← Chapters

လွန်ခဲ့သောဆယ်နှစ်က မိုးရွာသွန်းမှု

Vol. 7 Ch. 100

လွန်ခဲ့သောဆယ်နှစ်က မိုးရွာသွန်းမှု

Vol. 7 Ch. 100

"အမြန်ထွက်ကြ ! ရေတွေ လာနေပြီ ! "

ကောင်းမင် မော်နီတာကို ကြည့်လိုက်သည်။တရွေ့ရွေ့သွားနေသောအချိန်သည် လူတိုင်းအပေါ် တောင်ကြီးတစ်လုံးကဲ့သို့ ပိကျနေ၏။

"အဲ့မှာ ရပ်မနေကြနဲ့ ၊ ပြေးကြလေ ! "

ကောင်းမင်စိတ်ထဲတွင် လီစန်းဆည်ပေါက်သွားသည့် သတင်းများ ထွက်ပေါ်လာ၏။လွန်ခဲ့သည့်ဆယ်နှစ်က မုန်တိုင်းသည် မြို့ဟောင်းနှင့် တကျိုက်အား ရေကြီးမှုဖြစ်ပေါ်စေခဲ့သည်။ဆည်ကျိုးပေါက်ခြင်းသည် ညသန်းခေါင်တွင်ဖြစ်ပွားခဲ့သောကြောင့် အများအပြားထိခိုက်ပျက်စီးခဲ့ပြီး လူများစွာပျောက်ဆုံးခဲ့ရသည်။လွန်ခဲ့သော ဆယ်နှစ်က မိုးသည် ကောင်းမင်အပေါ် ကျဆင်းလာချေပြီ။ဖြစ်ရပ်ဆိုးသည် သူ့ဘာသာ တစ်ပတ်ပြန်လည်လေ၏။ကောင်းမင် အော်ဟစ်လိုက်သည်။သူသည် စူပါမားကတ်ထဲရှိ ဖောက်သည်များကို လူလား သရဲလား ဂရုစိုက်မနေတော့ပေ။

ကောင်းမင် ထွက်မပြေးသလို ကျန်းတင်းသည်လည်း ထွက်မပြေးချေ။သူတို့နှစ်ယောက်လုံး ဖောက်သည်များကို အရေးပေါ်ရွေ့ပြောင်းရန် စူပါမားကတ်ထဲ ပြေးဝင်လာကြသည်။မြို့ဟောင်း၏ ရေထုတ်စနစ်သည် ဆိုးဝါးသည်။မကြာမီတွင် ရေများသည် စူပါမားကတ်အတွင်း စတင်စီးဝင်လာကြသည်။သန့်ရှင်းနေသောကြမ်းပြင်တွင် ရွှံ့ရေများဖြင့် နောက်ကျိနေလေ၏။ဖောက်သည်များသည် သူတို့ပစ္စည်းများကို ပစ်ချပြီး စတင်ပြေးလွှားကြတော့သည်။

အချိန်သည် တရွေ့ရွေ့ကုန်ဆုံးနေပေသည်။

ချူးစီစီနှင့်မျက်မှန်လူသစ်ထံ ကောင်းမင်ပြေးသွားလိုက်သည်။

"လီစွေ့ဆည် ပေါက်သွားပြီ ! ဒါက လွန်ခဲ့တဲ့ဆယ်နှစ်က ရေကြီးမှုပဲ ဒီကလူတွေက အဲဒီတုန်းက လူတွေဖြစ်ရမယ် !"

"လွန်ခဲ့တဲ့ ဆယ်နှစ်က သေဆုံးသူတွေက ဒီမှာတွေလား ! "

မျက်မှန်နှင့်လူသစ်က စိတ်ရှုပ်သွားသည်။

"အချိန်နောက်ပြန်ရေတာက ပြီးတော့မယ် ၊ ခင်ဗျားတို့ ကလေးအလောင်းတွေ ရှာတွေ့ပြီလား "

