← Chapters

ပညာရေး

Vol. 7 Ch. 99

ပညာရေး

Vol. 7 Ch. 99

မင်လောင်လမ်းစူပါမားကတ်ရှိ မူမမှန်ဖြစ်ရပ်သည် မည်သည့်နည်းနဲ့မှ ကောင်းမင်အား စိတ်ရှုပ်ထွေးအောင် မလုပ်နိုင်ခဲ့ပေ။သူ့ နှစ်ပေါင်းများစွာ အတွေ့အကြံများကြောင့် ဦးလေးလီ၏ဇနီးကို သူနားချလိုက်နိုင်သည်။

"ငါက အဘိုးကြီးလီ အရက်သောက်တာကို လုံးဝကန့်ကွက်တာတော့ မဟုတ်ပါဘူး ၊ ဒါပေမယ့် ဒီလို ဆက်သောက်နေလို့တော့ မဖြစ်ဘူးလေ "

အဘွားအိုက ဘီးကို ကောက်ယူလိုက်သည်။

"သူက အသက်၇၀ ကျော်နေပြီ ပြီးတော့ သူက ကလေးလို လုပ်နေတုန်းပဲ ၊ သူ့ကို သွားခေါ်ခဲ့ သူ့အဝတ်အစားတွေလဲဖို့ သူ့ကို အိမ်ခေါ်သွားရမယ် နို့မို့ဆိုရင် သူအအေးမိလိမ့်မယ် "

"ဦးလေးလီနဲ့ သူဌေးကျန်းက အနောက်မှာ ပုန်းနေကြတယ် "

ကောင်းမင်က အဘွားအိုအတွက် လမ်းညွှန်ပြလိုက်သည်။

"သူတို့က ငါ့ကိုပုန်းနေကြတာလား ၊ သူတို့က ငါ့ကို ကျားမကြီးလို့ ထင်နေကြတာလား "

အဘွားအိုသည် စိတ်တိုတိုဖြင့် စူပါမားကတ်ထဲ လမ်းလျှောက်ဝင်သွားလိုက်လေသည်။

သူ့နှလုံးခုန်သံသည် ဖြည်းညင်းစွာ ငြိမ်ကျသွားသည်။ကောင်းမင်က အမျိုးသမီးစထရင်မာ ဘေးတွင် ထိုင်လိုက်သည်။အမျိုးသမီးက တစ်ခစ်ခစ်ရယ်လိုက်ပြီး လက်မထောင်ပြလိုက်သည်။

"ရှောင်ကောင်း ၊ နင်က တော်တော် တော်တဲ့လူပဲ ၊ နင့်ရည်းစားနဲ့ဆိုရင်တော့ ပျော်စရာကောင်းတော့မှာပဲ "

အမျိုးသမီး၏ ဖူးယောင်နေသော မျက်နှာကိုကြည့်ရင်း ကောင်းမင်စိတ်ရှုပ်ထွေးနေခဲ့သည်။စူပါမားကတ်ထဲရှိ "လူတိုင်း" သည် အလွန်သာမန်ဖြစ်စွာ လုပ်ဆောင်နေကြသည်။

ခေါင်းလောင်းထံ ထပ်မြည်လာလေသည်။ညစ်ပတ်နေသော ကလေးသုံးယောက်သည် ဆိုင်ထဲပြေးဝင်လာကြ၏။သူတို့သည် မိုးရေများဖြင့် စိုရွှဲနေသော်လည်း သူတို့သည် ကမ္ဘာပေါ်ရှိ အကောင်းဆုံးစွန့်စားခန်းကို ဖြတ်ကျော်ခဲ့ရသကဲ့သို့ ပြုံးရွှင်နေကြလေသည်။ကောင်းမင် ဖြည်းညင်းစွာ မတ်တပ်ရပ်လိုက်သည်။ကလေးသုံးယောက်တွင် ဦးဆောင်လာသောကလေးသည် ရေနစ်ထားမှုကြောင့် အရေပြားများ တွန့်လိမ်နေ၏။အခြားကလေးနှစ်ယောက်ကား ပုံမှန်ပင်ဖြစ်သည်။အကြီးမားဆုံးကိစ္စသည် သာမန်ဖြစ်နေသောကလေးနှစ်ယောက်သည် နားနေခန်းဓာတ်ပုံထဲမှ ကလေးနှစ်ယောက်ဖြင့် အတိအကျတူညီနေခြင်းဖြစ်သည်။

