ရေထဲ ဆင်းခြင်း
Vol. 7 Ch. 103
ကျန်းတင်းသည် အရာအားလုံးကို မှတ်မိလေသည်။သူသည် အခြားလူများထက် ပိုမိုနာကျင်နေသော်လည်း ကိစ္စများကို အရှင်းလင်းဆုံး မြင်နေရသည်။
"ကျွန်တော်တို့ စူပါမားကတ်ထဲ ဝင်လာကတည်းက ခင်ဗျား ကူညီနေခဲ့တာလား "
ကောင်းမင်က သူ့အကြည့်ကို အောက်ဖက်သို့ ဆက်လက်အာရုံစူးစိုက်ထားသည်။မဆုံးမရှိသော လူသေအလောင်းများထဲတွင် လူသားအနည်းငယ်ရှိနေလေသည်။
ကျန်းတင်းသည် ကြမ်းပြင်ပေါ်ရှိ အပေါက်ကို ညွှန်ပြလိုက်ပြီး
"ဒီပွင့်နေတဲ့ အပေါက်က မင်းအိမ်မက်ဆိုးထဲမှာ လေထွက်ပေါက်ပဲ စူပါမားကတ်တစ်ခုလုံးက နာကျည်းမှုတွေနဲ့ ဖုံးလွှမ်းနေတာ ရောက်လာတဲ့လူတိုင်းဟာ အိမ်မက်ဆိုးထဲ ကျရောက်သွားကြတယ် မင်းသာ အချိန်တစ်ခုအတွင်း မလွတ်မြောက်နိုင်ဘူးဆိုရင် မင်းလည်း အိမ်မက်ဆိုးရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာလိမ့်မယ် "
"ဒါကြောင့် ဒီနေရာမှာ အချိန်နောက်ပြန်ရေတဲ့ နာရီရှိနေတာပေါ့ "
ကောင်းမင် အရာအားလုံးကို နားလည်သွားသည်။မင်လောင်လမ်းစူပါမားကတ်တွင် ရေကြီးမှုကြောင့်သေဆုံးခဲ့သည့် နာကြည်းသရဲများစွာကို ဖုံးကွယ်ထားသည့် မြေအောက်ခန်းတစ်ခုရှိပေသည်။ကျန်းတင်းနှင့် နာကြည်းမှုမသက်ရောက်ခံခဲ့ရသော အိမ်နီးချင်းအနည်းငယ်သည် ရေသရဲများ၏နှလုံးသားထဲရှိ အမုန်းတရားများကို မျှချေတစ်ခုတွင် ဆက်လက်ထိမ်းသိမ်းထားနိုင်ရန် အရာအားလုံးကြိုးစားနေခဲ့ရသည်။
အပြင်လူများသည် ရေသရဲများကြောင့် အိမ်မက်ဆိုးထဲ ဆွဲခေါ်ခံခဲ့ရပေလိမ့်မည်။ကျန်းတင်းသည် သူတို့ကို ကယ်တင်ရန် အိမ်မက်ဆိုးထဲ ကြိုးစားဝင်ရောက်ခဲ့သည်။ရေသရဲများ ဖန်တီးလိုက်သော ရေကြီးမှုကို ကောင်းမင် မြင်ခဲ့ပြီးဖြစ်ပေသည်။ကျန်းတင်းသည် ကောင်းမင်ကို လေးစားနေခဲ့လေသည်။အဘယ်ကြောင့်ဆိုသော် ကောင်းမင်သည် လွန်ခဲ့သည့်ဆယ်နှစ်က သူ့ဆန္ဒများကို ဖြည့်ဆည်းပေးခဲ့သောကြောင့်ဖြစ်သည်။
"ကျွန်တော့်မှာ နောက်ထပ်မေးခွန်းတစ်ခုရှိတယ် "
ကောင်းမင်က သူရှာတွေ့ထားသော ဓာတ်ပုံကို ထုတ်ပြလိုက်သည်။
