← Chapters

ငါ့ကို သတ်ပါ

Vol. 7 Ch. 93

ငါ့ကို သတ်ပါ

Vol. 7 Ch. 93

ရဲတောက်နေသည့် နံရံပန်းချီထဲတွင် ရှရန်သည် ဆိုဖာပေါ်ထိုင်နေပြီး နောက်ပြန်လှည့်ကြည့်လိုက်သည်။လက်တွေ့ဘဝတွင် ဆိုဖာဘေးတွင်ရပ်နေသောကောင်းမင်သည် နံရံပန်းချီနှင့် မျက်နှာချင်းဆိုင်နေ၏။

သူတို့နှစ်ဦးသည် တစ်ဦးနှင့်တစ်ဦး စိုက်ကြည့်မိလျက်သားဖြစ်သည်။စီးကျနေသော အနီရောင်ဆေးရည်များနှင့် တွန့်လိမ်နေသောအမှောင်ထုသည် သူတို့နှစ်ဦးကို ပိုင်းခြားထားသည်။ရှရန်သည် ပန်းချီကား၏ အစိတ်အပိုင်းတစ်ခု ဖြစ်လာပုံရလေသည်။သူ့မျက်လုံးများသည် ကောင်းမင်ဆီမှ သူ့လက်ဆီသို့ ရွေ့သွားပြီး ခါတိုင်းလို ပြုံးလိုက်သည်။လက်များသည် သွေးများဖြင့် စိုရွဲနေလေသည်။လက်ချောင်းတစ်ချောင်းချင်းစီသည် သားကောင်တစ်ကောင်၏သွေးများ ဖြစ်သည်။

ရှရန်သည် မျက်လုံးများ မှိတ်လိုက်ပြီး အရသာခံနေသကဲ့သို့ သူ့လက်ချောင်းများကို စုပ်လိုက်သည်။သူသည် စိတ်တက်ကြွသွားပြီး အပေါ်ထပ်ဘက်သို့ လှည့်လိုက်သည်။

"ဒါကို သူဘယ်လိုလုပ်ခဲ့တာလဲ "

‌ကောင်းမင်က ရေသေသည် အထူးလူသေဓာတ်ပုံတစ်ခုကို ရခဲ့မှန်းသိသော်လည်း ယင်းဓာတ်ပုံအား အရင်က သူမမြင်ဖူးခဲ့ပေ။ကောင်းမင်သည် နံရံပန်းချီကို လေ့လာလိုက်ရာ ၎င်းသည် လက်တွေ့ဘဝနှင့် ကွာခြားချက်တချို့ရှိကြောင်း သတိပြုမိလိုက်သည်။ပန်းချီကားထဲတွင် လက်တွေ့ဘဝတွင် ရေးဆွဲထားသော နံရံပေါ်တွင် မှုန်ဝါးဝါးစုတ်ချက်တချို့ ရှိနေလေသည်။ကောင်းမင်က အနီးကပ်ကြည့်ချင်သွားသည်။ပန်းချီစုတ်ချက်များသည် ပိုမိုမှုန်ဝါးလာလေ၏။

သူသည် ၎င်းတို့ဆီဆွဲခေါ်ခံလိုက်ရသကဲ့သို့ ဆက်လက်ချဉ်းကပ်သွားသည်။သူ သတိဝင်သောအချိန်တွင် သူ့ပတ်ဝန်းကျင်သည် နီရဲနေခဲ့ပြီဖြစ်သည်။သူသည် နံရံပန်းချီထဲတွင် ပိတ်မိနေခဲ့ချေပြီ။သူက ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ ဧည့်ခန်းသည် မရှိတော့ပေ။

"အရိပ်ရဲ့ အရိပ်အယောင်မရှိဘူး ၊ ဒီနံရံပန်းချီက ငါ့ရဲ့နှိပ်စက်ခန်းလို အစစ်အမှန်ကမ္ဘာနဲ့ အရိပ်ကမ္ဘာထဲကနေ ကင်းလွတ်နေတဲ့ နေရာတစ်ခုလား "

