← Chapters

The Read Dead Water

Vol. 7 Ch. 91

The Read Dead Water

Vol. 7 Ch. 91

လူငယ်သည် ကွမ်းသီးစိတ်နောက်တစ်ခုကို ယူ၍ သူ့ပါးစပ်ထဲ ပစ်ထည့်လိုက်သည်။ကလေးငိုသံကို နားထောင်နေရင်း သူ့အသက်ရှူသံ ပိုပြင်းလာသည်။တစ်ချို့လူများသည် ကြောင်များ၏အော်သံသည် ကလေးငိုသံနှင့်တူသောကြောင့် ကြောင်များကို နှိပ်စက်ရသည်အား နှစ်သက်ကြသည်။ငိုသံသည် ပိုမိုကျယ်လောင်လာ၏။

ကောင်းမင်သည် ကော်ရစ်ဒါဆီသို့ တဖြည်းဖြည်းလျှောက်သွားလိုက်သည်။သူသည် ဖိုရမ်မှတဆင့် ထိုလူ၏အထောက်အထားကို အတည်ပြုခဲ့ပြီးဖြစ်သည်။သူသည် ရေသေမဟုတ်လျှင်ပင် ရေသေနှင့်အဆက်အသွယ်ရှိမည်ဖြစ်သည်။

လူနာများ၏ လူသေဓာတ်ပုံကို ထုတ်လိုက်ရင်း ကောင်းမင်သည် သူတို့ကို ကုသပေးမည်ဟု ကတိပေးလိုက်သည်။သူတို့သည် ငွေပေးချေမှုပုံစံတစ်ခုအဖြစ် သူ့အား လူများကို ဖမ်းဆီးရန် ကူညီပေးရမည်ဖြစ်သည်။အရိပ်က ပျံ့နှံ့သွားသည်။လူငယ်က မတုန့်ပြန်နိုင်သေးခင် နံရံဆီသို့ တွန်းခံလိုက်ရသည်။သူ့ပတ်ပတ်လည်တွင် 'လူအနည်းငယ်' ဝန်းရံလျက်ရှိကြောင်း သူနားလည်သွားသည်။

ကောင်းမင်က လူငယ်၏ပါးစပ်ကို အုပ်လိုက်သည်။ကောင်းမင်သည် လော့ကာထဲ လှမ်းကြည့်လိုက်သည်။လော့ကာထဲတွင် လူသေဓာတ်ပုံမရှိပဲ ပန်းချီပုံတစ်ခုသာ ရှိသည်။အဖြူအမဲဖြင့်ဆွဲထားသောပန်းချီကားသည် အစစ်အမှန်လူသေဓာတ်ပုံဖြင့် ကွာခြားခြင်း မရှိပေ။ဓာတ်ပုံသည် အမျိုးသမီးတစ်ယောက်၏ ဓာတ်ပုံဖြစ်သည်။သူမ၏ခန္ဓာကိုယ်သည် အရွယ်ရောက်နေပြီဖြစ်သော်လည်း သူမ၏ဉာဏ်ရည်သည် ကလေးတစ်ယောက်အသက်အရွယ်တွင် ရပ်တန့်နေပုံရသည်။သူမသည် ကလေးတစ်ယောက်ကဲ့သို့ ငိုကြွေးနေခဲ့သည်။ပန်းချီဆရာသည် အံ့ဩဖွယ်ကောင်းလှသည်။ပန်းချီပုံကို တစ်ချက်ကြည့်ရုံဖြင့် လူတစ်ယောက်သည် အရာအားလုံးကို ခံစားနိုင်ပေသည်။

"အမျိုးသမီးရဲ့ဝိဉာည်ကဆွဲထုတ်ခံထားရပြီးတော့ သူ့ရဲ့အခွံက ပန်းချီပုံထဲမှာ ညှပ်နေခဲ့တာပဲ "

ကောင်းမင်က ပန်းချီပုံကို ယူလိုက်သည်။

"ပန်းချီက လူသေဓာတ်ပုံတစ်ပုံနဲ့ အရမ်းတူတယ် "

ကောင်းမင်သည် ငိုနေသော ပန်းချီကားကို သိမ်းလိုက်ပြီး လူငယ်ပါးစပ်မှ အဆို့ကို ဖယ်လိုက်သည်။

"မင်းက ရေသေဖိုရမ်ရဲ့ တည်ထောင်သူလား "

