← Chapters

ချင်မိသားစု ဒုက္ခရှာခြင်း

Vol. 5 Ch. 75

ချင်မိသားစု ဒုက္ခရှာခြင်း

Vol. 5 Ch. 75

ထိုအရာကိုကြားသည့်အခါ….

ချန်ယုချိုမျက်နှာ လေးနက်သွားပြီး ပြောလိုက်သည်။

“သခင်လေးဂျန်, ငါမင်းနဲ့ လိုက်ခဲ့မယ်….”

“ငါကြားတာတော့ ချင်မိသားစု ခေါင်းဆောင်ဟောင်း ချင်ဝမ်ယွမ်ပြန်ရောက်နေပြီတဲ့…..”

“သူက ရက်စက်တဲ့လူတစ်ယောက်ပဲ….”

ဂျန်ဖန်းက ကြယ်သုံးလုံးဝိညာဥ်သခင် ဖြစ်ပေမယ့် ကျင့်ကြံရေးက သူတို့လောက် မသန်မာပေ။

ထိပ်တိုက်တိုက်ခိုက်ကြမည်ဆိုလျှင် ဂျန်ဖန်း အထိနာမည်ပဲဖြစ်သည်။

ဂျန်ဖန်း မျက်မှောင်ကြုတ်လိုက်သည်။

ချင်ဝမ်ယွမ်?.....

သူ့နာမည်က ဘာကြောင့် ဟွမ်ဝမ်ယွမ်နာမည်နှင့် ဆင်တူနေရသနည်း။

“မလိုဘူး…. ငါ့ဘာသာကိုင်တွယ်နိုင်ပါတယ်…..”

ဂျန်ဖန်းလက်ဝှေ့ယမ်ပြလိုက်သည်။ ထို့နောက် ရှုရို့ရန်နှင့်အတူ ရှုမိသားစုကို အမြန်ပြန်တော့၏။

သူ အခြေခံတည်ဆောက်ခြင်းအဆင့် ၃ ချိုးဖြတ်ထားတာ ချန်မိသားစုက မသိသေးပေ။

သူတို့သာသိလျှင် စိုးရိမ်နေမည် မဟုတ်ပေ။

ဂိတ်တံခါးအပြင်ဘက်၌…..

ရှုယင်းရင်း အချိန်တော်ကြာစောင့်နေခဲ့ပြီး ဂျန်ဖန်းကိုမြင်သည့်အခါ အနည်းငယ် မကျေနပ်စွာဖြင့် ပြောချင်နေ၏။

သို့ပေမယ့် ချင်မိသားစုအရင်ပြဿနာရှာတာက တစ်ကြောင်း၊ ဂျန်ဖန်း ရှုမိသားစုအတွက် ချင်မိသားစုဝင်များစွာကို ဒဏ်ရာရအောင် လုပ်ခဲ့တာကိုတွေးပြီး…..

သူမက စိုးရိမ်သည့်ပုံသာ ဖြစ်နေ၏။

“ခေါင်းဆောင်ဟောင်းချင်းဝမ်ယွမ်က ဝိညာဥ်သခင်အဖွဲ့အစည်းနဲ့ ဝိညာဥ်ခန်းမ အသိအမှတ်ပြုထားတဲ့ ကြယ်တစ်လုံး ဝိညာဥ်သခင်ပဲ။ တိမ်းစိမ်းဂိုဏ်းအကြီးအကဲတောင် သူ့ကို လေးစားမှုပြရတယ်….”

“ငါတို့က ပြန်တိုက်ဖို့ ဖိအားပေးခံရပေမယ့် ခေါင်းဆောင်ဟောင်းချင်ဝမ်ယွမ်က ငါတို့နဲ့ ကျိုးကြောင်းဆွေးနွေးနေမှာမဟုတ်ဘူး….”

ရှုရို့ရန်လည်း စိုးရိမ်သွားပြီး သူမမျက်ခုံးတွေ တွန့်ခေါက်သွားခဲ့သည်။

“ဒီကိစ္စမဖြေရှင်းနိုင်ရင် ငါတို့ ဘယ်လိုလုပ် တိမ်းစိမ်းဂိုဏ်းကို ငြိမ်းငြိမ်ညမ်းညမ်း သွားလို့ရမှာလဲ….”

