← Chapters

စီလင်, နင်ယောက်ျားရမှာပါ

Vol. 5 Ch. 74

စီလင်, နင်ယောက်ျားရမှာပါ

Vol. 5 Ch. 74

ချန်းယုချို ဒေါသတကြီးပြောလိုက်သည်။

“မင်းက ငါ့ချန်းမိသားစုမှာ ရမ်းကားချင် သေးတာလား…..”

မိသားစု ခင်မင်မှုကိုတွေးပြီး မောင်းမထုတ်တာကကို အတော်လေး ယဥ်ကျေးနေပြီဖြစ်သည်။

“ဟမ့်…..”

ကျောင်းချီကျန့် နှာမှုတ်လိုက်၏။ သူက လက်နှောက်ပစ်ထားပြီးပြောလိုက်သည်။

“ချန်မိသားစု…. မင်းတို့ ငါ့အဆင့်အတန်းကို မေ့သွားပြီလား….”

“တိမ်စိမ်းဂိုဏ်း အတွင်းစည်းတပည့်နော်….”

“ငါသာ သတင်းဖြန့်လိုက်ရင် ဘယ်သူကများ ချန်းစီလင်ကို လက်ထပ်ပြီး ငါနဲ့ရန်သူလုပ်ရဲမှာလဲ….”

“မင်းတို့သမီးကို လက်ထပ်ရဲတယ့်သူ ရှိမယ်ထင်လို့လား….”

ချန်းယုချိုနှင့် လျိုချီမင်းတို့မျက်နှာတွေ အကြီးအကျယ်ပြောင်းလဲသွားကြသည်။

တိမ်စိမ်းဂိုဏ်းအတွင်းစည်းတပည့်ဆိုသည့် အဆင့်အတန်းက အတော်လေးဖိအားများ၏။

မြို့သခင်တောင် သူတို့ကို မစော်ကားရဲပေ။

သာမန်မိသားစုတစ်ခုဆိုရင်တော့ ပြောစရာကိုမလိုတော့ပေ။

သူသာ အမှန်တကယ် ဤကဲ့သို့ သတင်းဖြန့်လိုက်လျှင် မည်သူက ချန်းစီလင်ကို လက်ထပ်ရဲတော့မည်နည်း။

သူမ၏ ကျန်သည့်တစ်ဘဝလုံး အထီးကျန်စွာ နေထိုင်ရတော့မည်ပဲဖြစ်သည်။

“နင် တော်တော်ယုတ်မာတာပဲ…..”

ရှုရို့ရန် ဒေါ်သတကြီး အော်ပြောလိုက်သည်။

“မရလည်းမရကော ဖျက်ဆီးပစ်ချင်နေတယ်….”

ကျောင်းချီကျန့် အရှက်တရားကင်းမဲ့စွာ ပြန်ပြောလိုက်၏။

“ငါ့ကိုအရင်စော်ကားတာ ချန်းမိသားစုပဲ….”

“သူတို့က ငါ့လက်ထပ်ပွဲကို အမှိုက်ကောင်ကို ဆုံးဖြတ်ခိုင်းတယ်တဲ့….”

“ဒါ ငါ့မျက်နှာကို ဖြတ်ရိုက်လိုက်တာ မဟုတ်ဘူးလား….”

သူက ချန်းယုချိုကို အေးစက်စွာစိုက်ကြည့်ပြီး ပြောလိုက်သည်။

“မင်းမှာ ရွေးချယ်စရာနှစ်ခုပဲရှိတယ်…..”

“တစ်ခုက ချန်းစီလင်ကို ငါ့ဆီရက်အနည်းငယ်ပို့လိုက်။ ငါ စိတ်ကုန်သွားရင် သူမကို ပြန်လွတ်လိုက်မယ်။ ဒါဆို သူမလည်း သူမလက်ထပ်ချင်တဲ့လူကို လက်ထပ်လို့ရမယ်…..”

