← Chapters

မင်းငါ့ကို မှတ်မိလား

Vol. 6 Ch. 77

မင်းငါ့ကို မှတ်မိလား

Vol. 6 Ch. 77

ရာစုနှစ်ခန်းမမှ ထွက်လာပြီးနောက် ကောင်းမင်သည် ဘာဘယ်တီးဆိုင်ဝင်ပေါက်တွင် ကြောင်အအဖြင့်ရပ်နေသော ဝမ်ကျီကိုတွေ့လိုက်ရသည်။ ဆိုင်တွင်လူပြည့်နေသောကြောင့် ထိုကလေးသည် မိုးရေထဲတွင် ဘယ်သူမှ မလိုချင်သောပင်ဂွင်းတစ်ကောင်ကဲ့သို့ မတ်တပ်ရပ်နေရှာ၏။

"မင်းတော်တော် စောင့်‌လိုက်ရမှာပဲကွာ"

ကောင်းမင်က ဘာဘယ်တီးနှစ်ခွက်ဝယ်ပြီး ဝမ်ကျီကို တစ်ခွက်ပေးလိုက်သည်။ရေခဲဘာဘယ်တီးကို ကြည့်နေရင်း ကောင်းမင်သည်မိတ်ဆွေဟောင်းတစ်ဦးကို သတိရလိုက်သည်။သူက ဖုန်းကို ထုတ်လိုက်သည်။အနည်းငယ်ချီတုံချီချဖြစ်ပြီးနောက် သူက ရွှမ်ဝမ်ကို ဖုန်းခေါ်လိုက်သည်။ဝမ်ကျီက ဘာဘယ်တီးကို စုပ်နေရင်း ကောင်းမင်ကို စပ်စုသည့်အကြည့်ဖြင့် ကြည့်လိုက်လေသည်။

တတူတူမြည်သွားပြီး ဖုန်းချိတ်မိသွားသည်။ရွှမ်ဝမ်၏ စိတ်ရှုပ်နေသောအသံက ဖုန်းကတဆင့်ထွက်ပေါ်လာ၏။

"ဘယ်သူလဲ "

"မင်း အဓိကဇာတ်ကောင်ရှစ်ယောက်ကို မသတ်ခဲ့ပါဘူးနော် ၊ ဟုတ်တယ်မလား "

ဖုန်းချသွားလေ၏။

ကောင်းမင်က ဖုန်းကို သိမ်းလိုက်ပြီး မိုးရေထဲကို ကြည့်လိုက်သည်။ထို့နောက် ဝမ်ကျီ့ပုခုံးကို ပုတ်လိုက်သည်။

"မင်း ယုံချင်ယုံ မယုံချင်နေ ၊ ငါက သူ့နှလုံးသားထဲမှာ အထူးနေရာတစ်ခု ရထားတာကွ "

ဝမ်ကျီက စိတ်ရှု‌ပ်ထွေးစွာဖြင့် ခေါင်းငြိမ့်လိုက်သည်။သူ့အိတ်ကပ်ထဲမှ ဖုန်းသည် ထပ်မြည်လာသည်။‌ကောင်းမင်က ချက်ချင်း ဖုန်းထုတ်ကြည့်လိုက်သည်။ဝေတယို ဖြစ်သည်။

"ညီကို ၊ မင်း ဘာပြဿနာမှ မရှာထားပါဘူးနော် "

"ရဲတွေက ငါ့အိမ်ရာအဆောက်အအုံကို ပိတ်ချလိုက်ပြီကွ ၊ အသက်ရှင်ကျန်ခဲ့သူအနေနဲ့ စုံစမ်းစစ်ဆေးရေးဌာနက ငါ့ကို စစ်ဆေးမေးမြန်းကြတာပေါ့ကွာ "

