အရိပ်
Vol. 6 Ch. 78
သေဆုံးခြင်းမှတ်ဉာဏ်များကို သယ်ဆောင်ထားသော လက်ရှစ်ဖက်သည် ဆန့်ထွက်လာ၏။အရိပ်သည် လှိုင်းလုံးများကဲ့သို့ နံရံများကို ဝင်ဆောင့်နေကြသည်။ သတ်ဖြတ်ခံရခဲ့ရသော သားကောင်များသည် မုန်တိုင်းကို ဖြတ်လျောက်လာပြီး ဒေါက်တာလု၏ရှေ့တွင် မတ်တပ်ရပ်နေကြလေသည်။ဆံပင်နောက်တွင် ရှိသောမျက်လုံးများသည် ရဲရဲနီနေ၏။ ကောင်းမင်သည် စားပွဲကို လက်နှင့်ဖိ၍ အသက်ပြင်းပြင်းတစ်ချက်ရှူထုတ်လိုက်သည်။
"ဒေါက်တာလု ၊ ကျုပ်ကို ကုသပေးနိုင်မလား "
ရုပ်ဆိုးဆိုး အရုပ်တစ်ရုပ်သည် စားပွဲအောက်မှ တွားသွားထွက်လာ၏။၎င်းသည် ဒေါက်တာလု၏ ခြေထောက်ကို ဖမ်းဆွဲလိုက်သည်။သူသည် နောက်ပြန်ဆုတ်ချင်နေသော်လည်း ကောင်းမင်က ထိုအခွင့်အရေးမပေးချေ။ပုံသဏ္ဍာန်လေးခု၏ မျက်နှာများသည် ဒေါက်တာလုကို စိုက်ကြည့်လိုက်ကြသည်။သားစားကြူးနတ်သည် ထိုလူ၏ ဦးခေါင်းခွံကို ခွဲခြေလိုက်သည်။သူ့နှလုံးသည် အနီရောင်များ စွန်းထင်းသွားတော့သည်။ကောင်းမင်၏ သန္ဓေပြောင်းနှလုံးသည် တဒိတ်ဒိတ်ခုန်ပေါက်နေလေသည်။
နှလုံးခုန်သံတစ်ချက်စီနှင့်အတူ အခန်းထဲတွင် သွေးများ ပိုသိပ်သည်းလာလေသည်။ပြတင်းပေါက်အပြင်ဘက်တွင် မုန်တိုင်းက တလှစ်လှစ်ပြေးလွှားနေ၏။အခန်းအတွင်း သွေးများ ပေါက်ကွဲထွက်သွားသည်။အရိပ်သည် အော်ဟစ်သံများဖြင့် ရောနှောနေတော့သည်။သူသည် အစွန်းရောက်အကြမ်းဖက်မှုကို ကိုယ်စားပြုသည်။ သူ့တိုက်ခိုက်မှုများတွင် ဝမ်းနည်းမှု တစ်စွန်းတစ်စပါ ရှိနေလေသည်။
သေခြင်းတရားနှင့် ကယ်တင်ခြင်းတွင် ကွဲပြားသော အတွေးအမြင်များ ကွဲလွဲနေသည်။သေဆုံးခြင်း မှတ်ဉာဏ်များအားလုံးသည် တစ်ခုနဲ့တစ်ခု ထိပ်တိုက်တွေ့နေကြသည်။
နတ်ဘုရားပင် သည်းမခံနိုင်သည့် ဝေဒနာသည် ကောင်းမင်အတွက် ဖြစ်ရိုးဖြစ်စဉ်ဖြစ်သည်။
"တစ်ချိန်က ငါဟာ လူတိုင်းကို ကယ်တင်ဖို့ ကြိုးစားခဲ့ဖူးတယ် ၊ ဒါပေမယ့် ငါဟာ ငါ့ကိုယ်ငါတောင်မကယ်တင်နိုင်မှန်း နားလည်ခဲ့တယ်"
"ဒေါက်တာလု ၊ ကျုပ်ခင်ဗျားကို အရမ်းယုံကြည်ပြီး အရာအားလုံး ပြောပြခဲ့တယ် ၊ ဒါပေမယ့် ခင်ဗျားက ကျုပ်ကို နမူနာပုံစံတစ်ခုအဖြစ်ပဲ ဖန်တီးချင်နေခဲ့တယ် "
