← Chapters

မရဏတွေ့ဆုံပွဲ

Vol. 7 Ch. 95

မရဏတွေ့ဆုံပွဲ

Vol. 7 Ch. 95

ကောင်းမင်သည် ရှရန်၏လူသေဓာတ်ပုံစွမ်းအားအကြောင်းကို စိတ်ဝင်စားမိသည်။လက်ရှိအချက်အလက်များအရ လူသေဓာတ်ပုံသည် အခြားဓာတ်ပုံများကို ကူးယူနိုင်ပြီး သွေးနီရောင်အဆောက်အဦးများကို တည်ဆောက်နိုင်သည်။ရှရန်၏ စတေးမှုကြောင့် ကောင်းမင်သည် ယင်းဓာတ်ပုံကို အများကြီး မသုံးဝံ့ပေ။ဓာတ်ပုံအပေါ် သူမှီခိုလာလေလေ ရှရန်သည် သူ့အပေါ် သြဇာပိုကြီးလာလေ ဖြစ်မည်ကို သူစိုးရိမ်သည်။

"သူက ခေါင်းမာပေမယ့် ကံကြမ္မာကို သူ့ကိုယ်ပိုင်နည်းလမ်းနဲ့ တိုက်ခိုက်နေတာပဲ "

ကောင်းမင်သည် ရှရန်အပေါ်မည်သည်မှ မပြောလိုပေ။ဘန်ဂလိုထဲရှိ ပန်းချီကားများနဲ့ ငွေများကို မထိပဲ သူထွက်လာခဲ့သည်။စတိုခန်းထဲရှိ ဂိမ်းခွဲခြမ်းစိတ်ဖြာချက်များနှင့် ရေသေဖိုရမ်၏ လုပ်ပိုင်ခွင့်ကိုသာ သူယူလာခဲ့သည်။

အကြီးမားဆုံးလျှို့ဝှက်အန္တရာယ်အား ဖယ်ရှားနိုင်ခဲ့ပြီဖြစ်သည်။ကောင်းမင်သည် အခြားကစားသမားများကို ဦးဆောင်ရန် သူ့ကိုယ်ပိုင်ပလက်ဖောင်းတစ်ခုကို စတင်ရန် စီစဉ်တော့သည်။ကောင်းမင်သည် သူ့ခြေရာလက်ရာများကို ရှင်းလင်းလိုက်ပြီး ညအလင်းရောင်ဆီသို့ ပြန်လာခဲ့သည်။

အစောပိုင်းထက်စာလျှင် လေထုသည် လုံးဝခြားနားနေလေသည်။မန်နေဂျာဂေါင်သည် ရွှမ်ဝမ်အတွက် ကိုယ်တိုင်ကိုယ်ကျ ကော်ဖီငှဲ့ပေးရင်း ညအလင်းရောင်အကြောင်းကို ရှင်းပြနေလေ၏။

"စီအီးအိုရွှမ် ၊ ခင်ဗျားက တော်တော်ကို အမြင်ကောင်းရှိတာပဲဗျာ ၊ ကျုပ်တို့ စတူဒီယိုက ခြောက်ခြားဂိမ်းတွေ ဖန်တီးပြီး ကျော်ကြားလာတာလေ ၊ ဒီကလူတွေက လူတော်တွေထဲက လူတော်တွေပဲဗျ "

မန်နေဂျာဂေါင်က ရွှမ်ဝမ်ဘေးတွင် ရပ်လိုက်ရင်း

"ကျုပ်တို့ရဲ့ ပင်မအနုပညာဖန်တီးရှင် ရှရန်က နိုင်ငံတကာက အနုပညာဆုတွေကို သိမ်းကြုံးရထားတာဗျ ၊ ကျေးဇူးပြုပြီး သူ့လုပ်ငန်းကို ကြည့်လိုက်ပါ ၊ နှစ်ပေါင်းများစွာ မပေးဆပ်ပဲနဲ့ ခင်ဗျားဒီလိုအနုပညာတွေ ဖန်တီးနိုင်မှာ မဟုတ်ဘူး "

