← Chapters

ပန်းချီကားထဲက ပန်းချီကား

Vol. 7 Ch. 92

ပန်းချီကားထဲက ပန်းချီကား

Vol. 7 Ch. 92

"ငါ အပြစ်ရှိခဲ့ရင် ငါ့ကိုနှိပ်စက်နေတဲ့ မင်းတို့ကောင်တွေနဲ့ မထားခဲ့ပဲ ငါ့ကို ရဲဖမ်းသွားဖို့ပဲ မျှော်လင့်တော့တယ်"

ကောင်းမင်သည် ညအလင်းရောင်စတူဒီယိုတံခါးဝသို့ ရောက်သောအခါ မန်နေဂျာဂေါင်၏ ဟိန်းဟောက်သံကို ကြားလိုက်ရသည်။ရုံးခန်းထဲ သူလှမ်းကြည့်လိုက်သည်။

"ပင်မအနုပညာရှင်က ထွက်သွားပြီ ၊ ဂိမ်းဒါရိုက်တာက ပျောက်နေတယ် ၊ ဟိုကြောင်တောင်မှ မရှိတော့ဘူး "

မန်နေဂျာဂေါင်က စားပွဲကို ဆောင့်ချလိုက်ရာ သူ့ဆံပင်တုသည် ရွဲ့စောင်းသွားသည်။

"မင်းတို့ကောင်တွေ ဘာလုပ်မှာလဲ ၊ ငါ မင်းတို့အပေါ်အရမ်းကြင်နာနေလို့ ငါ့ကို ဒီလိုလုပ်နေကြတာလား "

ထောက်ပံ့ရေးသမား ကျန်းဝမ်က ကော်ဖီကို စုပ်သောက်ပြီး ညီးတွားလိုက်သည်။

"ဒီစတူဒီယိုက ဒီလိုဖြစ်နေတာ ဘယ်သူ့အပြစ်လဲ ၊ ခြောက်ခြားဂိမ်းတွေ ဖွံ့ဖြိုးလာဖို့ ကျုပ်တို့ ထောက်ပံ့ပေးခဲ့ကြတာပဲ ၊ ခင်ဗျားက ကျုပ်တို့ကို ဒိတ်တင်းဆင်း တစ်ခုလုပ်ခိုင်းနေတာလေ ၊ ဆရာရှနဲ့ ဝေတယိုတို့ ထွက်သွားတာ သာမန်ပါပဲ "

"အဲ့ဒီစပွန်ဆာကို တောင်းပန်ဖို့ ငါ့မျက်နှာကို ပစ်ချခဲ့ရတာကွ ၊ ဒါတောင် မင်းက ငါ့ကို အပြစ်တင်နေတာလား ! "

မန်နေဂျာဂေါင်က သူ့မျက်နှာကို ပုတ်လိုက်သည်။

"ဘာလို့လဲဆို​တော့ မင်းတို့အတွက်​ ဒီအခွင့်​အ​ရေးကို ငါရှာ​ခဲ့တာ မင်းတို့ကို​ ငါမျှော်​လင့်ထားလို့ပဲ "

"အဲဒါကို ခင်ဗျားက ပြောင်းပြန်နားလည်ထားလို့လား "

"ဘာအရေးလဲကွာ "

မန်နေဂျာဂေါင်သည် ဒေါသထွက်ထွက်ဖြင့် သူ့ဆံပင်တုကို ဖယ်လိုက်ပြီး ချွေးများသုတ်လိုက်သည်။

"ရှရန်ကို ပြန်ဖုန်းခေါ်စမ်း ! "

"သူ့ဖုန်းက စက်ပိတ်ထားတယ် "

ဂရိုဂရမ်မာလီကျဲက အကူအညီမဲ့စွာ ပြောလိုက်သည်။သူသည် သူ့ကွန်ပျူတာပေါ်ရှိ လူသစ်ခေါ်ပေ့ခ်ျကို တိတ်တဆိတ်ပိတ်လိုက်သည်။

"ဒါဆို သူ့အိမ်ကို ခေါ်ကွာ! "

မန်နေဂျာဂေါင်သည် ဝေတယို၏စားပွဲဆီ လျှောက်သွားလိုက်သည်။

"ဒီတစ်ယောက်ကကော ဘယ်လိုတုန်း ၊ မင်း ရဲခေါ်ပြီးပြီလား "

"ခင်ဗျားက ရဲတွေပါ ခေါ်စေချင်တာလား "

လီကျဲက မန်နေဂျာဂေါင်သည် ရူးနေပြီဟု အမှန်တကယ်တွေးနေမိသည်။

"သူသေသွားပြီဆိုရင်တောင် သူ့အလောင်းကို ငါမြင်ချင်တယ်ကွာ ! "