ဂျန်းဖန်းမျက်နှာက အေးစက်တဲ့အမူအရာတွေ ထွက်ပေါ်လာခဲ့သည်။

ကြယ်တစ်လုံးဝိညာဥ်သခင်လား?.....

သူက ခဲ့တံကိုင်လိုက်ပြီး စာရေးလိုက်သည်။

“သူ ငါ့ဆီက ဘယ်လို ဖြေရှင်းချက်မျိုး လိုချင်လဲဆိုတာ မြင်ချင်သေးတယ်…..”

ပြောပြီးနောက် သူက အိမ်တော်ထဲကို ဝင်သွားခဲ့သည်။

အဓိကခန်းမထဲ၌…..

ရှုကျန်းယန် ခန်းမထဲ၌ နာခံစွာဖြင့် မတ်တပ်ရပ်နေခဲ့သည်။

ချင်းဝမ်ယွမ် မိသားစုခေါင်းဆောင်ထိုင်ခုံမှာ အထာကျကျထိုင်နေပြီး လက်ဖက်ရည်ကို နည်းနည်းခြင်းသောက်နေခဲ့သည်။

“ဂျန်ဖန်း ခုထိ ပြန်မရောက်သေးဘူးလား….”

သူက ခန့်ညားသည့်အရှိန်အဝါဖြင့် မေးလိုက်သည်။

ရှုကျန်းယန်ခါးသီးသည့်မျက်နှာဖြင့် ပြန်ဖြေလိုက်သည်။

“ခေါင်းဆောင်ဟောင်းချင်, အားလုံးက ငါ့အမှားတွေပါ…..”

“မင်းအပြစ်ပေးချင်ရင် ငါ့ကိုပဲ ပေးလိုက်ပါ။ ကျေးဇူးပြုပြီး ဂျန်ဖန်းကို လွတ်ပေးလိုက်ပါ။ သူက ကလေးပဲ ရှိပါသေးတယ်…..”

ဖြန်း!

ထိုအရာကိုကြားသည့်အခါ ချင်ချန်းရှန် ရှေ့တက်လာပြီး သူ့မျက်နှာကို ဖြတ်ရိုက်လိုက်သည်။

ရှုကျန်းယန်၏ကျင့်ကြံရေးက သူ့ထက်မြင့်တာဖြစ်၍ ထိုအရာကို ရှောင်နိုင်၏။

သို့ပေမယ့် ချင်ဝမ်ယွမ်ရှေ့၌ သူက လုံးဝ မရှောင်ရဲပေ။ သူမျက်နှာပေါ် လက်ဝါးချက်ကျခံလိုက်ဖို့သာ တတ်နိုင်၏။

“ကလေး ဟုတ်လား?....”

ချင်းချန်ရှန် ဒေါသတကြီးဖြင့် သူ၏ကျိုးနေသည့်လက်မောင်းကို ညွှန်ပြလိုက်သည်။

“ငါ့လက်ချိုးတုန်းကကော သူက ကလေးလို ပြုမူခဲ့လို့လား…..”

“ငါမင်းကိုပြောလိုက်မယ်…. ဂျန်ဖန်းသာ ဒီနေ့ ချင်မိသားစုကို ဖြေရှင်းချက်မပေးနိုင်ဘူးဆိုရင် ငါရှုမိသားစုကို နင်းခြေပစ်မယ်…..”

