← Chapters

ရုပ်ထုအောက်က ရတနာ

Vol. 5 Ch. 64

ရုပ်ထုအောက်က ရတနာ

Vol. 5 Ch. 64

သူမက ထိုအရာကို ရှင်းရှင်းလင်းလင်း ကြားလိုက်ရသည်။

နံပါတ် ၁ အရိပ်စောင့်က ရှုရို့ရန်ကို ချီကျင့်ကြံခြင်းအရည်နှင့် ကျင့်စဥ်နည်းလမ်း ပေးချင်နေခဲ့၏။

ဘယ်လိုဆက်ဆံရေးမျိုးက ဤကဲ့သို့ ကူညီဖို့ ဆန္ဒရှိနေသနည်း။

အဖြေက သိသာလှ၏။

မေးခွန်းကတော့ ရှုရို့ရန်ကို ရှာဖွေရန်သာဖြစ်သည်။

ရှုယင်းရင် ကြောင်အသွားခဲ့သည်။

“ရှုရို့ရန်က ကျွန်မ အမလေ…..”

လျိုချင်းရှန် အံ့အားသင့်သွားခဲ့သည်။

“နင့်အမ… ဒါဆို သူမဘေးနားမှာ အသက်ငယ်ငယ်အမျိုးသာတစ်ဦးရှိလား….”

ရှုယင်းရင် စိတ်ရှုပ်သွားခဲ့သည်။

လျိုချင်းရှန် ထိုအရာကို ဘာကြောင့်မေးလဲ မသိပေမယ့် ရိုးသားစွာ ပြန်ဖြေလိုက်သည်။

“ငါ့အမက ထိန်းထိန်းသိမ်းသိမ်းနေတယ်၊ သူမဘေးမှာ ဘယ်ယောကျ်ားမှ မရှိဘူး….”

“သူမ သတို့သားလောင်း ဂျန်ဖန်းပဲ ရှိတယ်…”

ဂျန်ဖန်း?....

လျိုချင်းရှန်မျက်လုံးတွေ တောက်ပသွားခဲ့သည်။

“ဒါဆိုရင် နံပါတ် ၁ အရိပ်စောင့်က ဂျန်ဖန်းလို့ နင်မထင်ဘူးလား….”

ဟမ်?.....

သူက နံပါတ် ၁အရိပ်စောင့်…..

ရှုယင်းရင် သူမခေါင်းကို အပြင်းအထန် ခါယမ်းပြီး ပြတ်သားစွာပြောလိုက်သည်။

“မဖြစ်နိုင်ဘူး….”

“သူသာ နံပါတ် ၁ အရိပ်စောင့်ဆိုရင် ငါက ကောင်းကင်ဘုံစက်ယန္ဒယား ခန်းမသခင် ဖြစ်လိမ့်မယ်….”

ထို့နောက် သူမသိသည့် ဂျန်ဖန်းအကြောင်း အားလုံးကို ပြောပြလိုက်သည်။

နားထောင်ပြီးနောက် လျိုချင်းရှန် ကြောင်အသွားခဲ့သည်။

“ရွက်ကြမ်းရေကျိုလား…..”

“ဒါဆို သူက နံပါတ် ၁ အရိပ်စောင့် မဖြစ်နိုင်ဘူး….”

“ဒါပေမယ့် နင့်အမ ရှုရို့ရန်ရဲ့ ကျင့်ကြံရေးက ဘာလို့ အလျှင်အမြန် တိုးတက်လာလဲ….”

“အကြောင်းပြချက်က နံပါတ် ၁ အရိပ်စောင့် သူမကို လျို့ဝှက်ကူညီနေလို့ပဲ…..”

ထိုအရာကိုကြားသည့်အခါ…..

ရှုယင်းရင် ခံစားချက်တွေ ရှုပ်ထွေးသွားခဲ့သည်။

နံပါတ် ၁ အရိပ်စောင့်က သူမအမကို အရမ်းကူညီနေတာကြောင့် အနည်းငယ် မနာလိုဖြစ်လာခဲ့သည်။

ထို့ပြင် သူမအမက ထင်သလောက်သစ္စာရှိပုံမပေါ်ပေ။ ဂျန်ဖန်းနောက်ကွယ်မှာ နံပါတ် ၁ အရိပ်စောင့်နှင့် ဤကဲ့သို့ နက်ရှိုင်းသည့် ဆက်ဆံရေးရှိနေခဲ့သည်။

သူမ ရုတ်တရက် ဂျန်ဖန်းအတွက် အနည်းငယ် စိတ်မကောင်းဖြစ်သွားခဲ့သည်။

လျိုချင်းရှန် တစ်ခဏစဥ်းစားပြီး ပြောလိုက်သည်။

“ငါ့ကို ရှုအိမ်တော်ခေါ်သွားပေး…..”

