မြေတိုက်ခန်း
Vol. 6 Ch. 79
ယာယီလူနေအိမ်ရာများသို့ ကောင်းမင် ပုန်းလျှိုးကွယ်လျှိုးရောက်လာသည့်အချိန်တွင် ညသည် တိတ်ဆိတ်နေလေသည်။ ရိုးရှင်းသော သံဖြူအမိုးအကာအိမ်များသည် လေပြင်းကြောင့် ယိမ်းထိုးနေကြသည်။ မီးများလည်း ဖွင့်မထားကြပေ။ တံခါးဆောင့်ပိတ်သံတစ်ခုသာ ရှိသည်။
"ငါတို့ ပိုဝမ်ရွာနဲ့ နီးနေပြီ "
ကောင်းမင်က မိုးကာအင်္ကျီခေါင်းဆောင်းကို ခပ်နိမ့်နိမ့်ဆွဲချလိုက်သည်။သူ့နှလုံးသည် တဒိတ်ဒိတ်ခုန်လာ၏။ကြည့်ရသည်မှာ သူ့နှလုံးတွင်းမှ သရဲက ထိုကျေးရွာနှင့် ဝေးဝေးနေရန် သတိပေးနေဟန်ရှိသည်။ကောင်းမင်က လမ်းလွှဲမှ သွားလိုက်သည်။ကောင်းမင်သည် ခြေရာများအတိုင်းလိုက်လာရင်း ရွာနှင့် ယာယီလူနေအိမ်ကြားရှိ သီးသန့်ဇုန်သို့ ရောက်ရှိလာခဲ့သည်။ ဆိုင်းဘုတ်က ပြုတ်ကျနေသည်။ ရွှံ့ဗွက်များထဲတွင် သွေးများဝေ့ဝဲနေ၏။လမ်းမကို သစ်ပင်ပင်စည်ကြီးတစ်ခုဖြင့် ပိတ်ဆို့ထားသောကြောင့် ကောင်းမင်က ရှောင်ကွင်းလိုက်ရာ တူညီသောမိုးကာအင်္ကျီများ ဝတ်ဆင်ထားကြသည့် စုံစမ်းရေးမှူးများကို တွေ့လိုက်ရသည်။သူတို့သည် ရွာသားများနှင့် စကားများနေကြခြင်း ဖြစ်သည်။
ရွာသားများသည် ချင်ဂီ့အမိန့်ကို နာခံလိုခြင်းမရှိကြပေ။သူတို့က ချင်ဂီအား အကြောင်းပြချက်ပေးရန် ကြိုးစားသော်လည်း ချင်ဂီက ရွာသားခေါင်းဆောင်ကို မြေတိုက်ခန်းနက်ထဲ ကန်ချလိုက်သည်။မုန်တိုင်းသည် များစွာသော မုန်းတီးရေရွက်သည့်အသံများကို ဖုံးကွယ်ပေးထားသည်။လူတစ်ယောက်သာ သူတို့နားကပ်ကြည့်ပါက ထိုလူများ၏မျက်နှာပေါ်တွင် မိစ္ဆာကို မြင်နိုင်မည်ဖြစ်သည်။စေ့စပ်ညှိနိူင်းခြင်းက ပျက်စီးသွားလေသည်။
ရွာသားများသည် ပေါက်တူးများနှင့် လယ်ယာသုံးကိရိယာများကို ကိုင်ဆောင်ထားကြသည်။အရှေ့တွင်ရှိသော စုံစမ်းရေးမှူးများက ထွက်မပြေးပေ။သူတို့သည် သူတို့၏အပြင်းအထန်လေ့ကျင့်ထားသော ရလာဒ်ကို ပြသလိုက်ကြသည်။မိနစ်အနည်းငယ်အတွင်းမှာပင် ရွာသားအားလုံးသည် မြေကြီးပေါ်လဲကျသွားကြသည်။