လူငယ်၏အမူအရာက လှုပ်လှုပ်ရှားရှားဖြစ်သွားသည်။သူက ပြုံးလိုက်ပြီး "မင်းဘာမေးချင်လဲ ငါသိတယ် ဒါပေမယ့် ငါမပြောဘူး "

"မင်းကြည့်ရတာ ကျောရိုးရှိတဲ့ နှာဘူးတစ်ကောင်ထင်ပါရဲ့ ၊ ကံမကောင်းတာက ငါက စိတ်ဆရာဝန်တစ်ယောက်ဆိုတော့ မင်းစကားပြောအောင်လုပ်မယ့် နည်းလမ်းတွေရှိတယ်ကွ "

ကောင်းမင်က သူ့နှလုံးကို ထိလိုက်သည်။အသားဖြင့်ပြုလုပ်ထားသော နှိပ်စက်ကိရိယာများသည် စတင်တုန်ခါလာကြသည်။

"မင်း စွမ်းအားတွေကို ဖြုန်းမနေနဲ့ ၊ ငါသေတော့ရော ဘာဖြစ်လဲ "

လူငယ်သည် မြွေတစ်ကောင်နှင့်တူသည်။သူက ကောင်းမင်၏မျက်နှာကို မှတ်သားလိုက်သည်။သူ့တွင် အခွင့်အရေးရှိလျှင် သူ့ကို ချက်ချင်းသတ်ဖြတ်မည်ဖြစ်သည်။

"သေမှာလား ၊ သေတာက အဲ့လောက်လွယ်မယ်လို့ မင်းထင်နေတာလား "

နှိပ်စက်ကိရိယာသည် ကောင်းမင်၏လက်ထဲတွင် အကောင်အထည်ဖြစ်တည်လာလေသည်။

"ဒါလေးကို အသားလုံးကောင်လို့ ခေါ်တယ် ၊ သူ့အစွန်းတွေက အရမ်းထက်တော့ မင်းဆီကနေ အရမ်းလှတဲ့ အသားလုံးလေးတစ်ခု အလွယ်လေးကော်ထုတ်လို့ရတယ် ၊ ဒါလေးက ဗွီပုံစံ ဓားကွေးလေးပေါ့....."

ကောင်းမင်က သူ့တင်ဆက်မှုကို ဆက်လက်ပြသနေရာ လူငယ်၏မျက်နှာသည် ဖြူရော်လာတော့သည်။ဘယ်လိုစိတ်ဆရာဝန်မျိုးက ဒီလိုလုပ်လို့လဲ။

လူငယ်သည် သေခြင်းတရားကို မကြောက်ရွံ့သော်လည်း သူသည် ကောင်းမင်လက်ထဲ ကျရောက်လိုခြင်း မရှိပေ။ဓားများသည် အလွန်ကြောက်စရာကောင်းလှသည်။ယင်းတို့အားလုံးသည် သွေးများစွန်းထင်းနေကြသည်။ကောင်းမင်သည် ယင်းတို့ကို မိတ်ဆက်ပေးနေချိန်တွင် သူကိုယ်တိုင် ထိုကိရိယာများနှင့်စမ်းကြည့်ခဲ့ဖူးသကဲ့သို့ သူ့မျက်လုံးများ နီရဲနေလေသည်။

"ဓားတစ်ချောင်းစီက ခန္ဓာကိုယ်ပေါ်မှာ ဘယ်လိုခံစားရတယ်ဆိုတာ ငါသိတယ် "

ကောင်းမင်သည် လူငယ်၏လည်ပင်းကိုညစ်လိုက်ပြီး သူ့အသံက ပြောင်းလဲသွားခဲ့သည်။

"မင်းဒီတိုင်းဆက်နေပြီး မင်းအရင်လေသံအတိုင်းပြောနေနိုင်ဖို့ ငါမျှော်လင့်တယ် ၊ မရပ်လိုက်နဲ့ ၊ အဲ့ဒါက ငါကို ...."

"ခင်ဗျား မေးချင်တာမေးပါဗျာ "

လူငယ်သည် ကောင်းမင်ကို စိုက်မကြည့်ရဲတော့ပေ။

"ခင်ဗျားက ဘာမှတောင်မမေးပဲ ကျုပ်က ဘာကို‌ဖြေရမှာလဲ "

"ဖိုရမ်ပေါ်က ရေသေဆိုတာ မင်းလား "

"ရေသေက ဘာလဲ "

လူငယ်သည် ခက်ခက်ခဲခဲဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။

"ကျုပ်က အသုံးပြုသူတစ်ယောက်ပါပဲ၊ ပြီးတော့ ဖိုရမ်ရဲ့ ဒုတိယလျို့ဝှက်ပေ့ခ်ျရဲ့ မန်နေဂျာပါ "

"မင်းရဲ့ လူသေဓာတ်ပုံကို ထုတ်လိုက် "

ကောင်းမင်သည် ထိုအရာကို အတည်ပြုချင်နေသည်။

"ဒါကို ကျုပ်လိုချင်နေတာ..."