"ပြီးတော့ ကျုပ်တို့ရဲ့ အဓိက ပရိုဂရမ်မာ ဝေတယိုဆိုတာလေ! အစောပိုင်းက ဘာဖြစ်ခဲ့လဲ ခင်ဗျားမြင်ပါတယ် ၊ ရဲတွေတောင်မှ သူ့ဆီက အကူအညီလာတောင်းရတယ်ဗျာ ၊ သူက ကျုပ်တို့စတူဒီယိုရဲ့ ဂုဏ်ဆောင်ပါပဲဗျာ "

မန်နေဂျာဂေါင်သည် စတူဒီယိုထဲရှိ လူတိုင်းကို ချီးကျူးနေလေ၏။လူတိုင်းက ရှက်ကိုးရှက်ကန်းဖြစ်နေကြလေသည်။

"မန်နေဂျာဂေါင်က တော်တော်ကြင်နာတတ်တာပဲ "

ကောင်းမင်က ရုံးခန်းထဲဝင်လာပြီး မန်နေဂျာဂေါင်ကို ဘေးသို့ တွန်းလိုက်သည်။သူက ရွှမ်ဝမ်ကို ကော်ရစ်ဒါဆီခေါ်သွားလိုက်သည်။

"ကိုယ် အကူအညီတစ်ခုလိုတယ် "

ကောင်းမင်က ရေသေဖိုရမ်ထဲ လော့အင်ဝင်လိုက်သည်။

"မင်းက လူတွေနဲ့ ပေါင်းသင်းဆက်ရေး တော်တာပဲ ၊ ဒီအလုပ်က မင်းအတွက် လိုက်ဖက်တယ် "

"ဘာဖြစ်လို့လဲ ၊ ရှင်ဘာလို့ ရေဆိုးသန့်စင်ရေးလုပ်မှာလဲ "

ရွှမ်ဝမ်သည် ဖိုရမ်ပေါ်မှ ပရော်ဖက်ရှင်နယ်ပိုစ့်များကို လေ့လာလိုက်သည်။

"ဖိုရမ်က ဟန်ပြသက်သက်ပဲ ၊ ကစားသမားတွေက ဂိမ်းကို ရှင်းလင်းပြီးတာနဲ့ သူတို့က ပလက်ဖောင်းပေါ်မှာ အချက်အလက်တွေကို လဲလှယ်ဖို့လိုလိမ့်မယ် "

ကောင်းမင်က ကုဒ်များနှင့် အချက်အလက်များကို ရွှမ်ဝမ်ထံ လွှဲပြောင်းပေးလိုက်သည်။

"မင်းက ပလက်ဖောင်းမန်နေဂျာအဖြစ် ကစားသမားတွေကို ဦးဆောင်နိုင်မယ်လို့ ကိုယ်မျှော်လင့်ပါတယ် "

ပလက်ဖောင်းသည် တည်ထောင်ထားခဲ့ပြီဖြစ်ပြီး အလွန်အမင်းလျှို့ဝှက်လေ၏။ရွှမ်ဝမ်က ကောင်းမင်၏အိုင်ဒီယာများကိုကြည့်ပြီး ပြောလိုက်သည်။

"အကြံဆိုးတစ်ခုတော့ မဟုတ်ပါဘူး "

အရာအားလုံးသည် ရှရန်၏ ကြိုးပမ်းဆောင်ရွက်မှုများသာဖြစ်သည်။ကောင်းမင်က ယင်းအပေါ် ထပ်ကွန့်ထားခြင်းသာဖြစ်သည်။

"လမ်းညွှန်တွေကို ထုတ်ပြန်ဖို့အစီအစဉ်တွေနဲ့ ကစားသမားတွေကို စုဝေးဖို့နည်းလမ်းက ဒီထဲမှာ အကုန်ရှိတယ် ကစားသမားတွေ ထွက်ခွာမသွားအောင် အစပိုင်းမှာ ကိုယ်တို့ အားသာချက်တစ်ခု တည်ဆောက်ထားဖို့ လိုတယ် "

"ကျွန်မ ရှင့်ကို ကူညီနိုင်ပါတယ် ဒါပေမယ့်...."