“ဂျန်ဖန်းနဲ့ နင့်အမကို ငါကိုယ်တိုင် မေးရမယ်…. ပြောမရဘူး နံပါတ် ၁ အရိပ်စောင့်နဲ့ပတ်သက်ပြီး သဲလွန်စအချို့ ရနိုင်တယ်…..”

ထို့နောက်….

သူမခါးက ကျောက်စိမ်းပြား အသံထွက်လာခဲ့သည်။

ချေမွလိုက်သည့်အခါ စာတစ်ကြောင်း ပေါ်လာခဲ့သည်။

“ဂိုဏ်းမှာပြဿနာပေါ်လာတယ်၊ ချက်ချင်းပြန်လာခဲ့…..”

လျိုချင်းရှန် မျက်နှာ အနည်းငယ် မကျည်မသာဖြစ်သွားခဲ့သည်။

“ဘာလို့ ဒီအချိန်ကျမှလဲ…..”

ထိုအရာက သားရဲလှိုင်းနှင့် ဆက်စပ်နေတာ ဖြစ်နိုင်၏။

သူတို့က နံပါတ် ၁ အရိပ်စောင့်ကို ရှာတွေ့တော့မည်ဖြစ်သည်။

သို့ပေမယ့် သားရဲလှိုင်းက အရေးကြီးသည့်ကိစ္စဖြစ်ပြီး သူမပြန်ရမည်ဖြစ်သည်။

တွေးနေစဥ် နည်းလမ်းတစ်ခု သူမခေါင်းထဲမှာပေါ်လာခဲ့သည်။

“ဟမ်…. ဘာလို့ ရှုရို့ရန်ကို တိမ်စိမ်းဂိုဏ်း မခေါ်ရမှာလဲ…..”

“နံပါတ် ၁ အရိပ်စောင့် ရှုရို့ရန်ကို အရမ်းကူညီပုံနဲ့ဆိုရင် တိမ်စိမ်းဂိုဏ်းကို လာဖို့ နည်းလမ်းရှာမှာပဲ…..”

ထိုအကြောင်းကိုတွေးလေလေ, ဖြစ်နိုင်ချေများလေလလေဖြစ်သည်။ သူမက မေးလိုက်သည်။

“ရှုယင်းရင်, နင့်ကို ဂိုဏ်းကိုခေါ်ဖို့လာမှာ အကြီးအကဲလီချင်ဖုန်းမလား…..”

သူမဘာကြောင့် ထိုအကြောင်းမေးလဲဆိုတာ ရှုယင်းရင်း နားမလည်ပေ။

အနည်းငယ်ဂုဏ်ယူသွားပြီး ပြောလိုက်သည်။

“ဟုတ်တယ်, အကြီးအကဲလီပဲ…. သူ ရက်အနည်းငယ်နေရင် လာလိမ့်မယ်….”

လျိုချင်းရှန် ထူးဆန်းစွာပြုံးလိုက်ပြီး ခေါင်းညိတ်လိုက်သည်။

ထို့နောက် ပျံသန်းသားရဲကို ဆင့်ခေါ်ကာ တိုက်ရိုက်ပျံသန်းသွားခဲ့သည်။

ဂျန်ဖန်း ရှုမိသားစုကို ပြန်ရောက်ပြီးနောက် ရှုရို့ရန် ကြိုးစားပန်းစား ကြမ်းတိုက်နေတာကို တွေ့လိုက်ရသည်။

အိမ်တော်က အစေခံတွေလည်း သန်ရှင်းရေးလုပ်နေခဲ့ကြသည်။

များသောအားဖြင့်လျစ်လျူရှုထားသည့် နေရာတွေပါ ပြောင်လက်နေခဲ့သည်။

“ဘာတွေဖြစ်နေတာလဲ….”

