ပျော်ရွှင်သော လူတစ်ယောက်ဖြစ်ပါစေ
Vol. 7 Ch. 98
"အလုပ်အချိန်ဇယားက ငါတို့ကို ကလေးအလောင်းနှစ်လောင်းကို ဖြေရှင်းပေးဖို့ လိုအပ်တာ၊ အလုပ်သမားရဲ့ လော့ကာထဲမှာ ကလေးနှစ်ယောက်ရဲ့ဓာတ်ပုံရှိနေတယ် "
ဓာတ်ပုံသည် လော့ကာနောက်ကျောတွင် တစ်စုံတစ်ယောက်က ဆုတောင်းထားသကဲ့သို့ ထောင်လျက်ရှိနေခြင်းဖြစ်သည်။ကောင်းမင်သည် အေးခဲအတန်းကို ပြေးသွားပြီး ဧရာမရေခဲသေတ္တာကို ဖွင့်ကြည့်လိုက်သည်။
"အလောင်းတွေကို ဒီမှာဝှက်ထားတယ်လို့ ရှင်ထင်လို့လား "
လူသစ်နှင့်ချူးစီစီက သူ့နောက်လိုက်လာကြသည်။
"သွေးနဲ့ အနံ့တွေမရှိဘူး ဒါကြောင့် အလောင်းတွေက ခဲနေတာဖြစ်နိုင်တယ် "
ကောင်းမင်သည် ဒိန်ချဉ်ဘူးများကို ဘေးဖယ်လိုက်သည်။သူသည် အစက ဒိန်ချဉ်ဘူးများကို ဂရုမစိုက်သော်လည်း နောက်တွင် ထုတ်လုပ်သည့်နေ့စွဲများကို မြင်လိုက်ရာ သူအေးခဲသွားသည်။
"ထုတ်လုပ်တဲ့ရက်စွဲက လွန်ခဲ့တဲ့ဆယ်နှစ်ကဆိုတာ ဘယ်လိုဖြစ်နိုင်မှာလဲ "
"ဆယ်နှစ် ဟုတ်လား "
ချူးစီစီသည် ဘူးတစ်ဘူးကို ထုတ်လိုက်သည်။သူမက အဖုံးဖွင့်လိုက်ပြီး အနံ့ခံလိုက်သည်။
"အနံ့က ပုံမှန်ပဲ ၊ ဒါက ပရင့်အမှားထုတ်မိတာများလား "
ကောင်းမင်က ကြုံရာကျပန်း အခြားထုတ်ကုန်များကို ယူကြည့်လိုက်သည်။ထုတ်ကုန်အားလုံးသည် အနည်းဆုံးဆယ်စုနှစ်တစ်ခုအကြာက ဖြစ်ကြောင်းသူသဘော ပေါက်မိလိုက်သည်။
"ဘာလို့ အားလုံးက လွန်ခဲ့တဲ့ ဆယ်နှစ်ဟာတွေ ဖြစ်နေတာလဲ "
ဝင်ပေါက်ရှိ ခေါင်းလောင်းသည် ချွင်ခနဲ မြည်သွားသည်။မော်နီတာပေါ်ရှိ အချိန်နောက်ပြန်ရေခြင်းသည် ရပ်တန့်သွား၏။အပေါ်ပိုင်းဗလာကျင်းထားသော လူအိုကြီးသည် ရှပ်အင်္ကျီတစ်ထည်ကို ကိုင်၍ စူပါမားကတ်ထဲ ဝင်လာလေသည်။သူသည် ရေများစိုရွှဲနေပြီး သူ့အရေပြားသည် ဖူးယောင်နေလေ၏။
"ရှောင်ကောင်းရေ! ငါမင်းကို ပိုက်ဆံလာပေးတာကွ !"
