← Chapters

ချီးကျူးမှတ်များ

Vol. 8 Ch. 115

ချီးကျူးမှတ်များ

Vol. 8 Ch. 115

‌တုပိုင်နှင့်ကောင်းမင်တို့က သူတို့ဖုန်းများကို ကြည့်လိုက်ကြသည်။အတန်းချိန်တစ်ချိန်သာရှိသေးသည် စကားပြောဂရုထဲတွင် မက်ဆေ့ရာပေါင်းများစွာပို့ထားကြသည်။ကောင်းမင်သည် စခရင်ကို ဆွဲချလိုက်ပြီး နောက်ဆုံးတွင် အကြောင်းပြချက်ကို နားလည်သွားသည်။

အင်္ဂလိပ်စာကိုယ်စားလှယ်ချင်ကျွင်းရန်သည် ဘတ်စ်ကတ်ဘောကွင်းသို့ ယောက်ျားလေးအနည်းငယ်ခေါ်သွားခဲ့သည်။သူတို့သည် ငယ်ဘဝပျော်ရွှင်မှုများကို ထပ်မံရှာဖွေချင်ခဲ့ကြသည်။သူတို့ အဝတ်အစားလဲ‌ နေချိန်တွင် အသက်အကြီးဆုံးအတန်းဖော် ချောင်စုန့် သည် ရုံးခန်းအဆောက်အဦး၏ သုံးလွှာပြတင်းပေါက်တွင် ရပ်နေသော လူတစ်ယောက်ကို ရုတ်တရက်တွေ့လိုက်ရသည်။ထိုလူသည် ကျိုးဘိုနှင့်ဆင်၏။

သူသည် ဘတ်စ်ကတ်ဘောကို ပိုက်လျက် ကျိုးဘိုအား လက်ယမ်းပြလိုက်သည်။ကျိုးဘိုက ပြန်လက်ပြခဲ့သည်။သို့သော်လည်း ကျိုးဘို၏နောက်တွင် လူနာအင်္ကျီဝတ်ထားသော နောက်ထပ်ကျိုးဘိုတစ်ယောက် ရုတ်တရက်ပေါ်လာသည်ကို သူမြင်လိုက်ရသည်။

လက်သည် အေးခဲသွားသည်။ချောင်စုန့်သည် ကျိုးဘိုအား သတိပေးချင်ခဲ့သော်လည်း သူဘယ်တော့မှ မေ့နိုင်မည်မဟုတ်သော မြင်ကွင်းကို မြင်လိုက်ရသည်။လူနာဝတ်စုံဖြင့်ကျိုးဘိုသည် ဓားတစ်ချောင်းထုတ်၍ သာမန်ကျိုးဘို၏ရင်ဘတ်အား ဓားဖြင့်ထိုးလိုက်လေသည် ။ သွေးများသည် ပြတင်းပေါက်ခန်းဆီးနှင့် ကျိုးဘို၏မျက်နှာပေါ်ပြန့်ကျဲသွားခဲ့သည်။ပြတင်းပေါက်တွင် ရုန်းကန်နေသော လက်တစ်စုံသာ ကျန်ရစ်ခဲ့လေသည်။

ဘတ်စ်ကတ်ဘောလုံးကား မြေပေါ်ပြုတ်ကျသွား၏။ချောင်စုန့်သည် ကြောင်အနေခဲ့သည်။အခြားလူများက သူ့အား အတော်ကြာအောင်လှုပ်ခါလိုက်မှ သူသတိဝင်လာခဲ့သည်။သူသည် သူမြင်ခဲ့ရသော မြင်ကွင်းအား အားလုံးကို အော်ပြောခဲ့သည်။သူတို့သည် အဝတ်ပင်မလဲတော့ပဲ ရုံးခန်းအဆောက်အဦးသို့အလျင်အမြန် ပြေးလွှားလိုက်ကြသည်။အခင်းဖြစ်ရာနေရာသို့ သူတို့ရောက်သွားသောအခါ ကျိုးဘိုနှင့် ကျိုးဘိုအလောင်းသည်ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။သွေးများစွန်းထင်းနေခြင်းမရှိသော်လည်း ခန်းဆီးစတစ်ခုသာ ပြတ်ကျန်ခဲ့လေသည်။

