ကန်တင်း
Vol. 8 Ch. 112
ကောင်းမင်သည် သားစားကြူးနတ်အားယူဆောင်သွားခဲ့သည်။စီတုအန်း၏ အကျင့်စရိုက်အရ သူသည် ထိုနေရာတွင်အစားထိုးရန် တစ်စုံတစ်ခုကို ပြင်ဆင်လိမ့်မည်ဖြစ်သည်။
"ကောင်းမင် စားပြီးပြီလား "
လျိုယီသည် သူမ၏ ထမင်းပန်းကန်နှင့်အတူ ကောင်းမင်ဘေးလျှောက်လာပြီး အသံနိမ့်နိမ့်ဖြင့်မေးလိုက်သည်။
"ကျိုးကျွင်းက ငါတို့ကို ဒီနေရာပိတ်လှောင်ထားဖို့စီစဉ်ထားပုံရတယ် ၊ ပြီးတော့ သူတို့ကို ဒီလိုကျောင်းသားတွေအဖြစ် ပြောင်းပစ်မယ့်ပုံပဲ "
"အရေးမကြီးပါဘူး ၊ ငါတို့အတန်းက အခြားအသုံးဝင်တာ ရှိ..."
ကောင်းမင်စကားပြောလိုက်ရုံရှိသေးသည် အခြားကျောင်းသားအနည်းငယ်က စားစရာ သောက်စရာများဖြင့် ရောက်လာကြသည်။
"လျိုယီ ခုတလော ဘယ်လိုရှိလဲ "
ချင်ကျွင်းရန်သည် အင်္ဂလိပ်ကော်မတီ ကိုယ်စားလှယ်ဖြစ်သည်။သူသည် ချမ်းသာသော မိသားစုမှလာခြင်းဖြစ်သည်။သူသည် သူ့မိသားစုစီးပွားရေးလုပ်ငန်းကို တာဝန်ယူရန် နိုင်ငံခြားမှ ပြန်လာခါစဖြစ်သည်။
"အဆင်ပြေပါတယ် "
လျိုယီသည် ကောင်းမင်၏ခွဲခြမ်းစိတ်ဖြာချက်ကို ကြားချင်သော်လည်း နှောက်ယှက်ခံလိုက်ရသည်။သူမသည် အနှောက်အယှက်ဖြစ်သွားသော်လည်း သူမတို့သည် သူငယ်ချင်းဟောင်းများဖြစ်သောကြောင့် မျက်နှာတွင် မပေါ်လွင်လိုက်ပေ။
"ကျောင်းတုန်းက ငါတို့နှစ်ယောက်လုံးဟာ ဝူရှဇာတ်လမ်းတွေထဲကလို အားနည်းသူတွေကို ကယ်တင်မယ့် သူရဲကောင်းတွေလိုမျိုး ရှေ့နေတွေဖြစ်ချင်ခဲ့ကြတာနော် "
ချင်ကျွင်းရန်က လျိုယီအတွက် သောက်စရာတချို့ ငှဲ့ပေးလိုက်သည်။
""နင်လုပ်စရာရှိတာတွေကို နင်လုပ်နိုင်ခဲ့လို့ ငါမနာလိုဖြစ်မိတယ် "
"ရှေ့နေတွေက နင်ထင်သလို သူရဲကောင်းတွေ မဟုတ်ပါဘူး ဒီအလုပ်က အဆောင်အယောင်တွေ မရှိဘူးလေ "
လျိုယီက မျက်မှောင်ကြုံ့လိုက်သည်။ချင်ကျွင်းရန်သည် အဘယ်ကြောင့် သူမနားရုတ်တရက်ရောက်လာမှန်း သူမ မသိချေ။
"ငါက ဒီတစ်ကြိမ် ငါ့မိသားစုနဲ့အတူ သင်ယူဖို့ ပြန်လာတာ ၊ ကုမ္ပဏီက ဥပဒေဌာနကိုပါ ပြန်လည်တည်ဆောက်နေတာလေ ၊ နင် ငါနဲ့အလုပ်လုပ်ဖို့ စိတ်ဝင်စားတာ တစ်ခုခုရှိလား ၊ ငါတို့ကုမ္ပဏီက ပရဟိတအပေါ် အာရုံစိုက်ထားတာလေ ၊ငါတို့က ဟန်ဟိုင်းမှာရှိတဲ့ ဆင်းရဲတဲ့ ဒေသခံတွေကို နှစ်စဉ် သောင်းနဲ့ချီပြီး ကူညီပေးသွားမှာ"
