စည်းကမ်းများ
Vol. 7 Ch. 97
ကောင်းမင်သည် အခန်းထဲပြေးဝင်လိုက်ပြီး တံခါးကို ပိတ်ချလိုက်သည်။လီစန်းဌာနမှ လူသစ်များအားလုံးသည် နံရံထိ ဆုတ်သွားကြပြီး သူ့အား သတိအနေအထားဖြင့် ကြည့်နေကြ၏။
"ကျုပ်က လီကျင်းအိမ်ရာမှာ နေတာပါ ၊ ရဲတွေက ဘာမှ သတိမပေးပဲ အိမ်ရာကို ချိတ်ပိတ်လိုက်တယ်လေ၊ ကျုပ်ကိုလဲ အဆောက်အဦး ၂ ထဲ သွားဖို့ခွင့်မပြုဘူး ၊ ကျုပ်စားဖို့ တစ်ခုခုဝယ်မလို့ မင်လောင်လမ်းကို လာတော့ စူပါမားကတ်ကို ချိတ်ပိတ်ထားတာ မြင်လိုက်ရတာပဲ ၊ ကျုပ်လဲ စပ်စုတတ်တော့ တစ်ချက်လာကြည့်တာပဲ "
ကောင်းမင်သည် လမ်းပျောက်လာပုံရသည်။
"ကျုပ်ကစူပါမားကတ်ထဲ ဝင်ခဲ့တယ်လို့တော့မထင်ဘူး ဒါပေမယ့် ကျုပ်ကြည့်လိုက်တဲ့အခါကျတော့ ကျုပ်ဒီကို ရောက်နေတော့တာပဲ "
"စပ်စုလိုစိတ်က ကြောင်တွေကို သတ်တာပဲ "
ချူးစီစီက လေးနက်စွာပြောလိုက်သည်။
"ရှင်က မူမမှန်ဖြစ်ရပ်တစ်ခုထဲ ဆွဲခေါ်ခံလိုက်ရတာပဲ ၊ ဒါက သရဲကမ္ဘာတစ်ခုပဲ "
ကောင်းမင်သည် ချူးစီစီကို ကြည့်လိုက်သည်။သူမ၏မျက်နှာသည် ချင်ထျန်း၏မျက်နှာနှင့် ထပ်တူကျနေ၏။သူမသည် ချင်ထျန်းအရင်က ပြောခဲ့သည် တူညီသည့်စကားများကို ပြောနေပေသည်။သူမသည် ကံကြမ္မာ၏ ထောက်ပံ့မှုကြောင့် ကောင်းမင်အား မူမမှန်မှုများအကြောင်းပြောပြရန် လမ်းညွှန်ဖြစ်လာခဲ့လေသည်။
"သာမန်လူတွေက ဒါကို သိသွားရင် လက်ခံဖို့ ခက်ခဲကြတယ် "
ချူးစီစီက ကောင်းမင်ကိုနှစ်သိမ့်ပေးလိုက်သည်။
"ကြောက်တယ်ဆိုတာတော့ ပုံမှန်ပါပဲ ၊ ဒါပေမယ့် ကျွန်မတို့မှာ မျှော်လင့်ချက်ရှိပါသေးတယ် "
"ဟုတ်တယ် ၊ အားမလျှော့လိုက်နဲ့ "
မျက်မှန်နှင့် အခြားလူသစ်တစ်ယောက်သည်လည်း ကြင်နာတတ်ပုံရသည်။
"ကပ္ပတိန်ပိုင်ရှောင်က အရမ်းကျွမ်းကျင်တဲ့လူဗျ ၊ သူက ကျုပ်တို့နဲ့ ရှိနေတယ် ၊ သူက အရမ်းအထင်ကြီးစရာကောင်းတဲ့ ပုဂ္ဂိုလ်ပဲ "
"ဒါဆိုရင် သူက ခင်ဗျားတို့ကို ဘာလို့ ပစ်ထားခဲ့တာလဲ "
ကောင်းမင်က ပိုင်ရှောင်သည် ဤနေရာရှိလူအားလုံးထက် ပိုမိုကောင်းမွန်ကြောင်း သိပေသည်။နောက်ဆုံးအကြိမ်က သူသည် ပိုင်ရှောင်ကို သတ်ဖြတ်ခဲ့ရသည်။
