ပထမအတန်းချိန်
Vol. 8 Ch. 113
"ဒါက တွေ့ဆုံပွဲလေကွာ ၊ ငါတို့ပျော်နေသမျှ အားလုံးအိုကေတယ် ၊ မင်းတို့ကောင်တွေ ဘာတွေပြောနေကြတာလဲ "
စီဆန်း၏မျက်နှာကား အရက်ကြောင့်နီရဲနေလေ၏။
ဝမ်ကျားက စီဆန်းကို ဥပေက္ခာပြုထားလိုက်သည်။
"ဖုန်းကောတွေအားလုံး ပိတ်ခံထားရတယ် ၊ ငါတို့ဒီနေရာက ထွက်သွားနိုင်ရင် ငါတို့မြင်အောင်ကြိုးစားရမယ် "
ဝမ်ကျားသည် အလိုလိုသိစိတ်တစ်ခုရှိသော်လည်း နောက်ကျသွားခဲ့ပြီဖြစ်သည်။
သူတို့သည် ကျောင်းဝင်ပေါက်ထံ ရောက်လာကြသည်။မိုးသည် သွန်ချသကဲ့သို့ရွာသွန်းနေလေ၏။သူတို့သည် တူညီသောနေရာကိုပဲပြန်မရောက်ခင် အထိ နာရီဝက်ခန့်လမ်းလျှောက်နေကြလေသည်။
"ငါတို့ ဘယ်ဘက်ရွေးရွေး ဒီနေရာကိုပဲ ပြန်ရောက်လာလိမ့်မယ် "
တုပိုင်သည်ပင် တစ်ခုခုမှားနေကြောင်း သတိပြုမိလာ၏။သူသည် ကျိုးကျွင်းထံ မက်ဆေ့အနည်းငယ်ပို့လိုက်သော်လည်း ကျိုးကျွင်းက 'ပျော်ရွှင်ပါစေ! 'ဟူသော တူညီသည့်မက်ဆေ့ကိုသာ ပြန်ပို့လေသည်။
တူညီသောမက်ဆေ့များကို မြင်သောအခါ တုပိုင်သည် ထူးဆန်းသည်ကိုခံစားရပြီး ကြောက်ရွံ့လာသည်။
"ငါတို့က မူမမှန်ဖြစ်ရပ်ထဲမှာ ထင်တယ် "
ဝမ်ကျားသည် ထိုနေရာတွင် မတ်တပ်ရပ်နေပြီး သူ့မျက်လုံးထဲတွင် အကြောက်တရားတစ်ခုရှိနေသည်။
"မင်းတို့ တချို့အရာတွေကို သိမှာမဟုတ်ပေမယ့် ဟန်ဟိုင်းက နောက်ပိုင်းမှာ မငြိမ်းချမ်းတော့ဘူး "
သူ့အသက်ရှင်သန်နိုင်မှု ပိုတိုးပြီး အကူအညီများ ပိုရရန်အတွက် ဝမ်ကျားသည် ကျန်တဲ့မူမမှန်ဖြစ်ရပ်များအကြောင်း ပြောပြလိုက်သည်။သာမန်လူတစ်ယောက်သည် အသက်ရှင်သန်နိုင်ရန် ၁၀ရာခိုင်နူန်းရှိသည်ဟုကြားလိုက်ရသောအခါ စီဆန်းသည် အမူးပြေသွားပြီး
"တခြားကျောင်းသားတွေကို ငါအကြောင်းကြားလိုက်မယ်"
"မလုပ်နဲ့! "
ဝမ်ကျားက သူ့အားဆွဲထားလိုက်သည်။
"ဘယ်သူက သရဲ ဘယ်သူက လူဆိုတာ မင်းပြောနိုင်လို့လား "
"ဒါပေမယ့် ငါတို့ သူတို့ကို သေဖို့ မထားခဲ့နိုင်ဘူးလေ ဟုတ်တယ်မလား "
"ဘယ်လို အရူးကောင်လဲ "
ဝမ်ကျားက သူ့အား တိုက်ရိုက်ပင် ကျိန်ဆဲလိုက်သည်။
"ပထမအနေနဲ့ ငါက မူမမှန်ဖြစ်ရပ်ကို ငါကိုယ်တိုင် မကြုံဘူးလို့ ဒါက မူမမှန်ဖြစ်ရပ်ဟုတ်မဟုတ်ဆိုတာ မသေချာဘူး ၊ ငါက ငါ့မိသားစုရဲ့လူကြီးတွေဆီပဲ ကြားဖူးတာ ဒုတိယအနေနဲ့..."
