← Chapters

အပြစ်မှားသင့်သည့်လူကို ပြစ်မှားမိခြင်း

Vol. 5 Ch. 71

အပြစ်မှားသင့်သည့်လူကို ပြစ်မှားမိခြင်း

Vol. 5 Ch. 71

“ဟွမ်းဝမ်ယွမ်….”

ဂျန်ဖန်း စဥ်းစားနေခဲ့သည်။

သူ့မှတ်ညဏ်ထဲ၌ ထိုနာမည်နဲ့လူကို မသိပေ။

ဘာကြောင့် ရင်းနှီးသလိုဖြစ်နေရသနည်း။

ထားလိုက်, မေ့လိုက်တော့…..

“ဒီလူတွေထဲက ဘယ်သူ့ကိုမင်းပိုသဘောကြလဲ…..”

ဂျန်ဖန်း မေးလိုက်သည်။

ချန်းစီလင် ဟွမ်းဝမ်ယွမ်ကို ညွှန်ပြလိုက်သည်။

“ဒီလူအိုကြီးက အခြားနေရာတစ်ခုမှာ ဝိညာဥ်သခင်အလုပ်သင်အဖြစ် နှစ်ပေါင်းများစွာအလုပ်လုပ်ခဲ့တာ….”

“သူက ပစ္စည်းအမျိုးမျိုးနဲ့ ရင်းနှီးကျွမ်းဝင်သလို ဆေးဖော်စပ်တာကို နားလည်တယ်….”

ဂျန်ဖန်း ခေါင်းညိတ်လိုက်၏။

“ကောင်းပြီ…. မင်းဒီကိုလာခဲ့၊ ငါ မင်းကို အရင်ဆုံးသင်ပေးမယ်…..”

ဟွမ်းဝမ်ယွမ် ထပ်ခါထပ်ခါ အရိုအသေပေးလိုက်ပြီး သူ့မျက်နှာမှာ ပျော်ရွင်မှုတွေနှင့် ပြည့်နှက်နေခဲ့သည်။

“ကျေးဇူးတင်ပါတယ် ဆရာ၊ ကျေးဇူးတင်ပါတယ် ဆရာ….”

စိတ်ထဲမှာတော့ လှောင်ပြောင်နေခဲ့သည်။

သူက ချန်မိသားစုဖိတ်ခေါ်ထားသည့်ပုဂ္ဂိုလ် ဘယ်လောက်ကြီးမြတ်လဲဆိုတာ မြင်ချင်မိ၏။

ချင်မိသားစု အသက်သွေးကြောကို ဖြတ်တောက်ချင်သည်တဲ့လား?...

ချင်းဝမ်ယွမ် သဘောတူမတူ အရင်မေးရမည်ဖြစ်သည်။

ဂျန်ဖန်း ပြောလိုက်သည်။

“လူတိုင်း ဝိညာဥ်သခင်မဖြစ်နိုင်ရတဲ့ အကြောင်းအရင်းက ဝိညာဥ်စွမ်းအား လုံလောက်အောင်မသန်မာလို့ပဲ….”

“ဒါပေမယ့် ငါ့နည်းလမ်းနဲ့ဆိုရင် မင်းတို့က ပစ္စည်းတွေကို အကြမ်းဖျဥ်းအားဖြင့် သန့်စင်နိုင်မယ်။ ဒါဆို အဆင့်နိမ့်ချီကျင့်ကြံခြင်းအရည် သန့်စင်နိုင်လာလိမ့်မယ်….”

ဟွမ်းဝမ်ယွမ် အပြင်ပိုင်းမှာတော့ ရိုသေလေးစားပုံ ရှိနေ၏။

“အကြီးအကဲရဲ့ သင်ကြားမှုကို ဂရုတစိုက် နားထောင်နေပါတယ်….”

ဂျန်ဖန်းခေါင်းညိတ်လိုက်ပြီး ထိုက်ယင် ဝိညာဥ်နည်းလမ်းသုံးကာ ဟွမ်းဝမ်ယွမ်ကို သင်ပေးလိုက်သည်။

ခဏကြာပြီးနောက်…..

ဂျန်ဖန်း အနည်းငယ်အံ့အားသင့်သွားခဲ့သည်။

“မင်းက တတ်လွယ်သားပဲ…..”