“အဲ့လိုမှမဟုတ်ရင်တော့ သူမကျန်ရှိတဲ့ တစ်ဘဝလုံး လက်ထပ်ရဖို့ မမျှော်လင့်နဲ့….”

ရှုရို့ရန် ဒေါသကြောင့် တုန်ယင်နေခဲ့သည်။

ကမ္ဘာပေါ်မှာ ဤကဲ့သို့ အရှက်မရှိသည့်လူမျိုး ဘယ်လိုလုပ် ရှိနေရသနည်း။

ဂျန်ဖန်း ဤစေ့စပ်ပွဲကို သဘောမတူခဲ့တာ သူမက အလွန်ကျေးဇူးတင်နေခဲ့သည်။

ထိုသို့မှမဟုတ်လျှင် ချန်းစီလင်ဘဝ ပျက်စီးသွားမည်ပဲဖြစ်သည်။

သို့ပေမယ့် ကျောင်းချီကျန့် တကယ်သာ ဒီကိစ္စသတင်းဖြန့်မယ်ဆိုလျှင် ချန်းစီလင် နောက်ပိုင်း ဘဝက ပျက်စီးမည်ပဲဖြစ်သည်။

ငယ်ရွယ်လှပသည့်အရွယ်မှာ ကျောင်းချီကျန့်လို လူမျိုးကြောင့် သူမဘဝ အမှန်တကယ်ပျက်စီးတော့မည်လား…..

ချန်းစီလင် အကူအညီမဲ့ ဝမ်းနည်းစွာဖြင့် ငိုနေတာကိုမြင်သည့်အခါ ရှုရို့ရန် ရင်ကျိုးသလို ခံစားလိုက်ရသည်။

ဤနှစ်တွေ၌ သူမကိုယ်တိုင်၏ အခြေအနေကလည်း သည့်ထက်တောင် ပိုဆိုးရွားခဲ့၏။

ရုတ်တရက် အတွေးတစ်ခု သူမစိတ်ထဲမှာ ပေါ်လာခဲ့သည်။

သူမက ဂျန်ဖန်းကိုကြည့်လိုက်သည်။ ထို့နောက် ချန်းစီလင်ကို ကြည့်လိုက်၏။ တစ်ခဏတွေးပြီးနောက် နှုတ်ခမ်းအနည်းငယ်ကိုက်ကာ ပြောလိုက်သည်။

“စီလင်ကို ဘယ်သူမှလက်မထပ်ရဲဘူးလို့ ဘယ်သူပြောလဲ…..”

ချန်းစီလင်၏ ပဟေဠိဖြစ်နေသည့် အကြည့်အောက်မှာပဲ…..

ရှုရို့ရန် ဂျန်ဖန်းလက်မောင်းကိုကိုင်ကာ ဆွဲခေါ်လာခဲ့သည်။

“ဂျန်ဖန်း, နင် စီလင်ကို လက်ထပ်လိုက်…..”

အာ?.....

ဂျန်ဖန်း စိတ်ရှုပ်ထွေးသွားပြီး စာရေးလိုက်သည်။

“ရို့ရန်, ဘာအဓိပ္ပာမရှိတာတွေ ပြောနေတာလဲ…..”

ရုတ်တရက်ထွက်ပေါ်လာသည့်စကားတွေက သူ့ကို လုံးဝ ကြောင်အသွားစေခဲ့သည်။

သို့ပေမယ့် ရှုရို့ရန်က နှုတ်ခမ်းရဲရဲလေးကို ကိုက်ကာ အမူအရာရှုပ်ထွေးနေခဲ့သည်။ သူမက ပြောလိုက်သည်။

“အဓိပ္ပာယ်မရှိတာတွေ ပြောနေတာ မဟုတ်ဘူး။ ငါ ဒါကို အချိန်အတော်ကြာ ကတည်းက စဥ်းစားနေခဲ့တာ….”