"ကပ္ပတိန်က ကျုပ်တို့ကို စွန့်ပစ်သွားမှာမဟုတ်ပါဘူး ၊ သူက ကင်းထောက်သွားရုံပါပဲ "
အရပ်အပုဆုံးစုံစမ်းရေးမှူးက မကျေမနပ်ဝင်ပြောလိုက်သည်။
"စုံစမ်းရေးမှူးအသစ်တွေက လမ်းညွှန်စာအုပ်ကို လေ့လာရတယ် ၊ ကျွမ်းကျင်စုံစမ်းရေးမှူးတွေက စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာရတယ် ၊ အတွေ့အကြံအရှိဆုံး ကျွမ်းကျင်စုံစမ်းရေးမှူးတွေမှသာ စည်းကမ်းအသစ်တွေကို ရှာတွေ့နိုင်တာ ၊ ကျုပ်တို့ရဲ့ ကပ္ပတိန်ကလည်း အတွေ့အကြုံအရှိဆုံး ကျွမ်းကျင်စုံစမ်းရေးမှူးပဲဗျ "
"သူအခု ဘယ်မှာလဲ "
ကောင်းမင်က ထိုအကြောင်းကို ပိုသိချင်သွားမိသည်။
"လူသစ်တွေထဲက တစ်ယောက်က နာမည်ခေါ်ခံလိုက်ရတယ် ၊ ကပ္ပတိန်ပိုင်နှင့် စီနီယာတွေက သူနဲ့အတူ လိုက်သွားကြတာ "
"နာမည်ခေါ်တယ်လား ၊ ဘာပြောချင်တာလဲ "
ကောင်းမင်က ထူးဆန်းသည့် ထိုအသုံးအနူန်းကို ကြားလိုက်ရသည်။
"မေးခွန်းတွေ အများကြီးမမေးနဲ့ ၊ စည်းကမ်းကိုပဲ လိုက်နာပါ "
ချူးစီစီတွင် အနက်ရောင်ဆက်သွယ်ရေးစက် မရှိသေးချေ။သူမက ဘောပင်နှင့်စာရွက်ကို ထုတ်ယူလိုက်သည်။သူမသည် ကောင်းမင်အတွက် စည်းမျဉ်းများကို ချရေးပေးလိုက်သည်။
"ရှင့်ရဲ့ စပ်စုချင်စိတ်ကို ခေါက်ထားလိုက် ၊ ဘာကို စိန်မခေါ်နဲ့...."
နားနေခန်းရှိ စကားပြောစက်မှ အသံများထွက်လာသောအခါ ချူးစီစီသည် စကားတစ်ဝက်တပျက်ဖြစ်သွားသည်။လူသစ်အားလုံးသည် အသက်အောင့်လိုက်ကြပြီး စားပွဲပေါ်ရှိ စကားပြောစက်ကို စိုက်ကြည့်လိုက်ကြလေသည်။
စက္ကန့်အနည်းငယ်ကြာပြီးနောက် စကားပြောစက်ထဲမှ ပြတ်တောင်းပြတ်တောင်း အသံတစ်ခု ထွက်ပေါ်လာလေ၏။အသံသည် ကလေးတစ်ယောက် စကားပြောရန် ကြိုးစားနေပုံဖြင့် တူနေပေသည်။
"မင်းတို့ရှေ့က လော့ကာတွေကို ဖွင့်လိုက် ၊ အတွင်းထဲက အဝတ်တွေကို ဝတ်လိုက်ပါ ၊ မင်းတို့မှာ အချိန်တစ်မိနစ်ရှိတယ် "
လူသစ်များက စတင်လှုပ်ရှားကြတော့သည်။စည်းမျဉ်းသည် အရာရာဖြစ်သည်။ထိုစကားသည် သူတို့၏ပထမဆုံးနေ့ကတည်းက ရိုက်သွင်းထားခြင်းဖြစ်ပေသည်။