ကောင်းမင်က စိတ်လှုပ်ရှားနေခဲ့သည်။

"ကျုပ်တို့က သရဲတွေနဲ့ ရင်ဆိုင်နေတာမဟုတ်ဘူး ဒါပေမယ့် လွန်ခဲ့တဲ့ ဆယ်နှစ်က ရေကြီးတာနဲ့ ကြုံနေရတာ! "

"ကလေးနှစ်ယောက်က မသေဘူး ၊ သူတို့က ပြေးသွားကြတာ ၊ ကျွန်မတို့ သူတို့အလောင်းတွေကို ဘယ်လိုရှာနိုင်မှာလဲ "

"အလုပ်ချိန်ဇယားထဲက အလောင်းတွေဆိုတာ တကယ့်အလောင်းတွေ မဖြစ်နိုင်ဘူး ၊ အခြားတစ်ခုခုဖြစ်နိုင်တယ် ၊ အရိပ်ကမ္ဘာထဲမှာ ဘာမဆိုဖြစ်သွားနိုင်တယ်"

ကောင်းမင်က လေးနက်စွာပြောလိုက်သည်။သူ့အထောက်အထားကို ထပ်မံဖုံးကွယ်မထားတော့ပေ။

"ခင်ဗျားတို့နှစ်ယောက် တစ်ခုခု ထူးဆန်းတာများ တွေ့ခဲ့သေးလား "

သားစားကြူးနတ်သည် သူ့အားဆက်လက် သတိပေးနေ၏။ယင်းသည် ကောင်းမင်ကြုံတွေ့ဖူးသော အရာမျိုးမဟုတ်ပေ။သူသည် ထိုအရာကို ကောင်းမွန်စွာမကိုင်တွယ်နိုင်လျှင် သူသေသွားနိုင်သည်။

"ကျွန်မတို့ စူပါမားကတ်ထဲရှာခဲ့ပြီးပြီ အားလုံးက ပုံမှန်ပဲ ဒါပေမယ့် ကုန်လှောင်ရုံထဲမှာတော့ အခန်းအနည်းငယ်တွေ့ခဲ့တယ် ၊ ကလေးသုံးယောက်က အဲ့ဒီကို ပြေးသွားတာ ဖြစ်ရမယ် "

ချူးစီစီသည် ပုဆိန်ကို ကိုင်ထားဆဲဖြစ်သည်။ပုဆိန်သည် သူမ၏လုံခြုံမှုကို အာမခံပေးနိုင်သည့် တစ်ခုတည်းသော အရာဖြစ်သည်။

"ကုန်လှောင်ရုံလား "

ကောင်းမင်သည် ဖောက်သည်များကို ကူညီပေးနေသော ကျန်းတင်းကို မြင်လိုက်သဖြင့် အော်ပြောလိုင်သည်။

"အစ်ကိုကျန်း ကလေးတွေက ကုန်လှောင်ရုံထဲမှာ ! "

"သက်ကြီးရွယ်အိုတွေကို အရင်အပြင်ထုတ်ပေး ! မင်းကိုယ်မင်းလည်း ဂရုစိုက်ဦး "

ကျန်းတင်း‌က ပြောလိုက်ပြီး ကုန်လှောင်ရုံထံ တစ်ယောက်တည်း ပြေးသွားလိုက်သည်။

ကောင်းမင်သည် နှောင့်နှေး မနေဝံ့ပေ။

"စီစီ ဖောက်သည်တွေကို သွားကူညီလိုက် ! တခြား စုံစမ်း‌ရေးမှူးတွေကိုလည်း အသိပေးလိုက်ပါ ၊ ငါ ကလေးတွေကို ကယ်ဖို့ ကျန်းတင်းကို သွားကူညီလိုက်မယ် ! "

"ဒါပေမယ့် သူတို့က သရဲတွေလေ! ကျုပ်တို့က တံခါးဖွင့်ပြီး စည်းဖောက်လိုက်ရင် ဘာဖြစ်လာမှာလဲ ၊ ကျုပ် ကပ္ပတိန်ပိုင်ဆီက ကြားထားတာကတော့ မူမမှန်ဖြစ်ရပ်ထဲမှာ သရဲတွေက စည်းကမ်းတွေကို ချိုးဖောက်အောင် မြူဆွယ်တတ်ကြတယ်တဲ့ "

