ကယ်တင်ခြင်း
Vol. 7 Ch. 104
"ဒီအောက်မှာ သရဲတွေ ဘယ်လောက်တောင် ရှိနေတာလဲ "
"ငါမသိဘူး ၊ ရေတွက်လို့တောင် မရဘူး "
ကျန်းတင်းက ခေါင်းခါလိုက်သည်။
"နာကြည်းမှုတွေက နာကြည်းမှုကို ဆွဲဆောင်တယ် ၊ ဒါကြောင့် အရေအတွက်က ဆက်တိုးနေတာပဲ "
ကောင်းမင်နှင့် ကျန်းတင်းကြားရှိ စကားများကြောင့် ပိုင်ရှောင် အသက်ပြင်းပြင်းရှူလိုက်မိသည်။သူသည် မူမမှန်ဖြစ်ရပ်အမြောက်အများကို ကြုံတွေ့ဖူးသော်လည်း ထိုသို့ အလွန်ကြောက်စရာကောင်းသော အရာမျိုးကို မကြုံတွေ့ဖူးပေ။
သူ့တွင် သူမတူသည့် သတ္တိရှိသော်လည်း သူသာ အမှန်တကယ်အောက်သို့ ဆင်းရပါလျှင် ကြောက်ရွံ့မှုကို ခံစားရလိမ့်မည်ဖြစ်သည်။နှိုင်းယှဉ်ရသော် ထိုသာမန်လူသည် အနည်းငယ်သာ စိတ်လှုပ်ရှားနေပုံရလေသည်။
"ကျုပ်အရင် သွားရင်ကော "
ပိုင်ရှောင်က ကောင်းမင်ကို တားလိုက်သည်။
"ခင်ဗျားမှာ ဝှက်ဖဲရှိရင်တောင် ဒီလောက်သရဲအများကြီးကို တားဆီးနိုင်မှာ မဟုတ်ဘူး ကျုပ်အရင် သွားထောက်လှမ်းပေးမယ် ပြီးမှ ဒီသေမင်းထောက်ချောက်ကို ဆက်လုပ်သင့် မလုပ်သင့် ခင်ဗျားဆုံးဖြတ်ပေါ့ "
ပိုင်ရှောင်၏စကားများအရ သူသည် ကောင်းမင်အပေါ်ယုံကြည်မှုမရှိကြောင်း သိသာသည်။ထိုကြောင့် သူက ကောင်းမင် ဆက်ဆုံးဖြတ်နိုင်ရန် မျှော်လင့်ထားသည်။ထို့ထက် ကောင်းမင်သည် စုံစမ်းစစ်ဆေးရေးဌာနမှ လူသစ်များနှင့်ပင် အဆက်အသွယ်မရှိချေ။သူသည် မူမမှန်ဖြစ်ရပ်ထဲ ဆွဲခေါ်ခံလိုက်ရသော 'ဖြတ်သွားဖြတ်လာသူ ' မျှသာ ဖြစ်ပေသည်။
"ခင်ဗျားဆင်းသွားရင် ခင်ဗျားကိုပါ ကယ်နေရဦးမယ် "
ကောင်းမင်က ပိုင်ရှောင်ကို ဘေးတွန်းလိုက်၏။သူ့နှလုံးကို လက်ဖြင့် ထိလိုက်သည်။သူသည် အင်္ကျီမချွတ်ပဲ အပေါက်ထဲ ခုန်ချလိုက်လေသည်။နာကျင်မှုများပြည့်နေသည့် မှတ်ဉာဏ်များက လှိုင်းဂယက်များသဖွယ် လွင့်စင်သွားသည်။လက်များစွာသည် ကောင်းမင်၏ခန္ဓာကိုယ်အား ဖမ်း၍ အမှောင်ထုထဲ ဆွဲခေါ်သွားကြသည်။
ကောင်းမင်က ဆက်လက်နစ်မြှုပ်နေခဲ့သည်။သူအောက်ခြေနှင့်နီးလာလေလေ နာကြည်းမှုများ ပိုသန်မာလာလေလေဖြစ်သည်။ထို့ကြောင့်ပင် ကျန်းတင်းက ကလေးအလောင်းများကို ရေထဲ ဆင်းမဆယ်နိုင်ခဲ့ခြင်းဖြစ်သည်။သူတို့သည် သူတို့၏ ဆင်ခြင်တုံတရားကို ထိန်းသိမ်းထားနိုင်ရန် ခက်ခဲသည့်အချိန်တစ်ခုရှိနေခဲ့ပြီးဖြစ်သည်။သူတို့သာ အောက်ခြေသို့ အနီးကပ်သွားရောက်ပါက သူတို့သည် ထိန်းချုပ်မှုလွတ်ပြီး ရူးသွပ်သွားကြပေလိမ့်မည်။
"ကျန်းတင်းက ပုံမှန်သရဲတွေကို လွန်ခဲ့တဲ့ ဆယ်နှစ်လုံးလုံး ကယ်တင်နေခဲ့တာ ဖြစ်မယ် ..."
