တိမ်စိမ်းဂိုဏ်းဝင်ရောက်ဖို့ အခွင့်အရေး
Vol. 5 Ch. 70
ရှုကျန်ယန် စိတ်လှုပ်ရှားစွာပြောလိုက်သည်။
“ဂျန်ဖန်း, အစွမ်းကုန်ကြိုးစား….”
ကိစ္စများစွာဖြတ်သန်းပြီးနောက် သူက ဂျန်ဖန်းကို အပြည့်အဝယုံကြည်နေပြီ ဖြစ်သည်။
သူ့သမီးကို အခြားမည်သူနှင့်မျှ ထားခဲ့ရန် စိတ်မချတော့ပေ။
သူမကို ဂျန်ဖန်းဆီအပ်နှံခဲ့မှသာ သူလုံးဝ စိတ်ချနိုင်မည်ဖြစ်သည်။
ထို့ကြောင့် ဂျန်ဖန်း တိိမ်စိမ်းဂိုဏ်းကို ဝင်ရောက်နိုင်လျှင်အကောင်းဆုံးဖြစ်၏။
ရှုရို့ရန်လည်း စိတ်လှုပ်ရှားနေပြီး စကတ်အနားစကို ဆုပ်ကိုင်ထားခဲ့သည်။ သူမ၏ စိတ်ဝိညာဥ်အမြစ်စမ်းသပ်တုန်းကထက်တောင် ပိုပြီး စိတ်လှုပ်ရှားနေခဲ့သည်။
ဂျန်ဖန်း အသက်ပြင်းပြင်းရူလိုက်၏။
သူ့ကံကြမ္မာကို အဆုံးအဖြတ်ပေးမည့် အချိန် ရောက်လာပြီဆိုတာသူသိ၏။
တိမ်စိမ်းဂိုဏ်းကိုမဝင်နိုင်လျှင် ဤဘဝ၌ ကြီးမားသည့်အနာဂတ်ရှိဖို့က အတော်လေးခက်ခဲသွားတော့မည်ပဲဖြစ်သည်။
ထို့ပြင် သူက ရှုရို့ရန်နှင့်အတူတူ ရှိနိုင်တော့မည်မဟုတ်ပေ။
ထို့ကြောင့် သူက မည်သည့်အရာမှ ထိန်ချန်မထားတော့ပဲ အခြေခံတည်ဆောက်ခြင်း အဆင့် ၃ စွမ်းအားကို ထုတ်ဖော်လိုက်၏။
လီချင်ဖုန်းက ထိုအရာကို အမူအရာကင်းမဲ့စွာကြည့်နေခဲ့သည်။
စိတ်ထဲ၌ ဂျန်ဖန်း၏ တိမ်းစိမ်းဂိုဏ်းဝင်ရောက်မည့်စိတ်ကူးကို ပယ်ဖျောက်ရန် စကားလုံးတွေ စဥ်းစားထားပြီးပြီဖြစ်သည်။
တစ်ချိန်တည်းမှာပဲ သူက ရှုရို့ရန် စိတ်မကောင်းဖြစ်တာ လျော့နည်းစေချင်၏။ ထိုမှသာ သူမက သူနှင့် တိမ်စိမ်းဂိုဏ်းကို ဆန္ဒရှိရှိ လိုက်လာမည်ပဲဖြစ်သည်။
ရုတ်တရက်…..
အခြေခံတည်ဆောက်ခြင်းအဆင့် စိတ်ဝိညာဥ်လှိုင်းတစ်ခုက သူ့နှလုံးသားကို ခုန်ပေါက်သွားစေခဲ့သည်။
စိတ်ဝိညာဥ်စွမ်းအင် ထွက်ပေါ်လာရာကို မြင်သည့်အခါ သူက အံ့သြတကြီး မတ်တပ်ရပ်လိုက်သည်။
“အခြေခံတည်ဆောက်ခြင်းအဆင့် ၃…..”