မျက်မှန်နှင့်လူသစ်သည် ကြောက်ရွံ့နေလေသည်။နောက်ဆုံး သူသည် ညသန်းခေါင်အချိန်စူပါမားကတ်ထဲတွင် လူသေများဖြင့် ဝန်းရံခံနေရခြင်းဖြစ်သည်။

ကောင်းမင်သည် နားထောင်မနေခဲ့ပေ။သူသည် ချူးစီစီ၏ပုဆိန်ကို ဆွဲယူလိုက်ပြီး ကုန်လှောင်ရုံထဲ ပြေးဝင်လိုက်သည်။ကုန်လှောင်ရုံထဲတွင် သူ့သားနာမည်ကို အော်ခေါ်နေသော ကျန်းတင်းကို သူမြင်လိုက်သည်။

"သူတို့က အတွင်းခန်းထဲမှာ ဖြစ်မယ် ၊ တံခါးကို ဖျက်လိုက်တော့ "

အတိတ်က ကံဆိုးမှုသည် အရေးမကြီးပေ။အရေးကြီးသည့်အရာကား ထိုကံဆိုးမှုကို ကောင်းမင်က ပြောင်းလဲချင်နေခြင်းဖြစ်သည်။ကောင်းမင်သည် တံခါး‌ကို ကန်လိုက်သော်လည်း တုပ်တုပ်မလှုပ်ပေ။ထို့ကြောင့် သူက ပုဆိန်ကို မြောက်လိုက်သည်။ စက္ကန့်တိုင်းသည် အရေးကြီးနေ၏။သူ့တွင် ဖြုန်းတီးပစ်ရန် အချိန်များစွာ မရှိပေ။

"ကျန်းဖသော် ! "

ကုန်လှောင်ရုံထဲတွင်လည်း ရေများရောက်နှင့်နေပြီဖြစ်သည်။ကျန်းတင်းသည် သော့တွဲတစ်ခုကို ထုတ်လိုက်သည်။

သစ်သားတံခါးအား ချိုးဖျက်လိုက်သည်။သစ်သားစများ နေရာအနှံ့ဖွာထွက်ကုန်၏။ကောင်းမင်သည် တံခါးကို ဖျက်လိုက်ပြီး အမြန်ဆုံးနူန်းဖြင့် ကြောင်အနေသော ကလေးသုံးယောက်ကို ရှာဖွေလိုက်သည်။

"သူတို့ကို တွေ့ပြီ ! "

ကောင်းမင်က ပုဆိန်ကို ပစ်ချပြီး ကလေးများကို ချီလိုက်လေသည်။

"ရေတွေ တက်လာနေပြီ ၊ ကျုပ်တို့ ပိုမြင့်တဲ့နေရာကို သွားဖို့လိုတယ် "

သူနှင့်ကျန်းတင်း ကုန်လှောင်ရုံထဲက မထွက်မီ စူပါမားကတ်အပြင်ဘက်မှ ပိုမိုများပြားသော အော်ဟစ်သံများကို ကြားလိုက်ရလေသည်။အပြင်ဘက်သို့ ထွက်ပြေးသွားသော ဖောက်သည်များသည် စူပါမားကတ်ထဲ ပြန်ရောက်လာကြခြင်းဖြစ်ပေသည်။မော်နီတာပေါ်ရှိ အချိန်နောက်ပြန်ရေတွက်ခြင်းသည် သုညဖြစ်သွားချေပြီ။တလိပ်လိပ်ထနေသော ရေများသည် သဲများ အမှိုက်များဖြင့် စီးဝင်လာကြသည်။၎င်းသည် ရပ်တန့်မရနိုင်သော သားရဲတစ်ကောင်ကဲ့သို့ ဖြစ်နေ၏။

