← Chapters

လက်လေးဘက်

Vol. 6 Ch. 80

လက်လေးဘက်

Vol. 6 Ch. 80

ထိုလက်သည် သက်ရှိတစ်ကောင်၏ အပူချိန်မျိုး မရှိပေ။လက်သည် အသားမာများ အနာဖေးများဖြင့် ဖုံးလွှမ်းနေသည်။လက်သည်းများထဲတွင် အညစ်အကြေးများ ကပ်ညှိနေ၏။လက်သည်းများသည် ကိုက်ဖြတ်ခံထားရပြီး မညီမညာဖြစ်နေလေသည်။ ပြီးပြည့်စုံသော အမှောင်ထုထဲတွင် ထိုလက်သည်သာ ကောင်းမင်အတွက် အချက်အလက်ပေးနိုင်သော အရာတစ်ခုဖြစ်သည်။

"အမြင်အာရုံနဲ့ အကြားအာရုံပျောက်ဆုံးသွားချိန်မှာ သူ့ကမ္ဘာကြီးက စွန့်ပစ်ထားတဲ့ မြေအောက်ခန်းလို့ ဆိုနိုင်ပေမဲ့ အရူးက သူ့လက်တွေကိုသုံးပြီး ကမ္ဘာကြီးကို ခံစားကြည့်ခဲ့တယ် "

လက်ငါးချောင်းက ရုတ်တရက်ကောင်းမင်ကို ဖမ်းဆုပ်လိုက်သည်။သားရဲတစ်ကောင်က ကောင်းမင်အား မြေတိုက်ခန်းထဲရှိ ပိုနက်သည့်နေရာကို ဆွဲခေါ်သည့်နှယ်ဖြစ်သည်။ကောင်းမင်က ခေါင်းကိုအုပ်ထားလိုက်သည်။သူသည် ဦးတည်ရာမပြောနိုင်ပေ။မိနစ်များစွာကြာပြီးနောက် သူသည် ရွှံ့ဗွက်ထဲ ပြုတ်ကျသွားသည်။သူ့ပတ်ဝန်းကျင်တွင် ပိန်းပိတ်အောင်မှောင်နေဆဲဖြစ်သည်။အသံသည်လည်း နတ္တိပင်။ကောင်းမင်က ကုန်းထလိုက်ပြီး ကြုံရာနေရာသို့ ရွေ့လျားလိုက်သည်။သူသည် အချိန်တချို့ကြာအောင် ရွေ့လျားနေသော်လည်း နံရံကို ရှာမတွေ့ပဲဖြစ်နေခဲ့သည်။

"ငါဘယ်ရောက်နေတာလဲ "

ကောင်းမင်သည် သူ့ခြေလှမ်းများကို နောက်ဆုတ်လိုက်ပြီး မြေကြီးပေါ်ထိုင်ချလိုက်သည်။ကမ္ဘာကြီးကို နားလည်ဖို့ မျက်စိနဲ့ နားတွေကို သူအသုံးပြုခဲ့ပြီး ၎င်းတို့ကိုဆုံးရှုံးသွားသည့်အခါ သူ့နှလုံးသားထဲတွင်ကြောက်ရွံ့မှုများ တိုးပွားလာခဲ့သည်။ထိုအရာသည် လူသားသဘာဝဖြစ်ပေသည်။

"လက်ပိုင်ရှင်က ငါ့ကို မသတ်ခဲ့ဘူး ၊ သူ့က ငါ့အတွက် တစ်ခုခု လုပ်စေချင်တာ ဖြစ်ရမယ် "

ကောင်းမင်က အရှုံးမပေးခဲ့ပေ။သူက မြေကြီးတစ်ဆုပ်ကို ယူလိုက်ပြီး ဆုပ်ခြေလိုက်ကာ သူ့နှာခေါင်းတွင် တေ့လိုက်သည်။မိုးရွာပြီးနောက် ရှိတတ်သည့် အညစ်အကြေးနံ့ကို သူအနံ့ခံမိသည်။တစ်ချိန်ထဲတွင် သူသည် ဖန်ကွဲစတစ်ခုကို ထိတွေ့မိလိုက်သည်။

"မြေတိုက်ခန်းက မြေအောက်ထဲမှာ ရှိပြီး ရွှံ့တွေပြည့်နေတာ ၊ ဒီနေရာက မြေကြီးက ဒီလိုအနံ့မဟုတ်ဘူး "

