← Chapters

ဘွဲ့ရခြင်း

Vol. 8 Ch. 114

ဘွဲ့ရခြင်း

Vol. 8 Ch. 114

"သူ့ကို ဘယ်ပို့လိုက်တာလဲ "

ကောင်းမင်ဘေးတွင် ထိုင်နေသော တုပိုင်သည် ကြောက်လွန်း၍ လှုပ်ပင်မလှုပ်ရဲခဲ့ချေ။သူသည် ကောင်းမင်၏ဖိနပ်ထဲမှ တစ်ခုဖြစ်ခဲ့ပါက သူသည် အပြင်ထုတ်ခံရပြီးဖြစ်လောက်သည်။တုပိုင်သည် ဆီးပင်သွားချင်လာ၏။ကြမ်းပြင်ပေါ်ရှိ သူ့ခြေထောက်သည် တုန်တုန်ချိချိဖြစ်နေတော့သည်။ကောင်းမင်က ပြန်မဖြေခဲ့ပေ။သင်ခန်းစာကိုသာ အာရုံစိုက်ရန် တုပိုင်အား အကြည့်တစ်ချက်ပို့လိုက်သည်။

ကျောင်းသားအား အဝေးပို့လိုက်ပြီးနောက် လေထုသည် ပို၍ စိတ်လှုပ်ရှားဖွယ်ကောင်းလာ၏။ကျောင်းသားများသည် သူတို့စာအုပ်များကို အာရုံစိုက်လိုက်ပြီး သူတို့ကိုယ်သူတို့ အာရုံစိုက်နိုင်ရန် တွန်းအားပေးလိုက်ကြသည်။ကောင်းမင်သည် ဖြစ်ခဲ့သည်အား ပြန်တွေးနေလေ၏။

နောက်ဆုံးတန်းတွင် ထိုင်နေပြီး အခြားသူများကို ခြောက်လှန့်နေသော ကျောင်းသားသည် အခြားလူများဖြင့် ကွာခြားနေပုံရသည်။သူ့ယူနီဖောင်းသည် ဟောင်းနွမ်းနေပြီး ပုံစံမကျချေ။သူသည် လူသေ၏ ယူနီဖောင်းကို ဝတ်ဆင်ထားပုံရသည်။ ကောင်းမင်သည် အပေါ်ထပ်မှ အော်ဟစ်သံကို ကြားလိုက်ရသောအခါတွင် အရာအားလုံးကို ပေါင်းစပ်ရန် ကြိုးစားနေဆဲဖြစ်သည်။

"လူတစ်ယောက် ခုန်ချနေတယ်! "

ကောင်းမင်သည် မျက်လုံးထောင့်ဖြင့် ပြတင်းပေါက်အပြင်ဘက် ဖျတ်ခနဲကြည့်လိုက်သည်။အသက် ၆၀ခန့်ရှိသော ယောက်ျားတစ်ယောက် အဆောက်အဦးပေါ်မှ ခုန်ချလိုက်ခြင်းဖြစ်သည်။သူသည် ကျောင်းယူနီဖောင်းကို ဝတ်ထားပြီး သူ့ခန္ဓာကိုယ်က ပြတင်းပေါက်နား ကပ်နေ၏။ သူ့မျက်နှာကား ပြတင်းပေါက်အား ထိလုနီးပါးဖြစ်နေသည်။ သူ့နှုတ်ခမ်းတွင် အပြုံးတစ်ခုရှိနေသသေးသည်။

တုပိုင်သည် ကြည့်ချင်နေသော်လည်း ကောင်းမင်က သူ့ပုခုံးအား ဆွဲထားလိုက်သည်။

"မကြည့်နဲ့ "

ကျောင်းသားအနည်းငယ်ကား ဆွဲဆောင်ခံလိုက်ရသည်။သူတို့သည် ကြည့်ရှုရန် ပြတင်းပေါက်နား ပြေးသွားကြသည်။

"နောက်ထပ် ခုန်ချတဲ့သူလား ၊ ဒီနေ့ ဘယ်နှစ်ခါတောင်လဲကွာ "

"တွန်းချခံရတာဟ! "

"သူအပြစ်ပေးခံရတာဆို ဘာလို့ ပြုံးနေတာလဲ "

"ဟုတ်တယ် ပြုံးနေတာ ငါမြင်လိုက်တယ် !"