မန်နေဂျာဂေါင်က အော်ဟစ်လိုက်သည်။

"ဒီအလုပ်ကို ငါလုပ်လာတာ နှစ်နှစ်ဆယ်ကျော်ပြီ ၊ ငါ ဒီလိုစကားတွေ ပြောနေရမယ်လို့တောင် မယုံကြည်နိုင်ဘူး ! "

တံခါးဝတွင် ရပ်နေသော ကောင်းမင်သည် ရွှမ်ဝမ်ကို မတွေ့မိပေ။သူက ချောင်းဟန့်လိုက်ပြီး ရုံးခန်းထဲ ဝင်လိုက်သည်။

"မန်နေဂျာဂေါင် ဒီနေ့အင်တာဗျူးကို ဘယ်သူမှ မလာကြဘူးလား "

ကောင်းမင်ကို မြင်သောအခါ မန်နေဂျာဂေါင်သည် သူ့ခေါင်းပေါ်တွင်အနည်းငယ်ရှိနေသော ဆံပင်ကို ဆုံးရှုံးသွားသည်။

"တခြားလူတွေမှာ သူတို့အိပ်ချင်လာရင် သူတို့ဆီခေါင်းအုံးပို့ပေးမယ့်သူတွေရှိတယ် ဒါပေမယ့် ငါကျတော့ လူတွေက မီးရှို့ဖို့ ငါ့အိမ်ထဲ ပြေးဝင်လာကြတယ် ၊ ဘာကြောင့်လဲ "

"အထင်မလွဲပါနဲ့ဦး ၊ ကျွန်တော်က မေးကြည့်ရုံပါ ၊ ပြီးတော့ ကြောင်က မပျောက်ပါဘူး "

ကောင်းမင်က ရှရန်စားပွဲဆီလျှောက်သွားလိုက်သည်။သူဘာမှ မလုပ်ရသေးခင် ကော်ရစ်ဒါဆီမှ ခြေသံများ ပေါ်ထွက်လာသည်။အရာရှိအနည်းငယ်က တံခါးခေါက်လိုက်ပြီး ရုံးခန်းထဲ ဝင်လာကြသည်။

"ကျုပ်တို့က အရှေ့ပိုင်းမြို့တော် ခရိုင်ကပါ ၊ မေးခွန်းတချို့ မေးစရာရှိလို့ပါ "

အရာရှိခေါင်းဆောင်သည် ဓာတ်ပုံတစ်ပုံကို ထုတ်ယူလိုက်သည်။

"ဝေတယိုက ဒီမှာလား ၊ ပုံမှန်ဆိုရင် သူနဲ့ အဆက်အသွယ်အများဆုံးရှိတဲ့သူက ဘယ်သူလဲ "

"ဒီမှာ ရှိသင့်တဲ့လူတွေက မရှိကြဘူး ၊ ဒါပေမယ့် ဒီမှာ မရှိသင့်တဲ့ လူတိုင်းတော့ ရှိတယ် "

မန်နေဂျာဂေါင်က သူတို့ကို ကြိုဆိုလိုက်သည်။

"ကျုပ်တို့လဲ ဝေတယိုကို ရှာနေတာပဲဗျာ ၊ သူက အလုပ်ထွက်စာတစ်စောင်ပဲ ချန်ထားခဲ့တာ ပြီးတော့ သူအလုပ်မလာတော့ဘူး ၊ ဒီအတိုင်း သူပျောက်သွားတာပဲ "

"နောက်ပိုင်း သူ့စိတ်အခြေအနေက ဘယ်လိုရှိလဲ "

"အရမ်းကောင်းပါတယ် "

မန်နေဂျာဂေါင်က ငြီးတွားလိုက်သည်။

"အရူးလိုကို တည်ငြိမ်နေတာ ၊ သူက သူ့အလုပ်ကျတော့ မလုပ်ပဲ ကမ္ဘာကြီးကို ကယ်တင်မယ်လို့ ကျုပ်ကို ပြောသွားသေးတယ် ! "

"ကျုပ်တို့ ခင်ဗျားနဲ့ စကားပြောချင်တယ် "