"ဘာလို့ ခင်ဗျားရဲ့ လူနာတွေကို ထိခိုက်နာကျင်စေခဲ့တာလဲ ၊ သူတို့က ခင်ဗျားကို သူတို့ရဲ့နောက်ဆုံးမျှော်လင့်ချက်အဖြစ်နဲ့ ဆက်ဆံခဲ့ပေမယ့် ခင်ဗျားက သူတို့ မျက်စိရှေ့မှာတင် မျှော်လင့်ချက်ကို ရိုက်ချိုးပြီး သူတို့ရဲ့ခန္ဓာကိုယ်ထဲကို ခင်ဗျားရဲ့ဓားနဲ့ ထိုးသွင်းခဲ့တယ် "
သူ့နှလုံးထဲမှ ချိန်းကြိုးများ လှုပ်ရှားလာကြသည်။နာကျင်မှုနှင့်စိတ်ပျက်အားငယ်မှုများမှဖန်တီးထားသော နှိပ်စက်ညှင်းပန်းသည့် ကိရိယာများက အကောင်အထည်ဖြစ်ပေါ်လာကြသည်။ကောင်းမင်၏နှလုံးခန်းသည် မိသားစုနှစ်စုကို သတ်ဖြတ်ခဲ့သော လူသတ်သမား၏နှိပ်စက်ညှင်းပန်းခြင်းအခန်းထက် ပိုကြောက်မက်ဖွယ်ကောင်းလေသည်။
ဖြူရော်နေသောလူတစ်ယောက်၏မျက်နှာသည် ဒေါက်တာလု၏ မျက်နှာနေရာတွင် အစားဝင်လာ၏။ထို့နောက် ၎င်းသည် သားစားကြူးနတ်၏ ခြေမွခြင်းခံလိုက်ရသည်။သူ့နောက်ကျောတွင် ဒေါက်တာလုမျက်နှာ ပေါ်ထွက်လာသည်။သူသည် သူ့အိပ်ကပ်ထဲမှ လူသေဓာတ်ပုံများကို ထုတ်ယူလိုက်သည်။ဆေးခန်းအတွင်းတွင် လူနာများ ထွက်ပေါ်လာကြသည်။သူတို့ထဲတွင် တိတ်ဆိတ်နေသော သက်ကြီးရွယ်အိုများ ၊ ကျောင်းသားကျောင်းသူများ နှင့် ကလေးငယ်များ ပါဝင်၏။သူတို့သည် ဒေါက်တာလု၏ စုဆောင်းခြင်းခံခဲ့ရခြင်းဖြစ်သည်။သူတို့၏ ခန္ဓာကိုယ်များသည် အရိပ်များ ဖုံးလွှမ်းနေသည်။
ဒေါက်တာလုသည် သူတို့ကို သတ်ဖြတ်ခဲ့သော်လည်း သူတို့၏နာမကျန်းမှုများကို ထိန်းသိမ်းထားခြင်းဖြစ်သည်။အခြားဆရာဝန်များသည် တစ်စုံ တစ်ယောက်၏ခန္ဓာကိုယ်မှ နာမကျန်းမှုကို ဖယ်ရှားပစ်ရန် ကြိုးစားမည်ဖြစ်သော်လည်း ဒေါက်တာလုက ပြောင်းပြန်ဖြစ်သည်။
"သူ့ကိုတား ! "
ကောင်းမင်၏တိုက်ခိုက်မှုသည် အလွန်အမင်းရန်လိုနေ၏။ဒေါက်တာလုသည် ပြန်လည်တိုက်ခိုက်ရန်အကြံကို စွန့်လွတ်လိုက်ပြီး ထွက်ပြေးရန်ရွေးချယ်လိုက်သည်။
"သူက လူနာတွေကို စုဆောင်းရတာ ကြိုက်တယ်မဟုတ်လား ၊ ဘာလို့ သူ့လူနာတွေကို ချန်ထားပြီး ထွက်ပြေးနေရတာလဲ ၊ သူသည် အရူးတစ်ကောင်တောင် မဟုတ်ဘူး ၊ သူက သတ္တိကြောင်တဲ့ တီကောင်တစ်ကောင်ပဲ "