အကယ်၍ ကောင်းမင်တွင် သားစားကြူးနတ်မရှိခဲ့ပါက သူသည် ကွင်းစ်စုံစမ်းစစ်ဆေးရေးဌာနအား တိုက်ခိုက်နိုင်မည် မဟုတ်ချေ။ထိုလူများသည် တိုက်ခိုက်ရေးသမားကောင်းများဖြစ်ပြီး သေနတ်များရှိကြသည်။ချင်ဂီက လက်ဝေ့ယမ်းပြလိုက်သည်။စုံစမ်းရေးမှူးများက အော်ဟစ်နေသောရွာသားများကို မြေတိုက်ခန်းထဲ ပစ်ထည့်လိုက်သည်။မြေတိုက်ခန်းသည် မပြည့်နိုင်သော မွန်းစတားတစ်ကောင်ကဲ့သို့ ဖြစ်နေလေသည်။အော်ဟစ်ညည်းညူနေသောရွာသားများ၏အသံသည် မြေတိုက်ခန်းထဲ ပို့ခံလိုက်ရသည်နှင့် သူတို့သည်ဝါးမြိုခံလိုက်ရသကဲ့သို့ ရပ်တန့်သွားကြသည်။
"ဒါက ပထမအကြိမ်တုန်းထက် နှစ်ဆပဲ ၊ ဒါပေမယ့် အဲ့ဒါကြီးက ပြည့်သေးပုံမရဘူး "
ချင်ဂီသည် စုံစမ်းရေးမှူးများဘက် လှည့်ကြည့်လိုက်သည်။အဖွဲ့နောက်ကျောတွင်ရှိသော လူသစ်များက တုန်လှုပ်နေကြသည်။
"ဒေါက်တာရဲ့ တွက်ချက်မှုက မှားနေတာ ၊ ရွာသားတွေက ငါတို့အတွက် လမ်းခင်းဖို့ မလုံလောက်ဘူး ၊ မင်းတို့ထဲက လူနဲနဲသွားလိုက် ၊ အိမ်ထဲက ရွာသားတွေကို ဆွဲခေါ်လာခဲ့ "
တစ်ဦးမှ ခုခံရန် သို့မဟုတ် ပြန်ပြောရန် မဝံ့ရဲပေ။သူတို့သည် ချင်ဂီကြောင့် မြေတိုက်ခန်းထဲ ပစ်ချခံရလိမ့်မည် ဖြစ်သည်။
"မူမမှန်ဖြစ်ရပ် ပျံ့နှံ့သွားပြီးရင် လူတွေအများကြီး ပိုသေလိမ့်မယ် "
လူသစ်များက ရပ်နေသေးကြောင်းမြင်လိုက်ရသဖြင့် ချင်ဂီက လမ်းလျှောက်လိုက်သည်။
"အနာဂတ်အကျိုးအတွက် လူတစ်စုဟာ အန္တရာယ်နဲ့ရင်ဆိုင်ရရင်တောင် အုပ်စုတစ်ခုလုံးကို ကာကွယ်နိုင်ဖို့ အစိတ်အပိုင်းသေးသေးလေးကို စတေးကြလိမ့်မယ် ၊ မင်းတို့ဟာ တန်ဖိုးအရှိဆုံးပဲ ၊ မင်းတို့ရဲ့ ဖြစ်တည်မှုက လူတွေကို ပိုမိုကယ်တင်နိုင်လိမ့်မယ် ၊ ဒါဆို မင်းတို့က နောက်မှာရပ်နေဦးမှာလား "
"ဒါက ကာကွယ်ဖို့ လိုအပ်တဲ့လူတွေကို ကာကွယ်ဖို့ အာဏာသုံးတာမဟုတ်ဘူးလား "
တစ်နေ့လုံးကြာပြီးနောက် နောက်ဆုံးတွင် ဝေတယိုက စကားပြောလိုက်သည်။