ကျောင်းသားများက ဆွေးနွေးနေကြသည်။အတန်းသည် အုံးအုံးကြွက်ကြွက်ဖြစ်သွားသည်။ ပြတင်းပေါက်ဘေးတွင် ထိုင်နေသော မိန်းကလေးသည် ထိုအဖြစ်အပျက်ကို လူတိုင်းပြောနေကြကတည်းက သူမခန္ဓာကိုယ်အား အနည်းငယ် လှည့်ကြည့်လိုက်သည်။သူမသည် ပြတင်းပေါက်ကို မှီ၍အောက်ငုံ့ကြည့်လိုက်သော်လည်း မြေပြင်တွင် ဘာမှရှိ‌မနေချေ။သူမသည် အလောင်း သို့မဟုတ် သွေးစများကို မြင်ရခြင်းမရှိပေ။

"အလောင်းက ဘယ်ရောက်သွားတာလဲ "

ကောင်မလေး၏နောက်ကျောသည် အေးစက်သွား၏။သူမသည် တစ်စုံတစ်ရာကို အာရုံခံမိလိုက်သဖြင့် ဖြည်းညင်းစွာနောက်လှည့်ကြည့်လိုက်သည်။ပြတင်းပေါက်နားရောက်လာကြသော ကျောင်းသားများသည် စကားပြောနေခြင်းများ ရပ်တန့်လိုက်ကြသည်။သူတို့သည် ကြောက်မက်ဖွယ်အမူအရာများရှိနေပြီး ကောင်မလေးအား စိုက်ကြည့်နေကြသည်။

"နင်...နင်တို့..."

မိန်းကလေးသည် ဖမ်းဆီးခံလိုက်ရသည်။ကျောင်းသားများ၏လက်ချောင်းများသည် သူမ၏ခန္ဓာကိုယ်အား ထိုးစိုက်လိုက်သည်။သူတို့သည် မိန်းကလေးအား ပြတင်းပေါက်အပြင်ဘက်တွန်းချရန် အတူတကွလုပ်ဆောင်နေကြလေသည်။

"လူတစ်ယောက် ခုန်ချနေပြီ!"

ကောင်မလေးအားတွန်းချပြီးနောက် ကျောင်းသားများသည် အခန်းအပြင်ဘက်အော်ဟစ်ထွက်ပြေးသွားကြ၏။သူတို့သည် အခြားခုန်ချသူရှိကြောင်း လူတိုင်းအား ကြေညာခဲ့သည်။

တုပိုင်သည် အရာအားလုံးကို မြင်လိုက်ရသည်။သူ့နူတ်ခမ်းများသည် တုန်ယင်နေ၏။သူ့ဝမ်းဗိုက်သည် အေးစက်နေလေသည်။သူသည် သူ့မျက်လုံးများကိုပင် မယုံနိုင်ချေ။စက္ကန့်အနည်းငယ်အတွင်းပင် အသက်တစ်ချောင်းဆုံးရှုံးလိုက်ရသည်။တုပိုင်သည် စာသင်ခန်းအတွင်းထိုင်နေရင်း မွန်းကြပ်နေတော့သည်။ကျောင်းသားများအကြားတွင် ပုန်းကွယ်နေသော မကောင်းဆိုးဝါးများ မည်မျှရှိကြောင်း သူမသိပေ။သူဘယ်အချိန် သတ်ဖြတ်ခံရမည်ကိုလည်း သူမသိပါပေ။တုပိုင်သည် စာသင်ခန်းထဲတွင် ထပ်မနေချင်တော့ချေ။နောက်ဆုံးတွင် စည်းကမ်းများကို သူချိုးဖောက်ရပေမည်။သူ့မျက်နှာသည် ဖြူဖျော့နေတော့သည်။တုပိုင်သည် ကောင်းမင်အပေါ်တွင်သာ မျှော်လင့်ချက်ထားလိုက်သည်။

သူ လှည့်ကြည့်လိုက်သောအခါ ကောင်းမင်သည် စက်ဝိုင်းတစ်ခု၏အဝန်းအား မည်သို့တွက်ရမည်ကိုပင် သင်ယူနေသေးသည်။

အကြောက်တရားနှင့်သေးပေါက်ချင်နေသည်အား တင်းခံရင်း တုပိုင်သည် စာရွက်တစ်ရွက်တွင်ရေးပြီး ကောင်းမင်ထံပစ်ပေးလိုက်သည်။

"ငါတို့ ဘာလုပ်ကြမလဲ "

"နားမထောင်နဲ့ ၊ မကြည့်နဲ့ ၊ မင်းအိမ်စာကိုပဲ အာရုံစိုက်ထား "