ဟွမ်ဝမ်ယွမ် ချီကျင့်ကြံခြင်းအရည် တစ်ပုလင်း ကျွမ်းကျွမ်းကျင်ကျင် သန့်စင်နိုင်တာမြင်သည့်အခါ သူက မအံ့သြပဲမနေနိုင် ဖြစ်သွားခဲ့သည်။

“မင်းက ဆေးဖော်စပ်ဖို့ ပါရမီရှိသားပဲ….”

ဟွမ်းဝမ်ယွမ် ဟန်လုပ်ပြုံးလိုက်သည်။

“ငါ့ အရည်အချင်းက သာမန်ပါပဲ။ ဝိညာဥ်သခင်အလုပ်သင်တစ်ယောက် ဒါကိုလုပ်နိုင်တာ ပုံမှန်ပါပဲ…..”

“ရိုးရိုးသားသားပြောရရင် မင်းသင်ပေးတာတွေက ငါအရင်က သင်ခဲ့တာတွေလောက်တောင် ကောင်းမနေဘူး…..”

သူပြောလိုက်သည်နှင့်တစ်ပြိုင်နက်….

အခြားလူတွေလည်း ဂျန်ဖန်းကို သံသယရှိစွာကြည့်လိုက်ကြသည်။

ဟမ်?.....

သူ့စကားတွေထဲ၌ ရန်လိုမှုကို ခံစားမိပြီး ဂျန်ဖန်မျက်လုံးတွေ အနည်းငယ်မှေးကျဥ်းသွားခဲ့သည်။

“မင်းကြည့်ရတာ ငါ့ကိုသိပ်မယုံကြည်သလိုပဲ….”

ဟွမ်ဝမ်ယွမ် လက်ချင်းယှက်ပြီးပြောလိုက်သည်။

“စကားပုံတောင်ရှိသေးတယ်မလား…. မျက်စိနဲ့မြင်ရမှ ယုံမယ်ဆိုတာလေ….”

“မင်းစွမ်းရည်ကို ငါမမြင်ဖူးဘူး။ ဒီတော့ ဘယ်လို ယုံကြည်ရမှာလဲ….”

အထီးကျန်လှေမြို့လို နေရာသေးသေးလေး၌ ကြယ်သုံးလုံး ဝိညာဥ်သခင် နေထိုင်မယ်လို့ သူ မယုံပေ။

ဤကဲ့သို့ပုဂ္ဂိုလ်တွေက လွမ်းမိုးနိုင်စွမ်းရှိသည့် ပုံရိပ်တွေချည်း ဖြစ်ကြသည်။

ဘာကြောင့်အထီးကျန်လှေမြို့မှာနေပြီး ချန်မိသားစုအတွက် ဝိညာဥ်သခင် အလုပ်သင်လေ့ကျင့်ပေးနေမည်နည်း။

ဂျန်ဖန်း သူ့ကို တစ်ချက်ကြည့်လိုက်၏။ ထို့နောက် မငြိမ်မသက်ဖြစ်နေသည့် အခြားလူတွေကိုကြည့်ပြီး ထူးမခြားနားစွာ ပြောလိုက်သည်။

“ကောင်းပြီလေ, ငါ ချီကျင့်ကြံခြင်းအရည် တစ်ပုလင်း သန့်စင်ပြမယ်…..”

ဟွမ်ဝမ်ယွမ်မျက်နှာပေါ်၌ လှောင်ပြုံးတစ်ခုရှိနေခဲ့သည်။

ထိုအရာက သူစောင့်မျှော်နေသည့် အခိုက်အတန့်ပဲ ဖြစ်သည်။

သူ၏ ဆယ်စုနှစ်ကြာအတွေ့အကြုံကို သုံးပြီး ဂျန်ဖန်းအမှားတွေရှာဖို့ ရည်ရွယ်ထားခဲ့၏။

ထိုပုဂ္ဂိုလ်သာ သူ့လောက်မတော်ခဲ့လျှင်….