ချောင်စုန့်သည် ထိုအမှုကို စကားပြောဂရုထဲမျှဝေလိုက်သည်။ကျောင်းသားများက ၎င်းကို စတင်ဆွေးနွေးကြတော့သည်။သူတို့သည်လည်း ကျောင်းတွင် များစွာသော ထူးဆန်းသည့်အရာများ ရှာတွေ့ခဲ့ကြခြင်းဖြစ်သည်။တချို့က ကျိုးကျွင်းအား ဖြေရှင်းချက်ပေးစေချင်ခဲ့သည်။သို့သော်လည်း သူတို့မည်မျှပင် မေးစေကာမူ ကျိုးကျွင်းက သူတို့အား "ပျော်ရွှင်စရာ ကစားချိန်လေးဖြစ်ပါစေ "ဟုသာ စာပြန်ခဲ့လေသည်။

ထပ်မံပြောဆိုချက်များကား ကြောက်မက်ဖွယ်ရာဖြစ်သည်။ကျောင်းသားများက ပိုမို ထွက်ခွာချင်လာကြသည်။သူတို့သည် ကျောင်းဝင်ပေါက်ထံသွားရန်ကြိုးစားခဲ့ကြသော်လည်း သူတို့မည်မျှကြိုးစားစေကာမူ ကျောင်းထဲသာပြန်ရောက်လာကြသည်။ပျော်ရွှင်စရာတွေ့ဆုံပွဲသည် ခြောက်ခြားမှုဖြင့် အစားထိုးခံလိုက်ရလေသည်။တချို့သည် ကျိုးကျွင်းအား စကားပြောဂရုထဲတွင် ဆဲဆိုနေကြသော်လည်း မည်သည့်အရာမှ ပြောင်းလဲသွားခြင်းမရှိပေ။

လူအားလုံးထိတ်လန့်နေကြစဉ် ချင်ကျွင်းရန်နှင့်ရွှမ်ဟွေ့တို့က ရှေ့ထွက်လာကြသည်။သူတို့သည် သူတို့ရှာတွေ့သည်များကို မျှဝေရန်စုစည်းလိုက်ကြသည်။အဆောင်နှင့်ကန်တင်းသည် ပိတ်သွားခဲ့ပြီဖြစ်သည်။အများစုသည် သင်္ချာဆောင်နှင့်ရုံးခန်းဆောင်အား သွားရဲခြင်းမရှိပေ။ထို့ကြောင့် သူတို့သည် ကျောင်းခန်းမတွင် တွေ့ဆုံရန် ရွေးချယ်လိုက်ကြသည်။

"ငါတို့လည်း အဲ့ဒီကို သွားသင့်တယ် "

ညနေ သုံးနာရီတွင် ကောင်းမင်နှင့်တုပိုင်တို့ ‌ကျောင်းခန်းမထဲရောက်လာကြသည်။လူအများအပြားရောက်နှင့်နေပြီးဖြစ်သည်။

"ဒီဘက်ဟေ့! "

ဝမ်ကျားက ကောင်းမင်အားလက်ယမ်းပြလိုက်သည်။တုပိုင်နှင့်ကောင်းမင်တို့ထိုင်လိုက်ပြီးနောက် သူတို့လေးယောက်သည် လျို့ဝှက်ကုတ်အား ပုံမှန်စကားပြောနေစဉ်အတွင်း ပြောလိုက်သည်။မည်သူမှ လူစားထိုးမခံထားရမှန်းသေချာသွားပြီးနောက် သူတို့က ခန်းမဝင်ပေါက်တွင်ထိုင်လိုက်ကြသည်။အကယ်၍ အန္တရာယ်တစ်ခုခုဖြစ်လာပါက ထပြေးရန် အဆင်သင့်ပြင်ထားကြသည်။