လူအိုကြီးသည် အသံအတော်ကျယ်၏။သူ့အော်သံသည် စူပါမားကတ်ထဲရှိ မွန်းကြပ်စေသော လေထုကို မောင်းထုတ်လိုက်သည်။ကောင်းမင်တို့အုပ်စုသည် တစ်ဦးကို တစ်ဦးကြည့်လိုက်ကြသည်။ရှောင်ကောင်းသည် မည်သူဖြစ်မှန်း သူတို့ မသိပါပေ။
"ကျွန်မ တစ်ချက်သွားကြည့်လိုက်မယ် ၊ ရှင်တို့ အလောင်းတွေကို ဆက်ရှာထားလိုက်ကြပါ "
ချူးစီစီသည် ပုဆိန်ကို သူမနောက်တွင် ဝှက်လိုက်သည်။သူမသည် စင်များ၏တစ်ဖက်သို့လျှောက်သွားလိုက်ပြီး သူမခန္ဓာကိုယ်တစ်ဝက်ကို ဖော်လိုက်သည်။
"ကျင်းကျင်း ရှောင်ကောင်းက ဒီနေ့အလုပ်မဆင်းဘူးလား "
လူအိုကြီးသည် အလွန်ကြင်နာတတ်လေသည်။သူသည် ချူးစီစီအား အခြားလူတစ်ယောက်ကဲ့သို့ ဆက်ဆံပြီး လျှောက်လာခဲ့သည်။
"ကျင်းကျင်းတဲ့လား "
ချူးစီစီသည် ယင်းကဲ့သို့ တစ်ခါမှ မကြုံဘူးပေ။လူအိုကြီးက အနားကပ်လာရာ သူမသည် ပြောစရာစကားမရှိဖြစ်နေလေသည်။လူအိုကြီး၏အရေပြားသည် ဖောင်းပွနေလေသည်။သူသည် ရေထဲတွင် အချိန်အတော်ကြာအောင် နစ်မြုပ်နေခဲ့သည်နှင့် တူလေ၏။
"ဆရာ တစ်ခုခုများ လိုပါသလား "
ကောင်းမင်သည် ချူးစီစီနောက်မှ ထွက်လာပြီး ချူးစီစီ၏ တုန်ယင်နေသော ပုခုံးများကို အသာဖိလိုက်သည်။
"မင်းလည်း သောက်ထားတာလား ၊ ဘာလို့ ငါ့ကို ဦးလေးလို့မခေါ်ပဲ ဆရာလို့ခေါ်နေရတာလဲ "
လူအိုကြီးသည် ကောင်းမင်ထံ လျှောက်လာခဲ့သည်။ချူးစီစီက အလွန်စိတ်လှုပ်ရှားနေ၏။သူမသည် ထိုကဲ့သို့ ထူးဆန်းသော သရဲတစ်ကောင်ကို ဘယ်တုန်းကမှ မမြင်ဖူးခဲ့ချေ။
"ဦးလေး ကျွန်တော်က အလုပ်မှာလေ ၊ နောက်မှပဲ ဦးလေးနဲ့ သောက်ပါ့မယ်ဗျာ "
ကောင်းမင်က လျင်မြန်စွာ တုန့်ပြန်လိုက်သည်။
"ဒီလောက်မိုးကြီးလေကြီးထဲမှာ ဦးလေးက ပိုက်ဆံလာပေးတော့ ကျွန်တော်က အံ့ဩသွားတာ"
"မင်းရဲ့ဦးလေးလီက သူ့အကြွေးပြန်မဆပ်မယ့်သူ မဟုတ်ပါဘူးကွ "
လူအိုကြီးက ရယ်မောလိုက်သည်။သူသည် အိပ်ကပ်ထဲမှ အကြွေစေ့တစ်ချို့ကို ထုတ်ပြီး ကောင်းမင်ထံပေးလိုက်သည်။
"ရေလိုက်ဦး ၊ ဒါတွေသိမ်းထားဖို့ ငါ့အတွက် မလွယ်ဘူးကွ ၊ အဘွားကြီးက တစ်နေ့ထက်တစ်နေ့ ပိုတင်းကြပ်လာတော့တာပဲကွာ "
"ဒါတွေက ဦးလေးရဲ့ လျှို့ဝှက်စုဘူးထဲကလား "
