← Chapters

ဒီလက်ထပ်ပွဲကိုငါသဘောမတူဘူး

Vol. 5 Ch. 73

ဒီလက်ထပ်ပွဲကိုငါသဘောမတူဘူး

Vol. 5 Ch. 73

ရောက်လာသူက အခြားသူမဟုတ်ပေ။

ကျောင်းချီကျန့်ပဲဖြစ်သည်။

သူက ခန်းမထဲကို နွေးထွေးသည့်အပြုံးဖြင့်ဝင်လာပြီး လက်ဆောင်သေတ္တာကြီးတစ်ခုကို သယ်ဆောင်လာခဲ့သည်။

“ဦးလေးချန်း, အန်တီ….”

ချောမောခန့်ငြားသည့် ကျောင်းချီကျန့်ကို မြင်သည့်အခါ ချန်ယုချို ကျေနပ်စွာနှင့် ခေါင်းညိတ်လိုက်သည်။

လျိုချီမင်လည်း ပျော်ရွင်စွာပြောလိုက်သည်။

“ငါပြောပါတယ်…. သခင်လေးကျောင်းက သာမန်မဟုတ်ပါဘူးလို့…..”

“ချောမောပြီး ယဥ်းကျေးတယ်…. သူက တကယ့်ကို လူကြီးလူကောင်းတစ်ယောက်လိုပဲ…”

“ပြီးတော့ သူ့နောက်ခံမိသားစု၊ ကျင့်ကြံရေး၊ ဂိုဏ်း အားလုံးက ထိပ်တန်းတွေကြီးပဲ….”

ကျောင်းချီကျန့် ဟန်ဆောင် နိမ့်ချပြော လိုက်၏။

“ဦးလေး, အန်တီ…. မင်းတို့က အရမ်းကြင်နာလွန်းနေပါပြီ။ ချန်းစီလင်က ဘယ်တစ်ယောက်လည်းဆိုတာ မေးလို့ရမလား….”

သူက လျိုချီမင်အကြည့်နောက်ကို လိုက်ကြည့်လိုက်သည်။

သစ်တော်ပွင့် ဆံညှပ်လေးပန်ထားပြီး ပန်းရောင်ဝတ်စုံနှင့် မိန်းမလှလေးတစ်ယောက် သူ့မြင်ကွင်းထဲမှာ ပေါ်လာခဲ့သည်။ နက်မှောင်သည့် ဆံပင်တွေက ကျောဘက်မှာ ရေတံခွန်ကဲ့သို့ ဖြာကျနေခဲ့သည်။

သူမ၏ နူးညံ့လှပသည့်မျက်နှာ၊ အပြစ်အနာဆာကင်းပြီး စိုပြည်သော အသားအရည်၊ ဝတ်စုံဖြင့်တောင် ဖုံးမထားနိုင်သည့် ဆွဲဆောင်မှုရှိလှသည့် ကောက်ကြောင်း…..

စတာတွေအားလုံးက ကျောင်းချီကျန့်မျက်လုံးတွေကို အရောင်တောက်သွားစေခဲ့သည်။

အစတုန်းက ဤလက်ထပ်ပွဲကို သူ လက်မခံချင်ပေ။

ယခုတော့ ချက်ချင်းပင် လက်ခံချင်စိတ် ပေါ်လာခဲ့သည်။

ဤကဲ့သို့ လှပသည့်မိန်းခလေးတစ်ယောက်က ရှာတွေ့ဖို့ ခက်ခဲလှ၏။

လျိုချီမင် မျှော်လင့်တကြီး မေးလိုက်သည်။

“သခင်လေးကျောင်း, ငါ့သမီးကို ဘယ်လို ထင်လဲ…..”

ကျောင်းချီကျန့် သံတွေးမျိုးချလိုက်ပြီး ချီးကျူးလိုက်၏။

“စီလင်က လှပတယ်၊ သိမ်မွေ့တယ်၊ ပြီးတော့ အေးအေးချမ်းချမ်းနေတတ်တယ်။ ငါ သူမကို အရမ်းသဘောကျပါတယ်…..”

သူ့စိတ်ထဲ၌ ချန်မိသားစုက သူနဲ့ထိုက်တန်သည်ဟု မထင်ပေ။

သူက ဘယ်သူလဲ…..