တုပိုင်စည် ပြန်စာကို ရလိုက်သောအခါ ကော်ရစ်ဒါမှ ရင်းနှီးသောအသံတစ်ခုထွက်‌ပေါ်လာသည်။ ကောင်းမင်တို့အတန်းထဲက တစ်ယောက်ယောက်ကို ဖမ်းမိသွားခြင်း ဖြစ်သည်။စာပို့နေသည်အား မိသွားမည်စိုးသောကြောင့် တုပိုင်သည် ဆရာမပြန်လှည့်မလာခင် စာရွက်အား သူ့ပါးစပ်ထဲပစ်ထည့်လိုက်သည်။သို့သော်လည်း အတန်းထဲတွင် အစားမစားရကြောင်း သူအမှတ်ရသွားသည်။သူသည် စာရွက်ပိုင်းအား ထွေးမထုတ်ရဲခဲ့သလို မြိုလည်းမြိုမချရဲတော့ပေ။သူ့ခေါင်းကိုသာ ဆက်ငုံ့၍ မေးခွန်းကိုသာ အာရုံစိုက်နေတော့သည်။

"ကောင်းမင်! တုပိုင် ! ငါ့ကို ကယ်ပါဦး! "

လက်တစ်ဖက်က ပြတင်းပေါက်ကို ပုတ်လာ၏။ မာထုံ၏ လက်ငါးချောင်းသည် ပြတင်းပေါက်ကို ဆုပ်ကိုင်ထားသည်။ သူခန္ဓာကိုယ်သည် အဝါရောင်ဖြစ်နေလေသည်။တုပိုင်က ခေါင်းငုံ့ထားလိုက်သည်။သူ့မျက်နှာပေါ်တွင် ချွေးစေးများစီး‌ကျနေ၏။သူ့ခန္ဓာကိုယ်သည် ကျောက်ရုပ်ဖြစ်နေတော့သည်။ကောင်းမင်သည် မေးခွန်းကို ဖြေရှင်းနေဆဲဖြစ်သည်။

"ကောင်းမင်! "

မာထုံ့အသံသည် ပျက်ယွင်းနေ၏။သူသည် လွန်စွာနာကျင်ခံစားနေပုံရသည်။သူ့ခန္ဓာကိုယ်သည် ဒဏ်ရာပြင်းပြင်းထန်ထန်ရထားသည်။

"မင်းငါ့ကို ကယ်တောင်မကယ်ခဲ့ဘူး ! ငါသရဲဖြစ်သွားရင်တောင် မင်းကို အလွတ်မပေးဘူးကွ ! "

ဦးခေါင်းသည် ပြတင်းပေါက်မှန်အား ဆောင့်လိုက်သည်။မာထုံသည် ခဏတာရုန်းကန်နေပြီး ဆွဲခေါ်သွားခံရသည်။ပြတင်းပေါက်တွင် သွေးစွန်းလက်ဝါးရာတစ်ခု ကျန်ရစ်ခဲ့သည်။မာထုံ့အသံသည် ကော်ရစ်ဒါတစ်လျှောက် ပဲ့တင်ထပ်နေခဲ့သည်။

"ဒီလူက မာထုံမဖြစ်နိုင်ဘူး မာထုံက ကန်တင်းမှာ အရက်သောက်နေတာ ငါတို့မြင်ခဲ့တယ် သူနဲ့တခြားလူတွေကို အချိန်မှီထွက်မသွားလို့စားဖိုမှူးတွေက ခေါ်သွားတာ" တုပိုင်က ငြီးတွားလိုက်သည်။

"ရှူး "

ဆရာမသည် ရုတ်တရက် စတိတ်ခုံပေါ်မှဆင်းလာပြီး တုပိုင်ဘေးတွင် ရပ်လိုက်သည်။

ဆရာမသည် တုပိုင်အားစိုက်ကြည့်၍ ကြောက်စရာကောင်းစွာမေးလိုက်သည်။

"မင်း တစ်ခုခုစားနေတာလား ပါးစပ်ဟစမ်း!"

တုပိုင်သည် ခေါင်းငုံ့ထားဆဲဖြစ်သည်။သူ့ခန္ဓာကိုယ်သည် တုန်ယင်နေပြီး အလွန်စိတ်လှုပ်ရှားနေ၏။သူသည် အလွန်ပင်သေးပေါက်ချင်နေပြီဖြစ်သည်။

"ကျွန်တော် ဘာမှ မစားပါဘူး "

"ပါးစပ်ဟစမ်း !"

ဆရာမက ပြင်းပြင်းထန်ထန် အမိန့်ပေးလိုက်သည်။ ထို့နောက် သူမသည် တုပိုင်၏လည်ချောင်းထဲ လက်ဖြင့် နိူက်ချင်သကဲ့သို့ အင်္ကျီလက်များကို ခေါက်တင်လိုက်သည်။

