← Chapters

စက်ရှုပ်အထင်သေးဖွယ်ကောင်းသော

Vol. 5 Ch. 72

စက်ရှုပ်အထင်သေးဖွယ်ကောင်းသော

Vol. 5 Ch. 72

နောက်တစ်နေ့၌….

ဂျန်ဖန်း လှုပ်ရှားမှုနည်းလမ်းသင်ပေးဖို့ နဂါးလမ်းကြောင်းကို သွားလိုက်သည်။

ရှုယင်းရင် အချိန်တော်ကြာ စောင့်နေခဲ့ပြီး ပါးပြင်က အနည်းငယ်နီရဲနေခဲ့သည်။ သူမ မျက်လုံးတွေထဲ၌ မျှော်လင့်မှုနှင့် ရှက်ရွံ့မှု အရိပ်ယောင်တွေ ကိန်းအောင်းနေခဲ့သည်။

“ဝင်ကြစို့…..”

ဂျန်ဖန်း အမူအရာကင်းမဲ့စွာပြောလိုက်သည်။

ချန်ကျန်တောက်စမ်းသပ်မှုထဲ၌ သူမကို လှုပ်ရှားမှုနည်းလမ်း ဆက်လက်သင်ကြားပေးနေခဲ့သည်။

နေ့တစ်ဝက်ကြာပြီးနောက် သူမကို အပိုင်းအများစုသင်ပေးပြီးပြီဖြစ်သည်။ သူက ဦးတည်ချက်မဲ့နဂါးလက်ဝါးသိုင်း လေ့ကျင့်ဖို့ ၁၂လွာကို ဝင်ရောက်သွားခဲ့သည်။

နှစ်ရက်လေ့ကျင့်ပြီးနောက်….

သူက ပထမအဆင့်ကို ပြီးပြည့်စုံခြင်းနား ကပ်နေပြီပဲဖြစ်သည်။ နောက်ထပ်တစ်ရက်လောက်လေ့ကျင့်ပြီးသည်နှင့် လုံဝပြီးပြည့်စုံသွားပြီပဲဖြစ်သည်။

အောင်မြင်ခြင်းကြီးအဆင့်ရောက်လျှင် ကျောင်းချီကျန့်နှင့် တိုက်ခိုက်နိုင်မလားဆိုတာ သူက အလွန်သိချင်နေခဲ့သည်။

ဦးတည်ချက်မဲနဂါးလက်ဝါးသိုင်း အစစ်အမှန် ဘယ်လောက်အားကောင်းလဲ ဆိုတာကိုလည်း သိချင်နေခဲ့သည်။

သူ၏ပင်းပန်းနွမ်းနယ်နေသည့်ခန္ဓာကိုယ်ကိုသယ်ဆောင်ပြီးအိမ်ပြန်ရောက်သည့်အခါ…..

အဝေးမှ ကျက်သရေရှိသည့်ပုံရိပ်တစ်ခုကို မြင်လိုက်ရသည်။ ထိုပုံရိပ်က မှိန်ပျပျမီးအိမ်တစ်ခုကို ကိုင်ထားပြီး သူအပြန်ကိုစောင့်မျှော်နေခဲ့သည်။

“ရို့ရန်….”

ဂျန်ဖန်း ပတ်ဝန်းကျင်မှာ ဘယ်သူမှမရှိတာ သေချာဖို့ ကြည့်လိုက်သည်။ ထို့နောက် ကြင်နာယုယစွာနှင့် သူမကို ပွေ့ဖက်လိုက်သည်။

ရှုရို့ရန် အမူအရာက ရှုပ်ထွေးနေပြီး ပြောလိုက်သည်။

“ချန်းစီလင် လာသွားတယ်….”

ဂျန်ဖန် ခန့်မှန်းလိုက်၏။

သူမက ရှုရို့ရန် အကြီးအကဲလီတပည့် ဖြစ်သွားသည့်အတွက် လာရောက်ဂုဏ်ပြုတာပဲဖြစ်ရမည်။

“သူမက နင့်ကို လာရှာတာ….”