"အချိန်ကျလာတဲ့အခါ မင်းဟာ သေခြင်းတရားကို စိတ်ဓာတ်ခိုင်ခိုင်မာမာနဲ့ လက်ခံရလိမ့်မယ် "
ချင်ဂီ့မျက်လုံးများက အေးစက်နေ၏။
"မင်းရဲ့ အမိန့်ကို လိုက်နာပါမယ် "
ကွင်းစ်အဖွဲ့ဝင်ဟောင်းများက လူသစ်များကို လျင်မြန်စွာ ဝန်းရံလိုက်ကြသည်။သူတို့သည် ချင်ဂီကို အပြည့်အဝ ထောက်ခံကြသည်။လူသစ်ရှစ်ယောက်သည် အနီးဆုံးလူနေအိမ်များဆီသို့ လှုပ်ရှားလိုက်ကြသည်။ဝေတယိုတစ်ယောက်သာလျှင် ရပ်နေမြဲ ရပ်နေခဲ့၏။
"သူတို့က ငါတို့ကို လမ်းခင်းပေးဖို့ စေတနာရှိလို့ ငါတို့မှာ တာဝန်ရှိတယ် "
ချင်ဂီ့အသံသည် ခံစားချက်ကင်းမဲ့နေသည်။
"သူတို့ကို ကာကွယ်ဖို့ မင်းတို့ရဲ့စွမ်းအားကို သုံးပါ "
တံခါးများသည် ကန်ဖွင့်ခံလိုက်ရသည်။ငိုယိုနေသော လူများကို မြေတိုက်ခန်းဆီ ဆွဲခေါ်လာကြသည်။လူသစ်ရှစ်ဦးသည် အိမ်များကို ဖြတ်လျှောက်လာစဉ် တီးတိုးပြောနေပုံရသည်။ ချင်ဂီက သူတို့ကို ကြည့်လိုက်ပြီး သူ့ဘေးတွင်ရှိသော စုံစမ်းရေးမှူးများကို ပြောလိုက်သည်။စုံစမ်းရေးမှူးများက ပြေးထွက်သွားကြသည်။ချင်ဂီသည် လူသစ်သုံးယောက်၏ နောက်ကျောကို စိုက်ကြည့်နေလေသည်။ဟန်ဆောင်နေသော လူသစ်သုံးယောက်သည် သူတို့ဆီသို့ လူတစ်ယောက်ရောက်လာသည်ကို နားလည်သွားသည့်အချိန်တွင် သူတို့ကိရိယာများကို ပစ်ချလိုက်ပြီး ထွက်ပြေးလိုက်ကြသည်။သို့သော်လည်း သူတို့သည် ဖမ်းခံလိုက်ရဆဲဖြစ်သည်။သူတို့၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုသည်
ကျွမ်းကျင်စုံစမ်းရေးမှူးကို ယှဉ်ပြိုင်ရန် အလွန်အားနည်းနေခဲ့သည်။
"မင်းတို့က ဒါမျိုးကိုကောင်နားမလည်နိုင်ရင် ဘာလို့ဌာနထဲ ဝင်လာခဲ့လဲ "
ဝေတယိုရှေ့တွင် ချင်ဂီသည် လူသစ်သုံးယောက်ကို မြေတိုက်ခန်းထဲ တွန်းချလိုက်သည်။
တတိယမြောက်လူအား တွန်းချပြီးချိန်တွင် မှောင်မဲနေသော မြေတိုက်ခန်းသည် နောက်ဆုံးတွင် လေးလံသော အရာတစ်ခုပြုတ်ကျသည့် ထွက်လာလေ၏။
"နောက်ဆုံးတော့လည်း "
