← Chapters

အနုပညာ

Vol. 7 Ch. 94

အနုပညာ

Vol. 7 Ch. 94

"ကျွန်တော် ခင်ဗျားကို သတ်ဖို့အခွင့်အရေးမရှိဘူး ဟုတ်လား "

ရှရန်သည် တည်ငြိမ်မှုမရှိကြောင်း ကောင်းမင်ခံစားနေရသည်။သူသည် အပေါ်ယံတွင် နေသာနေသည့်ပုံ ရသော်လည်း နေရောင်သည် သူ့နှလုံးသားတစ်စိတ်တစ်ပိုင်းဆီကိုပင် မရောက်ရှိနိုင်ချေ။မည်သူမှ သူ့အတွေးများကို မခန့်မှန်းနိုင်ပေ။

"ကံကြမ္မာဆိုတဲ့အယူအဆက ငါ့အတွက် အဓိပ္ပါယ်မရှိဘူး ၊ ငါဟာ ဘယ်တော့မှ အတိတ်ကို ဆုပ်ကိုင်မထားသလို အနာဂတ်ကိုလည်း မယုံကြည်ဘူး ၊ ငါက ပစ္စုပန်ကာလကိုပဲ ဂရုစိုက်တယ် "

ရှရန်ထံမှ အနီရောင်ဆေးစက်များသည် သူ့အရေပြားတစ်လျောက် ကျဆင်းလာသည်။သူသည် အရည်ပျော်နေသော ရေခဲတုံးတစ်တုံးနှင့် တူနေပေသည်။

"မင်းအနာဂတ်ကို မြင်ရတယ်ဆိုတဲ့ သက်သေတွေကတော့ အများကြီးပါပဲ ၊ မတူညီတဲ့ အချိန်စီးကြောင်းတစ်ခုမှာ မင်းငါ့ကို အလွယ်တကူသတ်နိုင်လိမ့်မယ် ၊ ငါ့အတွက် အနိုင်ရဖို့ အခွင့်အရေးမရှိပါဘူး "

"ဒါဆို ခင်ဗျားရဲ့ အစီအစဉ်က ဘာလဲ "

ကောင်းမင်သည် သတိကို အမြင့်ဆုံးထားလိုက်သည်။လူတစ်ယောက်သည် အသတ်ခံတော့မည်ဟု သိခဲ့ပါက ထွက်ပြေးရန် သို့မဟုတ် ခုခံရန်ကြိုးစားလိမ့်မည်ဖြစ်သော်လည်း ရှရန်က တည်ငြိမ်လျက်သားရှိနေလေသည်။

"ငါ မင်းမမြင်ရတဲ့ အနာဂတ်တစ်ခုကို ဖန်တီးချင်တယ် ၊ မင်းငါ့ကို မသတ်နိုင်ဘူး ပြီးတော့ မင်းငါ့ဆီက မလွတ်မြောက်နိုင်ပါဘူး ၊ ငါမင်းကို နောက်ထပ်ငါအသစ်ဖြစ်အောင် ဖန်တီးမယ်"

ရှရန်၏နွေးထွေးတောက်ပနေသောအပြုံးသည် ‌ကျောချမ်းဖွယ်ရာဖြစ်သည်။သူ့အရေပြားတစ်ဝက်ခန့်သည် ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။

"စိတ်ရောဂါကုဆရာဝန်တစ်ယောက်ရဲ့ အဆိုးဆုံးလူနာဆိုတာ ကိုယ်ကိုယ်တိုင်အကြောင်းမသိတဲ့လူပဲ ၊ သူတို့က သူတို့နေမကောင်းတာကို လက်မခံပဲ သူတို့ပတ်ဝန်းကျင်က လူတွေကိုပဲ နေမကောင်းတာဖြစ်ကြောင်း သက်သေပြဖို့ ကြိုးစားတတ်ကြတယ် "

ကောင်းမင်သည် ထိုလူကဲ့သို့ လူနာများကို အရင်က မြင်ဖူးပေသည်။

"အရူးတွေပဲ အဲ့လိုအဓိပ္ပါယ်မရှိတာတွေ ပြောတာ ၊ ငါတော့ မဟုတ်ဘူး "