ညနေ လေးနာရီတွင် မည်သူမှရောက်မလာတော့ချေ။ရွှမ်ဟွေ့သည် ခန်းမတံခါးကို ပိတ်လိုက်ပြီး လူများကိုရေတွက်လိုက်သည်။အတန်းတွင် လူငါးဆယ်ရှိသော်လည်း ၃၂ယောက်သာ ရောက်လာကြပေသည်။ကျန်သောသူများသည် ပိတ်မိနေခြင်းလော အသတ်ခံရခြင်း‌လော မသိနိုင်ပေ။

"သေခြင်းတရားအတွက် ငါတို့ အချင်းချင်း သိပြီးခဲ့ပြီ ၊ဒီတွေ့ဆုံပွဲက ငါတို့အပြစ်တွေကို ဖြေဖျောက်ဖို့ ပြစ်ဒဏ်ပေးတာပဲ "

ရွှမ်ဟွေ့က ခန်းမအလယ်လျှောက်လာ၏။သူက လေးနက်စွာဖြင့် "ငါလာခဲ့တုန်းက ငါတစ်ယောက်တည်း ကျိုးကျွင်းရဲ့ပစ်မှတ်ဖြစ်မယ်ထင်ခဲ့တာ ၊ ဒါပေမယ့် မင်းတို့အားလုံးလည်း သူ့ပစ်မှတ်ဖြစ်နေခဲ့တာပဲ "

"ပဟေဋိတွေ ဖွက်မနေနဲ့တော့ ၊ ဒီကျောင်းမှာ ဘာတွေဖြစ်နေတာလဲ "

ချောင်စုန့်က ခုံတစ်လုံးဆွဲယူလိုက်သည်။သူ့မျက်နှာသည် ဖြူဖျော့နေ၏။သူသည် အစောပိုင်းတွင် ကြောက်ရွံ့နေခဲ့ခြင်းဖြစ်သည်။

"နှစ်ဝက်လောက်ကစပြီး ငါ အိမ်မက်တစ်ခုတည်းကို ဆက်တိုက်မက်နေခဲ့တာ "

ရွှမ်ဟွေ့သည် အင်္ကျီချွတ်လိုက်ပြီး သူ့လက်မောင်းများကို ပြလိုက်သည်။လက်မောင်းတွင် ခပ်နက်နက်ဒဏ်ရာများဖုံးလွှမ်းနေသည်။

"ငါ အဲ့ဒီအိမ်မက်ကို အကြိမ်ပေါင်းများစွာမက်ခဲ့တယ် အဲ့ဒီအိမ်မက်က အိမ်မက်လား အစစ်အမှန်လား ငါမပြောနိုင်ခဲ့ဘူး "

"ဘာအိမ်မက်လဲ "

စီဆန်းက သိချင်သောကြောင့် လက်မြောက်၍ မေးလိုက်သည်။

"လွန်ခဲ့တဲ့ဆယ်နှစ်က ငါတို့ကျောင်းဟာ ပွဲတချို့မှာ ပါဖို့ ငါတို့ကို စုဝေးခဲ့တယ် ၊ ငါတို့က ဘတ်စ်ကားအတူတူစီးခဲ့တယ် ဒါပေမယ့် ဘတ်စ်ကားက အက်ဆီးဒင့်ဖြစ်ခဲ့ပြီး ငါတို့အားလုံး ....သေသွားကြတယ် "

ရွှမ်ဟွေ့အသံသည် ကြောက်မက်ဖွယ်ကောင်းနေလေသည်။

"ဒါပေမယ့် အရင်က ဘယ်ဘတ်စ်ကားကိုမှ ငါမမှတ်မိဘူးလေ ၊ ငါတို့ကို အတင်းစာကျက်ခိုင်းတာပဲ ငါမှတ်မိတယ် "

