လွတ်မြောက်ခြင်း
Vol. 7 Ch. 105
ရေသရဲများ၏နာကြည်းမုန်းတီးမှုများသည် ကောင်းမင်အား အဆိပ်အပ်များသဖွယ် ထိုးဖောက်နေကြသည်။သူလွတ်မြောက်လာလျင်ပင် အမုန်းတရားများက ပျောက်ကွယ်မသွားနိုင်ပေ။ အလွန်နာကျင်နေသော ကောင်းမင်ကို မြင်သောအခါ ကျန်းတင်းက ကောင်းမင်ဆီတိတ်တဆိတ်လျှောက်သွားလိုက်ပြီး ကောင်းမင်၏ဦးခေါင်းကို ဖိလိုက်သည်။ ကောင်းမင်ဆီမှ နာကျင်မှုနှင့်အမုန်းတရားများသည် ကျန်းတင်း၏လက်ဖဝါးထံ ရေများသဖွယ်စီးဆင်းသွားကြလေသည်။သိပ်မကြာခင်တွင် ကျန်းတင်းထံ ဒဏ်ရာအသစ်တစ်ခုပေါ်လာ၏။တချိန်တည်းမှာတွင် ကောင်းမင်တစ်ယောက် ပိုသက်သာလာသည်ကို ခံစားလိုက်ရသည်။
သူ့မျက်လုံးများကို ဖွင့်လိုက်ပြီး ပင့်သက်ရှိုက်လိုက်သည်။သူ့နှလုံးကို လက်ဖြင့်ဖိ၍ ဖြည်းဖြည်းထိုင်လိုက်သည်။သူက ပိုင်ရှောင်ဘက် လှည့်လိုက်ပြီး
"အကုန်လုံးကို မကယ်နိုင်ခဲ့လို့ ကျုပ်တောင်းပန်ပါတယ် ၊ ကျုပ်အကောင်းဆုံး ကြိုးစားခဲ့ပါတယ် "
ပိုင်ရှောင်သည် အေးစက်စက်လူတစ်ယောက်ဖြစ်သည်။မည်သို့ တုန့်ပြန်ရမည်မှန်း သူမသိပေ။ခဏကြာပြီးနောက် သူပြောလိုက်သည်။
"ကျုပ်ညီမလေးနဲ့ ကျုပ်အဖွဲ့သားတွေကို ကယ်ပေးခဲ့လို့ ကျေးဇူးတင်ပါတယ် "
ထိုအရာသည် ပိုင်ရှောင်က လူတစ်ယောက်အပေါ်ပထမဆုံး ကျေးဇူးတင်ခြင်းဖြစ်နိုင်၏။သူသည် အလွန်ရိုးသားသူဖြစ်သည်။
"ခင်ဗျား ကျေးဇူးတင်ဖို့မလိုပါဘူး ၊ ကျုပ်ကိုယ်ပိုင်ရည်ရွယ်ချက်နဲ့ ခင်ဗျားကို ကူညီခဲ့တာ ၊ ရိုးရိုးသားသားနဲ့မဟုတ်ဘူး"
ကောင်းမင်၏ပွင့်လင်းမှုကြောင့် လူနှင့်သရဲများကို အံ့ဩသွားစေသည်။
ကောင်းမင်က လက်မြောက်လိုက်ပြီး ပိုင်ရှောင်၏ လက်ကို ဆုပ်ကိုင်လိုက်သည်။
"စူပါမားကတ်ထဲက သရဲတွေက ပုံမှန်လူတွေလား ၊ သူတို့ ခင်ဗျားကို ကယ်တင်ခဲ့သလား "
ပိုင်ရှောင်က ကောင်းမင်၏အမြင်ကို မသိပေ။အနည်းငယ်တွေးတောပြီးနောက် သူခေါင်းငြိမ့်လိုက်သည်။
"ဒီဖောက်သည်တွေက ကျုပ်တို့ကို ကယ်ခဲ့တယ် ဒါပေမယ့် သူတို့ကြောင့်ပဲ ကျုပ်တို့ပိတ်မိခဲ့တာလေ "