ရှရန်သည် လျင်မြန်စွာ အရည်ပျော်လျက်ရှိသည်။သူ့အရိုးများပင်လျှင် အနီရောင်အဖြစ်ပြောင်းလဲနေ၏။သူသည် သွေးနီရောင်အခန်းတစ်ခုလုံးဖြင့် ပေါင်းစပ်နေသည့်နှယ်ဖြစ်သည်။

"ငါ့အိမ်မက်ကို အစစ်အမှန်ဖြစ်အောင် ငါလုပ်မယ် ၊ မင်းငါ့ကို မသတ်နိုင်ပါဘူး ၊ ဒါပေမယ့် ငါ မင်းကို အမြဲတမ်းစောင့်ကြည့်နေမှာ မင်းခန္ဓာကိုယ်ထဲ ငါမွေးဖွားလာတဲ့အထိ မင်းဖြည်းဖြည်းချင်း ပြောင်းလဲလာတာကိုပေ့ါ"

ရှရန်သည် အပြည့်အဝအရည်ပျော်ကျသွားလေသည်။သူ့ခန္ဓာကိုယ်သည် သွေးနီရောင်အခန်းထဲ ပျော်ဝင်သွားလေသည်။သွေးနီရောင်အခန်းထဲတွင် ရှရန်၏ပုံတူပန်းချီကားသည် အရောင်အသွေးစုံလင်လာလေသည်။ပန်းချီကားထဲရှိ ရှရန်သည် အလွန်အသက်ဝင်နေ၏။

"ငါ့ဦးနှောက်သုံးရတာ တကယ်မုန်းလိုက်တာ "

ကောင်းမင်သည် သူ့လက်ကို ပြန်ချလိုက်သည်။သူက တိုက်ခိုက်ရန် အဆင်သင့်ဖြစ်နေသော်လည်း ရှရန်သည် ကောင်းမင်အား ခေါင်းချင်းဆိုင်တိုက်လျှင် အနိုင်ရမည်မဟုတ်ကြောင်း သိနေလေသည်။

ကောင်းမင်သည် ပုံတူပန်းချီရှေ့တွင် ရပ်လိုက်သည်။သူသည် ရှရန်၏မျက်နှာကြောင့် ဆွဲဆောင်ခံလိုက်ရသည်။ရှရန်၏နူတ်ခမ်းများသည် လှုပ်ရှားသွားပုံရသည်။ကောင်းမင်သည် အနီးကပ်နားထောင်လိုက်ရာ သူသည် ပုံတူပန်းချီထဲ ကျရောက်သွားတော့သည်။လက်တွေ့ဘဝရှိ ပန်းချီကားထဲတွင် ဧည့်ခန်းနှင့် ဒုတိယထပ်ကို ရေးဆွဲထားသည်။ရှရန်၏ ပုံတူပန်းချီထဲတွင် အိပ်ခန်းနောက်ခံရှိလေသည်။

ကောင်းမင်သည် ပန်းချီကားအတွင်းရှိ ပန်းချီကား အတွင်းရှိ ပန်းချီကားထဲတွင် ရောက်ရှိနေခြင်းဖြစ်သည်။

အိပ်ခန်းအလယ်တွင် အခေါင်းတစ်ခု ရှိလေသည်။ရှရန်၏ အလောင်းသည် အခေါင်းထဲတွင် ရှိနေ၏။အလောင်းအောက်ဘက်တွင် ပန်းပွင့်များနှင့် အရိပ်များရှိနေလေသည်။သူ့လက်ချောင်းများသည် တစ်ခုပေါ်တစ်ခု ယှက်လျက်ရှိသည်။လက်ချောင်းများကြားတွင် အဖြူအမည်းလူသေဓာတ်ပုံတစ်ခု ရှိနေပေသည်။

"ရှရန်က ငါရောက်လာကတည်းက သေနေပြီးသားလား "

ကောင်းမင်သည် အလောင်းကို စစ်ဆေး‌လိုက်သော်လည်း သေဆုံးရသည့်အကြောင်းအရင်းကို ရှာမတွေ့ချေ။ထိုလူ၏ ခန္ဓာကိုယ်သည် စက်တစ်လုံးပိတ်ချလိုက်သကဲ့သို့ ဖြစ်နေခြင်းဖြစ်သည်။ရုပ်ပိုင်းဆိုင်ရာသေဆုံးခြင်းထက် ဦးနှောက်သေဆုံးသွားခြင်းဖြစ်ပုံရသည်။ကောင်းမင်သည် လူသေဓာတ်ပုံကို ကောက်ယူလိုက်ရာ ဖြစ်နိုင်ဖွယ်မရှိသော မြင်ကွင်းတစ်ခုကို မြင်လိုက်ရလေသည်။