အဆုံးမရှိသည့်အနာဂတ်အလားတွေနှင့် တိမ်စိမ်းဂိုဏ်းတပည့်တစ်ယောက် ဖြစ်၏။

ဤကဲ့သို့ နိမ့်ကျသည့် ချန်မိသားစုတစ်ခုက သူနှင့် လက်ထပ်ဖို့ တန်သည်လား…..

သို့ပေမယ့် ချန်မိသားစုက ဤကဲ့သို့ လှပသည့်သမီးလေးကို ပေးနေမှတော့ ရက်အနည်းငယ်လောက် ဘာကြောင့် မပျော်ရမည်နည်း။

သူပျင်းလာသည့်အခါ သူမကို ကန်ထုတ်လိုက်မည်ဖြစ်သည်။

ချန်မိသားစု ဘာတတ်နိုင်မှာနည်း။

ဤကဲ့သို့ အကဲဖြတ်မှုကို ကြားသည့်အခါ…

လျိုချီမင် တိတ်တဆိတ် ကျေနပ်သွားပြီး လက်ထပ်ပွဲအောင်မြင်ပြီဆိုတာ သိလိုက်၏။

ချန်းစီလင် ထင်မြင်ချက်အတွက်တော့ သူမက လုံးဝကို လျစ်လျူရှုထားခဲ့သည်။

ချန်မိသားစုကဲ့သို့ မိသားစုကြီး၌ ကလေးတွေ၏လက်ထပ်ပွဲက သူတို့အပေါ် မမူတည်ပေ။

သူမက ချန်းယုချိုကို ရှေ့တက်ပြီး ဆုံးဖြတ်ချက်ချဖို့ အချက်ပြလိုက်သည်။

ချန်းယုချို ချန်းစီလင်ကို အပြစ်ရှိသည့် အမူအရာဖြင့်ကြည့်လိုက်သည်။

သူမ ခေါင်းငုံ့ထားပြီး နှုတ်ခမ်းတင်းကြပ်စွာ ကိုက်ထားတာ မြင်သည့်အခါ မဆုံးဖြတ်နိုင်ဖြစ်သွားသည်။

သူက ဂျန်ဖန်းဘက်လှည့်ပြီး ပြောလိုက်သည်။

“သခင်လေးဂျန်, မင်းကော ဘယ်လိုထင်လဲ….”

ဆုံးဖြတ်ချက်မချခင်….

ဂျန်ဖန်ဘာပြောမလဲဆိုတာ အရင်ဦးဆုံး နားထောင်ကြည့်ရမည်ဖြစ်သည်။

ဂျန်ဖန်းက ဤလူဟာ တစ်သက်တာလုံးပုံအပ်ရန် ထိုက်တန်သည်ဟု အသိအမှတ်ပြုလျင် ချန်းစီလင် စိတ်လျော့ရတော့မည်ပဲ ဖြစ်သည်။

လျိုချီမင် မျက်မှောင်အနည်းငယ်ကြုတ်သွားခဲ့သည်။ မိသားစုခေါင်းဆောင်က ဂျန်ဖန်းကို အကဲဖြတ်ပေးဖို့ ဘာကြောင့်ဖိတ်ခေါ်ထားလဲဆို နားမလည်ပေ။

သူက ရှုမိသားစု သားမက်တစ်ယောက်သာ ဖြစ်ပြီး ဤကဲ့သို့ အရေးပါသည့် အခန်းကဏ္ဍမျိုး ရှိသည်လား…..

သူမက အမူအရာကင်းမဲ့စွာပြောလိုက်သည်။

“သခင်လေးဂျန်, ကျေးဇူးပြုပြီး မျှမျှတတ အကဲဖြတ်ပေးပါ။ ငါ့သမီးနဲ့ ပုဂ္ဂိုလ်ရေးရာဆက်ဆံရေးကြာင့်တော့ ပြဿနာ မဖြစ်ပါစေနဲ့….”

