သံမဏိသွေးစစ်မှန်ကျမ်း
Vol. 5 Ch. 65
ဂျန်ဖန်း သူ့လက်ထဲက တောက်ပသည့် ခရမ်းဓားကို ကြည့်ပြီး မယုံကြည်နိုင်ဖြစ်နေခဲ့သည်။
ခုနက သူဓားကို ဝှေ့ယမ်းရုံလေး ဝှေ့ယမ်းလိုက်တာဖြစ်သည်။
သူက ရုပ်ထုပေါ်ကို ခုန်တက်လိုက်သည်။
ခရမ်းဓားကိုကိုင်ပြီး ရုပ်ထုကို အားပြင်းပြင်း ခုတ်ပိုင်းချလိုက်သည်။
ဘန်း!
ရုတ်တရက် ကျယ်လောင်သည့်အသံတစ်ခု ထွက်ပေါ်လာပြီး ရုပ်ထု နှစ်ခြမ်းခွဲသွားခဲ့သည်။
ဂျန်ဖန်း ပင့်သက်ရှိုက်လိုက်ပြီး တုန်လှုပ်စွာဖြင့် ခရမ်းဓားကို ကြည့်လိုက်သည်။
“ဒီဓားစွမ်းရည်က…. အဝေးကနေ ဓားချီထုတ်ပေးတာပဲ…..”
“ပြီးတော့ ဒီလိုအားကောင်းတဲ့ ဓားချီမျိုးက ကျောက်တုံးကိုတောင် အသာအယာပိုင်းဖြတ်နိုင်တယ်…..”
တစ်ခဏကြာသည့်အခါ သူက အလွန်ပျော်ရွင်သွားခဲ့သည်။
ဤဓားနှင့် “ကြယ်ခုနှစ်စင်းဓားသိုင်း” သာ ပေါင်းစပ်လိုက်လျှင် ဖျက်ဆီးစွမ်းအားက အတိုင်းအဆမရှိ မြင့်တက်လာမည်ပဲ ဖြစ်သည်။
တစ်ခုတည်းသော အားနည်းချက်က အလွန်လေးနေတာဖြစ်ပြီး အသုံးပြုဖို့က ကို့ရို့ကားယားနိုင်လွန်းလှ၏။
ဤဓားကိုကိုင်ဖို့ဆိုလျှင် အလွန်အားကောင်းသည့် ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ရှိရမည်ပဲဖြစ်သည်။
“ငါက ခန္ဓာကျင့်ကြံရတော့မှာလား….”
ဂျန်ဖန်း အနည်းငယ်တွေဝေသွားခဲ့သည်။
“အဖေတစ်ခါက ပြောဖူးတယ်။ သိုင်းပညာလမ်းကြောင်း, အထူးသဖြင့် ခန္ဓာကျင့်ကြံတာက အခက်ခဲဆုံးတဲ့။ ဘာလို့လဲဆိုတော့ သိုင်ကျမ်းကျင့်ကြံတာထက် ပိုများတဲ့ အရင်းအမြစ်တွေလိုအပ်လို့ပဲ…..”
“အထီးကျန်လှေမြို့မှာ ခန္ဓာကျင့်ကြံမှု တိုးတက်ဖို့က ကောင်းကင်တက်ရတာထက် ပိုခက်တယ်….”
“ငါ တိမ်စိမ်းဂိုဏ်းကို သွားရမယ်…..”
ထို့နောက် သူက သေခြင်းကျော်လွန်ဆေးလုံးကို လုံခြုံစွာ သိမ်းဆည်းလိုက်၏။
ခရမ်းဓားကိုတော့ အာရုံစိုက်မှုတွေမှ ကင်းဝေးဖို့ အဝတ်စတစ်ခုနှင့် ပတ်လိုက်သည်။
သို့ပေမယ့် ထိုအခိုက်အတန့်၌….
ဂူအပြင်ဘက်ကနေ အားနည်းအိုမင်း သည့်အော်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။
“တစ်ယောက်ယောက်ရှိလား…. တစ်ယောက်ယောက်ရှိလား…. ကူညီကြပါ…. ကျေးဇူးပြုပြီး ကူညီပါ….”
ဟမ်?....
ဤကဲ့သို့ သွေးလင်းနို့နန်းတော်ဗဟိုဖြစ်သည့် တောင်အနက်ပိုင်းထဲ၌ မည်သူကများ အကူအညီတောင်းနေသနည်း။
သူက ချက်ချင်းပဲ ကျောက်ဆောင်အက် ကြောင်းအရိပ်တစ်ခုထဲမှာ ပုန်းကွယ်လိုက်၏။
မကြာခင်….
