← Chapters

သိုင်းကျမ်းဖြင့် ကျေးဇူးပြန်ဆပ်ခြင်း

Vol. 5 Ch. 66

သိုင်းကျမ်းဖြင့် ကျေးဇူးပြန်ဆပ်ခြင်း

Vol. 5 Ch. 66

သာမန်လူတစ်ဦးသာဆိုလျှင် ဤဓားချက်က ရင်ဘတ်ကို ပိုင်းဖြတ်သွားမည်ပဲဖြစ်သည်။ သို့ပေမယ့် ရှုဂန်လီကတော့ အရေပြားလွာလေးပဲ ပြတ်သွားပြီး အရိုးကိုတောင် မထိပေ။

ထိုကောင်၏ရုပ်ခန္ဓာက မယုံကြည်နိုင်လောက်အောင်ကို သန်မာ၏။

ရှုဂန်လီ သူ့ရင်ဘတ်က သွေးစကိုသုတ်လိုက်ပြီး နောက်ဆုံးမှာ ဒေါသထွက်လာခဲ့သည်။

“ခွေးကောင်, မင်းငါ့ကို ဒဏ်ရာရအောင်လုပ်ရဲတယ်ပေါ့…..”

ဘန်း!

သူ၏အားကောင်းသည့်ခြေထောက်တွေကို ကန်ပြီး ခန္ဓာကိုယ်ကြီးတစ်ခုလုံးက ရှေ့ကို တစ်ဟုန်ထိုးပြေးထွက်လာခဲ့သည်။

အဝေးမှကြည့်လျှင် သူက ဧရာမဖားပြုတစ်ကြီးတစ်ကောင်ကဲ့သို့ ဖြစ်၏။

ဂျန်ဖန်း အချိန်မှီမရှောင်တိမ်းနိုင်ခဲ့ပေ။

သို့ပေမယ့် သူက တည်ငြိမ်နေဆဲဖြစ်ပြီး “မြောက်ပိုင်းကြယ်ခုနှစ်လုံး” ဓားကွက်ကို နောက်တစ်ကြိမ်အသုံးပြုလိုက်သည်။

ရှုဂန်းလီ ဟိန်းဟောက်လိုက်၏။

“သေစမ်း…..”

နာကျင်မှုကို လျှစ်လျူရှုကာ သူက သစ်သားဓားကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်လိုက်၏။

သူမသိတာက ဂျန်ဖန်း ထိုအခိုက်အတန့်ကို စောင့်မျှော်နေခြင်းဖြစ်သည်။

တွေဝေမနေပဲ သူက သစ်သားဓား၏ မိုးကြိုးစွမ်းအင်ကို အသက်သွင်းလိုက်သည်။

ခရက်!

လျပ်စစ်စီးကြောင်းတစ်ခုက ရှုဂန်လီခန္ဓာကိုယ်ထဲကို တိုးဝင်သွားခဲ့သည်။

သူ့ခန္ဓာကိုယ်က အပြင်းအထန်တွန့်လိမ်သွားပြီး လေထဲမှ တောင့်တောင့်ကြီးပြုတ်ကျလာကာ မြေပြင်မှာ မလှုပ်မယက်လဲကျသွားခဲ့သည်။

သူက အမှန်တကယ်ကို ဖားပြုတ်တစ်ကောင်ကဲ့သို့ဖြစ်၏။

သို့ပေမယ့်….

ဂျန်ဖန်းဦးရေပြား စပ်ဖျဥ်းဖျဥ်းဖြစ်သွားခဲ့သည်။

သာမန်လူတစ်ဦးဆိုလျှင် လျှပ်စီးကြောင်းကြောင့် အသက်ရူသုံးရှိုက်စာလောက် အကြောသေသွားမည်ပဲဖြစ်သည်။

ရှုဂန်လီကတော့ တစ်ခဏသာ တောင့်တင်းသွားပြီး ပြန်ကောင်းလာခဲ့သည်။

သူက ဒေါသတကြီးထရပ်လိုက်၏။ ထို့နောက် သစ်သားဓားကို နှစ်ပိုင်းချိုးကာ ဂျန်ဖန်းခြေထောက်ဆီကို ပြင်းထန်းစွာပစ်လိုက်သည်။

“ခွေးမသား, မင်းအခု သေလို့ရပြီ….”

