← Chapters

ညီအမနှစ်ယောက်ကို ဆက်ဆံပုံမတူညီခြင်း

Vol. 5 Ch. 68

ညီအမနှစ်ယောက်ကို ဆက်ဆံပုံမတူညီခြင်း

Vol. 5 Ch. 68

လွန်ခဲ့သည့်ရက်အနည်းငယ်က…..

လျိုချင်းရှန် ပြန်ဆင့်ခေါ်ခံရပြီး တိမ်စိမ်းဂိုဏ်းကို အလျှင်အမြန် ရောက်လာခဲ့သည်။

သူမပြုလုပ်သည့်ပထမဆုံးအရာက ဂိုဏ်းခေါင်းဆောင်ကို သတင်းမပို့ပဲ သူ့ကိုအရင်လာရှာတာဖြစ်သည်။

လျိုချင်းရှန် စိတ်လှုပ်ရှားစွာပြောတာကို လီချင်ဖုန်း မှတ်မိနေသေး၏။ အထီးကျန်လှေမြို့ ရှုမိသားစု၌ အရေးကြီးသည့်အမျိုးသမီးတစ်ယောက်ရှိပြီး တိမ်စိမ်းဂိုဏ်းကို ခေါ်လာရမည်ပဲဖြစ်သည်။

ဂိုဏ်းသခင်သမီးကိုယ်တိုင် အမိန့်ပေးတာဖြစ်၍ လီချင်ဖုန်း မည်သို့ ငြင်းဆန်ရဲမည်နည်း။

ထို့ကြောင့် သူ့အစီအစဥ်ကိုပြောင်းကာ ရှုမိသားစုကို စောလာလိုက်ခြင်းဖြစ်သည်။

ရှုကျန်ယန်၏ စိတ်အားထက်သန်သည့် ဖိတ်ခေါ်မှုအောက်မှာပဲ သူက အဓိကခန်းမထဲကို ရောက်လာခဲ့သည်။

ခဏစကားစမြည်ပြောပြီးနောက် သူက မနေနိုင်တောပဲ အပြုံးတစ်ခုနှင့်မေးလိုက်သည်။

“ယင်းရင်, မင်းကလန်အဖွဲ့ဝင်တွေကို မိတ်ဆက်ပေးပါအုန်း…..”

ရှုယင်းရင်ပျော်ရွင်သွားခဲ့သည်။ ရှုမိသားစုဝင်တွေလည်း စိတ်လှုပ်ရှားစွာနှင့် မတ်တပ်ရပ်လိုက်ကြသည်။

လီချင်ဖုန်းက ရှုမိသားစု၏ အခြားအဖွဲ့ဝင်တွေကိုလည်း ကြည့်ရူချင်နေတာဖြစ်သည်။

မျက်စိကျသည့် တစ်စုံတစ်ယောက်သာ ရှိလျှင် တိမ်စိမ်းဂိုဏ်းကို တစ်ခါတည်း ခေါ်သွားမည်ဖြစ်သည်။

ရှုကျန်းယန် တိတ်တဆိတ် စိတ်လှုပ်ရှားသွားပြီး အလျှင်အမြန်ပြောလိုက်သည်။

“ယင်းရင် အကြီးအကဲလီကို မြန်မြန် မိတ်ဆက်ပေးလိုက်လေ….”

ရှုယင်းရင် ခေါင်းညိတ်လိုက်၏။

“အကြီးအကဲလီ, ဒါက ငါ့မိဘတွေပါ။”

“ဒါက မိသားစု အကြီးအကဲ….”

“ဒါကတော့ ငါ့ဝမ်းကွဲ ရှုရှန်းယန်…..”

“ဒါကတော့ ငါ့ဝမ်းကွဲ ညီမ ရှုဝမ်ချင်း….”

“ဒါက….”

သူမက တစ်ယောက်ပြီးတစ်ယောက် မိတ်ဆက်ပေးလိုက်သည်။

လီချင်ဖုန်း စိတ်ရှည်စွာနှင့် နားထောင်နေခဲ့သည်။

သူက အံ့အားသင့်သွားခဲ့သည်။

“ရှုမိသားစုဝင်တွေအားလုံး ဒီမှာရှိလား….”

ရှုရို့ရန်က ဘယ်မှာလဲ?.....

အထီးကျန်လှေမြို့၌ နောက်ထပ် ရှုမိသားစုရှိသေးတာလား?.....

သူက နေရာမှားပြီးရောက်လာခဲ့သည်လား….