သေဆုံးသူများ၏မှတ်ဉာဏ်များသည် ကောင်းမင်စိတ်ထဲ ကျူးကျော်ဝင်ရောက်နေကြသည်။ပုတ်ပွနေသော လက်များသည် သူ့ခန္ဓာကိုယ်အား ထိုးစိုက်လာ၏။
"မင်းတို့က အပြစ်မရှိကြပါဘူး ၊ နောက်ကျရင် မင်းတို့ကို ကယ်တင်ပေးပါ့မယ် "
ကောင်းမင်သည် ဗလာကတိများကိုသာ ပေးခဲ့ခြင်းမဟုတ်ပါ။သူ့နှလုံးသားထဲတွင် အတိုင်းအတာတစ်ခုရှိသည်။အပြစ်ကင်းသူများအတွက် ကယ်တင်ခံရခြင်းသည် သာမန်သာဖြစ်သည်။လက်ရှစ်ဖက်က ကောင်းမင်ကို ကာကွယ်လိုက်သည်။သူ့အား သာမန်ရေသရဲများထက် ပိုသန်မာသော 'အသား'က ကာကွယ်ပေးနေ၏။များစွာသော သေဆုံးမှုများပြီးနောက် သူ့၏ခန္ဓာကိုယ်ဖွဲ့စည်းပုံသည် ထက်မြနေသော စိန်တစ်ပွင့်ကဲ့သို့ ဖြစ်နေပေသည်။
ရေသရဲများ၏အမုန်းတရားများသည် သူ့အား အိမ်မက်ဆိုးထဲ ဆွဲမချနိုင်သလို သူတို့လက်ချောင်းများကလည်း သူ့ခန္ဓာကိုယ်ကို မထိုးဖောက်နိုင်ပေ။
သူ့စိတ်ထဲတွင် ရေလွှမ်းမိုးသည့် မှတ်ဉာဏ်များ ဖြတ်ပြေးနေကြသည်။သို့သော်လည်း သေဆုံးသူများ၏ မှတ်ဉာဏ်များသည် သူ့ကိုယ်ပိုင်သေခြင်းတရားများထက် များပြားနိုင်ပါမည်လော ။စူပါမားကတ်အောက်ရှိ ရေသရဲများကို သူမြင်သောအခါ ကြောက်ရွံ့မှုကို မခံစားရပဲ သနားခြင်းကိုသာ ခံစားရလေသည်။
ကျန်းတင်းသည် ကောင်းမင်ကို တိတ်ဆိတ်စွာကြည့်ရှုနေ၏။ လွန်ခဲ့သည့်ဆယ်နှစ်က သူမမြင်ခဲ့ရသော တစ်စုံတစ်ခုကို ကောင်းမင်ထံတွင် မြင်ခဲ့ရသည်။ပိုင်ရှောင်ကား စိုးရိမ်နေပေသည်။ရပ်ကြည့်နေသူတစ်ယောက်၏ ရှုထောင့်အရ သူသည် ကိစ္စများကို ရှင်းလင်းစွာမြင်ရပေသည်။ရှိသမျှသရဲအားလုံးသည် ကောင်းမင်ထံတွင် စုဝေးနေကြသည်။သူသာ အောက်ထဲဆင်းသွားပါက သူသေဆုံးနေလောက်ပြီဖြစ်သည်။
စူပါမားကတ်သည် တိတ်ဆိတ်နေ၏။လုံခြုံရေးအခန်းတံခါး ပွင့်လာခဲ့သည်။ချူးစီစီနှင့် မျက်မှန်လူသစ်သည် ခေါင်းပြူကြည့်လိုက်ကြသည်။သူတို့က ကောင်းမင်ကို မမြင်ပဲ ပိုင်ရှောင်ကို မြင်လိုက်ကြသည်။
"ခေါင်းဆောင်..."