စိတ်ဝိညာဥ်အမြစ်မရှိသည့်လူတစ်ယောက်က အခြေခံတည်ဆောက်ခြင်းအဆင့် ၃ ထိ ကျင့်ကြံနိုင်သည်လား…..
သူက သလင်ကျောက်ပြားကို သံသယမဝင်ပဲ မနေနိုင်ဖြစ်သွားခဲ့သည်။ ထိုအရာက စုတ်သွားပြီး အရည်အချင်းကို မှားစမ်းသပ်မိတာဖြစ်နိုင်၏။
ဤကဲ့သို့ အခြေခံတည်ဆောက်ခြင်းအဆင့် လူငယ်တစ်ယောက်က တိမ်စိမ်းဂိုဏ်းမှာတောင် ပါရမီရှင်တစ်ယောက်အဖြစ် ယူဆနိုင်၏။
သူက သလင်းကျောက်ပြားအသစ်ထုတ်ယူလိုက်ပြီး စိတ်အားထက်သန်စွာပြောလိုက်သည်။
“မင်းစိတ်ဝိညာဥ်အမြစ်ကို နောက်တစ်ကြိမ်စမ်းသပ်လိုက်….”
ဂျန်ဖန်းလည်းခေါင်းညိတ်ပြီး မျှော်လင့်တကြီး နောက်တစ်ကြိမ်စမ်းသပ်လိုက်၏။
သို့ပေမယ့် ရလဒ်ကတော့ အတူတူပဲ ဖြစ်သည်။
လီချင်ဖုန်း လေထဲက စာလုံးသုံးလုံးကို အချိန်တော်ကြာစိုက်ကြည့်နေပြီး နားမလည်နိုင်ဖြစ်နေခဲ့သည်။
ဂျန်ဖန်းက ဤလောက်မြင့်သည့်နယ်ပယ်ကို ဘယ်လို ချိုးဖြတ်ခဲ့သနည်း။
အလားအလာကိုလျော့ချနိုင်သည့် ဒဏ္ဍာရီလာဆေးလုံး ဒါမှမဟုတ် နည်းလမ်းတစ်မျိုးမျိုးများ ဖြစ်နေနိုင်မလား….
အများကြီးတွေးပြီးနောက်, ထိုအရာက တစ်ခုတည်းသော်ဖြစ်နိုင်ခြေပဲဖြစ်သည်။
ဤကဲ့သို့လှည့်ဖျားသည့် အသက်စတေးမှုလမ်းကြောင်းတွေမှာ များစွာသော ပြဿနာတွေရှိ၏။
သူက ချက်ချင်းပဲ ဂျန်ဖန်းကိုလက်ခံမည့် ကိစ္စကို ဖယ်ရှားပစ်လိုက်သည်။
သို့ပေမယ့် ရှုရို့ရန်က တောင်းပန်လိုက်၏။
“ဆရာ, ဖန်းရဲ့ ငါ့အပေါ်ကြင်နာမှုက တောင်တစ်ခုလိုကြီးမားတယ်။ သူ တိမ်းစိမ်းဂိုဏ်းကို မသွားနိုင်ရင် ငါလည်း မသွားတော့ဘူး…..”
လီချင်ဖုန်း အကူအညီမဲ့သလို ခံစားလိုက်ရသည်။
အချိန်တော်ကြာစဥ်းစားပြီးနောက်, သူက သဘောတူညီချက်တစ်ခုကို အကြံပြုလိုက်၏။
“ဒီလိုဆိုရင်ကောဘယ်လိုလဲ…. ငါ ဂျန်ဖန်းကို နောက်ထပ်အခွင့်အရေးတစ်ခုပေးမယ်….”
“မထွက်ခွာခင်, ငါ့တပည့် ကျောင်းချီကျန့်ကို သူ့ခွန့်အား အကဲဖြတ်ခိုင်းလိုက်မယ်…..”
