← Chapters

အတိတ်

Vol. 8 Ch. 106

အတိတ်

Vol. 8 Ch. 106

"ချင်ထျန်းက ဟန်သဲ့ကိုယ်ပိုင်ကျောင်းကို ပို့ခံရမှာလား "

ကောင်းမင်သည် ပိုင်ရှောင်ထံမှ တန်ဖိုးရှိသည့်သဲလွန်စတစ်ခု ရလိုက်သည်။သူ၏ အရင်အတွေ့အကြုံများအရ ချင်ထျန်းသည် သော့ချက်ဖြစ်သည်။သူ့သေဆုံးမှုသည် ကောင်းမင်အား ပထမဆုံးရွေးချယ်မှုပြုလုပ်ရန် ဖြစ်စေခဲ့သည်။နောက်ဆုံးအကြိမ်က ချင်ထျန်းသည် စီစွေ့အိမ်ရာတွင် သေဆုံးခဲ့သည်။သားစားကြူးနတ်သည်အောင်မြင်စွာ နိုးထနိုင်ခဲ့ပြီး စီတုအန်းက အဆင့် ၄ မူမမှန်ဖြစ်ရပ်ကို အချိန်ကိုက် နိူးဆွခဲ့လေသည်။

သားစားကြူးနတ်အား ယူဆောင်သွားခံရပြီးနောက် ချင်ထျန်းသည် မမြင်နိုင်သော အားတချို့ကြောင့် ဟန်သဲ့ကိုယ်ပိုင်ကျောင်းသို့ ဆွဲခေါ်ခံခဲ့ရသည်။တိုက်ဆိုင်စွာပင် ထိုကျောင်းသည်လည်း စီတုအန်းဆောက်ပေးခဲ့ခြင်းဖြစ်သည်။ကျောင်းသားအများစုသည် သူမွေးစားခဲ့သော မိဘမဲ့များဖြစ်ကြသည်။

"ကြည့်ရတာ စီတုအန်းက သူ့ပစ်မှတ်ကို ပြောင်းလိုက်ပုံပဲ "

ချင်ထျန်း၏သေဆုံးဖြစ်သည် ချိန်းကြိုးသက်ရောက်မှုတစ်ခု ဖြစ်ပွားပေလိမ့်မည်။ကောင်းမင်သည် ချင်ထျန်းကို ကယ်၍ ကံကြမ္မာ၏ အစီအစဉ်အား ထပ်မံပြောင်းလဲလိုနေ‌သည်။

"ကပ္ပတိန်ပိုင် ချင်ထျန်းကို ဟန်သဲ့ကိုယ်ပိုင်ကျောင်းကို မသွားဖို့ ခင်ဗျားအခုသွားပြောရင် ‌ပိုကောင်းလိမ့်မယ် "

ကောင်းမင်သည် သူ့ဖုန်းကို ထုတ်ပြီး အချိန်ကြည့်လိုက်သည်။

"အဲ့ကျောင်းက မကြာမီ အသားကြိတ်စက် ဖြစ်လာတော့မှာ သူ့ကို ပြောလို့မနိုင်ရင် ပြန်ပေးသာဆွဲလာခဲ့ဗျာ "

"သူက ဌာနမှာရှိနေသရွေ့ သူအမိန့်နာခံဖို့လိုတယ် "

ပိုင်ရှောင်က ခေါင်းခါလိုက်သည်။

"စည်းမျဉ်းတွေဆိုတာ အားလုံးရဲ့ဆန္ဒပဲ သေခြင်းတရားတောင် ပြောင်းလဲလို့မရဘူး"

"အကျင့်ပျက်ခြစားမှုက အစစ်အမှန်ပဲ မူမမှန်ဖြစ်ရပ်တွေအတွက် အဖြေတစ်ခုရှိတယ် သူသွားရင်တော့ အကြောင်းပြချက်မရှိဘဲ သေသွားရုံဖြစ်မှာပဲ "