ဝမ်ကျားသည် စီဆန်းအား နံရံဆီတွန်းလိုက်သည်။
"တိတ်တိတ်နေ ၊ ဆူဆူညံညံတွေလုပ်မိရင် ငါတို့က သရဲတွေကို ဆွဲဆောင်မိလိမ့်မယ် ၊ မင်းအပြုအမူတွေက ငါတို့ဆီ သရဲတွေကို မြူဆွယ်သလိုဖြစ်နေလိမ့်မယ် ! ငါတို့အတန်းမှာ လူငါးဆယ်ရှိတာ ၊ ဖြစ်နိုင်ခြေအရ ငါတို့က နောက်ဆုံးရှင်ကျန်ခဲ့သူတွေဖြစ်ဖို့ မျှော်လင့်တယ် "
လူများသေကြလိမ့်မည်ဖြစ်သော်လည်း ဝမ်ကျားသည် သူတို့ထဲမှ တစ်ယောက်ဖြစ်ရန် မျှော်လင့်မထားချေ။သူသတင်းများကို ဝေမျှခဲ့ခြင်းသည် သူ့အခန်းဖော်များကို အသုံးချချင်သော်ကြောင့်ဖြစ်သည်။
"စကားများတာတွေ တော်တော့ ငါတို့ရဲ့ အဓိကရန်သူက ကျိုးကျွင်းဖြစ်နိုင်တယ် "
ကောင်းမင်က ဆက်လက်လေ့လာချင်သေးသော်လည်း ဝမ်ကျားသည် ထိမျှထိ အများကြီးသိနေမည်ဟု မထင်မိခဲ့ချေ။
ဝမ်ကျားသည် စီဆန်းကိူ လွှတ်ပေးလိုက်ပြီး မည်းမှောင်စွာပြောလိုက်သည်။
"ကျိုးကျွင်းနဲ့ပတ်သက်ပြီး တစ်ခုခုမှားနေတယ်ဆိုတာ ငါသိသားပဲ ၊ ဒီကောင်က ဒီတွေ့ဆုံပွဲလာဖို့ ငါကို အမျိုးမျိုးညစ်တီးညစ်ပတ်လှည့်စားပြီး ဖိအားပေးခဲ့တာ "
"မင်းတို့လည်း ဖိအားပေးခံခဲ့ရတာလား "
စီဆန်းသည် တိုက်ခိုက်မှုကြောင့် စိတ်ဆိုးမသွားချေ။
"ဒါကြောင့်မဟုတ်ရင် မိုးရွာကြီးထဲမှာ ငါဘာလို့လာရမှာလဲ "
ဝမ်ကျားက သူ့ဖုန်းကို ဖွင့်လိုက်ပြီး သူတို့အား ဓာတ်ပုံတချို့ပြသလိုက်သည်။
"ဟန်ဟိုင်းပရဟိတအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူက တိုက်ခိုက်ခံခဲ့ရတယ် ၊ တိုက်ခိုက်တဲ့သူက ငါ့မိတ်ဆွေဖြစ်ဖူးတယ် ၊ အဲဒီနောက် အဲ့ချာတိတ်က ငါ့ကို စုံစမ်းစစ်ဆေးဖို့ အဖွဲ့ကို ဦးဆောင်ခဲ့တယ် ဒီဆုံစည်းပွဲကို မတက်ရင် သူက ငါ့ကို ဘောင်ခတ်ပြီး ငါ့ဘဝကို ဖျက်ဆီးလိမ့်မယ် "
ကောင်းမင်သည် ဝမ်ကျီး၏အမူအရာမှတဆင့် လိမ်ပြောနေကြောင်း သိသော်လည်း သူထုတ်မပြောခဲ့ပေ။
"ဒါဆို မင်းတို့ကရော ဘာကြောင့် တွေ့ဆုံပွဲလာတက်တာလဲ "
ဝမ်ကျားက အခြားလူများကို ကြည့်လိုက်သည်။