“သူသာ ကျောင်းချီကျန့်ရဲ့ လှုပ်ရှားမှု ၁၀ကွက်ခုခံနိုင်ရင် တိမ်စိမ်းဂိုဏ်းကို ဝင်ခွင့်ပြုမယ်။ မင်းဘယ်လိုသဘောရလဲ….”
ရှုရို့ရန် ဖြူဖြော့သွားခဲ့သည်။
ကျောင်းချီကျန့်က လီချင်ဖုန်းလက်အောက်မှာ အချိန်တော်ကြာကတည်းကရှိနေသည့် တပည့်တစ်ယောာက်ဖြစ်ပြီး အခြေခံတည်ဆောက်ခြင်းအဆင့် ၄ ဖြစ်သည်။
ကျင့်ကြံထားသည့်နည်လမ်းတွေကလည်း အထီးကျန်လှေမြို့က အဝါရောင်အလယ်အလတ်အဆင့်ထက် များစွာ ပိုအဆင့်မြင့်၏။
ဂျန်ဖန်း နယ်ပယ်က တစ်ဆင့်နိမ့်ရုံသာမက ကျင့်ကြံရေးနည်းလမ်းတွေကလည်း အဆင့်အများကြီးနိမ့်၏။
သုံးကွက်တောင့်ခံနိုင်ဖို့တောင် အတော်လေးခက်ခဲပြီး ၁၀ ကွက်ဆိုရင်တော့ ပြောစရာကို မလိုတော့ပေ။
လီချင်ဖုန်း ဂျန်ဖန်းအား တိမ်စိမ်းဂိုဏ်းမဝင်စေချင်တာ သိသာလှ၏။
သို့ပေမယ့် ဂျန်ဖန်း ပျော်ရွင်သွားခဲ့သည်။
ထိုအရာက ဘယ်လောက်ခက်ခက် ကိစ္စမရှိပေ။ အနည်းဆုံးတော့ ရှားပါးသည့် အခွင့်အရေးတစ်ခုပဲဖြစ်သည်။
သူက အလျှင်အမြန်ပဲ စာရေးလိုက်သည်။
“စိတ်ခေါ်မှုကို ငါလက်ခံတယ်….”
လီချင်ဖုန်း အပြုံးတစ်ခုနှင့် ခေါင်းညိတ်လိုက်၏။
“ကောင်းပြီလေ, မင်းကျရှုံးရင်တော့ ငါ့ကို အခွင့်အရေးမပေးဘူးဆိုပြီး အပြစ်မတင်နဲ့…..”
“ပြီးတော့ ရှုရို့ရန် ခဏတာစိတ်ခံစားမှုကြောင့် တစ်ဘဝစာကျင့်ကြံရေး မနှောင့်နှေးစေဖို့ ဖျောင်းဖျပေးစေချင်တယ်…..”
ဂျန်ဖန်း သဘောတူသည့်အနေဖြင့် ခေါင်းညိတ်လိုက်သည်။
“သဘောတူတယ်…..”
လီချင်ဖုန်း အဆင့် ၉ စိတ်ဝိညာဥ်အမြစ်ကို ရှာဖို့ အပြုံးတစ်ခုနှင့်ထွက်ခွာသွားခဲ့သည်။
ရှုရို့ရန် စိုးရိမ်နေပြီး အရှေ့လျှောက်လိုက် အနောက်လျှောက်လိုက် လုပ်နေခဲ့သည်။
“ဖန်း, နင်ဘာလို့ သဘောတူလိုက်တာလဲ…..”
“ကျောင်းချီကျန့်ရဲ့ ကျင့်ကြံရေးက အရမ်းနက်ရှိုင်းတယ်။ နင် ဘယ်လိုလုပ် သူ့ လှုပ်ရှားမှု ၁၀ ခုကို အလွယ်တကူ ခုခံနိုင်မှာလဲ….”