"ခင်ဗျားကို ပိတ်မိစေတဲ့လူတွေက မြေအောက်ကရေသရဲတွေပဲ ဒါပြီးတော့ အဲ့ဒီလူသေတွေက ရေကြီးတဲ့အချိန်တုန်းကနေ ရေထဲမှာ ပိတ်မိနေခဲ့ကြတာ ဒါက သူတို့အပြစ်ပဲလား"
ကောင်းမင်က လက်မလွတ်သေးချေ။ပိုင်ရှောင်အား သူ့အမြင်၏အဓိကအချက်ကို မြင်စေလိုသည်။
ပိုင်ရှောင် ဘာမှပြန်မပြောခဲ့သောကြောင့် ကောင်းမင်ဆက်ပြောလိုက်သည်။
"ကျုပ်တို့ ဒီလိုဖြစ်ချင်ခဲ့လား သူတို့လည်း သရဲတစ်ကောင်မဖြစ်ဖို့ အခွင့်အရေးတစ်ခုရှိခဲ့လား "
ပိုင်ရှောင်၏နှလုံးသားထဲတွင် အဖြေတစ်ခုရှိသော် သူစိတ်ရှုပ်ထွေးနေခဲ့သည်။
"ခင်ဗျား ဘာလို့ သူတို့အတွက်ပြောပေးနေတာလဲ "
"လူသားတွေမှာ လူဆိုးနဲ့လူကောင်းဆိုတာ ရှိသလို သရဲတွေမှာလည်း ဆိုးတာ ကောင်းတာ ရှိတယ် ကျုပ်က လူကောင်းတွေနဲ့ အပြစ်မဲ့သူတွေကိုပဲ ကူညီပေးတာ "
ကောင်းမင်က ပိုင်ရှောင်၏ယူနီဖောင်းကို ကြည့်လိုက်သည်။
"စုံစမ်းစစ်ဆေးရေးဌာနက လူတိုင်းက ကောင်းတယ်လို့ ခင်ဗျားထင်လား "
ပိုင်ရှောင်၏အမူအရာပြောင်းလဲသွားသည်ကို မြင်သောအခါ ကောင်းမင်က အရှိန်လျှော့လိုက်သည်။
"ချင်ထျန်းဟာ မြို့တော်အရှေ့ပိုင်းကို သွားတဲ့ခရီးမှာ သေလိမ့်မယ် ဒါပြီးရင် ခင်ဗျားသေတဲ့အလှည့်ရောက်လာလိမ့်မယ် ခင်ဗျားထင်တာက ခင်ဗျားသေတာက လူထုကိုကာကွယ်နိုင်မယ်လို့ တွေးထားလိမ့်မယ် ဒါပေမယ့် စီတုအန်းအတွက်တော့ ခင်ဗျားတို့ဟာ မကောင်းဆိုးဝါးသရဲတွေအတွက် စတေးခံတွေဖြစ်ရုံပဲ ၊ ခင်ဗျားတို့ရဲ့စိတ်ဝိညာဉ်တွေကိုတောင် တန်ဖိုးဖြတ်ထားပြီးပြီ "
"စီတုအန်းလား ၊ ကျုပ်ထင်တာက ခင်ဗျားဌာနကို နားလည်မှုလွဲနေတာ ထင်တယ် "
စီတုအန်းသည် မြို့တော်အရှေ့ပိုင်း၏ယာယီအကြီးအကဲဖြစ်လာပြီးဖြစ်ကြောင်းကို ပိုင်ရှောင်မသိခဲ့ပေ။
"ခင်ဗျားက လီစန်းစုံစမ်းစစ်ဆေးရေးဌာနမှာ အတော်ဆုံးပဲ ၊ ခင်ဗျား စူပါမားကတ်က ထွက်သွားပြီးရင် ချင်ထျန်းနဲ့ ဆက်သွယ်ပါ ၊ မြို့တော်အရှေ့ပိုင်းဌာနရဲ့ တစ်ဖက်ခြမ်းကို ခင်ဗျား ရှာတွေ့ပါလိမ့်မယ် "
ကောင်းမင်က ပိုင်ရှောင်၏မျက်လုံးများကို စိုက်ကြည့်လိုက်သည်။
"တစ်ချိန်တုန်းက ကျုပ်က ဌာနတစ်ခုရဲ့ အကြီးအကဲဖြစ်ခဲ့ဖူးတယ် ၊ကျုပ်က ခင်ဗျားသဘောပေါက်ထားတာထက် ကိစ္စတွေကို အများကြီးပိုသိတယ် "