ကောင်းမင်သည် လူအိုကြီးက သူ့အသက်အရွယ်တွင် ဖွက်ထားသော ငွေကြေးများရှိလိမ့်မည်ဟု မမျှော်လင့်ထားချေ။
"အဓိပ္ပါယ်မရှိတာတွေ ပြောမနေနဲ့တော့ ၊ ငါ့အတွက် သောက်စရာယူပေးဦး "
လူအိုကြီး၏မျက်နှာသည် သူ့လျှို့ဝှက်ချက်ဖော်ထုတ်ခံလိုက်ရသောကြောင့် အနီရောင်ပြောင်းသွားလေသည်။သူသည် ကောင်းမင်ထက်ပင် ပိုကြောက်နေပေသည်။သူက အရက်စည်ဘေးတွင် ရပ်လိုက်သည်။
"မင်း ဒီနေရာမှာ ဆက်ရှိနေရမှရမယ်ကွ ၊ ဒါက ငါသောက်လို့ရတဲ့ နေရာနဲနဲလေးထဲက တစ်ခုပါပဲ "
မင်လောင်လမ်းစူပါမားကတ်သည် မကြီးမားပေ။ဖောက်သည်အများစုသည် မင်လောင်လမ်းမှ အိမ်နီးချင်းများဖြစ်ကြသည်။ ထိုနေရာသည် ဆယ်စုနှစ်အကြာက စတိုင်မျိုးဖြစ်သည်။ပိုက်ဆံယူလိုက်ပြီးနောက် ကောင်းမင်က အရက်စည်ထံသွားလိုက်သည်။ သူက ခွက်တစ်လုံးရှာလိုက်ပြီး လူအိုကြီးအတွက် တစ်ခွက်ငှဲ့ပေးလိုက်သည်။
"ဦးလေး ဒါကို ပါဆယ်ထုတ်သွားဦးမှာလား "
"မင်းပြောပုံက ငါက ဒါကို အိမ်ယူသွားရဲတဲ့ပုံ ကျနေတာပဲ "
လူအိုကြီးက ကောင်းမင်ကို လက်ကာပြလိုက်သည်။
"ငါ ဒီမှာပဲ သောက်မယ် ၊ မိုးရွာတဲ့နေ့လေးမှာ ဝိုင်ချိုလေးနဲ့ ၊ ဘယ်လောက်ကောင်းလိုက်လဲ "
ကောင်းမင်သည် လူအိုကြီး၏ခွက်ကို ကျော်၍ မြေပဲတစ်ထုပ်ချပေးလိုက်သည်။
"ဦးလေးလီ ကျွန်တော် ကျွေးတာပါ "
"င့ါမှာ အငြိမ်းစားလစာ ကောင်းကောင်းရပါတယ်ကွ ၊ မင်းငါ့ကို ဒီလို လုပ်ဖို့မလိုပါဘူး "
လူအိုကြီးသည် အရက်ကို တစ်ကျိုက်သောက်လိုက်သည်။သူ့အရေးအကြောင်းများပင် ပြေလျော့သွားလေ၏။
"မင်းအသက်ရှင်နေတုန်းမှာ မင်းမပျော်ရွှင်ဘူးဆိုရင် ရှင်သန်နေရတဲ့ အဓိပ္ပါယ်က ဘာများလဲကွာ ၊ နောက်တစ်ခါကျရင် မြေပဲဖိုး ငါယူလာခဲ့မယ် "
"ဦးလေး သဘောတော်ကျပါ ခင်ဗျား "
ကောင်းမင်က ရယ်မောလိုက်သည်။
"စကားပြောတာထက် မင်းနဲ့ ကျင်းကျင်းက ဘယ်လိုတုန်း "
လူအိုကြီးသည် အတင်းအဖျင်းပြောရန်အတွက် နီးနီးကပ်ကပ်မှီလိုက်သည်။
"ဒီနေ့က မင်းရဲ့အလုပ်ချိန်လေ ဒါပေမယ့် ကောင်မလေးက မင်းနဲ့အတူ အလုပ်လာလုပ်တယ် ၊ ဒီထက်ရှင်းတာ ရှိဦးမလား ၊ မင်း ဒီအခွင့်အရေးကို ဆုပ်ကိုင်ထားသင့်တယ်နော် ၊ ထပ်ပြောရရင် ကျင်းကျင်းကို အရာအားလုံးဖွင့်ပြောဖို့ သေချာအောင်လုပ်ကွ ၊ အဘွားကြီးတော့ ငါဒီမှာ အရက်လာသောက်နေတာသိရင် မင်းကို ဆူတော့မှာပဲ "