ဂျန်ဖန်း သူမလေ့ကျင့်ရသေးသည့် အဆင့်မြင့်လက်ဝါးသိုင်း “ဦးတည်ချက်မဲ့နဂါးလက်ဝါး” ကိုတွေးပြီး မျက်လုံးထဲမှာ ယုံကြည်မှုတွေလင်းလက်သွားခဲ့သည်။
“သုံးရက်ပဲအချိန်ပေး, ငါသူနဲ့ တိုက်ဖို့ ယုံကြည်ချက်ရှိတယ်…..”
သူပြောသည့်အရာက တိုက်ပွဲတစ်ခု ဖြစ်ပြီး ၁၀ ကွက်ခုခံတာမဟုတ်ပေ။
ရှုရို့ရန် ထိုအရာကို မည်သို့ယုံကြည်နိုင်မည်နည်း။
သူမက သက်ပြင်းချလိုက်သည်။
“ကျောင်းချီကျန့်နဲ့ ဆက်ဆံရေးကောင်း အောင်ကြိုးစားကြည့်ပါလား…. အကဲဖြတ်စဥ်မှာ သူ နင့်ကို ညာပေးဖို့ မျှော်လင့်လို့ရတာပေါ့…..”
ဂျန်ဖန်း အပေါ်ယံအားဖြင့် သဘောတူလိုက်သည်။
ထွက်လာသည်နှင့် သူက နဂါးလမ်းကြောင်းကို ဦးတည်လိုက်၏။
သိုင်းကျမ်းတစ်ခုလေ့ကျင့်ဖို့ အကောင်းဆုံးနည်းလမ်းက အစစ်အမှန်တိုက်ပွဲတွေပဲ ဖြစ်သည်။
မမျှော်လင့်စွာနှင့် ဂိတ်တံခါးကို ရောက်သည့်အခါ သူက ကျန်းချီကျောက်ကို မြင်လိုက်ရသည်။ မျက်နှာပေါ်မှာ လက်ဝါးရာတစ်ခုရှိနေဆဲ ဖြစ်ပြီး အလွန်ဒေါသထွက်နေခဲ့သည်။
“ဘာလို့ ရှုရို့ရန်ရဲ့ ကိစ္စကို ဖုံးကွယ်ထားတာလဲ။ မင်းကြောင့် ငါ့ဆရာ ပါးရိုက်တာခံရတာ…..”
“မင်း ရည်ရွယ်ချက်ရှိရှိလုပ်တာမလား….”
ဂျန်ဖန်း ပဟေဠိဖြစ်သွားခဲ့သည်။
သူက စာရေးလိုက်သည်။
“ဘယ်သူကမောက်မာပြီး ငါနဲ့ငါ့ဇနီးကို စကားတစ်ခွန်းမှမပြောခိုင်းပဲ မောင်းထုတ်လိုက်တာလဲ…..”
“မင်းကို ဘယ်သူမှဖိအားမပေးဘူး….”
“ပါးရိုက်ခံရတာ မင်းကိုယ်မင်း အပြစ်မတင်ပဲ အခြားလူကို အပြစ်တင်နေတယ်။ မင်းဆရာ မင်းကို အရူးလို့ခေါ်တာ မအံ့သြတော့ပါဘူး…..”
ကျောင်းချီကျန့် ဒေါသတကြီးလက်သီးဆုပ်ပြီး အော်ပြောလိုက်သည်။
“ရိုင်းစိုင်းလိုက်တာ…. မင်း ငါ့ကို ဒီလို ပြောရဲတယ်ပေါ့…..”
ဂျန်ဖန်း ကြောက်မသွားပေ။
“တိုက်ခိုက်ချင်လို့လား…. ဘယ်သူ့မှ ကြောက်မနေဘူးနော်….”