ကောင်းမင်သည် ပိုင်ရှောင်ကို ရှင်းပြရန် အချိန်တစ်ခုယူလိုက်ရသည်။ပိုင်ရှောင်ထွက်သွားပြီးနောက် သူက ချူးစီစီအား စုံစမ်းစစ်ဆေးရေးဌာန၏စွမ်းအားကိုသုံး၍ ရေကြီးမှုတွင် အသက်ရှင်ခဲ့သော ကလေးနှစ်ယောက်ကို ရှာဖွေရန် ပြောလိုက်သည်။

ကောင်းမင်သည် ပင်ပန်းနေပြီဖြစ်သော်လည်း တက္ကစီတစ်စီးခေါ်၍ မြို့ဟောင်း၏ သင်္ဂြိုလ်စက်ရုံကို သွားနေဆဲဖြစ်သည်။ချူးစီစီပို့လာသောဖိုင်များကို ကြည့်၍ ကောင်းမင်သည် ကလေးနှစ်ယောက်အပေါ်အခြေခံနားလည်မှုတစ်ခုရလာခဲ့သည်။

လွန်ခဲ့သည့်ဆယ်နှစ်က လဲ့ကျားနှင့်လဲ့ရန်အား ကယ်ဆယ်ရေးအဖွဲ့များက ရှာတွေ့ခဲ့သည်။သူတို့၏ ငယ်ရွယ်သောအချိန်ကပင် သူတို့၏အချစ်ဆုံးသူငယ်ချင်း ၊ မိဘအရင်းများနှင့် အိမ်နီးချင်းများကို ဆုံးရှုံးခဲ့ရသည်။ပထမဆုံး သူတို့အား သူတို့အဒေါ်အိမ်ကို ပို့ခဲ့သည်။သို့သော်လည်း သူတို့သည် ရေကို အလွန်ကြောက်ရွံ့နေခဲ့သည်။သူတို့သည် ရေပင်မသောက်နိုင်ခဲ့ပေ။

သူတို့အဒေါ်က သူတို့အား ကျောင်းအပ်ပေးခဲ့သည်။သို့သော်လည်း အခြားကလေးများက သူတို့က ရေကိုသုံး၍ အနိုင်ကျင့်ခဲ့ကြလေသည်။လဲ့ကျားသည် သူ့ညီငယ်လေးကို ကာကွယ်ရန် ကျောင်းတွင် ရန်ပွဲများဆင်နွှဲခဲ့ရသည်။အထက်တန်းကျောင်းပြီးနောက် သူတို့ကျောင်းထွက်လိုက်ကြလေသည်။ထို့နောက် သူတို့သည် မြို့ဟောင်း၏သင်္ဂြိုလ်စက်ရုံတွင် အလုပ်သင်အဖြစ် ပို့ခံခဲ့ရသည်။ သူတို့သည် မီးသင်္ဂြိုလ်စက်ရုံတွင် အလုပ်လုပ်ခဲ့ကြပြီး နေ့စဉ်မီးတောက်များဖြင့် လုံးပန်းနေကြလေသည်။

"ကလေးနှစ်ယောက်က သရဲတွေကို မကြောက်ပဲ ရေကိုကြောက်နေကြတယ် "

မီးသင်္ဂြိုလ်စက်ရုံသည် ကြီးမားသည်။နောက်ဆုံးပေါ် မီးသင်္ဂြိုလ်စက်ကြီးနှင့် မီးဖိုအဟောင်းများစွာရှိသည်။ မီးသင်္ဂြိုလ်သည့်နေရာအား တောင်နှင့်မြောက်ဟူ၍ နေရာနှစ်ခုခွဲထားသည်။နံရံပေါ်တွင် ဈေးနူန်းများပင်ရှိသည်။အပြင်အဆင်များကို ရှယ် ၊ ပုံမှန် ၊ ရိုးရိုးဟု ခွဲထားသည်။

"ဒီမှာ ဘယ်လိုအပြင်အဆင်တွေရှိလို့တုန်း "

ကောင်းမင်သည် အစောင့်များကို စီးကရက်တချို့ပေးလိုက်ပြီး သင်္ဂြိုလ်ရုံထဲ ဝင်လိုက်သည်။ညီအစ်ကိုနှစ်ယောက်အား မီးဖိုအလွတ်တစ်ခုဘေးတွင် သူတွေ့လိုက်ရသည်။