သူတို့သည် ကောင်းမင်၏စကားကို နားမထောင်တော့ပဲ ပြေးထွက်လာကြသည်။
သူတို့ကို မြင်လိုက်ရသည့်အတွက် ပိုင်ရှောင်ကျေးဇူးတင်မိသွားသည်။တချိန်တည်းမှာပင် သူသည် ကောင်းမင်ကို အားနာမိသွားလေသည်။
"အဲ့ဒီလူငယ်လေးက မင်းတို့ကို ကယ်ခဲ့တာလား "
"ဟုတ်တယ် သူ့နာမည်က ကောင်းမင်တဲ့ ၊ သူက လီကျင်းအိမ်ရာမှာ နေတာ ၊ ကျွန်မနဲ့ကျွန်မဆရာက သူ့ကို တစ်ခါမြင်ဖူးတယ် "
ချူးစီစီက ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။
"သူဘယ်မှာလဲ "
"အောက်မှာ "
နှစ်ဦးသား ပိုင်ရှောင်နား ပြေးလာကြ၏။အောက်သို့ ငုံ့ကြည့်လိုက်ကြသောအခါ သူတို့၏ဦးရေပြားများ ထုံကျဉ်သွားကြသည်။ကောင်းမင်အပေါ်တွင် ရေသရဲများ စုပုံနေကြလေသည်။နာကြည်းမုန်းတီးမှုသည် အလွန်သိပ်သည်းလှသောကြောင့် အကောင်အထည်ပင်ဖြစ်ပေါ်နေ၏။သားစားကြူးနတ်ပင် အကိုက်ခံနေရသည်။
"ရောက်တော့မယ် "
ကောင်းမင် ရေထုထဲတွင် အချိန်အတော်ကြာ ကူးခတ်နေခဲ့သည်။နောက်ဆုံးတွင် ကလေးအလောင်းနှစ်ခုကို သူဖမ်းဆုပ်နိုင်သွားသည်။
"အခု သူတို့ဟာ ရေကြီးမှုရဲ့နာကျင်မှုတွေကို လက်လွတ်နိုင်ပြီး ဘဝသစ်တစ်ခု စတင်နိုင်ပြီ "
ကောင်းမင်အတွက် အကြီးမားဆုံးအံ့အားသင့်စရာသည် ရေကြီးမှုတွင် သေဆုံးခဲ့သောသူများသည် သရဲများဖြစ်လာကြသော်လည်း တစ်ဦးတစ်ယောက်ကိုမှ ထိခိုက်စေခဲ့ခြင်းမရှိပေ။သူတို့သည် ရှင်သန်သူများကို အပြစ်ရှိများမရှိပဲ ရှင်သန်စေခဲ့သည်။
ကောင်းမင်က ကလေးများကို ဖက်လိုက်သည်။သူတို့သည် မတူညီသော ခံစားချက်များ ပေးစွမ်း၏။မိမိကိုယ်ကို အပြစ်ရှိစိတ်သည် မီးတောက်တစ်ခုနှင့်တူ၏။အကြောက်တရားသည် ဘယ်တော့မှ အရည်မပျော်နိုင်သော ရေခဲတုံးတစ်ခုနှင့် တူလေသည်။
နတ်ဘုရား၏ခန္ဓာကိုယ်တွင် ဒဏ်ရာများ ပိုမိုများပြားလာလေသည်။ကောင်းမင်က သူနှင့်အနီးဆုံးတွင်ရှိသော စုံစမ်းရေးမှူးများကို ဖမ်းဆုပ်လိုက်သည်။
"ကုန်းစီက ထပ် မတောင့်ခံနိုင်တော့ဘူး "
သားစားကြူးနတ်၏အကာအကွယ်သည် တောင့်မခံနိုင်တော့ပဲ ကွဲအက်သွားတော့သည်။ကုန်းစီ၏မျက်နှာသည် ကောင်းမင်ဘက် လှည့်လာ၏။သူ၏ချုပ်ထား သောပါးစပ်သည် ကောင်းမင်အား တစ်စုံတစ်ခုပြောနေသကဲ့သို့ လှုပ်နေလေသည်။ကောင်းမင်နားမလည်နိုင်သေးခင် လက်ရှစ်ဖက်ကို ဖွင့်ထုတ်လိုက်၏။ကုန်းစီသည် ကောင်းမင်နှင့်စုံစမ်းရေးမှူးအနည်းငယ်ကို ဆွဲ၍ အပေါက်ဆီသို့ တွန်းလွှတ်လိုက်တော့သည်။