ချင်ကျွင်းရန်က မောက်မာစွာပြောလိုက်သည်။ဆင်းရဲသောဒေသခံများဟူသည်မှာ ကျိုးစီစီနှင့် အခြားသူများကို စော်ကားနေခြင်းဖြစ်သည်။
"အဆင်ပြေပါတယ် "
လျိုယီက ထိုင်ချလိုက်ပြီး မက်ဆေ့ချ်ပို့ရန် ဖုန်းကိုထုတ်လိုက်သည်။
"ကောင်းမင်ကိုလည်း မတွေ့ရတာအတော်ကြာပြီကွာ ..နော် "
ချင်ကျွင်းရန်သည် မတ်တပ်ရပ်လိုက်ပြီး ကောင်းမင်အား လူကြီးလူကောင်းဟန်ဖြင့် လက်ဆွဲနူတ်ဆက်လိုက်သည်။
"ငါ စီဆန်းဆီက ကြားခဲ့တာတော့ မင်းက ဆေးကျောင်းတစ်ခုကနေ ဘွဲ့စောစောရခဲ့ပြီး အခု ထောင်ဆရာဝန်ဖြစ်နေတယ်ဆို ၊ ဆိုလိုတာက မင်းက အန္တရာယ်ရှိတဲ့ ရာဇဝတ်မှုတွေနဲ့ ဖြေရှင်းနေရမှာပေါ့ ၊ အလုပ်မှာ တော်တော်ပင်ပန်းမှာပဲ "
"သိပ်မဆိုးပါဘူး ၊ အဲ့အလုပ်ကနေ ငါထွက်ခဲ့ပြီးပြီ "
ကောင်းမင်က ခေါင်းပင် မမော့လိုက်ချေ။
"လက်ရှိမှာတော့ ဟန်ဟိုင်းက တော်တော်လေးရှုပ်ထွေးနေတာ ၊ မင်း ဆေးရုံကောင်းကောင်းတစ်ခုမှာ အလုပ်ရဖို့ အဆက်အသွယ်တွေ လိုမှာပေါ့ ၊ မင်းဘာအကူညီပဲလိုလို ပြောသာပြောလိုက်ကွာ "
ချင်ကျွင်းရန်ပြောလိုက်သော်လည်း သူသည် ကောင်းမင်အား အထင်သေးစွာကြည့်လျက်ရှိသည်။
"ငါက ဆရာဝန်တစ်ယောက်မဟုတ်တော့ဘူး ၊ ငါ့ဝါသနာဟောင်းကို ငါ့အသက်မွေးဝမ်းကြောင်းအဖြစ် ပြောင်းလိုက်ပြီ "
ကောင်းမင် ပြုံးလိုက်သည်။
ကျိုးစီစီသည် ချင်ကျွင်းရန်ကို တားဆီးရန် သူမမျက်မှန်ကို လျင်မြန်စွာပင့်လိုက်သည်။သူမကောင်းမင်ကို ဖုန်းခေါ်ခဲ့သည့်အချိန်က သူမသူငယ်ချင်းဟောင်းသည် သုံးရက်ဆက်တိုက် သတင်းခေါင်းစီးတွင် ဖော်ပြခံရသော ပုဂ္ဂိုလ်ကြီး(လူသတ်သမား)ဖြစ်ကြောင်း သူမသိခဲ့ရသည်!။
နှစ်ပေါင်းများစွာကြာပြီးနောက် ကျောင်းသူကျောင်းသားများသည် ပြောင်းလဲသွားကြချေပြီ။အပြစ်ကင်းစင်မှုများ မရှိတော့ချေ။အချို့စားပွဲဝိုင်းများသည် လူအဖွဲ့အစည်းအသေးလေးတစ်ခုနှင့်တူ၏။သူတို့သည် အသင်းအဖွဲ့၏စည်းမျဉ်းများကို လိုက်နာကြသော်လည်း အချို့မှာ စည်းမျဉ်းအသစ်များကို မလိုက်နာကြချေ။