သူမက ဂျန်ဖန်းကို ဝမ်းနည်းစွာ ကြည့်လိုက်ပြီး တွန့်ဆုတ်စွာပြောလိုက်သည်။

“ငါ တိမ်စိမ်းဂိုဏ်းကို အတင်းအကြပ် ခေါ်သွားခံရပြီး နင်က အကဲဖြတ်မှုကျရှုံးရင် နင့်ကို စောင့်ရှောက်ဖို့ တစ်စုံတစ်ယောက် လိုလိမ့်မယ်….”

“ပြီးတော့ စီလင်ကလည်း နင့်အပေါ်မှာ ခံစားချက်တွေရှိနေတယ်။ သူမက ငါ့ကိုယ်စား နင့်ကို ကောင်းကောင်းဆက်ဆံမယ်လို့ ငါယုံကြည်တယ်…..”

သူမက ထိုအရာကို အချိန်အတော်ကြာ ကတည်းက တွေးနေခဲ့တာဖြစ်သည်။

ထွက်သွားရမည့်နေ့ရောက်လျင် သူမမသွားချင်လျှင်တောင် လီချင်ဖုန်းက အတင်းခေါ်သွားမည်ဖြစ်သည်။

ထိုသို့သာဆိုလျှင် ဂျန်ဖန်း တစ်ယောက်တည်း အထီးကျန်နေမည် ဖြစ်သည်။

ဤနေ့အခွင့်အရေးကိုယူကာ ချန်းစီလင် ဆန္ဒကို ဖြည့်ဆည်းပေးလိုက်တာ ပိုကောင်း၏။

ဂျန်ဖန်း အံ့အားသင့်စွာနှင့် စာရေးလိုက်၏။

“ဒါပေမယ့် ငါ တိမ်စိမ်းဂိုဏ်းကို သွားနိုင်ခဲ့ရင်ကော…. ငါတို့ အခုချိန် သူမကို ခေါင်းစဥ်တစ်ခုပေးလိုက်ရင် သူမ အနာဂတ်မှာ ဘယ်လိုလက်ထပ်တော့မှာလဲ….”

“ဒီလိုလုပ်တာ သူမကို ထိခိုက်နေစေတုန်းပဲ။ ဒီလိုမလုပ်သင့်ဘူး….”

ရှုရို့ရန် မျက်ခုံးတွေ အနည်းငယ်ကွေးတက်သွားခဲ့သည်။

ကျောင်းချီကျန့်၏ ဂျန်ဖန်းအပေါ် မကျေနပ်ချက်တွေအရ အလျော့ပေးဖို့က မဖြစ်နိုင်ပေ။

ဂျန်ဖန်း အကဲဖြတ်မှုအောင်မြင်ဖို့က ဖြစ်နိုင်ချေ အလွန်နည်း၏။

သို့ပေမယ့် အခွင့်အရေးသေးသေးလေး ဆိုလျှင်တောင် သူမက ထိုအရာကို ပြင်ဆင်ထားရမည်ဖြစ်သည်။ ထို့ကြောင့် သူမက ချန်းစီလင်ကို မေးခွန်းထုတ်သည့်အကြည့်ဖြင့်ကြည့်ကာ ပြောလိုက်သည်။

“စီလင်, ဂျန်ဖန်းနဲ့ငါ လက်ထပ်ပြီးရင်ကော နင်ဆန္ဒရှိသေးလား…..”

သူမက ရုတ်တရက် ပြောဖို့ခက်သွားခဲ့သည်။

ဤကဲ့သို့ လှပညဏ်ကောင်းသည့် ချန်းမိသားစု၏ တစ်ဦးတည်းသောသမီးကို ဂျန်ဖန်း မယားငယ်ဖြစ်ခိုင်းနေ၏။

ထိုအရာက သူမကို စော်ကားနေတာပဲ ဖြစ်သည်။

ချန်းစီလင် သဘောမတူတာကို မပြောလိုသေးပေ။

ချန်းမိသားစုခေါင်းဆောင်တောင် သဘောတူမည်မဟုတ်ပေ။

“ငါ…. ငါ ဆန္ဒရှိပါတယ်…..”