နာမကျန်းမှုတိုင်းသည် အဆိပ်တစ်ခုဖြစ်သည်။အရိပ်ကမ္ဘာ၏ ကူညီမှုနှင့်အတူ ဒေါက်တာလုသည် မယုံဖွယ်စွမ်းအား ရရှိထားသည်။သူသည် နာမကျန်းမှုများကို သူ့ခန္ဓာကိုယ်အတွင်း မြှုပ်နှံထားနိုင်းပြီး ၎င်းတို့အား သူအလိုရှိသလို အသုံးပြုနိုင်လေသည်။ကံမကောင်းသည်က သူသည် သေခြင်းတရားများစွာကို ကြုံတွေ့ဖူးထားသည့် ကောင်းမင်နှင့် တည့်တည့်တိုးမိခဲ့သည်။ စိတ်ပိုင်းဆိုင်ရာနာကျင်မှုက သူ့အား ဘာမှမလုပ်နိုင်ပေ။
ဒေါက်တာလုသည် ထိုကဲ့သို့လူတစ်ယောက်ကို မတွေ့ဖူးခဲ့ချေ။ငယ်ရွယ်စဉ်ကတည်းက လေ့ကျင့်ခံခဲ့ရသော ချင်ဂီသည်ပင် ထိုသို့ မဟုတ်ချေ။သူ၏ စိတ်ပိုင်းဆိုင်ရာတိုက်ခိုက်မှုသည် အလုပ်မဖြစ်သောကြောင့် ဒေါက်တာလုသည် ပြတင်းပေါက်ဖွင့်၍ ခုန်ချရန်ကြိုးစားလိုက်သည်။သို့သော်လည်း ကောင်းမင်က သူနှင့်နီးကပ်စွာ လိုက်ပါလာလေသည်။ ဒေါက်တာလုသည် ကောင်းမင်အား မည်ကဲ့သို့ ရန်စမိခဲ့ကြောင်း မသိပေ။ ကြည့်ရသည်မှာ သူသည် ကောင်းမင်၏မိသားစုကို သူ့စုဆောင်းမှုတစ်စိတ်တစ်ပိုင်းအဖြစ် ပြုလုပ်ခဲ့မိဟန်တူသည်။ဒေါက်တာလုသည် စိတ်ရှုပ်ထွေးနေသော်လည်း
အချိန်မဖြုန်းရဲပေ။အကြောင်းမှာ သူသည် ထိုသို့သောအရာများကို အရင်က ပြုလုပ်ခဲ့ဖူးသောကြောင့်ဖြစ်သည်။
"မင်းထွက်ပြေးနိုင်မယ် မထင်နဲ့ ! မကြာခင် စီတုအန်းလည်း မင်းနဲ့ လာပေါင်းစည်းလိမ့်မယ် ! "
သားစားကြူးနတ်၏လက်လေးဘက်သည် ရှေ့သို့ တိုးထွက်သွားသည်။လျှပ်စီးသည် ကောင်းကင်ကို ပိုင်းဖြတ်သွားသည်။ ယင်းအလင်းရောင်သည် ကောင်းမင်၏ မျက်နှာကိုပြသလိုက်၏။ ဒေါက်တာလုကို သားစားကြူးနတ်က ဖမ်းမိလိုက်စဉ် မိုးကြိုးသံ တုန်ဟီးသွားသည်။ လက်လေးဖက်သည် ဒေါက်တာလုခန္ဓာကိုယ်၏ အစိတ်အပိုင်းမျိုးစုံကို ဖျစ်ညစ်လိုက်ရာ သူ့ခန္ဓာကိုယ်တစ်လျောက် သွေးများ လျင်မြန်စွာပန်းထွက်လာတော့သည်။ကောင်းမင်သည် ညအမှောင်ထုထဲတွင် မတ်တပ်ရပ်နေလေသည်။
ကောင်းမင်သည် ညအမှောင်ထုထဲတွင် မတ်တပ်ရပ်နေသည်။မိုးရေများသည် သူ့ခန္ဓာကိုယ်တစ်လျောက် စီးကျနေ၏။သူ့နှလုံးခုန်နူန်းသည် ဒေါက်တာလု၏နှလုံးခုန်နူန်းနှင့် ထပ်တူကျသည်အထိ သူ့ရင်ဘတ်က နိမ့်ချည် မြင့်ချည် ဖြစ်နေ၏။