"ခင်ဗျားငယ်ငယ်က အကြီးအကဲတစ်ယောက်ဖြစ်ခဲ့တာလား "
ပိုင်ရှောင်က မယုံပေ။သို့သော်လည်း ထိုအရာသာ အမှန်တကယ်ဖြစ်ခဲ့ပါက ကောင်းမင်၏မူမမှန်ဖြစ်ရပ်များအပေါ်နားလည်မှုကို ရှင်းပြပြီးသား ဖြစ်သွားပေလိမ့်မည်။
"ကျုပ်ထက် ငယ်တဲ့လူတစ်ယောက် ရှိတယ် ဒါပေမယ့် သူက သေသွားပြီ "
ကောင်းမင်သည်အကြိမ်အနည်းငယ်ကြိုးစားလိုက်သော်လည်း မတ်တပ်မရပ်နိုင်ခဲ့ပေ။သူအရှုံးပေးလိုက်သည်။
"ချင်ထျန်းဆီက သတင်းတွေရရင် ခင်ဗျားကျုပ်ကို ဆက်သွယ်လို့ရတယ် "
ကောင်းမင်သည် ချင်ဂီ၏ဓားနက်ကို ပိုင်ရှောင်ထံ လက်ဆောင်ပေးချင်ခဲ့သည်။ဒေါက်တာလုသည် ထိုဓားကို အရိပ်ကမ္ဘာထဲတွင် ရှာတွေ့ခဲ့ခြင်းဖြစ်သည်။၎င်းသည် အလွန်အမင်းရှားပါးပြီး တစ္ဆေသရဲများကို ထိခိုက်စေနိုင်၏။သို့သော်လည်း ဓားပိုင်ရှင်သည် ချင်ဂီကို သတ်ဖြတ်ခဲ့သူဖြစ်ကြောင်း သံသယဝင်နိုင်၏။
ပိုင်ရှောင်သည် ကောင်းမင်လိမ်နေသည်ဟု မထင်ပေ။ကောင်းမင်သည် မတ်တပ်ရပ်နိုင်သွားပြီး အရာအားလုံး ပြိုကျနေတာကို ကြည့်နေခဲ့သည်။သူသည် လူများကိုကယ်တင်ရန် ကြီးမားသည့်တန်ကြေးတစ်ခုပေးခဲ့ရသည်။ထိုကဲ့သို့လူမျိုးသည် သူ့ကို လိမ်ညာရန်မလိုအပ်ပေ။ပိုင်ရှောင်သည် အမှန်တရားကို လတ်တလော လက်သင့်မခံနိုင်ရုံမျှသာဖြစ်သည်။
"သရဲဖြစ်ဖြစ် လူဖြစ်ဖြစ် ကျုပ် မင်းကို နားလည်စေချင်တာတစ်ခုရှိတယ် "
ကောင်းမင်က ပိုင်ရှောင်ကို လွှတ်ပေးလိုက်သည်။
"ငွေလိုချင်တဲ့လူက ငွေအတွက် ဘာမဆိုလုပ်လိမ့်မယ် ၊ အာဏာလိုချင်သူတွေဟာ သူတို့ရဲ့ ပန်းတိုင်ကို ရောက်ဖို့ အချင်းချင်း လှည့်စားကြလိမ့်မယ် ၊ ဘဝမှာ မင်းဘာလိုချင်လဲဆိုတာကို စဉ်းစားပြီး မင်းဘက်မှာ ဘယ်သူရှိနေလဲဆိုတာကိုပဲ ကြည့်ပါ "
ပိုင်ချောင်နှင့် အခြားလူသစ်များက တဖြည်းဖြည်းနိုးထလာကြသည်။သူတို့၏ခန္ဓာကိုယ်များသည် အရိပ်နှင့်အတူ စိုစွတ်နေ၏။သူတို့အရေပြားများသည် ပုံမှန်မဟုတ်စွာ ဖြူဖျော့နေကြသည်။သူတို့သည် လူသားများထက် သရဲများနှင့်ပင် တူနေသေး၏။
"အစ်ကိုကြီး..."