ဆံပင်ရှုပ်ပွနေသည့် လူအိုကြီးတစ်ယောက် သွေးအလိမ်းလိမ်းဖြင့် ထိတ်လန့်တကြား ပြေးဝင်လာခဲ့သည်။
သူက ပတ်ဝန်းကျင်ကို စစ်ဆေးကြည့်လိုက်၏။ တစ်ယောက်မှ မတွေ့သည့်အခါ ကောင်းကင်ကိုမော့ကြည့်ပြီး သက်ပြင်းချလိုက်သည်။
“ဂူထဲက ဆူညံသံကို လူတစ်ယောက်ယောက်လို့ထင်နေခဲ့တာ…..”
“ငါ့ဘဝတော့ သွားပါပြီ….”
ခဏကြာပြီးနောက်….
သံမဏိမျှော်စင်ကဲ့သို့ ဧရာမလူထွားကြီးတစ်ယောက် ဂူထဲကို လျှောက်ဝင်လာခဲ့သည်။
သူ့ကိုယ်လုံးတီး ရင်ဘတ်၌ ထူးဆန်းသည့် ပုံစံတွေ ရေးဆွဲထားခဲ့သည်။
လမ်းလျှောက်လာစဥ်မှာ သူ့ခြေထောက်အောက်က မြေကြီး တသိမ့်သိမ့်တုန်သွားပြီး ရွေ့လျားနေသည့် တောင်ကြီးတစ်လုံးကဲ့သို့ဖြစ်၏။
“အခု မပြေးနိုင်တော့ဘူးမလား…”
ဧရာမလူကြီးက မကောင်းဆိုးဝါးဆန်စွာ ပြုံးလိုက်သည်။
“ငါတို့ ဧရာမဂိုဏ်းရဲ့ သံမဏိသွေးစစ်မှန်ကျမ်းကို ခိုးရဲတယ်။ မင်း တိမ်စိမ်းဂိုဏ်းနယ်မြေထဲ ပြေးလာရင်တောင် သေရမှာပဲ…..”
ဂျန်ဖန်းနှလုံးသာ တုန်ယင်သွားခဲ့သည်။
ဧရာမဂိုဏ်း?.....
အဲ့ဒီဂိုဏ်းက ကောင်းကင်ဘုံစက်ယန္ဒယားခန်းမ လက်အောက်မှာရှိတဲ့ ဂိုဏ်း ၉ ဂိုဏ်းထဲက တစ်ခုမလား…..
ဧရာမဂိုဏ်းက ဂိုဏ်း ၉ ဂိုဏ်း၏ အားအကောင်းဆုံးဂိုဏ်းဖြစ်၏။
ထို့ပြင် တိမ်စိမ်းဂိုဏ်းနှင့် အဝေးဆုံးဖြစ်ပြီး ခြားထဲ၌ ဂိုဏ်းပေါင်းများစွာရှို၏။
ဧရာမဂိုဏ်းကလူက ဘယ်လိုလုပ်ပြီး တိမ်စိမ်းဂိုဏ်းနယ်မြေထဲထိ လိုက်ဖမ်းရ သနည်း။
ထွက်ပြေးလာသည့်လူအိုကြီးက အော်ပြောလိုက်သည်။
“ရှုဂန်းလီ, မင်းတော်တော် အရှက် မရှိတာပဲ…. သံမဏိသွေးစစ်မှန်ကျမ်းက ငါ မင်းတို့ ဧရာမဂိုဏ်းမှာ ၁၈ နှစ်ကြာ ဆေးဖော်ခဲ့တဲ့ ဆုလဒ်ပဲ….”
“ဧရာမဂိုဏ်းလို ဖြောင့်မတ်ဂိုဏ်းတစ်ခုရဲ့ အတွင်းစည်းတပည့်တစ်ယောက်အနေနဲ့ မင်းက ရတနာအတွက် လူသတ်ရဲတယ်ပေါ့…..”