လူသေဓာတ်ပုံထဲတွင် ရှရန်၏အလောင်းသည် စုတ်တံတစ်ခု နှင့် ဆေးခံပြားတစ်ခုကို ကိုင်၍ သူ၏အသက်ရှင်နေသော ပုံတူကို ရေးဆွဲနေလေသည်။ထိုပန်းချီကားအား အဓိပ္ပါယ်အများအပြားကောက်ယူနိုင်၏။လူသေအလောင်းက ၎င်း၏ဝိဉာည်ကို ရေးဆွဲနေခြင်း ၊ သေခြင်းတရားက ရှင်သန်ခြင်း၏အဓိပ္ပါယ်အသစ်တစ်ခုပေးခြင်း ၊ စိတ်ပျက်အားငယ်ဖွယ်ရာ ပန်းချီကား စသဖြင့်။

ကောင်းမင်သည် လူသေဓာတ်ပုံကို နားမလည်နိုင်ပေ။သို့သော် သူသည် ဓာတ်ပုံ၏ ထူးခြားချက်တစ်ခုကို ရှာတွေ့ခဲ့သည်။လူသေဓာတ်ပုံထဲတွင် အလောင်းသည် အရောင်အသွေးစုံလေသည်။လူသေ၏ ရေးဆွဲခံရသော လူရှင်ရှရန်သည် ဘဝသက်တမ်းကို ဆုံးရှုံးလာသည်နှင့် အရောင်များ ရရှိလာ၏။

ကောင်းမင်သည် ယင်းကဲ့သို့ အချင်းအရာမျိုးကို အရင်က မမြင်ဖူးခဲ့ချေ။အချို့ လွှမ်းမိုးမှုအောက်တွင် ထိုအဖြူအမဲဓာတ်ပုံသည် နောက်ဆုံးတွင် အပြည့်အဝအရောင်စုံသွားလေသည်။

"ရှရန်က လူသေဓာတ်ပုံကိုဖြည့်ဖို့ သူ့ကိုယ်သူ စတေးလိုက်တာလား "

သူက ဓာတ်ပုံကို လှန်ကြည့်လိုက်သည်။ဓာတ်ပုံနောက်ကျောရှိ စာသားများအား သွေးများဖြင့် ခြစ်ထားလေသည်။ကောင်းမင်က သွေးများကို သုတ်ပစ်ရန်ကြိုးစားလိုက်သည်။ပန်းချီကားထဲရှိ အခန်းသည် စတင်အက်ကွဲလာ၏။ကောင်းမင်ကိုင်ထားသော လူသေဓာတ်ပုံထဲသို့ ရှိသမျှသွေးများအားလုံး ပြေးဝင်လာကြလေသည်။ပန်းချီကားထဲမှ အခန်းသည် ဆေးရည်များအဖြစ် ပြန်လည်အရည်ပျော်သွား၏။ ပန်းချီကားထဲ နောက်ဆုံးသွေးစက်ဝင်ရောက်သွားသည့် အခါ ကောင်းမင်သည် လက်တွေ့ဘဝသို့ ပြန်လည်ရောက်ရှိလာ၏။သူသည် ပျက်စီးနေသော ကင်းဗတ်စများအလယ်တွင် ရောက်ရှိနေလေသည်။ဧည့်ခန်းသည် ပုံမှန်ဖြစ်နေခဲ့ပြီဖြစ်သည်။သွေးရောင်နံရံပန်းချီလည်း မရှိတော့ချေ။ဘန်ဂလိုသည် ထပ်မံ၍ ပုံမှန်ဖြစ်သွားခဲ့ပြီဖြစ်သည်။သူသည် ပျက်စီးနေသော ကင်းဗတ်စများအလယ်တွင် ရောက်ရှိနေလေသည်။ဧည့်ခန်းသည် ပုံမှန်ဖြစ်နေခဲ့ပြီဖြစ်သည်။သွေးရောင်နံရံပန်းချီလည်း မရှိတော့ချေ။ဘန်ဂလိုသည် ထပ်မံ၍ ပုံမှန်ဖြစ်သွားခဲ့ပြီဖြစ်သည်။