"အလုပ်ချိန်ဇယားက ငါတို့ကို ကလေးအလောင်းတွေ ရှာခိုင်းထားတယ် ဒါပေမယ့် ဒီကကလေးတွေက လုံးဝကို အဆင်ပြေနေတယ် အလောင်းတွေဆိုတာ တကယ်အလောင်းတွေကို ပြောတာကော ဟုတ်ရဲ့လား "

ကောင်းမင်က အသေးစိတ်အချက်အလက်တိုင်းကို မှတ်မိသည်။သူသည် စူပါမားကတ်၏အမှန်တရားနှင့် နီးကပ်လာပြီဟု ခံစားခဲ့ရသည်။

"ဒီနေ့က ငါကျွေးမယ်ဟေး ၊ လီစန်းပင်လယ်ကွေ့ကို ဖြတ်လာတဲ့ ငါတို့ရဲ့အောင်မြင်မှုကို ပွဲကျင်းပကြစို့ ! "

ရေနစ်ထားသောကလေးသည် သူ့လက်ကို မြောက်လိုက်လေသည်။သူသည် ညစ်ပတ်နေသောအဝတ်မှ တစ်စက်စက်ကျနေသော ရေများကို ဂရုမစိုက်ပေ။

"ငါလဲ ကပ္ပတိန်လုပ်ချင်တယ် "

"မင်းတို့နှစ်ယောက်လုံး ကပ္ပတိန်လုပ်ပြီးပြီလေ ၊ နောက်တစ်ခါ ငါ့အလှည့်နော်...."

ကောင်းမင်သည် သူတို့၏စကားဝိုင်းမှတဆင့် သူတို့နာမည်များကို သိလိုက်ရလေသည်။

အနည်းဝသော ကပ္ပတိန်သည် ကျန်းဖသော်ဖြစ်သည်။သူသည် သူဌေးကျန်းတင်း၏ သားဖြစ်သည်။နောက်ကလေးနှစ်ယောက်ကား လဲ့ကျားနဲ့ လဲ့ရန် ဖြစ်သည်။သူတို့သည် အိမ်နီးနားချင်း၏ ကလေးများဖြစ်ပေသည်။သူတို့တွင် လူကြီးဒုက္ခများ မရှိပါပေ။သူတို့သည် သွားရေစာမုန့်တချို့နှင့် အချိုရည်များကို ယူလိုက်ကြသည်။သူတို့က ဆိုဒါများကို ခွက်ထဲလောင်းထည့်လိုက်ပြီး အောင်ပွဲခံလိုက်ကြလေသည်။

"သူတို့လေးတွေက ဘာကိုမှ ဂရုမစိုက်တတ်သေးတဲ့ အရွယ်တွေပဲ "

ကောင်းမင်တစ်ယောက် ငွေရှင်းကောင်တာထံ ပြန်သွားလိုက်သည်။

"သူတို့ကို အိမ်စာတွေ လုပ်ဖို့ တိုက်တွန်းရမယ် "

ကောင်းမင်သည် ကလေးများနှင့်စကားပြောမည့်ဟန်ပြုစဉ်တွင် အတွင်းဘက်မှ ကျန်းတင်း၏ အသံထွက်ပေါ်လာလေသည်။

"အား ! ကျုပ် ဦးလေးလီကို မသောက်ခိုင်းပါဘူးဗျ ဒါတွေအကုန်လုံး ရှောင်ကောင်းလက်ချက်ပဲ ၊ အပြစ်မဲ့သူကို မရိုက်ပါနဲ့‌ဗျ! "

အဘွားအိုသည် ကျန်းတင်းအား နားရွက်လိမ်ဆွဲထားလေ၏။သူက မရုန်းကန်ရဲပေ။ အဘွားအိုက သူ့နားရွက်အား နာနာဆွဲလိုက်သောအခါ သူ့ခန္ဓာကိုယ်သည် ပို၍ပင်ကွေးကောက်သွားလေ၏။

"ဦးလေး လီ ! တစ်ခုခုပြောပါဦးဗျ ! "

ဦးလေးလီသည် ချောင်းဆိုးလိုက်ပြီး အဘွားအိုဘက်လှည့်လိုက်သည်။

"အားမေ့ရေ ...."