ကျောင်းချီကျန့် တကယ်ပဲ သူ့ကို ဖိချပြီး ရိုက်နှက်ချင်နေ၏။
သို့ပေမယ့် ခုလေးတင် သူ့ဆရာကို ဒေါသထွက်အောင်လုပ်ထားသည်ဖြစ်၍ ရှုမိသားစုအပြင်ဘက်၌ မလှုပ်ရှားရဲပေ။
သူက ဂျန်ဖန်းကို မုန်းတီးစွာနှင့် စိုက်ကြည့်လိုက်သည်။
“ငါ့မင်္ဂလာကိစ္စနဲ့ အလုပ်တွေပြီးသွားရင် မင်းကို သင်ခန်းစာတစ်ခုပေးရမယ်….”
ဂျန်ဖန်း စဥ်းစားနေလိုက်သည်။
မင်္ဂလာကိစ္စ?.....
မကြာသေးခင်က ချန်းစီလင်လည်း မင်္ဂလာကိစ္စတစ်ခုရှိခဲ့၏။ ချန်းယုချိုတောင် သူ့ကို အကဲဖြတ်ပေးဖို့ မေးသေး၏။
‘ဒီလောက်လူအများကြီး မင်္ဂလာဆောင်နေကြတာလား…..’
အများကြီးမတွေးတော့ပဲ သူက နဂါးလမ်းကြောင်းကို သွားလိုက်သည်။
ပြဿနာတွေရှောင်ရှားဖို့ သူက နံပါတ် ၁ အရိပ်စောင့်မျက်နှာဖုံးကို ဝတ်ဆင်လိုက်သည်။ ထို့နောက် အထဲကို အလျှင်အမြန်ဝင်သွားကာ အပေါ်ကို တက်သွားတော့သည်။
၉ ဆင့်မြောက်ကို ရောက်သည့်အခါ…..
ရုတ်တရက် ထူးဆန်းသည့်အသံတစ်ခုကို ကြားလိုက်ရသည်။
“ဂျန်ဖန်း, ငါနင့်ကို သတ်မယ်….”
“နင့်ကို အပိုင်းပိုင်းဆုတ်ဖြဲပစ်မယ်…..”
“သေတဲ့အထိ ခုတ်သတ်ပစ်မယ်…..”
ကြောက်လန့်စွာနှင့် သူက အလျှင်အမြန်ပဲ ပြန်ဆင်းလာခဲ့သည်။
အနီးကပ်ကြည့်လိုက်သည့်အခါ…..
၉ လွှာမှာမျက်ရည်တွေဖြင့် ရပ်နေသည့် ရှုယင်းရင်းကို မြင်လိုက်ရသည်။ သူမက ချန်းကျန်တောက်၏ စမ်းသပ်မှုကို တိုက်ခိုက်နေခဲ့သည်။
သို့ပေမယ့် သူမက ဂျန်ဖန်းနာမည်ကိုသာ ရေရွတ်နေခဲ့သည်။
“သူမ ရူးနေတာလား…..”
ဂျန်ဖန်းတွေးပြီး မျက်မှောင်ကြုတ်လိုက်သည်။
ချန်းကျန်တောက်စမ်းသပ်မှုက အလွယ်တကူ ချိုးဖြတ်နိုင်သည့် အရာမဟုတ်ပေ။
မကြာမီ သူမရှုံးနိမ့်ပြီး လွင့်ထွက်လာခဲ့သည်။
သူမမျက်လုံးတွေက နီရဲနေပြီး ဆက်လက်တိုက်ခိုက်ဖို့ပြင်လိုက်၏။ သို့ပေမယ့် သူမဘေးမှာ တစ်စုံတစ်ယောက် မတ်တပ်ရပ်နေတာကို သတိထားမိလိုက်သည်။
လှည့်ကြည့်လိုက်သည့်အခါ နံပါတ် ၁ ထွင်းထားသည့် မျက်နှာဖုံးကို တွေ့လိုက်ရသသည့်အခါ ချက်ချင်းပဲ အံ့အားသင့်သည့်အမူအရာ ဖြစ်သွားသည်။
ထို့နောက် ခုလေးတင်ပြောနေတာတွေကို သတိရသွားပြီး မျက်နှာနီရဲသွားခဲ့သည်။
“နင်အားလုံးကြားလိုက်တာလား….”