ဂျန်ဖန်း အသံနိမ့်နိမ့်ဖြင့် မေးလိုက်သည်။

ရှုရို့ရန် ပျော်ရွင်စွာနှင့်ပြောလိုက်သည်။

“ညီမလေးကို ရွေးချယ်ခဲ့တဲ့ တိမ်စိမ်းဂိုဏ်း အကြီးအကဲ ငါတို့အိမ်ကို လာနေပြီတဲ့….”

“ငါ့ညီမက တိမ်စိမ်းဂိုဏ်းကို ဝင်ရောက်ရတော့မှာ….”

ဂျန်ဖန်း လှုပ်လှုပ်ရှားရှားဖြစ်သွားခဲ့သည်။

အခြေခံတည်ဆောက်ခြင်းအဆင့်၏ ခက်ခဲမှုကို သိပြီးနောက် အထီးကျန်လှေမြို့က နောက်ထပ်တိုးတက်ဖို့ လိုအပ်သည့်အရင်းအမြစ် ထုတ်မပေးနိုင်တော့ပေ။

သူက တိုးတက်ဖို့အတွက် တိမ်စိမ်းဂိုဏ်းကို သွားရမည်ဖြစ်သည်။

သူ၏ အခြေခံတည်ဆောက်ခြင်းနယ်ပယ်က အကြီးအကဲလီ၏ အမြင်ကို ဖမ်းစားနိုင်မလားဆိုတာ သိချင်နေခဲ့သည်။

သို့ပေမယ့် သူထွက်သွားလျှင် ရှုရို့ရန် ဘယ်လိုလုပ်မည်နည်း။

“ရို့ရန်, ဒီကိုလာအုန်း….”

သူက အထွတ်အထိပ်အဆင့် ချီကျင့်ကြံခြင်းအရည် ပုလင်းအနည်းငယ်နှင့် နဂါးရှာဖွေကျမ်းကို အလျင်အမြန်ထုတ်ယူလိုက်သည်။

“နောက်ရက်အနည်းငယ်မှာ ဘာမှမလုပ်နဲ့တော့၊ ကျင့်ကြံခြင်းကိုပဲ အာရုံစိုက်…..”

“အကြီးအကဲလီ မင်းကိုလည်း တိမ်စိမ်းဂိုဏ်းကို ခေါ်သွားအောင် ကြိုးစားရမယ်….”

ရှုရို့ရန် ငိုရမလို ရယ်ရမလို ဖြစ်သွားခဲ့သည်။

“တိမ်စိမ်းဂိုဏ်းက ပါရမီကို တန်ဖိုးထားတာ…. ခုလက်ရှိအဆင့်ကို မဟုတ်ဘူး….”

“ငါ့ရဲ့ အဆင့် ၂ စိတ်ဝိညာဥ်အမြစ်နဲ့ အကြီးအကဲလီအမြင်ကို ဘယ်လိုလုပ် ဖမ်းစားနိုင်မှာလဲ…..”

သို့သော်လည်း ဂျန်ဖန်း၏ စိတ်အားထက်သန်သည့်အမူအရာကို မြင်သည့်အခါ ထိုအရာကို လက်ခံလိုက်၏။ သူမက သူ့၏ စေတနာကို မထိခိုက်စေလိုပေ။

“ဒါဆိုလည်း ငါအခုပဲ ကျင့်ကြံရီတော့မယ်….”

သူမ နာခံစွာ ကျင့်ကြံရီတာကိုမြင်သည့်အခါ ဂျန်ဖန်းလည်း အနားမယူခဲ့ပေ။

သူက တိမ်မြူခိုးဂူရှိ ရုပ်ထုအောက်က ရတနာတွေကို သတိရလိုက်၏။ ရိက္ခာအနည်းငယ်ယူပြီးနောက် တောင်ကို တစ်ယောက်တည်း ထွက်လာခဲ့လိုက်သည်။

နေ့တစ်ဝက်လောက်ကြာပြီးနောက်…..

