← Chapters

ဘတ်စ်ကား

Vol. 8 Ch. 109

ဘတ်စ်ကား

Vol. 8 Ch. 109

"ဘာမှ မဟုတ်ပါဘူးဟာ ၊ ငါနင့်အတွက် စားစရာတွေယူခဲ့ပြီး နင့်မိဘတွေကို လက်ဆောင်ပေးခဲ့တာ နင်မှတ်မိသေးလားလို့ မေးချင်လို့ပါ ၊ ငါအမေက မုန့်နဲ့ ကိတ်မုန့်တွေ လုပ်တဲ့အခါတိုင်း ငါနင့်ကို မျှပေးတယ်လေ ..."

ကျိုးစီစီကောင်းမင်အား မြူးဇစ်ဘောက်လူသတ်သမားဟု သံသယရှိသော်လည်း တစ်ချိန်တည်းမှာပင် သူသည် ထိုကဲ့သို့သော လူစားမဖြစ်နိုင်ဟု ခံစားရသည်။သူမ၏အမြင်အရ ကောင်းမင်သည် ချဉ်းကပ်ရခက်ခဲသော်လည်း သူသည် အလွန်အမင်းတာဝန်ယူတတ်ပြီး တရားမျှတသော အမြင်တစ်ခုရှိသည်။

"ငါကျောင်းတုန်းက နင်ငါ့ကို အများကြီးကူညီခဲ့ပါတယ် "

ကောင်းမင်သည် ကျိုးစီစီအပေါ် အမြင်ကောင်းရှိသည်။

"ငါတို့ဘတ်စ်ကားပေါ်တက်တဲ့အခါ နင်ငါ့ဘေးမှာထိုင်သင့်တယ် တွေ့ဆုံပွဲအတွင်းမှာ အဝေးကြီး မသွားနဲ့ "

ကျိုးစီစီကတွေးလိုက်ပြီး 'ဒီလူက ဘာလို့ ငါ့အတွက် ခက်ခဲအောင်လုပ်ရတာလဲ။ ငါ ဘာမှ မပြောသင့်ဘူး။ အခု ငါက လူသတ်သမားနဲ့ တွဲနေရတယ်!' သို့သော်လည်းသူမသည် မသိစိတ်က ခေါင်းညိတ်နေတုန်းဖြစ်သည်။ ကျိုးစီစီသည် ကတိမပေးချင်သော်လည်း ကောင်းမင်က အဝေးရောက်သွားပြီဖြစ်သည်။

အချိန်ကျ‌ ချေပြီ။ အဲဒီကို မောင်းမယ့် ကျောင်းသား အနည်းငယ်ကလွဲလို့ ကျန်တဲ့ သူတွေ အားလုံး ရှိကြသည်။ ကျိုးစီစီအတွက် အံ့အားသင့်စရာဖြစ်‌ နေသည်။ ဘွဲ့ရပြီးနောက် လူတိုင်းသည် ခွဲခွာကာ ကိုယ်ပိုင်ဘဝဖြင့် ရှင်သန်နေကြခြင်းဖြစ်သည်။စုန့်ရွယ်၏ ဖိတ်ခေါ်မှုကြောင့် 'လူတိုင်း' သည် မုန်တိုင်းအတွင်း ဤစုဝေးပွဲကို တက်ရောက်ရန် ဟန်ဟိုင်းသို့ အမြန်ရောက်လာကြသည်။ အားလုံး ဘတ်စ်ကားပေါ် တက်လိုက်ကြသည်။ကျိုးစီစီသည် ကောင်းမင် ကားပေါ်အရင်တက်ရန်စောင့်နေသော်လည်း ကောင်းမင်သည် ကျိုးစီစီက သူ့အား စောင့်နေသည်ထင်သောကြောင့် သူမဘေးလျှောက်သွားလိုက်လေသည်။

"သွားကြစို့လေ "

"အိုကေ ..."