ကောင်းမင်သည် အလုပ်အချိန်ဇယားကို ကြည့်လိုက်သည်။ထိုလူအိုကြီးသည် သူ့အရက်သောက်ရန်အတွက် လူတိုင်း၏အလုပ်ချိန်ဇယားကို အလွတ်ကျက်ထားဟန်ရသည်။
"ကောင်းပြီ ၊ ငါဒီမှာ သောက်လိုက်ဦးမယ် ၊ မင်းအလုပ်သွားလုပ်သင့်ပြီ "
ဦးလေးလီသည် သီချင်းတစ်ပုဒ်ညည်းလိုက်ပြီး သူ့အရက်ကို ဆက်သောက်နေတော့သည်။ခေါင်းလောင်းသံ ထပ်မြည်လာလေသည်။မတ်စ်တပ်ထားသည့် အမျိုးသမီးတစ်ယောက် စူပါမားကတ်ထဲ ဝင်လာခဲ့သည်။သူမသည် အနည်းငယ်ဝပြီး စကားပြောရသည် ကြိုက်ပုံမရချေ။သူမသည် ထီးဆောင်းလာခဲ့ခြင်းဖြစ်သည်။အစားအစာများကို အများအပြားယူလိုက်ပြီးနောက် သူမငွေရှင်းကောင်တာဆီသို့ ခေါင်းငုံ့လျက် ရောက်လာခဲ့သည်။
"ဒါတွေကို အပူပေးပေးလို့ရမလား "
"ကောင်းပြီ "
ကောင်းမင်က အစားအစာများကို အပူပေးလိုက်သည်။အမျိုးသမီးသည် ထီးကို သိမ်းလိုက်သည်။ကြမ်းပြင်ပေါ်သို့ မိုးရေစက်များကျမည်စိုးသောကြောင့် သူမသည် ထီးကို ပလစ်စတစ်အိတ်ထဲ ထည့်ထားလိုက်လေသည်။
သူမသည် ထီးယူလာခဲ့သော်ငြား အမျိုးသမီး၏ အဝတ်အစားများသည် စိုရွှဲနေ၏။သူမသည် အလွန်တရာဖြူလျော်နေလေသည်။သူမသည် ထိုင်စရာနေရာတစ်ခုကို ရှာလိုက်ပြီး ကင်မရာထောက်တိုင်တစ်ခုကို ထုတ်လိုက်သည်။သူမသည် ကင်မရာကို ချိန်ညှိပြီး အစားအသောက်စားပြသည့် တိုက်ရိုက်ထုတ်လွှင့်မှုကို စတင်လိုက်လေသည်။ကင်စရာစဖွင့်သည်နှင့် သူမ၏မျက်နှာပေါ်တွင် ပင်ပန်းနွမ်းနယ်မှုများမရှိတော့ပေ။ဟာသအနည်းငယ်ပြောလိုက်ပြီး ယခုညအတွက် သူမတွင် ရှိသော အစားအသောက်များကို မိတ်ဆက်လိုက်သည်။
အမျိုးသမီးသည် ဖုန်းစခရင်ပေါ်ရှိ မှတ်ချက်တိုင်းကို စာပြန်နိုင်ရန် ကြိုးစားနေ၏။သူမသည် အစားအသောက်များကို ဝါးပင်မဝါးပဲ မျိုချလေသည်။အမျိုးသမီးသည် အစမှ အဆုံးအထိ အပြုံးတစ်ခု ဆင်မြန်းထားပေသည်။အများအပြားစားသောက်ပြီးနောက် သူမ၏ခန္ဓာကိုယ်သည် သဘာဝမကျစွာ ယိုင်လဲသွားသည်။သူမ၏လက်သည် ဗိုက်ကို ထိန်းကိုင်ထားလိုက်သည်။
"ခင်ဗျား ဆက်စားချင်နေတုန်းလား "