ကလန်ခေါင်းဆောင် လူရှေ့မှာ ပါးရိုက်ခံရ၏။

ကလန်အဖွဲ့ဝင်တွေအနေဖြင့် မည်သူက ဒေါသမဖြစ်ပဲနေမည်နည်း။ မည်သူက မမုန်းတီးပဲနေမည်နည်း။

သို့ပေမယ့် ချင်းဝမ်ယွမ်၏ ကြောက်စရာကောင်းသည့်တည်ရှိမှုကြောင့် သူ့တို့ဒေါသတွေကို မျိုသိပ်ထားရုံသာ တတ်နိုင်၏။

ချင်းမိသားစုမောက်မာတာကို ခွင့်ပြုထားရ၏။

ကလန်အဖွဲ့ဝင်တွေထဲ၌ ဝမ်ယင်ဖုန်း အကြီးအကျယ်နောင်တရနေခဲ့သည်။

သူမ ဘယ်လိုအပြစ်မျိုးကျူးလွန်ခဲ့လို့ ထိုကပ်ဘေးကောင်လုကျန်းကို ရှုမိသားစုသို့ ခေါ်ခဲ့မိသနည်း။

ရှုမိသားစုသို့ ပျက်ဆီးခြင်းတွေ တစ်ကြိမ်ပြီးတစ်ကြိမ်ယူဆောင်လာခဲ့သည်။

ဂျန်ဖန်းကြောင့်သာမဟုတ်လျှင် ရှုမိသားစု အချိန်တော်ကြာကတည်းက အဆုံးသတ်သွားပြီပဲဖြစ်သည်။

သို့ပေမယ့် ဤတစ်ချိန်၌ သူတို့ ဝိညာဥ်သခင်ကို ရင်ဆိုင်နေရသည်ဖြစ်ရာ ဂျန်ဖန်းမည်သို့ ထိုဖိအားကိုခံနိုင်မည်နည်း။

ညွှန်း!

ငှက်အော်သံတစ်ခုထွက်ပေါ်လာခဲ့သည်။

လီချင်ဖုန်း ငှက်ပျံကိုစီနင်းပြီး ရောက်ရှိလာခဲ့သည်။

အဆုံးမှာတော့ ရှုမိသားစု၌ သူ့တပည့်နှစ်ယောက်ရှိတာပဲဖြစ်သည်။

သူက ဆရာတစ်ယောက်အနေဖြင့် အနားမှာရှိမှတော့ ဘာမှမမြင်သလို ဟန်ဆောင်မနေနိုင်ပေ။

ချင်းဝမ်ယွမ်မီးခိုးရောင်မျက်လုံးတွေ တွန့်လိမ်သွားပြီး အလျှင်အမြန် ရှေ့တက်လာခဲ့သည်။

သူက လက်ချင်းယှက်ပြီးပြောလိုက်သည်။

“အကြီးအကဲလီ….”

လီချင်ဖုန်း ငှက်ပေါ်ကဆင်းပြီး အနည်းငယ် ယဥ်ကျေးစွာနှင့် ပြောလိုက်သည်။

“ခေါင်းဆောင်ချင်, အရမ်းယဥ်းကျေးနေဖို့ မလိုပါဘူး….”

“မင်းက အောင်ပွဲခံပြီးပြန်လာမှတော့ ငါတို့ တိမ်စိမ်းဂိုဏ်းက လာတွေ့ရမှာပေါ့…..”

ဝိညာဥ်သခင်တစ်ယောက်၏အဆင့်အတန်းက သာမန်လူတွေ၏အဆင့်အတန်းထက် များစွာသာလွန်၏။

ကြယ်တစ်လုံးဝိညာဥ်သခင်ဆိုရင်တောင် တိမ်စိမ်းဂိုဏ်း၌ ထူခြားသည့်အဆင့်အတန်းတစ်ခုရှိ၏။

အကြီးအကဲတစ်ယောက်အနေဖြင့် လီချင်ဖုန်းလည်း ဖော်ရွေစွာပြောလိုက်သည်။

ချင်ဝမ်ယွမ် သူ့ရည်ရွယ်ချက်ကို သိပြီး ပြောလိုက်သည်။

“အကြီးအကဲလီ, မင်းက ဒိပဋိပက္ခကို ဖြန်ဖြေဖို့လာခဲ့တာလား….”

လီချင်ဖုန်းပြုံးပြီးပြောလိုက်သည်။

“ရန်ငြိုးတွေဖွဲ့ထားထက် အဲ့ဒါတွေကို ဖြေရှင်းလိုက်တာပိုမကောင်းဘူးလား။ ငါ့ကို မျက်နှာသာပေးပြီး နှစ်ဖက်လုံး ဒီကိစ္စကို ဒီမှာပဲ ရပ်လိုက်ကြပါလား…..”

