တိမ်စိမ်းဂိုဏ်းအကြီးအကဲရောက်လာခြင်း
Vol. 5 Ch. 67
“ထိပ်တန်းအဆင့် သွေးကြောချဲ့ထွင်ခြင်း ဆေးလုံး….”
“ဒါ…. ဒါက အနည်းဆုံး ကြယ် ၃ လုံး ဝိညာဥ်သခင်မှ သန့်စင်နိုင်တာမလား…..”
“အဲ့ဒီလူငယ်လေးက တကယ်ပဲ ကြယ်သုံးလုံး ဝိညာဥ်သခင်လား…..”
သူက လုံးဝကို တုန်လှုပ်သွားခဲ့သည်။
ကြယ်သုံးလုံး ဝိညာဥ်သခင်….. ထိုအရာက ကောင်းကင်ဘုံစက်ယန္ဒယားခန်းမမှာတောင် အရေးပါသည့် ပုံရိပ်တစ်ခုဖြစ်၏။
ဤလူငယ်လေးက သူတို့ထဲက တစ်ယောက်ဖြစ်နေသည်တဲ့လား….
မျက်လုံးနှင့်တပ်အပ်မြင်တာမဟုတ်လျှင် ကြယ်သုံးလုံးဝိညာဥ်သခင်တစ်ယောက်က ဤမျှငယ်တာကို ဘယ်တော့မှ ယုံမည်မဟုတ်ပေ။
အချိန်တော်ကြာတာတောင် သူက စိတ်တည်ငြိမ်အောင်မပြုလုပ်နိုင်ခဲ့ပေ။
ဤနေရာက အကြာကြီးနေလို့ကောင်းသည့်နေရာ မဟုတ်သဖြင့် အလျှင်အမြန်ပဲ ထွက်ခွာလာခဲ့လိုက်သည်။
ရှုဂန်းလီခန္ဓာကိုယ်ကို ဖြတ်သွားသည့်အခါ သူက သက်ပြင်းချလိုက်သည်။
“မင်းက တကယ်ကို မတရားသဖြင့် သေရတာ မဟုတ်ဘူးပဲ….”
“အဲ့ဒါက ကြယ်သုံးလုံးဝိညာဥ်သခင် တစ်ယောက်ပဲ… အဲ့လိုအဆင့်တွေက အရမ်းကိုနက်နဲလွန်းတယ်။”
“သူ့ကို တိုက်ခိုက်ဖို့ကြိုးစားတာက မင်းအသက်ကို တကယ်ပဲ တန်ဖိုးမထားတာပဲ…..”
ခဏကြာပြီးနောက်……
သူက ချင်မိသားစုကို ပြန်ရောက်လာခဲ့သည်။
ချင်ဂျန်ရှန် ကလန်အဖွဲ့ဝင်တွေကို ဦးဆောင်ကာ ဒူးထောက်လိုက်၏။
“သခင်ကြီး ပြန်လာတာကို ကြိုဆိုပါတယ်….”
အမှန်တော့ သူက ချင်မိသားစု၏ ခေါင်းဆောင်ဟောင်း ချင်ဝမ်ယွမ်ဖြစ်ပြီး ကြယ်တစ်လုံး ဝိညာဥ်သခင်ဖြစ်၏။
သူ့မျက်နှာပေါ်မှာ အပြုံးတစ်ခုတောင် မရှိပေ။
ထိုအစား မေးခွန်တွေဖြင့်သာ ပြည့်နှက်နေပြီး ခက်ထန်နေခဲ့သည်။
“လုပ်ငန်းတွေဘာလို့ အရမ်းကျဆင်းနေတာလဲ…..”
“မင်း ဘာတွေလုပ်နေတာလဲ…..”
အိမ်တော်ကိုပြန်မလာခင် သူက ချင်မိသားစု၏ ဆိုင်များစွာကို စစ်ဆေးခဲ့ရာ သူတို့လုပ်ငန်းတွေ အရမ်းဆိုးရွားနေပြီဆိုတာ တွေ့လိုက်ရ၏။
ယခင်ကနှင့် အတော်လေးကွာခြားနေပြီပဲ ဖြစ်သည်။
ချင်းချန်ရှန် မျက်ရည်အပြည့်ဖြင့် ရှင်းပြလိုက်သည်။
“သခင်ကြီးမသိလို့ ချန်မိသားစုက စွမ်းအားကြီးဝိညာဥ်သခင် တစ်ယောက်ကို ဖိတ်ခေါ်ခဲ့တယ်။ အဲ့ဒီလူက ငါတို့လုပ်ငန်းတစ်ဝက်ကျော်လောက်ကို လုယူသွားခဲ့တာ…..”