ဝေတယို၏အသံသည် မောပန်းနေသည်။

"မင်းပြောတာ ငါလုပ်ခဲ့တယ် ၊ သူတို့က ငါ့ကို အရှေ့ပိုင်းမြို့တော် စုံစမ်းစစ်ဆေးရေးဌာနကို အကြံပေးကြတယ် ၊ သူတို့ပြောတာက ငါက အဆင့် ၂ မူမမှန်ဖြစ်ရပ်မှာအသက်ရှင်နိုင်ခဲ့တဲ့ စွမ်းရည်ရှိအေးဂျင့်တဲ့ကွ "

"မင်း ဌာနကို သွားပြီးပြီလား "

"ငါ အင်တာဗျူးပြီးရုံပဲ ရှိသေးတာလေ ၊ ပြီးတော့ ငါ ကွင်းစ်စုံစမ်းစစ်ဆေးရေးဌာနကို ဝင်ခဲ့တယ် ၊ ဒါပေမယ့်...."

ဝေတယိုအသံက ပို၍ပင် တိုးသွားသည်။ကောင်းမင်သည် မုန်တိုင်းကြားမှ တဆင့် သူ့အသံကို ကြားသည်ဆိုရုံမျှသာ ကြားရတော့သည်။

"အဲ့နေရာကြီးက အရမ်းထူးဆန်းတယ် ၊ ကပ္ပတိန်က လူအိုကြီးတစ်ယောက်ပဲ ဒါပေမယ့် သူက သူ့ရုံးခန်းထဲက ဘယ်တော့မှ ထွက်မလာဘူး ၊ အားလုံးက ဒု‌ကပ္ပတိန် ချင်ဂီရဲ့စကားကိုပဲ နားထောင်ကြတာ ၊ သူ့ကြည့်ရတာ ငါ့ထက်တောင် ငယ်ဦးမယ်ကွ "

"ချင်ဂီ! "

ဝေတယိုက ဝမ်းနည်းစွာ ပြောလိုက်သည်။

"ငါ တန်းစီနေတုန်းက ငါသူ့ကို သာမန်အလုပ်သမားထင်ပြီး အများကြီး ကြွားပြောမိလိုက်တယ်ကွာ ၊သူတို့ ဒီည မစ်ရှင်တစ်ခု လုပ်ကြမှာတဲ့ ၊ ငါထင်တာတော့ ငါပါအခေါ်ခံရမယ်ထင်တယ် ၊ ငါထွက်ပြေးလို့ရသေးလား "

"မင်း ဂိမ်းဒီဇိုင်းတွေအကုန်လုံးကို မြင်ဖူးပြီးသားပဲလေ ၊ အဲ့ဒါက ဘာဂိမ်းလဲဆိုတာ မင်းသိရင် မင်းအသက်ရှင်နိုင်မှာပါ "

"သူတို့ အရှေ့ပိုင်းမြို့တော်ရဲ့ ယာယီနေအိမ်ဧရိယာကို သွားမယ်ဆိုတဲ့ဟာပဲ ငါသိတာ ၊ ဘာဖြစ်နေလဲဆို ငါ့ကို ဘယ်သူမှ မပြောကြဘူးလေ "

ဝေတယိုသည် မပျော်မရွှင်ဖြင့် သက်ပြင်းချလိုက်သည်။

"အရှေ့ပိုင်းမြို့တော်ရဲ့ ယာယီနေအိမ်တွေလား ၊ ဒါဆို ချင်ဂီက စီတုအန်းနဲ့တွေ့ဖို့ သွားတာမဟုတ်လား "

ကောင်းမင်သည် စီတုအန်းက ချင်ဂီကို လေ့ကျင့်ပေးခဲ့ကြောင်းသိသည်။ချင်ဂီသည် အသက်ငယ်ငယ်ရွယ်ရွယ်ဖြင့်ဒုကပ္ပတိန်ဖြစ်နေရသည့်အကြောင်းသည် စီတုအန်းပါဝင်သောကြောင့်ဖြစ်ရမည်။

"ကြည့်ရတာ ငါလဲ ဒီည အဲ့ဒီကို သွားရမယ် ထင်တယ် "