ပိုင်ချောင်သည် အားနည်းနေခဲ့သည်။သူမ ပထမဆုံးပြုလုပ်သောအရာသည် သူမအစ်ကိုကို ခေါ်၍ အနက်ရောင်ဆက်သွယ်ရေးစက်ကို ဖြုတ်လိုက်ခြင်းဖြစ်သည်။
"ညီမ အားလုံးကို မှတ်တမ်းတင်ထားတယ် ၊ စူပါမားကတ်အတွက် စည်းကမ်းအသစ်တွေကို အစ်ကို ယူသွားမှ ရမယ် "
ပိုင်ရှောင်သည် ဆက်သွယ်ရေးစက်ကို ယူလိုက်ပြီး သူ့ညီမကို တင်းကျပ်စွာဖက်လိုက်လေသည်။သူသည် ထိုအလုပ်ကို အများအပြားလုပ်ခဲ့သောကြောင့် အရိပ်ကူးစက်ခံရသော ခန္ဓာကိုယ်ကို သူသိပေသည်။သူတို့သည် အရိပ်ကမ္ဘာထဲတွင်ဆုံးရှုံးသွားလိမ့်မည်ဖြစ်ပြီး အစစ်အမှန်ကမ္ဘာသို့ နောက်ထပ်ပြန်သွားနိုင်တော့မည် မဟုတ်ချေ။
"မင်းရဲ့ ညီမနဲ့ အခြားအဖွဲဝင်တွေက လီစန်းစုံစမ်းရေးမှူးတွေ ဖြစ်နေကြတုန်းပါပဲ ၊ သူတို့က ဒီနေရာကို လုံခြုံရေးပေးလို့ရတယ် "
ကောင်းမင်က ပိုင်ချောင်အား ဓားစာခံအဖြစ် သဘောမထားခဲ့ပေ။သူတို့သည် အရိပ်ကမ္ဘာတွင် နေဖို့ဖြစ်သွားရုံသာ ဖြစ်သည်။
"မင်းတို့ ပြန်တွေ့ရမှာပါ ၊ ကျုပ်က လီစန်းကို အခြေစိုက်စခန်းကြီးတစ်ခုအဖြစ် ပြောင်းလဲပစ်မှာ ၊ ဖြစ်ရပ်ဆိုး ရောက်လာတဲ့အချိန်ကျရင် လူသားတွေရော သရဲတွေရော အဲ့ဒီမှာ ခိုလှုံရာ ရှာလို့ရတယ် ၊ ကယ်တင်ဖို့ ထိုက်တန်သူအားလုံးကို ကျုပ်ကယ်တင်မယ် ၊ ဒါ ကျုပ်ရဲ့ ရပ်တည်ချက်ပဲ "
ကောင်းမင်သည် ယုံကြည်စိတ်ချရသော ပါတနာများစွာကို အသိအမှတ်ပြုရန် သေခြင်းများစွာကို အသုံးပြုခဲ့သဖြင့် သူတစ်ယောက်တည်း တိုက်ခိုက်ရန် မလိုအပ်တော့ချေ။ပိုင်ရှောင်နှင့်စကားပြောဆိုပြီးနောက် ကျန်းတင်းထံ ပြန်လှည့်လိုက်သည်။သူ့သေဆုံးမှတ်ဉာဏ်များတွင် ကျန်းတင်းမပါဝင်ပေ။လီစန်းဌာနတွင် သူအကြီးအကဲဖြစ်ခဲ့သည့် အချက်အလက်များအရ အတိတ်တွင် သူနှင့်ကျန်းတင်းသည် ယခင်က တစ်ကြိမ် လက်တွဲခဲ့ဖူးကြောင်း ရဲရဲဝံ့ဝံ့ ခန့်မှန်းခဲ့သည်။
"မြေအောက်မှာ ရေသရဲတွေ အများအပြားပိတ်မိနေကြတယ် ၊ သူတို့ရဲ့ နာကြည်းမှုတွေကို ကျုပ်တို့ မဖြေရှင်းနိုင်ရန် ဖြစ်ရပ်ဆိုးက အချိန်မရွေးပေါက်ထွက်သွားနိုင်တယ် ခင်ဗျားလည်း ဘယ်တော့မှ လွတ်မြောက်မှာ မဟုတ်ဘူး "
ကောင်းမင်သည် ကျန်းတင်းလက်မှ ဒဏ်ရာများကို ကြည့်လိုက်သည်။
"သူတို့ဟာ ရေလွှမ်းမိုးမှုအသစ်အဖြစ် ကူးပြောင်းသွားကြပြီ ၊ ခင်ဗျား သူတို့ကို ဒီမှာဆက်ထိန်းသိမ်းထားရင် ဒါက နာကြည်းမှုတွေကို ပိုမိုဆွဲဆောင်နေသလိုပဲဖြစ်မှာ ၊ ဒါကို ခင်ဗျားထောက်ပံ့မပေးနိုင်တော့တဲ့အချိန်ကျရင် 'ဆည်'က ထပ်ကျိုးလာလိမ့်မယ် "