“ငါကြားတာတော့ အဲ့ဒီဝိညာဥ်သခင်က ချန်မိသားစုအတွက် ဝိညာဥ်သခင် အလုပ်သင် လေ့ကျင့်ပေးဖို့ စီစဥ်နေတယ်တဲ့။ အထူးသဖြင့် အဆင့်နိမ့် ချီကျင့်ကြံခြင်းအရည်သန့်စင်ပြီး ငါတို့ချင်မိသားစုအသက်သွေးကြောကို ဖြတ်ပစ်ဖို့ ကြံနေတာပဲ….”
ထိုအရာကို ကြားသည့်အခါ ချင်းဝမ်ယွမ် မျက်နှာ မဲမှောင်သွားခဲ့သည်။
“ငါတို့ချင်မိသားစု အသက်သွေးကြောကို ဖြတ်တောက်ဖို့ ဝိညာဥ်သခင် အလုပ်သင် လေ့ကျင့်ပေးနေတယ်….. မောက်မာလှကြီလား….”
“အဲ့ဒီပုဂ္ဂိုလ်ဘယ်သူလဲဆိုတာ ငါကိုယ်တိုင်ကြည့်ရမယ်…..”
ချင်ချန်ရှန် အလွန်ဝမ်းသာသွားခဲ့သည်။
“သခင်ကြီး, မင်းသူကို ဘယ်လို ကိုင်တယ်မှာလဲ…..”
ချင်ဝမ်ယွမ် မျက်လုံးတွေမှေးကျဥ်းသွားပြီး ပြောလိုက်သည်။
“သူက ဝိညာဥ်သခင်အလုပ်သင်လေ့ကျင့်ပေးဖို့ အရည်အချင်းပြည့်မှီတဲ့ လူတွေ ခေါ်နေတာမလား…..”
“သူခေါ်တာကို ဝင်လျှောက်ပြီး ဘာတွေလုပ်နိုင်လဲ နားထောင်ကြည့်တာပေါ့….”
ရှုမိသားစုအိမ်တော်၌…..
ဂျန်ဖန်းပြန်ရောက်လာပြီး အိမ်တော်က အသစ်ပြင်ဆင်ထားတာကို တွေ့လိုက်သည်။
လူတိုင်း အလုပ်များနေကြ၏။
ရှုယင်းရင်လည်း အသစ်အင်္ကျီကို ပြောင်းလဲဝတ်ဆင်ထား၏။
ပုံမှန်နှင့်မတူပဲ သူမ၏ ၁၈နှစ်တာမှာ အရေးကြီးဆုံးနေ့ကို ကြိုဆိုဖို့ မိတ်ကပ်အနည်းငယ် ချယ်သထားခဲ့သည်။
ဂျန်ဖန်း အံ့အားသင့်သွားပြီး စာရေးလိုက်၏။
“ဘာတွေဖြစ်နေတာလဲ…”
ရှုယင်းရင် မူလက ဂျန်ဖန်းကို အာရုံမစိုက်ချင်ပေ။ သို့ပေမယ့် သူမ၏ ကောင်းမွန်နေသည့် စိတ်ကို ထိန်းမထားနိင်ခဲ့ပေ။
ထို့ပြင် သူမက ဂျန်ဖန်းရှေ့မှာ ရှိုးပြချင်နေ၏။
“အကြီးအကဲလီက ဒီနေ့ ငါတို့ ရှုမိသားစုကို ရောက်မှာလေ….”
ဂျန်ဖန်း အနည်းငယ် အံ့အားသင့်သွားပြီး စာရေးလိုက်သည်။
“နောက်ရက်အနည်းငယ်မှ လာမှာမဟုတ်ဘူးလား….. အချိန်က ဘာလို့ ရုတ်တရက်ကြီး ပြောင်းသွားရတာလဲ….”