"မင်း ဘာလုပ်နေတာလဲ! "
ဒေါက်တာလုသည် သက်ရှိလူသားများက အရိပ်ကမ္ဘာမှ မွန်းစတားများကို သတ်ဖြတ်နိုင်လိမ့်မည် ဘယ်တုန်းကမှ တွေးမထားမိသော်လည်း သူ့နှလုံးသားသည် စိုးရိမ်ပူပန်မှုများ ပြည့်နှက်နေလေသည်။
မိုးရေစက်များသည် ရေအိုင်နှင့်ရွှံ့ဗွက်များကို အဆက်မပြတ်ရိုက်ခတ်နေ၏။ မိုးကြိုးသံ မြည်ဟည်းသွားသည်။ကောင်းမင်နှင့် သားစားကြူးနတ်သည် ပါးစပ်များကို တစ်ပြိုင်နက်တည်း ဟလိုက်သည်။လက်လေးဖက်သည် ဒေါက်တာလု၏ ခန္ဓာကိုယ်အစိတ်အပိုင်းများကို ဖောက်ဝင်သွားသည်။ များစွာသော သွေးကြောများက ဒေါက်တာလု၏ခန္ဓာကိုယ်အား ထိုးစိုက်လိုက်ကြသည်။၎င်းသည် သူ၏အသားနှလုံးသားကို ထိုးဖောက်ပြီး နတ်ဘုရားနှလုံးသားကို ဝန်းရံလိုက်သည်။
လူသားများတွင် နှလုံးသားနှစ်ခုရှိလေသည်။အသားနှလုံးသားက လူသားကမ္ဘာတွင် ကျန်ရစ်ခဲ့ချိန်တွင် နတ်ဘုရားနှလုံးသားသည် ပြန်လည်မွေးဖွားရန် ပြန်လာလေ့ရှိသည်။ယခုတွင် ကောင်းမင်သည် ဒေါက်တာလု၏ နှလုံးနှစ်ခုလုံးကို လိုချင်နေ၏။ အော်ဟစ်သံများသည် အရိပ်ကမ္ဘာထဲသို့ ပဲ့တင်သွားသည်။ဒေါက်တာလုသည် ကောင်းမင်၏နှလုံးတွင်းရှိနှိပ်စက်ညှင်းပန်းသည့် အခန်းကို မြင်လိုက်ရသော ဖြူဖျော့သွားသည်။ များစွာသော နှိပ်စက်ညှင်းပန်းသည့် ကိရိယာများက လှုပ်ရှားလာကြသည်။
ကောင်းမင်က သူ့နှလုံးသားနှစ်ခုလုံးကို ဆွဲယူလိုက်ချိန်တွင် သူ့အဆုံးသတ်အား ဆုံးဖြတ်ပြီးသား ဖြစ်သွားခဲ့သည်။သားစားကြူးနတ်သည် ဒေါက်တာလုကို ပိတ်လှောင်လိုက်ပြီး ကောင်းမင်၏နှလုံးခန်းအတွင်း ဆွဲခေါ်သွား၏။သေဆုံးခြင်းမှတ်ဉာဏ်များသည် စက်တစ်လုံး၏ ခွေးသွားစိတ်များနှင့်တူပေသည်။ဒေါက်တာလုသည် အခြားလူများအပေါ် ပြုလုပ်ခဲ့သော နာကျင်မှုများကို တွေ့ကြုံခံစားလိုက်သောအခါ နှိပ်စက်ညှင်းပန်းသည့် အခန်းထဲတွင် အော်ဟစ်နေလေ၏။ အရိပ်သည် ဒေါက်တာ လု နှင့်သက်ဆိုင်သည့် သေခြင်းမှတ်ဥာဏ်များ ပျောက်ကွယ်သွားသည်အထိ ဖုံးလွှမ်းသွားသည်။ထို့နောက် အော်ဟစ်သံများ ရပ်တန့်သွားခဲ့သည်။