ဂျန်ဖန်း ပါးစပ်တွန့်လိမ်သွားသည်။ သူက နားလေးမဟုတ်ပေ။
“မင်းကိစ္စတွေကို ငါဝင်မပါပါဘူး….”
သူက သာမန်အတိုင်းပြောလိုက်သည်။
ရှုယင်းရင် အလျှင်အမြန်ရှင်းပြလိုက်သည်။
“သူနဲ့ငါ့ကြားမှာ ဘာမှမရှိပါဘူး…. နင် နားလည်မှုမလွဲနဲ့…..”
သူမက အလွန်စိတ်လှုပ်ရှားနေပြီး ဘာပြောရမှန်းမသိတော့ပေ။
နံပါတ် ၁ အရိပ်စောင့်နှင့် နောက်တစ်ကြိမ်ပြန်တွေ့တာက သူမမျှော်လင့်တာထက် ကျော်လွန်နေပြီ ဖြစ်သည်။
သို့ပေမယ့် ဤကဲ့သို့နည်းလမ်းနှင့် ဆုံတွေ့တာက အမှန်တကယ် ရှက်စရာကောင်းလှ၏။
သူမ၏ ငိုနေသည့်မျက်နှာကိုကြည့်ပြီး ဂျန်ဖန်း လေးလေးနက်နက် တွေးလိုက်သည်။
“မင်းလှုပ်ရှားမှုနည်းလမ်း လေ့ကျင်ချင်လား….”
ကျောက်စိမ်းပုတီးစေ့ရပြီးကတည်းက သူက ထိုကျင့်ကြံရေးနည်းလမ်းကို ရရှိခဲ့ပြီး ရုပ်ထုအောက်က ရတနာတွေလည်း ရှာတွေ့ခဲ့၏။
သူက အတော်လေး အပြစ်ရှိသလို ခံစားမိ၏။
ထိုအရာတွေက စွမ်းအားရှင် ရှုယင်းရင်းအတွက် ချန်ထားခဲ့တာဖြစ်သည်။
သို့ပေမယ့် သူက အားလုံးကို ယူခဲ့၏။
ထိုအရာအတွက် သူမကို လှုပ်ရှားမှုနည်းလမ်း ဘာကြောင့် မသင်ပေးရမည်နည်း။
ရှုယင်းရင်း မျက်နှာ ချက်ချင်းနီရဲသွားခဲ့သည်။
“နင်က ငါ့ကို လှုပ်ရှားမှုနည်းလမ်းသင်ပေးမယ်….. တကယ်လား….”
ဂျန်ဖန်း ထပ်မပြောတော့ပေ။ သူက သူမလက်ကိုဆုပ်ကိုင်လိုက်ပြီး မျက်လုံးမိတ်လိုက်သည်။
ရှုယင်းရင်းနှလုံးသားက ချက်ချင်းပဲ ခုန်ပေါက်လာခဲ့သည်။ သူမ၏ မျက်နှာကလည်း နီရဲလာပြီး ရှုက်ရွံ့စွာနှင့် နှုတ်ခမ်းနီနီလေးကို တင်းကြပ်စွာ ဖိကိုက်ထားခဲ့သည်။
ထို့နောက် သူမလည်း မျက်လုံးမိတ်လိုက်သည်။
သူတို့နှစ်ယောက်လုံးက ချန်းကျန်တောက် စပ်သပ်မှုထဲကို ဝင်ရောက်သွားကြသည်။
ဂျန်ဖန်းပြောလိုက်သည်။
“ငါ နင့်ကို ငန်းရိုင်းအရိပ်ခြေလှမ်းသိုင်း သင်ပေးမယ်။ အဲ့လှုပ်ရှားမှုနည်းလမ်းက အရမ်းခက်တယ်။ ဒါကြောင့် ဂရုတစိုက် လေ့လာပါ…..”