သူရောက်လာတာမြင်သည့်အခါ…..

ရှုမိသားစုဝင်တွေ တိတ်တဆိတ်ပျော်ရွင်သွားကြသည်။

အကြီးအကဲလီဝင်ပါလာပြီဖြစ်၍ ဤနေ့ကိစ္စက သံသယရှိစရာမလိုအောင် ဖြေရှင်းပြီးသွားပြီပဲဖြစ်သည်။

ရှုကျန်းယန် စိတ်သက်သာယာရစွာ သက်ပြင်းချလိုက်သည်။

ကံကောင်းစွာနှင့် အကြီးအကဲလီ မြို့ထဲမှာ ရှိနေခဲ့၏။

ထိုသို့မှမဟုတ်လျှင် ဤနေ့ကိစ္စက ငြိမ်ငြိမ်းငြမ်းငြမ်းဖြေရှင်းဖို့ ခက်ပြီပဲ ဖြစ်သည်။

သို့ပေမယ့် ချင်းဝမ်ယွမ်မျက်နှာက စိတ်ပျက်သည့်အရိပ်ယောင်တွေ ပြသနေခဲ့သည်။

“အကြီးအကဲလီ, ငါမင်းကို မျက်နှာသာမပေးတာမဟုတ်ပါဘူး။ ဒါပေမယ့် ရှုမိသားစုက လွန်လွန်းတယ်….”

“အတိတ်တုန်းက ငါ အထီးကျန်လှေမြို့ကို အများကြီးအကျိုးပြုခဲ့တယ်….”

“ဒါပေမယ့် ငါမရှိတဲ့ ဆယ်စုနှစ်အတွင်း ရှုမိသားစုက ငါ့မိသားစုဝင်တွေကို ဒဏ်ရာရပြီး မသန်မစွမ်းဖြစ်အောင်လုပ်ခဲ့တယ်။ ငါ ချင်မိသားစုဘိုးဘေးတွေကို မျက်နှာပြရမှာတောင် ရှက်မိတယ်….”

လီချင်ဖုန်း မကျေမနပ်ဖြစ်နေတာမြင်တော့ သူက သက်ပြင်းချလိုက်သည်။

“ဒါပေမယ့် အကြီးအကဲလီကိုယ်တိုင်တောင်းပန်နေမှတော့ ငါ ခြေတစ်လှမ်းနောက်ဆုတ်ပေးပါ့မယ်….”

“အကြွေးတိုင်းမှာ အကြွေးရှင်ရှိတယ်။ ဂျန်ဖန်းက အဓိကတရားခံဆိုမှတော့ သူ့ကိုပဲ တာယူခိုင်းလိုက်မယ်….”

“ကျန်တဲ့ရှုမိသားစုဝင်တွေကို ဘာမှမလုပ်ဘူး…..”

ရှုမိသားစုဝင်တွေ တိတ်တဆိတ်ပျော်ရွင်သွားခဲ့သည်။

ရှုမိသားစုကို မပါဝင်စေတာက ချင်ဝမ်ယွမ် ကြီးမားသည့်လေးစားမှု ပြသပြီးနေပြီပဲဖြစ်သည်။

ထိုအရာက အကောင်းဆုံးရလဒ်ဖြစ်၏။

လီချင်ဖုန်း အနည်းငယ်ပြုံးလိုက်သည်။

“ခေါင်းဆောင်ချင် သဘောထားကြီးပါပေတယ်။ ငါ ရှုမိသားစုကိုယ်စား ကျေးဇူးတင်ပါတယ်….”

ရှုကျန်းယန်တစ်ယောက်သာ…..

သူ့နှလုံးသား ကျုံ့ဝင်သွားပြီး ပြောလိုက်သည်။

“အကြီးအကဲလီ, မင်း ဂျန်ဖန်းကိုကော ကူညီပေးလို့မရဘူးလား…..”