ဆယ်နှစ်ကြာပြီးနောက် အကြီးကောင် လဲ့ကျားသည် အရပ်ရှည်ပြီး သန်မာ၏။အငယ်ကောင်လဲ့ရန်သည် ပိန်ပါးပြီး နူးညံ့သည်။သူတို့သည် စကားပြောရုံမျှသာပြောပြီး မျက်လုံးများတောက်ပနေ‌ခြင်းမရှိပေ။သူတို့သည် သာမန်လူငယ်များနှင့်မတူပေ။

"အစ်ကို့ကို လူတစ်ယောက်က မင်းတို့ဆီ တစ်ခုခုပို့ခိုင်းလိုက်တယ် "

ကောင်းမင်သည် ညီအစ်ကိုနှစ်ယောက်၏ 'အလောင်း' မှ ဓာတ်ပုံကို ထုတ်ပေးလိုက်သည်။

ဓာတ်ပုံကိုကြည့်ရင်း ညီအစ်ကိုနှစ်ယောက်သည် မယုံကြည်နိုင်မှုများဖြင့် စိတ်ရှုပ်ထွေးသွားကြသည်။သူတို့သည် ဓာတ်ပုံကို ယူလိုက်ပြီး ဓာတ်ပုံထဲရှိလူများ၏မျက်နှာများကို ထိတွေ့လိုက်ကြသည်။အချိန်အတော်ကြာပြီးနောက် လဲ့ကျားက ခေါင်းမော့ကြည့်လိုက်သည်။

"ကျွန်တော် သူတို့ကို မကြာခဏအိမ်မက်မက်တယ် ၊ သူတို့က ကျွန်တော်တို့ကို ရေထဲက ထပ်ခါထပ်ခါ ကယ်တင်ရင်း အခြားကမ္ဘာတစ်ခုမှာ အသက်ရှင်နေကြသလိုပဲ "

"သူတို့ကို အစ်ကို တွေ့ခဲ့ပြီးပါပြီ ၊ လူတိုင်းက မင်းတို့ကို လက်လွတ်နိုင်ပြီး ဘဝသစ်တစ်ခု စစေချင်နေကြတယ် "

"ကျွန်တော်တို့ မလုပ်နိုင်...."

လဲ့ကျားသည် သူ့လက်များကို ကြည့်လိုက်သည်။

"အရင်တုန်းက သူဌေးကျန်းရဲ့သားက ကျွန်တော့်ရှေ့တည့်တည့်မှာပဲ ကျွန်တော်သာ ကြောက်မနေပဲ ကျွန်တော့်လက်တွေကို ရှေ့ဆက်တိုးနိုင်ခဲ့ရင် သူကို့ ကယ်နိုင်ခဲ့မှာ ကျွန်တော့်အမှားပါပဲ "

ကြင်နာသော လူများသည် မကြာခဏပင် အခက်ခဲဆုံးအချိန်များရှိတတ်ကြသည်။လဲ့ကျားသည် သူ့လက်ချောင်းများကို တင်းတင်းဆုပ်လိုက်သည်။

"ကျွန်တော် အရမ်းခက်ခက်ခဲခဲလေ့ကျင့်ခဲ့တယ် ဒါပေမယ့် လေ့ကျင့်တာ ခက်ခဲလေလေ ဒါကပိုပြင်းထန်လာလေလေပဲ ၊ သူဌေးက ကျွန်တော်တို့ကို တွန်းတင်ပြီးတော့ သူ့သားကို မထားခဲ့တယ် "

"ဒါမှန်ပါတယ် လူတိုင်းက မင်းအပေါ် သူတို့မျှော်လင့်ချက်တွေ ထားခဲ့ကြတာပဲ သူတို့က မင်းဒီလိုဖြစ်နေတာ မမြင်ချင်ကြဘူး မင်း သူတို့အတွက် အသက်ရှင်သင့်တယ်လေ ၊ သူတို့ရဲ့ အနစ်နာခံမှုကို အချည်းနှီးမဖြစ်စေဖို့ ပျော်ပျော်ရွှင်ရွှင်နေရမယ်လေ "