ရှုရို့ရန်ပြောလိုက်သည်။ သူမမျက်လုံးတွေက မကျေနပ်ချက်တွေနှင့် ပြည့်နှက်နေခဲ့သည်။

ဟမ်?....

ဂျန်ဖန်း အံ့အားသင့်သွားခဲ့သည်။

“ငါ့ကိုလာရှာတာလား…..”

ရှုရို့ရန်ပြန်ပြောလိုက်သည်။

“နင်တို့နှစ်ယောက် ဘယ်အချိန်က ဒီလောက်ရင်းနှီးသွားတာလဲ…..”

“သူမက နင့်ကို သူမစေ့စပ်သူ စစ်ဆေးပေးခိုင်းထားတာလား….”

အမ်….

ဒီတော့ ဒါက အဲ့ဒီကိစ္စကိုး…..

ဂျန်ဖန်း တစ်ဝက်မှန် တစ်ဝက်မှား ရှင်းပြလိုက်သည်။

“ဒါက ချန်မိသားစုခေါင်းဆောင်၏ တောင်းဆိုမှုပါ။ ငါသူ့ကို တစ်ခါကူညီဖူးတယ်။ ဒီတော့ သူက ငါ့ကို ယုံကြည်အားထားနေတာပါ…”

ဒီတော့ ဒါက ချန်းစီလင်အဖေစီစဥ်ထားတာပေါ့….

ရှုရို့ရန် စိတ်အခြေအနေကောင်းလာခဲ့သည်။

“အံ့သြစရာတော့မရှိပါဘူး။ နင်ကအခု အခြေခံတည်ဆောက်ခြင်းအဆင့် ၃ ကို ရောက်နေပြီပဲ။ အထီးကျန်လှေမြို့ရဲ့ ထိပ်သီးကျွမ်းကျင်သူတွေထဲက တစ်ယောက်ပဲလေ….”

“နင်က တစ်ယောက်ယောက်ကို စစ်ဆေးပေးတာ ကျိုးကြောင်းသင့်လျော်ပါတယ်….”

တစ်ခဏတွေးပြီးနောက် သူမက ထပ်ပေါင်းပြောလိုက်သည်။

“မနက်ဖြန် ငါလည်း လိုက်ခဲ့မယ်…..”

“ချန်စီလင် သတို့သားက ဘယ်လိုလဲဆိုတာ ငါလည်းမြင်ချင်သေးတယ်။ ပြီးတော့ နင့်ထက်ထူးချွန်လားဆိုတာပေါ့….”

အမ်….

ထိုအရာလည်း နှိုင်းယှဥ်ဖို့လိုအပ်တာပဲလား…..

အမျိုးသမီးတစ်ဦး၏ယှဥ်ပြိုင်လိုစိတ်က အဆုံးအစမရှိပါလား….

အာရုံတက်သည့်အခါ…..

ဂျန်ဖန်းနှင့် ရှုရို့ရန်တို့ ချန်မိသားစုကို ဦးတည်လိုက်ကြသည်။ လမ်း၌ အဆင့်မြင့် လက်ဆောင် ပစ္စည်းရောင်းဆိုင်ကို ဖြတ်လာကြ၏။

“ဒါက ချန်မိသားစုခေါင်းဆောင်ရဲ့ဖိတ်ခေါ်မှုဆိုမှတော့ လက်ဗလာနဲ့သွားရင် မယဥ်ကျေးရာ ကျလိမ့်မယ်….”

ရှုရို့ရန် လှည်းကို ရပ်ခိုင်းလိုက်သည်။

“နင်လှည်းထဲမှာစောင့်နေလိုက်…. ငါလက်ဆောင်အချို့သွားဝယ်လိုက်အုန်းမယ်….”

သူမက အစိမ်းရောင်ဝတ်စုံကိုဝတ်ဆင်ထားပြီး ရိုးရှင်းပေမယ့် ကျက်သရေရှိနေဆဲဖြစ်သည်။ နွေဦးကြာရွက်ကဲ့သို့ မျက်စိပသာဒ ဖြစ်စေ၏။

သူမ၏ ဖြူဖွေးသည့်အသားအရည်နှင့် ရင်သက်ရှုမောဖွယ်အလှအပက ဈေးဆိုင်ရှိ ဖောက်သည်တွေကို ဆွဲဆောင်နေခဲ့သည်။

“အို့…. ဂျူနီယာညီမ ရို့ရန်လား….”