ချင်မိသားစုက သူတို့ဒေါသအားလုံးကို ဂျန်ဖန်းဆီဦးတည်နေခဲ့သည်။

သူတို့တောင်းမည့်တန်ကြေးကို စဥ်းစားကြည့်လို့ရတာပဲဖြစ်သည်။

လီချင်ဖုန်း မျက်မှောင်ကြုတ်သွားသည်။

သူက ဂျန်ဖန်း သေခြင်းရှင်ခြင်းကို ဂရုမစိုက်ပေ။ သူ မသန်မစွမ်းဖြစ်သွားပြီး တိမ်စိမ်းဂိုဏ်းကို မဝင်နိုင်လျှင် ပိုတောင်ကောင်းသေး၏။

ထိုနည်းဖြင့် သူ၏ချစ်ရသည့် တပည့်မလေး ရှုရို့ရန်အတွက် ဝန်ထုတ်ဝန်ပိုး ဖြစ်စေတော့မည်မဟုတ်ပေ။

လေးနက်သည့်အမူအရာဖြင့် သူက ပြောလိုက်သည်။

“ရှုမိသားစုခေါင်းဆောင်, ငါ အကောင်းဆုံး လုပ်ပေးပြီးပါပြီ….”

“ဂျန်ဖန်းက ငယ်ပေမယ့် သူ့လုပ်ရပ်အတွက် အကျိုးဆက်ကို တာဝန်ယူသင့်တယ်……”

“ဒါဆိုရင် သူလည်း ရင့်ကျက်လာမယ်။ ဒါက သူ့အတွက် မကောင်းတဲ့ကိစ္စတော့ မဟုတ်ပါဘူး….”

ချင်ဝမ်ယွမ် ခန့်ညားသည့်အရှိန်အဝါဖြင့် လှောင်ပြောင်လိုက်၏။

“ရှုကျန်းယန်, မင်းကျေနပ်သင့်ပြီ….”

“အကြီးအကဲလီကြောင့်သာမဟုတ်ရင်, ဒီနေ့မင်းတို့ရှုမိသားစု ရာဇဝတ်သားကို နေခွင့်ပေးတဲ့ပစ်မှုက လွတ်လိမ့်မယ် မထင်နဲ့…..”

မိသားစုများစွာလည်း ရှုကျန်းယန် စွမ်းအားကြီးပုဂ္ဂိုလ်နှစ်ဦးကို ဒေါသမထွက်စေဖို့ ဖျောင်းဖျလိုက်ကြသည်။

မဟုတ်လို့ ချင်ဝမ်ယွမ်ဒေါသထွက်ပြီး ကတိပြန်ရုတ်သိမ်းလိုက်လျှင် ရှုမိသားစုပါ ထိခိုက်ရမည်ဖြစ်သည်။

“ဒါပေမယ့် ဂျန်ဖန်း….”

ရှုကျန်းယန် မခံမရပ်နိုင်ဖြစ်နေခဲ့သည်။

ထင်ရှားစွာပဲ ထိုအရာက ရှုမိသားစု ချင်မိသားစုကို ရန်စခဲ့ခြင်းကြောင်ပင် ဖြစ်သည်။

သူပြောနေစဥ်မှာပဲ အရပ်ရှည်ရှည် ကိုယ်လုံးတောင့်တောင့်ပုံရိပ်တစ်ခု အပြင်ဘက်ကနေ လျှောက်ဝင်လာခဲ့သည်။

ထိုအရာက ဂျန်ဖန်းကလွဲပြီး အခြားလူမဟုတ်ပေ။

သူကို မြင်သည့်အခါ ရှုကျန်းယန် အပြစ်ရှိသလို ခံစားလိုက်ရသည်။

“ဂျန်ဖန်း, ငါတို့ရှုမိသားစု မင်းကို မတရားလုပ်မိပြီ…..”