အကဲဖြတ်မှုသာမျှတလျှင် ကျောင်းချီကျန့် ဖြတ်ကျော်နိုင်မည်ဟု သူမယုံကြည်၏။

ဤကဲ့သို့ ထူးချွန်သည့်လူမျိုးကို ဂျန်ဖန်း မည်သို့ အပြစ်ရှာနိုင်မည်နည်း။

သို့ပေမယ့် ချန်းစီလင်ကတော့ ခေါင်းမော့လာပြီး အနီရောင်နှုတ်ခမ်းလေးကို အနည်းငယ်ဖိ ကိုက်ထားခဲ့သည်။ သူမက ဂျန်ဖန်းကို အသနားခံသည့်မျက်လုံးတွေဖြင့် ကြည့်နေခဲ့သည်။

ကံမကောင်းစွာနှင့် ဂျန်ဖန်းက သူမကို စိတ်ပျက်သွားစေခဲ့သည်။

သူက တည်ငြိမ်စွာစာရေးလိုက်သည်။

“ငါ ဘက်မလိုက်ပဲ မျှမျှတတ ဆုံးဖြတ်မှာပါ…..”

ထိုအခိုက်အတန့်၌….

ကျောင်းချီကျန့် နောက်ဆုံးမှာ ဂျန်ဖန်းနှင့် ရှုရို့ရန်ကို သတိထားမိသွားသည်။

သူက အံ့အားသင့်သွားခဲ့သည်။

“ဂျန်ဖန်?.... မင်းက ဒီနေရာမှာ ဘာလို့ ရှိနေတာလဲ…..”

ချန်းယုချို နှစ်ယောက်ကို အံ့အားသင့်စွာ ကြည့်လိုက်ပြီး မေးလိုက်သည်။

“သခင်လေးကျောင်းက သခင်လေးဂျန်ကို သိတာလား….”

ထိပ်ထိပ်ပျာပျာဖြစ်သွားပြီး ဂျန်ဖန်း မပြောနိုင်ခင် ကျောင်းချီကျန့် ပြောလိုက်သည်။

“ငါ့ဆရာနဲ့ ရှုမိသားစုကို သွားတုန်းက တစ်ခါတွေ့ဖူးတာပါ….”

သူက ဂျန်ဖန်းကို မသိမသာ ဒေါသတကြီး စိုက်ကြည့်လိုက်သည်။

အဓိပ္ပာယ်က ပါးစပ်ပိတ်ထားပြီး ဘာတစ်ခွန်းမှ မဟဖို့ပဲဖြစ်သည်။

ထို့နောက် သူက သိချင်စွာနှင့် မေးလိုက်သည်။

“ဦးလေးချန်, ဒီနေ့က ငါ့နဲ့ စီလင်ရဲ့ စေ့စပ်တဲ့နေ့မလား…..”

“သူ့ကို ဘာလို့ ခေါ်ထားတာလဲ….”

သူမေးသည့်အခါ ချန်းယုချို ဖုံးကွယ်မထားရဲပေ။

“သခင်လေးဂျန်က လူများစွာနဲ့တွေ့ဖူးပြီး အရည်အချင်က သူမတူထူးကဲတယ်။ ငါသူ့ကို စီလင့်ကိုယ်စား အကဲဖြတ်ပေးဖို့ ဖိတ်ခေါ်ထားတာပါ…..”

“စီလင်ရဲ့ သတို့သားက လိုက်ဖက်လာဆိုတာ ကြည့်ခိုင်းဖို့ပါ…..”

ဘာ?....

ဂျန်ဖန်းက ဤစေ့စပ်ပွဲကို အကဲဖြတ်မည်လား….

သူမျက်နှာက ပိုလို့တောင် ထိပ်ထိပ်ပျာပျာ ဖြစ်သွားပြီး အကြီးအကျယ်နောက်တ ရသွားခဲ့သည်။

‘ငါသာ ဒါကိုသိခဲ့ရင် ရှုရို့ရန်ကို မကြောင်လိုက်ပါဘူး။ အခုတော့ သူမနဲ့ ရန်သူတွေဖြစ်သွားပြီ….’

ချန်းယုချို သူ့အမူအရာပြောင်းလဲမှုကို နားမလည်ပဲ အပြုံးတစ်ခုနှင့် ပုခုံးပုတ်လိုက်၏။

“ဒါပေမယ့် မင်းက အရမ်းထူးချွန်ပါတယ်။ သခင်လေးဂျန် မင်းကို အပြည့်အဝတောင် ချီးကျူးနိုင်မှာ မဟုတ်ပါဘူး….”