မန်နေဂျာဂေါင်နှင့် ရဲများသည် အတွင်းခန်းထဲ ဝင်သွားကြသည်။ကောင်းမင်သည် ရှရန်၏ကွန်ပျူတာစကားဝှက်ကို မသိသောကြောင့် အခြားအရာများမှတဆင့်သာ သဲလွန်စများကိုရှာဖွေနိုင်၏။ရှရန်၏ ပန်းချီလက်ရာများသည် အလွန်အမင်းသဘာဝမကျသော်လည်း ကြောက်မက်ဖွယ်အလှတရားများဖြင့် ပြည့်နေလေသည်။သူသည် ပန်းချီကားများရေးဆွဲရာတွင် အလွန်တော်သောလူတစ်ယောက်ဖြစ်သည်။

ကောင်းမင်သည် ပန်းချီစာအုပ်များထဲမှ တစ်အုပ်ကို လှန်လောကြည့်ရှုလိုက်သည်။များစွာသော ပန်းချီပုံများကို ကောင်းမင် မြင်လိုက်ရသည်။ရှရှန်သည် သူ့ဂိမ်းများထဲမှ ဇာတ်ကောင်များကို ပန်းချီဆွဲခဲ့ခြင်းဖြစ်သည်။

"ရှရန်က ငါ့ဒီဇိုင်းတွေကို အလေးအနက် လေ့လာထားတာပဲ ၊ သူက သူ့ဘာသာသူတောင် အသေးစိတ်အချက်အလက်တွေ အများကြီးထည့်ထားသေးတယ် "

ကောင်းမင်သည် ဆယ်မိနစ်ခန့်ရှာဖွေလိုက်သည်။ရှရန်စားပွဲပေါ်ရှိအရာအားလုံးသည် ပုံမှန်ပင်ဖြစ်သည်။

"ကြည့်ရတာ ငါ သူ့အိမ်လိုက်သွားရမယ်ထင်ပါရဲ့ "

ကောင်းမင်သည် ရဲများဖြင့် မည်သို့ပြုလုပ်ရမည်ကို စဉ်းစားနေစဉ်တွင် မန်နေဂျာဂေါင် ထွက်လာလေ၏။ရဲများထွက်သွားပြီးနောက် မန်နေဂျာဂေါင်သည် ဒေါသထွက်စွာဖြင့် လက်သီးဆုပ်လိုက်လေသည်။

"ဟာသပဲကွာ ၊ ငါ့လူတွေက အသုံးမကျဘူးဆိုရင်တောင် လူသတ်သမားတော့ မဖြစ်နိုင်ဘူးကွ ! သူတို့က ကြက်တစ်ကောင်တောင် သတ်နိုင်တဲ့ကောင်တွေ မဟုတ်ဘူး ! "

ထို့နောက် မန်နေဂျာဂေါင်က ကောင်းမင်ဘက်လှည့်၍ စိတ်မပါတပါဖြင့်ပြောလိုက်သည်။

"ရှောင်ကောင်း ဝေတယိုဆီကနေ မင်းအကြောင်းတွေ ငါကြားပါတယ် ၊ တယိုကလည်း ပျောက်နေတော့ မင်းမှာ သွားစရာနေရာမရှိဘူးဆိုရင် ဘာလို့ ငါတို့နဲ့ လာမနေတာလဲ "

ကောင်းမင်ပြန်မဖြေရသေးခင် လူတစ်ယောက်သည် ရုံးခန်းတံခါးကို ထပ်မံခေါက်လာသည်။ရင်းနှီး‌ နေသောဝတ်စုံဖြင့် ရွှမ်ဝမ်တစ်ယောက်ပေါ်လာလေသည်။

"ဒါက ညအလင်းရောင်ဂိမ်းစတူဒီယိုများလားရှင် "

နွေးထွေးသောလေသံလေးသည် အလွန်နားဝင်ပီယံရှိလှ၏။လူတိုင်း သူမကို လှည့်ကြည့်လိုက်ကြသည်။

"ဘယ်သူကို ရှာနေတာပါလဲ "

မန်နေဂျာဂေါင်သည် သူ့ဆံပင်တုကို ခေါင်းပေါ်ပြန်စွပ်လိုက်လေသည်။

"ဒီနေရာပဲ ဖြစ်ပုံရပါတယ် ၊ ကျွန်မကို ခြောက်ခြားဂိမ်းတစ်ခုလုပ်ပေးဖို့ ရှင်တို့ ကူ‌ညီပေးစေချင်တယ် ၊ ငွေရေးကြေးရေးက ပြဿနာမဟုတ်ပါဘူး "

ရွှမ်ဝမ်က လက်တော့ကို စားပွဲပေါ်တင်လိုက်သည်။

"ဂိမ်းကို အချိန်အနည်းဆုံးနဲ့ ပြီးအောင် ရှင်လုပ်ပေးရမယ် ၊ ပြီးရင် ဒီဂိမ်းကို လူတွေအမြောက်အများသိအောင် ရှင်တို့ တတ်နိုင်သမျှ မျှဝေပေးရမယ် "