ချင်ဂီသည် အနက်ရောင်ဓားတစ်ချောင်းကို ထုတ်လိုက်ပြီး ဝေတယို၏နောက်ပိုင်းကို ပွတ်ဆွဲလိုက်သည်။
"မင်း ကံကောင်းတယ် ၊ မင်းက လမ်းခင်းကျောက်တုံးတစ်တုံး ဖြစ်စရာမလိုတော့ဘူးလေ "
ဝေတယို၏ မိုးကာအင်္ကျီက ဟက်တက်ကွဲသွားသည်။ အရှေ့ပိုင်းမြို့တော်ဌာနသည် အခြားဌာနများနှင့် အလွန်ကွာခြားနေရကြောင်းကို သူမသိပေ။ထိုနေရာသည် ဦးနှောက်ဆေးခံထားရသော လူများဖြင့် ပြည့်နှက်နေ၏။
"လမ်းအတော်များများကို လူသေအလောင်းတွေနဲ့ ခင်းထားရတယ် ၊ အချိန်အများစုကတော့ သူတို့ကို မင်းမမြင်ရပါဘူး "
ချင်ဂီသည် ဝေတယိုအား မြေတိုက်ခန်းဆီ တွန်းအားပေးလိုက်သည်။
"အောက်ကို ဆင်းပြီး ကလေးအလောင်းတွေကို ရှာခဲ့ ၊ သူတို့ကို အပြင်ထုတ်ခဲ့ပါ ၊ ဒီမစ်ရှင်ကို မင်းလုပ်နိုင်ရင် ငါမင်းကို နောက်ထပ်အခွင့်အရေးတစ်ခု ပေးမယ် "
မြေတိုက်ခန်းရှေ့တွင် ရပ်နေရင်း မိုးကာအင်္ကျီထဲရှိ ဝေတယို၏လက်သည် တစ်စုံတစ်ခုကို ရှာနေ၏။မကြာမီ သူသည် မြေတိုက်ခန်းထဲ ချင်ဂီ၏တွန်းချခံလိုက်ရသည်။တစ်ချိန်တည်းတွင် ကောင်းမင်ဖုန်းက လင်းလာ၏။ယင်းသည် ဝေတယို၏ လေးခုမြောက်မက်ဆေ့ဖြစ်သည်။
"အန္တရာယ်၊ပြေး! "
ကောင်းမင်က မက်ဆေ့ကို မြင်လိုက်ချိန်တွင် လျင်မြန်စွာ ချဉ်းကပ်သွားခဲ့သည်။စုံစမ်းရေးမှူးအားလုံးသည် တူညီသော မိုးကာအင်္ကျီများဝတ်ထားပြီး သူတို့၏ အသွင်အပြင်နှင့်အသံကို မုန်တိုင်းက ဝေဝါးနေစေသည်။သူက မြေတိုက်ခန်းဘေးတွင် ပုန်းနေရင်း နောက်ဆုံးလူများ မြေတိုက်ခန်းထဲမဝင်မှီ ချင်ဂီကိုကြည့်ရင်း စောင့်ဆိုင်းနေရန်သာ တတ်နိုင်ခဲ့သည်။ နောက်ဆုံး ကောင်းမင်သည် ပုန်းနေရာမှ ထွက်လာပြီး မြေတိုက်ခန်းဘေး လျှောက်လာခဲ့သည်။