“ဟုတ်တယ်မလား…. သခင်လေးဂျန်…..”

ဂျန်ဖန်း အနည်းငယ်ပြုံးလိုက်သည်။

သူက စာတစ်ကြောင်းရေးလိုက်၏။

“အသွင်အပြင်၊ ကျင့်ကြံရေး၊ မိသားစုနောက်ခံ၊ ဂိုဏ်း၊ အားလုံးက အပြစ်နာဆာကင်းပြီး ထိပ်တန်းတွေကြီးပဲ…..”

ဤကဲ့သို့ အကဲဖြစ်မှုကို မြင်သည့်အခါ ချန်းယုချို အနည်းငယ်ခေါင်းညိတ်လိုက်သည်။

မျှော်လင့်ထားသည့်အတိုင်း လျိုချီမင်မျက်နှာလည်း ပျော်ရွင်မှုကြောင့် တောက်ပလာခဲ့သည်။

သူမက စိတ်ထဲက တွေးလိုက်၏။

‘အနည်းဆုံးတော့ ဒီကောင်လေး ဂျန်ဖန်းက သူ့နေရာသူသိသားပဲ။ ချန်မိသားစုရဲ့ ကောင်းမွန်တဲ့အနာဂတ်ကို မပျက်စီးစေဘူး…..’

ချန်းစီလင် နူးညံ့သည့်ခန္ဓာကိုယ်လေး တုန်ယင်သွားခဲ့သည်။ ပါးပြင်တွေလည်း မြင်သာသည့်နှုန်းဖြင့် ဖြူဖြော့သွားပြီး မျက်လုံးတွေ ဗလာကျင်းသွားခဲ့သည်။

သူမက စိတ်ပျက်အားငယ်မှုတွေသာ ခံစားနေရ၏။

အခြေအနေကို ပြောင်ပြန်လှန်နိုင်မည့် တစ်ခုတည်းသောအခွင့်အရေးကို ဂျန်ဖန်းက အကြင်နာကင်းမဲ့စွာ နင်းချေပစ်လိုက်ပြီပဲဖြစ်သည်။

သူမနှလုံးသား ဓားနှင့်ထိုးခံရသကဲ့သို့ မခံမရပ်နိုင်အောင်နာကျင်နေ၏။

စိုးရိမ်နေသည့် ကျောင်းချီကျန့် သက်သာယာရသည့် သက်ပြင်းတစ်ခု ချလိုက်သည်။ ဂျန်ဖန်းကို အထင်သေးစွာ တစ်ချက်ကြည့်လိုက်ပြီး စိတ်ထဲမှာ တွေးလိုက်သည်။

‘အမှိုက်ကောင်…. မင်း ငါ့ကို မဆန့်ကျင်ရဲဘူးဆိုတာ သိသားပဲ….’

‘ဒါပေမယ့် ငါမင်းကို ဒီအတိုင်း လွတ်မေးမယ်လို့ ထင်ရင်တော့ မှားသွားလိမ့်မယ်…..’

‘အသိညဏ်ရှိရှိနဲ့ ရှုရို့ရန်ကို ငါ့အိပ်ယာထဲပို့ပြီး အပြည့်အဝပျော်ပါးခိုင်းရင် ပျော်ပါးခိုင်း…. မဟုတ်လို့ကတော့ ငါမင်းကို ပြိုင်ပွဲမှာ ညှာမယ်မထင်နဲ့…..’

ချန်းယုချို ရယ်မောလိုက်ပြီး ပြောလိုက်သည်။

“သခင်လေးဂျန် ပြောမှတော့…..”

သို့ပေမယ့် သူက ရုတ်တရက် ရပ်တန့်သွားခဲ့သည်။

အဘယ်ကြောင့်ဆိုသော် ဂျန်ဖန်း နောက်ထပ် စာတစ်ကြောင်းထုတ်ယူလိုက်၏။ ထိုအရာက လူတိုင်းကို တုန်လှုပ်သွားစေခဲ့သည်။

“ဒါပေမယ့် သူ့စိတ်ဓာတ်က အတော်လေး ညံ့ဖျင်းတယ်။ တကယ့်ကို လူယုတ်မာ တစ်ယောက်ပဲ…..”