ဂျန်ဖန်း အောင်မြင်စွာပဲ ရုပ်ထုကို ဖွင့်လိုက်၏။

နောက်တစ်ကြိမ် သူက အထဲက ရတနာတွေကို မြင်လိုက်၏။

ဓားတစ်ချောင်းနှင့် ကျောက်စိမ်းသေတ္တာ နှစ်လုံး ဖြစ်၏။

သူက ဓားနှင့် သေခြင်းကျော်လွန်ခြင်း ဆေးလုံးကို ခဏဘေးချိတ်ထားလိုက်၏။

အမြစ်မဲ့ကောင်းကင်ရေပါသည့် ကျောက်စိမ်းသေတ္တာကို ယူလိုက်၏။ ထို့နောက် တစ်စက် ဂရုတစိုက် မြည်းကြည့်လိုက်၏။

ချက်ချင်းပဲ စိတ်ဝိညာဥ်စွမ်းအင်လှိုင်းလုံးကြီးတစ်ခု စိတ်ဝိညာဥ်ရေကန်ထဲကို စီးဝင်လာပြီး သူ့ကျင့်ကြံရေး အနည်းငယ် တိုးတက်လာခဲ့သည်။

ဂျန်ဖန်း အနည်းငယ်အံ့အားသင့်သွားခဲ့ သည်။

“တစ်စက်တည်းနဲ့ကို တစ်ညလောက်လေ့ကျင့်တာနဲ့ ညီနေပြီ….”

သူ့မျက်လုံးတွေက မျှော်လင့်ချက်တွေနှင့် ပြည့်နှက်သွားခဲ့သည်။ ချက်ချင်းပဲ နဂါးရှာဖွေကျမ်းကို စတင်လိုက်ကာ အမြစ်မဲ့ကောင်းကင်ရေနှင့် ကျင့်ကြံတော့၏။

သုံးရက်ကြာပြီးနောက်…..

ကျောက်စိမ်းသေတ္တာထဲက အမြစ်မဲ့ကောင်းကင်ရေအားလုံး ကုန်သွားပြီပဲဖြစ်သည်။

ဂျန်ဖန်းက အခြေခံတည်ဆောက်ခြင်း အဆင့် ၃ ကို အောင်အောင်မြင်မြင် ချိုးဖြတ်ပြီးပြီဖြစ်သည်။

“တော်တော်အံအားစရာကောင်းတဲ့ ပစ္စည်းပဲ၊ အဆင့် ၂ ဆင့် တိုက်ရိုက် ချိုးဖြတ်သွားတယ်….”

(သူများဟာတွေနဲ့ ကောင်းစားနေတာ…)

ဂျန်ဖန်း ပျော်ရွင်စွာ အော်ဟစ်လိုက်သည်။

သို့ပေမယ့် အယူအဆပိုင်းအရ အမြစ်မဲ့ကောင်းကင်ရေက အဆင့် တစ်ခုသာ ချိုးဖြတ်နိုင်သင့်၏။

နောက်တစ်ဆင့်အတွက်ကတော့ သူ၏ ထူးဆန်းသည့်စိတ်ဝိညာဥ်အမြစ်နှင့် နဂါးရှာဖွေကျမ်း ကြောင့်ပဲဖြစ်သည်။

၎င်းတို့ဖြင့် အမြစ်မဲ့ကောင်းကင်ရေထဲက စိတ်ဝိညာဥ်စွမ်းအင်အားလုံးကို စုပ်ယူနိုင်ခဲ့၏။ အနည်းငယ်လေးတောင် အလေအလွင့်မရှိခဲ့ပေ။

ထိုအရာကြောင့် သူက အကန့်အသတ်ကို ချိုးဖြတ်နိုင်ခဲ့ပြီး အဆင့်တစ်ဆင့် ပိုပြီး ချိုးဖြတ်နိုင်ခဲ့ခြင်းဖြစ်သည်။

ထို့နောက်….

သူက သေခြင်းကျော်လွန်ခြင်းဆေးလုံးကို ကြည့်ပြီး တွေးလိုက်သည်။

“ငါ့စိတ်ဝိညာဥ်အမြစ်က လုံလောက်နေပြီ….ရို့ရန်ကိုပေးရမယ်။ သူမစိတ်ဝိညာဥ်အမြစ် ဘယ်လောက်တိုးတက်လာမလဲ ကြည့်ရတာပေါ့….”

နောက်ဆုံး သူက ထိပ်တန်းအဆင့် စိတ်ဝိညာဥ်လက်နက်ဖြစ်သည့် ခရမ်းဓားကို ကြည့်လိုက်ပြီး ဆုပ်ကိုင်လိုက်သည်။

ချက်ချင်းပဲ ကြီးမားသည့်အလေးချိန်ကြောင့် လွတ်ကျလုနီးပါဖြစ်သွားခဲ့သည်။

“လေးလှကြီလား….”