ရှုယင်းရင်လည်း ပဟေဠိဖြစ်သည့်အမူအရာ ဖြစ်လာခဲ့သည်။
အစတုန်းက လီချင်ဖုန်းက နောက်ငါးရက်နေမှ လာမည်ဟု သူတို့ကို အကြောင်းကြားခဲ့၏။
သို့ပေမယ့် အကြောင်းပြချက်အချို့ကြောင့် သူက ရုတ်တရက်ကြီး အချိန်ပြောင်းကာ ရှုမိသားစုကို အမြန်လာခဲ့သည်။
ခဏတွေးပြီးနောက် သူမက ခန့်မှန်းပြောလိုက်၏။
“ငါ အခြေခံတည်ဆောက်ခြင်းအဆင့်ကို ချိုးဖြတ်နိုင်လို့နဲ့တူတယ်။ အကြီးအကဲလီ အရမ်းကျေနပ်ပြီး ငါ့ကို တိမ်စိမ်းဂိုဏ်း စောခေါ်ချင်နေတာဖြစ်မယ်….”
ဤရှင်းပြချက်က ကျိုးကြောင်းဆီလျော်၏။
သို့ပေမယ့် ဂျန်ဖန်းက တစ်ခုခု ထူးဆန်းနေသည်ဟု ခံစားမိ၏။
တိမ်စိမ်းဂိုဏ်းအကြီးအကဲ ဘယ်တစ်ယောက်ကများ အလုပ်မများလို့လဲ….
ကိစ္စများစွာကို စီမံနေရသည်ဖြစ်၍ မည်သို့ ရုတ်တရက် အစီအစဥ်ပြောင်းနိုင်မည်တဲ့လား။
“ဖန်း, နင်ပြန်လာပြီပဲ….”
ရှုရို့ရန် အဝတ်စတစ်ထည်ကိုင်ထားပြီး အံ့အားသင့်စွာပြောလိုက်သည်။
“ဒီရက်တွေအတွင်း နင်ဘယ်တွေသွားနေတာလဲ……”
သူမ နောက်တစ်ဖန် အစေခံအလုပ်တွေ လုပ်နေတာမြင်သည့်အခါ ဂျန်ဖန်း ချက်ချင်း ဒေါသထွက်သွားပြီး စာရေးလိုက်သည်။
“မင်းကို ကျင့်ကြံဖို့ ပြောမထားဘူးလား။ အခု ဘာတွေလုပ်နေတာလဲ…..”
ရှုရို့ရန် ဘေးနားက ရှုယင်းရင်ကို တစ်ချက်ကြည့်လိုက်ပြီး တီးတိုးပြောလိုက်သည်။
“ငါခုလေးမှ ကျင့်ကြံပြီးလို့ ကူညီနေတာပါ….”
“ဖန်း, ငါ့ကိုရိုးရိုးသားသားပြောပါ၊ အဲ့ဒီအရည်တွေက အတိအကျ ဘာတွေလဲ….”
“ပြီးတော့ ကျင့်စဥ်အသစ်ကောပဲ၊ အဲ့ဒါက ဘယ်အဆင့်လဲ…..”
“ငါနောက်ထပ် အဆင့်ချိုးဖြတ်သွားတယ်။ အခုဆို ချီကျင့်ကြံခြင်း အဆင့် ၈ ကို ရောက်နေပြီ….”
သူမမျက်နှာ၌ စိုးရိမ်မှုတွေရှိနေခဲ့သည်။
ကျင့်ကြံရေးအရှိန်က မြန်လွန်းလှ၏။
ထိုအရာက နတ်ဘုရားတွေ ကူညီနေသကဲ့သို့ ဖြစ်၏။
ဂျန်ဖန်း ပါးစပ်တွန့်လိမ်သွားခဲ့သည်။
တစ်ကမ္ဘာလုံး၌ ဤအရူးမလေးသာ ကျင့်ကြံရေးမြန်လွန်းနေတာကို စိုးရိမ်မည်ဖြစ်သည်။
အထွတ်အထိပ်အဆင့် ချီကျင့်ကြံခြင်းအရည်၊ သိမ်မွေ့အဆင့် ကျင့်စဥ်နှင့် ဆိုလျှင် ရှုရို့ရန် အလျှင်အမြန်မတိုးတက်တာက ခက်နေအုန်းမည်ဖြစ်သည်။
သူက ရှင်းပြမနေပဲ သေခြင်းကျော်လွန်ဆေးလုံးကို ထုတ်ပြီး သူမကို ပေးလိုက်သည်။
“သောက်လိုက်….”
ရှုယင်းရင် ဘေးနားကနေ ထိုအရာကို မြင်ပြီး သိချင်စွာနှင့် မေးလိုက်သည်။
“ဂျန်ဖန်း, နင်အခုအမကိုပေးလိုက်တာ ဘာပစ္စည်းကောင်းလဲ…..”