ဧရာမဂိုဏ်း၏ သံမဏိသွေးစစ်မှန်ကျမ်းက အကြီးအကဲတွေသာ ကြည့်ခွင့်ရှိသည့် လျို့ဝှက်ကျင့်စဥ်တစ်ခုဖြစ်၏။
အတွင်းစည်းတပည့်တစ်ယောက်အနေဖြင့် ရှုဂန်းလီ ထိုကျင့်စဥ်ကို အချိန်တော်ကြာကတည်းက လိုချင်နေခဲ့တာဖြစ်၏။
ပင်စင်ယူပြီးအိမ်ပြန်သည့် ဤလူအိုကြီးက ထိုအရာကို ဆုလဒ်အဖြစ်ရသွားတာ မြင်သည့်အခါ ရှုဂန်လီ သူ၏ ကောက်ကျစ်သည့်အစီအစဥ်ကို ကြံစည်ခဲ့၏။
“ဟမ့်…. ဘာဖြောင့်မတ်တဲ့ဂိုဏ်းလဲ?.... ဒီကမ္ဘာကြီးမှာ စွမ်းအားက စည်းမျဥ်းပဲ…”
ရှုဂန်လီမျက်လုံးတွေ တောက်ပလာပြီး လူအိုကြီးတွေဆီကို လျှောက်လမ်းလာခဲ့သည်။
“အခု, မင်းမှာ ရွေးချယ်စရာနှစ်ခုရှိတယ်။ သံမဏိသွေးစစ်မှန်ကျမ်းကို လွဲပေးပါ။ ငါမင်းကို မြန်မြန်သေခွင့်ပေးမယ်….”
“အဲ့လိုမှမဟုတ်ရင်, မင်းပေးတဲ့အထိ နှိပ်စက်ရလိမ့်မယ်….”
ဂျန်ဖန်း သူ၏အသက်ရူသံကို ထိန်းညှိထားပြီး အကြည့်တွေက တည်ငြိမ်နေခဲ့သည်။
သူက ဝင်ပါဖို့ ရည်ရွယ်ချက်မရှိပေ။
ဤနှစ်ယောက်ကြား ရတနာကိစ္စ အငြင်းပွားမှုက သူနှင့်ဘာမှမဆိုင်ပေ။
ထို့ပြင် ဤဧရာမဂိုဏ်းအတွင်းစည်းတပည့်က အတော်လေးသန်မာ၏။ သူ့အား ဒုနန်းတော်သခင်ထက် အဆပေါင်းများစွာ ပိုသည့်ဖိအားကိုပေးစွမ်းနေ၏။
ထို့ကြောင့် အန္တရာယ်အဖြစ်ခံဖို့ မလိုပေ။
သို့ပေမယ့် ဂျန်ဖန်းနှလုံးသား ခုန်ပေါက်သွားခဲ့သည်။
ရှုဂန်းလီ သူပုန်းနေသည့်နေရာကို တစ်ချက်ကြည့်လိုက်တာ သူသတိထားမိလိုက်၏။ ချက်ချင်းပဲ အန္တရယ်ကို ခံစားမိလိုက်သည်။
ဂျန်ဖန်း တွေဝေမနေပေ။ သစ်သားဓားကို အလျှင်အမြန်ဆွဲထုတ်ကာ လာနေသည့် ကျောက်တုံးကို ဖယ်ထုတ်လိုက်၏။
သူ့လက်ဝါးက နာကျင်သွားပြီး အံ့အားသင့်သွားခဲ့သည်။
ဤလူ၏ခွန်အားက ကြောက်စရာကောင်းလှ၏။
အဝေးမှကန်လိုက်သည့်ကျောက်တုံးကတောင် ဤမျှလောက်အားကောင်းနေခဲ့၏။
အနီးနားကသာ ကန်လိုက်လျှင် သူ့အရိုးကျိုးသွားရုံမသာ အသက်အန္တာရယ်တောင်ရှိနိုင်၏။
“အို, အရည်အချင်း နည်းနည်းရှိသားပဲ…..”
ရှုဂန်လီ ကျောက်ဆောင်အကွယ်ကထွက်လာသည့် ဂျန်ဖန်းကို အေးစက်စွာကြည့်လိုက်သည်။
“ငါ့တိုက်ခိုက်မှုတစ်ခုကို ခုခံနိုင်တယ်ဆိုတော့ မင်းမှာ စွမ်းရည်အချိုု့ရှိတာပဲ။ မင်းက တိမ်စိမ်းဂိုဏ်းကလား…..”
ဂျန်ဖန်း၏ ငယ်ရွယ်သည့် အသွင်အပြင်နှင့် ခွန်အားကိုမြင်သည့်အခါ သူက ခန့်မှန်းလိုက်သည်။
ဂျန်ဖန်း ကိစ္စတွေကို ရှုပ်ထွေးအောင်မလုပ်ချင်ပေ။
“ဟုတ်တယ်…..”