ကျိုးကျွင်း "ကန်တင်းပိတ်ဖို့ ဆယ့်ငါးမိနစ်ပဲ ကျန်တော့တယ် ကျေးဇူးပြုပြီး ကန်တင်းကထွက်ခွာပြီး အခြားဖွင့်ထားနေရာတွေကို သွားကြပါ "
ကျိုးကျွင်း၏မက်ဆေ့ ထပ်မံထွက်ပေါ်လာ၏။အချို့ကျောင်းသားများက စိတ်ညစ်ညူးသွားကြသည်။ကျောင်းတွင်းအစားအသောက်စားရုံသာဖြစ်သော်လည်း အားလပ်ချိန်အတွက် နောက်ထပ် အကန့်အသတ်ရှိနေပြန်၏။
"ကျိုးကျွင်း မင်းဘယ်မှာလဲ ၊ ထွက်လာပြီး ငါတို့နဲ့ လာသောက်လေကွာ ၊ လူတိုင်း ဒီရောက်နေကြပြီ "
မာထုံသည် အတန်းလူရွှင်တော်ဖြစ်သည်။အားကစားကာလအတွင်း သူသည် ဒုကျောင်းအုပ်အား ထောင်ချောက်ဆင်ခဲ့ပြီး ထုတ်လွှင့်ရေးခန်းထဲ ခိုးဝင်၍ ၁၈+ ဇာတ်ကားများ ပြသခဲ့သည်။သူသည် လူဆိုးတစ်ယောက်မဟုတ်ပေ။ရွှတ်နောက်နောက် လုပ်တတ်ခြင်းဖြစ်သည်။ဘွဲ့ရပြီးနောက် သူသည် သူ့ဖခင်၏ အတွင်းခံကုမ္ပဏီတွင် အလုပ်ဝင်လုပ်ခဲ့သည်။
ကျိုးကျွင်း "ကျေးဇူးပြုပြီး ကန်တင်းကနေ ဖြစ်နိုင်သမျှ မြန်မြန်ထွက်ကြပါ ၊ ကျောင်းရဲ့ အခြားနေရာတွေမှာ အံ့အားသင့်စရာတွေ ငါပြင်ဆင်ထားတယ် "
ကျောင်းသားကျောင်းသူများသည် အုပ်စုလိုက် ထွက်ခွာသွားကြသည်။လျိုယီသည် ချင်ကျွင်းရန်ဖြင့် စကားမပြောချင်သောကြောင့် အခြားမိန်းကလေးသူငယ်ချင်းများဖြင့် သင်္ချာဆောင်သို့ ထွက်သွားလေသည်။နောက်ဆုံးတွင် ကျိုးကျွင်း၏မက်ဆေ့ကို ဂရုမစိုက်သော ယောက်ျားလေးကျောင်းသားတချို့သာ ကန်တင်းထဲ သောက်စားလျက် ကျန်နေရစ်ခဲ့သည်။
"ငါတို့လည်း သွားသင့်ပြီ "
ကောင်းမင် ပန်းကန်ကို ပြန်ထားလိုက်သည်။ဝမ်ကျားသည် သူ့နောက်မှ လိုက်လာ၏။
"မင်းတို့ မနေတော့ဘူးလား "
စီဆန်းသည် မာထုံနှင့် ချီးယားလုပ်ရန်ပြင်နေသော်လည်း ဝမ်ကျားထွက်သွားသောကြောင့် သူ့ခွက်ကို ချ၍ လိုက်လာလေ၏။
အခန်း၁၃၁၄ အုပ်စုသည် ကန်တင်းမှ ထွက်လာကြသည်။သူတို့ ထောင့်တစ်ခုကို ရောက်သောအခါ ဝမ်ကျားက ရုတ်တရက် ကောင်းမင်ကို ပိတ်လိုက်သည်။
"ကောင်းအာ မင်းလျိုယီနဲ့ ဘာတွေပြောခဲ့တာလဲ ၊ မင်းတစ်ခုခု သတိထားမိတာ ရှိလား "
"မင်း ဘာကိုဆိုလိုတာလဲ "