ဆရာမက လက်လှမ်းလိုက်ရာ တုပိုင်က နောက်ဆုတ်လိုက်သည်။သူ့တွင် ပုန်းစရာနေရာမရှိတော့သည့်အချိန်တွင် ခေါင်းလောင်းသံ မြည်လာ၏။ ဆရာမက ရပ်တန့်သွားသည်။သူမသည် ဘာမှ မဖြစ်ခဲ့သကဲ့သို့ စတိတ်ခုံပေါ်ပြန်လျှောက်သွားလေသည်။သူမသည် ပစ္စည်းပစ္စယများကို ကောက်ယူလိုက်ပြီး နောက်အတန်းကူးသွားတော့သည်။တုပိုင်၏ နောက်ကျောကား စိုရွှဲနေတော့သည်။သူသည် ကောင်းမင်အားဆွဲခေါ်ပြီး အခန်းအပြင်ဘက်ပြေးထွက်လိုက်လေသည်။

"ကောင်းမင် ငါ့ကို အိမ်သာလိုက်ပို့ပါဦးကွာ ! ငါတစ်ယောက်ထဲ မသွားရဲလို့ပါ ! "

တုပိုင်သည် ကျောင်းဆရာတစ်ယောက်ဖြစ်သည်။အတန်းချိန်များသည် အလွန်ကြောက်မက်ဖွယ်ကောင်းနိုင်ကြောင်း သူ နားမလည်ခဲ့ပေ။ထိုကိစ္စပြီးနောက် သူ့အသက်မွေး‌ဝမ်းကြောင်းအလုပ်ကို ပြောင်းလဲရန်လိုအပ်ပေလိမ့်မည်။သူတို့သည် ကော်ရစ်ဒါအဆုံးရှိ သန့်စင်ခန်းထဲ ဝင်ရောက်လာသောအခါ ကောင်းမင်နှင့်တုပိုင်သည် ကျိုးကျွင်းထံမှ မက်ဆေ့တစ်စောင်ရလိုက်သည်။

ကျိုးကျွင်း "မင်းတို့ဟာ အတန်းချိန်တစ်ချိန်ပြီးဆုံးအောင်တက်ခဲ့တဲ့အတွက် ချီးကျူးမှတ်တစ်မှတ်ရတယ် ၊ တစ်ပတ်အတွင်း ချီးကျူးမှတ် ၁၀၀ရရင် မင်းတို့အောင်မြင်စွာ ဘွဲ့ရနိုင်တယ် "

"ချီးကျူးမှတ်လား ၊ ဘွဲ့ရတာလား "

ကောင်းမင်က မက်ဆေ့ကို စိုက်ကြည့်လိုက်သည်။

"သူက ဘွဲ့ရတာကိုပြောပေမယ့် ကျောင်းကထွက်သွားနိုင်တယ်လို့ မပြောဘူး"

"ကောင်းမင် မင်းအပြင်မှာ ရှိနေတုန်းလား "

အိမ်သာခန်းတွင်းရှိနေသော တုပိုင်သည် စက္ကန့်အနည်းငယ်တိုင်း မေးနေ၏။

"အေး"

ကောင်းမင်တစ်ယောက် ပြောစရာစကားမဲ့နေခဲ့သည်။

"မြန်မြန်ပေါက်ဟ"

"အိမ်သာထဲမှာ ရေးထားတဲ့စာတွေ အများကြီးရှိတယ်ကွ "

တုပိုင်က တံခါးဖွင့်ထွက်လာသည်။သူက တံခါးကိုညွှန်ပြလိုက်သည်။အထဲတွင် ကြောက်စရာကောင်းသောစာသားများနဲ့ စည်းကမ်းများကို ရေးထားသည်။လက်ရေးများက မတူညီကြပေ။

"သန့်စင်ခန်းက အသက်ရှင်နေတဲ့ကျောင်းသားတွေ အချက်အလက်လဲလှယ်တဲ့နေရာ ဖြစ်နိုင်တယ် "

"ဒါတွေက သရဲတွေ ချန်ထားခဲ့တာ ဆိုရင်ရော "

ကောင်းမင်က စာသားများကို စစ်ဆေးလိုက်သည်။

"ဒါ့အပြင် လူသားတွေက သရဲတွေထက် ပိုကြောက်စရာကောင်းနိုင်တယ် "

အစောပိုင်းက အတန်းထဲတွင် အမျိုးသားကျောင်းသားကို ဆွဲထုတ်သွားသောအခါတွင် ထိုသူသည် ကောင်းမင်အား သတ်ဖြတ်တွန့်ဆုတ်နေမည်မဟုတ်သကဲ့သို့ ကြည့်နေခဲ့သည်။

ကောင်းမင်သည် သူ့ဖုန်းဖြင့် စာသားများကို ဓာတ်ပုံရိုက်လိုက်သည်။‌သူ့အတန်း၏ စကားပြောဂရုသည် အုံးအုံးကြွက်ကြွက်ဖြစ်နေကြောင်း သူမြင်လိုက်ရသည်။

"လူတစ်ယောက်သေသွားတာလား "

All Chapters