"မင်းလည်း လာမှာလား "

ဝေတယိုသည် ပြန်လည် တက်ကြွလာ၏။

"ညီကို ဒီညရဲ့ဂိမ်းက ဘာဖြစ်မလဲ မင်းသိလား"

"ဒါက ဂိမ်းမဟုတ်ဘူး ၊ လူသတ်မှုတစ်ခုပဲ "

ကောင်းမင်သည် ခွေးမြေတိုက်ခန်းအမှုကို အသေးစိတ်ပြန်စဉ်းစားလိုက်သည်။

"ဘာပဲဖြစ်ဖြစ် ဒီည ခွေးမြေတိုက်ခန်းထဲကို မဝင်နဲ့ "

"ဘာလို့လဲ ၊ မြေတိုက်ခန်းက သရဲခြောက်လို့လား "

ဝေတယိုက ကြောက်ရွံ့သွားသည်။

"သရဲတွေထက် ပိုကြောက်ဖို့ကောင်းတယ် "

ကောင်းမင်က အလေးအနက်ပြောလိုက်သည်။

"ဘာလို့လဲဆိုတော့ အမြင်အာရုံနဲ့ အကြားအာရုံမရှိသော လူတစ်ယောက်က ဘယ်လိုအိပ်မက်ဆိုးမျိုးကို ဖြစ်‌ပေါ်စေနိုင်သလဲဆိုတာ ငါမသိလို့ပဲ "

အနက်ရောင်မြေတိုက်ခန်းသည် အရိပ်ကမ္ဘာထဲတွင် သန္ဓေပြောင်းနေလိမ့်မည်ဖြစ်သည်။ကောင်းမင်သည် အရင်က ထိုနေရာတွင် မသေဆုံးဖူးသောကြောင့် သူ့တွင် သဲလွန်စမရှိချေ။ထို့နောက် တဖန် သူသည် ထိုနေရာတွင် မသေဆုံးဖူးသောကြောင့် ထိုနေရာသည် အရမ်းအန္တရာယ်များမည်မဟုတ်ပေ။ကောင်းမင်က ဖုန်းချလိုက်ပြီး ဝမ်ကျီအတွက် တက္ကစီတစ်စီး ခေါ်လိုက်သည်။ သူသည် ယာယီလူနေအိမ်ရပ်ကွက်ဆီ သွားနေစဉ် ဝမ်ကျီအား အရင်အိမ်ပြန်ခိုင်းလိုက်သည်။

အရှေ့ပိုင်းမြို့တော်တွင် ဆယ်စုနှစ်များက မဖွံ့ဖြိုးခဲ့သော ပိုဝမ်ကျေးရွာဟူသည့် နေရာတစ်ခုရှိလေသည်။

ထိုရွာသည် ဟန်ရှန်းနှင့် နီးသည်။လွန်ခဲ့သည့် နှစ်များစွာက ထိုနေရာကို ဖြိုချပစ်ရန် ဆောင်ရွက်ခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ဖြိုဖျက်ခြင်းလုပ်ငန်းသည် ရပ်တန့်သွားခဲ့သည်။အိုးအိမ်မဲ့သွားသော ရွာသားများသည် ယာယီ‌လူနေအိမ်ရာတွင် နေထိုင်ခဲ့ကြသည်။ခိုလှုံသူများ စုဝေးလာရာ ဟန်ဟိုင်းပရဟိတအဖွဲ့သည် ထိုနေရာတွင် ကျောင်းနှင့်ဆေးရုံတည်ဆောက်ရန် ဆုံးဖြတ်လိုက်ကြသည်။ကောင်းမင်၏ မှတ်ဉာဏ်ထဲတွင် ပိုဝမ်ကျေးရွာနှင့်ပတ်သက်သော ဇာတ်လမ်းအများအပြားရှိသည်။ခွေးမြေတိုက်ခန်းအမှုသည် ထိုအထဲမှ တစ်ခုသာဖြစ်သည်။

.......

