကို တပ်ကာ စိန်ခေါ်မှုကို စတင်လိုက်၏။

ပထမအဆင့်၊ ဒုတိယအဆင့်၊ တတိယအဆင့်၊

……

အဆင့် ၈၊ အဆင့် ၉၊ အဆင့် ၁၀….

အဆင့် ၁၀ မှာရှိသည့် ယွင်ထျန်းကျိုးကို အနိုင်ရပြီးနောက် သူက စိတ်အေးလက်အေး ပုံပေါ်လာခဲ့သည်။

နောက်ဆုံးအကြိမ်တုန်းက ထိုအဆင့်ကို အောင်မြင်ဖို့ အကွက်ရေ ၁၀၀ ကျော် ဖလှယ်ခဲ့ရ၏။

ဤတစ်ကြိမ်၌ နှစ်ကွက် သုံးကွက်သာ သုံးလိုက်ရ၏။

သူက ၁၁ လွာကို လေးနက်စွာ ခြေချလိုက်၏။

စမ်းသပ်မှုက ခန်းငြားသောလူငယ်တစ်ဦး ဖြစ်ပြီး ယဥ်ကျေးသိမ်မွေ့သော ပုံစံရှိ၏။

“နန်းဂုန်းလျိုယွင်, အခြေခံတည်ဆောက်ခြင်း အဆင့် ၁, ကျေးဇူးပြီးပြီး သင်ကြားပေးပါအုန်း….”

နှစ်ယောက်က အလျှင်အမြန်ပဲ တိုက်ခိုက်လိုက်ကြသည်။

ဂျန်ဖန်း ချက်ချင်းပဲ ကြီးမားသည့်ဖိအားကို ခံစားလိုက်ရသည်။

နှစ်ယောက်လုံးက အခြေခံတည်ဆောက်ခြင်းအဆင့်တွေဖြစ်ပြီး သူက အဝါရောင်အဆင့်မြင့် ဓားသိုင်းကို အသုံးပြုနေ၏။ သို့ပေမယ့် အကွက်ရေဒါဇင်နဲ့ချီ တိုက်ခိုက်ပြီးတာတောင် လက်ရည်ညီနေတုန်းဖြစ်သည်။

ပြိုင်ဘက်၏ တိုက်ပွဲအတွေ့အကြုံက အလွန်ပြည့်ဝပြီး သူ့ထက်မနိမ့်ပေ။

သူ့၏ လှုပ်ရှားမှုတွေက အစီအစဥ်တကျ ဖြစ်နေပြီး မည်သည့်ဟာကွက်မှ မရှိပေ။

ကျင့်ကြံထားသည့်သိုင်းကျမ်းကလည်း ဂျန်ဖန်းထက် အတော်လေးမြင့်တာဖြစ်သည်။

ဂျန်ဖန်း အကြိမ်ပေါင်းများစွာ ရှုံးလုနီးပါး ဖြစ်သွားခဲ့သည်။

ကံကောင်းစွာနှင့် သူက လှုပ်ရှားမှုနည်းလမ်းအပေါ် မှီခိုပြီး ဆက်လက်တိုက်ခိုက်နိုင်ခဲ့၏။

နောက်ဆုံး အကွက်ရေ ၂၀၀ လောက် ဖလှယ်ပြီးနောက် သူက နန်းဂုန်းလျိုယွင် ဟာကွက်ကိုတွေ့ကာ တစ်ချက်တည်းဖြင့် အနိုင်ယူလိုက်၏။

ဟူး…..

ဂျန်ဖန်း ချွေတွေစီးကျနေပြီး အတော်လေး အားအင်ကုန်ခမ်းနေခဲ့သည်။

“ဘာတွေဖြစ်နေတာလဲ… အဆင့် ၁၁ က စမ်းသပ်မှုက အရမ်းအားကောင်းတာပဲ…..”