ရွှမ်ဝမ်က ကောင်းမင်၏မျက်လုံးတည့်တည့်ကို စိုက်ကြည့်လိုက်သည်။

"ရှင်က ဒါကို ကျွန်မဆီ တကယ်ကြီး လက်လွှဲပေးချင်တာလား ၊ ကျွန်မက ကစားသမားတွေကို ထိန်းချုပ်ပြီး ရှင့်ကို ပစ်မှတ်ထားမှာကို ရှင်မကြောက်ဘူးလား ၊ ရှင်က ပင်မလူဖြစ်နေတာမို့ သိုးဝဝတစ်ကောင်ဖြစ်နေတယ် "

"ကိုယ်မင်းကို ယုံတယ် "

ကောင်းမင်ဖုန်း တုန်ခါလာသည်။သူ့အား စကားပြောဂရုတစ်ခုထဲ ဆွဲထည့်လိုက်ခြင်းဖြစ်သည်။

"တွေ့ဆုံပွဲကို ရှေ့တိုးလိုက်တာတဲ့လား "

"ရှင့်ကိစ္စတွေ သွားလုပ်ပါ ၊ ကျန်တာ ကျွန်မနဲ့ ထားခဲ့လိုက် "

ရွှမ်ဝမ်က ယုံကြည်ချက်ရှိရှိပြောလိုက်သည်။

"ကျေးဇူးပါပဲ "

ရွှမ်ဝမ်သည် အရင်ကနှင့်မတူကြောင်း ကောင်းမင်ခံစားရသည်။သူမသည် အမျိုးဇာတ်ကောင်ရှစ်ယောက်ကို မသတ်ခဲ့သောကြောင့် ယခုသည် သူမ၏ပုံစံအစစ်အမှန်ဖြစ်ပေသည်။

"ကျွန်မကို ကျေးဇူးတင်ဖို့ မလိုပါဘူး ၊ ရှင်က အပြင်ထွက်ပြီး ‌တခြားကောင်မလေးတွေနဲ့ ပျော်စရာလေးတွေလုပ်နေချိန်မှာ ကျွန်မက အလုပ်ကြိုးစားနေဆဲဆိုတာပဲ သတိရလိုက်ပါ "

ရွှမ်ဝမ် ပြုံးလိုက်သည်။

ကောင်းမင် ဆွံ့အသွားသည်ကို မြင်လိုက်ရသဖြင့် သူမသည် သူ့ပုခုံးကို ပုတ်လိုက်ပြီး

"ကျွန်မ နောက်နေတာပါ ၊ ဂရုစိုက်နော် "

ကောင်းမင်သည် နောက်ပြန်လှည့်လိုက်ပြီး ထွက်လာခဲ့သည်။‌ဓာတ်လှေကားထဲ ဝင်ပြီးနောက် မရင်းနှီးသောနံပါတ်တစ်ခုက သူ့အားဖုန်းခေါ်လာခဲ့လေသည်။သူသည် ဓာတ်လှေကားက မြေညီထပ်ရောက်မှသာ ဖုန်းကိုင်လိုက်သည်။

"ဟယ်လို "

"ကောင်းမင် မတွေ့ရတာ ‌ကြာပြီနော် ! "

"ဘယ်သူလဲ မသိဘူး "

အမျိုးသမီးအသံသည် ရင်းနှီးနေ၏။

"ငါတို့က ခုံချင်းကပ်ရက်တွေလေ ! အထက်တန်းကျောင်းမှာတုန်းက နင့်ဆီက သင်္ချာအိမ်စာတွေကိုတောင် ငါကူးခဲ့သေးတယ်လေ ၊ နင် ငါ့ကို မေ့သွားပြီလား "

"ငါ့ဆီက အိမ်စာတွေကို ကူးခဲ့တဲ့သူတွေက အများကြီးပဲ ၊ နင်က ဘယ်သူလဲ "

ကောင်းမင် မျက်မှောင်ကြုံ့လိုက်သည်။

"ငါ စုန့်ရွှယ်ပါဟ! "

ဖုန်းထဲမှ အမျိုးသမီးက ရယ်မောလိုက်သည်။

"နင်က နောက်နေတယ် ထင်နေတာလား "

ဘတ်စ်ကားမတော်တဆမှုတွင် သေဆုံးသွားသည်ဟု သိထားသော မိန်းကလေးသည် သူ့အားဖုန်းဆက်နေလေ၏။ထိုအရာက နောက်ပြောင်ခြင်းထက်ပင် ပိုစိတ်လှုပ်ရှားစရာကောင်းပေသည်။

"ဟုတ်သား ! ငါ အခု မှတ်မိပြီ "