သူတို့သည် ခုနှစ်တန်းမြောက်အတန်းတွင် ထိုင်လိုက်ကြသည်။သူတို့ ကားပေါ်တက်လာပြီးနောက် ကောင်းမင်သည် ဘာမှ မပြောဘဲ ပြတင်းပေါက်အပြင်ဘက်ကြည့်ရှုနေလေ၏။ကျိုးစီစီသည် စကားများတတ်သူဖြစ်သော်လည်း ထိုအချိန်တွင် ဘာမှ မပြောဝံ့ဖြစ်နေလေသည်။သူမသည် ကောင်းမင်အား မျက်လုံးထောင့်မှတဆင့် လေ့လာနေ၏။မိုးကာအင်္ကျီကို ချွတ်လိုက်ပြီးနောက် ကျိုးစီစီ သည် ကောင်းမင်ကား ကျောင်းတက်စဉ်ကထက် သာလွန်ကြောင်း နားလည်ခဲ့သည်။ သူသည် ကျန်းမာပြီး ကြွက်သားများဖြင့်ကျစ်လျစ် နေလေသည်။

အားကစားခြင်းကို ကြိုက်တဲ့လူအများစုနှင့်မတူဘဲ ကောင်းမင်သည် ကြောက်စရာကောင်းသည့် အရှိန်အဝါများဖြာထွက်နေ၏။ သူသည် အတွေ့အကြုံများစွာရှိပုံရသည်။ သူ့မျက်လုံးများသည် ဇာတ်လမ်းများဖြင့် ပြည့်နေလေ၏။သူသည် ဆေးကျောင်းမှ ဘွဲ့ရခဲ့ပြီး အကျဉ်းထောင်တွင် အလုပ်လုပ်ခဲ့သည်။ သူသည် အသက်အငယ်ဆုံး စိတ်ရောဂါအထူးကုဖြစ်ပြီး ဂိမ်းများဖန်တီးခြင်းကို ဝါသနာပါသူဖြစ်သည်။ သူ့ဝါသနာအတွက် ဆုများပင် ရခဲ့သေးသည်။

ကျိူးစီစီ သည် သူမမျက်နှာကို ဖြည်းညှင်းစွာ လှည့်လိုက်သည်။ သူမသူငယ်ချင်းဟောင်းသည် ချိတ်လိုလူတစ်ယောက်ဖြစ်ကြောင်း သူမသိလိုက်သည်။ ယင်းအား အခြားလူများမြင်ပါက နားလည်မှုလွဲပေလိမ့်မည်။

ကျိုးစီစီသည် စိတ်ပျံ့လွှင့်နေလေ၏။ ကောင်းမင်သည် သူ့အိတ်ထဲ လက်လှမ်းလိုက်ကြောင်း သူမမြင်လိုက်ရသည် ။ သူသည် သေးငယ်ပြီး လက်ရာမြောက်သော မြူးဇစ်ဘောက်ကို ထုတ်၍ ၎င်းနှင့် ကစားနေလေသည်။ မြူးဇစ်‌ဘောက်တွင် သွေးများစွန်းထင်းနေသည်။သေတ္တာအတွင်းတွင် နတ်သမီးတစ်ပါးနှင့် နတ်ဆိုးတစ်ကောင်သည် အင်္ကျီနှင့် မင်္ဂလာဂါဝန်ကို ဝတ်ဆင်၍ နမ်းရှုပ် ကခုန်နေ၏။

ရင်းနှီးနေသော တေးသွားက ထပ်မံစတင်လာသဖြင့် ကျိုးစီစီအား လက်ရှိအချိန်သို့ ပြန်ရောက်သွားစေသည်။သူမ၏လက်ကိုပင် ဘယ်နားထားရမည်မှန်းမသိချေ။ကောင်းမင်သည် မြူးဇစ်ဘောက်အား ဆော့ကစားလျက် ပြတင်းပေါက်မှန်တွင် ပုံရိပ်ပြန်နေသောကျိုးစီစီအား အကဲခတ်နေပေသည်။အားလုံးကို သူသတိထားမိသည်။သူမ၏အမူအရာနှင့်လှုပ်ရှားမှုများမှ တဆင့် ကျိုးစီစီ၏အတွေးများနှင့် သူမသည် လူသားတစ်ယောက်ဖြစ်ကြောင်း အတည်ပြုနိုင်သည်။