ကောင်းမင်က လူသေဓာတ်ပုံကို ကိုင်လိုက်သည်။ဓာတ်ပုံထဲမှ အရိပ်များထွက်လာကြသည်။သင်္ဂြိုလ်ခန်းထဲတွင် ရုတ်တရက်ရေစီးသံများ ထွက်ပေါ်လာ၏။

လဲ့ကျားနှင့်လဲ့ရန်၏ခန္ဓာကိုယ်သည် တုန်လှုပ်နေကြသည်။သူတို့သည် အမှန်တကယ်ကြောက်ရွံ့နေကြခြင်းဖြစ်သည်။ကောင်းမင်က သူတို့ကို ဖက်ထားလိုက်သည်။

"သူတို့ကို ထပ်ပြီး မစိုးရိမ်စေနဲ့တော့ "

ဓာတ်ပုံထဲမှ ကလေးနှစ်ယောက်ပုံသည် ရှင်းလင်းသွားခဲ့သည်။ရေများသည် အမှောင်ထုကို ဆန့်ကျင်၍ စီးဆင်းနေ၏။အရိပ်ထဲတွင် ဖူးယောင်နေသောအလောင်းများ ထွက်ပေါ်လာကြသည်။

ဦးလေးလီသည် ဝိုင်ပုလင်းကို ကိုင်ပြီး ချောင်းနှစ်ချက်ဆိုးလိုက်သည်။သူက ညီအစ်ကို နှစ်ယောက်အား ပြုံးပြလိုက်သည်။

"စားပြီးကြပြီလား ၊ မင်းတို့ ကောင်မလေးကော ရကြပြီလား ၊ ငါကိုကြည့်ပြီး တစ်နေကုန် အရက်သောက်မနေနဲ့နော် "

"အဓိပ္ပါယ်မရှိတာတွေပြောပြီး အချိန်ဖြုန်းမနေနဲ့ အဘိုးကြီး! "

အရိပ်ထဲမှ အသံတစ်ခုထွက်ပေါ်လာ၏။အဒေါ်မေ့က ဦးလေးလီကို စိုက်ကြည့်လိုက်သည်။ထို့နောက် သူ့အကြည့်သည် လဲ့ကျားနှင့်လဲ့ရန်ဘက်လှည့်လိုက်ပြီး နူးညံ့သွားသည်။

"စာကောင်းကောင်းသင်ပါ ၊ မင်းတို့ အသက်ဘယ်လောက်ရှိရှိ အရေးမကြီးဘူး ၊ မင်းတို့ စာလေ့လာဖို့ကို အာရုံစိုက်ထားရမယ်! "

အဒေါ်မေ့၏ စကားကိုကြားသောအခါ သူတို့၏အရိုးထဲမှ အကြောက်တရားသည် နိူးထလာခဲ့သည်။သူတို့သည် ကလေးအရွယ်ကတည်းကလိုပင် မသိစိတ်မှ ခေါင်းငြိမ့်လိုက်ကြသည်။

ကလေးရယ်သံ ထွက်ပေါ်လာလေ၏။ကျန်းတင်းသည် ကျန်းဖသော်နှင့်အတူ အရိပ်ထဲမှ လမ်းလျှောက်ထွက်လာခဲ့သည်။ကျန်းဖသော်သည် ပြေးထွက်လာပြီး လဲ့ကျားဆီခုန်ဝင်လိုက်သည်။သို့သော်လည်း လဲ့ကျားရင်ဘတ်အထိသာ သူရောက်နိုင်၏။

"မင်းတို့နှစ်ယောက်က အရပ်အရမ်းရှည်တာပဲကွာ ! "

သူတို့သည် အရင်က အရပ်အတူတူပင်ဖြစ်သည်။သို့သော် ယခုတွင် လဲ့ကျားနှင့်လဲ့ရန်က သူ့အား ငုံ့ကြည့်နေကြလေသည်။ယင်းက ကျန်းဖသော်အား မပျော်မရွှင်ဖြစ်စေသည်။လဲ့ကျားက သူ့ညီကို ဆွဲလိုက်သည်။သူတို့သည် ကျန်း‌ဖသော်ရှေ့တွင် ဒူးထောက်လိုက်ကြသည်။သူတို့သည် ကလေးဘဝကလို စုစည်းလိုက်ကြသည်။