ပြိုင်ဘက်က အခြေခံတည်ဆောက်ခြင်း အဆင့် ၂ ဖြစ်သည့် ဒုနန်းတော်သခင်ထက် တောင် ပိုအားကောင်းတယ်လို့ သူခံစားရ၏။

သို့ပေမယ့် ကြိုးပမ်းမှု ထိုက်တန်၏။

စမ်းသပ်မှုပျောက်ကွယ်သွားပြီးနောက် နှင်းဖြူရောင် ဆေးတစ်လုံးမြေပြင်မှာ ပေါ်လာခဲ့သည်။

“ဒါက… အဆင့်နိမ့် အခြေခံတည်ဆောက်ခြင်း ဆေးလုံး….”

ဂျန်ဖန်း အလွန်ပျော်ရွင်သွားခဲ့သည်။

ထိုအရာက တိမ်စိမ်းဂိုဏ်း၏ ထူးခြားသော ပစ္စည်းဖြစ်၏။ အခြေခံတည်ဆောက်ခြင်း အဆင့် ကျင့်ကြံသူတွေကို အဆင့်တိုးမြှင့်ပေးနိုင်စွမ်းရှိတာဖြစ်သည်။

၎င်းက အပြင်ဘက်မှာ လုံးဝမရပေ။

သူက ချက်ချင်းမြိုချလိုက်ပြီး နေရာမှာပဲ ကျင့်ကြံလိုက်၏။

ဆေးလုံး ဝမ်ဗိုက်ထဲရောက်သွားသည်နှင့် အားကောင်းသည့် ဆေးစွမ်းအားက သိပ်သည်းသည့်စိတ်ဝိညာဥ်စွမ်းအင်အဖြစ် ပြောင်းလဲပြီး စိတ်ဝိညာဥ်ရေကန်ထဲကို ဝင်ရောက်သွားခဲ့သည်။

အထဲမှာရှိသည့် စိတ်ဝိညာဥ်စွမ်းအားက မြင်နိုင်သည့်အရှိန်ဖြင့် တိုးလာခဲ့သည်။

ဆေးအာနိသင်ကုန်သွားသည့်အခါ သူ့ကျင့်ကြံရေးနယ်ပယ်က ၁၀ ရာခိုင်နှုုန်းလောက် တိုးတက်သွားခဲ့သည်။

ဂျန်ဖန်း အလွန်အံ့အားသင့်သွားခဲ့သည်။

“အဆင့်နိမ့် အခြေခံတည်ဆောက်ခြင်း ဆေးတစ်လုံးက တစ်ညလုံး ခက်ခက်ခဲခဲ ကျင့်ကြံတာထက် ၁၀ ပိုအကျိုးသက်ရောက်မှုရှိတယ်ဟ….”

“ထိပ်တန်းအဆင့်သာဆိုရင် ရက်တစ်ရာလောက်ကျင့်ကြံတာနဲ့ ညီမျှမလားမသိဘူး….”

သူက အဆင့် ၁၂ ကို တစ်ချက်လိုက်ပြီး တွေဝေမနေပဲ ထွက်ခွာလာခဲ့လိုက်သည်။

အဆင့် ၁၁ တောင် စိန်ခေါ်မှုပြင်းထန်နေတာ အဆင့် ၁၂ ဆိုရင်တော့ ပြောစရာကို မလိုတော့ပေ။

ဆင်းလာသည့်အခါ သူက တစ်ခဏတွေးလိုက်ပြီး ရေရွတ်လိုက်သည်။

“ရို့ရန်အတွက် ကျင့်စဥ်နည်းလမ်းနဲ့ ချီကျင့်ကြံခြင်းအရည်အချို့ ပြင်ဆင်ထားရမယ်….”

သူထွက်လာသည့်အခါ လျိုချင်းရှန်နှင့် ရှုယင်းရင်တို့ ရောက်လာကြ၏။

ရှုယင်းရင်း ထွက်ခွာသွားသည့် နံပါတ် ၁ အရိပ်စောင့်ပုံရိပ်ကိုကြည့်ပြီး ညည်းညူလိုက်၏။

“ခြေတစ်လှမ်းနောက်ကျသွားပြီ….”

သို့ပေမယ့် လျိုချင်းရှန်မျက်လုံးတွေကတော့ တောက်ပနေခဲ့သည်။

“ရှုရို့ရန်က ဘယ်သူလဲ…..”

All Chapters