ကောင်းမင်က အသက်ရှူလိုက်သည်။

"ငါ့နံပါတ်ကို နင်ဘယ်လို သိတာလဲ "

"တခြားကျောင်းသားတွေဆီက ရတာပေါ့ဟ ၊ မိုးတိတ်သွားရင် ဟန်ဟိုင်း လူစုကြဖို့ ငါတို့စီစဉ်ထားကြတာ ပြီးရင် ငါတို့ငယ်ဘဝတွေကို ပြန်ခံစားဖို့ မိခင်ကျောင်းတော်ကြီးကို ပြန်သွားကြမလို့ဟ "

စုန့်ရွှယ်က ပြောလိုက်သည်။

"နင်က ခုထိ တစ်ယောက်တည်းပဲလို့ ငါကြားထားတယ် ၊ ငါတို့ ဂရုထဲမှာ တစ်ကိုယ်တည်းသူငယ်ချင်းတွေ အများကြီး ရှိတယ်ဟ ၊ ကွက်တိပဲ နင်နဲ့ "

"နင်တို့ နေရာသတ်မှတ်ပြီးကြပြီလား "

"ငါတို့ ကျိုးကျွင်းနဲ့ တိုင်ပင်ဖို့လိုသေးတယ် ၊ ကျိုးကြီးက အခုက အကောင်ကြီးတစ်ကောင်ဖြစ်နေတာနော် သိလား ၊ ငါကြားတာက သူက မြို့တော်အရှေ့ပိုင်းမှာ ခေါင်းဆောင်တစ်မျိုးမျိုးပဲတဲ့ "

စုန့်ရွှယ်က သိပ်သေချာဟန်မရပေ။

"ဂရုထဲမှာ နင်စကားပြောလို့ရတယ် ၊ လူတွေက နင့်ကို တွေ့ချင်နေကြတာ "

ဖုန်းခေါ်ဆိုမှုကို အဆုံးသတ်လိုက်ကြသည်။ကောင်းမင်သည် စကားပြောဂရုထဲဝင်လိုက်ပြီး သူ့ကိုယ်သူ offline ပုံစံ လုပ်ထားလိုက်သည်။ထို့နောက် စကားပြောမှတ်တမ်းများကို ဆွဲချပြီး ကြည့်လိုက်သည်။စကားပြောမှတ်တမ်းများကြားတွင် ချစ်စဖွယ်ယုန်ပုံလေးတင်ထားသော ကျိုးဘိုကို မြင်လိုက်ရသည်။

"ကျိုးဘိုလား ! "

ကျိုးဘိုသည် ကောင်းမင်နှင့်အတူတူ တက်ခဲ့သောသူဖြစ်သည်။အကြောင်းပြချက်အမျိုးမျိုးကြောင့် ကျိုးဘိုသည် စိတ်ပိုင်းဆိုင်ရာ ဝေဒနာရှိလာခဲ့သည်။ထို့နောက် သူတို့နှစ်ဦးသည် ဆွေးနွေးခန်းတစ်ခုတွင် ဆုံခဲ့ရသည်။နောက်ပိုင်းတွင် ကောင်းမင်သည် ဆရာဝန်တစ်ယောက်ဖြစ်လာခဲ့ပြီး ကျိုးဘိုသည် သူ့လူနာဖြစ်လာခဲ့လေသည်။သူသည် ကျိုးဘို၏အင်္ကျီလက်ကို တစ်ခါ မ ကြည့်ဖူးသည်။လက်သည် အမာရွက်များပြည့်နှက်နေ၏။ အရပ် ၁.၇၅မီတာခန့်ရှိသော ကျိုးဘိုသည် တုတ်ချောင်းတစ်ချောင်းကဲ့သို့ ပိန်ပါးသည်။ကောင်းမင်သည် အရင်က အလွန်ငယ်ရွယ်နေသောကြောင့် ကျိုးဘို၏မိဘများက သူ့အားအဝေးသို့ ပို့ဆောင်ခဲ့ကြသည်။သို့သော်လည်း ထိုအရာက သိပ်မကြာခဲ့ပဲ ကျိုးဘိုအား ဆေးရုံပို့လိုက်ကြလေသည်။ကောင်းမင်သည် သူ့အားဖုန်းခေါ်ခဲ့သော်လည်း ဘယ်တော့မှ ဖုန်းမကိုင်ခဲ့ပေ။