လူငယ်သည် ကောင်းမင်ထုတ်လိုက်သော ပန်းချီပုံကို လောဘတကြီးကြည့်လိုက်သည်။

"မင်းမှ လူသေဓာတ်ပုံတစ်ပုံတောင် မရှိဘူးလား "

ကောင်းမင်က သူသည် အမှန်တရားနှင့်နီးကပ်လာပြီဟုခံစားရသည်။

"ဒီပုံကို မင်းကိုဘယ်သူပေးခဲ့တာလဲ "

"အဲ့ဒါ ရေသေအစစ်ပဲ "

လူငယ်က ကြောက်ရွံ့နေခဲ့သည်။

"သူဘယ်သူလဲဆိုတာ ကျုပ်မသိဘူး ၊ လျှို့ဝှက်ပုံစံတည်ဆောက်တာတွေ ၊ လျှို့ဝှက်ကုတ်ဖန်တီးတာတွေ နဲ့ အဖြူအမည်းပန်းချီပုံတွေကို ဖြန့်ဝေတာတွေအကုန်လုံးက သူ့အကြံတွေပဲ ၊ ကျုပ်က သူ့အမိန့်အတိုင်း ခြောက်ခြားမှုကို အတွေ့အကြံရှိတဲ့လူတွေနဲ့ ဆက်သွယ်ပေးရုံပဲ "

"ပုံမှန်အားဖြင့် မင်းတို့ ဘယ်လိုအဆက်အသွယ်လုပ်လဲ "

ရေသေသည် ပိုဂရုစိုက်လေလေ ကောင်းမင်က သူ့ကို ပိုဖမ်းချင်လေလေ‌ဖြစ်သည်။

"သူက အကောင့်မျိုးစုံနဲ့ ကျုပ်ကို မက်ဆေ့ပို့တယ် ၊ သူက ကျုပ်ကို နေရာမျိုးစုံသွားခိုင်းပြီး ပစ္စည်းတွေယူဖို့ပြောတယ်..."

လူငယ်က လျှာကိုက်ပြီး ဆက်ပြောလိုက်သည်။

"ပန်းချီပုံအသစ်တွေ၊ လူတွေနဲ့ အလောင်းတွေ အပါအဝင်ပဲ "

"မင်းကို သူနောက်ဆုံး မက်ဆေ့ပို့ခဲ့တဲ့ အချိန်က ဘယ်အချိန်လဲ "

"ကျုပ်ပြောပြရင် ခင်ဗျား ကျုပ်ကို လွှတ်ပေးမှာလား "

လူငယ်က အာမခံလိုချငိနေ၏။

"မင်းမပြောရင် မင်းသေတောင် သေရမှာမဟုတ်ဘူး "

လူငယ်က အရှုံးပေးလိုက်တော့သည်။

"သူက နောက်ဆုံးပန်ချီပုံကို ဟန်ဟိုင်းအနုပညာဌာနက ခြောက်လွှာက အမှိုက်ပုံးထဲမှာ ဝှက်ထားတယ် ၊ မနေ့ညက ကျုပ်သူ့ကို အလောင်းနှစ်လောင်းကို ဖြေရှင်းဖို့ ကူညီခဲ့တယ် ၊ ပန်းချီပုံအသစ်က ကျုပ်လုပ်အားခပဲ ၊ သူက အဲ့ဒါကို နေ့လယ်မှာလာယူဖို့ ကျုပ်ကို ပြောခဲ့တယ် "

ကောင်းမင်သည် ချက်ချင်းပင် သွားကြည့်ချင်နေလေသည်။

သူသည် လူငယ်အား လူနာများ၏လူသေဓာတ်ပုံထဲ ပို့လိုက်သည်။သူသည် မြင်ကွင်းကို ရှင်းလင်း၍ စက်ရုံမှ ထွက်လာခဲ့သည်။