ကောင်းမင်သည် မမြင်ရမကြားရသော်လည်း အနံ့နှင့်အထိအတွေ့ကို အာရုံခံစားနိုင်ဆဲဖြစ်သည်။ မမြင်ရမကြားရသော်လည်း အနံ့နှင့်အထိအတွေ့ကို အာရုံခံစားနိုင်ဆဲဖြစ်သည်။

"ခွေးမြေတိုက်ခန်းအမှုမှာ ရွာသားတွေသတ်ဖြတ်တာခံခဲ့ရတဲ့အရူးက မျက်မမြင်နားမကြားတဲ့ လူတစ်ယောက်ပဲ ၊ ငါက သူ့ဘဝကို တွေ့ကြုံနေရတာ "

နောက်ဆုံးတွင် ကောင်းမင်သည် သံလွင်ပန်းလက်ဖက်ရည်နံ့ကို ထောက်လှမ်းမိလိုက်သည်။ထိုရနံ့သည် စိတ်ကျရောဂါကို သက်သာစေပြီး ဒေါသထွက်‌တတ်သော လူနာများကို ကုသရာတွင် အသုံးပြုသည်။

ကောင်းမင်သည် မတ်တပ်ရပ်လိုက်ပြီး ထိုရနံ့ရှိရာသို့ ရွေ့လျားလိုက်သည်။သို့သော် သူအနားမကပ်နိုင်သေးခင် သူသည် အကန်ခံလိုက်သည်။ခါးပတ်၊ ထိုင်ခုံများ နှင့် လက်သီးချက်များက သူ့အပေါ်ကျရောက်လာ၏။သူသည် မည်သည့်အရာမှ မမြင်ရသော်လည်း နာကျင်မှုကို ခံစားနိုင်ဆဲဖြစ်သည်။ကောင်းမင်က သံလွင်လက်ဖက်ရည်နံ့မရတော့သည့်အထိ ထွက်ပြေးလိုက်သည်။ထို့နောက် သူ့ကိုရိုက်နှက်နေခြင်းသည် ရပ်တန့်သွားခဲ့သည်။

"သံလွင်လက်ဖက်ရည်နံ့မှာ ဘာလို့ ရိုက်နှက်တာတွေ ပါနေတာလဲ ၊ ဒါက နာကျင်စရာမှတ်ဉာဏ်‌တွေ ပါနေလို့လား "

ကောင်းမင်က သူ့ယူဆချက်ကို အတည်ပြုရန် သံလွင်လက်ဖက်ရည်နံ့ဆီ ပြန်သွားလိုက်သည်။အထိုးခံလိုက်ပြီးနောက် သူက လျင်မြန်စွာပြန်ဆုတ်လိုက်သည်။

"သံလွင် လက်ဖက်ရည်နံ့က ရိုက်နှက်ခံရတဲ့ မှတ်ဉာဏ်နဲ့ ဆက်စက်နေတာ ၊ ဒါက မျက်မမြင်လူရဲ့ မှတ်ဉာဏ်ဖြစ်နိုင်တယ် "

စိတ်ပညာရှင်တစ်ယောက်အနေဖြင့် ကောင်းမင်သည် ဘယ်လိုအနံ့များက မှတ်ဉာဏ်ကို ထောက်ပံ့နိုင်ကြောင်း သူသိသည်။ဥပမာအားဖြင့် လူများသည် ပိုးသတ်ဆေးနံ့ရသည့်အခါ ဆေးရုံကို တွေးမိကြမည်ဖြစ်သည်။အမြင်အာရုံ အကြားအာရုံတို့ဖြင့် နှိုင်းယှဉ်ရလျှင် အနံ့များနှင့်ထပ်တူကျနေသော မှတ်ဉာဏ်သည် ပိုမိုစစ်မှန်ပြီး ခံစားချက်ရှိသည်။အဘယ်ကြောင့်ဆိုသော် သေးငယ်သော လှုံ့ဆော်မှုသည် မှတ်ဉာဏ်ကို မှတ်တမ်းတင်သောအခါတွင် သာလာမတ်ကို ကျော်သွားသောကြောင့် ဖြစ်သည်။

"အနံ့တွေကို ခြေရာခံပြီး ငါလမ်းတစ်လမ်းရှာရမှာလား "