"ဒီကလေးနှစ်ယောက်က ရေကြီးမှုမှာ အသက်ရှင်တယ်မလား ၊ သူတို့ဓာတ်ပုံက ဘာလို့ လော့ကာထဲမှာ ရှိနေတာလဲ ပြီးတော့ အလုပ်ချိန်ဇယားက ဘာလို့ကျွန်တော်တို့ကို သူတို့အလောင်းတွေကို ဖြေရှင်းဖို့ ပြောခဲ့တာလဲ "
"လဲ့ကျားနဲ့ လဲ့ရန်က သာမန်ကလေးတွေပါပဲ ၊ ရေကြီးတာက အရမ်းကြီးရုတ်တရက်ဖြစ်သွားခဲ့တာ ဖောက်သည်တွေ အတူတူကြိုးစားလုပ်ခဲ့ပြီးမှ ကလေးနှစ်ယောက်ကိုပဲ ခေါင်မိုးပေါ် ပို့ပေးနိုင်ခဲ့တယ်"
ကျန်းတင်းက ဓာတ်ပုံကို မကြည့်ချင်ခဲ့ပေ။
"သူတို့ပဲ အသက်ရှင်ခဲ့တာဆိုပေမယ့် သူတို့က နာကျင်မှုတွေနဲ့ ရှင်သန်နေကြရတယ် "
"ခင်ဗျား ဘယ်လို သိတာလဲ "
"ဘာကြောင့်လဲဆိုတော့ သူတို့ရဲ့အရေးကြီးဆုံးအရာတွေက ရေထဲမှာ ကျန်ရစ်ခဲ့လို့ပဲ "
ကျန်းတင်းသည် ကောင်းမင်အား ရေထဲငုံ့ကြည့်ရန် လက်ယပ်ခေါ်လိုက်သည်။ရေအနက်ထဲတွင် ကလေးနှစ်ယောက်၏အလောင်း ရှိနေပေသည်။ကလေးတစ်ယောက်သည် မိမိကိုယ်အပြစ်တင်မှုများ ပြည့်နှက်နေပြီး နောက်တစ်ယောက်သည် အကြောက်တရားများ ပြည့်နေလေသည်။
"ထိတ်လန့်နေတဲ့ ကလေးက လဲ့ရန်တဲ့ အကြီးကောင်က လဲ့ကျား ၊ ငါ သူတို့ကို ခေါင်မိုးပေါ်ပို့ပြီးတော့ လဲ့ကျားက လေထွက်ပေါက်မှာ မှင်တက်မိနေခဲ့တယ် သူ့လက်က ငါ့သားဆီလှမ်းနေရင်းပေါ့ "
"ငါက ကျန်းဖသော်ကို အပေါ်ကို ပို့ဖို့ကြိုးစားခဲ့ပေမယ့် လဲ့ကျားက သူ့လက်ကို ဖမ်းမထားနိုင်ခဲ့ဘူး သူက သူ့အချစ်ဆုံးသူငယ်ချင်း ရေထဲပြုတ်ကျသွားတာကို မြင်ခဲ့ရတယ် ၊ သူဟာ သူအနှစ်သက်ဆုံးအိမ်နီးတွေကို ရေတွေက ဝါးမြိုသွားတာကို မြင်ခဲ့ရတယ် "
ကျန်းတင်းသည် နာကျင်စွာဖြင့် ရပ်တန့်လိုက်သည်။
"ကလေးနှစ်ယောက်ရဲ့ မိဘတွေလည်း ရေကြီးမှုကြောင့် သေဆုံးခဲ့ကြတယ် ၊ ဒါပေမယ့် သူတို့က လီစန်းမှာ သေတာမဟုတ်ဘူး ၊ သူတို့က တကျိုက်မှာ အက်ဆီးဒင့်တစ်ခုဖြစ်ခဲ့တာ "
ကလေးနှစ်ယောက်သည် သရဲများကြားတွင် အလွန်သာမန်ဖြစ်နေလေ၏။
"ဆယ်စုနှစ်တွေက ကုန်ဆုံးသွားခဲ့ပြီ ၊ ဒါပေမယ့် လဲ့ကျားနဲ့လဲ့ရန်ဟာ ရေကြီးမှုအကြောင်း အိမ်မက်မက်နေဆဲဖြစ်ပြီး ဒီအိမ်မက်ဆိုးထဲကို ရောက်ရောက်လာကြတယ် ၊ ရေနစ်သေထားတဲ့အလောင်းနှစ်ခုမှာ သူတို့ရဲ့အပြစ်ရှိစိတ်နဲ့ ကြောက်ရွံ့ခြင်းတွေ ရှိနေတယ် သူတို့ရဲ့အလောင်းနှစ်ခု ဒီမှာရှိနေသရွေ့ သူတို့ဟာ ဘယ်တော့မှ ပုံမှန်ဘဝကို ရမှာမဟုတ်ဘူး "