ရှုရို့ရန် ကြည့်လိုက်သည့်အခါ ထိုအရာက လီချင်ဖုန်းတပည့်ဆိုတာ မြင်လိုက်သည်။

သူက ဂျန်ဖန်း၏ လာမည့်စိန်ခေါ်သူ ကျောင်းချီကျန့်ပဲဖြစ်သည်။

ဂျန်ဖန်း တိမ်စိမ်းဂိုဏ်းဝင်ရောက်ဖို့က သူတို့တိုက်ပွဲပေါ်မှာ မူတည်နေ၏။

သူမက ထိုကိစ္စကို လျစ်လျူမရှုရဲတာကြောင့် ယဥ်ယဥ်ကျေးကျေး နှုတ်ဆက်လိုက်၏။

“စီနီယာအကိုကျောင်း….”

သူမ၏ သိမ်မွေ့သည့်အမူအရာကို မြင်သည့်အခါ ကျောင်ချီကျန့်မျက်နှာက စိတ်အားထက်သန်မှုတွေနှင့် ပြည့်နှက်လာခဲ့သည်။ သူက ရှေ့ကို တိုးလာပြီး သူမလက်ကို ဆုပ်ကိုင်ဖို့ပြင်လိုက်သည်။

“ဂျူနီယာညီမရို့ရန်, ဒီလောက်ယဥ်ကျေးနေဖို့ မလိုပါဘူး….”

ရုတ်တရက်ထိတ်လန့်သွားပြီး သူ သူမကို မထိနိုင်ခင် ရှုရို့ရန် အလျှင်အမြန်ပဲ နောက်ဆုတ်လိုက်သည်။ သူမမျက်နှာ၌ ထိပ်လန့်သည့်အမူအရာရှိနေခဲ့သည်။

“စီနီယာအကိုကျောင်း, ယောက်ျားနဲ့ မိန်းမ မထိတွေ့သင့်ပါဘူး။ ပြီးတော့ ငါ့မှာ လက်ထပ်ရမယ့်သူ ရှိပြီးသားပါ….”

ကျောင်းချီကျန့် အမူအရာ ချက်ချင်း မကျေမနပ်ဖြစ်သွားပြီး ပြောလိုက်သည်။

“အဲ့ဒီဂျန်ဖန်းကို ပြောတာလား? သူက သုံးစားမရတဲ့ အမှိုက်ကောင်ပါပဲ….”

“ဂျူနီယာညီမ, မင်းက အရမ်းထူးချွန်ပြီး အရမ်းလည်းလှတယ်။ သူကိုလက်ထပ်တာနစ်နာတယ်လို့မခံစားရဘူးလား….”

“ငါကြားတာတော့ မင်းဖိအားပေးခံရတာဆို….”

“ဒီလိုဆိုရင်ကော, ငါမင်းအတွက်ရပ်တည်ပေးမယ်။ လက်ထပ်ပွဲကို ဖျက်လိုက်ပေါ့….”

ပြောနေစဥ် သူက နောက်တစ်ကြိမ်အနားကပ်လာခဲ့သည်။

သူ့ရဲ့စကားတွေကြားသည့်အခါ…..

ရှုရို့ရန် စက်ရှုပ်ရွံ့ရှာသွားပေမယ့် သည်းခံလိုက်သည်။ ဂျန်ဖန်းကံကြမ္မာက ထိုလူပေါ်မှာ မှီခိုနေသည်မလား။

သူမဒေါသကိုထိန်းချုပ်ကာ တီးတိုးပြောလိုက်သည်။

“စီနီယာအကို, ဂျန်ဖန်းနဲ့ငါက တကယ်ချစ်ကြတာပါ။ မှားတာတွေ မှန်တာတွေမရှိပါဘူး….”