အရှက်ခွဲဖို့ဖို့ တွေဝေမနေပဲ ရှေ့ဆက်မရအောင် ပြုလုပ်မည်ပဲ ဖြစ်သည်။

သူ့ထက်အနည်းငယ်သာခဲ့လျှင်လည်း အဆင်ပြေ၏။

ဝိညာဥ်သခင်တိုင်းမှာ ကိုယ်ပိုင် အလေ့အကျင့်ဆိုးတွေရှိ၏။

သူက အမှားရှာပြီး ထိုလူကို ဝိညာဥ်သခင်အလုပ်သင်လေ့ကျင့်သည့် အစီအစဥ်ပျက်သည်အထိ ဝေဖန်ရမည် ဖြစ်သည်။

ဂျန်ဖန်း စကားတွေဖြင့် အချိန်ဖြုန်းမနေတော့ပဲ ပစ္စည်းတွေကို ကျွမ်းကျင်စွာကောက်ယူလိုက်၏။ သူ၏ယခုလက်ရှိအဆင့်၌ ကျွမ်းကျင်မှု အထွတ်အထိပ်ကို ရောက်နေပြီပဲဖြစ်သည်။

သူက ဆေးမီးဖိုတောင်မသုံးပဲ လက်ဝါးထဲမှာ တိုက်ရိုက်သန့်စင်လိုက်၏။

ထိုအရာကိုမြင်သည့်အခါ, ဟွမ်းဝမ်ယွမ် ကျယ်လောင်စွာရယ်မောလိုက်သည်။

“ဆေးမီးဖိုမသုံးဘူး…. မင်းက ဒါကို ဆေးသန့်စင်တာလို့ ခေါ်တာလား….”

ဆေးသန့်စင်ခြင်း…. ဆေးသန့်စင်ခြင်း…

အနည်းဆုံးတော့ ဆေးသန့်စင်ဖို့ အိုးတစ်ခုလိုတာပဲဖြစ်သည်။

လက်ဝါးထဲ၌ တိုက်ရိုက်သန့်စင်သည်လား?....

ထိုအရာက ကြားတောင်မကြားဘူးပေ။

ဖုန်မှုန့်၊ အနံ့အသက်၊ ချွေး အစရှိတဲ့ လက်မှအကျစ်အကြေးတွေက ဆေးဝါးကို ထိခိုက်စေမည်ပဲဖြစ်သည်။

အဆိုးဆုံးကတော့ ချီကျင့်ကြံခြင်းအရည်၏ အဆင့်ကို လျော့ကျသွားစေမည်ပဲဖြစ်သည်။

ကျရှုံးသွားတာမျိုးတောင်ဖြစ်နိုင်၏။

ထိုပုဂ္ဂိုလ် လက်ဝါးထဲ၌ ချီကျင့်ကြံခြင်း အရည်သန့်စင်သည့်အချက်က ဟွမ်းဝမ်ယွမ်ကို စိတ်အေးသွားစေခဲ့သည်။

ဘာကို ကြီးမြတ်တဲ့ပုဂ္ဂိုလ်လဲ?.....

ကမ္ဘာကြီးကို လိမ်လည်နေသည့် လူလိမ်တစ်ယောက်သာဖြစ်သည်။

သူက ဆေးပညာနှင့်ပတ်သက်ပြီး ဘာမှမသိပေ။

သို့ပေမယ့် တဖြည်းဖြည်း ဟွမ်ဝမ်ယွမ် နောက်ထပ် မရယ်နိုင်တော့ပေ။

ဂျန်ဖန်းလက်ထဲက ဆေးဝါးတွေ တဖြည်းဖြည်း ရေခဲပန်းပုကဲ့သို့ ကြည်လင်လာနေတာကို သူမြင်လိုက်၏။

လက်ဝါးထဲ၌ စိတ်ဝိညာဥ်စွမ်းအင် တုန်ခါနေပြီး ကြည်လင်သည့်ပစ္စည်းတွေက အပိုင်းအစတွေအဖြစ် ကွဲကျေသွားခဲ့သည်။

အထဲမှအရည်တွေ တစ်စက်ပြီးတစ်စက် ထွက်လာခဲ့ပြီး အကြွင်းအကျန်တွေတော့ လွင့်စင်ထွက်ကုန်၏။

ဂျန်ဖန်း ကျောက်စိမ်းပုလင်းတစ်ခုကို ကောက်ယူပြီး အရည်အားလုံးကို အလျှင်အမြန်ပဲ စုဆောင်းလိုက်သည်။

တစ်ခဏအတွင်း…..

မည်သည့်အညစ်အကျေးမှမပါပဲ လုံးဝသန့်စင်နေသည့် ချီကျင့်ကြံခြင်းအရည် တစ်ပုလင်း ထွက်ပေါ်လာခဲ့သည်။

ဟွမ်ဝမ်ယွမ် အသက်ပြင်းပြင်းရူလိုက်၏။

“အထွတ်အထိပ်အဆင့် ချီကျင့်ကြံခြင်းအရည်…”

“ဒါက ကြယ်လေးလုံးဝိညာဥ်သခင်မှ သန့်စင်နိုင်တာမလား….”