သွေးနှင့်အရိပ်သည် အပြစ်သဏ္ဍာန်၏ စားသောက်ခြင်းခံလိုက်ရသည်။ဒေါက်တာလု၏ အသက်သည် နတ်ဘုရားကြောင့် နှိပ်စက်ညှင်းပန်းသည့်အခန်းတွင် ချိတ်ဆွဲထားသည့် သွေးချိန်းကြိုးတစ်ခုအဖြစ် ပြောင်းလဲသွားသည်အထိ ခြေမွခံလိုက်သည်။ထိုသို့ ပြုလုပ်ပြီးနောက် နတ်ဘုရားအရေပြားအောက်ရှိ သွေးများသည် သိပ်သည်းလာခဲ့လေသည်။
"နှိပ်စက်ခန်းက နှိပ်စက်ခံခဲ့ရတဲ့သရဲတွေကို နောက်ထပ်သားကောင်တွေကို နှိပ်စက်ဖို့ နှိပ်စက်ပစ္စည်းတွေအဖြစ် ပြောင်းလဲပေးနိုင်တဲ့ စွမ်းရည်ရှိတာပဲ "
ကောင်းမင်သည် သူ့နှလုံးသားအောက်ခြေမှ ပျော်ရွှင်ခြင်းကို ခံစားလိုက်ရသည်။
"သေဆုံးမှတ်ဉာဏ်တွေကို ဖယ်ထုတ်ပစ်ရတာ အရမ်းခံစားလို့ ကောင်းတာပဲ "
ကောင်းမင်သည် သူ့အပေါ်ကျဆင်းနေသော မုန်တိုင်းကိုခွင့်ပြုထားသည်။သူ့အပေါ်မှ အချုပ်အနှောင်များသည် လျော့ပါးသွားခဲ့သည်။
"ငါဟာ အိမ်မက်ဆိုးအများအပြားကို ကြုံတွေ့ခဲ့ရတယ် ၊ အချုပ်အနှောင်တွေကနေ အမှန်တကယ်လွတ်မြောက်နိုင်ဖို့ ငါကြုံတွေ့ခဲ့ရတဲ့ အိမ်မက်ဆိုးအားလုံးကို ရိုက်ချိုးပစ်ဖို့ လိုတယ် "
သူ့နောက်တွင် ခြေသံများ ထွက်ပေါ်လာ၏။ကောင်းမင်က နောက်လှည့်ကြည့်လိုက်ရာ ဒေါက်တာလုစုဆောင်းထားခဲ့သောလူနာများသည် တဖြည်းဖြည်းချဉ်းကပ်လာသည်ကို မြင်လိုက်ရသည်။သူတို့သည် ကောင်းမင်အား မတိုက်ခိုက်ပဲ သူ့ဘေးတွင် နီးနီးကပ်ကပ်ရပ်နေကြလေသည်။သူတို့သည် သူ့ကိုယ်ပေါ်တွင် ဒေါက်တာလု၏တည်ရှိမှုကို အာရုံခံမိပုံရသည်။
"ဒေါက်တာလုက သေသွားပြီ ၊ အခုကစပြီး မင်းတို့ကို ဒေါက်တာကောင်းကပဲ ကုသပေးလိမ့်မယ် "
ကောင်းမင်သည် လူနာဝတ်စုံကို ချွတ်လိုက်ပြီး သူ့ရင်ဘတ်ကို ပြလိုက်သည်။
"မင်းတို့ဟာ မြို့ထဲက အဆိုးဆုံး ဒေါက်တာနဲဆုံရလောက်အောင်အထိ တကယ်ကို ကံမကောင်းခဲ့ကြတာပဲ "
သူက ဆေးခန်းဆီ လျှောက်သွားလိုက်သည်။လူနာများက သူ့နောက်လိုက်ပါလာကြ၏။သူတို့သည် ကောင်းမင်ကို နားလည်ပုံရလေသည်။
"ငါက ဒေါက်တာလုနဲ့မတူဘူး ၊ တစ်နေ့ကျရင် မင်းတို့ကို နေရောင်အောက်မှာ ပြန်ရပ်နိုင်အောင် ငါတကယ်ကုသပေးမယ် "
ကောင်းမင်သည် လူနာများ၏ နှလုံးသားများကို ခံစားခဲ့ရသည်။