ရှုရို့ရန်ကို ကြောင်အသွားစေသည့်အရာက ချန်းစီလင်မျက်နှာက ညနေနေဝင်ချိန်ကဲ့သို့ နီရဲနေပြီး အရည်ရွမ်းသည့် သူမမျက်လုံးတွေက ရှုက်သွေးဖြာသည့်မြူခိုးတွေနှင့် ပြည့်နှက်နေခဲ့သည်။

သူမက ရှုရွံ့စွာ မျက်နှာလွဲလိုက်ပြီး အသံက ခြင်တစ်ကောင်အော်သံကဲ့သို့ တိုးညဥ်းလှ၏။

ရှုရို့ရန် အံ့အားသင့်သွားခဲ့သည်။

“စီလင်, ငါဆိုလိုတာကို နားလည်လား…. ငါ နင့်ကိုမေးတာက….. မယားငယ်တစ်ယောက်ဖြစ်ဖို့နော်…..”

ချန်းစီလင် နှင်းနုရောင်းပါးပြင်က ပို့လို့တောင်နီရဲလာခဲ့သည်။ သူမက ရှက်ရွံ့စွာပဲပြောလိုက်သည်။

“ငါနားလည်ပါတယ်…. ငါဆန္ဒရှိပါတယ်….”

အာ?....

ရှုရို့ရန် အံ့အားသင့်စွာနှင့် ပါးစပ်အဟောင်းသားဖြစ်သွားခဲ့သည်။

မယားငယ်ဖြစ်ဖို့ ဆန္ဒရှိသည်လား…..

သူမက ဂျန်ဖန်းကို ကြည့်ပြီး ရေရွတ်လိုက်သည်။

“စီလင်က နင့်ကိုဘာကြည့်ကြိုက်တာလဲ။ ဒီလောက်နစ်နာနေတာတောင် ဆန္ဒရှိနေသေးတယ်….”

ဘယ်လောက်တွေးတွေး သူမ နားမလည်နိုင် ဖြစ်နေခဲ့သည်။

ထိုအရာကိုကြားသည့်အခါ ကျောင်းချီကျန့် လှောင်ပြောင်လိုက်၏။

“ဂျူနီယာညီမ, မင်းက အတော်အတာပဲ…..”

“ချန်မိသားစုလို မိသားစုကြီးတစ်ခုက သူတို့ရဲ့ တစ်ဦးတည်းသောသမီးကို မယားငယ် ဘယ်လိုလုပ်ဖြစ်ခွင့်ပေးမှာလဲ…..”

“မင်းနဲ့ ချန်းစီလင် သဘောတူတော့ကော ဘာလုပ်ရမှာလဲ။ ချန်မိသားစုခေါင်းဆောင် သဘောတူမှရမှာ…..”

“ငါ့အမြင်အရတော့ ချန်းစီလင်ကို….”

သူ့စကားတွေက ရုတ်တရက် ကြားဖြတ်ခံလိုက်ရသည်။

ချန်းယုချိုမျက်လုံးတွေ တောက်ပလာခဲ့သည်။ သူက အံ့သြပျော်ရွင်စွာနှင့် ပြောလိုက်သည်။

“ရို့ရန်, သမီးက ဆုံးဖြတ်ချက်ချနိုင်တာလား……”

ဂျန်ဖန်းက မည်သူနည်း…..