ပြောပြီးနောက် သူက ပုံရိပ်ယောက်တစ်ခု အဖြစ်ပြောင်းကာ ဂျန်ဖန်းဆီကို ပြေးဝင်သွားခဲ့သည်။

ဂျန်ဖန်းအတွက်တော့ ထိုအရာက သူ့ဆီ တောင်တစ်လုံးပြိုကျလာသကဲ့သို့ဖြစ်၏။

အဘိုးကြီးက အပြင်းအထန်အော်ဟစ်လိုက်၏။

“မြန်မြန်ရှောင်….”

သူက ဂျန်ဖန်းသေပြီဟု ထင်လိုက်၏။

ဝင်တိုက်မိတာနှင့် သူက သွေးမြူအဖြစ် ပြောင်းသွားမည်ပဲဖြစ်သည်။

ဂျန်ဖန်လည်း နှလုံးသားထဲမှာ အေးစက်မှုကို ခံစားလိုက်ရသည်။

ထိုအရာက သူ၏ နောက်ဆုံးအခွင့်အရေးဖြစ်၏။

သူက နောက်ကျောက ခရမ်းဓားကို ဆုပ်ကိုင်လိုက်၏။ အဝတ်စဖြည်ချိန်တောင် မရလိုက်ပဲ အဝေးမှပြေးလာသည့် ရှုဂန်းလီကို ခုတ်ပိုင်းချလိုက်သည်။

လှုပ်ရှားမှုက ကို့ရို့ကားယားနိုင်လှပြီး နှေးကွေးလှ၏။

ရှုဂန်လီထံမှ လှောင်ပြောင်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။

“ဓားတောင် ကောင်းကောင်း မကိုင်နိုင်ပဲ မင်းက လုပ်…..”

ပြောနေစဥ် ရှုဂန်းလီ အေးခဲသွားခဲ့သည်။

သူနှင့် ဂျန်ဖန်းကြားအကွာအဝေးနီးကပ်နေတာ ရုတ်တရက် ရပ်တန့်သွားခဲ့သည်။

ထို့ပြင် ခြေထောက်တွေသာကျန်တော့သည့် သူ့ခန္ဓာကိုယ်အောက်ပိုင်းက ဂျန်ဖန်းဆီ သွားနေတာအား မြင်လိုက်ရသည်။

နောက်ဆုံးမှာတော့ ထိုအရာက ဂျန်ဖန်းရှေ့ ရောက်ပြီး လဲကျသွားခဲ့သည်။

ထို့ပြင် အပေါ်ပိုင်းကလည်း မြေပြင်ပေါ် အရှိန်ပြင်းစွာ ပြုတ်ကျသွားခဲ့သည်။

ရှုဂန်းလီ သူ့ခန္ဓာကိုယ်အောက်ပိုင်းကို ငုံ့ကြည့်လိုက်သည်။

သူ့အောက်ပိုင်းက မရှိတော့ဘူးပဲ ဖြစ်သည်။

ချက်ချင်းပဲ နာကျင်မှုက ပြင်းထန်စွာ ရိုက်ခတ်လာပြီး နာကျင်စွာအော်ဟစ်လိုက်ရသည်။

“အား…. အား…. ငါ့ခန္ဓာကိုယ်… ငါ့ခန္ဓာ….”

ရွပ်!