စီဆန်းက သူ့လက်ကိုစားပွဲပေါ်တင်လိုက်ပြီး ခုံပေါ်ရှိ ဘောဖျက်နှင့်ကစားနေလေ၏။

"ဘယ်သူမှ မမှတ်မိဘူးဆိုတော့ အဲ့ဒါက မင်းအိမ်မက်ထဲမှာပဲ ဖြစ်ခဲ့တာ ဖြစ်နိုင်တယ် "

ချောင်စုန့်က ခေါင်းယမ်းလိုက်သည်။

"ဒါပေမယ့် အိမ်မက်က အရမ်းအစစ်အမှန်ဆန်လွန်းတယ် ၊ ငါတို့အားလုံး ဘတ်စ်ကားထဲမှာ ပိတ်မိနေခဲ့ပြီး အမှောင်ထုထဲမှာ တဖြေးဖြေးသေသွားခဲ့ကြတယ် "

ရွှမ်ဟွေ့က သူ့ခေါင်းကို ညွှန်ပြလိုက်သည်။

"ငါ ဘာလို့ ဒါတွေအိမ်မက်မက်နေလဲ မသိဘူး ဒါပေမယ့် ကျိုးကျွင်းက သူလည်း အဲ့လိုအိမ်မက်မက်ကြောင်း ငါ့ကို ပြောပြခဲ့တယ် "

"မင်းကျိုးကျွင်းနဲ့ ဆက်သွယ်လို့ရတာလား "

ဝမ်ကျားက မဲမှောင်သောအမူအရာဖြင့် မတ်တပ်ထရပ်လိုက်သည်။

"အဲ့ခွေးသား ဘယ်မှာလဲ "

"ကျိုးကျွင်းက ဒီအိမ်မက်ကို လူတိုင်းမှတ်မိစေဖို့ ဒီကျောင်းကို လာလည်‌အောင် လူတိုင်းကို လှည့်စားဖို့ ငါ့ကို ပူးပေါင်းစေချင်ခဲ့တယ် ၊ သူပြောတာက အဲ့ဒါပြီးရင် ငါ့ကို ယွမ်တစ်သန်းပေးမယ်တဲ့ "

ရွှမ်ဟွေ့က သူ့လက်များကို ပြန်ချလိုက်သည်။

"ငါသဘော မတူခဲ့ဘူး အဲ့ဒါနဲ့သူက လူတွေကို ငါ့မိန်းမနဲ့သမီးကို ပြန်ပေးဆွဲခိုင်းလိုက်တယ် "

"မင်း ဒါကို ငါတို့ စောစောကတည်းက ပြောသင့်တယ် ! "

ချင်ကျွင်းရန်သည် စတိတ်စင်ပေါ်လျှောက်လာပြီး ရွှမ်ဟွေ့ကို စိုက်ကြည့်လိုက်သည်။

"ငါ အရိပ်အမြွက်တွေ အများကြီး ပေးခဲ့ပေမဲ့ ဘယ်သူမှ ငါ့ကို ဂရုမစိုက်ဘူးလေ ဒါ့အပြင် ဒီနေရာမှာ ဘာတွေဖြစ်နေလဲဆိုတာ ငါလဲတကယ်မသိဘူး ကျိုးကျွင်းငါ့ကို ပုံမှန်အတိုင်း တွေ့ဆုံပွဲ တက်ရောက်ဖို့ပဲ သတိပေးခဲ့တယ် ဒါမှမဟုတ်ရင် သူက ငါ့မိသားစုကို သေတာထက် ပိုဆိုးတဲ့ ကံကြမ္မာရောက်စေလိမ့်မယ် "