"ကျိုးဘို သွားမှာလား ၊ ဒီလူတွေထဲက ဘယ်‌နှစ်ယောက်လောက်များ အသက်ရှင်နေသေးလဲ "

ကောင်းမင်သည် ကျိုးကျွင်းကို အာရုံစိုက်လိုက်သည်။

"စုန့်ရွှယ်သာ အမှန်ပြောတာဆိုရင် ကျိုးကျွင်းက စီတုအန်းလက်အောက်မှာ အလုပ်လုပ်နေတာဖြစ်ရမယ် ၊ ဒေါက်တာလုနဲ့ ချင်ဂီကို ငါရှင်းပစ်လိုက်တော့ ကျိုးကျွင်းကို ထိပ်ပိုင်းရောက်အောင်လို့ ငါအခွင့်အရေးပေးခဲ့သလိုများ ဖြစ်သွားလား မသိဘူး ၊ ကံကြမ္မာက နောက်ထပ် ဘာလုပ်မှာလဲ "

မုန်တိုင်းသည် ရပ်တန့်ခါနီးပြီဖြစ်သည်။ကောင်းမင်သည် မင်လောင်လမ်းကို ကျော်လာသောအခါ တစ်လမ်းလုံး ချိတ်ပိတ်ထားသည်ကို မြင်လိုက်ရသဖြင့် ထိတ်လန့်သွားသည်။

တက္ကစီဒရိုင်ဘာသည် ငြီးတွားလိုက်ပြီး ကားကို လှည့်ပတ်မောင်းလိုက်သည်။ကောင်းမင်သည် တစ်ခုခုမှားနေသည်ဟု ခံစားလိုက်သည်။ကားခရှင်းလိုက်ပြီး ကားပေါ်မှ ဆင်းလိုက်၏။သူက တစ်ခုခု ဝယ်ဟန်ဆောင်‌လိုက်ပြီး ဌာနမှ ကားများကို လှည့်ပတ်ကြည့်ရှုလိုက်သည်။ပိုင်ရှောင်ဦးဆောင်လာသော အဖွဲ့သည် များစွာသော စက်ကိရိယာများဖြင့် မင်လောင်လမ်းတစ်လျှောက် လှုပ်ရှားနေကြလေသည်။

"တစ်ခုခုတော့ မှားနေပြီ "

‌အရိပ်ကမ္ဘာ၏ မင်လောင်လမ်းထဲတွင် ခွေးကြီးနှင့် ဝေတယိုတို့ ရှိနေကြသည်။သူတို့သည် ရွာသားအများအပြားနှင့် မြို့တော်အရှေ့ပိုင်းမှ စုံစမ်းရေးမှူးများနှင့်အတူ ရှိနေကြခြင်းဖြစ်သည်။ပိုင်ရှောင်သည် တစ်စုံတစ်ခုရှာတွေ့ထားပြီဖြစ်ကြောင်း ကောင်းမင်ယုံကြည်သည်။ကောင်းမင်သည် အကာအရံတိတ်များတစ်လျှောက် ပုန်းလျှိုးကွယ်လျှိုးသွားလိုက်သည်။

မင်လောင်လမ်းအလယ်ရှိ စူပါမားကတ်တစ်ခုတွင် သဘာဝလွန်ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ညဆိုင်းတာဝန်ကျသော ဝန်ထမ်းများ ပျောက်ဆုံးသွားကြခြင်းဖြစ်သည်။ စူပါမားကတ်ပိုင်ရှင်၏သမီးသည် ငိုယိုနေရင်း စုံစမ်းရေးမှူးများကို ရှင်းပြနေ၏။

"ပြဿနာရှိနေတာက အဆောက်အဦး ၄ မဟုတ်ဘူး ၊ ဒါပေမယ့် အဲ့တာက ပိတ်လိုက်ပြီ "

ကောင်းမင်သည် ဝေတယိုကို စိုးရိမ်သွားသောကြောင့် အဆောက်အဦးထဲ ပုန်းလျှိုးကွယ်လျှိုးဝင်လိုက်၏။ထောင့်တစ်ခုရောက်သောအခါ လူသေဓာတ်ပုံတစ်ပုံကို ထုတ်လိုက်လေသည်။

All Chapters