သူက အကြာကြီးမခံစားလိုက်ရပေ။

ဂျန်ဖန်း တွေဝေမနေပဲ သူ့လည်မျိုးကို ဓားနှင့်ထိုးကာ နိဂုန်းချုပ်ပေးလိုက်သည်။

သူက သေသွားသည့်တိုင် ဘာဖြစ်သွားတာလဲ ဆိုတာ နားမလည်လိုက်ပေ။

“ကပ်သီလေးပဲ…”

ဂျန်ဖန်း နဖူးကချွေးတွေကို သုတ်လိုက်ပြီး စိတ်သက်သာယာရသွားခဲ့သည်။

ခရမ်းဓားသာမရှိလျှင် ဒီနေ့ သူဒီနေရာမှာပဲ အဆုံးသတ်သွားမှာ ကြောက်မိ၏။

“မိုးကြိုးသစ်သားဓားအတွက်တော့ စိတ်မကောင်းစရာပဲ….”

သူက သစ်သားဓားကျိုးကို ကောက်လိုက်ပြီး နှလုံးသား နာကျင်သွားခဲ့သည်။

ထိုအရာက သူနှင့် အချိန်အတော်ကြာ အတူရှိခဲ့ပြီး အန္တရာယ်ရှိသည့်အခြေအနေတွေမှ မကြာခဏ ကယ်တင်ပေးခဲ့သည်။

ယနေ့ ဘာမှမဆိုင်ပဲ မြေစာပင်ဖြစ်ကာ အချိန်မတန်ပဲ ပျက်စီးခဲ့ရ၏။

ဖရိုဖရဲဖြစ်နေသည့်အဘိုးကြီး တောင်းပန်သည့်အမူအရာဖြင့် လျှောက်လာခဲ့သည်။

“ငါတောင်းပန်ပါတယ်, လူငယ်သူရဲကောင်းလေး….. ငါတမင်တကာ သူ့ကို မင်းဆီခေါ်လာတာ မဟုတ်ပါဘူး။ အသက်ရှင်ဖို့အတွက် တုန့်ပြန်လိုက်ရုံပါ….”

“ငါမင်းကို ငွေအချို့နဲ့ လျော်ကြေးပြန်ပေးပါ့မယ်….”

ဂျန်ဖန်း သူ့ကို အေးစက်စွာကြည့်လိုက်သည်။

“မင်းငွေ ဘယ်သူက ဂရုစိုက်လို့လဲ…. မင်းကြောင့် ငါသေလုနီးပါပဲ။ သာမန်တောင်းပန်မှုမျိုးက လုံလောက်တယ်လို့ မင်းထင်လား….”

ရုတ်တရက် သူက ရှုဂန်လီပြောသည့် သံမဏိသွေးစစ်မှန်ကျမ်းကို အမှတ်ရသွားခဲ့သည်။

“သံမဏိသွေးစစ်မှန်ကျမ်းကို ငါ့အတွက် မိတ္တူကူးလိုက်။ ဒါဆို ကိစ္စတွေ ပြီးပြီ….”

လူအိုကြီးနှုတ်ခမ်းတွေ တုန်ယင်သွားခဲ့သည်။

ခဏတွေးပြီးနောက် သူက အံကြိတ်ကာ ပြောလိုက်သည်။

“ကောင်းပြီလေ, ငါ အသက်ကယ်တဲ့ ကျေးဇူးကို ပြန်ပေးဆပ်ရမှာပေါ့….”

သံမဏိသွေးစစ်မှန်ကျမ်းအား ရှုဂန်လီကို မပေးရသည့်အကြောင်းအရင်းမှာ သူပေးလျှင်တောင် အသတ်ခံရမှာပဲဖြစ်သည်။

သို့ပေမယ့် သူ့ရှေ့က ဂျန်ဖန်းကတော့ နှလုံးသားမရှိသည့် ဗီလိန်တစ်ယောက်နှင့် မတူပေ။

ထို့ကြောင့် သူက စာလုံးတွေနှင့် ပြည့်နှက်နေသည့် သံစာလိပ်တစ်ခုကို ထုတ်ယူလိုက်သည်။ ထိုအရာက ခန္ဓာသန့်စင်နည်းပဲ ဖြစ်သည်။

ဂျန်ဖန်း ထိုအရာကို တစ်ချက်ကြည့်လိုက်ရာ မျက်ခွံတွေ ကျုံ့သွားခဲ့သည်။

“သိမ်မွေ့ အဆင့်နိမ့် ခန္ဓာသန့်စင်နည်းလမ်း….”