ဂျန်ဖန်း သူမကို လှည့်ကြည့်ပြီး စာရေးလိုက်သည်။
“မင်းလည်း လိုချင်လို့လား…..”
သူမ၏ ကန့်သက်ချက်ကို သိပြီး ရှုယင်းရင် လှောင်ပြောင်လိုက်၏။
“နင့်ပစ္စည်း ဘယ်သူက လိုချင်လို့လဲ…..”
“ငါက တိမ်စိမ်းဂိုဏ်းတပည့်တစ်ယောက် ဖြစ်တော့မှာ။ တိမ်စိမ်းဂိုဏ်းမှာ မရှိတာ ဘာမှမရှိဘူး….”
ဂျန်ဖန်း စာရေးလိုက်သည်။
“ဒါ ကောင်းတယ်….”
“ငါကလည်း မင်းကို ဘယ်လိုပဲဖြစ်ဖြစ် ပေးမှာမှ မဟုတ်တာ….”
(အဲ့ပစ္စည်းတွေက ရှုယင်းရင်ဟာတွေကို ဒီကောင်မောင်ပိုင်စည်းနေတာ။ ပိုင်ရှင်ကို တောင် ဘာလို့ပေးရမှာလဲတဲ့။)
ရှုယင်းရင် ချက်ချင်း ဒေါသထွက်သွားခဲ့သည်။ သူမရင်ဘတ်က နိမ့်လိုက်မြင့်လိုက်ဖြစ်နေပြီး ငွေရောင်သွားလေးတွေကို အံ့ကြိတ်ထားလိုက်သည်။
အကြောင်းပြချက်အချို့ကြောင့် သူမက ယခုချိန်မှာ ဂျန်ဖန်း သဘောထားကို ပိုပိုပြီး ဂရုစိုက်လာပြီဖြစ်သည်။
အရင်က သူမက သူ့ကို လေကဲ့သို့ ဆက်ဆံခဲ့တာဖြစ်သည်။
ရှုရို့ရန် ပြောလိုက်သည်။
“ဖန်း, နောက်ထပ်တစ်ခုမရှိတော့ဘူးလား။ ညီမလေးကို တစ်ခုပေးလိုက်ပါ…..”
ဂျန်ဖန်း ပေးကမ်းတာကို နောက်တစ်ကြိမ် ယူရမည်လား…..
ရှုယင်းရင် ဒေါသတကြီးပြောလိုက်သည်။
“ငါ မလိုချင်ဘူး…..”
“ဒါက ဘာကောင်းတဲ့ပစ္စည်းမှမဟုတ်လောက်ဘူး။ အမ, နင်လည်း မသောက်တာ ပိုကောင်းမယ်။ ဗိုက်နာမှာ သတိထားအုန်း….”
ရှုရို့ရန် ခေါင်းကိုက်သွားခဲ့သည်။
သူမညီမနဲ့ပတ်သက်ပြီး ဘာမှားနေလဲ မသိတော့ပေ။
သူမက မကြာသေးခင်ကစပြီး ဂျန်ဖန်းနှင့် ဘာမှမဟုတ်သည့်ကိစ္စတွေကို ငြင်းခုန်လာခဲ့သည်။
လွန်ခဲ့သည့် ၁၀ နှစ်လုံးလုံး သူတို့က တစ်ယောက်နှင့်တစ်ယောက် မနှောက်ယှက်ပဲ ကောင်းကောင်းမွန်မွန် နေခဲ့ကြသည်မဟုတ်လား…
သူမလက်ဝါးထဲက ဆေးလုံးကိုကြည့်ပြီး တွေဝေမနေပဲ သောက်လိုက်သည်။
ဂျန်ဖန်း မျှော်လင့်တကြီး ကြည့်နေခဲ့သည်။
“မင်းဘယ်လိုခံစားရလဲ။ ခန္ဓာကိုယ်ထဲမှာ တစ်ခုခု ပြောင်းလဲတာခံစားမိလား….”
ရှုရို့ရန် ခေါင်းခါယမ်းပြီး ပဟေဠိဖြစ်နေခဲ့သည်။
“မဖြစ်ပါဘူး…..”