သူက သူမကို လက်ချင်းထပ်သင်ကြားပေခဲ့သည်။
ရှုယင်းရင်က နားလည်နိုင်စွမ်းအလွန်ကောင်းပြီး နေ့တစ်ဝက်ကြာသည့်အခါ တိုးတက်မှုရှိလာခဲ့သည်။
“ဒီအပိုင်းကို မင်းအဆုံးသတ်လိုက်။ ငါ မနက်ဖြန် ပြန်လာပြီး ဆက်သင်ပေးမယ်….”
ပြောပြီးနောက် သူက ၁၂လွာကို စိန်ခေါ်ဖို့ သွားလိုက်သည်။
ထိုနေရာရှိ စမ်းသပ်မှုကပိုလို့တောင်သန်မာနေပြီး အခြေခံတည်ဆောက်ခြင်း အဆင့် ၃ အတူတူပဲဖြစ်သည်။ ဂျန်ဖန်း လုံးဝကို အောက်စည်းရောက်နေခဲ့သည်။
အကွက်ရေတစ်ရာလောက်ဖလှယ်ပြီးနောက် သူက ရှုံးနိမ့်သွားခဲ့သည်။
ထိုအရာက ဂျန်ဖန်း ခရမ်းဓားနှင့် လှုပ်ရှားမှုနည်းလမ်းကို ရည်ရွယ်ချက်ရှိရှိ အသုံးမပြုခဲ့တာကြောင့်ဖြစ်သည်။
သူက ဦးတည်ချက်မဲ့နဂါးလက်ဝါးကိုသာ အသုံးပြုနေပြီး လက်ဝါးသိုင်းကို တိုးတက်အောက်စဥ်ဆက်မပြတ်ပြုလုပ်နေခဲ့သည်။
ညနေစောင်းသည့်အခါ…
သူက ပင်ပန်းစွာနှင့် ပြန်လာခဲ့လိုက်သည်။
ရတနာ အဆောက်အဦးနားက ဖြတ်သွားစဥ် ဝိညာဥ်ဆရာအလုပ်သင် ခေါ်ယူနေသည့်ဆိုင်းဘုတ်ကို မြင်ပြီး သူကတိပေးထားသည့် အရေးကြီးကိစ္စကို သတိရသွားခဲ့သည်။
သူက ချက်ချင်းပဲ ချန်မိသားစုကို သွားလိုက်သည်။
သေချာပေါက် သူက အဝတ်လဲဖို့ မမေ့ခဲ့ပေ။
မကြာမီ, ချန်မိသားစု အနောက်ဘက်ခြံဝန်းထဲ၌…..
ချန်းစီလင် လေးလေးစားစား ပြောလိုက်သည်။
“စီနီယာ, ခေါ်ထားတဲ့ အရည်အချင်းပြည့် အလုပ်သင်အားလုံး ရောက်နေပါပြီ…..”
ဂျန်ဖန်း သူတို့တစ်ယောက်ချင်းစီကို ကြည့်လိုက်သည်။
သူ့မျက်လုံးတွေ သပ်ရှင်းသပ်ရပ်သည့် လူအိုကြီးဆီကျရောက်သွားသည့်အခါ ခဏရပ်တပ်သွားခဲ့သည်။
ဤလူအိုကြီးက အတော်လေး ရင်းနှီးနေသည်ဟု ခံစားရ၏။
“မင်းနာမည် ဘယ်သူလဲ…..”
ချင်ဝမ်ယွမ် ပြုံးလိုက်ပြီး လေးလေးစားစားပြောလိုက်သည်။
“ဆရာသခင်ကို တင်ပြပါတယ်။ ငါ့နာမည်က ဟွမ်းဝမ်ယွမ်ပါ…..”