ရှုယင်းရင် တွေဝေနေပြီး ကျောင်းချီကျန့်ကို တစ်ချက်ကြည့်လိုက်၏။

“အကြီးအကဲလီကို တင်ပြပါတယ်။ ကျွန်မမှာ ရှုရို့ရန်လို့ခေါ်တဲ့ အမတစ်ယောက် ရှိပါသေးတယ်။”

လီချင်ဖုန်းရင်ထဲက ကျောက်တုံးကြီး ပြုတ်ကျသွားခဲ့သည်။

“သူမက မိသားစုမှာ မရှိဘူးလား…”

ခန်းမက ရုတ်တရက် တိတ်ဆိတ်သွားပြီး လူတိုင်းက ကျောင်းချီကျန့်ကို ကြည့်လိုက်ကြသည်။

ကျောင်းချီကျန့် ကြောင်အသွားခဲ့သည်။

သူ့ဆရာက ရှုရို့ရန်ကို အရမ်းအလေးထားနေမည်ဟု ထင်မထားခဲ့ပေ။

အကြည့်များစွာအောက်မှာ ကျောင်းချီကျန့် မလိမ်ရဲပဲ ဖြေလိုက်၏။

“ဆရာ့ကို တင်ပြပါတယ်။ ငါ သူမကို ထွက်သွားခိုင်းလိုက်တာပါ။”

ဘာ?....

လီချင်ဖုန်း ရုတ်တရက် ထရပ်လိုက်သည်။

လျိုချင်းရှန် လူတစ်ယောက်ကို အရမ်းအလေးထားနေတာ သူ့တစ်ဘဝလုံး တစ်ခါမှ မမြင်ဘူးပေ။

ထို့ပြင် လျိုချင်းရှန်က သူ့ကို အလွန်အမင်း တုန်လှုပ်စေသည့် တစ်စုံတစ်ခုလည်း ပြောခဲ့သေး၏။

သူသာ ရှုရို့ရန်ကို တပည့်အဖြစ်လက်ခံလျှင် တိမ်စိမ်းဂိုဏ်းက အနာဂတ် ဂိုဏ်း ၉ ဂိုဏ်းမှာ နံပါတ် ၁ ဖြစ်လာမည်ပဲဖြစ်သည်။

ဤကဲ့သို့ တန်ဖိုးကြီးတပည့်မျိုးကို သူ၏ စောက်ရူးတပည့်က မောင်းထုတ်လိုက်သည်လား။

လျိုချင်းရှန်သာ သိသွားလျှင် အလွန်ဒေါသထွက်သွားမည်ပဲဖြစ်သည်။

သူက ဒေါသထွက်သွားပြီး ကျောင်းချီကျန့် မျက်နှာကို ဖြတ်ရိုက်လိုက်သည်။

“သူမကို မောင်းထုတ်ဖို့ မင်းကို ဘယ်သူက ခွင့်ပြုလို့လဲ….”

“မင်းစောက်ရူး, ငါ့ရှေ့က ထွက်သွား…”

ကျောင်းချီကျန့် ကြောက်ရွံ့မှုကြောင့် တုန်ယင်သွားခဲ့သည်။

နှစ်ပေါင်းများစွာအတွင်း သူ့ဆရာ ဒီလောက်ဒေါသထွက်တာ တစ်ခါမှ မမြင်ဘူးပေ။

သူက မနှောင့်နှေးရဲတော့ပဲ အရိုအသေပေးကာ ခန်းမထဲမှ လျှင်မြန်စွာ ထွက်ပြီး ရှုမိသားစုက ထွက်ခွာသွားခဲ့သည်။

ခန်းမထဲရှိလူအားလုံး အသက်ပြင်းပြင်း တောင် မရူရဲကြပေ။

ရှုကျန်းယန် စိတ်လှုပ်ရှားစွာနှင့် သံတွေးမျိုးချလိုက်ပြီး တီးတိုးပြောလိုက်သည်။

“ယင်းရင်, မင်းအမကို အကြီးအကဲလီနဲ့ တွေ့ဖို့ မြန်မြန်သွားခေါ်လိုက်….”