"လူတိုင်းက သူတို့အကြောင်းပြချက်တွေရှိမယ်လို့ ငါယုံတယ် "
"ငါ့gymက ပိုက်ဆံအများကြီး အရှုံးပေါ်နေတာလေ ကျိုးကျွင်းက သူကူညီနိုင်တယ်ပြောလို့ ငါဒီရောက်လာတာပဲ "
စီဆန်းက ဝန်ခံလိုက်သည်။
"အကြွေးရှင်တွေက ငါ့နောက်လိုက်နေကြတာလေ ၊ ဒါကြောင့် ရှုခင်းတွေပြောင်းဖို့ ဒီကို လာခဲ့တာပါ "
"ငါ့သမီးက ထူးဆန်းတဲ့ရောဂါတစ်ခုကြောင့် ဖျားနေတာ ၊ သူက ကျိုးကျွင်းရဲ့ဆေးတွေစားပြီးတော့ ပိုကောင်းလာတယ် ၊ သူက ငါ့ဆီကအကူအညီလိုတယ်လို့ ပြောခဲ့တယ် ပြီးရင် ငါ့သမီးကို သူက အခမဲ့ကုပေးမယ်တဲ့ "
တုပိုင်က လက်သီးဆုပ်လိုက်သည်။
"ငါ့သမီးသုံးပြီး ငါ့ကို ခြိမ်းခြောက်တဲ့လူတွေကို ငါမုန်းတယ်၊ ဒါပေမယ့် ငါ့မှာဖြေရှင်းချက်မရှိဘူး ကောင်းမင် မင်းကော ဘယ်လိုလဲ"
"ငါ့အခြေအနေက ထူးခြားတယ်ကွ "
ကောင်းမင်က လေးနက်စွာပြောလိုက်သည်။
"မင်းတို့ ကျိုးဘိုကို မှတ်မိမှာပါ ဟုတ်တယ်မလား ၊ ငါတို့တက္ကသိုလ်ကတည်းက သူက ရူးသွားတာလေ ၊ ကျိုးကျွင်းက ကျိုးဘိုဘာလို့ရူးသွားလဲဆို သူသိတယ်လို့ပြောတယ် ၊ ငါသာ ဆုံတွေ့ပွဲမလာဘူးဆိုရင် နောက်ထပ်ရူးမယ့်သူက ငါပဲတဲ့ "
"ဒါဆို မင်းက ငါတို့ထက် ပိုဆိုးနေတာပေါ့ "
စီဆန်းသည် အတော်လေး အကောင်းမြင်တတ်သူဖြစ်သည်။
"ငါတို့ အခု ဘာလုပ်သင့်လဲ "
"စည်းကမ်းတွေကို လိုက်နာပြီး နားလည်အောင်လုပ် ပြီးရင် မှတ်တမ်းတင်ထား ၊ အဲ့ထဲကနေ ဂယ်ပေါက်ကို ရှာ "
ကောင်းမင်က သူတို့အား မစ်ရှင်များ ပေးလိုက်သည်။
"အခုကစပြီးတော့ ငါတို့က ဟန်သဲ့ကိုယ်ပိုင်ကျောင်းရဲ့ ကျောင်းသားတွေလိုနေဖို့ကြိုးစားပြီး လူအုပ်ကြားထဲမှာ ပုန်းနေရမယ် ၊ အဆောင်တွေ ပြန်ဖွင့်ရင် ငါတို့ ဒီနေရာပြန်လာပြီး မှတ်စုတွေ ပြန်တိုက်ကြမယ် "
"ကောင်းပြီ "
"ငါတို့ လူစားထိုးခံရနိုင်တယ် ၊ ဒါပေမယ့် ငါတို့နောက်တစ်ခါ ဆုံရင် ငါတို့ ကုဒ်တစ်ခုလုပ်ထားသင့်တယ် "