သူက လော့ကာကို ဖွင့်လိုက်ရာ ညှင်းသိုးသိုးမှိုနံ့သည် လေနှင့်အတူ ထွက်ပေါ်လာ၏။လော့ကာထဲတွင် အဝတ်အစားများမရှိပဲ ကလေးနှစ်ယောက်၏ဓာတ်ပုံတစ်ပုံသာရှိကြောင်း ကောင်းမင်သိလိုက်ရသည်။
"အဝတ်တွေ မရှိဘူးလား "
သူက အခြားလူများကို ကြည့်လိုက်သည်။စုံစမ်းရေးမှူးအားလုံးသည် အမြန်ဆုံးနူန်းဖြင့် စူပါမားကတ်ယူနီဖောင်းများကို လှဲလှယ်လိုက်ကြပြီးပြီ ဖြစ်လေသည်။ယူနီဖောင်းများတွင် နံပါတ်များရှိကြသည်။ယူနီဖောင်းအများစုသည် အစိမ်းရင့်ရောင်ဖြစ်ပြီး အပြာရောင်နှစ်ထည် နှင့် အနီရောင်တစ်ထည်ရှိသည်။
"မြန်မြန်လုပ်လေ ! "
ချူးစီစီက ကောင်းမင်ကို လောဆော်လိုက်သည်။
"ရှင်သေချင်နေလို့လား "
"ကျုပ်လော့ကာထဲမှာ ဘာအင်္ကျီမှ မရှိဘူးလေ "
ဓာတ်ပုံအား ကောင်းမင် တိတ်တဆိတ်သိမ်းဆည်းထားလိုက်သည်။
"ကျွန်မဟာ ဝတ်လိုက်! "
ချူးစီစီက သူမယူနီဖောင်းကို ချွတ်ပေးလိုက်သည်။
"မြန်မြန်လုပ် ! ကျွန်မတို့မှာ အချိန်မရှိဘူး "
"စည်းမျဉ်းတွေက ကျုပ်တို့ကို ကျုပ်တို့ရှေ့က လော့ကာထဲက အဝတ်တွေကို ဝတ်စေချင်တာ ၊ ကျုပ်က ခင်ဗျားဟာဝတ်လိုက်ရင် အဲ့တာကို ထည့်တွက်မှာမဟုတ်ဘူး "
ကောင်းမင်သည် သူမကို မတားဆီးရသေးခင် ချူးစီစီက ဝတ်စုံအား သူ့ဆီ ထိုးပေးလိုက်သည်။
"အရင်က ရှင်ဘယ်လိုတောင် တက်ကြွနေမှန်း ကျွန်မမသိခဲ့ပါလား "
အချိန်သည် လျှင်မြန်စွာ ကုန်ဆုံးနေသည်။ကောင်းမင်နှင့် ချူးစီစီသည် အခြားလော့ကာထဲမှ ယူနီဖောင်းများကို ဝတ်လိုက်ကြသည်။ချူးစီးစီသည် ဘယ်သူမှ မဝတ်ချင်သော အနီရောင်ယူနီဖောင်းကို ဝတ်လိုက်လေသည်။
ရေဒီယိုသံသည် ထပ်မံထွက်ပေါ်လာ၏။အသံသည် ပိုမိုပီသလာလေသည်။
"အလုပ်သမားတွေက တနင်္လာနေ့ကနေ ဗုဒ္ဓဟူးနေ့ထိ အလုပ်လုပ်နေကြတယ် ၊ မင်းတို့တွေ နောက်တစ်မိနစ်အတွင်း နားနေခန်းက ထွက်သွားရမယ် "
အသံက ပျောက်ကွယ်သွား၏။ကောင်းမင်သည် သူ့ယူနီဖောင်းကို ကြည့်လိုက်သည်။သူ့အင်္ကျီအိတ်ထဲတွင် အလုပ်အချိန်ဇယားတစ်ခုကို တွေ့လိုက်ရသည်။၎င်းတွင် ကြက်ခြေခတ်များ ပြည့်နေလေသည်။တနင်္လာနေ့သာလျှင် စက်ဝိုင်းဝိုင်းထားလေသည်။
