လေးယောက်ပျောက်နေတယ်
Vol. 8 Ch. 111
"ဒါက တော်တော်အတည်ကြီးလုပ်နေတာပဲ "
တုပိုင်က စကားပြောဂရုကို တချက်ကြည့်လိုက်သည်။သူက ကျိုးကျွင်း၏မက်ဆေ့အား အလေးအနက်မထားပဲ
"ကျောင်းမှာတုန်းကတောင် ငါအတန်းပြေးနေခဲ့တာကို ခုက ကျောင်းပြီးသွားတောင် သူက ငါ့ကို စည်းကမ်းလိုက်နာစေချင်တုန်းလားဟ! "
"အတန်းတက်တာကို ငါလွမ်းတယ်"
ကောင်းမင်က သူ့အိပ်ရာကို တွေ့လိုက်သည်။အိပ်ရာအား မြွေနှင့်အဆောင်များ ရှိမရှိ စစ်ဆေးလိုက်သည်။
"ဒါက မင်းက ကျောင်းဆရာမဟုတ်လို့ပဲ လူတွေက ငါတို့ကို အားလပ်ရက်ရှည်ကြီးတွေရှိတယ်လို့ ပြောကြတယ် ဒါပေမယ့် အဲ့ဒီအချိန်မှာ ဘယ်လောက်အလုပ်လုပ်ရတယ်ဆိုတာ ကျောင်းဆရာတွေပဲ သိတယ် "
တုပိုင်သည် အရပ်ရှည်သည်။သူသည် အထက်တန်းတွင် ကောင်းမင်၏အခန်းဖော်ဖြစ်သည်။
"ငါတို့ဒီကို အားလပ်ရက်အတွက်ရောက်နေတယ်လို့ မင်းတကယ်ကြီးထင်နေတာလား "
ရွှမ်ဟွေ့က အိပ်ခန်းတံခါးကို ပိတ်လိုက်ပြီး မည်းမှောင်စွာပြောလိုက်သည်။
"ငါမင်းတို့ကို အဆောင်ထဲမှာ အကြာကြီးမနေဖို့ပြောချင်တယ် ၊ ကျိုးကျွင်းရဲ့ အမိန့်တွေကို သေသေချာချာလိုက်နာပါ "
"ကျိုးကျွင်းက အခု အောင်မြင်နေပြီဆိုတာ ငါဝန်ခံပါတယ်၊ ဒါပေမယ့် သူ့သူငယ်ချင်းတွေရှေ့မှာ ဘာလို့ ဒီလိုမျိုး လုပ်နေရတာလဲ၊ ဒီကို ပြန်ရောက်လာကတည်းက သူ့အပေါ်ခံစားချက်တွေ မကောင်းဘူး "
တုပိုင်က ကုတင် ၆ ကိုကြည့်လိုက်သည်။ကျိုးကျွင်းသည်လည်း သူတို့နှင့်အတူ တစ်ခန်းတည်းနေခဲ့ခြင်းဖြစ်သည်။ကျိုးကျွင်း အခြားကျောင်းကို ပြောင်းသွားပြီးနောက် ကုတင်၆ သည် အလွတ်အဖြစ်ကျန်နေခဲ့သည်။
"တကယ်လို့ မင်းတို့ သူ့စကားနားမထောင်ရင် လူတွေ သေကြလိမ့်မယ် "
ရွှမ်ဟွေ့က သတိပေးလိုက်သည်။
"ငါ နောက်နေတာမဟုတ်ဘူး ၊ ငါ့မိသားစုလည်း သူ့ကြောင့်သေခဲ့ရတာ ၊ သူက မင်းတို့အားလုံးကို လှည့်စားဖို့ ငါ့ကို အတင်းအကျပ်ဟန်ဟိုင်းကို လာခိုင်းတာ ! "
"အားဟွေ့ မင်းက ဖိအားတွေအောက် ရောက်နေတာလား "