လူလေးယောက်သည် ကုဒ်တစ်ခုဆုံးဖြတ်လိုက်ကြသည်။ဝမ်ကျားနှင့်စီဆန်းသည် ကျောင်းသားအများအပြားမရှိသော အားကစားအဆောက်အဦးသို့ သွားလိုက်ကြသည်။ကောင်းမင်နှင့်တုပိုင်သည် သင်္ချာဆောင်သို့ ဦးတည်လိုက်သည်။
"လူငါးဆယ် အတန်းတစ်ခု ၊ လူတိုင်းမှာ ကိုယ်ပိုင်ဇာတ်လမ်းရှိတယ် ၊ ဒါက ဘယ်လိုတွေ့ဆုံပွဲမျိုးလဲ "
တုပိုင်က ကောင်းမင်ဘေးတွင် ကပ်လိုက်နေ၏။လူ့အသိုင်းအဝိုင်းသို့ ဝင်လာပြီးနောက် သူ့တွင် လေးလံသော ဖိအားရှိနေခဲ့သည်။သူ့သမီးသည်လည်း ဖျားနေသောကြောင့် အစစအရာရာ စိတ်အနှောင့်အယှက်ဖြစ်နေရသည်။
"အနည်းဆုံးတော့ ငါတို့ တစ်ဦးနဲ့တစ်ဦး မှတ်မိကြသေးတယ် "
ကောင်းမင်က မေးလိုက်သည်။
"ငါတို့ကြားမှာ လူမှုဆက်ဆံရေးမရှိဆုံးလူက ဘယ်သူလို့ မင်းထင်လဲ "
"မင်းလား ၊ မဟုတ်ဘူး နောက်တစ်ယောက်ရှိသေးတယ် ...ဒါပေမယ့် ငါမမှတ်မိတော့ဘူး "
ခေါင်းလောင်းသံ ထပ်မြည်လာလေသည်။ ကောင်းမင်နှင့်တုပိုင်သည် အတော်ပင် လူသူကင်းမဲ့သော စာသင်ခန်းတစ်ခန်းကို တွေ့ပြီး ဝင်လိုက်ကြသည်။ဆရာ မရောက်သေးချေ။လွတ်နေသော ခုံအများအပြားရှိသည်။သူတို့သည် နောက်ဘက်မှရေလျှင် သုံးခုံမြောက်ခုံတွင် ထိုင်လိုက်ကြသည်။စားပွဲနှင့် ကုလားထိုင်များသည် သစ်လွင်နေ၏။အံဆွဲထဲတွင် စာအုပ်များပြည့်နေလေသည်။
ဆယ်စက္ကန့်ကြာပြီးနောက် စုံစမ်းရေးမှူးယူနီဖောင်းဝတ်ထားသော သက်လတ်ပိုင်းအအမျိုးသမီးတစ်ယောက်ဝင်လာပြီး စတိတ်ခုံပေါ်တက်လိုက်သည်။
"စာသင်ခန်းစည်းကမ်းတွေကို ထပ်ပြောမယ် ၊ စကားမပြောရ ၊ လေမချွန်ရ ၊ စာသင်ချိန်အတွင်း မုန့်မစားရ ၊ နောက်ကျပြီးမဝင်ရဘူး ၊ စောမထွက်ရဘူး ၊ ကောင်းပြီ အခု မင်းတို့စာအုပ်ရဲ့ စာမျက်နှာ ၃၇ကို လှန်လိုက်ပါ "
စာရွက်များ တဖျတ်ဖျတ်လှန်သွားသည်။ဆရာမသည် အတန်းကို စတင်လိုက်သည်။အရာအားလုံးသည် ပုံမှန်ဖြစ်နေခဲ့သည်။ကောင်းမင်သည် ဘောပင်ကို လှည့်၍ သင်ခန်းစာအား နားထောင်နေလေ၏။သို့သော်လည်း ငါးမိနစ်ကြာပြီးသောအခါ ထူးဆန်းသည့်အရာ ဖြစ်ပွားခဲ့သည်။
