← Chapters

နွေးထွေးခြင်းနှင့် အကြောက်တရား

Vol. 7 Ch. 101

နွေးထွေးခြင်းနှင့် အကြောက်တရား

Vol. 7 Ch. 101

လူပြက်မိတ်ကပ်သည် ပြယ်လွင့်သွားချေပြီ။ကျန်းတင်း၏လက်သည် ပြတ်ရှဒဏ်ရာများဖြင့် ပြည့်နေလေသည်။သူသည် လှေကားကိုကိုင်ထားရင် ရေထဲတွင် ဟန်ချက်ညီအောင်ကြိုးစားနေ‌ရသည်။

"သွားတော့ ! "

ချူးစီစီနှင့် လူသစ်လေးသည် ထိုကဲ့သို့ အန္တရာယ်ရှိလှသော အခိုက်အတန့်တွင် သရဲက သူတို့အား အရင်ဦးစားပေးလိမ့်မည်ဟု မမျှော်လင့်ထားကြပေ။

"မြန်မြန်လုပ် ! "

ပြတင်းပေါက်မှန်များ အက်ကွဲလာရာ စုံစမ်းရေးမှူးနှစ်ယောက်သည် လေထွက်ပေါက်ထဲ တက်လိုက်ကြသည်။တံခါးသည် အရှိန်ပြင်းပြင်းပြေးဝင်လာသော ရေများကြောင့် ပျက်စီးသွားတော့သည်။ရေလုံးကြီးသည် ကောင်းမင်အား စင်တစ်ခုစီသို့ ရိုက်ချသွားသည်။မုန်တိုင်းနှင့် ရေလှိုင်းလုံးများသည် လေးဘက်လေးတန်မှ ဝင်ရောက်နေကြလေသည်။ရေလှိုင်းများကြားတွင် လူများနစ်မြှုပ်သွားကြသည်။သားစားကြူးနတ်ကြောင့်သာမဟုတ်ပါက ကောင်းမင်သည်လည်း ဝါးမြိုခံရပြီးဖြစ်လောက်သည်။

"ရှောင်ကောင်း ငါ့လက်ကို ဆွဲလိုက် "

ကျန်းတင်းသည် ကောင်းမင်ထံ ရွေ့လာရန်ကြိုးစားလိုက်သော်လည်း နောက်ပြန်လည်ထွက်သွားသည်။ရေစီးကြောင်းက လှေကားကို တိုက်ချလိုက်ရာ လှေကားသည် သူ့ပုခုံးပေါ်ပြုတ်ကျသွား၏။ကျန်းတင်းသည် အံကြိတ်လိုက်ပြီး ကောင်းမင်ဆီရောက်လာ၏။

"ကျုပ်ကို ထားခဲ့ ၊ အရင်ထွက်သွားတော့ ! "

ကောင်းမင်သည် သူ့ကျောပိုးအိတ်ကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားလိုက်သည်။သူသာ လူသေဓာတ်ပုံများကို ဆုံးရှုံးလိုက်ရပါက အိမ်မက်ဆိုးထဲတွင် သူပိတ်မိသွားလိမ့်မည်ဖြစ်သည်။သားစားကြူးနတ်ကို သုံး၍ ကောင်းမင်က လှေကားကို ပြင်လိုက်သည်။သူက ကျန်းတင်းကို လှေကားထစ်ပေါ်တွန်းတင်လိုက်သည်။သူတို့သည် လေထွက်ပေါက်ဆီ ရွေ့လျားလိုက်ကြသည်။မှောင်မဲနေသော လေထွက်ပေါက်၏အဝင်ဝသည် နီးလည်းနီး၍ ဝေးလည်းဝေးနေပြန်၏။

ကောင်းမင်၏မြင်ကွင်းထဲမှ ကျန်းတင်းပျောက်ကွယ်သွားသောအခါ တစ်ခုခုမှားနေကြောင်း သူခံစားလိုက်သည်။လေထွက်ပေါက်ထဲတွင် လေတိုက်သံ မိုးရွာသံများရှိမနေချေ။ဒါက စူပါမားကတ်ထိပ်ကို တကယ်သွားတာရော ဟုတ်ပါ့မလား။