ကောင်းမင် အံ့ဩသွားသည်။ဤတတိယမျိုးဆက် သခင်လေးသည် အလွန်လိမ္မာပါးနပ်သူဖြစ်သည်။သူတို့သည် ကန်တင်းမှ နောက်ဆုံးထွက်လာခြင်းဖြစ်သည်။ကန်တင်းထဲတွင် သောက်စားနေသော ကျောင်းသားငါးယောက် ကျန်သေး၏။
ကန်တင်း၏ သတ္တုဒလိမ့်တုံးသံ ထွက်ပေါ်လာသည်။ကောင်းမင်တို့အုပ်စုသည် ကြည့်ရှုရန် ပြတင်းပေါက်အနီး ရောက်လာကြသည်။
မီးဖိုခန်းနှင့် ညစာစားခန်းကို ကန့်ထားသောအပိုင်ူသည် ပွင့်နေခဲ့သည်။အော်တိုမစ်တစ် မီးဖိုချောင်ထဲမှ စားဖိုမှူးသုံးယောက် ထွက်လာ၏။သူတို့သည် အရပ် ၁.၉မီတာကျော် ရှိကြသည်။သူတို့၏ခန္ဓာကိုယ်များအား အဖြူရောင်အဝတ်အစားများဖြင့်ဖုံးကွယ်ထားပြီး မျက်နှာများကို မမြင်ရပေ။
"ဆိုတော့ ဒါက အလိုအလျောက်စက်မဟုတ်ဘူးပေါ့ "
စီဆန်းက ပြက်ရယ်ပြုလိုက်သည်။
"လာပါ ဘာကြည့်စရာမှ မရှိပါဘူး ၊ စားဖိုမှူးတွေက သူတို့ကို မောင်းထုတ်မလို့နေမှာပေါ့ "
စားဖိုမှူးများက အရက်သောက်နေသော ကျောင်းသားများထံရောက်လာသည်။စားဖိုမှူးများက သူတို့အား တစ်ခုခုပြောလိုက်သည်။ကျောင်းသားသုံးယောက်က မီးဖိုချောင်ထဲ လိုက်သွားကြသည်။ကျန်သည့်နှစ်ယောက်က စောင့်လျက် ကျန်ရစ်ခဲ့လေသည်။နောက်ဆုံးတွင် သူတို့လည်း မီးဖိုချောင်ထဲ ဦးတည်လိုက်ကြသည်။အဆုံးတွင် မည်သူမှ ထွက်မလာကြပေ။လည်ပတ်နေသော စက်သံတစ်သံသာ ကျန်ရစ်ခဲ့လေသည်။
ကျောင်းခေါင်းလောင်းသံ ထပ်မြည်လာ၏။ဝမ်ကျားသည် ထပ်ကစားရန် ဆန္ဒမရှိတော့ချေ။သူသည် ဖုန်းကို ထုတ်လိုက်ပြီး နံပါတ်တချို့ကို ခေါ်ဆိုလိုက်သည်။ဖုန်းအားလုံး ခေါ်ဆိုမရပါပေ။
"ဒါကြီးက ခြောက်ခြားဥယာဉ်ကြီးလားဟ "
ဝမ်ကျားသည် တုန်ယင်နေ၏။
"ဒီခွေးကောင်ကျိုးကျွင်း အရင်တုန်းက သူ့ကို အနိုင်ကျင့်ခဲ့လို့ ငါတို့ကို လက်စားချေဖို့ စီစဉ်ထားတာလား "
ဝမ်ကျားသည် ချီတုချီချဖြစ်နေပြီး သူ့အခန်းဖော်များကို တားဆီးလိုက်သည်။သူသည် သူရှာတွေ့ထားသည်များအား အခန်းဖော်များကို ဝေမျှလိုက်သည်။
"ကန်တင်းထဲက လူကြီးကျောင်းသားတွေက ပုံမှန်မဟုတ်ဘူး ၊ သူတို့မျက်လုံးတွေက သာမန်လူသားတွေနဲ့ ကွာခြားနေတယ်ကွ! "