ပစ္စည်းစင်များ လဲပြိုသွားကြသည်။တံခါးရှိ ဖောက်သည်နှစ်ယောက်သည် ပစ္စည်းစင်များကို မရှောင်နိုင်ခဲ့ပေ။သူတို့သည် အဝေးသို့ မျှောပါသွားကြသည်။သူတို့သည် အော်ဟစ်ရုံသာ အခွင့်အရေးရလိုက်လေသည်။စူပါးမားကတ်ထဲရှိ ရေများသည် ကလေးရင်ဘတ်ရောက်သည်အထိ မြင့်တက်လာကြသည်။ရေလှိုင်းများသည် နေရာအနှံ့ဘောင်ဘင်ခတ်နေတော့သည်။ကြောက်ရွံ့ဖွယ်မှတ်ဉာဏ်သည် အလွန်ပင်အစစ်အမှန်ဆန်လေ၏။ထိုကြောက်မက်ဖွယ်မုန်တိုင်းသည် ကြီးစွာသော စိတ်ပျက်အားငယ်ခြင်းကို ဖြစ်ပေါ်စေတော့သည်။

"ကျုပ်တို့ ထွက်မရတော့ဘူး ၊ ရေလှိုင်းတွေ ဝင်လာနေပြီ ! "

လူတိုင်း လူတိုင်း ကြောက်ရွံ့နေကြလေသည်။သူတို့ထွက်သွားလျှင် သူတို့သေဆုံးပေလိမ့်မည်။သို့သော် သူတို့ဆက်နေပြန်လျှင်လည်း ကြာကြာတောင့်ခံနိုင်မည်မဟု‌တ်ချေ။

"ရှောင်ကောင်း တံခါးကို ပိတ် ! ကျင်းကျင်း ပြတင်းပေါက်တွေကို သွားပိတ် ! ရေတွေကို တားထား ! "

ကျန်းတင်းသည် ကုန်လှောင်ရုံထဲမှ လှေကားတစ်ခုထုတ်လာ၏။

"အဲ့ဒီကို သွားကြ ! ငါတို့ လေထွက်ပေါက်ကနေ ထိပ်ကို သွားကြမယ် ! ငါတို့ တတ်နိုင်သမျှ အမြင့်ရောက်ဖို့လိုတယ် "

ကျန်းတင်းသည် လှေကားထစ်ပေါ်တက်လိုက်ပြီး လေထွက်ပေါက်အဖုံးကို ခွာလိုက်သည်။ထို့‌နောက် ရေထဲသို့ ထပ်မံခုန်ဆင်းလိုက်သည်။သူသည် ကလေးများကို တွန်းတင်လိုက်သည်။

"သက်ကြီးရွယ်အိုနဲ့ ကလေးတွေအရင်သွားကြ ! လူငယ်တွေက ကူညီကြပါ ! "

"ငါ လှေကားကို ကိုင်ထားမယ် ၊ ရှောင်ကောင်း သွားကူညီလိုက်ပါ! "

ဦးလေးလီက လှေကားကို ဆုပ်ကိုင်လိုက်သည်။

"ရေစီးက အရမ်းသန်လွန်းတယ် ၊ ကျုပ်တို့ တံခါးပိတ်လို့မရဘူး "

ရေသည် လျှင်မြန်စွာ မြင့်တက်လာ၏။ကျန်းတင်းနှင့်ကောင်းမင်သည် ရေစီးကြောင်းထဲတွင် ခက်ခက်ခဲခဲသွားလိုက်ကြသည်။သူတို့က တံခါးကို ပိတ်ချင်နေသော်လည်း ရေများက သူတို့အား ဝင်ဆောင့်နေ၏။ကောင်းမင်က အံကြိတ်လိုက်သည်။စွမ်းအားကင်းမဲ့ခြင်းကို သူခံစားနေရလေသည်။၎င်းသည် ကံကြမ္မာကို ဆန့်ကျင်တိုက်ခိုက်နေကြခြင်းနှင့်တူလေ၏။