ထိုအချိန်တွင် အဘွားအိုက သူ့အားစိုက်ကြည့်လိုက်ရာ သူပါးစပ်ပိတ်သွားတော့သည်။

"ဦးလေး ခင်ဗျားနောက်နေတာလားဗျာ ၊ အိမ်မှာဆို ခင်ဗျားက ဘောစ့်ပဲလို့ ခင်ဗျားမပြောခဲ့ဘူးလား "

ကျန်းတင်းက ဦးလေးလီအား မျက်လုံးပြူး၍ပြောလိုက်လေသည်။

"ငါတို့ က အခုအပြင်မှာမဟုတ်လား "

သူတို့သုံးယောက် လမ်းလျှောက်ထွက်လာကြ၏။အဘွားအိုသည် ကျန်းတင်းအား ဆက်လက်သင်ခန်းစာပေးလိုသော်လည်း တံခါးဝရှိကျန်းတင်း၏သားကို မြင်သောအခါ သူမက ကျန်းတင်းကို လွှတ်ပေးလိုက်လေသည်။

"နောက်တစ်ခါ အဘိုးကြီးလီ ဒီကို တစ်ယောက်တည်း ရောက်လာရင် ဘယ်သူမှ သူ့ကိုအရက်မရောင်းပေးရဘူး ၊ ငါရှိတဲ့အချိန်မှပဲ သူသောက်လို့ ရမယ် ၊ ဒါက ငါသူ့ကို မသောက်စေချင်လို့မဟုတ်ဘူး ၊ ဆရာဝန်က သူ့ကို သောက်ခွင့်ပြုမထားလို့ပဲ ! "

"နားလည်ပါပြီ နားလည်ပါပြီ "

ကျန်းတင်းက သူမကို ကတိပေးလိုက်ပြီး တံခါးဝရှိကလေးများဘက်သို့ လှည့်လိုက်သည်။

"မင်းတို့သုံးယောက် ဒီအချိန်ကြီး ဘယ်သွားနေကြတာလဲ ၊ ဘာလို့ အရမ်းညစ်ပတ်နေကြတာလဲ "

"သားတို့က မိုးရေထဲမှာ စွန့်စားပြီး မင်လောင်လမ်းအရှေ့ကနေ အနောက်ဘက်ကို ပြေးခဲ့ကြတာလေ ၊ လမ်းမှာ အဘွားကျောက်ရဲ့ပန်းအိုးကို သူ့အိမ်ထဲ ကူရွှေ့ပေးခဲ့သေးတယ် "

ကျန်းဖသော်က သူ့လက်သီးသေးသေးလေးကို ဆုပ်၍ ဝေ့ယမ်းလိုက်သည်။သူ့အသံသည် ဂုဏ်ယူနေပုံရသည်။

"အရမ်း အထင်ကြီးစရာပဲဟေ့ "

ကျန်းတင်းသည် သူ့သားဘေးတွင် ဒူးထောက်ထိုင်လိုက်သည်။

"ကလေးတွေက မငယ်တော့ဘူး ၊ ကလေးတွေက ကျူရှင်ထားရမယ့် အရွယ်ဖြစ်နေပြီ ၊ သူတို့သုံးယောက်က ကလေးပေါက်စတွေလို့ ပတ်ဝန်းကျင်မှာ ပြေးလွှားနေတုန်းပဲ "

အဘွားအိုက စကားပြောလိုက်ရာ ကလေးသုံးယောက်က တိတ်ဆိတ်သွားကြသည်။

"အဆင်ပြေပါတယ် ၊ ရာထူးကြီးလူတစ်ယောက်ဖြစ်တာထက်စာရင် ကျုပ်က သူတို့လေးတွေကို ပျော်ရွှင်စေချင်တာပါ "