လက်စသတ်တော့ သူ့ရှေ့ကလူက ကြယ်သုံးလုံးဝိညာဥ်သခင်တင် မကပေ။

အမှန်တကယ်တော့ ကြယ်လေးလုံး ဝိညာဥ်သခင်ဖြစ်နေခဲ့သည်။

ယခုမှသာ သူ နားလည်သွားခဲ့သည်။

အခြားလူက ဆေးမီးဖိုမသုံးတာ ဆေးပညာကို နားမလည်လို့မဟုတ်ပေ။

အဘယ်ကြောင့်ဆိုသော် ချီကျင့်ကြံခြင်း အရည်ကဲ့သို့ အဆင့်နိမ့် အရည်မျိုးအတွက် ဆေးမီးဖိုမလိုအပ်သည့်အတွက် ဖြစ်သည်။

လက်နဲ့တင်ပဲ အထွတ်အထိတ်အဆင့် ရနေပြီပဲဖြစ်သည်။

ဂျန်ဖန်း သူ့ကို ထူးမခြားနားစွာ တစ်ချက်ကြည့်လိုက်သည်။

“မေးစရာရှိသေးလား…..”

ဟွမ်ဝမ်ယွမ်ခန္ဓာကိုယ် တုန်ယင်သွားခဲ့သည်။

သူ့ရှေ့ကလူက ကြယ်လေးလုံး ဝိညာဥ်သခင် ဖြစ်၏။ ကြယ်လေးလုံး ဖြစ်၏။

ဤကဲ့သို့ စွမ်းအားကြီးတည်ရှိမှုက ကောင်းကင်ဘုံစက်ယန္ဒယားခန်းမမှာတောင် မရှိပေ။

ဤကဲ့သို့ ကြောက်စရာတည်ရှိမှုမျိုးနှင့် တွေ့ဆုံးဖို့ သူ့မှာ အရည်အချင်းမရှိပေ။

ဒုန်း!

သူက ချက်ချင်းပဲ မြေပြင်ပေါ်ဒူးထောက်ချ လိုက်သည်။

“ဂျူနီယာအကြီးအကဲကို အရိုအသေပေးပါတယ်….”

ဂျန်ဖန်း အခြားလူတွေကိုကြည့်လိုက်သည်။

“မင်းတို့ကောဘယ်လိုလဲ…. သံသယရှိကြသေးလား….”

သူတို့ရှေ့မှ အထွတ်အထိပ်အဆင့် ချီကျင့်ကြံခြင်းအရည်နှင့် မည်သူက သံသယရှိရဲမည်နည်း။

ချန်းစီလင်မျက်လုံးတွေတောင် အံ့သြမှုကြောင့် ပြူးကျယ်နေခဲ့သည်။

ဂျန်ဖန်းက အမြဲတမ်း ချန်မိသားစုအတွက် ထိပ်တန်းအဆင့် ချီကျင့်ကြံခြင်းအရည်သာ သန့်စင်ပေးခဲ့၏။ ထို့ကြောင့် သူ့ကို ကြယ်သုံးလုံးဝိညာဥ်သခင်လို့ ထင်ခဲ့ကြ၏။

အမှန်တကယ်တော့, သူက ခွန်အားအစစ်အမှန်ကို ဖုံးကွယ်ထားတာပဲဖြစ်သည်။

ထိုအရာကြောင့် သူမက စိတ်ထဲမှာ ပိုလို့တောင် လေးစားသွားခဲ့သည်။

“ရို့ရန်က တကယ်ကံကောင်းတာပဲ။ ဒီလို ယောက်ျားမျိုးနဲ့တွေ့ရတယ်….”