စတူဒီယိုတစ်ခုလုံး တိတ်ဆိတ်သွား၏။လူတိုင်း မည်သို့တုန့်ပြန်ရမှန်း မသိဖြစ်ကုန်၏။မန်နေဂျာဂေါင်သည် လက်တော့ကို ဖြည်းညင်းစွာရွေ့လိုက်သည်။သူသည် လက်တော့ပေါ်တွင် ဂိမ်းမူကြမ်းနှင့် အကောင့်နံပါတ်ကို မြင်လိုက်ရသောအခါ သူလိမ်ညာခံနေရသည်ဟု တွေးလိုက်မိသည်။

"ရွှမ်ဝမ် "

ကောင်းမင်က အလျင်အမြန်ရောက်လာသည်။

"မင်းဘာလုပ်ခဲ့တာလဲ..."

"ကျွန်မက ဝန်ထမ်းတစ်ယောက်ဆိုတော့ စွမ်းအားအလုံအလောက်မရှိဘူးလေ ၊ ဒါကြောင့် ကျွန်မ ပိုက်ဆံတချို့ သွားချေးလာတာပါ "

ရွှမ်ဝမ်က ခပ်တိုးတိုးပြောလိုက်သည်။

"ကျွန်မ ဘာသွေးထွက်သံယို နည်းလမ်းမှ မသုံးခဲ့ဘူးနော် "

ရွှမ်ဝမ်၏အကောင့်ကို ကြည့်ရင်း ကောင်းမင်က လေအေးတစ်ချက်ရှူလိုက်သည်။ရွှမ်ဝမ်သည် ထိုပိုက်ဆံများကို ပြန်ပေးရန် ဘယ်တုန်းကမှ မရည်ရွယ်ထားကြောင်း သူယုံကြည်သည်။

"ဖြစ်ရပ်ဆိုးသာ ရောက်မလာရင် ဘယ်လိုလုပ်မလဲ "

ရွှမ်ဝမ်က ထိတ်လန့်သွားသည်။

"ရှင်နဲ့ကျွန်မက ဖြစ်ရပ်ဆိုးဖြစ်ဖို့ မလုံလောက်လို့လား "

‌ကောင်းမင်သည် ဘာပြောရမှန်း မသိတော့ချေ။သူက စိတ်လှုပ်ရှားနေသော မန်နေဂျာဂေါင်ကို ဘေးသို့ တွန်းလိုက်သည်။ရွှမ်ဝမ်သည် အရူးအမူးကြိုဆိုခံလိုက်ရလေသည်။စတူဒီယိုရှိ ဝန်ထမ်းများအားလုံး ပြုံးရွှင်နေကြလေသည်။ကံကြမ္မာသည် ရွှမ်ဝမ်အပေါ်သက်ရောက်နေသော်လည်း အများအပြားတော့ မဟုတ်ပေ။မန်နေဂျာဂေါင်က ဘုရားသခင်ကို ကျယ်လောင်စွာ ချီးမွမ်းနေချိန်တွင် ကောင်းမင်တစ်ယောက် ခိုးကြောင်ခိုးဝှက် လစ်ထွက်သွားလေ၏။

ရှရန်သည် အမှန်တကယ် ရေသေဖြစ်ပါက သူသည် ထိုလူအား ဂိမ်းများ ပိုမရှင်းလင်းနိုင်ခင် ထိန်းသိမ်းရမည်ဖြစ်သည်။

...........

ရှရန်၏အိမ်လိပ်စာကို ရှာလိုက်ပြီးနောက် ကောင်းမင်ထွက်လာခဲ့သည်။တစ်နာရီပျော့ပျော့အကြာတွင် ကောင်းမင်သည် မြို့တော်တောင်ပိုင်းရှိ ဘန်ဂလိုတစ်လုံးထံ ရောက်လာခဲ့သည်။မြို့တောင်ပိုင်းသည် မြို့တော်အရှေ့ပိုင်းလောက် ဈေးမကြီးလျှင်ပင် ရှရန်သည် ဘန်ဂလိုတစ်လုံးအတွက် အကုန်အကျခံရန် တတ်နိုင်နေ၏။

"ရှရန်က အလုပ်မှာ အေးဆေးဖြစ်နေတာ အံ့ဩစရာမရှိဘူး ၊ သူ့နောက်ခံနဲ့ဆို အလုပ်က သူ့အတွက် စိတ်အပန်းဖြေစရာပဲ "