ဂျန်ဖန်း အတော်လေး တုန်လှုပ်သွားခဲ့သည်။

အခြေခံတည်ဆောက်ခြင်း အဆင့် ၃ကို ချိုးဖြတ်ထားလို့သာ မဟုတ်ရင် သူက ထိုအရာကို ကိုင်နိုင်မည်မဟုတ်ပေ။

“ဒီဓားနဲ့ပတ်သက်ပြီး ဘာတွေထူးခြားနေလဲ သိချင်မိတယ်….”

ဂျန်ဖန်း ခဏတွေးလိုက်ပြီး သူ့ရှေ့က ရှပ်ထုဆီကို ဓားချက်တစ်ချက် ထုတ်ဖော်လိုက်၏။

လေးလွန်းသည့်အတွက်ကြောင့် သူလှုပ်ရှားမှုက ကို့ရို့ကားယား နိုင်လှ၏။

“ဘာထူးခြားမှလဲ ရှိပုံမရဘူး။ ငါ့ရဲ့ မိုးကြိုးသစ်သားဓားလောက်တောင် မကောင်းဘူး….”

ဂျန်ဖန်း စိတ်ပျက်သွားခဲ့သည်။

အနည်းဆုံး သစ်သားဓားက မိုးကြိုးစွမ်းအင်ရှိပြီး ပေါ့ပါး၏။

ဤထိပ်တန်းအဆင့်စိတ်ဝိညာဥ်လက်နက်ဟု ခေါ်သည့် အရာက အတော်လေးလေးပြီး မည်သည့်ထူးခြားမှုမှ မရှိပေ။

သို့ပေမယ့်…..

သူပြောလိုက်သည်နှင့်….

သူ့ရှေ့မှာ အရိပ်တစ်ခုကျလာတာကို ခံစားမိလိုက်၏။

မော့ကြည့်လိုက်သည့်အခါ ရုတ်တရက် ထိတ်လန့်သွားခဲ့သည်။

ဧရာမရုပ်ထုကြီးက အကြောင်းမဲ့ပြိုကျလာပြီး သူ့အပေါ်ကို ပြုတ်ချလာခဲ့သည်။

သူက လှုပ်ရှားမှုနည်းလမ်းကိုသုံးပြီး အလျှင်အမြန်ရှောင်တိမ်းလိုက်၏။

ဘုန်း!

ကြီးမားသည့် ကျောက်အပိုင်းအစတစ်ခုက သူ့နောက်ကျောကို ထိမှန်ပြီး စူးရှသည့် နာကျင်မှုကို ခံစားလိုက်ရသည်။

လှည့်ကြည့်လိုက်သည့်အခါ ရုပ်ထုက ပြိုကျနေပြီး ၎င်း၏ ခေါင်းက အပိုင်းပိုင်းဖြစ်သွားပြီပဲဖြစ်သည်။

“ကပ်သီလေးပဲ….”

ဂျန်ဖန်း ချွေးအေးတွေ ထွက်လာခဲ့သည်။

“ဘာဖြစ်တာလဲဟ…. ဘာလို့ ရုပ်ထုက ရုတ်တရက်ကြီး ပြိုကျလာရတာလဲ….”

အနီးကပ်စစ်ဆေးကြည့်လိုက်သည့်အခါ သူ့မျက်နှာက ထူးဆန်းသွားခဲ့သည်။

ရုပ်ထု၏ ပြိုကျနေသည့်အပိုင်း၌ ရှုပ်ထွေးသည့် ပိုင်းဖြတ်ရာများစွာကို တွေ့လိုက်ရသည်။

ထိုအရာတွေက မှန်ကဲ့သို့ ချောမွတ်နေပြီး တို့ဖူးကို လှီးဖြတ်လိုက်သကဲ့သို့ဖြစ်၏။

ထို့ပြင် ထိုပိုင်းဖြတ်ရာတွေက သူ့ဓားချက်ကြောင့် ဖြစ်လာသည့် အတိုင်းပင်ဖြစ်သည်။

“မဖြစ်နိုင်တာ…..”

All Chapters