ရေသရဲများသည် ကုန်းစီ၏အသားကို ကိုက်ခဲထားကြသည်။ကုန်းစီ၏ခန္ဓာကိုယ်သည် အရည်ပျော်သွားပြီး ကောင်းမင်၏ခန္ဓာကိုယ်ထဲ တွားဝင်သွားသည်။သားစားကြူးနတ်၏အကာအကွယ်ကို ဆုံးရှုံးလိုက်သည်နှင့် ကောင်းမင်သည် လူအများအပြားကို မကူညီနိုင်တော့ပေ။ထွက်ပေါက်သည် နီးနေသကဲ့သို့ ဝေးလည်းဝေးနေလေသည်။
"ငါ လူတချို့ကို ထားခဲ့မှ ရမယ် "
ထိုအရာကို မြင်သောအခါ ကျန်းတင်းက ရေထဲခုန်ဆင်းလာ၏။သူ့ခန္ဓာကိုယ်တွင် ဒဏ်ရာအမျိုးမျိုးထွက်ပေါ်လာ၏။ဒဏ်ရာများသည် နာကျင်စရာမှတ်ဉာဏ်များကို ဖုံးကွယ်ထားသည်။ဒဏ်ရာအများစုသည် သူ့ ပုံမှန်သရဲများနှင့် အိမ်နီးနားချင်းများဆီမှာ လာခြင်းဖြစ်သည်။
သူ့လူပြက်မိတ်ကပ်သည် ကြောက်မက်ဖွယ်ကောင်းလာတော့သည်။ကျန်းတင်းသည် ရေထဲပျော်ဝင်သွားပြီး ကောင်းမင်အတွက် အချိန်ဝယ်ပေးနိုင်ရန် ပုံစံတစ်ခုဖွဲ့စည်းလိုက်သည်။
ဖျောတော့သော အသားနံ့တစ်ခု ပျံ့နှံ့လာလေသည်။ကောင်းမင်သည် ကလေးအလောင်းနှစ်ခုနှင့် ပိုင်ချောင်းကို ရေပေါ်ဆွဲလာခဲ့သည်။
အခြားစုံစမ်းရေးမှူးများက ချက်ချင်း ကူညီရန်ရောက်လာကြသည်။ကောင်းမင်က သူရေမနစ်ခင် လူများကို တွန်းတင်လိုက်သည်။အဆုံးတွင် ဦးလေးလီက ကောင်းမင်ကို ကယ်လိုက်ရလေသည်။
ရေသရဲများသည် ဒေါသတကြီးပေါက်ကွဲထွက်လာကြ၏။ကျန်းတင်းထွက်လာခဲ့ပြီးနောက် သူက အပေါက်ကို ချိတ်ပိတ်လိုက်လေသည်။သို့သော်လည်း စူပါမားကတ်သည် ပြိုကျတော့မကဲ့သို့ တုန်ခါနေလေ၏။
စင်များအားလုံးသည် ဒယိမ်းဒယိုင်ဖြစ်နေကြသည်။မြေအောက်မှ အဆုံးမရှိသော ငိုညည်းသံများထွက်ပေါ်လာ၏။ပုံမှန်ဖြစ်ရန် အချိန်တစ်ခုယူလိုက်ရသည်။သို့သော်လည်း ကြမ်းပြင်ပေါ်တွင်အက်ကွဲကြောင်းများ ပေါက်ထွက်လာလေသည်။
ကောင်းမင်သည် ကြမ်းပြင်တွင်လဲလျောင်းနေပြီး လှုပ်ရုံမျှသာ လှုပ်နိုင်၏။သားစားကြူးနတ်သည် ထိခိုက်ဒဏ်ရာရခဲ့သည်။သူသည်လည်း ထိုသက်ရောက်မှုကို ခံနေရသည်။သူသေတော့မလို့ ခံစားနေရလေသည်။
ပိုင်ရှောင်ဦးဆောင်သော စုံစမ်းရေးမှုးများနှင့် ကျန်းတင်းဦးဆောင်သော အိမ်နီးချင်းများသည် ကောင်းမင်ဘေးတွင် ဝန်းရံနေကြသည်။ထို 'ဖြတ်သွားဖြတ်လာလူ' သည် ပိတ်မိနေသော စုံစမ်းရေးမှူးများနှင့် ကလေးနှစ်ယောက်ကို ကယ်တင်ခဲ့သည်။သူသည် နှစ်ဘက်စလုံး၏ ချီးကျူးမှုကို ရရှိခဲ့လေသည်။