"ဆရာရှက အနုပညာနယ်ပယ်ကို ကျော်လွန်သွားခဲ့ပြီပဲ ၊ သူ့ ပန်းတိုင်က ဘာများလဲ "

ကောင်းမင်သည် ထူးဆန်းသောလူသေဓာတ်ပုံကို ကြည့်လိုက်ပြီး "သူက သေပြီလား အသက်ရှင်တုန်းလား "

ရှရှန်ပြောခဲ့သော စကားများကို တွေးနေရင်း ကောင်းမင်သည် စိတ်ရှုပ်ထွေးနေ၏။

"ဒီပုံကို ငါဖျက်ဆီးလိုက်ရင် ရှရန်က ထာဝရသေဆုံးသွားလိမ့်မယ် ၊ ဒါပေမယ့် ဒီဓာတ်ပုံက ရှရန်ကို ကြောက်စရာကောင်းတဲ့ စွမ်းအားနဲ့ ထိပ်ဆုံးကစားသမားဖြစ်လာအောင် ကူညီပေးခဲ့တယ် "

လူသေဓာတ်ပုံကို သူဖျက်ဆီးလိုက်ပါက ယင်းသည် ရှားပါးပစ္စည်းတစ်ခုကို လွင့်ပစ်လိုက်သကဲ့သို့ ဖြစ်နေပေလိမ့်မည်။အကယ်၍ ဓာတ်ပုံအား သူသိမ်းထားခဲ့ပါက ရှရန်သည် သူ့အစိတ်အပိုင်းတစ်ခုအဖြစ်ဆက်ရှိနေမည်ဟု အဓိပ္ပါယ်ရလေသည်။အရာအားလုံးသည် ရှရန်၏စကားများဖြင့် လိုက်ဖက်ညီနေလေသည်။ကောင်းမင်သည် သူ့ကို မသတ်ဖြတ်နိုင်ခဲ့ပေ။ထို့ကြောင့် သူသည် ကောင်းမင်အား စောင့်ကြည့်နေတော့မည်ဖြစ်သည်။

"သေခြင်းတရားဆိုတာ ဖြစ်နေကျပဲ ၊ ရှင်သန်ခြင်းဟာ လိုအပ်ချက်တစ်ခုဖြစ်တယ် ၊ သေခြင်းဆိုတာ ကောင်းချီးတစ်ခုပဲတဲ့လား "

ကောင်းမင်သည် ပင်ပန်းနွမ်းနယ်နေ၏။သူကြုံတွေ့ခဲ့သော ရန်သူများသည် ရုပ်ရှင်ထဲမှလူများဖြင့် လုံးဝမတူပေ။သူတို့သည် အလွန်ခန့်မှန်းရခက်လှပြီး တည်ငြိမ်မှုမရှိကြချေ။

"ရှရန်က ငါ့ကို သေချာပေါက် မျှော်လင့်ထားတာပဲ ၊ ငါ အနာဂတ်ကိုမြင်နိုင်တယ်လို့ သူက တကယ်ကြီးထင်နေတာ ၊ဒါကြောင့် သူက အဆုံးသတ်အားလုံးကို လွှမ်းမိုးဖို့ ဒီနည်းလမ်းကို သုံးခဲ့တာပဲ ဒါပေမယ့် ငါ့မှာ ငါ့ရဲ့သေဆုံးမှတ်ဉာဏ်တွေပဲရှိတယ်ဆိုတာ ငါပဲသိတယ် "

ကောင်းမင်သည် သူနှင့်အတူတူ နှစ်ပေါင်းများစွာအလုပ်လုပ်ခဲ့သော ထိုလူအကြောင်းကို မသိဟု ရုတ်တရက်ခံစားလိုက်ရသည်။သူက ဘန်ဂလိုတစ်ခုလုံး စတင်ကြည့်ရှုလိုက်သည်။