သားစားကြူးနတ်သည် သိပ်ကြာကြာတောင့်ခံမနိုင်တော့ချေ။ကောင်းမင်သည် တွေဝေမနေတော့ပဲ ကျန်းတင်းနောက် လိုက်သွားတော့သည်။စူပါမားကတ်ထဲမှ ကောင်းမင်ထွက်လိုက်သည်နှင့် တစ်စုံတစ်ရာက ကျိုးပျက်သွားလေ၏။လေတိုက်သံ မိုးရွာသံများသည် ပျောက်ကွယ်သွားကြသည်။ရုတ်တရက်ကောင်းမင်သည် မြေမာပေါ်တွင်ရပ်နေကြောင်း သတိထားမိလိုက်သည်။ကောင်းမင်က ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ချူးစီစီနှင့် မျက်မှန်လူသစ်သည် ကြောင်အစွာရပ်နေကြကြောင်း သဘောပေါက်သွားသည်။သူတို့သည် ချွေးစေးများဖုံးလွှမ်းလျက် အိမ်မက်ဆိုးမှ နိူးထလာခဲ့ကြပုံပေါ်လေသည်။

"ဒါ ဘယ်နေရာလဲ "

စားပွဲပေါ်ရှိ စကားပြောစက်နှင့် စူပါမားကတ်အား စကင်ဖတ်နေသော ကင်မရာများကို ကြည့်ရင်း ကောင်းမင်က အရာအားလုံးကို နားလည်ရန်ကြိုးစားလိုက်သည်။

"အားလုံးက အိမ်မက်ဆိုးတစ်ခုဖြစ်ခဲ့တာလား ၊ ငါတို့က အောင်အောင်မြင်မြင်နဲ့လွတ်မြောက်ခဲ့ပြီး စောင့်‌ကြည့်ရေးခန်းထဲ ဝင်လာကြတာလား "

ကောင်းမင်သည် စူပါမားကတ်ထဲတွင် ကင်မရာများစွာရှိသော်လည်း စောင့်ကြည့်ရေးခန်းမရှိကြောင်း သတိပြုမိသည်။

"စူပါမားကတ်ပိုင်ရှင်က ဒီနေရာကနေ အားလုံးကို ထိန်းချုပ်နေခဲ့တာလား "

အရာအားလုံးကို သူတို့နားမလည်နိုင်သေးခင် နားနေခန်းတွင် ကျန်ခဲ့သော လူသစ်လေးယောက်သည် နားနေခန်းမှ ထွက်ခွာကြရန် အမိန့်ရခဲ့ကြသည်။

"သူတို့ကို ငါတို့နဲ့အတူ ထွက်လာဖို့ မင်းမပြောခဲ့ဘူးလား "

ကောင်းမင်က မျက်မှန်ဖြင့်လူသစ်၏ အင်္ကျီကော်လံကို ဆွဲလိုက်သည်။ထိုလူသည် အလွန်ထိတ်လန့်နေပေသည်။

"ကျုပ် နားနေခန်းကို သွားခဲ့တယ် ၊ အခန်းက အလွတ်ကြီးဖြစ်နေတယ် "

ထိုလူက ရှင်းပြလိုက်သည်။

"အလွတ်ကြီးလား "

ကောင်းမင်သည် ကင်မရာများဘက်လှည့်ကြည့်လိုက်သည်။လူသစ်လေးယောက်သည် စည်းမျဉ်းများကို နီးကပ်စွာ လိုက်နာနေကြသည်။သုံးမိနစ်ကြာပြီးနောက် သူတို့သည် ငွေရှင်းကောင်တာမှ အချိန်ဇယားကို မရှာတွေ့ခဲ့ကြချေ။ခေါင်းလောင်းသံ မြည်လာခဲ့သည်။ဦးလေးလီသည် အပေါ်ပိုင်းဗလာဖြင့် စူပါမားကတ်ထဲ ဝင်လာခဲ့သည်။သူက တူညီသောစကားကိုပြောလိုက်သည်။ကင်မရာမှတဆင့် သူသည်ကြောက်မက်ဖွယ်ကောင်းနေလေသည်။