သူမည်မျှပင် ရုန်းကန်သည်ဖြစ်ပါစေ တံခါးကို မထိနိုင်ဘဲ တံခါးကိုချော်ချော်ထွက်သွား၏။ရေများက တိုးဝင်နေလေရာ လှေကားသည် ယိမ်းခါနေလေသည်။အဘွားအိုသည်ပင်လျှင် ကလေးများကိုကူညီရန်အတွက် လှေကားကို ကိုင်ထားပေး၏။ကုန်ပစ္စည်းများသည် ပြုတ်ကျနေကြသည်။လူတိုင်းသည် လှေကားအပေါ်တွင် အာရုံစိုက်ထားကြလေသည်။စင်များလှုပ်ယမ်းနေသည်အား တစ်ဦးတစ်ယောက်မှ သတိမထားမိကြပေ။

"သတိထားကြ ! "

ဒဏ်ရာအနည်းငယ်ရနေသော ကျန်းတင်းက ရုတ်တရက်အော်ဟစ်လိုက်သည်။ပဲငံပြာရည်နှင့် ဟင်းခတ်အမွှေးအကြိုင်များတင်ထားသော စင်သည် လဲကျသွားသည်။လေးလံလှသော သံမဏိစင်ကြီးသည် ကလေးများကို တိုက်မိလုနီး ဖြစ်သွားလေသည်။လှေကားပေါ်တွင်ရှိနေသော ကျန်းဖသော်သည် စင်လဲကျလာသည်ကို မြင်သောအခါ ကြောင်အ သွား၏။

"ကုန်းစီ ! "

လက်ရှစ်ဖက်သည် စင်ကို ဖမ်းဆုပ်ထားလိုက်သည်။ကောင်းမင်၏လက်ချောင်းများက သူ့ရင်ဘတ်ကို ဖိလိုက်သည်။သားစားကြူးနတ်ကား သူ့နှလုံးထဲမှ တွားထွက်လာချေပြီ။ချူးစီစီနှင့်လူသစ်အပါအဝင် လူအားလုံးသည် ဆွံ့အသွားကြသည်။

"နတ်ဆိုးသရဲက ကျုပ်အသံကိုကြားပြီး အသက်တစ်ခုအတွက် တစ်ခု အလဲအလှယ်လုပ်ဖို့ ကတိပေးခဲ့တာ "

ကောင်းမင်သည် ကျန်းဖသော်ကို ကယ်တင်လိုက်သည်။သူက ပြန်လှည့်မလာပဲ ဝင်ပေါက်ဆီသွားလိုက်၏။လက်ရှစ်ဖက်သည် တံခါးကို ဖမ်းဆုပ်လိုက်သည်။ကုန်းစီက တံခါးကို ပိတ်ပြီး သူ၏ကြီးမားလှသော ခန္ဓာကိုယ်ဖြင့် ရေများကို ပိတ်ဆို့ထားလိုက်လေသည်!။

"အဲ့ဒီမှာ ကြောင်ရပ်မနေကြနဲ့ ! ထိပ်ကို တက်ကြလေ ! "

ကောင်းမင်က အော်ဟစ်လိုက်သည်။အိမ်မက်ဆိုးသည် အလွယ်တကူပြီးဆုံးမည်မဟုတ်မှန်း သူသိပေသည်။

မှန်များ အက်ကွဲလာကြသည်။ရေထုသည် အက်ကွဲကြောင်းများမှ တဆင့်စိမ့်ဝင်လာကြလာလေသည်။ရေအမြင့်သည် ဆက်လက်တိုးလာနေသော်လည်း အရင်ထက်စာပါက အနည်းငယ်နှေး‌ကွေးသွား၏။လွန်ခဲ့သော ဆယ်နှစ်ကအချိန်ဖြင့်နှိုင်းယှဉ်ပါက ကောင်းမင်သည် လူတိုင်းအတွက် အချိန်ဆယ်မိနစ် ပိုယူပေးနိုင်ခဲ့လေသည်။ကလေးများ ၊ သက်ကြီးရွယ်အိုများနှင့် အချို့ဖောက်သည်များသည် စူပါမားကတ် ခေါင်မိုးပေါ်ရောက်သွားကြသည်။ကျန်းတင်းသည် မျက်မှန်လူသစ်နှင့် ချူးစီစီအား လက်ယမ်းပြလိုက်သည်။

"မြန်မြန်လုပ် ! ငါ လှေကားကို ကိုင်ပေးထားမယ် အရင်သွားကြ !"

All Chapters