“ကျေးဇူးပြုပြီး, ဒီလိုစကားတွေ နောက်တစ်ခါမပြောပါနဲ့….”

ကျောင်းချီကျန့်မျက်လုံးတွေ မှေးကျဥ်းသွားခဲ့သည်။ သူက အတော်လေး စိတ်မရှည်ဖြစ်လာခဲ့သည်။

“ဂျူနီယာညီမ, ရိုးရိုးသားသားပြောရရင် ငါ မင်းကို မြင်မြင်ချင်း ချစ်ခဲ့တာပါ….”

“တိုက်တိုက်ဆိုင်ဆိုင်ပဲ ဂိုဏ်းမှာ ငါကလက်တွဲဖော်တစ်ယောက်လိုနေတာ။ မင်းဆန္ဒရှိလား…..”

ဘာ?.....

သူမမှာသတို့သားရှိတာသိတာတောင် သူက ဤကဲ့သို့အဓိပ္ပာယ်မရှိသည့် တောင်းဆိုမှုမျိုးပြုလုပ်နေတုန်းလား…..

ဒေါသထွက်သွားပြီး သူမက တစ်ဖက်လှည့်ကာ ထွက်ခွာသွားခဲ့သည်။

“ကျွန်မမှာ လုပ်စရာကိစ္စရှိသေးလို့…. နှုတ်ဆက်ပါတယ်….”

ကျောင်းချီကျန့်နှင့် နောက်ထပ် အချိန်အဖြုန်းချင်တော့ပေ။

မမျှော်လင့်စွာနှင့် ကျောင်းချီကျန့် အေးစက်စွာချိန်းခြောက်လိုက်၏။

“မင်း ဂျန်ဖန်းကို အကဲဖြတ်မှု အောင်မြင်စေချင်လား၊ မအောင်မြင်စေချင်ဘူးလား…..”

“သူ တိမ်စိမ်းဂိုဏ်းဝင်ရဖို့က ငါ့လက်ထဲမှာပဲရှိတာ…”

“ငါသာ လျော့ပေါ့ပေးရင် သူအောင်မြင်ကောင်း အောင်မြင်နိုင်တယ်နော်….”

“ငါသာ အလေးအနက်လုပ်ရင် ငါ့လှုပ်ရှားမှု ၁၀ ကွက်မှာ သူအသက်ရှင်နိုင်မယ်လို့ မင်းထင်လား….”

ဒါက…..

ရှုရို့ရန် ရုတ်တရက် ရပ်တန့်လိုက်ပြီး သူ့ကို ဒေါသတကြီးကြည့်လိုက်သည်။

“စီနီယာအကိုကျောင်း, နင် တကယ်ပဲ ဘာလိုချင်တာလဲ….”

ကျောင်းချီကျန့်အကြည့်က သူမ၏ ဆွဲဆောင်မှုရှိသည့်ခန္ဓာကိုယ်လေးပေါ်မှာ ပူလောင်စွာဖြတ်ပြေးသွားခဲ့သည်။

“အခု ငါနဲ့လိုက်ခဲ့ပြီး ပျော်စရာလေးအချို့ဖန်းတီးရအောင်….”

“ဂျန်ဖန်းကို သက်ညှာပေးမယ်လို့ ကတိပေးတယ်…..”

သူက စကားတွေနှင့် လှည့်စားနေတာဖြစ်သည်။

လွယ်ကူစေရမယ်လို့ကတိပေးပေမယ့် ဂျန်ဖန်း အကဲဖြတ်မှုကို အောင်မြင်ပါမယ်လို့ အာမခံချက်မပေးပေ။

အလွန်အမင်းစော်ကားခံရသည်ဟု ခံစားရပြီး ရှုရို့ရန်ထွက်သွားဖို့ပြင်လိုက်သည်။

ကျောင်းချီကျန့် အေးစက်စက် လှောင်ပြောင်လိုက်၏။

“ဒီဆိုင်ထဲကနေ ခြေတစ်လှမ်းထွက်ကြည့်လိုက်…. ငါချက်ချင်းပဲ ဂျန်ဖန်းမျှော်လင့်ချက်တွေကို ချွေမွပစ်မယ်….”