လူအိုကြီးက ထိုင်ချလိုက်ပြီး ကော်ပီကူးလိုက်သည်။ သူက ဂုဏ်ယူစွာနှင့် ပြောလိုက်သည်။

“ဒါ ဧရာမဂိုဏ်းရဲ့ ထိပ်တန်းအဆင့် ခန္ဓာသန့်စင်နည်းလမ်းလေ။ ဂိုဏ်းခေါင်းဆောင်နဲ့ အကြီးအကဲတွေပဲ ကြည့်ခွင့်ရှိတယ်။ အဲ့လိုမှမဟုတ်ရင် ရှုဂန်းလီ တိမ်စိမ်းဂိုဏ်းနယ်မြေထိ လိုက်ဖမ်းမယ်လို့ မင်းထင်လား…..”

သို့ပေမယ့် ဂျန်ဖန်း နောက်ကွယ်က အချက်ကို သတိထားမိလိုက်သည်။

“ကြည့်ခွင့်ရှိတယ်….”

“ဘာလဲ…. ဒီခန္ဓာသန့်စင်နည်းလမ်းကို ဘယ်သူမှ မကျင့်ကြံဘူးလား…..”

“ဒါနဲ့ပတ်သက်ပြီး ပြဿနာတစ်ခုခု ရှိလို့လား….”

ထို့ပြင် သူက ပဟေဠိဖြစ်နေခဲ့သည်။

ထိုအရာက ထိပ်တန်းအဆင့် ကျင့်စဥ်ဖြစ်လျှင် ဘာကြောင့် အပြင်လူတစ်ယောက်က လူလာလို့ရသနည်း။

လူအိုကြီးမျက်နှာက တောင့်တင်းသွားခဲ့သည်။ ဤလူငယ်လေးက တကယ်ထက်မြက်လှ၏။

သူက ချက်ချင်းပဲ တစ်ခုခုမှားနေတာကို သတိထားမိသည်။

ထို့ကြောင့် သူက အကူအညီမဲ့စွာနှင့် သက်ပြင်းချလိုက်သည်။

“ကျင့်စဥ်မှာ ဘာပြဿနာမှ မရှိပါဘူး….”

“အဲ့ဒါက အရင်းအမြစ်အများကြီး လိုအပ်ရုံပါပဲ….”

“မင်းဘာမင်းပဲကြည့်လိုက်တော့၊ ပထမအဆင့်ကျင့်ကြံဖို့ ဘာလိုအပ်လဲဆိုတာ….”

ဂျန်ဖန်း အနီးကပ်ကြည့်လိုက်သည့်အခါ သူ့မျက်နှာက ထူးဆန်းသွားခဲ့သည်။

“အဆင့် ၄ စိတ်ဝိညာဥ်ဆေးလုံး-ကျားရိုင်းဆေးလုံး ၁၀ လုံး….”

လူအိုကြီးက ပြောလိုက်သည်။

“အခု မင်းနားလည်ပြီလား…. ဘယ်သူမှ ဒီကျင့်စဥ်ကို မလေ့ကျင့်နိုင်တာ….”

“ကျားရိုင်းဆေးလုံးကို ကြယ် ၄ လုံး ဝိညာဥ်သခင်မှ သန့်စင်နိုင်တာ….”

“ဒါပေမယ့် မင်းက ကြယ် ၄ လုံးဝိညာဥ်သခင်ကို ဘယ်က ရှာမှာလဲ…. ဧရာမဂိုဏ်းကိုမပြောနဲ့ ကောင်းကင်ဘုံ စက်ယန္ဒယားခန်းမတောင် မရှိဘူး….”