ကျန်းတင်းသည် သူ့သား၏ဆံပင်ကို ထိုးဖွလိုက်သည်။

"အဆင့်မြင့် ပညာရေးက အခု နာမည်ကြီးနေတာ "

ကျန်းဖသော်သည် သူ့ဖခင်နောက်တွင် ပုန်းလိုက်ပြီး အဘွားအိုအား ကြောက်ရွံ့စွာကြည့်လိုက်သည်။

"အဆင့်မြင့်ပညာရေးဆိုတာ အလိမ်အညာပဲ "

အဘွားအိုသည် ကျန်းဖသော်ကို ကြည့်လိုက်သည်။

"သားရဲ့ နောက်ဆုံးစာမေးပွဲအမှတ်က ဘယ်လောက်လဲ "

"၅၉ မှတ် "

ကျန်းဖသော်က ခေါင်းငုံ့လိုက်သည်။

"အဲဒါက အောင်ဖို့ တစ်မှတ်အလိုပါပဲ မဆိုးပါဘူး "

ကျန်းတင်း သူ့သားကို အားပေးလိုက်သည်။

"သားကိုယ်သား ယုံကြည်ချက်ရှိရမယ် ၊သားဘယ်လောက်တော်ကြောင်း အဖေသိပါတယ်ကွာ ! အဖေ မိတ်ကပ်လိမ်းနေတုန်းက သားတို့ နောက်ထပ်စာမေးပွဲဖြေခဲ့ရသေးတယ်ဆို ၊ အဲ့ဒါကော ဘယ်နှစ်မှတ်ရလဲ "

ကျန်းဖသော်သည် ချီတုချီချဖြင့် အနောက်သို့ လက်မအနည်းငယ်ဆုတ်လိုက်လေသည်။ထိုနောက် ရှက်ကိုး ရှက်ကန်းဖြင့်ပြောလိုက်လေသည်။

"၂၇မှတ် ...."

"ဘုရားရေ သေစမ်း ! "

ကျန်းတင်သည် သူ့ခါးပတ်ကိုဆွဲထုတ်လိုက်ပြီး စူပါမားကတ်ထဲဝင်‌သွားသော ကျန်းဖသော်နောက် ‌ပြေးလိုက်လေ၏။

"အဆင့်မြင့်ပညာရေးလေ! သူဌေး ခင်ဗျားဒါကို မေ့သွားတာလား "

ကောင်းမင်သည် ထိုလူ့ကို တားဆီးရန် အမြန်လုပ်လိုက်သည်။ကလေးသည် မူမမှန်မှု၏ သော့ချက်ဖြစ်ပုံရလေသည်။

"သွားစမ်း ! ငါက အရမ်းအဆင့်မြင့်တဲ့လူပုံစံ ပေါက်နေလို့လား "

စူပါမားကတ်သည် ဖရိုမရဲဖြစ်သွားလေတော့သည်။ချူးစီစီနှင့် အခြားလူသစ်သည် အလောင်းများကို ရှာဖွေရင်း အလုပ်ရှုပ်နေဆဲဖြစ်သည်။

"သူတို့တွေ တော်တော်ပျော်ကြမှာ သေချာတယ် "

"အာရုံမပြောင်းနဲ့ ၊ ငါတို့ စည်းကမ်းတွေကို လိုက်နာရမယ် "

နောက်ဆုံးတွင် ကောင်းမင်က ကျန်းတင်းအားတားဆီး‌လိုက်သော်လည်း ကလေးသုံးယောက်မှာ မရှိတော့ချေ။

စူပါမားကတ်ထဲသို့ ဖောက်သည်များ ပိုရောက်လာကြသည်။ကောင်းမင်သည် ငွေရှင်းကောင်တာတွင် ထိုင်၍ လူတိုင်းနှင့်ဆက်ဆံနေရလေသည်။ကလေးနှစ်ယောက်မှ လွှဲ၍ ဖောက်သည်အားလုံးသည် ရေနစ်သေဆုံးထားကြဟန်ဖြင့် ဖူးယောင်နေကြသည်။မင်လောင်လမ်း စူပါမားကတ်သည် မင်လောင်လမ်းအလယ်တွင် ရှိနေခြင်းဖြစ်သည်။၎င်းသည် မြေနိမ့်ပိုင်းမဟုတ်ပေ။ထိုနေရာသာ ရေနစ်မြှုပ်ခဲ့ပါက ရေကြီးမှုသည် အကြီးအကျယ်ဖြစ်ပေလိမ့်မည်။