ည ၁၀ နာရီ

ပိုဝမ်ကျေးရွာ၏ ယာယီလူနေအိမ်ရာတွင် လူများစုဝေးနေကြသည်။

အနက်ရောင်ဆက်သွယ်ရေးစက်ဖြင့် ဝေတယိုသည် လူအုပ်ကြီးနောက်တွင် မတ်တပ်ရပ်လျက်ရှိသည်။မုန်တိုင်းသည် သားရဲတစ်ကောင်ကဲ့သို့ သာမန်လျှံကာ တည်ဆောက်ထားသော အိမ်များကို ထိုးဖောက်လျက်ရှိသည်။အိမ်များသည် အချိန်မရွေး ပြိုကျမည့်ဟန် ဖြစ်နေ၏။မိုးရေများသည် လူနေအိမ်များထဲ စိမ့်ဝင်လျက်ရှိသည်။ရံဖန်ရံခါတွင် ရွာသားများ၏ အော်ဟစ်သံများကို ကျိန်ဆဲသံများကို ကြားနိုင်လေသည်။

"တိတ်တိတ်နေကြ "

ချင်ဂီက ပရဟိတဆေးခန်းတံခါးကို တွန်းဖွင့်လိုက်သည်။သူက မျက်မှောင်ကြုံ့လိုက်ပြီး ပတ်ဝန်းကျင်ကိုကြည့်လိုက်သည်။ဆေးခန်းဝန်ထမ်းသည် အိပ်ပျော်နေပုံရသည်။ကတိပေးထားသည့်အတိုင်း သူတို့ကို လာကြိုမည့်သူတစ်ယောက်မှ မရှိပေ။

"ရပါတယ် ၊ ငါဒီမှာ နေလို့ရတယ် "

ဒေါက်တာလုသည် အနက်ရောင်ထီးတစ်ချောင်း ဆောင်းလာ၏။

"စီတုအန်းက အရှေ့ပိုင်းမြို့တော် စုံစမ်းစစ်ဆေးရေးဌာနကို တာဝန်ယူနေရတာနဲ့ အလုပ်ရှုပ်နေတာ ၊ ဒီညမှာ မစ်ရှင်ကို ငါ့အမိန့်ပေးမယ် ၊ မူလအစီအစဉ်တိုင်းပဲ ခိုလှုံသူတွေကို အရင်ဆုံးခေါ်လိုက်ပါ၊ အဲ့ဒါကို အစာကျွေးပြီးရင် ကလေးအလောင်းတွေကို မြေတိုက်ခန်းထဲက ထုတ်ပြီး ဆေးခန်းကို ခေါ်လာဖို့ နည်းလမ်းရှာရမယ် "

"အဲ့ဒါကို အစာကျွေးဖို့ လူဘယ်လောက်လိုတာလဲ "

ချင်ဂီသည် ခံစားမဲ့ စက်ရုပ်တစ်ကောင်ကဲ့သို့ဖြစ်သည်။

"နောက်ဆုံးအကြိမ်ကထက် နှစ်ဆ "

ဒေါက်တာလုသည် ဆေးခန်းထဲ ဝင်သွား၏။သူသည် လူ့အသက်များက အရေအတွက်တစ်ခုကဲ့သို့ အလွန်ပေါ့ပါးစွာ ပြောဆိုနေလေသည်။

ဝေတယိုသည် ချွေးများ စိုရွှဲနေသည်။ထိုလျှို့ဝှက်ချက်တစ်ခုကို ကြားရမှတော့ နောက်ထပ်သူ တိတ်ဆိတ်နေပါ့မလား ။