ရှုရို့ရန် ဆိုင်ဝင်ပေါက်ကို လျှောက်သွားလိုက်သည်။ သို့ပေမယ့် သူမ ဆိုင်ပြင်ကို ခြေလှမ်းမလှမ်းရဲပေ။

အလှလေး ကြောက်လန့်တွေဝေနေတာ မြင်သည့်အခါ ကျောင်းချီကျန့်၏ ကာမစိတ်တွေ တစ်ဟုန်ထိုးမြင့်တက်လာခဲ့သည်။ သူက ပြုံးပြီ ရှေ့တက်ကာ ရှုရို့ရန်ကို နောက်ကနေဖက်ဖို့ လက်တွေ ဆန့်ထုတ်လိုက်၏။

သို့ပေမယ့် ရုတ်တရက်…..

ရှုရို့ရန် ရှေ့ကိုယိုင်သွားပြီး သူ့လက်တွေက လေကိုသာ ဆုပ်ကိုင်မိသွား၏။

ကြည့်လိုက်သည့်အခါ….

ဂျန်ဖန်း ရှုရို့ရန်ကို အလျှင်အမြန်ဆွဲပြီး ရင်ခွင်ထဲဆွဲသွင်းလိုက်တာပဲဖြစ်သည်။

တစ်ချိန်တည်းမှာပဲ ဆူးပါသည့်အသီးတစ်လုံးကို ကျောင်းချီကျန့်လက်ထဲ ကန်သွင်းလိုက်၏။

အား….

ပစ်မှတ်လွဲချော်သွားကာ ကျောင်းချီကျန့်လက် ဆူးစူးသွားပြီး နာကျင်စွာအော်လိုက်ရသည်။

“မင်း….”

ကျောင်းချီကျန့် ဒေါသတကြီး ဆူးတွေကို ဆွဲနှုတ်လိုက်၏။

ဆူးလုံးကြောင့် သွေးများစွာထွက်သွားခဲ့သည်။

ဂျန်ဖန်းမျက်လုံးတွေ ကျဥ်းမြောင်းသွားပြီး စာရေးလိုက်သည်။

“မင်းဘယ်လောက်အရည်အချင်းရှိလဲတော့ မသိဘူး။ ဒါပေမယ့် မင်းက ရွံ့ဖို့ကောင်းတာတော့ အသေအချာပဲ….”

ကျောင်းချီကျန့် လှောင်ပြောင်လိုက်၏။

“ငါ့ကိုဝေဖန်ရအောင် မင်းကိုယ်မင်း ဘယ်သူထင်နေတာလဲ…..”

“မင်းကံကြမ္မာက ငါ့လက်ထဲမှာဆိုတာ မမေ့နဲ့…..”

“ဒူးထောက်ပြီး ခုချက်ချင်းတောင်းပန်။ ပြိုင်ပွဲမှာ သက်ညာပေးဖို့ စဥ်းစားပေးမယ်။ မဟုတ်ရင်တော့……”

ဂျန်ဖန်း မကြောက်ပေ။ သူက စာရေးလိုက်၏။

“ဒါဆိုလည်း သက်ညှာမပေးပါနဲ့တော့……”

“အဲ့ဒီနည်းနဲ့အနိုင်ရရင် အဓိပ္ပာယ်မရှိတော့ဘူး….”

ကျောင်းချီကျန့် ဒေါသတကြီး ရယ်လိုက်၏။

“ကောင်းတယ်… မင်းပြောတဲ့အတိုင်းပဲပေါ့…. မင်းကို တစ်ကွက်တည်းနဲ့ အနိုင်ယူမှ ငါ့ကို အပြစ်မတင်နဲ့…..”

ဂျန်ဖန်း ရှုရို့ရန်ကိုဖက်ကာ တစ်ဖက်လှည့်ပြီး ထွက်ခွာသွားခဲ့သည်။

ချန်မိသားစု၌…..