ကောင်းမင်သည် ယခုကဲ့သို့ ရူးသွယ်ဖွယ်ဂိမ်းတစ်ခုကို အရင်က မကစားခဲ့ဖူးပေ။ထိုအကြောင်းတွေးလိုက်သည်နှင့် သူစိတ်လှုပ်ရှားလာတော့သည်။

"ငါ အသက်ရှင်ခဲ့ရင် ဒီဂိမ်းကောင်းလေးကို စီတုအန်းကို မိတ်ဆက်ပေးရမယ် "

အနံ့တစ်ခုချင်းစီကို ခွဲခြားပြီးနောက် လတ်ဆတ်သော မြက်သင်းနံ့က ပျောက်ကွယ်သွားသည်။ကားအိတ်ဇောနံ့နှင့် ဖုန်မှုန့်များ သူ့ဆီရောက်လာကြသည်။သူသည် လူအုပ်ကြားထဲ ပျောက်သွားခဲ့သကဲ့သို့ လဲကျသွားသည်။သူသည် ဘာကိုမှ မမြင်နိုင်ပေ။မတူညီသော အနံ့များက သူ့နှာသီးဝများတွင် ပျော်ဝင်နေကြသည်။မိနစ်အနည်းငယ် ကြာပြီးနောက် ပရုတ်လုံးနံ့တစ်ခု ထွက်ပေါ်လာ၏။ထို့နောက် လူတစ်ယောက်က သူ့လက်ကို ထပ်ကိုင်လိုက်ပြန်သည်။

ကောင်းမင်က ပရုတ်လုံးနံ့များအောက်တွင် သွေးများယိုစီးနေမှန်း သိသည်အထိ ထိုလူနောက်သို့ လိုက်သွားခဲ့သည်။ ကောင်းမင်က လက်ကို ကိုက်ချလိုက်သည်။သူလွတ်မြောက်လာပြီးနောက် သူသည် သံလွင်လက်ဖက်ရည်နံ့ဆီသို့ ပြေးလွှားလိုက်သည်။

သူသည် သံလွင်လက်ဖက်ရည်နံ့နှင့်ဆက်သွယ်နေသော အနိုင်ကျင့်မှုများကို 'ပရုတ်လုံး'နှင့် တိုက်ခိုက်စေလိုခြင်းဖြစ်သည်။

ကောင်းမင်သည် မမြင်ရ မကြားရသော်လည်း သူ့နောက်ပြေးလိုက်လာသော ပရုတ်လုံးနံ့များကို ခံစားရသည်။

မကြာမီ သံလွင်လက်ဖက်ရည်နံ့ ပေါ်ထွက်လာသည်။ကောင်းမင်က သူ့ခေါင်းကို အုပ်လိုက်ပြီး ယင်းအနံ့ဆီ ပြေးဝင်လိုက်သည်။ခါးပတ်သည် သူ့ခန္ဓာကိုယ်ကို ရိုက်ချလိုက်သည်။ပရုတ်လုံးနံ့က လိုက်ပါလာနေဆဲဖြစ်သည်။အနံ့နှစ်ခုသည် ပဍိပက္ခဖြစ်ခြင်း မရှိပေ။

"ဒီနှစ်ခုက တစ်ဂိုဏ်းထဲလားဟ "

ကောင်းမင်က အံ့ကြိတ်လိုက်ပြီး သူ့ရှေ့တွင်ရှိသော လူဆီသို့ တရကြမ်းပြေးတိုက်လိုက်သည်။သူက စတင်တိုက်ခိုက်လိုက်သည်။သူက ထိုလူ၏ခန္ဓာကိုယ်ကို ဖမ်းဆုပ်လိုက်ပြီး အထိအတွေ့ကို သုံး၍ ကမ္ဘာကြီးကို အာရုံခံနိုင်ရန် ကြိုးစားလိုက်သည်။

သံလွင်လက်ဖက်ရည်နံ့သည် ခန္ဓာကိုယ်ကြီးမားသည့် သက်လတ်ပိုင်းလူတစ်ယောက်နှင့် ဂါဝန်ဝတ်ထားသည့် အမျိုးသမီးတစ်‌‌ေယာက်ဖြစ်သည်။သူတို့ထဲက တစ်ယောက်သည် ခါးပတ်ကိုင်ထားပြီး နောက်တစ်ယောက်က ထိုင်ခုံတစ်ခု ကိုင်ထားသည်။ပရုတ်လုံးနံ့သည် ဂျာကင်အင်္ကျီဝတ်လူထံမှ လာခြင်းဖြစ်သည်။သူတို့သည် သဘောတူညီမှုတစ်ခု လုပ်ထားပုံရသည်။သက်လတ်ပိုင်းစုံတွဲသည် ကောင်းမင်အား ဂျာကင်အင်္ကျီဝတ်လူထံ လွှဲပြောင်းပေးလိုက်သည်။