သူ့စိတ်ထဲတွင် ထိုအတွေးပေါ်လာသည်နှင့် ကောင်းမင်၏မျက်နှာပေါ်သို့ ဆေးတစ်စက် ကျဆင်းလာ၏။သူ့အရေပြားသည် အနီရောင်အဖြစ် ဖြည်းညင်းစွာပြောင်းလဲလာလေသည်။

"ရှရန်က အပေါ်ကိုပဲ တက်သွားတာ "

သူတို့သည် နှစ်များစွာ အတူတကွ အလုပ်လုပ်ခဲ့သော်လည်း ကောင်းမင်သည် ယခုအချိန်မှသာ ရှရန်အစစ်အမှန်ကို သိရခြင်းဖြစ်သည်။ရှရန်၏ နှလုံးသားအစစ်ကို တစ်ဦးတစ်ယောက်မှ မမြင်နိုင်ပေ။သူသည် လူတိုင်းကို ကြင်နာစွာဆက်ဆံခဲ့သည်။အဘယ်ကြောင့်ဆိုသော် သူသည် လူတိုင်းကို သာတူညီမျှ ရှုမြင်သောကြောင့်ဖြစ်သည်။သူသည် ဘယ်တုန်းကမှ ဒေါသမထွက်ဖူးချေ။သူ့နှလုံးသားထဲတွင် လူသားများသည် သူ့အောက်တွင် ရှိသောကြောင့်ဖြစ်သည်။ဥယျာဉ်ပိုင်ရှင်သည် သူ့အပင်များအပေါ် အဘယ်ကြောင့် စိတ်ဆိုးဒေါသထွက်လိမ့်မည်နည်း။

ကောင်းမင်သည် ဆိုဖာဆီသို့ လျှောက်လာခဲ့သည်။သူသည် အနီရောင်ကြမ်းပြင်ပေါ် တစ်လှမ်းချင်းနင်းလိုက်ပြီး ထိုနေရာတွင် ချိတ်ဆွဲထားသော ပန်းချီကားများကို လေ့လာလိုက်သည်။အနီရောင်ဧည့်ခန်းထဲတွင် ပန်းချီကားသုံးချပ်သည် ထောင်လျက်သားရှိနေသည်။ပန်းချီကားများသည် မတူညီသော အရောင်များရှိသည်။ကြည့်ရသည်မှာ ....သူ့ကိုယ်ပိုင်လူသေဓာတ်ပုံထဲတွင် ကောင်းမင်သည်အရောင်အသွေးစုံနေပုံရသည်။

ပထမပန်းချီကားသည် ခန့်ညားသောအမျိုးသားတစ်ယောက်နှင့် ချောမောလှပသော အမျိုးသမီးတစ်ယောက်ပုံဖြစ်သည်။သူတို့တွင် လှပသော ခန္ဓာကိုယ်များရှိသည်။သို့သော်လည်း သူတို့တွင် ‌ခြေ သို့မဟုတ် လက်များ ပျောက်ဆုံးနေ၏။ထို့ကြောင့် ပြည့်စုံသော လိုက်ဖက်မှုသည် ပျက်စီးနေလေတော့သည်။

ဒုတိယပန်းချီကားသည် ကလေးမျက်နှာဖြင့် အရွယ်ရောက်ပြီး အမျိုးသားတစ်ယောက်ပုံဖြစ်သည်။သူသည် မိခင်ဝမ်းဗိုက်အတွင်း ထပ်မံရောက်နေသကဲ့သို့ သေလုနီးပါး အနေအထားဖြစ်နေသည်။

တတိယပန်းချီကားသည် ပိုမိုရှုပ်ထွေးလေသည်။လူအိုကြီးတစ်ယောက်သည် သေမင်းရှေ့တွင် မတ်တပ်ရပ်နေ၏။သူသည် နောက်လှည့်ကြည့်နေပြီး သူ့ကိုယ်တိုင်၏ငယ်‌ရွယ်သောဗားရှင်းများဖြင့် လမ်းခင်းထားသော လမ်းကြောင်းကို မြင်နေရသည်။ပထမခြေလှမ်းသည် အသစ်တစ်ဖန်မွေးဖွားခြင်းတစ်ခုဖြစ်သည်။ကလေးကို ထိုနေရာတွင်ထားခဲ့သောသူသည် သေမင်းပင်ဖြစ်သည်။