အသက်မရူနိင်ဖြစ်နေသည့် ရှုရို့ရန်လည်း နောက်ဆုံးမှာ စိတ်သက်သာယာ ရသွားခဲ့သည်။

ဂျန်ဖန်း သဘောတူတော့မည်ဟု သူမ အမှန်တကယ်တွေးလိုက်မိ၏။

အကောင်းဆုံးသူငယ်ချင်တစ်ယောက် အနေဖြင့် ချန်းစီလင် လူယုတ်မာတစ်ယောက်ကြောင့် ထိခိုက်သွားမှာ မမြင်ချင်ပေ။

ချန်းစီလင်၏ ဗလာဖြစ်နေသည့် မျက်လုံးတွေလည်း တဖြည်းဖြည်း ပြန်လည်အာရုံစိုက်လာပြီး မျက်နှာမှာ အပြုံးပန်းတွေ ဝေဆာလာခဲ့သည်။

သူမက ဂျန်ဖန်းကို ကျေးဇူးတင်စွာ ကြည့်လိုက်သည်။

လျိုချီမင်မျက်နှာ မဲမှောင်သွားပြီး ပြောလိုက်သည်။

“သခင်လေးဂျန်, နင် ဘာကို ဆိုလိုတာလဲ….”

ကိစ္စတွေအောင်မြင်တော့မည့် အချိန်မှ ဂျန်ဖန်းက ရုတ်တရက် ဤအကွက်ကို လာကစားနေခဲ့သည်။

ဂျန်ဖန်း အမူအရာကင်းမဲ့စွာ စာရေးလိုက်သည်။

“ရေးထားတဲ့အတိုင်း အတိအကျပဲ…..”

“ကျောင်းချီကျန့်က အပြင်ပန်းမှာ အထင်ကြီးစရာကောင်းပေမယ့် အတွင်းပိုင်းက ပုပ်ပွနေတာ…..”

“မင် ချန်းစီလင်ကို သူနဲ့လက်ထပ်ပေးလိုက်ရင် သူမဘဝ ပျက်စီးသွားလိမ့်မယ်…..”

ချန်းယုချို တုန်လှုပ်သွားခဲ့သည်။

သူက ဂျန်ဖန်း အထောက်အထားကို သိ၏။

ကြယ်သုံးလုံး ဝိညာဥ်သခင်တစ်ယောက် အနေဖြင့် သူ့အဆင့်အတန်းက ခိုင်မာ၏။ သူစိမ်းတစ်ယောက်ကို အသရေဖျက်စရာ အကြောင်းမရှိပေ။

သူက ကျောင်းချီကျန့်ကို သံသယမျက်လုံးတွေနှင့် ကြည့်လိုက်သည်။

လျိုချီမင် ထိုအရာကို လက်မခံနိုင်ပေ။

“နင် လိမ်နေတာပဲ…..”

“ကျောင်းချီကျန့်ဂုဏ်သတင်းက ပိုင်းလျိုမြို့မှာ ကျော်ကြားတယ်။ ဘယ်လိုလုပ်ပြီး သူက နင်ပြောသလို လူယုတ်မာတစ်ယောက် ဖြစ်နိုင်မှာလဲ….”

“သခင်လေးဂျန်, ဘုန်းကြီးကျောင်း ၁၀ ခုကို ဖျက်ဆီးတာထက် လက်ထပ်ပွဲ တစ်ခုကို ဖျက်ဆီးတာ ပိုဆိုးတယ်နော်။ ဒီလို မသန်ကာဆန်ကာ သွားပုတ်လေလွင့် မပြောပါနဲ့…..”

ဂျန်ဖန်း ခေါင်းခါယမ်းလိုက်ပြီး သက်ပြင်းချလိုက်သည်။

“သွားပုတ်လေလွင့်ပြောတာလား…..”

“သခင်မချန်း, ဘာလို့ လမ်းပေါ်က ဈေးဆိုင်တစ်ဆိုင်မှာ မေးမကြည့်တာလဲ။ မင်းရဲ့ သမက်လောင်းက ငါ့ဇနီးကို ကြောင်ပြီး စော်ကားခဲ့တယ်ဆိုတာ…..”

“ငါ့ဇနီးကို သူ့ဆီပို့ဖို့တောင် အကြပ်ကိုင်သေးတယ်….”