အခြားကလန်အဖွဲ့ဝင်တွေလည်း သူတို့ခေါင်းတွေကို ရှက်ရွံ့စွာဖြင့် ငုံ့ထားလိုက်ကြသည်။

သူတို့က ဂျန်ဖန်းမျက်လုံးတွေကို မကြည့်ရဲကြပေ။

ဂျန်ဖန်းမျက်လုံးတွေက တည်ငြိမ်နေပြီး ပတ်ပတ်လည်က ချင်မိသားစုဝင်တွေကို တစ်ချက်ကြည့်လိုက်သည်။ အေးစက်စက်အကြည့်တွေဖြင့် သူက ခဲတံကိုင်ကာ စာရေးလိုက်သည်။

“နောက်ဆုံးအကြိမ်တုန်းက ငါမင်းတို့ ခွေးအသက်တွေကို ချမ်းသာပေးခဲ့တယ်။ ဒီတစ်ချိန် မင်းတို့က သေရကောင်းမှန်းရှင်ရကောင်းမှန်းမသိပဲ သေးခြင်းတရာကို လာရှာတယ်ပေါ့….”

စာကြောင်းထွက်ပေါ်လာသည့်တစ်ပြိုင်နက်…..

ချင်မိသားစုဝင်တွေ ပွက်လောရိုက်သွားခဲ့သည်။

ချင်ချန်ရှန် ဒေါသတကြီးရယ်လိုက်၏။

“ခွေးမသား…. အခြေအနေကောနားလည်လား… မင်းက ခုချိန်ထိ ဒီလို အဓိပ္ပာယ်မရှိတာတွေ ပြောရဲသေးတယ်….”

“ငါမင်းကိုပြောလိုက်မယ်….. မင်း ဒီနေ့ ချင်မိသားစုကို ကျေနပ်လောက်မဲ့ ဖြေရှင်းချက်မပေးရင် ဒီနေရာက အသက်ရှင်လျက်ထွက်သွားရမယ် မထင်နဲ….”

လီချင်ဖုန်း အနည်းငယ်မျက်မှောင်ကြုတ်လိုက်သည်။

ဂျန်ဖန်းစာကိုဖတ်ပြီး သူက ခေါင်းသာ ခါယမ်းလိုက်၏။

“လူငယ်လေး, သိပ်မမောက်မာပါနဲ့။ မင်းသာနိမ့်နိမ့်ချချနေခဲ့ရင် မင်းဒီနေ့လို အခြေအနေမျိုးရောက်မှာ မဟုတ်ဘူး….”

“ခေါင်းဆာင်ချင်ကို ဒူးထောက်ပြီး မြန်မြန် တောင်းပန်လိုက်။ အဲ့လိုဆို ညှိနှိုင်းဆွေးနွေးလို့ရသေးတယ်…..”

“မဟုတ်ရင် ငါတောင် ဒီနေ့မင်းကို ကယ်နိုင်မှာ မဟုတ်ဘူး……”

ခေါင်းဆောင်ချင်?.....

ချင်ဝမ်ယွမ်လား…..

ဂျန်ဖန်းအကြည့်က ရွေ့လျားသွားပြီး ချင်ဝမ်ယွမ်အပေါ်မှာ ရပ်တန့်သွားခဲ့သည်။

ဤမျက်နှာက ဟွမ်းဝမ်ယွမ် မဟုတ်လား…..

သူ့ရှေ့ကလူက တိမ်မြူခိုးဂူ၌ ဆံပင်ဖွာလန်ကျဲနှင့် လူအိုကြီးမှန်း မမှတ်မိပေ။

သို့ပေမယ့် ချင်းဝမ်ယွမ် ချက်ချင်းပဲ ဂျန်ဖန်းကို မှတ်မိလိုက်သည်။

ဤအရာက တိမ်မြူခိုးဂူ၌ ရှုဂန်းလီကို ဓားတစ်ချက်တည်းဖြင့်သတ်ခဲ့သည့် ကြယ်သုံးလုံးဝိညာဥ်သခင်မဟုတ်လား….

မဟုတ်ပေ… ထိုအရာက ကြယ်လေးလုံး ဝိညာဥ်သခင်ဖြစ်သင့်၏။

သူ့ပါးစပ်က တုန်ယင်နေ၏။

“မင်း….. မင်းက ဂျန်ဖန်းလား….”

All Chapters