“ဒီမှာဖြစ်နေတာအားလုံး ငါဘာမှမမြင်ဘူး…”
ရှုဂန်လီ ပြုံးလိုက်ပြီး လက်ချင်းယှက်လိုက်သည်။
“ဒါဆိုလည်း ကျေးဇူးတင်ပါတယ်။ ဂိုဏ်း ၉ ဂိုဏ်းက မိသားစုဝင်တွေလိုပဲ။ ငါတို့က တစ်ယောက်နဲ့တစ်ယောက် ကြည့်ရှုစောင့်ရှောက်သင့်တယ်….”
သူက ထိုကဲ့သို့ပြောပေမယ့် ဂျန်ဖန်းက အလွန်သတိထားနေဆဲဖြစ်သည်။
သူက ဖြည်းဖြည်းချင်း နောက်ကို ဆုတ်သွားပြီး သတိပေါ့လျော့မသွားခဲ့ပေ။
ရင်ပြင်အစွန်းကိုရောက်သည့်အခါ ရှုဂန်းလီ သူ့ကိုယ်သူ နောက်ထပ်ထိန်းမထားနိုင်တော့ပဲ လှောင်ပြောင်လိုက်၏။
“မင်းက အတော်လေးပါးနပ်တာပဲ…..”
သူက ဂျန်ဖန်းကို ဘယ်တုန်းကမှ လွတ်ပေးဖို့မရည်ရွယ်ပေ။
လူအိုကြီးက ဧရာမဂိုဏ်းမှာ နှစ်ပေါင်းများစွာ အလုပ်လုပ်ခဲ့သည့် ဝိညာဥ်သခင်ပဲဖြစ်သည်။
ထိုလူအိုကြီးကိုသတ်ပြီး သံမဏိသွေးစစ်မှန်ကျမ်းအားလုယူလျှင် အခြားလူတစ်ယောက်ကို မည်သို့အသိခံလို့ဖြစ်မည်နည်း။
သူ့ရဲ့ဖော်ရွေတဲ့စကားတွေက ဂျန်ဖန်း သတိပေါ့လျော့သွားဖို့ပဲဖြစ်သည်။
ထို့နောက် သေစေနိုင်သည့် တိုက်ကွက်ကို ထုတ်ဖော်မည်ပဲဖြစ်သည်။
မမျှော်လင့်စွာနှင့် ဂျန်ဖန်းက အလွန်သတိရှိနေပြီး သူ့ကို အခွင့်အရေး မပေးခဲ့ပေ။
သူတိုက်ခိုက်နိုင်တဲ့အကွာအဝေးကို ကျော်တော့မည်အား မြင်တော့ ရှုဂန်းလီ နောက်ထပ်ထိန်းမထားနိုင်တော့ပဲ သူ့ပုံစံအစစ်အမှန်ကို ထုတ်ဖော်ပြသလိုက်၏။
သူက ပြောနေရင်း တိုက်ခိုက်မှုတစ်ခုကို ထုတ်ဖော်လိုက်သည်။
ကျောက်တုံးများစွာက အမြောက်ဆံတစ်ခုကဲ့သို့ ပြေးထွက်လာခဲ့သည်။
ကံကောင်းစွာနှင့် ဂျန်ဖန်းက ပြင်ဆင်ထားခဲ့သည်။ သူက သစ်သားဓားကို အကြိမ်ကြိမ်လွဲယမ်းကာ ကျောက်တုံးအားလုံးကို ဖယ်ရှားပစ်လိုက်သည်။
ဤအခွင့်အရေးကို အသုံးချပြီး ဧရာမခန္ဓာကိုယ်ကြီးနှင့် ရှုဂန်းလီက အံ့အားသင့်စရာကောင်းသည့်အရှိန်ဖြင့် ပြေးဝင်လာခဲ့သည်။ သူက တောင်ကြီးတစ်လုံးပိကျလာသကဲ့သို့ တိုက်ခိုက်လိုက်သည်။
ဂျန်ဖန်း သူ့အပေါ် အလျှင်အမြန်ကျဆင်းလာသည့် အရိပ်ကို ခံစားမိလိုက်၏။
သူက ချက်ချင်းပဲ လှုပ်ရှားမှုနည်းလမ်းသုံးကာ ကပ်သီလေး ရှောင်တိမ်းလိုက်၏။
ဘုန်း!