ကောင်းမင်သည် အပူပေးထားသော အစားအသောက်ဘူးများဖြင့် ရောက်လာခဲ့သည်။သူသည် သက်တောင့်သက်သာဖြစ်မနေသော အမျိုးသမီးကို မြင်ပေသည်။
"ကျေးဇူးပါပဲ "
အမျိုးသမီးက အစားအစာဘူးကို ယူပြီး ဆက်လက်စားသောက်လိုက်သည်။သူမက ပြုံးပြီး အစားအစာကို ချီးမွမ်းလိုက်သည်။ကောင်းမင်သည် စခရင်ကို ဖျတ်ခနဲ လှမ်းကြည့်လိုက်သည်။မှတ်ချက်များသည် ခွင့်မလွတ်နိုင်ဖွယ်ရာဖြစ်သည်။
အချို့ကသူမအား ဝက်မဟုခေါ်နေကြပြီး အချို့က ဟန်ဆောင်စားပြနေသည်ဟုဆိုကြသည်။အချို့က သူမ၏စိုရွှဲနေသော ခန္ဓာကိုယ်အား မြင်တွေ့ချင်နေကြလေသည်။အမျိုးသမီးသည် အပြုံးကိုသာ ဆက်လက်ဆင်မြန်းထားသည်။သူမသည် နောက်ဆုံးထမင်းလုပ်ကို စားသောက်ရန် သူမကိုယ်သူမ တွန်းအားပေးလိုက်သည်။
"ဒီညအတွက် ချဲလင့်ကတော့ ပြီးပါပြီနော် ၊ မနေ့ကထက် စက္ကန့်သုံးဆယ် စောပြီးစားပြနိုင်ခဲ့ပါတယ်နော် ! ဘေဘီတို့ရေ ကျွန်မကို တစ်ခုခုစားပြစေချင်တာများရှိရင် ကျွန်မကို သီးသန့်မက်ဆေ့ပို့လိုက်နော် တာ့ တာ "
ကင်မရာကို ပိတ်ပြီးသည်နှင့် အမျိုးသမီးမျက်နှာပေါ်ရှိအပြုံးသည် အေးခဲသွားတော့သည်။ သူမသည် ဗိုက်ကို ကိုင်ကာ စားပွဲပေါ် ထောက်လိုက်သည်။
"ဒီမှာ "
အမျိုးသမီးက ခေါင်းမော့ကြည့်လာ၏။သူမသည် တဘက်တစ်ထည်နှင့်အတူ ကောင်းမင်ကို မြင်လိုက်ရသည်။
"ခင်ဗျား ဆံပင်တွေကို သုတ်လိုက်ပါဦး "
အမျိုးသမီး တဘက်ကို ဆွဲယူလိုက်သည်။သူမ၏မျက်လုံးတွင် မျက်ရည်များ ဝေ့သီလာပေ၏။သူမ ဖိနှိပ်နိုင်ရန် ကြိုးစားခဲ့သော ခံစားချက်များ ထပ်မံပွင့်ထွက်လာခြင်းဖြစ်သည်။
သူမသည် တဘက်ဖြင့် မျက်နှာကို အုပ်ထားလိုက်သည်။
"ခင်ဗျားက ဒါကို အချိန်ပိုင်းလုပ်နေတာလား "
"ဟုတ်ပါတယ် ၊ ကျွန်မက မနက်မှာ အလုပ်လုပ်တယ် ၊ ပြီးတော့ ညဘက်ကျရင် အစားအသောက်စားပြတဲ့ ချဲလင့်လုပ်တယ် "
အမျိုးသမီး၏အသံက အနည်းငယ်တည်ငြိမ်လာပေသည်။
"ကျွန်မမှာ အစားအသောက်ကို အများကြီးစားချင်တဲ့ ဆန္ဒကြီးရှိနေတာ ၊ ဒါပေမယ့် အမြဲတမ်း ကျွန်မထက်စားပြနိုင်ပြီး ကျွန်မထက် ပိုလှတဲ့သူက ရှိကိုရှိနေတာ"
"တကယ်ပါပဲ ၊ ဘယ်အရာမှ မလွယ်ကူဘူးလေ "
အမျိုးသမီး၏ဘေးတွင် ကောင်းမင်ထိုင်လိုက်သည်။
"ခင်ဗျား ငွေလိုတယ်ဆိုရင် ကျွန်တော် ကူညီနိုင်..."