"သူတို့က အိမ်မက်ဆိုးထဲ ပိတ်မိနေကြတာလား ၊ ဒါမှမဟုတ် သူတို့က အစစ်အမှန်ကယ်ဆယ်ခံရဖို့ စောင့်နေကြတာလား "

လုံခြုံရေးခန်းထဲတွင် အရာအားလုံးကို ကြည့်ရှုနေရခြင်းသည် ထူးဆန်းသလိုခံစားနေရလေသည်။ကောင်းမင်၏မျက်လုံးများသည် များစွာသောမော်နီတာများကြားတွင် ပြေးလွှားနေ၏။သူ့တွင် မေးခွန်းတစ်ခုရှိနေသေးသည်။ကလေးအလောင်းတွေကို ဖြေရှင်းပါဆိုတာ ဘာအဓိပ္ပါယ်လဲ ။

လူသစ်လေးယောက်သည် သရဲများနှင့်ရင်ဆိုင်ရာတွင် အတွေ့အကြုံမရှိကြပေ။သူတို့သည် ရေနစ်သေထားသော အလောင်းများကို မြင်သောအခါ သူတို့၏ပထမဆုံးတုန့်ပြန်မှုသည် ပုန်းအောင်းကြခြင်းဖြစ်သည်။သူတို့ မူမမှန်ဖြစ်ရပ်ထဲ မဝင်ခင်က ပိုင်ရှောင်က သူတို့အားပြောခဲ့သည်။သူတို့သည် အန္တရာယ်ဖြင့်ကြုံပါက သူတို့ပထမဆုံးလုပ်ရမည့်အရာသည် စီနီယာများ၏စကားကို နားထောင်ရန်ဖြစ်သည်။စီနီယာမရှိသောကြောင့် လူသစ်များသည် ကြောက်ရွံ့နေကြလေ၏။သူတို့သည် စူပါမားကတ်ထဲတွင် ဦးလေးလီနှင့် တူတူပုန်းတမ်းကစားကြတော့သည်။

"ရေနစ်သေထားတဲ့လူသေတစ်ယောက်က စူပါမားကတ်ထဲမှာ လူသားတွေကို ရှာနေတယ် ..."

ချူးစီစီသည် ကင်မရာမှ မြင်ကွင်းများကို ကြည့်ရှုနေ၏။ ထို့နောက် သူမသည် ကောင်းမင်၏ ဇာတ်လမ်းကို ပေါ့ပေါ့ပါးပါးဖြစ်အောင် ပြောင်းလဲပေးနိုင်သည့် စွမ်းရည်ကို သဘောပေါက်သွားသည်။

အမျိုးသမီးစထရင်မာ ဝင်လာချိန်တွင် ဦးလေးလီက စုံစမ်းရေးမှူးများကို ရှာမတွေ့သေးချေ။လူသစ်လေးယောက်၏ ပုန်းနေနိုင်သော အကျယ်အဝန်းသည် ပို၍အကန့်အသတ်ရှိလာ၏။သူတို့သည် လူသေအလောင်းများ၏တွန်းအားပေးမှုကြောင့် ထောင့်သို့တွန်းပို့ခံလိုက်ရသည်။

စူပါမားကတ်ထဲ လူသေများပိုရောက်လာရာ စုံစမ်းရေးမှူးလေးယောက်သည် ရှာတွေ့ခံလိုက်ရလေသည်။အချိန်သည် ထိုကဲ့သို့ပင်ကုန်ဆုံးသွား၏။ကျန်းတင်းသည် ကလေးများကို သွားရှာပြီးနောက် ရေလှိုင်းများတက်လာတော့သည်။ရေကြီးလာသော်လည်း ထိုလေးယောက်သည် ဘာလုပ်ရမည်မှန်း မသိသေးချေ။ယင်းသည် သူတို့အတွက် မူမမှန်ဖြစ်ရပ်ထဲဝင်ရောက်မိသော ပထမဆုံးအကြိမ်‌ဖြစ်ပေသည်။သူတို့၏ စည်းကမ်းစာအုပ်ထဲတွင် ထိုအရာမျိုးမရှိချေ။