ခဏကြာပြီးနောက်, ရှုရို့ရန် စိတ်ရှုပ်ထွေးသည့်အမူအရာဖြင့် ရောက်လာခဲ့သည်။

ဂျန်ဖန်းလည်း သူမဘေးမှာ ပါလာခဲ့သည်။

ရှုယင်းရင်ပြောသည့်အရာကြောင့် ဂျန်ဖန်းလည်း ပဟေဠိဖြစ်နေခဲ့သည်။

“ကြည့်ရတာတော့ အကြီးအကဲလီလာတဲ့ အဓိကရည်ရွယ်ချက်က ရို့ရန်ကို ရှာဖို့နဲ့တူတယ်….”

“ဒါပေမယ့် ရို့ရန်က တိမ်စိမ်းဂိုဏ်းကို တစ်ခါမှ မသွားဖူးပါဘူး။ အကြီးအကဲလီ သူမကို ဘယ်လိုသိလဲ….”

“ဒါ့ပြင် သူမရဲ့ အရင်တုန်းက ခွန်အားက အရမ်းသာမန်ဆန်တယ်။ ဒါကြောင့် တစ်ယောက်ယောက် သတိထားမိဖို့က မလွယ်ဘူး။”

ဂျန်ဖန်း စိတ်ရှုပ်ထွေးစွာနှင့် ခေါင်းကုတ်လိုက်ပြီး ရုတ်တရက် အတွေးတစ်ခု ဝင်လာခဲ့သည်။

“တစ်ယောက်ယောက်ကများ သူမအလှအပကို တက်မက်သွားတာလား….”

ထိုအရာက ဖြစ်နိုင်ခြေအရှိဆုံးဖြစ်သည်။

“မဖြစ်ဘူး…. ငါလည်း တိမ်စိမ်းဂိုဏ်းကို သွားဖို့ နည်းလမ်းရှာရမယ်။”

ဂျန်ဖန်း စိုးရိမ်စွာနှင့် ရေရွတ်လိုက်သည်။

ရှုရို့ရန် ရောက်လာသည့်အခါ လီချင်ဖုန်း အပြုံးတွေက ပိုမိုးနွေးထွေးလာပြီး အလွန်အမင်းကြင်နာလာခဲ့သည်။

“မင်းက ရှုရို့ရန်လား…..”

ဤသဘောထားက ရှုယင်းရင်းကို အနည်းငယ် စိတ်ဓာတ်ကျသွားစေခဲ့သည်။

လီချင်ဖုန်းက သူမကိုတောင် ထိုမျှလောက် ကြင်ကြင်နာနာ မဆက်ဆံဖူးပေ။

သူ့အမကိုကြ ဘာလို့ အရမ်းဂရုစိုက်နေရသနည်း။

သူမက တရားဝင်သတ်မှတ်ထားသည့် အတွင်းစည်းတပည့်မဟုတ်ဘူးလား…..

ရှုရို့ရန် အလွန်စိတ်လှုပ်ရှားနေပြီး လက်ဘယ်နားထားရမည်မှန် မသိတော့ပေ။ သူမက အထစ်ထစ်အငေါ့ငေါ့ပြောလိုက်သည်။

“ဟုတ်ပါတယ်… ကျွန်မက ရှုရို့ရန်ပါ….”

လီချင်ဖုန်း စူးစမ်းသည့်အကြည့်နှင့် ညင်သာစွာ ပြောလိုက်သည်။

“စိတ်မလှုပ်ရှားပါနဲ့….”

“ငါလာတာ မင်းကို တပည့်အဖြစ်လက်ခံဖို့ပဲ။ ငါတို့ဂိုဏ်းကို ဝင်ဖို့ ဆန္ဒရှိလား….”

ဘာ?....

ခန်းမထဲကလူတိုင်း အလွန်အမင်းတုန်လှုပ်သွားကြသည်။

စိတ်ဝိညာဥ်အမြစ်နှင့် ကျင့်ကြံခြင်းတောင် မစစ်ဆေးပေ။ နာမည်မေးကာ မျက်နှာမြင်တာနှင့် တပည့်အဖြစ် တိုက်က်ရိုက် လက်ခံလိုက်သည်လား။

ရှုကျန်ယန် အစပိုင်းကြောင်အနေပေမယ့် အလွန်ပျော်ရွင်သွားပြီး အလျှင်အမြန်ပြောလိုက်သည်။

“ရို့ရန်, ဆရာ့ကို အမြန် အရိုအသေပေးလိုက်လေ….”

သမီးနှစ်ယောက် တိမ်စိမ်းဂိုဏ်းကို ဝင်ရောက်နိုင်တာ ဘယ်လောက်ဂုဏ်ယူစရာ ကောင်းလိုက်သနည်း။

ရှုယင်းရင် မမျှတသလိုခံစားလိုက်ရသည်။

ဘာကြောင့်လဲ?.....