"အနံ့တွေမှာ မှတ်ဉာဏ်တွေပါနေတယ် ၊ သူ့မိဘတွေက မျက်မမြင်လူကို ရောင်းစားလိုက်တာလား ၊ ဂျာကင်အင်္ကျီဝတ်လူက သူ့ကို ဝယ်ခဲ့တာလား "

အကြိမ်များစွာရိုက်နှက်ခံလိုက်ရပြီးနောက် ကောင်းမင်က ထွက်ပြေးရန်ကြိုးစားလိုက်သည်။သို့သော် အာရုံခံအင်္ဂါနှစ်ခုမရှိခြင်းသည် အလွန်ခက်ခဲလှသည်။‌ဂျာကင်အင်္ကျီဝတ်လူက သူ့ကော်လံကို ဆွဲလိုက်သည်။သူသည် တစ်နေရာသို့ ဆွဲခေါ်သွားခံလိုက်ရသည်။သွေးရနံ့က ထူထပ်လာ၏။ထို့နောက်တွင် ပိုးသတ်ဆေးနံ့များ ထွက်ပေါ်လာသည်။ထိုအချိန်တွင် ပြင်းထန်သည့်အနံ့ဆိုးတစ်ခုသည် ရုတ်တရက်ချဉ်းကပ်လာ၏။‌ ကောင်းမင်သည် သူ့ကိုယ်သူ ခွဲခွာနေသည်ဟု ခံစားလိုက်ရလေသည်။

အနံ့ဆိုးပိုင်ရှင်နှင့် ဂျာကင်အင်္ကျီဝတ်လူတို့ စကားများနေကြ၏။ကောင်းမင်သည် လွတ်လပ်သွားသည်။ လူအများစုသည် ထွက်ပြေးရန် ရွေးချယ်လိမ့်မည်ဖြစ်သော်လည်း ထိုအချိန်တွင် ကောင်းမင်သည် အရေးကြီးသည့် တစ်စုံတစ်ခုကို သတိရလိုက်သည်။သူ မြေတိုက်ခန်းထဲဝင်လာချိန်တွင် ထိုအနံ့ဆိုးကို သူ ရခဲ့သည်။၎င်းသည် သူ့အား ရွံ့ရှာခြင်း မဖြစ်စေပေ။ သက်တောင့်သက်သာဖြစ်ခြင်းပင် ခံစားရသေးသည်။

သူစိတ်ဆရာဝန်တစ်ယောက်ဖြစ်ခဲ့ချိန်တွင် သူသည် ထူးဆန်းသောစွဲလမ်းမှုများရှိသည့် လူများစွာကို ကြုံတွေ့ခဲ့ရသည်။လူတစ်ယောက်အတွက် အနံ့ဆိုးတစ်ခုသည် အခြားလူတစ်ယောက်အတွက် သင်းရနံ့တစ်ခု ဖြစ်နိုင်၏။ယင်းနောက်တွင် အကြောင်းပြချက်များစွာ ရှိနိုင်ပေသည်။လူတစ်ယောက်၏ အတွင်းစိတ်သည် အလွန်အရေးပါသည်။

သူ့စိတ်ထဲရှိအတွေးနှင့်အတူ ကောင်းမင်သည် အထူးရွေးချယ်မှုတစ်ခု လုပ်လိုက်သည်။သူက အညစ်အကြေးများကို ဆုပ်၍ သူ့လက်သီးကို 'ပရုတ်လုံး'ထံ ဝေ့ယမ်းလိုက်သည်။