မြေတိုက်ခန်းသည် ဆည်ကြီးတစ်ခုပေါ်တွင် တည်ဆောက်ထားခြင်းဖြစ်သည်။မိုးရေနှင့်ရွံ့ရည်များသည် မြေတိုက်ခန်းထဲ စီးဝင်နေကြသည်။သို့သော်လည်း တွင်းပေါက်သည် မပြည့်နိုင်ပေ။ကောင်းမင်က မြေတိုက်ခန်းထဲ ကြည့်လိုက်သည်။သူက မည်သည်ကိုမှ မမြင်ရ မကြားရပေ။တွင်းပေါက်ကြီးသည် အလင်းနှင့်အသံကို ကောင်းစွာဝါးမြိုထားသကဲ့သို့ ဖြစ်နေ၏။ကောင်းမင်၏နှာခေါင်းသည် တရှုံ့ရှုံ့ဖြစ်သွားသည်။ သူက အနံ့ဆိုးခပ်ပါးပါးတစ်ခု ရလိုက်သည်။ပုံမှန်အားဖြင့် အနံ့ဆိုးတစ်ခုသည် လူများကို မသက်မသာ ခံစားစေရမည်ဖြစ်သော်လည်း ထိုအနံ့သည် စိတ်သက်သာရာရစေသော သက်ရောက်မှုတစ်ခု ရှိလေသည်။
"မြေတိုက်ခန်းက ဘယ်လောက်ကြီးကြီး လူအများကြီး ဆန့်ဖို့ဆိုတာ မဖြစ်နိုင်ဘူး ၊ မြေအောက်ခန်းထဲမှာ တစ်ခုခုများ မွေးထားတာလား "
ခွေးမြေတိုက်ခန်းအမှုတွင် ရွာသားများသည် မြေတိုက်ခန်းထဲမှ 'ခွေးကြီး'ကို သေသည့်အထိ ရိုက်နှက်ခဲ့ကြသည်။ရဲများ ကြားဝင်ဖျန်ဖြေပြီးနောက် သူတို့ကို မေးခွန်းများစွာ မေးခဲ့သည်။ဥပမာအားဖြင့် မှောင်မဲနေတဲ့ မြေတိုက်ခန်းထဲက အရူးတစ်ယောက်က ဘယ်လိုအသက်ရှင်နေတာလဲ ၊ သူ့ကို ဘယ်သူအစာကျွေးနေတာလဲ ၊ သူက ဘာလို့ကလေးတွေကို မြေတိုက်ခန်းထဲ ဖြားယောင်းရတာလဲ ။
'ခွေးကြီး'သည် မျက်မမြင်လူတစ်ယောက်ဖြစ်သည်။သူ့အတွက် ကလေးများကို ပြန်ပေးဆွဲခြင်းသည် လူကြီးများ သတိမထားပဲ ပြုလုပ်ရန် မဖြစ်နိုင်ပေ။
ကံမကောင်းသည်က ရဲများရောက်လာသည့်အချိန်တွင် ထိုအရူးသည် သေဆုံးသွားခဲ့ပြီဖြစ်သည်။ရွာသားများက အမျိုးမျိုး ဖြေဆိုကြပြီး အမှုသည် ထိုကဲ့သို့ ပိတ်သိမ်းသွားခဲ့ရသည်။
ကောင်းမင်က လူသေဓာတ်ပုံကို ကိုင်လိုက်ပြီး ရုပ်ဆိုးဆိုးအရုပ်အား ဝေတယို၏အသွင်အပြင်ကို တိုးတိုးပြောလိုက်သည်။သူသည် အရုပ်ကို မြေတိုက်ခန်းထဲ အရင်ပို့လိုက်သည်။စက္ကန်းအနည်းငယ်ကြာပြီးနောက် အရုပ်သည် ကောင်းမင်နှင့်အဆက်အသွယ်ပြတ်သွားလေသည်။
"ဒီမြေတိုက်ခန်းက တကယ်ကြီး အားလုံးစားပစ်နေတာလား "
ကောင်းမင်လည်း မြေတိုက်ခန်းထဲ ဝင်ရောက်သွားတော့သည်။အုတ်နံရံများသည် ပြိုကျနေပြီး နေရာတိုင်းတွင် ရွှံ့များရှိနေလေသည်။မြေတိုက်ခန်းသည် အချိန်မရွေးပြိုကျတော့မည်ဟန်ရှိနေပြီး အတွင်းထဲရှိလူများသည် အရှင်လတ်လတ်အမြှုပ်ခံရမည့်ဟန် ခံစားနေရသည်။ကောင်းမင်က ဖုန်းမီးဖြင့် ပတ်ဝန်းကျင်ကို ကြည့်ရှုရန်ကြိုးစားလိုက်သည်။ထူးဆန်းသည်က တွေးကြည့်ရင်တောင်မှ သူဘာမှမမြင်ရပေ။