"ကျွန်မ ငွေမလိုပါဘူး "
အမျိုးသမီးသည် ကောင်းမင်အား ကြည့်လိုက်ပြီး ခြားနားသော အပြုံးတစ်ခုပြုံးပြလိုက်သည်။ယင်းသည် ရှက်တက်ပြီး တစ်ကိုယ်တည်းနေတတ်သည့်ပုံစံမျိုးဖြစ်သည်။
"ကျွန်မငယ်ငယ်ကတည်းက လူတွေနဲ့ စကားပြောရမှာကို ကြောက်ခဲ့တယ် ၊ ကျွန်မရဲ့ အလေးချိန်ကြောင့် ကျွန်မကိုယ်ကျွန်မ အထင်ကြီးမှုနည်းခဲ့တယ် ၊ ဒါကြောင့်မို့ ကျွန်မက တာဝန်ယူတတ်ပြီး ယုံကြည်ချက်ရှိတဲ့ လူတစ်ယောက်အဖြစ်ပြောင်းလဲဖို့ ကိုယ့်ဘာသာ ကြိုးစားနေတာပဲ "
"ခင်ဗျားရဲ့လေ့ကျင့်နည်းက နဲနဲတော့ ပြင်းထန်တယ်နော် "
ကောင်းမင်က အမျိုးသမီးကို စနောက်လိုက်လေသည်။ချူးစီစီနှင့်မျက်မှန်လူသစ်သည် လူသေအလောင်းများ ရှာဖွေရန် အားထုတ်နေကြသည်။
ဖောက်သည်များက ထွက်မသွားကြသေးပေ။ခေါင်းလောင်းသံမြည်လာပြီး လူရွှင်တော်မိတ်ကပ်ဖြင့် အမျိုးသားတစ်ယောက်သည် အိတ်တစ်လုံးဆွဲ၍ ဝင်လာလေ၏။မိုးရေသည် သူ့မိတ်ကပ်အများစုကို ဆေးကြောလိုက်သောကြောင့် သူ့မျက်နှာသည် မြင်ရလုနီးပါးဖြစ်နေလေသည်။
"တစ်ယောက်မှ မလှုပ်နဲ့ ! "
လူပြက်သည် သူ့အိတ်ထဲ လက်နိူက်လိုက်သည်။သူဘာမှ မပြောရသေးမီ ဦးလေးလီက အရက်ခွက်ကိုင်လျက် ထလာ၏။
"ကျန်းတင်း မင်းဆိုင်မှာ မင်းဘာလုပ်နေတာလဲ ၊ ကြည့်ရတာ မင်းအရိုက်ခံလာရတယ်နဲ့ တူတယ် "
"ခင်ဗျား ကျုပ်ကို ဘယ်လို မှတ်မိတာလဲ ၊ ကျုပ်မှာ မိတ်ကပ်လိမ်းဖို့ ပိုက်ဆံတောင် ပေးခဲ့ရတာဗျ "
ကျန်းတင်းသည် အိတ်ကို မလိုက်ပြီး ခြေချောင်းများဖြင့် မတ်တပ်တပ်လိုက်သည်။
"ကျုပ်က ခြေစွပ်တွေတောင် စွပ်ခဲ့သေးတယ် "
"မင်းအသက် ဘယ်လောက်ရှိပြီမို့လို့လဲ ၊ ဘာလို့ ငါ့ကို စိတ်ပူအောင် လုပ်နေရတာလဲ "
ဦးလေးလီက ကောင်းမင်နှင့် ချူးစီစီဘက်လှည့်၍
"ရှောင်ကောင်း မင်းသူဌေးကို လာတွဲဦး "
"သူဌေးလား "
ကောင်းမင်သည် ထိုလူနှင့် အခြားဖောက်သည်များကို ကြည့်လိုက်သည်။ရုတ်တရက် လွန်ခဲ့သည့်ဆယ်နှစ်က သတင်းများကို သူသတိရသွားသည်။စူပါမားကတ်သည် ပြန်လည်တည်ဆောက်ထားခြင်းဖြစ်သည်။ပြောကြသည်မှာ အရင်သူဌေးသည် အလွန်ကောင်းမွန်သော ပုဂ္ဂိုလ်တစ်ယောက်ဖြစ်သည် ဟူ၏။
ကျန်းတင်းသည် သူ့မျက်နှာကို သုတ်လိုက်သည်။သူက ရှက်နေခြင်းမရှိပေ။သူသည် အမျိူးသမီးဆီလျှောက်သွားလိုက်ပြီး "နင် တိုက်ရိုက်ထုတ်လွှင့်တာ ပြီးသွားပြီလား "