အကြိမ်များစွာ ရိုက်နှက်ခံခဲ့ရခြင်းကြောင့် သူက လက်စားချေချင်နေလေသည်။အနံ့ဆိုး၏အကူအညီနှင့်အတူ သူတို့သည် 'ပရုတ်လုံး'ကို အနိုင်ယူလိုက်ကြသည်။ကောင်းမင်လက်သည် တတိယအကြိမ်မြောက် ကိုင်ခံခဲ့ရသည်။ ပထမနှစ်ကြိမ်နှင့် မတူသည်က ယခုအကြိမ်အတွင် ကောင်းမင်ကို ကိုင်ထားသောလက်သည် အလွန်နွေးထွေးနေခြင်းဖြစ်သည်။လက်ဖဝါးသည် မကြီးမားသော်လည်း အသားမာများ တက်လျက်ရှိသည်။လက်ပိုင်ရှင်သည် လက်မှုပစ္စည်းအမြောက်အများကို ပြုလုပ်ခဲ့ရခြင်းဖြစ်ပေလိမ့်မည်။

ဆေးလိပ်နံ့၊ ချွေးနံ့ ၊ ကားအိတ်ဇောနံ့များ၏နေရာတွင် လေညင်း‌ကြောင့် စပါးနံ့နှင့် ရိုးရှင်းသည့်အစားအစာနံ့တို့က တဖြည်းဖြည်း အစားထိုးဝင်ရောက်လာသည်။

"ဒါက ငါဟာ အလုပ်ရှုပ်နေတဲ့မြို့ကနေ ကျေးလက်တောရွာက အိမ်လေးကို ပြန်ရောက်သွားတဲ့ ခံစားချက်မျိုးပဲ "

ထင်းချောင်းများ လောင်ကျွမ်းနေကြသည်။ ထင်းမီးဖိုအနံ့သည် နေရာအနှံ့ပျံ့နှံ့နေသည်။ကောင်းမင်သည် ထိုလက်နောက်သို့ ရိုးသားစွာ လိုက်ပါသွားလေသည်။မကြာမီ သူသည် တို့ဖူးချဉ်နံ့၊ အနီရောင်ခရမ်းချဉ်သီးနံ့ နှင့် အသားကြော်နံ့များ ရလိုက်သည်။ထမင်းပူပူ တစ်ပန်းကန်ကို ကောင်းမင်လက်ထဲ ပို့ဆောင်လိုက်သည်။ ထိုလက်က ကောင်းမင်ကို တူတစ်စုံပေးလိုက်၏။

ရသာခံဖုများက ကောင်းမင်ကို နိူးဆော်လိုက်သည်။ သူသည် အစားအစာများကို ပလုပ်ပလောင်း မြိုချလိုက်သည်။ ထိုအစားအစာသည် သူစားဖူးခဲ့သမျှတွင် အကောင်းဆုံးဟင်းလျာဖြစ်လေသည်။ ဟင်းလျာနံ့သည် ဖော်ပြရန် အလွန်ခက်သည်။သူသည် သူ၏ကလေးဘဝသို့ တယ်လီပို့လုပ်ခံခဲ့ရသလို ခံစားနေရသည်။ ထိုအရာသည် အိမ်၏ရနံ့ဖြစ်ပေတော့သည်။

သူစားသောက်ပြီးသောအခါ ကောင်းမင်က ထိုနေရာတွင် ထိုင်လိုက်သည်။လက်သည် ကောင်းမင်အား ဓားငယ်လေးတစ်ချောင်း ထပ်ပေးလာ၏။ ပထမဆုံး ဓားရလိုက်သည့်အခါ ကောင်းမင်သည် ထိတ်လန့်သွားလေသည်။သို့သော်လည်း မကြာမီ လက်က ဝါးကိုလှီးဖြတ်ပေးလိုက်သည်။ လက်သည် သူ့အား မည်သို့ ဝါးယက်ရမည်ကို သင်ကြားပေးလေသည်။

"လက်က ငါ့ကို အစားအစာပေးရုံတင်မကဘူး ငါ့ကို ကိုယ့်ဘာသာ ရှင်သန်နိုင်အောင် သင်ပေးချင်နေတာပဲ "

သူ့ခန္ဓာကိုယ်အား လက်ဆီသို့ တိမ်းညွှတ်လိုက်သည်။ကောင်းမင်သည် သူဂိမ်းကို ရှင်းလင်းရန်လိုအပ်သည်အား မေ့လျော့သွားခဲ့သည်။သူသည် လက်နှင့်အတူသာ နေထိုင်ချင်နေတော့သည်။တိတ်ဆိတ်မဲမှောင်နေသော ကမ္ဘာကြီးတွင် ထိုလက်သည်သာ သူ့ဘေးကင်းမှုကို ယူဆောင်ပေးနိုင်လေ၏။

All Chapters