တုပိုင်သည် ရွှမ်ဟွေ့အား နှစ်သိမ့်ပေးချင်သော်လည်း ရွှမ်ဟွေ့က သူ့လက်အား ပုတ်ချလိုက်သည်။
"ငါနဲ့ ဝေးဝေးနေစမ်း ၊ ငါ့နားကပ်မလာနဲ့ ၊ မင်းက လူလား သရဲလားဆိုတာ ဘယ်သူပြောနိုင်မှာလဲ ! "
"ဒုန်း ဒုန်း ! "
အိပ်ခန်းတံခါး ပွင့်လာ၏။စီဆန်းနှင့် တတိယမျိုးဆက်သခင်လေး ဝမ်ကျားတို့သည် အဆင်မပြေမှုများကို ဖြိုခွဲရန် ဝင်လာကြလေသည်။
"အခန်း ၁၃၁၄မှာ ထပ်ဆုံဖို့ဆိုတာ မလွယ်ဘူးနော် ! "
စီဆန်းသည် ဝမ်ကျားနောက် ရိုကျိုးစွာ လိုက်ပါနေ၏။အရင်က စီဆန်းသည် ဘတ်စ်ကတ်ဘောကြယ်ပွင့်တစ်ပွင့် ဖြစ်ခဲ့သည်။သူသည် အရပ်ရှည်ပြီး ချောမောပေသည်။သူက ဝမ်ကျားကို ငုံ့ကြည့်လိုက်သည်။ဝမ်ကျားသည် ချမ်းသာသောဖခင်ရှိရုံမှလွဲ၍ အပြုသဘောဆောင်သော အရည်အချင်းများမရှိဟု ပြောရင်း သူ့နောက်ကွယ်တွင် ထိုသူ၏အမည်ကို ဆဲဆိုလိုက်သည်။
"မင်းတို့ ဒီမှာနေခဲ့ကြ ၊ ငါ ကျိုးကျွင်းကို သွားတွေ့မယ် "
ရွှမ်ဟွေ့သည် ဘာမှ ထပ်မပြောတော့ပေ။သူက ဖုန်းကိုယူပြီး ထွက်သွားလေ၏။
ကောင်းမင်သည် ကုတင်ပေါ်ထိုင်နေရင်း အားလုံးကို လေ့လာနေ၏။အခန်း ၁၃၁၄သည် အရင်က တော်တော်လေး နာမည်ကြီးသည်။အခန်းထဲရှိ လူတိုင်းသည် ထူးခြားသောကြောင့်ဖြစ်သည်။ဝမ်ကျားသည် အချမ်းသာဆုံး ၊ စီဆန်းသည် အားကစားအတော်ဆုံး ၊ တုပိုင် စာပေသမား ၊ ရွှမ်ဟွေ့သည် တာဝန်ယူတတ်ဆုံး ၊ ကောင်းမင်သည် တိတ်တဆိတ်နေတတ်သူ ဖြစ်ပြီး အနိုင်ကျင့်ရန်အလွယ်ဆုံးလူမှာ ကျိုးကျွင်းဖြစ်သည်။
"ကြည့်ရတာ တစ်ယောက်မှ လူစားထိုးခံထားရပုံမရဘူး "
အိပ်ခန်းထဲတွင် ဘာထူးဆန်းမှုမှ မရှိချေ။ကောင်းမင်သည် အချိန်ကိုကြည့်လိုက်ပြီး ခပ်ပေါ့ပေါ့ပြောလိုက်သည်။
"လာကြလေ ၊ ကျောင်းထဲက တခြားနေရာတွေကို သွားစစ်ကြည့်ကရအောင် "
ကောင်းမင်သည် သူ့အခန်းဖော်များကို ဆွဲခေါ်၍ အဆောင်မှ ထွက်လာခဲ့သည်။သူတို့သည် ကျောင်းသားဆောင်နှင့် သင်္ချာဆောင်ကြား ကော်ရစ်ဒါပေါ် လျှောက်လာကြသည်။
"ကောင်းမင် မင်းဘယ်သွားနေတာလဲ "