"ခင်ဗျားတို့ရဲ့ အိတ်ကပ်ထဲကိုကြည့်လိုက်၊ အလုပ်ချိန်ဇယားတစ်ခုတွေ့လိမ့်မယ် "
ကောင်းမင်၏သတိပေးချက်ကြောင့် လူတိုင်းသည် သူတို့အိတ်ကပ်ထဲ စစ်ဆေးလိုက်ကြသည်။ရက် ခုနှစ်ရက်ရှိသည့်အနက် သူတို့တစ်ယောက်ချင်းစီသည် တစ်ပတ်၏တစ်ရက်စီတွင် ဖြစ်နေလေသည်။အနီရောင်ယူနီဖောင်းဖြင့် ချူးစီစီသည် ဗုဒ္ဓဟူးနေ့ဖြစ်သည်။မျက်မှန်ဖြင့်ကြင်နာတတ်သောစုံစမ်းရေးမှူးသည် အပြာရောင်ယူနီဖောင်းဝတ်ထားပြီး အင်္ဂါနေ့အလုပ်ချိန်ဖြစ်သည်။
"သေစမ်း ဒါ ငါ့အမှားပဲ "
ချူးစီစီသည် သူမ၏မူလယူနီဖောင်းထဲရှိ အလုပ်ချိန်ဇယားမှ ရက်ကို မြင်လိုက်ရသောအခါ အပြစ်ရှိသလိုခံစားခဲ့ရသည်။
"ကျွန်မတို့အပြင်ရောက်ရင် ရှင်စိတ်အေးအေးထားမှ ရမယ်နော် ၊ စည်းကမ်းတွေကို လိုက်နာ ၊ အဲ့ဒါက ဘယ်လိုအဓိပ္ပါယ်မရှိသည်ဖြစ်စေ အားလုံးလုပ်ရမယ် "
မတူညီသောယူနီဖောင်းများဖြင့် လူသုံးယောက်သည် အပြင်ထွက်လိုက်ကြသည်။စူပါမားကတ်သည် ကြီးမားရုံမျှသာဖြစ်သော်လည်း ပိုင်ရှောင်နှင့် အခြားလူများက ပျောက်ကွယ်နေကြပေသည်။
"စောင့်ကြည့်ခံနေရတဲ့ ခံစားချက်မျိုးကျုပ်ရနေတယ် ၊ ကင်မရာတွေက မျက်လုံးတွေလိုပဲ ကျုပ်တို့အပြင်ရောက်လာပြီဆိုတော့ စောင့်ကြည့်ခန်းကို သွားစစ်ဆေးသင့်လား "
ကောင်းမင်သည် ထိုနေရာရှိအလင်းရောင်များသည် ပိုမှောင်မိုက်လာသည်ကို ခံစားရသည်။သူ့နှလုံးသည် တဒိတ်ဒိတ်ခုန်လာပေသည်။နှလုံးခန်းထဲမှ နတ်ဘုရားသည် အန္တရာယ်ကို ခံစားမိခြင်းဖြစ်သည်။
"ကြုံရာနေရာတွေကို မသွားနဲ့ ၊ မလိုအပ်တာတွေ မလုပ်နဲ့ "
ချူးစီစီသည် ချွေးများစီးကျနေရင်း ခပ်တိုးတိုးပြောလိုက်သည်။
"ကောင်းပြီ "
ကောင်းမင်သည် ငွေရှင်းကောင်တာထံသို့ တဖြည်းဖြည်းသွားလိုက်သည်။
"တခြားအရာကို လုပ်နေရင်းနဲ့ ရှင်ဘာလို့ ဒီလိုပြောရတာလဲ ၊ ကျွန်မ ရှင့်ကို နောက်နေတာ မဟုတ်ဘူး! "