ရပ်ကွက်သည် အလွန်တိတ်ဆိတ်သည်။၎င်းသည် မြို့နှင့်ဝေးပြီး ကောင်းကင်ဘုံအစိတ်အပိုင်းတစ်ခုကဲ့သို့ဖြစ်သည်။

ကောင်းမင်သည် သူ၏ရုတ်တရက်အလည်လာခြင်းအပေါ် စကားလုံးများပြင်ဆင်ထားခဲ့သည်။သို့သော် သူ ရှရန်၏အိမ်သို့ ရောက်သောအခါ တံခါးသည် လော့မချထားကြောင်း သိလိုက်ရသည်။ခြံဝင်းထဲတွင် မပြီးပြတ်သေးသော ပန်းချီကားများစွာရှိလေသည်။

"ဆရာရှ "

ကောင်းမင်သည် ဘန်ဂလိုထဲ ဝင်လာခဲ့သည်။အပြင်အဆင်သည် အနုပညာဆန်၏။ကောင်းမင်သည် မည်သည့်အရိပ်မှ မရှိသော်လည်း အရိပ်ကမ္ဘာထဲ ရောက်နေသလို ခံစားနေရသည်။သူ့လက်များကို နှလုံးထံ ရွေ့လိုက်သည်။ကောင်းမင်သည် ပျက်စီးနေသော ပန်းချီကားများကို ရှောင်ရှားလိုက်ပြီး ဧည့်ခန်းဆီသို့ ဖြည်းညင်းစွာသွားလိုက်သည်။

ဧည့်ခန်းကို နားလည်ရခက်ခဲသော ပန်းချီကားများဖြင့် အလှဆင်ထားလေ၏။ထူးဆန်းသောမျဉ်းကြောင်းများနှင့် ရောစပ်ထားသောအရောင်များသည် လူအနည်းငယ်သာ နားလည်နိုင်မည့် ထူးဆန်းသည့်ကမ္ဘာတစ်ခုပုံသဏ္ဍာန်ဖြစ်နေလေသည်။

"ရှရန်က အရိပ်ကမ္ဘာကို ပန်းချီဆွဲခဲ့တာလား "

ကောင်းမင်သည် မျက်မမြင်လူဆီမှတဆင့် အရိပ်ကမ္ဘာကို မြင်တွေ့ခဲ့ရသည်။အရိပ်ကမ္ဘာသည် ခြောက်ခြားဖွယ်ရာများ ၊ အိမ်မက်ဆိုးများဖြင့် ပြည့်နှက်နေခြင်းဖြစ်သည်။

"မျက်မမြင်လူက အမှောင်ထုအတွက် မျက်စိကန်းနားကန်းဖြစ်ပြီးမှ အဲ့ဒီကမ္ဘာကြီးကို မြင်ခဲ့ရတာ ၊ ရှရန်က ဒါကို ဘယ်လိုမြင်ခဲ့တာလဲ ဒါမဟုတ် အားလုံးကို သူစိတ်ကူးယဉ်ထားတာလား "

ပန်းချီကားများကို ပိုလေ့လာလေလေ ကောင်းမင်သည် ပိုခံစားရလေဖြစ်လာသည်။ ရှရန်သည် ပန်းချီကားများမှတစ်ဆင့် အရိပ်ကမ္ဘာကို ထင်ရှားစေချင်သည်။

ပန်းချီကားအများစုသည် စွန့်ပစ်ခံထားရခြင်းဖြစ်သည်။ကောင်းမင်သည် ဧည့်ခန်းအတွင်းသို့ ပိုမိုဝင်ရောက်လာခဲ့သည်။သူက နံရံကို ‌လှမ်းကြည့်လိုက်သည်။မီတာများစွာကျယ်သော နံရံအား ရှရန်က အနီရောင်ဆေးခြယ်ထားလေသည်။ယင်းသည် သူ၏ဧည့်ခန်းပုံဖြစ်ပေသည်။၎င်းနံရံပန်းချီသည် အလွန်အစစ်အမှန်ဆန်လေသည်။

ဧည့်ခန်းထဲတွင် လူတစ်ယောက်ထိုင်နေ၏။အကြည့်များကို အာရုံခံမိသွားဟန်ဖြင့် ပန်းချီကားထဲမှ ပုဂ္ဂိုလ်သည် သူ့ခေါင်းကို ဖြည်းညင်းစွာလှည့်လာလေသည်။သူ့မျက်နှာပေါ်မှ အနီရောင်ဆေးသားများ တစ်စက်စက်ဆင်းလာသောကြောင့် သူ့ပုံစံသည် ပျက်ယွင်းနေလေ၏။

"ရှရန်! "

All Chapters