ကောင်းမင်၏အမိန့်ကို သတိရသွားပြီး ဝေတယို၏ နှလုံးသားသည် ပို၍ပင် ထိတ်လန့်လာ၏။သူက ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။သူသည် ကောင်းမင် ဘယ်ရောက်နေမှန်း မသိပေ။ကွင်းစ် စုံစမ်းစစ်ဆေးရေးဌာနအဖွဲ့သည် ပိုဝမ်ကျေးရွာထဲ စတင်ဝင်ရောက်လာကြသည်။ သူတို့ထွက်ခွာသွားပြီးနောက် ဆေးခန်းထဲတွင် လူနာများအတွက်ရိုးရိုးရှင်းရှင်းထားသည့် လူခေါ်ဘဲလ်သည် မြည်လာလေသည်။ဆေးခန်းလှေကားတွင်ရှိနေသော ဒေါက်တာလုက မျက်မှောင်ကြုံ့လိုက်သည်။

"ဒီမှာ လူတစ်ယောက် ရှိနေတာလား "

သူသည် ဒုတိယထပ်သို့ တက်သွားလိုက်သည်။လေပြင်းသည် တဝီဝီဟစ်အော်နေသည်။မှောင်မဲနေသည့်ကော်ရစ်ဒါတွင် လူတစ်ယောက် ရပ်နေလေသည်။ထိုလူသည် သူ့နောက်ကျောကို ကွေးထား၏။သူ့မျက်လုံးများသည် ကြောင်တောင်တောင်ဖြစ်နေပြီး ညစ်ပတ်နေ‌သည်။သူသည် လူနာခန်းအပြင်ဘက်ရှိ လူခေါ်ဘဲလ်ကို ဆက်တိုက်နှိပ်လျက်ရှိသည်။သူသည် ဒေါက်တာလုရောက်လာသည်ကို သတိပြုမိပုံ မရချေ။သူသည် တူညီသည့်လုပ်ဆောင်မှုကိုသာ ထပ်ခါထပ်ခါ ပြုလုပ်နေလေသည်။

"လူနာတစ်ယောက်လား "

ဒေါက်တာလုသည် သူ့မျက်မှန်ကို ပင့်၍ လူနာဆီထံ လျှောက်သွားလိုက်သည်။

"မင်း ဆရာဝန်တစ်ယောက်ရှာနေတာလား "

ထိုလူငယ်သည် သူ့ဦးခေါင်းကို ဖြည်းညင်းစွာလှည့်လိုက်သည်။ ညစ်ပတ်နေသော သူ့ဆံပင်များသည် သူ့မျက်နှာတွင် ရှုပ်ပွလျက်ရှိသည်။သူ့နူတ်ခမ်းများသည်အက်ကွဲနေပြီး သူ့မျက်နှာသည် ဖြူဖျော့နေသည်။

"ဟုတ် ဟုတ်တယ် ၊ ကျုပ် နေမကောင်း ဖြစ်နေတာ..."

"ငါက ဆရာဝန်ပဲ ၊ ငါဆီလာခဲ့ပါ "

ဒေါက်တာလုသည် သားကောင်များကို စုဆောင်းရသည်အား နှစ်သက်သည်။သူတို့၏ နေမကောင်းမှုက ပိုထူးဆန်းလေလေ ၊ သူတို့က ပိုတန်ဖိုးရှိလေလေ ဖြစ်သည်။သူတို့သည် ဆွေးနွေးခန်းထဲ ဝင်လာပြီးနောက် ဒေါက်တာလုက တံခါးကို ပိတ်လိုက်သည်။သူသည် မီးပင်မဖွင့်ခဲ့ချေ။ သူသည် ဆရာဝန်ထိုင်ခုံပေါ်တွင် ထိုင်လိုက်သည်။

"ဒေါက်တာ ကျုပ်ရူးနေပြီလို့ ခံစားရတယ် ၊ ကျုပ်ဦးနှောက်ထဲမှာ တစ်ခုခုမှားနေပြီဗျာ "

လူငယ်က နာကျင်စွာ ပြောလိုက်သည်။သူ့မျက်လုံးများတွင် မျက်ရည်များ ရှိနေ၏။

"ဒီကမ္ဘာကြီးမှာ ရှင်သန်နေကြတဲ့ လူအများစုက ရူးနေကြတာပါပဲ "