စူပါမားကတ်သည် ဖရိုဖရဲဖြစ်နေ၏။ကျန်းတင်းသည် ကလေးများကိုရှာဖွေရင်း အချိန်အတော်ကြာသွားခဲ့သည်။စင်များသည် ကျွမ်းထိုးမှောက်ခုံဖြစ်နေကြသည်။သက်ကြီးရွယ်အိုများသည် ရေထဲမျှောပါသွားကြ၏။စူပါမားကတ်သည် အော်ဟစ်ငိုကြွေးသံများဖြင့် ပဲ့တင်ထပ်နေတော့သည်။အချိန်နောက်ပြန်ရေခြင်း ပြီးသွားသောအခါ ရေလှိုင်းလုံးများဝင်ရောက်လာ၏။လွတ်မြောက်သွားသောဖောက်သည်များသည် စူပါမားကတ်ထဲပြန်တွန်းခံလိုက်ရသည်။ရူးသွပ်နေသောရေလှိုင်းများသည် ရွှံ့နဂါးတစ်ကောင်ကဲ့သို့ အရာအားလုံးကို အမည်မသိနေရာဆီသို့ ဆွဲခေါ်သွားကြသည်။

သားစားကြူးနတ်၏သတိပေးချက်မရှိပဲ ကင်မရာများသည် လွန်ခဲ့သည့်ဆယ်နှစ်ကမြင်ကွင်းများကို ပြသနေလေသည်။

ပစ္စည်းစင်များက ဖောက်သည်များကို တိုက်ချသွားကြသည်။နောက်တံခါးသည် ပိတ်ဆို့သွားခဲ့ပြီဖြစ်သည်။ကျန်းတင်းသည် ကုန်လှောင်ရုံထဲမှ လှေကားတစ်ခုကို ကြိုးစားပမ်းစားသယ်လာခဲ့သည်။ကျန်းတင်သည် စိတ်လှုပ်ရှားစွာဖြင့် စူပါမားကတ်၏လေထွက်ပေါက်သည် တစ်ခုတည်းသော ထွက်သွားရာလမ်းဖြစ်ကြောင်း အော်ပြောလိုက်သည်။လူအုပ်ကြီးကား သူ့ဆီရွေ့လာကြတော့သည်။သူတို့သည် လှေကားထောင်ရန် ကြိုးစားနေကြသော်လည်း လှေကားမဆိုထားဘိ လူများပင် ကောင်းကောင်းမတ်တပ်မရပ်နိုင်ကြပေ။

အချိန်အတော်ကြာပြီးနောက် သူတို့သည် လေထွက်ပေါက်အဖုံးကို ဖွင့်နိုင်သွားသည်။စူပါမားပတ်အတွင်း ရေများအလုံးအရင်းဝင်လာကြသည်။လူအားလုံးသည် ကြောက်ရွံ့နေကြသော်လည်း သူတို့သည် ကလေးများကို အရင်သွားခွင့်ပြုနေသေးသည်။

လူတိုင်းက လှေကားကို တောင့်ခံနိုင်ရန်ကြိုးစားနေကြသည်။ကျန်းတင်းသည် လဲ့ကျားနဲ့လဲ့ရန်ကို မ၍ လှေကားထစ်ပေါ်တင်ပေးလိုက်သည်။ကလေးနှစ်ယောက် လေထွက်ပေါက်ကို ဖြတ်သွားပြီးနောက် ကျန်းတင်းသည် ကျန်းဖသော်ကို မတင်ပေးချင်ခဲ့သည်။သို့သော်လည်း လူတစ်ယောက်သည် ရေထဲလဲကျသွားသဖြင့် လှေကားသည် လဲကျသွားတော့သည်။