ကျန်းတင်းက အမှန်တရားကို ပြောပြလိုက်သည်။
"အလုပ်ချိန်ဇယားကို ကြည့်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဒါပေမယ့် သူတို့ကို အိမ်မက်ဆိုးထဲက ဆွဲထုတ်ဖို့ဆိုတာ အရမ်းခက်ခဲတယ် "
ကျန်းတင်း၏ရှင်းပြချက်သည် ကောင်းမင်အား ကမ္ဘာနှစ်ခုကြားမှဆက်သွယ်ချက်ကို နားလည်မှုအသစ်တစ်ခု ရရှိသွားစေသည်။သူက သူ့မွေးနေ့လူသေဓာတ်ပုံကို ထုတ်လိုက်ပြီး နောက်ကျောမှ စာသားများကို နှိုင်းယှဉ်လိုက်သည်။
"ကမ္ဘာနှစ်ခုမှာ ဖျောက်ဖျက်၍မရတဲ့ ဆက်သွယ်မှုတစ်ခုရှိတယ် ငါသာ ကလေးနှစ်ယောက်ရဲ့အလောင်းတွေကို လက်တွေ့ဘဝကို ယူလာနိုင်ရင် ဘာများဖြစ်လာမလဲ "
သူ့စိတ်ထဲတွင် ရဲတင်းသော အတွေးတစ်ခုပေါ်လာ၏။ကလေးနှစ်ယောက်၏အလောင်းကို ကောင်းမင်စိုက်ကြည့်လိုက်သည်။
"သူဌေး ကလေးတွေရဲ့ အပြစ်ရှိစိတ်နဲ့အကြောက်တရားကို ဖြေရှင်းဖို့ ကျွန်တော် အလောင်းတွေကို သွားဆယ်ချင်တယ် "
"ဘယ်လိုလုပ်မှာလဲ "
ကျန်းတင်းသည် ကောင်းမင်၏အမြင်ကို ကြားချင်နေ၏။
" အပေါက်ကို ပိုကြီးကြီးလေးဖွင့်ပေးပါ ၊ ကျွန်တော် ခုန်ချမလို့ "
"ဘာ "
ကျန်းတင်းက ခေါင်းခါလိုက်သည်။ထိပ်တိုက်ရင်ဆိုင်မှုများက နောက်ဆုံးတွင် ပြီးသွားခဲ့သည်။ပိုင်ရှောင်နှင့်အခြားစုံစမ်းရေးမှူးသုံးယောက်အား ကျန်းတင်းထံခေါ်ဆောင်လာကြသည်။အိမ်နီးချင်းသရဲများအားလုံးသည် ရွံ့စရာကောင်းလောက်အောင် ရုပ်ဆိုးကြသော်လည်း ပိုင်ရှောင်တို့အဖွဲ့ကို နာကျင်စေခြင်းမရှိပေ။သူတို့ရဲ့ လှုပ်ရှားမှုများကိုသာ ကန့်သတ်ရုံ ကန့်သတ်ထားခြင်းဖြစ်သည်။
ပိုင်ရှောင်က ကောင်းမင်နှင့် ကျန်းတင်းကို တွေ့လိုက်ရသည်။သူ့အကြည့်များက လှုပ်ရှားသွားလေ၏။
"သက်ရှိလူသားတစ်ယောက်လား ၊ ဘာလို့ လူသားတစ်ယောက်က လူသေတစ်ယောက်နဲ့ ရှိနေတာလဲ "
"ဟယ်လို ကပ္ပတိန်ပိုင် "
ကောင်းမင်သည် နောက်ထပ်ပြန်ဆုံရသဖြင့် စကားပြောချင်နေလေသည်။
"ဒီမူမမှန်ဖြစ်ရပ်က တခြားဟာတွေနဲ့ မတူဘူး ၊ ခင်ဗျားစိတ်အေးအေးထားပြီး ကျုပ်ပြောတာကို နားမယ်လို့ မျှော်လင့်တယ် "