သူတို့ကို ချန်းယုချိုက နွေးနွေးထွေးထွေး ကြိုဆိုခဲ့၏။

ချန်းစီလင်သာ ဂနာမငြိမ်ဖြစ်နေပြီး အဆက်မပြတ်သက်ပြင်းချနေခဲ့သည်။

အထူးသဖြင့် ဂျန်ဖန်းနှင့် ရှုရို့ရန် ပြီးပြည့်စုံသည့်စုံတွဲတွေကဲ့သို့ အတူတူထိုင်တာမြင်သည့်အခါ ပိုလို့တောင် စိတ်ဓာတ်ကျသွားခဲ့သည်။

ချန်းယုချို သူမခံစားချက်ကို သတိထားမိကာ ပြောလိုက်သည်။

“ကံကြမ္မာက လူတွေကို အတူတူရှိစေသလို ခွဲလည်းခွဲခွာစေတယ်။ အဓိပ္ပာယ်မရှိတာကို အတင်းဖိအားမပေးပါနဲ့…..”

“မင်းရဲ့ စေ့စပ်သူကလည်း မဆိုးပါဘူး…..”

“တိမ်စိမ်းဂိုဏ်းအတွင်းစည်းတပည့်၊ အကြီးအကဲလီ ချစ်ရတဲ့တပည့်၊ ပိုင်လုမြို့ရဲ့ နာမည်ကြီးမိသားစုက၊ သူက မင်းနဲ့ လိုက်ဖက်ပါတယ်….”

ဤစကားတွေက အဓိပ္ပာယ်ရှိသော်လည်း ချန်းစီလင် ပို၍ခါးသီးစွာခံစားလိုက်ရသည်။

သူမက ဂျန်ဖန်းနှင့် မလိုက်ဖက်ဘူးဆိုတာ နားလည်၏။

သို့ပေမယ့် လူတွေက အမြဲနှိုင်းယှဥ်တတ်ကြ၏။

ဂျန်ဖန်း သတို့သမီးက သူမမယှဥ်ပြိုင်နိုင်သည့် ပြိုင်ဘက်ကင်းအလှတစ်ယောက်ဆိုလျှင် သူမ ထိုအရာကို လက်ခံနိုင်၏။

သို့ပေမယ့် ထိုအရာက သူမ၏ အကောင်းဆုံးသူငယ်ချင်းဖြစ်ပြီး တစ်ခါက သူမထက်တောင် နိမ့်ကျစွာနေထိုင်ခဲ့ရသူဖြစ်၏။

သူမက ကျောင်းချီကျန့် ဂျန်ဖန်းထက် အများကြီး မနိမ့်ကျဖို့သာ မျှော်လင့်နိုင်၏။

ထိုအခိုက်အတန့်၌…..

ဘဏ္ဍာထိန်းကလူတစ်ယောက်ကို ယုံကြည်မှုရှိရှိ ဦးဆောင်ခေါ်လာခဲ့သည်။

“သခင်, သခင်လေးကျောင်း ရောက်ပါပြီ….”

ဂျန်ဖန်း ချက်ချင်းပဲ ကိုယ်ကိုမတ်လိုက်ပြီး အသစ်ရောက်လာသူကို သိချင်နေခဲ့သည်။

ချန်မိသားစုက အခြေခံအုတ်မြစ်နက်ရှိုင်းပြီး ကြွယ်ဝသည့်မိသားစုတစ်ခုဖြစ်၏။

ထို့ပြင် ချန်းစီလင်က သန့်စင်ထူးချွန်ကာ စီးပွားရေးမှာထက်မြက်သည့် အမျိုးသမီးတစ်ယောက်ဖြစ်၏။ သူမက လှပသည့်အပြင် ညဏ်လည်းကောင်း၏။

သူမသတို့သားကလည်း ထူးချွန်ပြီး ပါရမီရှိသူတစ်ဦးဖြစ်ရမည်။

သို့ပေမယ့် ပထမဆုံးအကြည့်မှာပဲ သူက အေးခဲသွားခဲ့သည်။

သူ့ဘေးက ရှုရို့ရန်လည်း အလားတူ အံ့အားသင့်သွားခဲ့သည်။

All Chapters