"မိုးကလည်း ရပ်ကို မရပ်တော့ဘူး ကောင်းကင်မှာအပေါက်တစ်ပေါက်ရှိနေလို့လား "

ကျန်းတင်းသည် သူဌေးတစ်ယောက်ကဲ့သို့ ပြုမူမနေချေ။သူသည် သူ့ဝန်ထမ်းများထက် ပိုပျော်တတ်လေသည်။သူသည် ဖောက်သည်တိုင်း၏ ဈေးဝယ်ခြင်းအလေ့အကျင့်ကို သိပြီး တစ်ခါတစ်ရံတွင် အိမ်နီးချင်းများအတွက် ဒလီဗာရီပင် ပို့ပေးသေးသည်။

"ကျွန်တော် ရေသွားသုတ်လိုက်ဦးမယ် "

ကောင်းမင်သည် ရေသုတ်တံကို ကိုင်ပြီး ဝင်ပေါက်ထံသွားလိုက်သည်။မုန်တိုင်းသည် သူ့ယူနီဖောင်းကို စိုရွှဲသွားစေသည်။မုန်တိုင်းသည် လက်တွေ့ဘဝရှိ မုန်တိုင်းထက် ပိုပြင်းထန်နေလေသည်။ ကောင်းမင်ပေါ်သို့ မိုးရေစက်များကျ‌လာသောအခါ နာကျင်မှုကိူ ခံစားရသည်။

"ငါ ခံစားချက်တွေ မကောင်းဘူး "

စူပါမားကတ်အပြင်ဘက်သည် မှောင်မိုက်နေ‌၏။အဆောက်အဦးအပြင်ဘက်ရှိ မည်သူ့ကိုမှ မမြင်ရပေ။ထိုနေရာသည် မိုးရေများဖြင့် ဝန်းရံခံထားရသကဲ့သို့ ဖြစ်သည်။အမှောင်ထုထဲတွင် ရုတ်တရက် ကားရှေ့မီးသည် အမှောင်ထုကို ထိုးခွင်းလိုက်သည်။စူးရှသော အရေးပေါ်အချက်ပေးသံများသည် ငြိမ်းချမ်းမှုကို ကွဲကြေသွားစေ၏။ကားသည် လမ်းမပေါ်တွင် တဖြည်းဖြည်းထင်ရှားလာတော့သည်။ကားထဲရှိ လူသည် သူ့လည်ချောင်းများနီရဲနေသည်အထိ အော်ဟစ်နေလေ၏။

"အရေးပေါ် ထွက်ခွာကြရန် ! ဆည်ကြီး ကျိုးသွားပြီ! လီစွေ့ဆည်ကြီး ကျိုးသွားပြီ ! "

ကောင်းမင်စိတ်ထဲတွင် လွန်ခဲ့သည်ဆယ်နှစ်က သတင်းများတဖျတ်ဖျတ်ဖြတ်ပြေးသွားရာ သူ့ဦးနှောက်သည် တဝီဝီမြည်သွားလေသည်။သူသည် မိုးရေထဲတွင် ရပ်နေပြီး သူ့ဆီပြေးဝင်လာသော ရေစီးကြောင်းများကို မြင်နေရလေသည်။။

မော်နီတာပေါ်ရှိ အချိန်နောက်ပြန်ရေတွက်ခြင်းသည် ဆက်လက်စတင်လိုက်သည်။ကောင်းမင်၏မျက်စိသူငယ်အိမ်များ ကျဉ်းမြောင်းသွားတော့သည်။သူက စူပါမားကတ်ထဲ ပြေးဝင်လိုက်ပြီး စူးစူးဝါးဝါးအော်ဟစ်လိုက်သည်။

"ပြေး ! လီစွေ့ဆည်ကြီး ပေါက်သွားပြီဗျို့! "

All Chapters