ခဏတွေးပြီးနောက် ဂျန်ဖန်း နားလည်သွားခဲ့သည်။
သေခြင်းကျော်လွန်ဆေးလုံးက စိတ်ဝိညာဥ်အမြစ်အရည်အသွေးကို တိုးတက်စေတာဖြစ်ပြီး ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲစေမည်မဟုတ်ပေ။
ထို့ကြောင့် ပြောင်းလဲမှုရှိခဲ့လျှင်တောင် ခန္ဓာကိုယ်က ဘာမှပြသလိမ့်မည် မဟုတ်ပေ။
ဒုနန်းတောင်သခင်ကိုတောင် နောင်တတွေနှင့် သေသွားစေသည့် ရတနာတစ်ခုက သာမန်မဟုတ်နိုင်ပေ။
“အားလုံး အဆင်သင့်ဖြစ်ပြီလား? ငါ့ဆရာက မကြာခင်ရောက်လာတော့မယ်….”
ကျောင်းချီကျန့် အလျှင်အမြန် လျှောက်ဝင်လာခဲ့သည်။
ရှုယင်းရင် မျက်လုံးတွေတောက်ပသွားပြီး ပြေးလာကာ ရိုရိုသေသေပြောလိုက်သည်။
“စီနီယာအကိုကျောင်း….”
ကျောင်းချီကျန့် လှပပြီးဆွဲဆောင်မှုရှိသည့် ရှုယင်းရင်းကို ကြည့်လိုက်ပြီး မနေနိုင်ပဲ ပူလောင်လာခဲ့သည်။
ရှုယင်းရင်းအကြောင်းစုံစမ်းရန် လီချင်ဖုန်းနှင့်အတူလိုက်ပါခဲ့စဥ်က သူမကို တစ်ခါ မြင်ဖူး၏။
ထိုအချိန်က ရှုယင်းရင်အလှက သူ့ကို အံ့အားသင့်စေပြီး နက်ရှိုင်းသည့် ထင်မြင်ချက်တစ်ခု ချန်ထားခဲ့၏။
နှစ်ဝက်ကုန်သွားပြီး နောက်တစ်ကြိမ်မြင်သည့်အခါမှာလည်း သူမက သူ့ကို အံ့အားသင့်စေတုန်းပဲ ဖြစ်သည်။
“ဂျူနီယာညီမ, မင်းတို့အားလုံး အဆင်သင့်ဖြစ်ပြီလား….”
ရှုယင်းရင် ခေါင်းညိတ်လိုက်၏။
“စီနီယာအကိုကျောင်း, လိုအပ်တာရှိသေးရင် ညွှန်ပြပေးပါအုန်း….”
ကျောင်းချီကျန့် ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်ပြီး အနည်းငယ်ခေါင်းညိတ်လိုက်သည်။
“သန့်ရှင်းနေပါပြီ။ ပြဿနာမရှိဘူး….”
ထိုအခိုက်အတန့်၌ သူက ဂျန်ဖန်းကို သတိထားမိပြီး မနေနိုင်ပဲ မေးလိုက်သည်။
“ဒါက ဘယ်သူလဲ….”
ရှုယင်းရင် မပျော်ရွင်စွာနှင့်ပြန်ဖြေလိုက်၏။
“ကျွန်မအမရဲ့ သတို့သား ဂျန်ဖန်းပါ…..”
ဒီတော့ ဒီကောင်က ဂျန်ဖန်းပေါ့….
သူမျက်လုံးထဲ၌ ရန်လိုသည့်အရိပ်ယောင်တွေ ထွက်ပေါ်လာခဲ့သည်။
အရင်က ကျူးဂျန်ရှန်အကူအညီနှင့် မီးစိတ်ဝိညာဥ်ပုလဲအနည်းငယ် နှစ်တိုင်းရရှိခဲ့၏။ ယခု ကျူးဂျန်ရှန် သေသွားပြီဖြစ်၍ မရနိုင်တော့ပေ။
ဤဂျန်ဖန်းက ကျူးဂျန်ရှန် သေဆုံးမှု၌ ပါဝင်နေရမည်ဖြစ်သည်။
“ဂျနီယာညီမ ယင်းရင်း, ငါတို့ဆရာကို ကြုံရာကျပန်း လူတိုင်းတွေ့ခွင့်ရှိတာ မဟုတ်ဘူး။”
“ဒီဂျန်ဖန်းက တစ်ချက်ကြည့်ရုံနဲ့ ကောင်းတဲ့ကောင် မဟုတ်တာ သိသာတယ်။ သူ့ကို မောင်းထုတ်လိုက်ပါ….”
ရှုယင်းရင် မျက်မှောင်ကြုတ်သွားခဲ့သည်။
(ရှုယင်းရင်းကို ရှုယီနင်လို့ပြန်လို့ရတယ်ဗျ။ ပြောင်းပေးရမလား….)