တုပိုင်သည် စီဆန်း ၊ ဝမ်ကျားတို့ဖြင့်မတူပေ။တစ်ယောက်သည် ချမ်းသာ၍ တစ်ယောက်သည် ချောမောသည်။
"ရွှမ်ဟွေ့က ထူးထူးဆန်းဆန်းလုပ်နေတာ ငါတွေးမိလို့ စည်းမျဉ်းတွေကို ချိုးဖောက်ရင် ဘာဖြစ်မလဲဆိုတာ ငါမြင်ချင်နေတာ "
ကော်ရစ်ဒါတွင် ရပ်နေရင်း ကောင်းမင်သည် အဆောင်အတွင်းရှိ တိုင်ကပ်နာရီကို တစ်ချက်ကြည့်လိုက်သည်။
ကျိုးကျွင်းသည် သူတို့အား ငါးမိနစ်တစ်ကြိမ် မက်ဆေ့ပို့၍ နိူးဆော်နေ၏။နာရီဝက်ကြာပြီးနောက် အဆောင်တံခါးသည် အတွင်းမှ လော့ချပြီးသားဖြစ်ပေလိမ့်မည်။ကျိုးကျွင်းက နောက်ထပ်မက်ဆေ့ပို့လိုက်သည်။
"ငါ ကန်တင်းမှာ လူတိုင်းအတွက် အစားအသောက်တွေ ပြင်ဆင်ထားတယ် ၊ အခုကစပြီး မင်းတို့ကန်တင်းမှာ စားသောက်လို့ရတယ် ၊ ကန်တင်းကို မနက်ခြောက်နာရီက ရှစ်နာရီအထိ ၊ မနက် ဆယ်နာရီခွဲကနေ ညနေ တစ်နာရီခွဲအထိ ၊ ညနေ ငါးနာရီခွဲကနေ မနက် တစ်နာရီခွဲအထိ ဖွင့်ပေးထားတယ် "
မက်ဆေ့သည် ဖျတ်ခနဲကြည့်လိုက်လျှင် သာမန်သာဖြစ်သော်လည်း ကိစ္စများစွာရှိသည်။
"အခုက စပြီးလား ၊ ငါတို့က ဒီမှာ နေရတော့မယ့်ပုံစံနဲ့ ပြောနေတာပဲကွ "
"ကန်တင်းက ညနေတစ်နာရီခွဲထိ ဖွင့်တယ်ဆိုပေမယ့် အဆောင်တွေက အဲ့နောက်ပိုင်း ပိတ်ထားမှာလေ ၊ ကန်တင်းက ကျောင်းသားတွေကို ကျွေးရုံမကပဲ အခြားလူတွေကိုရောပဲပေါ့ "
ကျောင်းသားဆောင်ထဲမှာ မူမမှန်မှုများ မရှိသော်လည်း ကောင်းမင်သည် သူ့အကြည့်ကို ဝင်ပေါက်တွင်သာ အာရုံစူးစိုက်ထားသည်။နာရီဝက်ကြာပြီးနောက်တွင် ကျောင်းသူကျောင်းသား ၄၄ယောက်သာ ထွက်လာလေသည်။ကျိုးဘိုနှင့် ယွမ်ဟွေ့ကို မတွက်ပဲ လေးယောက်ပျောက်နေလေသည်။
ကျောင်းသူကျောင်းသားများသည် အချင်းချင်းစကားပြောဆိုလျက်ရှိကြသည်။ထိုကိစ္စကို မည်သူမှ အာရုံမစိုက်မိကြပေ။ကောင်းမင်သည် သူတို့၏နာမည်နှင့်မျက်နှာများကို မှတ်မိရန်ကြိုးစားလိုက်သော်လည်း သူ့မှတ်ဉာဏ်သည် မှုန်ဝါးသွားသည်ဟု ခံစားလိုက်ရသည်။မည်သူပျောက်သွားမှန်း သူမမှတ်မိတော့ချေ။သူသည် ဓာတ်ပုံများစစ်ဆေးရန် အဆောင်အနားသွားရန်ကြိုးစားလိုက်သော်လည်း ဝင်ပေါက်ပိတ်သွားခဲ့ပြီဖြစ်သည်။