သူမက ကောင်းကင်ဂုဏ်ယူရသူတစ်ဦး ဖြစ်ပြီး ထောက်ခံမှုရဖို့ အကဲဖြတ်မှုများစွာကို ကျော်ဖြတ်ခဲ့ရ၏။

သူမ အမကိုတော့ မျက်နှာလေးပြရုံဖြင့် တပည့်အဖြစ် တိုက်ရိုက်လက်ခံခဲ့၏။

သိသာလှသည့်ကွာခြားမှုက သူမကို မသက်မသာ ဖြစ်သွားစေခဲ့သည်။

ရှုရို့ရန် တွေဝေနေစဥ်မှာပဲ ဂျန်ဖန်း သူမပခုံးကိုပုတ်ပြီး အားပေးတဲ့အကြည့်နှင့်ကြည့်လိုက်သည်။

ရှုရို့ရန် တိမ်စိမ်းဂိုဏ်းမဝင်နိုင်မှာ သူက အမြဲစိုးရိမ်ခဲ့ရ၏။

မမျှော်လင့်စွာနှင့် အကြီးအကဲလီက သူမကို တိုက်ရိုက်လက်ခံခဲ့၏။

ရှုရို့ရန် အလျှင်အမြန်ဒူးထောက်ကာ အရိုအသေပေးလိုက်သည်။

လီချင်ဖုန်း ပြုံးလိုက်ပြီး သူမကို မတ်တပ်ရပ်ဖို့ ကူညီပေးလိုက်သည်။

“ဒီလို လုပ်ထုံးလုပ်နည်းတွေ မလိုပါဘူး….”

“စိတ်ရင်းကသာအဓိကပါ၊ ဒါမျိုးတွေလုပ်ဖို့ မလိုပါဘူး…”

ရှုရို့ရန် ရိုသေစွာနှင့်ပြောလိုက်သည်။

“လီ…. ဆရာ…..”

လီချင်ဖုန်း ကျယ်လောင်စွာရယ်မောလိုက်ပြီး မုတ်ဆိတ်မွေးတွေကို ပွတ်သပ်လိုက်၏။ ထို့နောက် ရင်ဘတ်ထဲက တောက်ပသည့် လက်ကောက်တစ်ကွင်းထုတ်ယူလိုက်၏။

ထိုအရာက မှော်ရတနာတစ်ခုဖြစ်၏။

“ပထဆုံးတွေ့ဆုံခြင်းလက်ဆောင်အဖြစ် ဒါကိုယူလိုက်ပါ….”

ရှုရို့ရန် ပျော်ရွင်စွာနှင့် လက်ခံလိုက်၏။

“ကျေးဇူးတင်ပါတယ်, ဆရာ။ ကျေးဇူးတင်ပါတယ် ဆရာ….”

ဤမြင်ကွင်းကြောင့် ရှုယင်းရင် ပိုလို့တောင် ခါးသီးစွာ ခံစားလိုက်ရ၏။

ရှုကျန်ယန် သတိထားမိပြီး ပြောလိုက်သည်။

“အကြီးအကဲလီ, ကျွန်တော့်သမီးငယ်ကလည်း အကြီးအကဲကို ဆရာအဖြစ် တရားဝင် အသိအမှတ်ပြုသင့်တယ်မလား…”

ယခင်က သူမဟာ တပည့်အဖြစ် သတ်မှတ်ခံထားရရုံသာဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် တိမ်စိမ်းဂိုဏ်း တပည့်လက်ခံသည့်နေ့ မရောက်သေးသဖြင့် ခုချိန်ထိ သူမကို တရားဝင်တပည့်အဖြစ် လက်မခံရသေးခြင်းဖြစ်သည်။

ယခု, အချိန်ကျလာပြီပဲဖြစ်သည်။

လီချင်ဖုန်း ရှုယင်းရင်းကို ခုမှ သတိရသွားပြီး အနည်းငယ်ခေါင်းညိတ်လိုက်သည်။

“ယင်းရင်, မင်းလည်း ငါ့ကို ဆရာအဖြစ် အသိအမှတ်ပြုသင့်တယ်….”