သူက လျိုယီထံ မက်ဆေ့တစ်စောင်ပို့လိုက်ပြီး မြူးဇစ်ဘောက်ကို ပြန်သိမ်းလိုက်သည်။ဘတ်စ်ကားကို စက်နိူးလိုက်ပြီး စတင်မောင်းနှင်တော့သည်။စီဆန်းသည် လမ်းပြတစ်ယောက်ကဲ့သို့ လျှောက်သွားနေပြီး လေထုအား ပိုမိုအသက်ဝင်စေရန် ကူညီပေးနေ၏။လူတိုင်းသည် တွေ့ဆုံပွဲအတွက် စိတ်လှုပ်ရှားနေကြလေသည်။

"ဒီကားက ဇိမ်ခံဘတ်စ်ကားပဲ ၊ ကားပေါ်မှာ သောက်စရာတွေကိုတောင် အလကားပေးထားသေးတယ် ၊ ဒီလိုဘတ်စ်ကားမျိုးစီးဖူးတာ ငါ့ရဲ့ပထမဆုံးအကြိမ်ပဲ ကျိုးကျွင်းက အခု အရမ်းချမ်းသာနေတာဖြစ်မယ် "

အချိန်အတော်ကြာပြီးနောက် ကျိုးစီစီက ကောင်းမင်ကို တစ်စုံတစ်ခု ပြောလိုက်သေးသည်။

"ဟုတ်တယ် "

ကောင်းမင်က အချိန်ကိုကြည့်ပြီး မေးလိုက်သည်။

"ငါတို့ ကားစီးလာတာ ဘယ်လောက်ကြာပြီလို့ နင်ထင်လဲ "

"ဆယ်မိနစ်လောက်ပေါ့ "

ကျိုးစီစီသည် ကောင်းမင်က အဘယ်ကြောင့်ထိုမေးခွန်းမျိုး မေးမှန်း မသိချေ။

"ငါတို့ ကားစီးလာတာ တစ်နာရီရှိနေပြီ "

ပြတင်းပေါက်အပြင်မှ မြင်ကွင်းများ ပြောင်းလဲသွား၏။ဘတ်စ်ကားသည် မြို့တော်မှ ထွက်ခွာလာခဲ့ချေပြီ။

"လူတိုင်းက ပျော်ပျော်ရွှင်ရွှင်နဲ့စကားပြောနေကြတယ် ထင်ပါရဲ့ "

ကျိုးစီစီက သူမဖုန်းကို ထုတ်လိုက်သည်။

"ငါတို့ပျော်နေတဲ့အချိန်မှာ အချိန်ကုန်မြန်နေတာပဲ "

"ဒါပေမယ့် ဒီလမ်းက အားလပ်ရက်ဗီလာကို သွားတဲ့လမ်းမဟုတ်ဘူး "

ထိုအချိန်တွင် ဘတ်စ်ကားသည် လမ်းဘေးထိုးရပ်လိုက်လေ၏။

တံခါးပွင့်သွားပြီး အဖြူရောင်ကုတ်ဖြင့် ကျိုးဘိုက ကားပေါ်တက်လာလေသည်။

"ကျိုးကြီး မတွေ့တာကြာပြီကွ!"