ဒေါက်တာလု၏ လူသေဓာတ်ပုံထဲတွင် လူနာခုနှစ်ယောက်ရှိနေသည်။အငယ်ဆုံးလူနာသည် အားမိုင်ဖြစ်သည်။သူမတွင် အလွန်ထူးဆန်းသော နာမကျန်းမှုတစ်ခုရှိသည်။ သူမ ငယ်စဉ်ကတည်းက သူမသည် လူတစ်ယောက်ဟုမတွေးခဲ့ပဲ ရေထဲမှ ထွက်လာသော ငါးတစ်ကောင်ဟု ထင်နေခဲ့ခြင်းဖြစ်သည်။
အသက်အကြီးဆုံးလူနာအား ဝူရှုဟုခေါ်လေသည်။ထိုလူအိုကြီးသည် ရှင်းလုဌာနမှ သုတေသနသမားဖြစ်သည်။သူသည် မတော်တဆ ဒေါက်တာလု၏ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။ နောက်ဆုံးလူနာနှစ်ယောက်သည် ငယ်ရွယ်သော စုံတွဲတစ်တွဲဖြစ်သည်။သူတို့သည် အလွန်ချစ်ခင်ကြပြီး သာမန်ပုံစံနှင့်အတူဆုံး ဖြစ်သည်။
"ငါပြန်ရောက်ရင် ဒါကို ဖြည်းဖြည်းချင်းလေ့လာရမယ် "
အရိပ်သည် လူနာခုနှစ်ယောက်ကို သိမ်းဆည်းလိုက်သည်။ကောင်းမင်က အနက်ရောင်လူသေဓာတ်ပုံကို ကောက်ယူလိုက်သည်။ဓာတ်ပုံထဲမှ ဒေါက်တာလုသည် ပျောက်ကွယ်သွားပြီဖြစ်သည်။သူသည် မုန်တိုင်းထဲတွင် ရပ်နေသော ကောင်းမင်ကြောင့် အစားထိုးခံလိုက်ခြင်းဖြစ်သည်။ သူက နောက်ကျောကို ကြည့်လိုက်ရာ ကလေးလက်ရေးကို တွေ့လိုက်ရသည်။
"လူနာ ဓာတ်ပုံ -
ဒီမြို့က လူတွေက ရူးနေကြပြီ ၊ ငါတို့ရဲ့ ရူးနေတဲ့ဦးနှောက်က ဒီရူးသွပ်နေတဲ့ ခေတ်ကို မှတ်တမ်းတင်ထားခဲ့တယ် "
ကောင်းမင်သည် သူ့အင်္ကျီကို ပြန်ဝတ်ပြီး ဖုန်းထုတ်လိုက်သည်။ဝေတယိုဆီမှ မက်ဆေ့သုံးစောင်ရောက်နေကြောင်း သူသတိပြုမိလိုက်သည်။
"ကောင်းမင် ! ဒီရူးနေတဲ့ လူအုပ်ကြီးက ငါ့ကို မြေတိုက်ခန်းထဲ ဝင်စေချင်နေတာ ! ဒီကို မြန်မြန်လာတော့လေ ! "
"မင်း ဘယ်မှာလဲ ! မင်း ကားပိတ်နေတာလား "
"မြေတိုက်ခန်းနက်က တစ်ခုခုမှားနေတယ် ! ဝင်သွားတဲ့ ရွာသားတွေ တစ်ယောက်မှ ထွက်မလာကြဘူး! မကြာခင် ငါ့အလှည့်ရောက်တော့မယ် "
နောက်ဆုံးမက်ဆေ့သည် လွန်ခဲ့သည့်နှစ်မိနစ် အကြာက ဖြစ်သည်။ကောင်းမင်သည် မိုးကာအင်္ကျီကို ဝတ်လိုက်ပြီး မုန်တိုင်းထဲသို့ ပြေးလွှားလိုက်သည်။
"ငါ ဒေါက်တာလုကို ရှင်းပစ်လိုက်ကတည်းက ချင်ဂီကို ကျော်သွားစရာ အကြောင်းမရှိဘူး ၊ငါ သူ့အစွယ်နှစ်ချောင်းကို ကလော်ထုတ်ပြီး ငါရဲ့ညှဉ်းပန်းနှိပ်စက်ခန်းထဲကို ဆွဲထည့်ပစ်မယ် "