"ဟုတ် ခုလေးတင်ပြီးသွားတာ "
"ငါ မင်းအတွက် စပရိုက်လုပ်ပေးချင်နေတာ "
ကျန်းတင်းက စားပွဲကို ရိုက်လိုက်သည်။
"မင်းဒီမှာရှိတာ ရက်ပေါင်းများစွာ ရှိပြီ ၊ မင်းရဲ့ ဝမ်းနည်းနေတဲ့ မျက်နှာကို ငါမြင်တိုင်း မင်းပျော်အောင် ငါက စပရိုက်တစ်ခု ပေးချင်နေတာ ဒါက မင်းရဲ့တိုက်ရိုက်လွှင့်တာလဲ လူတွေပိုဆွဲဆောင်နိုင်သလို ငါ့ဆိုင်ကိုလည်း လူတွေ ပိုလာကြလိမ့်မယ် ၊ အနိုင်ချည်းပဲဟေ့ ! "
"ခင်ဗျားရဲ့စပရိုက်က တော်တော်အံ့ဩဖို့ကောင်းတာပဲနော် "
ကောင်းမင်က မကူညီနိုင်သော်လည်း ညီးတွားလိုက်သည်။
မူမမှန်ဖြစ်ရပ်ထဲတွင် မူမမှန်မှုများ ရှိမနေပေ။
"ငါအကောင်းဆုံးကြိုးစားခဲ့တာကွ "
ကျန်းတင်းသည် သူဌေးတစ်ယောက်ပုံစံ မပေါက်ပေ။သူသည် စူပါမားကတ်ရှိလူတိုင်းအား သူ့မိသားစုဝင်ကဲ့သို့ ဆက်ဆံခဲ့သည်။သူသည် လူတိုင်းလူတိုင်းအား ပျော်ရွှင်စေချင်ရုံသာဖြစ်သည်။
"ကျွန်မ ရှင့်ကို ကျေးဇူးတင်ပါတယ် "
အမျိုးသမီးသည် ဝမ်းနည်းသည့်အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။
"ပြီးခဲ့အခေါက်တုန်းကလည်း ရှင်က ပစ္စည်းစင်နောက်မှာပုန်းပြီး သရဲတစ်ကောင်လို ဟန်ဆောင်ပြီး ပစ္စည်းတွေကို ရွေ့တော့ ကျွန်မရဲ့ ပရိတ်သတ်အနည်းငယ်က ရှင့်ကို ကျွန်မငှားထားတဲ့ သရုပ်ဆောင်လို့ ထင်သွားကြတယ် ၊ ကျွန်မမှာ ပရိတ်သတ်တချို့ ဆုံးရှုံးလိုက်ရတယ် "
"ငါသရုပ်ဆောင်တာ ဒီလောက်ဆိုးလို့လားကွာ "
ကျန်းတင်းက မတ်တပ်ရပ်လိုက်သည်။
"ငါတို့ နောက်ထပ်အခွင့်အရေးတစ်ခု ပေးပါ "
"အစ်ကိုကျန်း ရှင်တခြားလူကိုပဲ ကူညီသင့်တယ်ထင်ပါရဲ့ "
အမျိုးသမီးက လက်ကာပြရင်း ပြောလိုက်လေသည်။
"ငါတို့က အိမ်နီးချင်းတွေပဲလေ ၊ ငါတို့က တစ်ယောက်နဲ့တစ်ယောက် ကူညီသင့်တယ် "
ကျန်းတင်းက ရေစိုနေသော မူကြမ်းစာရွက်တစ်ခုထုတ်လိုက်သည်။သူ စကားမပြောရသေးမီ ခေါင်းလောင်း ထပ်မြည်လာလေသည်။ခြေသံများကို ကြားလိုက်သောအခါ ဦးလေးလီနှင့်ကျန်းတင်းသည် တစ်ဦးကို တစ်ဦးကြည့်လိုက်ကြသည်။သူတို့သည် စစ်ပွဲတစ်ခုဆင်နွှဲရတော့မကဲ့သို့ အလွန်အလေးအနက်ဖြစ်နေကြသည်။
"ဆိုးတာပဲဟေ့! "
လေထုသည် အေးခဲသွားသည်။ကောင်းမင်၏နှလုံးသည် တဒိတ်ဒိတ်ခုန်လာ၏။