“ဒီတော့, ဒီကျင့်စဥ်က အသုံမဝင်ဘူး။ ဟန်ပြသက်သက်ပဲ…..”

လူအိုကြီး သူလိုက်သတ်ခံရတာကို ပြန်သတိရသွားခဲ့သည်။

သူက အတော်လေး ဒေါသထွက်သွားခဲ့သည်။

“ငါ ဒါကို ဆုလဒ်လို့ထင်နေတာ ရူးတာပဲ….”

“မင်းဒါကို ကျင့်လို့မရဘူး။ လိုက်ဖမ်းခံရဖို့ပဲရှိတယ်။ ငါတောင် အသက်ဆုံးရှုံးလုနီးပါးပဲ…..”

“လူငယ်လေး, မင်းဒါကို ယူသွားပြီး ဖတ်လို့ရပေမယ့် ကျင့်ကြံလို့ရမှာ မဟုတ်ဘူး။ ကျားရိုင်းဆေးလုံးမရှိပဲ မင်းကြိုးစားရင်တောင် အပိုပဲ…..”

ဂျန်ဖန်း သူ့မေးစေ့ကိုပွတ်လိုက်ပြီး ဘာမှမပြောပေ။

ကျားရိုင်းဆေးလုံး…. အခြားလူတွေကတော့ မသန့်စင်နိုင်ပေ။

သိုပေမယ့် သူကတော့ သန့်စင်နိုင်၏။

သူက ဤကျင့်စဥ်ကို မည်သည့်ဒုက္ခမှမရှိပဲ ကျင့်ကြံနိုင်၏။

စိတ်လှုပ်ရှားမှုကို ဖိနှိပ်ကာ ဂျန်ဖန်း ပေါ့ပါ့ပါးပါးပဲ ရှုဂန်လီခန္ဓာကိုယ်ကို သွားစစ်ဆေးလိုက်၏။

သူက ပစ္စည်းအနည်းငယ်တွေ့လိုက်ရသည်။

သို့ပေမယ့် ရှုဂန်လီက ခန္ဓာသန့်စင်လမ်းကြောင်းကို လျှောက်လမ်းသူဖြစ်၏။ ထို့ကြောင့် ကျင့်ကြံရေးနည်းလမ်းနှင့် အခြေခံတည်ဆောက်ခြင်းအဆင့် ဆေးလုံး တစ်ခုမှ မရှိပေ။

သို့ပေမယ့် တောက်ပသည့် သလင်ကျောက် အိတ်တစ်ခုက သူ့အာရုံကို ဆွဲဆောင်သွားခဲ့သည်။

“ဟမ်…. ရှုဂန်းလီက အတော်လေး ချမ်းသာတာပဲ။ တကယ်ပဲ အလယ်အလတ်ဆင့် သလင်းကျောက် ၁၀၀ တောင်ရှိတယ်။ ဒါက အဆင့်နိမ့် သလင်းကျောက် တစ်ထောင်နဲ့ ညီမျှတယ်….”

လူအိုကြီးလည်း တစ်ချက်ကြည့်လိုက်သည်။ သူက မနာလိုဖြစ်သွားပြီး ဆံထွေးခက်ခက်ခဲခဲ မျိုးချလိုက်ရသည်။

သလင်းကျောက်တုံး?.....

ဂျန်ဖန်း ကြောင်အနေသည့်လူအိုကြီးကို အံ့အားသင့်စွာကြည့်လိုက်သည်။

“သူရဲကောင်းလေး, တိမ်စိမ်းဂိုဏ်းက သလင်းကျောက်တုံး မသုံးဘူးလား….”

“ဂိုဏ်း ၉ ဂိုဏ်းမှာ တန်ဖိုးအရမ်းကြီးတဲ့ ကောင်းကင်နဲ့မြေကြီးရတနာတွေကို ငွေပြားနဲ့ တန်ဖိုးဖြတ်ဖို့ ခက်တယ်။”

“ဒါကြောင့် သလင်းကျောက်တုံးက ဘုံငွေကြေးတစ်ခုပဲ….”