"ဒီပန်းချီကားတွေကို ငါအပြင်ယူသွားလို့ ရမလားမသိဘူး "

ကောင်းမင်သည် ဒုတိယထပ်ကို ရောက်လာခဲ့သည်။သူသည် စာရွက်ပေါ်တွင် ဘောပင်ဖြင့် ရေးခြစ်နေသံကို ကြားလိုက်ရသည်။သူသည် စွန့်ပစ်ထားသော ကင်းဗတ်စများကို ကျော်ခွလိုက်ပြီး ပင်မအိပ်ခန်းတံခါးဝရှေ့တွင် ရပ်တန့်လိုက်သည်။

ရှရန်သည် သွေးများဖြင့် ဖုံးလွှမ်းနေလေသည်။သူ့နှလုံးသည် ဖွင့်ထုတ်ခံထားရသည်။ပန်းချီစုတ်တံ တစ်ချောင်းဖြင့် သူသည် သူ့နှလုံးမှ သွေးများပေါ်တွင် အသာအယာတို့လိုက်သည်။သူသည် ဧရာမကင်းဗတ်စပေါ်တွင် သူ့ပုံသူ ဆွဲနေခြင်းဖြစ်သည်။

"မင်းရောက်လာပြီပဲ ၊ ငါမင်းကို စောင့်နေခဲ့တာ အရမ်းကြာပြီ "

ရှရန်က နောက်ပြန်လှည့်မကြည့်ပေ။သူသည် သူဆွဲနေသော သူ့ပုံသူအပေါ် အာရုံစိုက်ထား၏။

"ကျွန်တော် ဒီရောက်လာမယ်မှန်း ခင်ဗျားသိတယ်ပေါ့ "

ကောင်းမင်က မေးလိုက်သည်။သူ့လမ်းကြောင်းသည် အတားအဆီးမရှိခဲ့ပေ။တံခါးပင် ပွင့်လျက်သားဖြစ်သည်။

"ရေသေဖိုရမ်ကို ထောင်ထားတာ ၂၃ နာရီပဲရှိသေးတယ် ၊ လူလေးယောက်ပဲ ငါရေးခဲ့တဲ့ ကုဒ်တွေကို သိတာ ၊ ငါရယ် မန်နေဂျာရယ် ပြီးတော့ ခြောက်ခြားဖြစ်ရပ်ကြောင့် သေသွားတဲ့ ကစားသမားနှစ်ယောက်ရယ်ပဲ ၊ ဒါပေမယ့်လည်း ဒီမနက်မှာ လူတစ်ယောက်က ကုဒ်တွေအားလုံးကို သိရုံသာမက မန်နေဂျာကို စစ်ဆေးဖို့လည်း ကြိုးစားခဲ့သေးတယ် "

ရှရန်သည် ပန်းချီဆွဲနေခြင်းကို မရပ်ပေ။

"လူသေက စကားမပြောနိုင်ဘူး ၊ မန်နေဂျာတောင်မှ ကုဒ်တွေအားလုံးကို မသိဘူး ၊ အထူးဆန်းဆုံးက အဲ့ဒီလူက ငါ့အတွက် စနစ်ရဲ့ကုဒ်တွေကို ပြီးစီးအောင် လုပ်ခဲ့တာပဲ ၊ သူက အနာဂတ်က လာတဲ့ပုံစံဖြစ်နေတယ်လေ "

ကောင်းမင်သည် ရေသေဖိုရမ်ကို သုံးခဲ့သည့်အချိန်တွင် ထိုအချက်ကို မေ့လျော့နေခဲ့သည်။သူသည် ရေသေဖိုရမ်ထောင်ခဲ့သည့်အချိန်ကိုပင် မသိချေ။

"ငါ စကားပြောမှတ်တမ်းကို စစ်လိုက်တော့ အဲ့ဒီလူက မင်းပဲဆိုတာ တွေးမိလိုက်တယ် "