စူပါမားကတ်ထဲရှိ လူတိုင်းကို အတိတ်ကမှတ်ဉာဏ်များက နှိပ်စက်နေကြသည်။ကောင်းမင်က အမှန်ပြောနေခြင်းဖြစ်ကြောင်း သူတို့သိသည်။
"ကျုပ်တို့က သူတို့ကို တစ်ယောက်ပြီးတစ်ယောက်ထုတ်ပြီး ကူညီရမယ်ထင်တယ် "
"မင်းသူတို့ကို သတ်ဖို့ပြောနေတာတော့ မဟုတ်ပါဘူးနော် ဟုတ်တယ်မလား "
ကျန်းတင်း စူပါမားကတ်ထဲသို့ ပြေးသွားသောအခါ အိမ်နီးချင်းများက သူများ များစွာထောက်ပံ့ပေးခဲ့ကြသည်။ထို့ကြောင့် ယခုတွင် သူတို့အား ထောက်ပံ့ပေးချင်နေခြင်းဖြစ်သည်။
"ဘယ်လို ဖြစ်နိုင်မှာလဲဗျာ လူတိုင်းက ကြင်နာတတ်ကြတာပဲ ၊ သူတို့က အကောင်းဆုံးမြို့သူမြို့သားတွေပဲ "
ကောင်းမင်သည် သူအိမ်မက်ဆိုးထဲတွင် ကြုံခဲ့ရသည်များကို မှတ်မိနေဆဲဖြစ်သည်။သူတို့သည် ကလေးများလွတ်မြောက်နိုင်ရန်အတွက် ကြမ်းပြင်ပေါ်မှ လှေကားကို ထိန်းထားရန် အတူတကွ အလုပ်လုပ်ခဲ့ကြသည်။
"ကမ္ဘာနှစ်ခုက တိုက်မိနေကြပြီ ကျုပ်တို့မှာ အခု ဖြေရှင်းချက်အသစ်တစ်ခု ရှိနေပြီ "
ကလေးအလောင်းနှစ်ခုကို ပွေ့ချီရင်း ကောင်းမင်က ဆက်ပြောလိုက်သည်။
"ကျုပ် သူတို့ကို အရိပ်ကမ္ဘာအပြင်ဘက်ခေါ်သွားမယ် ပြီးရင် ကလေးနှစ်ယောက်ကို ပုံမှန်ဘဝပြန်ရောက်စေမယ် ဒါပြီးရင်တော့ တခြားဖောက်သည်တွေကို ကူညီဖို့ ကျုပ်ပြန်လာခဲ့မယ် "
ထိုအချိန်တွင် ကျန်းတင်သည် ကောင်းမင်၏ ကောင်းမွန်သော ရည်ရွယ်ချက်များကို မငြင်းဆန်ခဲ့ပေ။သူသည် ကောင်းမင်အား တချို့ကိစ္စများပြောလိုက်ပြီး စူပါမားကတ်ဝင်ပေါက်ထံ လျှောက်သွားလိုက်သည်။
"တံခါးကို ဖွင့်တဲ့အချိန်တိုင်း မြေအောက်က ရေသရဲတွေက တိုက်ခိုက်ကြလိမ့်မယ် ၊ တန်းစီပြီး ငါးစက္ကန့်အတွင်း ထွက်နိုင်အောင် ကြိုးစားကြပါ "
စုံစမ်းရေးမှူးများက သူတို့၏ပါတနာများကို သယ်ဆောင်ထားကြသည်။ကောင်းမင်က ကလေးနှစ်ယောက်ကို ဆုပ်ကိုင်ထားသည်။
ကျန်းတင်း တံခါးကို ဖွင့်လိုက်သည်နှင့် စူပါမားကတ်ကြမ်းပြင်သည် ပြိုကျသွားခဲ့သည်။ရေဆိုးရေညစ်များ စိမ့်ထွက်လာကြသည်။ရေသရဲများက ကြမ်းပြင်အား ထုရိုက်ဖျက်ဆီးကြတော့သည်။
"သွားကြတော့ ! "
စုံစမ်းရေးမှူးများက မုန်းတိုင်းအတွင်း ပြေးထွက်သွားကြသည်။စူပါမားကတ်အတွင်းမှ ထွက်သွားပြီးနောက် အရိပ်သည် စတင်မှိန်ဖျော့လာတော့သည်။သူတို့သည် မူမမှန်ဖြစ်ရပ်တွင် အသက်ရှင်နိုင်ခဲ့ပြီဖြစ်ပေသည်။
"အစ်ကို...."