ပိုင်ရှောင်သည် များစွာမူမမှန်ဖြစ်ရပ်များကို ကြုံတွေ့ဖူးသည်။သူသည် လီစန်းဌာနတွင် အတော်ဆုံးလူဖြစ်သော်လည်း သူ့ရှေ့တွင် ဖြစ်ပွားနေသည်များသည် ကမ္ဘာကြီးအပေါ်သူ့အမြင်ကို ပြိုကွဲသွားစေ၏။
လွန်ခဲ့သည့် ဆယ်နှစ်က ရေကြီးမှုမှ စ၍ လက်ရှိအချိန်အထိဇာတ်လမ်းကို ကောင်းမင်က ပြောပြလိုက်သည်။သူသည် ပိုင်ရှောင်ကိုလေးစားပြီး သူ့အား သူ့မဟာမိတ်အဖြစ်လိုချင်နေပေသည်။
စုံစမ်းရေးမှူးများသည် အမှန်တရားကို ကြားလိုက်ရသောအခါ တုန်လှုပ်သွားကြတော့သည်။သူတို့က မြေအောက်ထဲကို ကြည့်လိုက်ကြသည်။အဆုံးမရှိသော သရဲများကူးခတ်နေကြ၏။သရဲများသည် 'ရေကြီးမှု'အသစ်သဖွယ်ပုံစံပင် ဖြစ်ပေါ်နေပြီဖြစ်သည်။
အကယ်၍ ကျန်းတင်းသာ သူတို့အား ဤနေရာတွင် တည်ငြိမ်အောင်လုပ်မထားပါက စူပါမားကတ်သည်တစ်ခါထိန်းချုပ်မှုလွတ်သွားသည်နှင့် မင်လောင်လမ်းတစ်ခုလုံး မူမမှန်ဖြစ်ရပ်များ ဖုံးလွှမ်းသွားခဲ့ပြီးဖြစ်ပေလိမ့်မည်။
ပိုင်ရှောင်နှင့်အခြားလူများသည် အကျိုးဆက်များကို တွေးမိလိုက်ပြီး ကျောချမ်းသွားကြလေသည်။
"ဒါဆို မင်လောင်လမ်းကို ကာကွယ်နေကြတာက သရဲတွေပေါ့ ! "
အမှန်တရားသည် အလိမ်အညာထက် ပို၍ပင် အဓိပ္ပါယ်မရှိသော်လည်း ယင်းသည် အမှန်တရားဖြစ်သည်။
ဆန့်ကျင်ဘက်အဖွဲ့များသည် တူညီသောရည်ရွယ်ချက်ရှိသွားကြလေသည်။ပိုင်ရှောင်နှင့် အခြားစုံစမ်းရေးမှူးများသည် တစ်ဦးကိုတစ်ဦးကြည့်လိုက်ကြသည်။ကောင်းမင်သည် ကျန်းတင်းနှင့်အတူ အခိုင်အမာရပ်တည်နေ၏။
သူ့အတိတ်တွင် နေခဲ့စဉ်က သူသည် လီစန်းဌာန၏အကြီးအကဲ ဖြစ်ခဲ့ဖူးလေသည်။သူသည် ကျန်းတင်းနှင့် သဘောတူညီမှုတစ်ခု ပြုလုပ်ခဲ့သည်။ထို့ကြောင့် လီစန်းခရိုင်တွင် အဆင့် ၃ မူမမှန်များ မရှိခဲ့ပေ။သို့သော်လည်း နောက်ပိုင်းတွင် သူသည် ဆန်းကြယ်သောအင်အားစုတချို့၏ သတ်ဖြတ်ခြင်းခံခဲ့ရလေသည်။
ဟန်ဟိုင်းသည် မြင်နေရသလောက် မရိုးရှင်းပေ။များစွာသော အင်အားစုများသည် ထို့အတွက် တိုက်ခိုက်နေကြသည်။ကောင်းမင်တွင် မျှခြေကို ပျက်စီးစေရန်စွမ်းအားရှိကြောင်း သူတို့သိသွားပါက သူတို့သည် သူ့အား အပိုင်းပိုင်းဆွဲဖြဲပေလိမ့်မည်။