"ကန်တင်းကို သွားကြစို့ ! "
ဝမ်ကျားက ကောင်းမင်အား လက်ယမ်းပြလိုက်သည်။
ဟန်သဲ့ကိုယ်ပိုင်ကျောင်း၏ ကန်တင်းသည် အထပ်သုံးထပ်ရှိပေသည်။အစားအသောက်ဝန်ဆောင်မှုသည် အလိုအလျောက်ဖြစ်သည်။ကျောင်းသားများက ပြတင်းပေါက်တွင် သူတို့၏ကတ်များကို ယမ်းပြလိုက်ရုံသာ လိုအပ်သည်။ကျောင်းသားများ ကတ်မေ့နေခဲ့ပါက သူတို့၏ကျောင်းဝင်နံပါတ်များကို သုံး၍ ဟင်းလျာများ မှာယူနိုင်သည်။အားလုံး အခမဲ့ဖြစ်သည်။
"အခုခေတ်ကျောင်းသားတွေကတော့ ငါတို့ခေတ်ကထက် ပိုလွယ်တာပဲကွ ၊ သူတို့မှာ ရွေးချယ်စရာတွေ အများကြီးပဲ "
စီဆန်းသည် အလိုအလျောက်အစားအသောက်စနစ်ကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သည်။
"ဒါတွေက ကြိုလုပ်ထားတာလေ၊ တစ်ခုခု ချို့တဲ့နေသလို ခံစားရတယ် မနာလိုစရာ ဘာရှိလဲကွာ "
တုပိုင်က ညည်းတွားလိုက်သည်။သူက မီနူးပေါ်မှ အစားအစာများကို ရွေးချယ်လိုက်သည်။တစ်မိနစ်မကြာခင်အတွင်း ပြတင်းပေါက်မှ အစားအစာရနံ့သင်းပျံ့လာ၏။တုပိုင်သည် အစားအစာများကို ယူရန်ပြင်လိုက်သောအခါ သေးငယ်သော လက်တစ်ဖက်သည် သူ့ပန်းကန်မှ တစ်ခုခုကို လျှပ်တပြက်ဆွဲယူသွား၏။
"ဘာလဲဟ "
တုပိုင်သည် ပြတင်းပေါက်ကို ကျော်ကြည့်လိုက်သော်လည်း စက်များကိုသာ မြင်ရသည်။
"ကျိုးကျွင်းက ရူးနေတာလား ၊ ငါတို့ စုဝေးဖို့တောင် လွယ်တာမဟုတ်ဘူး ၊ သူက နေ့လယ်စာအတွက် ငါတို့ကို ဒါတွေ ပေးထားတယ် "
"မင်းမလိုချင်ဘူးဆို ငါ့ကို ပေးလိုက်လေ "
စီဆန်းက ရယ်လိုက်သည်။
"အနံ့တွေက အရသာရှိလိုက်တာ "
အချို့ကျောင်းသားများက ယင်းကို အတွေ့အကြုံတစ်စိတ်တစ်ပိုင်းအဖြစ်ခံယူကြသည်။အနည်းငယ်သာ စောဒကတက်စရာဖြစ်သည်။သူတို့သည် အဝေးမှလာရသော်လည်း သောက်စရာအရက်ပင်မရချေ။
၁၂နာရီထိုးသည့် ခေါင်းလောင်းသံမြည်လာ၏။သူတို့နားထဲတွင် ခြေသံများထွက်ပေါ်လာ၏။လူတိုင်းသည် ကန်တင်းဝင်ပေါက်ဆီ လှည့်ကြည့်လိုက်ကြသည်။