"အန္တရာယ်ကြီး လာနေတာလား "
ဦးလေးလီသည် သူ့အရက်ခွက်ကို ဆွဲယူလိုက်ပြီး စူပါမားကတ်ထဲ ပြေးဝင်သွား၏။ကျန်းတင်းသည်လည်း မျက်နှာရှိလက်ကျန်ဆေးသားများကို သုတ်လိုက်ပြီး ဦးလေးလီနောက် လိုက်ပါသွားတော့သည်။
အဝင်ပေါက်ကို သူကြည့်လိုက်သည်။ခနကြာသောအခါ ပိန်ပါးသော အဘွားအိုတစ်ယောက်ထွက်ပေါ်လာ၏။သူမသည် မျက်မှန်တပ်ထားပြီး အကွက်ပါသောရှပ်အင်္ကျီကို ဝတ်ဆင်ထားသည်။သူမသည် အလွန်အားနည်းပုံရလေသည်။
အဘွားအိုသည် ထီးနှစ်ချောင်းကို ယူလာခဲ့သည်။သူမသည် အရက်စည်ဘက်လျှောက်သွားလိုက်ပြီး ခွက်များကို ကြည့်လိုက်သည်။သူမသည် လေထဲရှိအရက်နံ့များကို အနံ့ခံလိုက်လေသည်။
"ပုန်းမနေနဲ့တော့ ! အိမ်ပြန်ပြီး ထမင်းသွားစားလေ ! "
ဘယ်သူမှ ပြန်မဖြေသောကြောင့် အဘွားအိုသည် ကောင်းမင်ထံလျှောက်လာလေ၏။ကောင်းမင်သည် အလုပ်သမားယူနီဖောင်းကို ဝတ်ဆင်ထားသည်။သူဘာလုပ်ရမည်မှန်း မသိတော့ချေ။
သူက ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်သော်လည်း ဦးလေးလီနှင့်ကျန်းတင်းတို့ကား ပျောက်ချင်းမလှ ပျောက်နေချေပြီ။အဘွားအို နီးကပ်လာသည်နှင့် ကောင်းမင်သည် စင်ပေါ်မှ ဘီးတစ်ချောင်းကို ဆွဲယူလိုက်ပြီး အဘွားအိုနှင့်တွေ့ဆုံလိုက်သည်။
"ဒေါ်ဒေါ် ဦးလေးလီက သောက်ဖို့လာခဲ့ပါတယ် "
အဘွားအို ထပေါက်မကွဲခင် ကောင်းမင်က ဖြတ်ပြောလိုက်သည်။
"ဒါပေမယ့် စဉ်းစားကြည့်ပါဦး ဦးလေးလီက ဒီလိုရာသီဥတုကြီးမှာ ထီးမပါနဲ့ အရက်သောက်ဖို့ သက်သက်လာပါ့မလား "
အဘွားအို စကားမပြောနိုင်သေးခင် ကောင်းမင်သည် သစ်သားဘီးလေးကို အဘွားအိုလက်ထဲ ထိုးထည့်လိုက်သည်။
"ဦးလေးလီက သူမှားတာ သိပါတယ်တဲ့ ၊ သူက ဒေါ်ဒေါ်အတွက် ဒီဘီးလေးဝယ်ထားခဲ့တာ ၊ ဒါက ကျွန်တော်တို့ရဲ့ ထုတ်ကုန်အသစ်ပါ ၊ ဒါက ဦးရေပြားကို နှိပ်နယ်ပေးနိုင်တယ်လေ ၊ အရမ်းကောင်းတယ် "
အဘွားအိုသည် အကြိမ်များစွာ နှောက်ယှက်ခံနေရလေသည်။သူမသည် ဒေါသထွက်နေသေးသော်လည်း သူမလေသံက ပိုမိုကောင်းမွန်လာ၏။
"နင်က သူနဲ့အတူ အလုပ်လုပ်နေတာလား "
"ဒါဘယ်လိုဖြစ်နိုင်မှာလဲဗျာ ! "
ကောင်းမင်သည် ယူနီဖောင်းကို ဝတ်ဆင်ထားသည်မှာ နာရီဝက်သာရှိသေးသောကြောင့် ယင်းက အမှန်တကယ်ကို မဖြစ်နိုင်ပါပေ။