ရွှမ်ဟွေ့သည် လူတိုင်းကို အမှန်အတိုင်းပြောလိုက်ခြင်းသည် ကောင်းသော်လည်း လူများသည် ဘယ်တော့မှ မကျေနပ်ကြ‌ပေ။ အမှန်တရားကို အစပိုင်းတွင် ဝှက်ထားခဲ့သောကြောင့် သူတို့သည် ဒေါသထွက်နေကြလေသည်။

"မင်းက အရမ်းတစ်ကိုယ်ကောင်းဆန်တဲ့ကောင်ပဲ ရွှမ်ဟွေ့ ! "

"မင်း ဘယ်လိုလုပ် ငါတို့ကို ဖုံးကွယ်ထားရတာလဲ "

အပြစ်တင်သံများကြောင့် ရွှမ်ဟွေ့မျက်နှာသည် မည်းမှောင်သွားသည်။

"မင်းတို့ကောင်တွေလဲ တစ်ယောက်မျှ သောက်ကျင့်ကောင်းတဲ့ကောင်တွေ မဟုတ်ပါဘူး ၊ ငါမပူးပေါင်းဘူးဆိုရင်တောင် မင်းဒီကိုရောက်လာမယ်လို့ ကျိုးကျွင်းက ပြောခဲ့တယ် မင်းတို့အားလုံး ဒီကိုရောက်လာတာလဲ အကြောင်းပြချက်ရှိလို့ပဲ ! "

ရွှမ်ဟွေ့၏မျက်လုံးများသည် ခြောက်ခြားဖွယ်ရာဖြစ်နေသည်။

"မင်းတို့ထဲက တချို့က ရူးနေတဲ့ကောင်တွေ ၊ တချို့က အကြွေးကြောင့် ထွက်ပြေးနေတဲ့ကောင်တွေ ၊ တချို့က မယားငယ်နေတဲ့ကောင်တွေ ၊ လူသတ်သမားတွေတောင် ပါသေးတယ် !"

"မင်း ဘာသောက်စကားတွေ ပြောနေတာလဲ "

ချောင်စုန့်သည် ရွှမ်ဟွေ့ဆက်ပြောနေခြင်းကို တားဆီးလိုက်သည်။

"ငါဘာပြောနေလဲဆိုတာ မင်းသိပါတယ် "

ရွှမ်ဟွေ့က သူ့အင်္ကျီကို ကောက်လိုက်သည်။

"လူတိုင်းမှာ ကိုယ်ပိုင်လျှို့ဝှက်ချက်တွေရှိတယ် ၊ မင်းတို့လျှို့ဝှက်ချက်တွေကို ငါစိတ်မဝင်စားဘူး ၊ မင်းတို့ငါကို ယုံရင်တော့ ကောင်းတယ် ၊ အေး မယုံလည်း ဂရုမစိုက်ဘူး "

ခန်းမသည် တိတ်ဆိတ်သွားခဲ့သည်။ဘယ်သူမှ စကားထမပြောကြသောကြောင့် ချင်ကျွင်းရန်က အလယ်သို့ လျှောက်လာခဲ့သည်။

"အားလုံးပဲ ငါတို့က ဆယ်စုနှစ်ကြာသမိုင်းကြောင်းရှိတဲ့ သူငယ်ချင်းတွေပဲ ငါတို့က ဒီမှာ ပိတ်မိနေပြီး ဘာမှန်းမသိတဲ့ အန္တရာယ်တွေနဲ့ ရင်ဆိုင်နေရတယ် ငါတို့ရှေ့မှာ လမ်းကြောင်းတစ်ခုပဲရှိတယ် ၊ အဲ့ဒါက ငါတို့ဒီနေရာက အသက်ရှင်ရက်လွတ်မြောက်အောင် စုစည်းလုပ်ဆောင်ဖို့ပဲ ! "