ရှရန်က တည်ငြိမ်စွာ‌ပြောလိုက်သည်။

"မင်းဖန်တီးခဲ့တဲ့ဂိမ်းတွေက အစစ်အမှန်တစ်ခုဖြစ်လာတယ် ၊ မင်းက အနာဂတ်ကို တကယ်ကြီးမြင်နိုင်တာလား "

"ခင်ဗျား ဒါကိုတွေ့သွားမှတော့ ဘာလို့ အနုပညာဌာနက အမှိုက်ပုံးထဲမှာ ပန်းချီပုံကို သွားပစ်ခဲ့တာလဲ ၊ ခင်ဗျားရဲ့စွမ်းရည်နဲ့ဆို ဆက်ပြီး ဟန်ဆောင်နေလို့ရတာပဲ "

ကောင်းမင်သည်ရှရန်ကို မဖတ်နိုင်ပေ။ထိုလူ၏ အတွေးများသည် အလွန်ထူးဆန်းပြီး အလွန်ရူးသွပ်ပေသည်။

"ဘာလို့လဲဆိုတော့ ငါလည်း ငါ့အနာဂတ်ကို သိချင်နေလို့ပဲ "

‌ရှရန်သည် နောက်ဆုံးစုတ်ချက်ကို အဆုံးသတ်လိုက်သည်။သူသည် နောက်ပြန်လှည့်လာပြီး ဗလာဖြစ်လုနီးပါးဖြစ်နေသော သူ့ရင်ဘတ်ကို ပြလိုက်သည်။

"အနာဂတ်ဆိုတာ မပြောင်းလဲနိုင်တဲ့အရာတစ်ခုပဲ ၊ ကျွန်တော်ကတော့ အဆုံးသတ်တစ်ခုပဲ မြင်တယ် "

ကောင်းမင်က သူ့နှလုံးကို ထိလိုက်သည်။

"ခင်ဗျားက ဟန်ဟိုင်းမှာ အသန်မာဆုံးကစားသမားဖြစ်လာလိမ့်မယ် ၊ ရေသေဟာ စုံစမ်းစစ်ဆေးရေးဌာနကိုတောင် အကြမ်းဖက်နိုင်လိမ့်မယ် ၊ ရေသေက အရမ်းကို ဩဇာအာဏာရှိတယ် ၊ အဆုံးသတ်မှာ ခင်ဗျားက ကျွန်တော့်ကို အမဲလိုက်ဖို့ ကစားသမားဆယ်ယောက်ကို စုစည်းခဲ့တယ် ပြီးတော့ ကျွန်တော့်ခန္ဓာကိုယ်ကို ခုတ်ထစ်ပစ်လိုက်တယ် "

"ငါက ဘာလို့မင်းကို သတ်ရမှာလဲ "

ရှရန်၏မျက်လုံးများက ကျဉ်းမြောင်းသွားပြီး ပြုံးလိုက်သည်။

"ကျွန်တော်က ဂိမ်းလမ်းညွှန်တွေကို ထုတ်ပြခဲ့တယ် ၊ မူလကတော့ ခင်ဗျားရယ် ဝေတယိုရယ် ကျွန်တော်ရယ်ပဲ သူတို့ကို သိအောင်ထောက်ပံ့ပေးခဲ့တာ "

ကောင်းမင်က မလိမ်ခဲ့ပေ။သူသည် အနာဂတ်ဗားရှင်းတစ်ခုနှင့်စကားပြောဆိုနေရသလို ခံစားနေရသည်။

"မင်းက ကစားသမားတွေရဲ့ ယေဘုယျကောင်းကျိုးအတွက် လမ်းညွှန်တွေကို ထုတ်ပြန်ခဲ့တယ် ၊ ဒါပေမယ့်လည်း ကစားသမားတွေက သူတို့ကို မင်းက တစ်ခုခုလျို့ဝှက်ထားသလို ခံစားခဲ့ရလိမ့်မယ် ဘာကြောင့်လဲဆိုတော့ မင်းက သူတို့ထက်အရင် လမ်းညွှန်တွေကို သိနေခဲ့လို့ပဲ ၊ ဒါကြောင့်ပဲ သူတို့က မင်းကို အမဲလိုက်ဖို့ ရွေးချယ်လိုက်တာ ဖြစ်မယ် "