“ဒီလိုလူမျိုးကို မင်းက သားမက်တော်ချင်တာလား….”

ဘာ?....

ချန်းယုချို အော်ပြောလိုက်၏။

“ဒါအမှန်ပဲလား…..”

ရှုရို့ရန် မတ်တပ်ရပ်လိုက်သည်။ သူမမျက်နှာက ဒေါသထွက်နေပေမယ့် လေးလေးစားစား ပြောလိုက်သည်။

“ဦးလေးချန်း, နင် ဖန်းကို မယုံရင်တောင် ငါ့ကိုတော့ယုံသင့်တယ်…..”

“ငါဂုဏ်သိက္ခာကို တိုင်တည်ပြီး ကျိန်ဆိုဝံ့ပါတယ်။ ဖန်း ပြောတာတွေက အမှန်တွေပါ….”

ယခု လျိုချီမင်လည်း တုန်လှုပ်နေပြီ ဖြစ်သည်။

သူမသမီး၏ အကောင်းဆုံးသူငယ်ချင်း တစ်ယောက်အနေဖြင့် ရှုရို့ရန် စရိုက်ကို ကောင်းကောင်းသိ၏။

သိမ်မွေ့သန့်စင်ပြီး ညဏ်ပညာထက်မြက်ကာ ဘယ်တော့ လိမ်ပြောတတ်သူမဟုတ်ပေ။

အထူးသဖြင့် ဂုဏ်သိက္ခာနှင့် ကိုယ်ကျင့်တရားကိစ္စတွေမှာ ဘယ်တော့မှ မလိမ်ညာတတ်ပေ။

ရှုရို့ရန် ထပ်ပေါင်းပြောလိုက်သည်။

“နင် ငါ့ကို မယုံသေးဘူးဆိုရင် ဆိုင်ရှင်ကို ခေါ်မေးကြည့်လို့ရတယ်….”

ဤလောက်ထိပြောနေမှတော့ ဘာကို သံသယဖြစ်ရအုန်းမည်နည်း။

ချန်းယုချို ဒေါသထွက်သွားခဲ့သည်။

“သခင်လေးကျောင်း, စေ့စပ်ပွဲရှိတာတောင် မင်းက အခြားမိန်းခလေးတစ်ယောက်ကို ဖွန်ကြောင်နေတယ်…..”

“မင်းက ငါ့သမီးကို ဘာထင်နေလဲ…. ငါ့ချန်မိသားစုကိုကော ဘာထင်နေတာလဲ…..”

“ဒီစေ့စပ်ပွဲ, ဖျက်လိုက်ကြတာပေါ့…..”

“သူ့ကို လိုက်ပို့လိုက်ကြ…..”

လျိုချီမင် ကျောင်းချီကျန့်ကို စိတ်ပျက်စွာနှင့် စိုက်ကြည့်လိုက်သည်။

“နင်က ငါ့ကို အတော်လေး စိတ်ပျက်စေတာပဲ။ ထွက်သွားပါ…. ငါ့ချန်မိသားစုကို ဘယ်တော့မှ ပြန်မလာနဲ့…..”

ကျောင်းချီကျန့် ဘယ်တုန်းကမှ စိတ်ကူး မထားပေ။

လက်ထပ်ပွဲ သေချလုနီးပါးဖြစ်ကာမှ ဂျန်ဖန်းကြောင့် ပျက်ဆီးသွားခဲ့သည်။

သူက ဂျန်ဖန်း တိမ်စိမ်းဂိုဏ်း ဝင်မရအောင် တားမြစ်ချင်ခဲ့၏။

သို့ပေမယ့် သူ့လက်ထပ်ပွဲကို ဂျန်ဖန်းက ဦးစွာ ဖျက်ဆီးပစ်လိုက်သည်။

“နေအုန်း…..”

ကျောင်းချီကျန့် ရုတ်တရက် အော်လိုက်ပြီး အနားကပ်လာသည့် အစေခံတွေကို တွန်းလွတ်လိုက်သည်။

သူက ချန်းယုချိုကို ဒေါသတကြီး စိုက်ကြည့်လိုက်ည်။

“ဒီကိစ္စခုထိ မပြီးသေးဘူး…..”

All Chapters