ကြယ်သုံးလုံးဝိညာဥ်သခင်တစ်ယောက် ဖြစ်၏။

ကောင်းကင်ဘုံစက်ယန္ဒယာခန်းမမှာတောင် သူက ထူးခြားသည့်ပုံရိပ်တစ်ခုဖြစ်၏။

ချန်မိသားစုသမီးသာ ဤကဲ့သို့ပုဂ္ဂိုလ်၏ အမျိုးသမီးဖြစ်လာလျှင် ကြီးမားသည့် ကောင်းချီးတစ်ခုပဲဖြစ်သည်။

မဟုတ်သေးပေ။ ထိုအရာက ဘိုးဘေးသင်္ချိုင်း မီးခိုးထွက်လာသကဲ့သို့ ဖြစ်၏။

မဟုတ်သေး…. ထိုအရာက မီးတောက်ပဲဖြစ်သည်။

မငြိမ်းသက်နိုင်သည့် မီးတောက်တစ်ခု ဖြစ်၏။

သူက ထိုအရာကို အရင်က တွေးတောင် မတွေးရဲပေမယ့် ယခုတော့ ဤကြီးမားသည့်အခွင့်အရေးက သူ့အပေါ်ကို ပြုတ်ကျလာပြီပဲဖြစ်သည်။

သို့ပေမယ့် သူက ဂျန်ဖန်းသဘောထားကို မသိသေးပေ။

ထိုအရာကိုကြားသည့်အခါ ဂျန်ဖန်း တစ်စုံတစ်ခုရေးဖို့ ခဲတံကိုင်လိုက်ပေမယ့် ရှုရို့ရန်က လုယူလိုက်၏။ သူမက မျက်လုံးတွေနှင့် သူ့ကို ညင်သာစွာ ဆူပူကြိမ်းမောင်းလိုက်၏။

“စီလင်ကဒုက္ခရောက်နေတာ၊ နင်က ဘာကြောင့်မကူညီချင်ရတာလဲ….”

ထိုအရာကြောင့် ဂျန်ဖန်း စိုးရိမ်သွားခဲ့သည်။

ရှုရို့ရန် သူ့ကို လျစ်လျူရှုထားပြီး ချန်းယုချိုကိုပြောလိုက်သည်။

“ဦးလေးချန်း, ကျွန်မက ဂျန်ဖန်းရဲ့ အနာဂတ်ဇနီးဆိုမှတော့ မယားငယ်ယူမယူက ကျွန်မဆုံးဖြတ်ချက်ပါပဲ….”

“ဦးလေးသဘောတူသရွေ့ ကျွန်မဘက်က ပြဿနာမရှိပါဘူး…..”

ဓလေ့ထုံးတမ်းအရ တရာဝင်ဇနီးမယားက သူမအမျိုုးသား၏ မယားငယ်ကိစ္စကို ဆုံးဖြတ်ပေးနိုင်၏။

သူမသဘောတူမှတော့ ထိုကိစ္စ အတည်ဖြစ်သွားပြီဟု ဆိုလိုနေတာပဲ ဖြစ်သည်။

ချန်းယုချို အလွန်ပျော်ရွင်သွားပြီး စိတ်လှုပ်ရှားစွာဖြင့် ဒူးထောက်လိုက်သည်။

“ချန်မိသားစုတစ်ခုလုံးနဲ့ ဘိုးဘေးတွေကိုယ်စား ငါက မမလေးရှုရဲ့ ကြီးမားတဲ့ကြင်နာမှုကို ကျေးဇူးတင်ပါတယ်….”

အာ?.....

ဤအရာကြောင့် ရှုရို့ရန် ရုတ်တရက် ထိတ်လန့်သွားပြီး အလျှင်အမြန် မတ်တပ်ရပ်ဖို့ ကူညီပေးလိုက်သည်။

“ဦလေးချန်း, ဦးလေးက ရို့ရန်ကို ခြောက်လန့်နေတာပဲ…..”

သူမက ချန်းစီလင်ကို ကယ်တင်ရုံသာ ဖြစ်သည်။

ဘိုးဘေးတွေပါဝင်လာဖို့ လိုအပ်သည်လား….