အိမ်နီးချင်းသည် ချက်ချင်းပင် ရေထဲမျှောပါသွားကြတော့သည်။ကျန်းတင်းသည် သူ့အသက်ကိုရင်း၍ ကျန်းဖသော်ကို ပင့်မြှောက်ထားလေသည်။သူ့ခန္ဓာကိုယ်သည် စင်များကြားတွင် ညှပ်မိနေလေ၏။သူ့လက်များသည် သွေးကြောများဖြင့် ဖောင်းထနေတော့သည်။သူ့ဘေးရှိဦးလေးလီသည် သူ့ဦးခေါင်းနှင့်ခန္ဓာကိုယ်ကိုသုံး၍ လဲကျလာသောစင်ကို ထိန်းထားသည်။သူသည် လှေကားကို ဆုပ်ကိုင်ထားဆဲဖြစ်သည်။

မည်သည့်အသံမှမပါဝင်သော်လည်း ဗွီဒီယိုများသည် နှလုံးကွဲကြေဖွယ်ရာဖြစ်သည်။

မည်သည့် အံ့ဖွယ်ဖြစ်ရပ်မှ ဖြစ်မလာခဲ့ပေ။ရေထုသည် ကျန်းတင်းကို ဖုံးလွှမ်းသွားခဲ့သည်။သားဖြစ်သူကို တွန်းတင်ထားသော သူ့လက်များသည် အားနည်းလာခဲ့လေသည်။သူသည် နောက်ဆုံးအားအင်ကို သုံး၍ ကျန်းဖသော်ကို လေထွက်ပေါက်အနား နီးကပ်စေရန်ကြိုးစားလိုက်သော်လည်း သူ့ခန္ဓာကိုယ်ကို ရွေ့လိုက်သည်နှင့် သားအဖနှစ်ယောက်လုံး ရေထဲဆွဲခေါ်သွားခံလိုက်ရ‌တော့သည်။

ဗွီဒီယိုများသည် ရေနှင့်ရွှံ့များ ဖုံးလွှမ်းနေ၏။၎င်းသည် နောက်ပိုင်းတွင် ဖြစ်ပျက်ခဲ့သော အရာများဖြစ်နိုင်ပေသည်။အဆုံးသတ်တွင် ကလေးနှစ်ယောက်သာ အသက်ရှင်နိုင်ခဲ့လေသည်။အခြားလူများကို ရှာတွေ့သောအချိန်တွင် သူတို့အလောင်းများသည် ရေနစ်သေဆုံးမှုကြောင့် ဖောင်းပွဖြူလျော်လျက် ဖြစ်နေပြီဖြစ်သည်။

ကင်မရာများ တစ်လုံးပြီးတစ်လုံးကွဲကြေသွားသည်။ကောင်းမင်က တံခါးအပြင်ဘက်မှ တိုက်ခိုက်သံများကို ကြားလိုက်ရသည်။သူက လုံခြုံရေးခန်းရှိ တစ်ခုတည်းသောတံခါးဆီ လျှောက်သွားလိုက်သည်။

"ငါတို့က အိမ်မက်ဆိုးတစ်ခု မက်ခဲ့ရုံပဲ ၊ ဒါက ငါတို့ကို သူတို့ရဲ့နာကျင်မှုထဲဆွဲခေါ်ဖို့ သရဲတွေရဲ့ အထူးစွမ်းအားပဲဖြစ်ရမယ် ငါတို့နောက်တွေ့ရမယ့်အရာက အစစ်အမှန်ပဲ "

လွန်ခဲ့သောဆယ်နှစ်က မိုးသည် ရပ်တန့်သွားပြီဖြစ်သည်။သို့သော်လည်း ဆယ်နှစ်ကြာပြီးနောက် မိုးသည် ဆက်လက်ရွာသွန်းခဲ့ချေပြီ။

ကောင်းမင်က လုံခြုံရေးခန်းကို ဖွင့်လိုက်သည်။စင်များသည် တွန်းလှဲခံထားရပြီး ကုန်ပစ္စည်းများက ပြန့်ကျဲနေကြသည်။နံရံပေါ်တွင်လည်း သွေးများစွန်းထင်းနေလေ၏။

All Chapters