သူမ ဂျန်ဖန်းကို မကြိုက်သော်လည်း မကောင်းတဲ့ကောင်လို့တော့ မထင်ပေ။
သို့ပေမယ့် လီချင်ဖုန်းလာတော့မည်ဆိုတော့ သူမ ဂျန်ဖန်းကို ထွက်သွားခိုင်းရမည်ဖြစ်သည်။
“ဂျန်ဖန်း, အနောက်ဘက်ခြံဝန်းကို သွားလိုက်ပါ။ ဒီနေ့အပြင်ထွက်မလာနဲ့….”
ဂျန်ဖန်း ကျောင်းချီကျန့်ကို စိုက်ကြည့်လိုက်သည်။
သူက စကားတစ်ခွန်းမှမပြောပဲ ထွက်ခွာသွားခဲ့သည်။
ရှုရို့ရန်လည်း လိုက်သွားဖို့ပြင်ပေမယ့် ရှုယင်းရင်းက တားလိုက်သည်။
“အမ, နင်ဒီမှာနေသင့်တယ်….”
“အကြီးအကဲလီ နင့်ကို သဘောကျသွားရင် ဘယ်လိုလုပ်မလဲ….”
ကျောင်းချီကျန့် လှောင်ပြောင်လိုက်၏။ ဂျန်ဖန်းကို မကောင်းမလို သူ့သတို့သမီးကလည်း ကောင်းမည်မဟုတ်ပေ။
“သူမကိုလည်း ထွက်သွားခိုင်းလိုက်ပါ….”
ရှုရို့ရန်ကလည်း နေဖို့ အစီအစဥ်မရှိပေ။ သူမက ကျောင်းချီကျန့်ကို အေးစက်စက်တစ်ချက်ကြည့်လိုက်ပြီး ဂျန်ဖန်းလက်မောင်းကိုကိုင်ကာ ထွက်ခွာသွားခဲ့သည်။
ထိုအခိုက်အတန့်၌ ကျောင်းချီကျန့် ရှုရို့ရန်၏ ရင်သက်ရူမောဖွယ်အလှအပကို သတိထားမိပြီး နောင်တရသွားခဲ့သည်။
ရှုယင်းရင်အမက သူမထက်တောင် ပိုလှနေသေး၏။
ထိုမျှလောက်လှသည့်အလှလေးကို အမှိုက်ကောင်ပေါ်မှာ ဖြုန်းတီးပစ်နေ၏။
ထိုအခိုက်အတန့်၌…..
ငှက်တစ်ကောင်ပျံသန်းလာပြီး ခြံဝန်းအလယ်ကို ဆင်းသက်လိုက်သည်။
ငှက်ပေါ်၌ ပညာတတ်မျက်နှာနှင့် အပြာဝတ် သက်လတ်ပိုင်း လူတစ်ယောက် မတ်တပ်ရပ်နေခဲ့၏။ သူက နတ်ဘုရားကဲ့သို့ ကျက်သရေရှိလှပြီး အံ့သြစရာကောင်းသည့် အရိုန်အဝါမျိုး ထုတ်လွတ်နေခဲ့သည်။
ရှုကျန်းယန် ကလန်အဖွဲ့ဝင်တွေကို ဦးဆောင်ပြီး ချက်ချင်းကြိုဆိုလိုက်၏။
“ရှုမိသားစုဝင်တွေအားလုံး အကြီးအကဲလီကို ကြိုဆိုပါတယ်…..”
လီချင်ဖုန်း ငှက်ပေါ်က ဆင်းလိုက်ပြီး ရှုမိသားစုဝင်တွေကို အလျှင်အမြန်ပဲ ဝှေ့ဝိုက်ကြည့်လိုက်သည်။
ရှုယင်းရင်းကို မြင်သည့်အခါ အကြည့်မလွဲခင် ခဏရပ်သွားခဲ့သည်။
သူအာရုံက ရှိုမိသားစု၏ အမျိုးသမီးအဖွဲ့ဝင်တွေအပေါ်မှာ ရှိနေခဲ့သည်။
ကြည့်ပြီးနောက် သူက မျက်မှောင်ကြုတ်ကာ ရေရွတ်လိုက်သည်။
“ဘယ်တစ်ယောက်က သခင်မလေးပြောတဲ့ ရှုရို့ရန်လဲ မသိဘူး….”