အို့….

ဂျန်ဖန်း ပစ္စည်းတွေကို အိတ်ထဲထည့်လိုက်သည်။

မကြာမီ လူအိုကြီး ကော်ပီကူးတာ ပြီးစီးသွားခဲ့သည်။ စာလုံးတွေစစ်ဆေးပြီးနောက် ဂျန်ဖန်းကို ပေးလိုက်သည်။

“နှုတ်ဆက်ပါတယ်…..”

လူအိုကြီးလည်း ထရပ်ကာ ထွက်ခွာဖို့ ပြင်လိုက်၏။

သို့ပေမယ့် ရုတ်တရက်, သူက ယိုင်ထိုးကာ မြေပြင်ပေါ်လဲကျသွားခဲ့သည်။ သူအမြင်တွေလည်း မဲမှောင်သွားခဲ့သည်။

ဂျန်ဖန်း ခြေလှမ်းတွေကို ရပ်တန့်လိုက်ပြီး ပြောလိုက်သည်။

“ဘာဖြစ်တာလဲ….”

“ပြဿနာ…. ဟောင်း… ဟောင်းတစ်ခုပါ…. အရေးမကြီးပါဘူး…..”

လူအိုကြီး အသက်ကို ခက်ခက်ခဲခဲရူနေပြီး ရင်ဘတ်ထဲက ဆေးပုလင်းတစ်ခု ထုတ်ယူလိုက်ရာ ပျက်ဆီးသွားပြီဆိုတာ တွေ့လိုက်ရ၏။

အထဲမှာရှိသည့်ဆေးအားလုံးက သူထွက်ပြေးလာစဥ် ပြုတ်ကျနေခဲ့ပြီပဲဖြစ်သည်။

သူက ရုတ်တရက် ထိပ်ထိပ်ပျာပျာ ဖြစ်သွားခဲ့သည်။

ဂျန်ဖန်း မျက်မှောင်ကြုတ်သွားပြီး အဆုံးထိကူညီဖို့ ဆုံးဖြတ်လိုက်၏။ သူက လူအိုကြီး၏ သွေးကြောကို စစ်ဆေးကာ ဆေးပုလင်းကို အနံခံလိုက်၏။

“ဒီတော့ မင်းသွေးကြောတွေက ပြဿနာဖြစ်နေတာပဲ….”

လူအိုကြီးပစ္စည်းတွေကို ရှာဖွေလိုက်ရာ လိုအပ်သည့်ပစ္စည်းတွေ တွေ့လိုက်၏။

ခဏကြာပြီးနောက်…..

သူက ဆေးလုံးအချို့သန့်စင်ပြီးစီးသွား၏။ တစ်လုံးကို လူအိုကြီး ကျွေးလိုက်ပြီး ကျန်တာကို သူ့ဘေးနားမှာ ထားလိုက်သည်။

လူအိုကြီးနိုးသည့်အခါ ဂျန်ဖန်းက မရှိတော့ပေ။

“သူ ငါ့ကို ကယ်လိုက်တာပဲ…. ဒါပေမယ့် ငါ့စိတ်ဝိညာဥ်ဆေးအားလုံး ကျနေခဲ့ပြီလေ။ သူ ဒါတွေကို ဘယ်ကရတာလဲ….”

“စိတ်ဝိညာဥ်ဆေးလုံးကို ဝိညာဥ်သခင်မှ သန့်စင်နိုင်တာ….”

ထိုအခိုက်အတန့်၌ သူ့ရှေ့က စိတ်ဝိညာဥ်ဆေးလုံးကို တစ်ချက်ကြည့်လိုက်ပြီး မျက်ခွံ့တွေကျုံ့သွားခဲ့သည်။

All Chapters