ဒေါက်တာလုသည် သတ္တုဘောပင်တစ်ချောင်း ထုတ်လိုက်သည်။သူက အဖုံးကို ချွတ်လိုက်ပြီး ချွန်မြနေသော ဘောပင်ထိပ်ကို စိုက်ကြည့်လိုက်သည်။

"ပြောပါဦး ၊ မင်းရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ ၊ ထင်ယောင်ထင်မှား ဖြစ်တာလား ၊ နာကျင်မှုကနေ မလွှတ်မြောက်နိုင်ဘူးလို့ မင်းခံစားနေရတာလား "

"မဟုတ်ဘူး "

လူငယ်က သူ့ဦးခေါင်းကို ခါယမ်းလိုက်သည်။သူသည် သူ့ခန္ဓာကိုယ်ကို ထိန်းချုပ်နိုင်ပုံ မရချေ။သူ့ခန္ဓာကိုယ်က စား‌ပွဲပေါ် မှောက်ကျသွားပြီးမှာသာ တည်ငြိမ်သွား၏။

"ငါက ဆရာဝန်တစ်ယောက်ပဲ ၊ မင်းငါ့ကို အပြည့်အဝ ယုံကြည်ဖို့လိုတယ် ၊ ဒါမှ ငါမင်းကို ကူညီနိုင်မှာပေါ့ "

ထိုလူငယ်က တွေဝေနေပြီး နောက်ဆုံးတွင် သူ၏ အကြီးဆုံးလျှို့ဝှက်ချက်ကို ထုတ်ဖော်လိုက်သည်။

"ကျုပ် လုပ်ထားတဲ့ ဂိမ်းတွေက အမှန်တကယ်ဖြစ်လာပြီလို့ ကျုပ်သဘောပေါက်လိုက်တယ် "

"ဒါ မကောင်းဘူးလားကွ "

ဒေါက်တာလုသည် ကောင်းမင်ပြောသည်ကို ဂရုမစိုက်ချေ။

"ဒီနေ့ခေတ်မှာ လူတွေက ဖိအားတွေအောက်မှာ ရုန်းကန်လှုပ်ရှားနေရတာ ၊ ဒါပေမယ့် မင်းကတော့ အဲ့ဒါကတွေဆီကနေ ထွက်သွားနိုင်တယ်လေ "

"ဒါပေမယ့် ကျုပ်က ခြောက်ခြားဂိမ်း ဒီဇိုင်းနာလေ "

လူငယ်သည် ခေါင်းကို ယမ်းလိုက်ပြီး သူ့အမူအရာသည် ကြောက်စရာအဖြစ်ပြောင်းလဲသွားသည်။

"ကျုပ်က လူသတ်မှု ၁၂၆ခုကို တည်ဆောက်ထားတယ် ပြီးတော့ ဆယ်ယောက်ထက် မနည်းတဲ့ အရူးလူသတ်သမားတွေကို ဖန်တီးထားသေးတယ် ၊ သူတို့အားလုံးက တကယ်ဖြစ်လာတာ ဗျ ! "

မရဏအငွေ့အသက်သည် ထူထပ်လာလေသည်။သူ့နှလုံးသည် သွေးများယိုစီးလာသည်။

"အရိပ်တွေ ပျံ့နေတာလား "

ဒေါက်တာလု၏ အပြုံးသည် ပျောက်ကွယ်သွားခဲ့သည်။

"မင်းက ဒီရွာသား မဟုတ်ဘူး "

လူငယ်က သူ့မျက်နှာကို မော့လိုက်သည်။လက်ရှစ်ဖက်က သူ့နောက်ကျောမှ ထွက်ပေါ်လာ၏။

"မင်းငါ့ကို အကြိမ်ပေါင်းများစွာ သတ်ဖြတ်ခဲ့တယ် ၊ မင်းငါ့ကို ရင်းနှီးနေတာ မတွေ့ဘူးလား "

All Chapters