"ဝမ်ကြီးရာ မင်းသောက်တာ များနေပြီ သူတို့က ကျိုးကျွင်းငှားထားတဲ့ သရုပ်ဆောင်တွေ ဖြစ်မှာပေါ့ ၊ ငါအရင်က ဒီလိုဂိမ်းတွေ အများကြီး ကစားဖူးတယ် "
စီဆန်းသည် အရက်သောက်သည့်အချိန်တွင် ပေါ့ပေါ့ပါးပါးရှိ၏။
ဝမ်ကျားက စီဆန်းကို လျစ်လျူရှုလိုက်ပြီး ကောင်းမင်နားကပ်ကာ တိုးတိုးပြောလိုက်သည်။
"မင်းနဲ့လျိုယီက အတန်းထဲမှာ အတော်ဆုံးလူတွေပဲ ၊ မင်းတစ်ခုခုကို သတိထားမိရမယ် ၊ ကျောင်းသားတွေကို သုံးမျိုးခွဲထားတယ် ၊ ပထမတစ်မျိုးက စာဖတ်ဖို့ပဲ သိတဲ့လူတွေ ၊ ဒုတိယတစ်မျိုးက ပတ်ဝန်းကျင်ကလူတွေကို လေ့လာနေတဲ့သူတွေ ၊ သူတို့က လူအုပ်ထဲသို့ ရောနှောဖို့ ပတ်ဝန်းကျင်က လူတွေရဲ့ အပြုအမူကို အတုယူနေသလိုပဲ တတိယမြောက်က ဖရိုဖရဲဖြစ်နေတဲ့ အကြည့်နဲ့ ၊ သူတို့ရဲ့ မျက်နှာအမူအရာတွေက ရုတ်တရက် ထိန်းချုပ်မှု လွတ်သွားမယ့်ပုံပဲ "
"ဒါက ထူးဆန်းလို့လားကွ ၊ ဒါ တကယ့်ဘဝ မဟုတ်ဘူးလား ပထမအမျိုးအစားက သူတို့ရဲ့အသက်တွေကို စက်ပစ္စည်းကိရိယာတွေအဖြစ် အသုံးပြုကြတယ် ၊ ဒုတိယအမျိုးအစားကတော့ လူမှုရေးစိုးရိမ်မှုတွေနဲ့ ပြည့်နေတယ် ၊ သူတို့ကိုယ်သူတို့ ဖုံးကွယ်နေကြတာက သူတို့ကို လူ့အဖွဲ့အစည်းကြီးက စားသုံးသွားမှာစိုးလို့ ၊ တတိယတစ်မျိုးက အခြားလူတွေကို အမဲလိုက်ချင်နေရုံပဲ "
တုပိုင်သည် အတော်လေး ထွေနေပြီဖြစ်သည်။
"ဘာဖြစ်နေမှန်း ငါမသိပေမယ့် ခြောက်ခြားဂိမ်းတွေကို ဖန်တီးခဲ့တဲ့ ငါ့ရဲ့နှစ်ပေါင်းများစွာ အတွေ့အကြုံအရ ဒီကျောင်းက အရမ်းသံသယဖြစ်စရာကောင်းတယ် "
ကောင်းမင်က လက်သုံးချောင်း ထောင်ပြလိုက်သည်။
"စာဖတ်ဖို့ပဲ သိတဲ့လူတွေက ဟန်သဲ့ကိုယ်ပိုင်ကျောင်းရဲ့ မူလကျောင်းသားတွေ ဖြစ်နိုင်တယ် ၊ သူတို့က ယေဘုယျအားဖြင့် ငယ်ရွယ်ပြီး သူတို့မျက်လုံးတွေက အပြစ်ကင်းစင်တယ် ၊ သူများတွေကို အတုခိုးဖို့ ကြိုးစားသူတွေဟာ ငါတို့လို လူသားတွေ ဖြစ်နိုင်တယ် လူအုပ်ထဲမှာ ရောနှောပြီး အန္တရာယ်ကနေ ဖုံးကွယ်ဖို့ သရဲတစ္ဆေလို ဟန်ဆောင်ချင်ကြတာ၊ နောက်ဆုံးအုပ်စုက လူဦးရေအနည်းဆုံးပဲ ၊ သူတို့က ဒုတိယအုပ်စု ရှောင်ရှားချင်တဲ့ မကောင်းဆိုးဝါးတွေဖြစ်မယ် သူတို့ဟာ လူသားတွေအဖြစ်ဟန်ဆောင်ထားတဲ့ သရဲတွေပဲ "