ကျောင်းယူနီဖောင်းဝတ်ထားသော လူကြီးတစ်သိုက်သည် ကန်တင်းထဲ ပြေးဝင်လာကြသည်။သူတို့အများစုသည် မျက်နှာသေဖြင့်ဖြစ်သည်။လူတိုင်းက စာအုပ်တစ်အုပ်စီ ကိုင်ထားကြသည်။သူတို့သည် အစားအစာများကို လျှင်မြန်စွာမှာလိုက်ကြပြီး ထိုင်လိုက်ကြသည်။အချို့သည် အစားအသောက်များကို အငမ်းမရစားသောက်ပြီး ထွက်သွားကြသည်။အချို့က ထိုင်နေပြီး စာဖတ်ရင်း စားသောက်နေကြသည်။
"အကုန် လူကြီးတွေလား "
ကောင်းမင်သည် သူ့ဘေးတွင်ရှိသော 'ကျောင်းသား' ကိုကြည့်လိုက်သည်။ထိုအစ်ကိုကြီးသည် အသက် ၄၀နီးပါးရှိနေပြီဖြစ်သည်။သူ့ဆံပင်များသည် ဖြူဖွေးနေပြီး လွန်စွာအဝေးမှုန်နေ၏။သူစားသောက်ချိန်တွင် သူမျက်နှာသည် ပန်းကန်ထဲ စိုက်ကျလုမတတ်ဖြစ်နေသည်။ကောင်းမင်သည် လက်မအနည်းငယ်တိုး၍ သူဖတ်နေသော စာအုပ်ကို လှမ်းကြည့်လိုက်သည်။စာလုံးများက ပြွတ်သိပ်နေ၏။ကောင်းမင်သည် စာလုံးတိုင်းကို သိသော်လည်း အတူတကွစုစည်းလိုက်လျှင် သူ့အတွက် မည်သည့်အဓိပ္ပါယ်မှ မရှိချေ။တစ်ကျောင်းလုံးသည် ထူးဆန်းသောကုဒ်တစ်ခုကဲ့သို့ ခံစားနေရသည်။
ကောင်းမင်၏လှုပ်ရှားမှုကို အာရုံခံမိသဖြင့် ထိုအစ်ကိုကြီးက ဖြည်းညင်းစွာလှည့်ကြည့်လာသည်။သူသည် ကောင်းမင်ကို စိုက်ကြည့်နေသည်။သူ၏ တုံးတုံးအအမျက်နှာတွင် အပြုံးတစ်ခု ဖြည်းညင်းစွာ ထုတ်ဖော်လိုက်သည်။
"ဟိုင်း ..."
ထို့နောက် သူသည် ကြောက်မက်ဖွယ်တစ်စုံတစ်ရာအား သတိရသွားသကဲ့သို့ သူ့အပြုံးက ပျောက်ကွယ်သွားသည်။
သူသည် ပူလောင်နေသော ခေါက်ဆွဲများကို ကောက်ယူလိုက်ပြီး သူ့လည်ချောင်းထဲ လောင်းထည့်လိုက်လေသည်။ထို့နောက် သူ့စာအုပ်ကို ဆွဲယူလိုက်ပြီး ထွက်ပြေးသွားတော့သည်။
'ကျောင်းသားများ'သည် နာရီဝက်ပျော့ပျော့အတွင်း အစားအသောက်များကို မှာကြားပြီး စားသောက်ပြီးစီးသွားကြသည်။ထိုလူများသည် ကျောင်းသားများဖြစ်သည်ဟု ကောင်းမင်ခံစားနေရသည်။သို့သော်လည်း သူတို့သည် ကောင်းမင်ထက်ပင် အသက်ကြီးနေပုံရသည်။
"လူ့သက်တမ်းကို ချေးယူတဲ့ ဝတ်ပြုမှုတစ်ခုများလား "