အရိပ်ပျောက်ကွယ်သွားသည်နှင့်အမျှ ကောင်းမင် မြေအောက်မှ ကယ်တင်ခဲ့သော စုံစမ်းစစ်ဆေးရေးမှူးများလည်း အလားတူပင်။သူတို့အမူအရာများသည် နာကျင်နေကြသည်။
"ကျန်းတင်းက စူပါမားကတ်တံခါးကို ဖွင့်နိုင်ရုံမကဘူး အရိပ်ကမ္ဘာကနေ ထွက်မယ့်တံခါးကိုလည်း ဖွင့်နိုင်တယ် သူဌေးရဲ့စွမ်းအားက ထူးခြားတာပဲ "
ကောင်းမင်သည် စူပါမားကတ်မှ ထွက်၍ ဝေတယိုနှင့်သွားတွေ့ချင်ခဲ့သည်။ထို့နောက် သူက ဝေတယိုကို ပိုင်ရှောင်အား မြို့တော်အရှေ့ပိုင်းဌာနသည် မည်သို့ဆိုးဝါးကြောင်း ပြောပြစေချင်ခဲ့သည်။သို့သော်လည်း ကျန်းတင်းက သူတို့အား အရိပ်ကမ္ဘာအပြင်ဘက်သို့ တိုက်ရိုက်ပို့ပေးလိုက်လေသည်။
အရိပ်ကမ္ဘာပျောက်ကွယ်သွားပြီးနောက် ကလေးအလောင်းနှစ်လောင်းသည် လူသေဓာတ်ပုံတစ်ခုအဖြစ်ပြောင်းလဲ သွားခဲ့သည်။ ရေကြီးလာသောအချိန်တွင် အိမ်နီးချင်းများ အနက်ရောင်မျက်နှာများဖြင့်ကလေးနှစ်ယောက်ကို ပို့ပေးနိုင်ရန် လှေကားကို ကိုင်ထားကြသည်။ဓာတ်ပုံနောက်ကျောတွင် မည်သည့်စာသားမျှမရှိပဲ ဆည်ကျိုးပေါက်ခဲ့သည့် အချိန်သာရှိလေသည်။
ပိုင်ရှောင်သည် ရှုပ်ထွေးသည့်အမူအရာတစ်ခုရှိနေသည်။လူသစ်များအားလုံးအပါအဝင် အဖွဲ့တစ်မှ လူသစ်ခြောက်ယောက်သာ ထွက်လာနိုင်ခဲ့သည်။
ပိုင်ရှောင်သည် မိုးခိုရန်နေရာတစ်ခု ရှာဖွေလိုက်သည်။သူက ဆက်သွယ်ရေးစက်ကို မသုံးပဲ ကိုယ်ပိုင်ဖုန်းဖြင့် ချင်ထျန်းကို ဆက်သွယ်လိုက်သည်။
အနည်းငယ်စကားပြောပြီးနောက် ပိုင်ရှောင့်မျက်နှာသည် တည်ကြည်သွားသည်။
"ချင်ထျန်းက စီတုအန်းနဲ့ ဆုံခဲ့တာလား "
ကောင်းမင် ရောက်လာခဲ့သည်။
ပိုင်ရှောင်က ခေါင်းငြိမ့်လိုက်သည်။
"မနက်ဖြန်မနက်ကျရင် သူက ဟန်သဲ့ကိုယ်ပိုင်ကျောင်းကို အပို့ခံရလိမ့်မယ် မှတ်တမ်းတွေအရ စုံစမ်းရေးမှူးအဖွဲ့လေးဖွဲ့ကို ပို့ပြီးပြီ ဒါပေမယ့် ဘယ်သူမှ အသက်မရှင်နိုင်ခဲ့ကြဘူး "