သူမက ညင်သာစွာသက်ပြင်းချလိုက်၏။ ထို့နောက် မကြာခင်ရောက်လာတော့မည့် မင်္ဂလာကိစ္စကို သတိရသွားပြီး မျက်လုံးတွေ အရောင်မှေးမှိန်သွား၏။

ထို့နောက် ကိစ္စတွေက ပိုမိုးရိုးရှင်းလာခဲ့သည်။

သူ၏ လမ်းညွှန်မှုနှင့် အဖွဲ့ဝင်တွေ အလျှင်အမြန် တိုးတက်လာကြသည်။

ဟွမ်းဝမ်ယွမ် နှိမ့်ချစွာ ဘေးမှာ ရပ်နေပြီး တပည့်တစ်ယောက်ကဲ့သို့ ရိုသေကျိုးနွံ့နေခဲ့သည်။ သူက ဂျန်ဖန်းကို ကူပြီးအခြားအဖွဲ့ဝင်တွေကို သင်ကြားပေးနေခဲ့သည်။

မရည်ရွယ်ပဲ ဟွမ်းဝမ်ယွမ် ဂျန်ဖန်းကျောက ဓားရှည်ကို သတိထားမိလိုက်သည်။

ဓားတစ်ချောင်းလုံးက အဝတ်စဖြင့်ပတ်ထားပြီး အနည်းငယ်သာ ပေါ်နေခဲ့သည်။

သူက ၎င်းမှထုတ်လွတ်နေသည့် ထူးဆန်းသည့် ခရမ်းရောင်အလင်းတန်းကို မြင်လိုက်၏။

ခရမ်းရောင်အလင်းတန်းနှင့်ဓား….

ဘန်း!

ဟွမ်းဝမ်ယွမ် အသိစိတ်တစ်ခုလုံး ပေါက်ကွဲထွက်သွားခဲ့သည်။ တိမ်မြူခိုးဂူမှာ ထိပ်တန်းအဆင့် သွေးကြောချဲ့ထွင်ဆေးလုံး သန့်စင်သည့် ကြယ်သုံးလုံးဝိညာဥ်သခင်ကို ချက်ချင်း သတိရလိုက်သည်။

ဒါသူပဲ…..

သူ့ကိုကယ်ခဲ့သည့်လူက သူ့ရှေ့မှ အကြီးအကဲပဲဖြစ်သည်။

“ငါ စောစောသိခဲ့သင့်တယ်…. အထီးကျန်လှေမြို့မှာ ကြယ်သုံးလုံးနဲ့ ကြယ်လေးလုံးဝိညာဥ်သခင်တွေ အများကြီးမရှိနိုင်ဘူး….”

“သူတို့က လူတစ်ယောက်တည်းကိုး….”

ဂျန်ဖန်း၏ ၁၈နှစ်အရွယ်မျက်နှာကို တွေးပြီး ဟွမ်းဝမ်းယွမ် ပိုလို့တောင် အံ့သြလေးစားနေခဲ့သည်။

ဤကဲ့သို့သို့ ငယ်ငယ်ရွယ်ရွယ်ဖြင့် ထိုမျှလောက်စွမ်းအားကြီးနေပြီဖြစ်သည်။

အချိန်သာပေးလိုက်လျှင် သူ၏အောင်မြင်မှုက ပြိုင်ဘက်ကင်းမည်ပဲ ဖြစ်သည်။

ညနေစောင်းသည့်အခါ…..

ဂျန်ဖန်း သူတို့အားလုံးကို ညွှန်ကြားပြသပြီးသွားပြီဖြစ်သည်။

“အနာဂတ်မှာ, မင်းတို့အားလုံး ချန်မိသားစု စီစဥ်မှုနောက်ကို လိုက်ရမယ်။ မင်းတို့နားမလည်တာရှိရင် လမ်းညွှန်ပေးဖို့ ငါပြန်လာခဲ့မယ်…..”

ပြောပြီးနောက် သူက အလျှင်အမြန်ထွက်ခွာသွားခဲ့သည်။

ဟွမ်းဝမ်ယွမ် အလျှင်အမြန်ပဲ ခါးညွှတ်ကာ အရိုအသေပေးလိုက်သည်။ သူက ချန်မိသားစုဂိတ်တံခါးထိလိုက်ပို့ပြီး လူအုပ်ထဲကို ပျောက်ကွယ်သွားခဲ့သည်။

ချင်းချန်ရှန် ချန်မိသားစုအပြင်ဘက်ကနေ ထိုမြင်ကွင်းကိုကြည့်ပြီး အံ့အားသင့်နေခဲ့သည်။

“အဘိုး, မင်းဘာလုပ်နေတာလဲ….”

ဟွမ်ဝမ်ယွမ်….