ချူးစီစီသည် သူမ၏ပုဆိန်ကို ကိုင်လိုက်ပြီး စင်များကြားတွင်ရွေ့လျားလိုက်သည်။သူမသည် ကြောက်ရွံ့နေလေသည်။
"နေဦး "
မျက်မှန်ဖြင့်လူသစ်စုံစမ်းရေးမှူးသည် ချူးစီစီ၏ပုခုံးကို ဖမ်းဆွဲလိုက်ပြီး မော်နီတာကို ညွှန်ပြလိုက်သည်။
"မော်နီတာမှာ ဘာလို့ ၁၅မိနစ် အချိန်နောက်ပြန်ရေတာ ရှိနေရတာလဲ "
မော်နီတာပေါ်တွင် အချိန်နောက်ပြန်ရေတွက်ခြင်းမှ တပါး ဘာမှ ရှိမနေချေ။
"ကျွန်မတို့က အလုပ်သမားယူနီဖောင်းဝတ်ထားကြတာ ပြီးတော့ ကျွန်မတို့က ခုမှ နားနေခန်းထဲက ထွက်လာကြတာဆိုတော့ ဒါက ကျွန်မတို့အတွက် အလုပ်ချိန်ဖြစ်ရမယ် "
ကောင်းမင်သည် ငွေရှင်းကောင်တာသို့ရောက်လာပြီး ကွန်ပျူတာကို ဖွင့်လိုက်သည်။ထို့နောက် ကွန်ပျူတာထဲရှိ အချက်အလက်များကို ဖတ်လိုက်သည်။
"ဒါက မမှန်ဘူး ! ကွန်ပျူတာထဲက အလုပ်ချိန်ဇယားနဲ့ ကျုပ်တို့ယူနီဖောင်းထဲက အလုပ်ချိန်ဇယားတွေက မတူညီဘူးဖြစ်နေတယ် "
အဖြူအမည်းအလုပ်ချိန်ဇယားထဲတွင် ဝန်ထမ်းများ ပြီးမြောက်အောင်လုပ်ဆောင်ရမည့်အရာများကို ရေးသားထားလေသည်။ကောင်းမင်သည် အချိန်ဇယားနှစ်ခုကိုနိူင်းယှဉ်ပြီး ဖတ်ပြလိုက်သည်။
"ကွန်ပျူတာထဲက အချိန်ကတော့ ည ၁၀:၄၅ပဲ ၊ ကျုပ်တို့က ၁၁:၀၀ နာရီမတိုင်ခင် ရက်လွန်အစားအစာတွေ ၊ ဟင်းသီးဟင်းရွက်တွေကို ရှင်းပေးဖို့လိုတယ် ၊ အဲ့ဒါတွေထက် ကျုပ်တို့ အသေးစိတ်စာရင်းရှင်းတာတွေ၊ စင်ပေါ်ကပစ္စည်းတွေကို ပြန်ဖြည့်တာတွေ လုပ်ဖို့လိုတယ် ဒါပြီးရင် ....ကလေးအလောင်းနှစ်လောင်းကို ရှာပြီး ဖြေရှင်းရမယ်တဲ့လား "
ကောင်းမင်သည် သူမှန်ကန်စွာဖတ်ခဲ့ကြောင်း သေချာပါသည်။
ချူးစီစီနှင့် လူသစ်များက ဆွံ့အသွားကြလေသည်။စုံစမ်းစစ်ဆေးရေးဌာနသည် သူတို့အား စည်းမျဉ်းများကို လိုက်နာရန်ပြောခဲ့သော်လည်း စူပါမားကတ်ထဲရှိ စည်းမျဉ်းများသည် တစ်မူထူးခြားနေလေသည်။
"အလောင်းတွေကို ဝှက်ထားတာများလား "
ကောင်းမင်သည် ထိုအကြောင်းကို တွေးမိလိုက်သည်။သူသည် အခြားနှစ်ယောက်ကို ဘေးသို့တွန်းဖယ်လိုက်ပြီး အစားအသောက်များ အအေးခံထားသောအတန်းဆီ ပြေးလွှားလိုက်သည်။