ပထမထပ်သည် ဧည့်ခန်းဖြစ်သည်။ဒုတိယထပ်တွင် အထူးပန်းချီဆွဲခန်း တစ်ခန်းရှိသည်။၎င်းအခန်းသည် တန်ဖိုးကြီးပန်းချီကားများကို သိမ်းဆည်းထားခြင်းဖြစ်သည်။၎င်းတို့ထဲမှ နောက်ဆုံးတစ်ပုံကို ကောင်းမင် မြင်ဖူး၏။

သူသည် အရာအားလုံးကို ကြည့်ရှုနေလေသည်။အိပ်ခန်းအံဆွဲထဲတွင် ဆေးပြားတွေအများအပြားကို သူရှာတွေ့လိုက်သည်။ဆေးပြားအများစုကို သူသိလေသည်။အချို့ဆေးများသည် စိတ်ဝေဒနာကို ကုသရန်အတွက် ဖြစ်သည်။အချို့ဆေးများသည် သေစေနိုင်လောက်သော ရောဂါတစ်ခု ကုသရာတွင် အသုံးပြုခြင်းဖြစ်သည်။

ကောင်းမင်သည် စတိုခန်းထဲဝင်လိုက်ရာ စွန့်ပစ်ကင်းဗတ်စများ အောက်တွင် ဆေးမှတ်တမ်းများစွာကို တွေ့လိုက်ရသည်။ဆရာဝန်များသည် ရှရန်ထံတွင် သေစေနိုင်သောရောဂါတစ်ခုရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ကြသည်။သူ မကုသပါက မကြာခင် သေလိမ့်မည်ဖြစ်သည်။

"သူဘယ်လိုများ ပုံမှန်နေထိုင်နေတာလဲဆိုတာ ငါမပြောတတ်တော့ဘူး "

ကောင်းမင်သည် နံရံပေါ်ရှိ ပန်းချီကားများနောက်တွင် ဝှက်ထားသည့် တစ်စုံတစ်ခုကို သတိပြုမိလိုက်သည်။သူက ပန်းချီကားများကို ဖြုတ်လိုက်သည်။

များစွာသော လျှို့ဝှက်တံခါးများက သူ့ရှေ့တွင် ထွက်ပေါ်လာ၏။တံခါးများပေါ်တွင် မိဘမဲ့ကလေးဓာတ်ပုံများနှင့် ကိုယ်လက်အင်္ဂါချို့တဲ့နေသော ကလေးများ၏ဓာတ်ပုံများကို ကပ်ထား၏။

ကောင်းမင်သည် တံခါးများကို ဖွင့်လိုက်ရာ ရှရန်အစစ်အမှန်ကို တွေ့လိုက်ရသည်။

လျှို့ဝှက်ခန်းများသည် ဓာတ်ပုံများဖြင့် ပြည့်နှက်နေလေသည်။ရှရန်သည် ကလေးပေါင်း ၁၂၁ ယောက်ကို ကယ်တင်ရန် အမည်မသိနာမည်ဖြင့် လှူဒါန်းခဲ့သော ဂုဏ်ပြုလက်မှတ်များသည် ‌ကြမ်းပြင်ပေါ်တွင် သက်သေပြနေ၏။သူသည် မိဘမဲ့ကျောင်းများကို လစဉ်လှူဒါန်းခဲ့ပြီး မသန်မစွမ်းကလေးများစွာကို ကူညီခဲ့‌သည်။

တစ်ချိန်တည်းမှာပင် သူသည် စစ်မှန်သော မုဆိုးတစ်ယောက်ဖြစ်သည်။နံရံများပေါ်တွင် အပြစ်မဲ့ကလေးများရှိရုံသာမကပဲ များစွာသော သွေးသံရဲရဲ မြင်ကွင်းများလည်း ရှိနေပေသည်။

ရှရန်ကို လူ့ကျင့်ဝတ်များဖြင့် ချုပ်နှောင်ထားခြင်းမရှိပေ။လူသားများသည် သူ့ဥယျာဉ်ထဲမှ ပန်းပွင့်ကလေးများနှင့်တူ၏။သူသည် အချို့ကို ကာကွယ်ပေးလိုစိတ်ရှိပြီး အခြားသူများကို အထင်ကြီးလေးစားမှုအတွက် ရက်စက်စွာ လှည့်စားခဲ့သည်။

"ဒီလိုအခြေအနေမျိုးတွေနဲ့ သူဘယ်လိုများရှင်သန်ခဲ့တာပါလိမ့် "

All Chapters