ချင်းဝမ်ယွမ်ဖြစ်သင့်၏။

သူက သက်ပြင်းချလိုက်၏။

“မင်းမမြင်ဘူးလား…. ငါအကြီးအကဲကို လိုက်ပို့နေတာ….”

ဘာ?....

ချင်ချန်ရှန် တုန်လှုပ်သွားခဲ့သည်။

“အဘိုး, မင်း အဲ့လူကို သင်ခန်းစာပေးဖို့ သွားတာမဟုတ်ဘူးလား….”

“အခုဘယ်လိုလုပ်ပြီး သူ့ဂျူနီယာဖြစ်လာတာလဲ….”

ချင်းဝမ်ယွမ်၏ အိုမင်းသည့်မျက်နှာ နီရဲသွားပြီး ဆူပူကြိမ်းမောင်းလိုက်သည်။

“မင်းစောက်ရူးကောင်…. ငါမင်းနဲ့ ခုထိ စာရင်းမရှင်းရသေးဘူး….”

“ငါ ခုလေးတင် တိတ်တဆိတ် ချန်မိသားစုမှာ စုံစမ်းလာခဲ့တယ်။ ဒီကြယ်လေးပွင့် ဆရာကြီး ချန်မိသားစုကို ကူညီတာ မင်းက သူ့ကို စော်ကားမိလို့တဲ့….”

“ဒါကြောင့် သူက ချန်မိသားစုကို ကူပြီး ငါတို့ချင်မိသားစုကို ဖြုတ်ချချင်နေတာ….”

“မင်းက စိတ်ပျက်ဖို့ကောင်းတဲ့ စောက်ရူးပဲ။ ငါ မပြောခဲ့ဘူးလား…. လူတိုင်းနဲ့ မိတ်ဆွေဖွဲ့ဖို့၊ ဘယ်သူ့ကိုမှ အပြစ်မှားဖို့….”

“မင်း….. မင်းကတော့ မစော်ကားသင့်တဲ့ လူကိုတောင် စော်ကားလိုက်သေးတယ်….”

“အထုပ်တွေပြင်ပြီး ညတွင်းခြင်းလှုပ်ရှားမယ်။ ငါတို့ချင်မိသားစု အထီးကျန်လှေမြို့မှာ နောက်ထပ်နေလို့မရတော့ဘူး….”

သူ့မိသားစု ကြယ်လေးလုံးဝိညာဥ်သခင်ကို ပြစ်မှားမိတာကိုတွေးပြီး သူက အေးစက်မှုကို ခံစားလိုက်ရသည်။ အထီးကျန်လှေမြို့၌ နောက်ထပ် တစ်ခဏလေးတောင် မနေရဲတော့ပေ။

ချင်ချန်ရှန် စိတ်ရှုပ်ထွေးသွားခဲ့သည်။

“ငါ ဘယ်သူ့ကိုမှ မစော်ကားမိပါဘူး…..”

ချက်ချင်းပဲ သူက ဂျန်ဖန်းကို တွေးလိုက်မိသည်။

သို့ပေမယ့် ဂျန်ဖန်းက ဘာမှမဟုတ်သည့် ကောင်ဖြစ်ပြီး ကြယ်လေးလုံးဝိညာဥ်သခင်နှင့် မဆက်စပ်နိုင်ပေ။

သူ့အကြောင်းတွေးမိသည့်အခါ ချင်ချန်ရှန် မျက်လုံးတွေ ကြမ်းကြုတ်လာခဲ့သည်။

“အဘိုး, ငါတို့ထွက်မသွားခင် ဂျန်ဖန်းကို သင်ခန်းစာပေးသင့်တယ်….”

သူက ဂျန်ဖန်း ချင်မိသားစုဝင်တွေကို ထိခိုက်အောင်လုပ်သည့်ကိစ္စအား ချဲ့ကားပြောလိုက်သည်။

သူပြောပြီးသည့်အခါ ချင်ဝမ်ယွမ် လှောင်ပြောင်လိုက်၏။

“ငါတို့ချင်မိသားစု ကျဆင်းနေတယ်ဆိုရင်တောင်, ရှုမိသားစု သားမက်တစ်ယောက် အနိုင်ကျင့်တာ ခံလို့မရဘူး…..”

“အရင်ဆုံးပြန်ပြီး ထုပ်ပိုးမယ်။ ပြီးရင် ငါတို့ သူနဲ့ စာရင်းသွားရှင်းမယ်….”

All Chapters