"အပြင်ဘက်မှာ မုန်တိုင်း တိုက်နေတာ ၊ ဒါပေမယ့် ဒီနေရာမှာ ငါဘာလို့ ဘာမှ မကြားရတာလဲ "
သူသည် နောက်လှည်ကြည့်လိုက်သောအခါ ဝင်ပေါက်သည် ပျောက်ကွယ်သွားပြီဖြစ်သည်။ကောင်းမင်သည် တိတ်ဆိတ်ငြိမ်သက်နေသော မြေတိုက်ခန်းထဲတွင် ပိတ်မိနေခဲ့ပြီဖြစ်သည်။အမြင်အာရုံကို သူဆုံးရှုံးသွားလျှင်ပင် ဘာမှ မကြားရပဲနေလိမ့်မည်မဟုတ်ပေ။ သူ့အကြားအာရုံသည်လည်း ပျောက်ဆုံးသွားခြင်းဖြစ်ပေလိမ့်မည်။ထိုဖိနှိပ်နေသော ခံစားချက်သည် လူတစ်ယောက်ကို အရှင်လတ်လတ်ဝါးမျိုနိုင်လေသည်။၎င်းသည် စိတ်ပိုင်းဆိုင်ရာဖြစ်ပုံရသော်လည်း ကောင်းမင်သည် အသက်ကို ခက်ခက်ခဲခဲ ရှုရှိုက်နေရသည်။
သူသည် ရေနှင့်ရွှံ့ထဲတွင် ဖြည်းညင်းစွာ နစ်မြုပ်နေသကဲ့သို့ ဖြစ်သည်။ကောင်းမင်သည် ဒူးထောက်ထိုင်လိုက်ပြီး သူ့ကိုယ်သူ လက်ဖြင့်ပိုက်ထားလိုက်သည်။ သူ့အရေပြားမှ အထိအတွေ့သည် သူ့အား သူတည်ရှိနေသေးကြောင်း အမှတ်ရစေသည်။သူ့အမြင်အာရုံနှင့်အကြားအာရုံသည် ပျောက်ဆုံးသွားခဲ့ချေပြီ။ သူသည် သူ့အနံ့ခံအာရုံနှင့် အထိအတွေ့ကိုတော့ အားကိုးနိုင်ဆဲဖြစ်သည်။
ကောင်းမင်၏ဦးနှောက်သည် ဆက်တိုက်လည်ပတ်နေ၏။
"နားလည်းမကြားရတဲ့ မျက်မမြင်လူက အမြဲတမ်းဒီနေရာမှာ နေခဲ့တာ ဖြစ်မယ် ၊ ငါက သူ့ရဲ့နေ့စဉ်ဘဝကို ကြုံတွေ့နေရတာ ဖြစ်နိုင်တယ် "
ထိုအခြေအနေရ သူပထမဆုံးလုပ်ရန်လိုအပ်သည်မှာ လိုက်လျောညီထွေဖြစ်ရန် ဖြစ်သည်။
ကောင်းမင်သည် သူ့မှတ်ဉာဏ်ထဲကအတိုင်း လိုက်လာရင်း ဝင်ပေါက်ရှိရာသို့ တဖြည်းဖြည်းရွေ့လျားလိုက်သည်။ရုတ်တရက် သူ့နောက်ကျောသည် တစ်စုံတစ်ခုကို တိုက်မိသွားသည်။သူက သူ့လက်ဖြင့် ပတ်ဝန်းကျင်ကို ထိတွေ့လိုက်ရာ အေးစက်စက်လက်ချောင်းများဖြင့် ထိတွေ့မိသွားလေသည်။