"ဟုတ်ပါပြီ ၊ ငါလည်း နောက်ဆုံးကျရင် မင်းတို့လို အရပ်ရှည်လာမှာပါ "

ကျန်းဖသော်သည် သူ့ကပ္ပတိန်ဦးထုပ်ကို ချွတ်လိုက်ပြီး လဲ့ကျားဆီ လွဲပေးလိုက်သည်။

"ရေမကြောက်နဲ့တော့ အခုက မင်းကပ္ပတိန်လုပ်ရမယ့် အလှည့်ပဲ ! "

လဲ့ကျားက ခေါင်းငုံ့လိုက်သည်။မျက်ရည်များ ကျဆင်းလာတော့သည်။

"ငါတောင်းပန်ပါတယ် ၊ ငါမင်းကို ဖမ်းထားလိုက်သင့်တာကွာ "

"တောင်းပန်စရာမလိုပါဘူးကွာ ၊ မင်းအကောင်းဆုံး ကြိုးစားခဲ့တာပဲ ၊ အဲ့အကြောင်းတွေကို မစဉ်းစားနဲ့တော့ "

ကျန်းဖသော်သည် လဲ့ကျားကို လက်သီးတစ်ချက်ထိုးလိုက်ပြီး သူတို့က‌လေးဘဝက ဂိမ်းကစားနေကြသကဲ့သို့ ထွက်ပြေးသွားလေသည်။ညီအစ်ကို နှစ်ယောက်က မတ်တပ်ရပ်လိုက်ပြီး ကျန်းတင်းကို ကြည့်လိုက်သည်။

"ဘဝသစ်တစ်ခု စပါတော့ကွာ "

ကျန်းတင်းသည် သူတို့ပုခုံးများကို ပုတ်လိုက်သည်။သူသည် ညီအစ်ကို နှစ်ယောက်ဆီမှ ဓာတ်ပုံကိုယူလိုက်ပြီး မီးဖိုထဲ ပစ်လိုက်သည်။

"အတိတ်က မင်းတို့ကို ချုပ်နှောင်မထားစေနဲ့တော့ "

ကျန်းတင်းသည် ခလုပ်ကို ဖွင့်လိုက်သော်လည်း မီးဖိုထဲတွင် မီးထွက်မလာပေ။သူသည် ကိုးရိုကားရားဖြင့် ပြန်လှည့်လာပြီး

" ဒါကြီးနဲ့ မင်းတို့ ဘယ်လိုအလုပ်လုပ်နေတာလဲကွ "

အိမ်နီးချင်းများသည် ညီအစ်ကိုနှစ်ယောက်ဘေးတွင် ဝန်းရံလိုက်ကြသည်။အရာအားလုံးသည် အရင်အတိုင်းလိုပင်။

သူတို့အား တစ်ဦးတစ်ယောက်မှ အပြစ်တင်ခြင်း မုန်းတီးခြင်းမရှိပေ။သူတို့သည် သူတို့အား ရှင်သန်စေချင်ကြရုံသာဖြစ်သည်။

မီးဖိုတံခါးကိုပိတ်၍ ခလုပ်ကို နှိပ်လိုက်သောအခါ မီးတောက်များသည် အတိတ်ကို လောင်ကျွမ်းသွားလေတော့သည်။အကြောက်တရားနှင့်အပြစ်ရှိစိတ်တို့ပါဝင်သော အလောင်းများသည် မီးတောက်များထဲတွင် သေဆုံးသွားကြလေပြီ။

တံခါးပွင့်လာသောအခါ ထိခိုက်ပျက်စီးခြင်းမရှိသော လူသေဓာတ်ပုံတစ်ပုံထွက်လာ၏။သို့သော်လည်း မျက်နှာမပါသော ကလေးနှစ်ယောက်ကား ပျောက်ကွယ်သွားခဲ့ပြီဖြစ်လေသတည်း။

All Chapters