သူမဆုံးဖြတ်ချက်က ချန်မိသားစုကို ကြယ်သုံးလုံးဝိညာဥ်သခင်နှင့် ချည်နှောင်ပေးလိုက်တာကို သူမ မည်သို့ သိမည်နည်း။

ယခုချိန်မှစ၍ သူတို့က နဂါးဂိတ်ကိုကျော်ကာ ကြီးပွားတိုးတက်လာတော့မည်ပဲ ဖြစ်သည်။

ချန်းယုချို စိတ်လှုပ်ရှားနေဆဲဖြစ်ပြီး မတည်ငြိမ်နိုင်သေးပေ။

သူ့နောက်မှာရှိသည့် လျိုချီမင်လည်း ခံစားချက်တွေရောထွေးနေခဲ့၏။ သူမက ချန်းယုချို ခါးကိုလိမ်ဆွဲကာ မကျေမနပ် ပြောလိုက်သည်။

သူတို့သမီးကို မယားငယ်တစ်ယောက် ဖြစ်ခိုင်းတာကို သူက ပျော်ရွင်နေသည်လား….

ရွေးချယ်စရာမရှိတော့ဘူးဆိုရင်တောင် ထိုအရာကို မလုပ်သင့်ပေ။

ထိုအရာက သူတို့သမီးဂုဏ်သိက္ခာနှင့် မည်သို့ သင့်လျော်မည်နည်း။

ယခုဂျန်ဖန်းနှင့် မိသားစုဝင်တွေဖြစ်သွားပြီ ဖြစ်၍ ချန်းယုချို တီးတိုးပြောလိုက်သည်။

“ဂျန်ဖန်းက ငါတို့မိသးစုရဲ့ ကြယ်သုံးလုံး ဝိညာဥ်သခင်ပဲ…..”

“ဘာ?....”

လျိုချီမင် အလွန်အမင်းတုန်လှုပ်သွားပြီး အော်ပြောလိုက်သည်။

“သူက…..”

“ရှူး….. ဒါက လျို့ဝှက်ချက်ပဲ…..”

ချန်းယုချို သူမကို အလျှင်အမြန် တားလိုက်သည်။

ထို့အခါမှသာ လျိုချီမင် သူမပါးစပ်ကို အလျှင်အမြန်ပိတ်လိုက်ပြီး ဂျန်ဖန်းကို ပျော်ရွင်စွာနှင့် ကြည့်နေခဲ့သည်။

သူမက အလွန်ပျော်ရွင်နေပြီး ရှုရို့ရန်လက်ကို ကိုင်လိုက်သည်။

“ရို့ရန်, အန်တီ သမီးကို ကျေးဇူးတင်ပါတယ်…. ကျေးဇူးအရမ်းတင်ပါတယ်…..”

“မင်း အဒေါ်တို့ချန်မိသားစုရဲ့ ကျေးဇူးရှင်ကြီးပဲ…..”

“အဒေါ့် မင်းကို အရိုအသေပေးပါရစေ…..”

ရှုရို့ရန် ထိပ်ထိပ်ပျာပျာနှင့် အလျှင်အမြန် သူမကို တားလိုက်သည်။

သူမခေါင်းတစ်ခုလုံးက မေးခွန်းတွေနှင့် ပြည့်နှက်နေခဲ့သည်။

ချန်မိသားစုစုံတွဲနှင့်ပတ်သက်ပြီး ဘာမှားနေသနည်း။

သူမက မယုံနိုင်စရာကောင်းသည့် တစ်စုံတစ်ခုပြုလုပ်ခဲ့သည်လား…..

သူတို့က ဘာကြောင့် အရိုအသေပေးနေကြသနည်း။

သူတို့ကို စိတ်တည်ငြိမ်စေပြီးနောက် သူမက ကြေငြာလိုက်သည်။

“ဒါဆို ဒီကိစ္စက အတည်ဖြစ်သွားပြီ….”

“အခုကစပြီး ချန်းစီလင်က ငါ့ယောက်ျားဂျန်ဖန်းရဲ့ ကိုယ်လုပ်တော်ပဲ….”