"ကျုပ်တို့ ဒါကို ဆွေးနွေးသင့်တယ် "
ဖောက်သည်များက ပိုင်ရှောင်ကို လွတ်ပေးလိုက်ပြီး ထွက်ခွာသွားကြသည်။
"ကျုပ်တို့ ထွက်သွားလို့ ဒီဖြစ်ရပ်ဆိုးကြီးဖြစ်လာလိမ့်မယ်ဆိုရင် ကျုပ်တို့ နေခဲ့မယ် ၊ စုံစမ်းစစ်ဆေးရေးဌာနရဲ့တည်ရှိမှုဟာ ပြည်သူလူထုကို ကာကွယ်ဖို့ပဲ ကျုပ်တို့ ဒါကို ဆန့်ကျင်ဖို့ ဘာမှ လုပ်မှာမဟုတ်ဘူး "
ပိုင်ရှောင်သည် ထိုသို့လူစားမျိုးဖြစ်သည်ကို ကောင်းမင်မအံ့ဩမိပေ။
"ကျုပ်လည်း အကူအညီတစ်ခုလိုတယ် "
ပိုင်ရှောင်က ဖွင့်ထားသော အပေါက်ဆီသွားလိုက်သည်။
"ကျုပ်ညီမနှင့် အခြားအေးဂျင့်တွေကို ကယ်ဖို့ ကျုပ်အိမ်မက်ဆိုးထဲ ဝင်ချင်တယ် ၊ သူတို့က ကျုပ်အမှားကြောင့်ပိတ်မိနေကြတာပဲ သူတို့ကို ခေါ်ထုတ်လာဖို့ ကျုပ်မှာ တာဝန်ရှိတယ် "
ကျန်းတင်း၏အကြည့်သည် ပိုင်ရှောင်နှင့်ကောင်းမင်ကြားတွင် တလှည့်စီဖြစ်နေ၏။သူဌေးကျန်းသည် တစ်နေ့တည်း အရူးနှစ်ယောက်ကို တွေ့နေရလေသည်။သူတို့သည် သရဲများပင်မသွားဝံ့သောနေရာအား သွားချင်နေကြလေသည်။
"အသက်ရှင်နေရတာ ဘာမကောင်းတာရှိလို့တုန်း ၊ အဲ့ဒါက သတ်သေတာထက်တော့ ပိုကောင်းပါတယ် "
ကျန်းတင်းက သူတို့အား ဖျောင်းဖြချင်သော်လည်း ကောင်းမင်က ဖြတ်ပြောလိုက်သည်။
"ကျွန်တော့်ကို သွားခွင့်ပြု "
ကောင်းမင်က သူ့အင်္ကျီလက်ကို ခေါက်တင်လိုက်သည်။သူ့လက်တွင် ရှရန်ဓာတ်ပုံကို ချည်လိုက်၏။အကယ်၍အလုပ်မဖြစ်ပါက ထိုဓာတ်ပုံ သူသုံးရမည်ဖြစ်သည်။ကောင်းမင်က အပေါက်ဆီ ချည်းကပ်သွားပြီး
"ကျွန်တော် ကလေးနှစ်ယောက်ကို ခေါ်လာဖို့ကြိုးစားမယ် ပြီးရင် အခြားအေးဂျင့်တွေကို ကယ်မယ် "
ကောင်းမင် သည် အနာဂတ်တွင် ပိုင်ရှောင်ကို လိုအပ်သောကြောင့် ထိုအန္တရာယ်အား ရင်မဆိုင်စေချင်လဲ့ပေ။
"မင်း သေချာလား "
ကျန်းတင်း ထပ်မေးလိုက်သည်။သူက အပေါက်ကို ဆက်ဖွင့်လိုက်လေသည်။
လက်သင့်မနိုင်ခြင်းနှင့် နာကြည်းမုန်းတီးမှုများသည် မိုးထိလုနီးပါး ဖြစ်နေသည်။
ရေသရဲများ၏ ဖြူလျော်နေသော မျက်နှာများသည် ကောင်းမင်အား စိုက်ကြည့်နေကြလေသည်။