စီဆန်းက သူ့အား နွေးနွေးထွေးထွေးနူတ်ဆက်လိုက်သော်လည်း ကျိူးဘိုသည် သူ့အားမြင်ဟန်မရပေ။သူက လျှောက်လမ်းအတိုင်း လျှောက်လာပြီးနောက်ဆုံးတန်းတွင် ဝင်ထိုင်လိုက်သည်။

"ဒေါက်တာကျိုးက အရင်အတိုင်းပဲနော် "

စီဆန်းက ရှက်ကိုးရှက်ကန်းဖြစ်သွားသည်။သူပြန်လှည့်သွားပြီး အခြားလူများဖြင့် စကားပြောဆိုနေလိုက်သည်။

ကျိုးဘို ဘတ်စ်ကားပေါ်တက်လိုက်သောအချိန်တွင် ကောင်းမင်သည် တစ်စုံတစ်ရာမှားယွင်းနေသည်ကို ခံစားခဲ့ရသည်။ကျိုးဘိုသည် အနီရောင်ထီးတစ်ချောင်းယူလာပြီး အဖြူရောင်ကုတ်အင်္ကျီအောက်တွင် လူနာဝတ်စုံဝတ်ဆင်ထား၏။သူ၏ဘယ်ဘက်တွင် လက်အိတ်ဝတ်ထားပြီး သူ့ခန္ဓာကိုယ်သည် အနည်းငယ်ကွေးနေပေသည်။သူကား တူညီသော စကားများကို ထပ်ခါထပ်ခါ ရွက်ဆိုနေလေသည်။ကောင်းမင်နှင့် ကျိုးဘိုသည် အထက်‌တန်းကျောင်းတွင်ရော တက္ကသိုလ်တွင်ရော အတူတက်ခဲ့ကြခြင်းဖြစ်သည်။ကျိုးဘိုသည် စိတ်ကစဉ့်ကလျားရောဂါရှိပြီး သူ့ကိုယ်သူ သတ်သေရန်အကြိမ်များစွာ ကြိုးစားခဲ့ကြောင်း သူသိသည်။

ကျိုးဘို၏ရောက်ရှိလာမှုသည် အလှည့်အပြောင်းတစ်ခု ဖြစ်ခဲ့သည်။ဘတ်စ်ကားပေါ်ရှိ လေထုသည် ထူးဆန်းလာတော့သည်။နာရီဝက်ခန့်ကြာသောအခါ ဒရိုင်ဘာက ကားကို ရုတ်တရက်ရပ်တန့်လိုက်၏။ဆေးရုံတစ်ခုရှေ့တွင် ကားကို ရပ်လိုက်ခြင်းဖြစ်သည်။တံခါးကို ဖွင့်ထားသော်လည်း မည်သူမှ တက်လာခြင်းမရှိပေ။သို့သော်လည်း ဒရိုင်ဘာက လှုပ်ရှားခြင်းမရှိချေ။

ကျောင်းသားအချို့က လောဆော်လိုက်ကြသော်လည်း ဒရိုင်ဘာသည် ခေါင်းကိုငုံ့ထားလျက် ဘာမှ‌မပြောပေ။

သုံးမိနစ်ခန့်ကြာပြီးနောက် ကားပေါ်သို့ ခေါင်းကို ပတ်တီးစီးထားသော လူတစ်ယောက်တက်လာ၏။သူဘယ်လိုပုံစံလဲဆိုတာ ဘယ်သူမှမသိသော်လည်း ထိုလူဘတ်စ်ကားပေါ်ရောက်သည်နှင့် ဒရိုင်ဘာက တံခါးကိုပိတ်လိုက်သည်။

"ကားဆရာ ရပ်ပါဦး ! ဘာလို့ ကြုံရာလူတစ်ယောက်ကို ကားပေါ်တင်ရတာလဲ "

တတိယတန်းတွင်ထိုင်နေသော အတန်းခေါင်းဆောင် ရွှမ်ဟွေ့က မတ်တပ်ထရပ်လိုက်သည်။ထိုအရာသည် သူဘတ်စ်ကားပေါ်တက်လာကတည်းက ပထမဆုံးစကားထပြောခြင်းဖြစ်သည်။

ဒရိုင်ဘာက ပြန်မဖြေခဲ့ချေ။ထူးဆန်းသောလူကလည်း မတုံ့ပြန်ချေ။သူသည် ထိုင်စရာနေရာကိုသာ ဆက်ရှာနေလေ၏။