ရွှမ်ဟွေ့ထက်စာလျှင် ချင်ကျွင်းရန်၏စကားများကို ပို၍အလွယ်တကူ လက်ခံကြသည်။

"ငါတို့ အိပ်ချိန်ကို စီမံထားချက်အရ ငါတို့က မတူညီတဲ အုပ်စုတွေအဖြစ် ခွဲထုတ်ခံရလိမ့်မယ် ၊ ငါတို့က အချက်အလက်တွေ စုဆောင်းပြီး လွတ်မြောက်ဖို့ လမ်းကြောင်းတွေ ရှာရလိမ့်မယ် "

အတန်း၁၃ တွင် အမျိုးသားအဆောင်လေးဆောင်၊ အမျိုးသမီးအဆောင်ဆောင်လေး‌ဆောင်နှင့် အခန်း ၁၃၁၅ ရှိပြီး ၎င်းတို့တွင် အတန်း၁၃မှ ကျောင်းသားများနှင့် အခြားအတန်းများမှ ကျောင်းသားများရောနှောထားသည်။ချင်ကျွင်းရန်သည် ၎င်းအား အခြေခံအဖြစ်သုံး၍ သူ့စီမံခန့်ခွဲရေးစွမ်းရည်အား အသုံးချလိုက်သည်။သူသည် ဆောင်ပုဒ်အနည်းငယ်ထပ်ဖြည့်လိုက်ပြီး သူ့ကိုယ်သူ ကျေနပ်သွားသည်။သူပြီးသွားသောအခါ သူသည် ဂုဏ်ယူနေသော ကြက်ဖတစ်ကောင်ကဲသို့ တံခါးဘက်ပင်လှည့်လိုက်သေးသည်။

"နင်ပြီးပြီလား "

လျိုယီသည် စတိတ်ခုံပေါ် အေးစက်စက်တက်လာလေသည်။

"နင်ပြီးရင်လည်း ခုံပေါ်ကဆင်းလေ ငါတို့မှာ ဖြုန်းစရာ အချိန်မရှိဘူး "

ချင်ကျွင်းရန်သည် စကားထပ်ပြောချင်နေသေးသော်လည်း လျိုယီက သွေးစွန်းနေသော စာအုပ်အနည်းငယ်ထုတ်၍ စားပွဲပေါ်ပစ်ချလိုက်သည်။

"ကျောင်းကနေ ထွက်သွားဖို့ ငါနည်းလမ်းနှစ်ခုတွေ့ထားတယ် ၊ ပထမတစ်ခုက ချီးကျူးမှတ်၁၀၀ ပြည့်အောင်စုဆောင်းဖို့ပဲ ၊ အတန်းချိန်တစ်ချိန်ကို ချီးကျူးမှတ် တစ်မှတ်ရမယ် ၊ ဒါပေမယ့် အတန်းတွေက အရမ်းအန္တရာယ်များတယ် "

"ဒုတိယနည်းလမ်းကရော "

လူတိုင်း၏အာရုံသည် ချင်ကျွင်းရန်ထံမှ လျိုယီထံရွေ့သွားသည်။

"ဒုတိယက..."

လျိုယီသည် တွေဝေနေပြီး သူမဖုန်းကို ထုတ်လိုက်သည်။

"ဒီပုံက ဘွဲ့နှင်းအဆောက်အဦးထဲက အမျိုးသမီးသန့်စင်ခန်းထဲက လေးခုမြောက်အိမ်သာခန်းထဲက ငါရိုက်လာတာပဲ ၊ ပြောထားတာက မင်းလူ၁၀၀ကို သတ်နိုင်ရင် ဘွဲ့အစစ်ရနိုင်တယ်တဲ့ "

"လူတစ်ရာကို သတ်ရမှာတဲ့လား "

ကောင်းမင်၏မျက်ဆံများ တုန်ခါသွားသည်။ဘွဲ့ယူရန်နည်းလမ်းနှစ်ခုသည် လူအမျိုးအစားနှစ်ခုကို ဆိုလိုပေသည်။

All Chapters