ရှုယင်းရင် ပျော်ရွင်သွားပြီး သူမအမကဲ့သို့ ဦးညွှတ်ကာ အရိုအသေပေးလိုက်သည်။

မမျှော်လင့်စွာနှင့် လီချင်ဖုန်း အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည်။

ထိုအရာကို သတိထားမိပြီး ရှုကျန်းယန် အမူအရာ ပြောင်းသွားခဲ့သည်။ သူက ရှုယင်းရင်ကို လက်ဖက်တစ်ခွက်အလျှင်အမြန်ငှဲ့ပေးကာ ဆူပူကြိမ်းမောင်းလိုက်၏။

“အကြီးအကဲလီရဲ့ အဆင့်အတန်းက အရမ်းမြင့်မြတ်တယ်။ လက်ဖက်ရည်နဲ့ ဒူးထောက်ပြီး မြန်မြန်အရိုအသေပေးလိုက်….”

သူမအမတုန်းကကျ ထိုကဲ့သို့ မဟုတ်ပေ။

သူမကျမှ ဘာလို့ကွဲပြားနေရသနည်း။

နှုတ်ခမ်းအနည်းငယ်ကိုက်လိုက်ပြီး လက်ရည်ဖက်ခွက်ကိုယူလိုက်၏။ ထို့နောက် မြေပြင်ပေါ်မှ ရိုရိုသေသေ ဒူးထောက်ကာ လက်ဖက်ရည်ခွက်ကမ်းပေးလိုက်၏။

“ကျေးဇူးပြုပြီး, လက်ဖက်ရည်သုံးဆောင်ပါဆရာ….”

လီချင်ဖုန်း ခေါင်းညိတ်လိုက်ပြီး လက်ဖက်ရည်ခွက်ကို ယူကာ ပြောလိုက်သည်။

“ဒီနေ့ကစပြီး မင်းက ငါ့တပည့်ဖြစ်သွားပြီ…”

“ထတော့….”

ရှုယင်းရင် မတ်တပ်ရပ်ပြီး ဘေးဘက်ရွေ့လိုက်၏။

အချိန်တော်ကြာ စောင့်နေပေမယ့် သူမအမကဲ့သို့ ရတနာတစ်ခုမရသေးပေ။

သူမက နာကျင်စွာခံစားလိုက်ရသည်။

ဘာလို့ဒီလိုဖြစ်ရတာလဲ…..

လီချင်ဖုန်းက သူမကို တပည့်အဖြစ်လက်ခံဖို့ ဒီနောရာလာတာ မဟုတ်ဘူးလား….

ဘာကြောင့် သူမအမအတွက်လာသလိုဖြစ်နေပြီး သူမကအရံလူလို ဖြစ်နေရသနည်း။

လီချင်ဖုန်းက ညီအမနှစ်ယောက်ကို တစ်ချက်ကြည့်လိုက်ပြီးပြောလိုက်သည်။

“ငါ့တပည့်တွေကို အတွင်းစည်းတပည့်နဲ့ အစစ်အမှန်တပည့်လို့ ခွဲထားတယ်….”

“နာမည်အတိုင်းပဲ အစစ်အမှန်တပည့်တွေက ငါ့ရဲ့ လူကိုယ်တိုင်ညွှန်ကြားမှုတွေပိုရတယ်…..”

“အတွင်းစည်းတပည့်တွေကိုတော့ အရင်းအမြစ်လုံလုံလောက်လောက်ပေးမှာ ဖြစ်ပေမယ့် သူတို့ကျင့်ကြံရေးအတွက်တော့ ကိုယ့်ကိုယ်ကိုပဲ အားကိုးရမယ်….”

“နှစ်တိုင်း ငါက အစစ်အမှန်တပည့်တစ်ယောက်ပဲ လက်ခံနိုင်တယ်….”

ထိုအရာကြောင့် ရှုယင်းရင် အတော်လေး နေလို့ထိုင်လို့ကောင်းသွားခဲ့သည်။

အဆုံးမှာတော့ သူမက အစကတည်းက အစစ်အမှန်တပည့်အဖြစ် သတ်မှတ်ခံထားရတာပဲဖြစ်သည်။

“ဒါ့ကြောင့်….”

လီချင်ဖုန်း ခဏရပ်လိုက်သည်။

“ဒီနှစ် ရှုရို့ရန်ကို အစစ်အမှန်တပည့်အဖြစ် လက်ခံဖို့ ဆုံးဖြတ်ထားတယ်….”

“ရှုယင်းရင်းကတော့ ခဏ သည်းခံထားလိုက်အုန်း။ နောက်နှစ်မှာ မင်းကို အစစ်အမှန်တပည့်အဖြစ် လက်ခံပေးမယ်….”

All Chapters