"ရေသေက ငါဂိမ်းလမ်းညွှန်တွေကို ထုတ်မပြခင်ကတည်းက ဂိမ်းပေါင်းများစွာကို ရှင်းလင်းခဲ့ပြီးပြီ ၊ သူက ဉာဏ်များပြီး ကောက်ကျစ်တတ်တဲ့လူပဲ ၊ သူက ကစားသမားတွေကို ဘယ်လိုထိန်းချုပ်ရမယ်ဆိုတာ သိတယ် ၊ သူက ဂိမ်းကြီးကြီးတစ်ခု ကစားနေတာ "

အကြိမ်အရေ အများအပြားသေဆုံးပြီးနောက် ကောင်းမင်နှင့် ကစားသမားများအပါအဝင် ရေသေသည် မည်သူဖြစ်ကြောင်းမသိခဲ့ကြပေ။ယင်းသည် ရေသေနှင့်ပတ်သက်၍ ကြောက်စရာအကောင်းဆုံးဖြစ်သည်။

နေ့လယ် ၁၂ နာရီတွင် ကောင်းမင်သည် ဟန်ဟိုင်းတောင်ပိုင်းမြို့တော်ခရိုင်သို့ ရောက်ရှိလာခဲ့သည်။

ဟန်ဟိုင်းအနုပညာဌာနသည် ပွဲတော်ကြီးတစ်ခု ကျင်းပလျက်ရှိသည်။ခြောက်ခုမြောက်ခန်းမသည် အမျိုးမျိုးသော ပန်းချီလက်ရာများကို အဓိက ပြသထားသည်။AI ပန်းချီကားများ တိုးတက်လာသည်နှင့်အမျှ ပန်းချီဆရာများသည် AI နှင့် ကွဲပြားစေရန် စိတ်ကူးစိတ်သန်းများကို ပိုမိုရေးဆွဲလာကြသည်။အကောင်းဆုံးပန်းချီကားများသည် မည်သည့်နေရာတွင်ရှိမှန်း ကောင်းမင်မသိပေ။ဂရုလည်း မစိုက်ပေ။သူသည် အမှိုက်ပုံးများအတွက် ရောက်လာခြင်းဖြစ်သည်။

"ဒီမှာ အမှိုက်ပုံးတွေ အများကြီးပဲ ၊ အမှိုက်ပုံးတွေကို တစ်ခုပြီးတစ်ခု မွှေနှောက်ရှာဖွေနေမယ်ဆိုရင် လုံခြုံရေးတွေက ငါ့ကို မောင်းထုတ်လိမ့်မယ် ၊ ရေသေက ဒီမှာဆက်ရှိနေသေးတယ်ဆိုရင် သူက ငါ့ကို တွေ့သွားပြီး လွတ်မြောက်သွားနိုင်တယ် "

ထိုနေရာတွင် လူများစွာရှိနေကြသည်။ကောင်းမင်သည် လုံခြုံရေးအခန်းသို့သွားရန် ဆုံးဖြတ်လိုက်သည်။ ပစ္စည်းပျောက်သွားသည်ဟူသော အကြောင်းပြချက်ဖြင့် ကောင်းမင်သည် ခန်းမ၆ ၏ စောင့်ကြည့်မှတ်တမ်းကို စစ်ဆေးရန် အစောင့်များနောက် လိုက်သွားခဲ့သည်။

မနက် ၉ နာရီအချိန်တွင် ဧည့်သည်များက ခန်းမထဲ ဝင်လာကြသည်။အများစုသည် ကောင်းမွန်စွာဝတ်စားထားကြသည်။သူတို့သည် ပန်းချီကားများကို ကြည့်ရှုနေကြပြီး မည်သူမှ အမှိုက်ပုံးနား ကပ်မလာကြပေ။အစောင့်သည် မှတ်တမ်းကို ၉:၁၀ နာရီသို့ ကျော်လိုက်သည်။သာမန်အဝတ်အစားကို ဝတ်ဆင်ထားသည့် သက်လတ်ပိုင်းလူတစ်ယောက်သည် မနက်စာဘူးတစ်ဘူးကို ကိုင်လျက် ခန်းမ‌၆အတွင်း ဝင်လာလေ၏။

"နေဦး ! "

ကောင်းမင်က ဗွီဒီယိုကို ရပ်လိုက်သည်။သူသည် ထိုလူကို သိလေသည်။တစ်ချိန်က ထိုလူ၏ပန်းချီကားများသည်လည်း အနုပညာဌာနတွင် ပြသထားခဲ့ဖူးသည်။သို့သော်လည်း သူ့စတိုင်သည် အလွန်ပင် ကိုးရိုးကားယားဖြစ်လာခဲ့သည်။ဝေဖန်ရေးဆရာအချို့က ပန်းချီဆရာသည် အမှန်တကယ်စိတ်လွှတ်သွားသည်ဟုပင် ထင်မြင်ခဲ့ကြသည်။