ကျောင်းချီကျန့် ရင်ဘတ်က ဒေါသကြောင့် နိမ့်လိုက်မြင့်လိုက်ဖြစ်နေခဲ့သည်။

သူက အလွန်အမင်းစော်ကားခံရသကဲ့သို့ ခံစားရပြီး အော်ပြောလိုက်သည်။

“ချန်မိသားစုက ငါ့ဆန္ဒကို ဖြည့်ပေးမဲ့အစား သူတို့သမီးကို မယားငယ်တစ်ယောက်ဖြစ်စေလိုက်တယ်……”

“မင်းတို့မျက်လုံးထဲမှာ ငါက အမှိုက်ကောင်လောက်တောင် မကောင်းဘူးလား…..”

“ဒါက ငါ့ကို စော်ကားလိုက်တာပဲ။ ပြီးတော့ ငါ့ကျောင်းမိသားစုကို စော်ကားလိုက်တာပဲ…..”

“မင်းတို့ ငါ့အဖေလာပြီး တရားမျှတမှု ရှာမှာကို စောင့်နေလိုက်……”

ပြောပြီးနောက် သူက ဒေါသတကြီး ထွက်ခွာသွားခဲ့သည်။

ဂျန်ဖန်း ဆွံ့အနေခဲ့သည်။

‘ချန်းစီလင် ချိန်းတွေ့တာ ဘယ်လိုလုပ်ပြီး ငါ့ကိုယ်လုပ်တော်ဖြစ်လာရတာလဲ…..’

‘ငါက ဒီနေရာကို ကြီးကြပ်ဖို့ရောက်လာတာလေ…..’

‘ဒါပေမယ့် ကိစ္စတွေက ဒီထိတောင်ရောက်မှတော့ ဒီအတိုင်း လုပ်ရုံပဲပေါ့…..’

တစ်ခဏတွေးပြီးနောက် သူက နောက်ဆုံးကျန်ရှိသည့် သေခြင်းကျော်လွန်ခြင်းဆေးလုံးကို ထုတ်ယူလိုက်သည်။ ထို့နောက် အထွတ်အထိပ်အဆင့် ချီကျင့်ကြံခြင်းအရည်အချို့နှင့် အဝါရောင်အဆင့်မြင့်ကျင့်စဥ် တို့ကိုလည်း ထုတ်ယူလိုက်၏။

“မင်းနဲ့ ငါနဲ့က စေ့စပ်ပြီးသွားပြီဆိုမှတော့ ဒီပစ္စည်းတွေက မင်းအတွက်ပဲ….”

“သူတို့ကိုယူလိုက်…. ပြီးရင် အကြီးအကဲလီကို မင်းရဲ့ စိတ်ဝိညာဥ်အမြစ် စမ်းသပ်ပေးဖို့ ပြောလိုက်။ မင်းလည်းတိမ်စိမ်းဂိုဏ်ကို ဝင်နိုင်မလားကြည့်ကြတာပေါ့….”

ချန်းစီလင် ထိုအရာတွေက ဘာတွေလဲဆိုတာတောင် သေချာမကြည့်ပေ။ သူမက ရှုက်သွေးဖြာနေပြီး သူတို့ကို ယူလိုက်သည်။

ဂျန်ဖန်းလည်း မလွယ်ကူသလို ခံစားလိုက်ရသည်။

ထိုအခိုက်အတန့်၌…..

အစေခံတစ်ယောက် ရုတ်တရက် သတင်းပို့လာခဲ့သည်။

“သခင်လေးဂျန်, သခင်လေးဂျန်…. ရှုမိသားစုခေါင်းဆောင်က သခင်လေးကို အမြန်ပြန်ခဲ့ဖို့ပြောလိုက်တယ်…..”

“ချင်မိသားစု ရောက်လာပြီး သခင်လေးဆီက ရှင်းပြချက် တောင်းနေတယ်တဲ့…..”

All Chapters