"ကိစ္စမရှိပါဘူး သူက ဒရိုင်ဘာရဲ့ မိသားစုဝင်တစ်ယောက်ဖြစ်မှာပေါ့ "

စီဆန်းက ငြိမ်းချမ်းရေးသမားတစ်ယောက်အဖြစ်ရောက်လာခဲ့သည်။

"ကြည့်ရတာ သူက နေမကောင်းသလိုပဲ ၊ ဒါတို့ ဒါကိုကုသိုလ်လုပ်တယ်ပဲ ထားလိုက်ကြတာပေါ့ "

"ကုသိုလ်လုပ်တယ် ဟုတ်လား "

ယွမ်ဟွေ့က သူ့ခုံကို ဆုပ်ကိုင်လိုက်ပြီး လူတိုင်းကို စစ်ဆေးလိုက်သည်။

"တွေ့ဆုံပွဲအတွက် မင်းတို့ဒီကို ဘာလို့ရောက်နေမှန်း ငါမသိဘူး ၊ ငါက ဟန်ကျင်းကနေ ဒီကို ခုနှစ်ရက်စောပြီးရောက်လာရတာကွ ၊ ဘာလို့လဲဆိုတော့ ငါဖိအားပေးခံရလို့ပဲ! "

ရွှမ်ဟွေ့သည် အလွန်နာကျင်နေပုံရပြီး တင်းမာနေလေသည်။

"ငါတို့ သေလိမ့်မယ်ကွ ! မင်းတို့ နားမလည်ဘူးလား ၊ သေလိမ့်မယ်ကွ !"

သူသည် သူ့ဆံပင်များကို ဆွဲဆုပ်၍ အော်ဟစ်လိုက်သည်။စီဆန်းနှင့် သင်္ချာကော်မတီကိုယ်စားလှယ် တုပိုင်တို့သည် သူ့အားနှစ်သိမ့်ရန်ရောက်လာကြသည်။အခြားလူများကလည်း သူတို့အချင်းချင်း တီးတိုးတီးတိုးပြောဆိုကြကုန်သည်။အချို့ကပြောသည်မှာ ရွှမ်ဟွေ့သည် စတော့ရှယ်ယာတွင် ငွေကြေးများစွာဆုံးရှုံးခဲ့ရသည် ဟူ၏။သူ့မိသားစုစီးပွားရေးကို ပိတ်သိမ်းလိုက်ရပြီး အွန်လိုင်းလောင်းကစားကို စွဲလန်းသွားခဲ့သည်ဟူ၏။

ခေါင်းတွင် ပတ်တီးစည်းထားသောလူသည် လှည့်ပတ်ကြည့်ရှုလိုက်ပြီး လျိုယီ၏နောက်ဘက်ခုံတွင် ထိုင်ရန်ဆုံးဖြတ်လိုက်သည်။

မိနစ်အနည်းငယ်ကြာပြီးနောက် ကောင်းမင်က လျိုယီထံမှ မက်ဆေ့ရလိုက်သည်။

"ငါ့‌နောက်က ခရီးသည်က ပိုးသတ်ဆေးနံ့တွေထွက်နေတယ် ၊ သူ့လက်ကောက်ဝက်မှာ ကြိုးချည်ထားတဲ့အရာတွေ ထင်ထင်ရှားရှားရှိတယ် ၊ သူ့လက်ဗွေရာတွေကတော့ မီးလောင်ထားတယ် ၊ သူ့မှာ ထီးမပါပေမယ့် သူကတော့ လုံးဝခြောက်သွေ့နေတယ် ၊ သူ့အိတ်ကပ်ထဲမှာ ဓာတ်ပုံအယ်ဘမ်တစ်ခုရှိတယ် ၊ သူဘတ်စ်ကားပေါ်တက်လာကတည်းက အဲ့ဒါကိုပဲ ကြည့်နေတာ ၊ အယ်ဘမ်ထဲမှာ အဖြူအမည်းဓာတ်ပုံတွေ အပြည့်ပဲ "

All Chapters