"ရှရန်လား ၊ ညအလင်းရောင်စတူဒီယိုရဲ့ အဓိက အနုပညာရှင်က ဘာလို့ ဒီရောက်နေတာလဲ "

ရှရန် ကိုတွေ့လိုက်သောအခါ ကောင်းမင်၏ ဦးရေပြားသည် ထုံကျဉ်သွားသည်။ အမြဲတမ်းပြုံးနေလျက်ရှိပြီး အလုပ်ချိန်အတွင်း ခိုးကြောင်ခိုးဝှက်အနားယူလေ့ရှိသော ထိုအဓိကအနုပညာရှင်နှင့်ပတ်သက်၍ သူ့တွင် အလွန်လေးနက်သော အထင်အမြင်ရှိခဲ့သည်။

ကောင်းမင်သည် ဗွီဒီယိုကို စိုက်ကြည့်လိုက်သည်။ဗွီဒီယိုထဲတွင် ရှရန်သည် အနုပညာအစိတ်အပိုင်းများကို လေ့လာနေခဲ့သည်။ သူသည် မနက်စာစားသောက်ပြီးသောအခါ မနက်စာဘူးအခွံအား ခန်းမဝင်ပေါက်ရှိ အမှိုက်ပုံးထဲ ပစ်ထည့်ခဲ့၏။

ကောင်းမင်၏စိတ်ထဲတွင် မေးခွန်းများစွာကို ဖြေခဲ့ပြီးဖြစ်သည်။သူသည် အစောင့်များကို ကျေးဇူးတင်လိုက်ပြီး ခန်းမခြောက်သို့ ပြေးတော့သည်။တခြားလူများ၏ အထိတ်အလန့်အကြည့်များနှင့်အတူ ကောင်းမင်က အမှိုက်ပုံးကို ဖွင့်လိုက်သည်။သူသည် အမှိုက်ပုံးထဲတွင် ပျက်စီးနေသော မနက်စာထမင်းဘူးကို တွေ့လိုက်ရသည်။ဂရုတစိုက်ဖြင့် ထမင်းဘူးကို ဖွင့်လိုက်သည်။ထမင်းဘူးထဲတွင် အဖြူအမည်းပန်းချီပုံတစ်ခု ရှိနေပေသည်။ပုံသည် အရွယ်ရောက်ပြီးသော အမျိုးသမီးတစ်ယောက်ပုံဖြစ်သည်။သူမ၏ မျက်လုံးများသည် အသက်မဲ့နေပြီး မျက်ရည်များစီးကျနေသည်။

"ရေသေဆိုတာ ရှရန်လား ! ငါတို့ အတူတူအလုပ်လုပ်ခဲ့တာ နှစ်ပေါင်းများစွာ ကြာပြီလေ ! "

ကောင်းမင်သည် ဒုတိယပန်းချီပုံကို သိမ်းဆည်းလိုက်ပြီး စိတ်လျှော့လိုက်သည်။

"ကြည့်ရတာ ငါညအလင်းရောင်ကို ပြန်သွားရမယ့်ပုံပဲ ၊ ဒါက ငါ့အတွက် အစသစ်တစ်ခု ဖြစ်ပေမယ့် အကြောင်းအရာတွေက မူရင်းလမ်းကြောင်းကိုပဲ နောက်ပြန်ဆုတ်နေကြတယ် "

အကြောင်းအရာများစွာသည် ချိတ်ဆက်နေကြသော်လည်း ကောင်းမင်က စိတ်အခြေအနေကောင်းနေ၏။

"ဒီနေ့ ရွှမ်ဝမ်က အင်တာဗျူးသွားဖြေလိမ့်မယ်၊ သူနဲ့ငါအပါအဝင် မန်နေဂျာဂေါင်လည်း အရည်အချင်းအများကြီးရှိတယ် ၊ ငါတို့က လူကြိုက်များတဲ့ဂိမ်းတစ်ခုကို မဖန်တီးနိုင်ပေမယ့် ဒီကမ္ဘာရဲ့အနာဂတ်ကို‌ တော့ ငါတို့ ဖြုတ်ချနိုင်တယ် "

All Chapters