သူရပ်ခဲ့သည့်နေရာက ရှုဂန်လီ၏ ကြီးမားသည့်ခန္ဓာကိုယ်ကြီးကြောင့် တစ်ပေနက်တဲ့အထိ ကျေမွသွားခဲ့သည်။ အက်ကြောင်းတွေလည်း ပင်ကူအိမ်ကဲ့သို့ ပျံ့နှံ့သွားခဲ့သည်။
သူကိုသာ ထိမှန်သွားလျှင် သေပြီပဲဖြစ်သည်။
ဂျန်ဖန်းတုန်လှုပ်သွားပေမယ့် တွေဝေမနေပေ။ သူကတစ်ဖက်လှည့်ပြီး ဓားနှင့်ထိုးလိုက်သည်။
“အထီးကျန်ကြယ်…..”
သို့ပေမယ့်…..
ဓားက ရှုဂန်လီအရေပြားပေါ်၌ အဖြူရောင်အစင်းလေးတစ်ခုသာ ချန်ထားနိုင်၏။
ခြစ်ရာလေးပဲလား?....
ဘယ်လိုတောင် မာလိုက်တဲ့ ခန္ဓာကိုယ်လဲ….
ရှုဂန်လီ အူလိုက်သည်းလိုက် ရယ်မောလိုက်၏။
“သစ်သားဓားကျိုးလေးတစ်ခုနဲ့ ငါ့ခန္ဓာကိုယ်ကို ထိုးဖောက်ချင်တာလား….”
“အဲ့ဒါဆို ငါ့ရဲ့ ၁၀ နှစ်တာ ခက်ခက်ခဲခဲလေ့ကျင့်မှုတွေက ခွေးတစ်ကောင်ပေါ် ဖြုန်းတီးပစ်လိုက်တာနဲ့ တူမနေဘူးလား….”
အဝေးမှလူအိုကြီးလည်း အလျှင်အမြန် သတိပေးလိုက်သည်။
“သူရဲကောင်းလေး, ရှုဂန်လီက ခန္ဓာကိုယ် ကျင့်ကြံထားတာ။ သူ့ကို အနားအကပ်မခံနဲ့….”
‘မင်းပြောဖို့လိုသေးလို့လား…..’
ဂျန်ဖန်း ဆွံ့အသွားခဲ့သည်။
သူက တည်ငြိမ်စွာပဲ လှုပ်ရှားမှုနည်းလမ်း သုံးကာ အကွာအဝေးကို ထိန်းသိမ်းထားပြီး ဓားနှင့် နောက်တစ်ကြိမ်တိုက်ခိုက်လိုက်၏။
“လစန္ဒာကြယ်သုံးလုံး….”
ဝှစ်!
အားကောင်းသည့် ဓားချက် ရှုဂန်လီလက်မောင်းကို ပိုင်းဖြတ်သွားပြီး ပိုကြီးသည့်ခြစ်ရာလေးတစ်ခု ချန်ထားခဲ့၏။
“မင်းမှာရှိတာ ဒါအကုန်ဆိုရင် အခုသေလို့ရပြီ….”
ရှုဂန်းလီ လှောင်ပြောင်လိုက်၏။
ဂျန်ဖန်း မျက်လုံးတွေ အလင်းတစ်ချက်လက်သွားပြီး ရုတ်တရက် အော်လိုက်သည်။
“မြောက်ပိုင်းကြယ်ခုနှစ်လုံး….”
တတိယဓားကွက်က ကြယ်ခုနှစ်စင်းဓားသိုင်း၏ အနှစ်သာရဖြစ်ပြီး အသန်မားဆုံးဓားကွက် လည်းဖြစ်သည်။
ရွပ်!
အဝတ်ပြဲသံတစ်ခုနှင့်အတူ သစ်သားဓားက ရှုဂန်းလီ ရင်ဘတ်ကို ပိုင်းဖြတ်သွားခဲ့သည်။
ဓားချက်က အရေပြားကိုပိုင်းဖြတ်သွားကာ ချက်ချင်းပဲ သွေးတွေပန်းထွက်လာခဲ့သည်။
“အား…”
ရှုဂန်းလီ နာကျင်မှုကြောင့် ပင့်သက်ရှိုက်လိုက်သည်။
သို့ပေမယ့် ဂျန်ဖန်းနှလုံးသားက အပြင်းအထန် ကျုံ့ဝင်သွားခဲ့သည်။