ရှရန်သည် စုတ်တံကို အဝေးလွင့်ပစ်လိုက်သည်။

"ဒီပန်းချီကားကို ငါဆွဲလို့မပြီးခင်က စုတ်တံက ငါ့ရဲ့အစိတ်အပိုင်းတစ်ခုဖြစ်ခဲ့တယ် ၊ ဒါပေမယ့် ပန်းချီဆွဲလို့ ပြီးသွားတော့ မရှိမဖြစ်အရာတောင်မှ စွန့်ပစ်ခံရနိုင်တယ် "

"ခင်ဗျားမှန်ပါတယ် ၊ ဒါပေမယ့် ဒီတစ်ကြိမ်တော့ ကျွန်တော်က ဂိမ်းလမ်းညွှန်တွေကို လွယ်လွယ်နဲ့ ထုတ်ပြတော့မှာ မဟုတ်ဘူး "

"ဒါဆိုရင် မင်းမြင်ခဲ့တဲ့ အနာဂတ်က ဖြစ်မလာတော့ဘူးလား "

ရှရန်သည် သေခြင်းတရားကို မကြောက်ရွံ့ပေသည်။သူသည် ကောင်းမင်နှင့်စကားပြောချင်ရုံသာဖြစ်သည်။

"အရေးမကြီးပါဘူး လူအများက ကျွန်တော့်ကို သတ်ချင်နေကြတယ် ၊ ကံတရားက ခင်ဗျားကို လူသတ်အောင် တွန်းအားပေးမှာပဲ "

ကောင်းမင်သည် ထိုအခြေအနေနောက်မှ နာကျင်မှုကို သိပေသည်။

"ဒါဆို မင်းက ဘာလို့ဒီရောက်လာတာလဲ ၊ ငါမင်းကို မသတ်ခင် မင်းငါ့ကို သတ်ဖို့လား "

ရှရန်၏အပြုံးသည် နွေးထွေးတောက်ပနေလေသည်။

"အနာဂတ်မှာ မင်းကို သတ်မယ့်လူတွေအားလုံးကို မင်းက သတ်ဖို့စီစဉ်ထားတာလား ၊ သူတို့က ဘယ်သူ့ကိုမှ မသတ်ခဲ့ဘူးဆိုရင်တောင်မှလား ဒါကတရားပါ့မလား "

"ဆရာရှ ကျွန်တော်က ဒီကို တရားမျှတမှုအတွက် ရောက်လာတာမဟုတ်ဘူး ၊ ကျွန်တော်က လူသေဓာတ်ပုံအတွက်ရောက်လာတာ "

ကောင်းမင်က သူ့နှလုံးကို ဖိလိုက်သည်။သွေးများပန်းထွက်လာပြီး ချိန်းကြိုးတစ်ခုအသွင် ဖွဲ့စည်းသွားသည်။

"ငါက ကမ္ဘာကြီးကို ဆယ်ကြိမ်မက ကယ်တင်ခဲ့တယ် ၊ ဒါပေမယ့် ဒီတစ်ကြိမ်တော့ ငါ့ကိုယ်ငါ ကယ်တင်ချင်တယ် "

"မင်း ငါ့ကို သတ်ဖြတ်မှာကို ငါမတားပါဘူး ၊ သေခြင်းဆိုတာ ဖြစ်နေကျပဲ ၊ ရှင်သန်ခြင်းဆိုတာက လိုအပ်ချက်တစ်ခုပဲ သေခြင်းတရားဟာ ကောင်းချီးတစ်ခုဖြစ်တယ် "

ရှရန်သည် သူ့ပန်းချီကားပုံရှေ့တွင် မတ်တပ်ရပ်လိုက်ပြီး သူ့လက်များကို ဆန့်တန်းလိုက်သည်။

"ဒါပေမယ့် မင်းငါ့ကို သတ်ဖို့ အခွင့်အရေးထပ်ရှိတော့မယ်လို့တော့ မထင်ဘူးနော် "

All Chapters