ကောင်းမင်ဘေးရှိ အမျိုးသားကျောင်းသားသည် ရုတ်တရက်မတ်တပ်ရပ်လိုက်သည်။သူသည် ကောင်းမင်ဘေးသို့ ရှပ်တိုက်လျှောက်လာ၏။သူ့လည်ပင်းသည် ၉၀ဒီဂရီလည်နေပြီး ကောင်းမင်အား ကြည့်ရန် ကုန်းလိုက်သည်။ထိုကျောင်းသားသည် ကောင်းမင်ဆီမှ တစ်ခုခုကြည့်ချင်နေဟန်ဖြင့် ထူးဆန်းသောအမူအရာတစ်ခုရှိနေလေသည်။
ကောင်းမင်သည် သူ့အားလျစ်လျူရှုလိုက်ပြီး ဘောပင်ကို ဆက်လှည့်နေလိုက်သည်။သူသည် မှတ်စုပင် မှတ်လိုက်သေးသည်။
ယောက်ျားလေး ကျောင်းသားသည် မသက်မသာ အနေအထားကို ထိန်းသိမ်းထားရင်း သူ့အား မှိတ်တုတ်မှိတ်တုတ် စိုက်ကြည့်နေသည်။သူ့နူတ်ခမ်းများပွင့်လာသည်။သူ့သွားကြားတွင် အနက်ရောင်လိုင်းများ ရှိနေ၏။သူသည် ကောင်းမင်အတွင်း တွားသွားဝင်ချင်နေသကဲ့သို့ တဖြည်းဖြည်းချဉ်းကပ်လာ၏။
ကောင်းမင်၏ အမြင်အာရုံသည် ပိတ်ဆို့သွားလေသည်။ဆရာမသည် မေးခုတစ်ခုမေးပြီးရုံသာ ရှိသေးသည်။ကောင်းမင်သည် သူ့စာအုပ်တွင် အိမ်စာစလုပ်လိုက်သည်။
စာရွက်ပေါ်တွင် ဘောပင်သံများ တကျိကျိမြည်နေလေသည်။မေးခွန်းကို ဖြေဆိုပြီးနောက် ကောင်းမင်က ခေါင်းမော့လိုက်သည်။အမျိုးသားကျောင်းသား မရှိတော့ချေ။သူသည် ကောင်းမင်ရှေ့ရှိ ကျောင်းသားထံ သွားလိုက်ခြင်းဖြစ်သည်။
အမျိုးသား ကျောင်းသားက ခေါင်းကို ဆန့်ထုတ်လိုက်ရာ နောက်ကျောမှ စတုတ္ထခုံရှိ ကျောင်းသား သည် လန့်ဖြတ်သွား၏။သူသည် ကိုယ့်ကိုယ်ကို မထိန်းချုပ်နိုင်ပဲ အော်ဟစ်လိုက်သည်။ထို့နောက် သူ့ပါစပ်ကို လျင်မြန်စွာ ပိတ်လိုက်သော်လည်း နောက်ကျသွားပြီဖြစ်သည်။
ဆရာမသည် ရပ်တန့်သွားပြီး လူတိုင်းက သူ့အားကြည့်လိုက်ကြသည်။
"မင်း စာသင်ခန်း စည်းကမ်းဖောက်တယ် ၊ အပြင်မှာ သွားမတ်တပ်ရပ်နေချေ! "
ကျောင်းသားသည် စိတ်မပါစွာဖြင့် ထရပ်လိုက်သည်။သူသည် အလွတ်ဖြစ်နေသော နောက်ဆုံးတန်းနှင့် ကောင်းမင်ကို ကြည့်လိုက်သည်။
"မင်း ငါ့ကို ဘာလို့သတိမပေးတာလဲ ၊ ဘာလို့ မင်းမဖြစ်ရတာလဲ "
သူ့အသံသည် အဆိပ်များပြည့်နေ၏။သူသည် စာသင်ခန်းမှ ဆွဲထုတ်ခံလိုက်ရပြီးနောက် ပျောက်ကွယ်သွားလေတော့သည်။