အထူးအိမ်စာ
Vol. 8 Ch. 116
"ဒုတိယနည်းလမ်းက ဟာသပဲဖြစ်မယ် ဒီကျောင်းက အရူးတွေကိုပဲ မွေးထုတ်ပေးတာလား"
ဝမ်ကျားက ကောင်မင်ဘေးတွင် ထိုင်လိုက်သည်။
"လူတစ်ရာကို သတ်ပြီး ဂိမ်းကို အောင်နိုင်မယ်လို့ မင်းတကယ်ကြီးထင်နေတော့ မဟုတ်ဘူးမလား "
"ဒါက သရဲတွေအတွက် ဘွဲ့ရနည်းဖြစ်နိုင်ပါတယ် "
ကောင်းမင်က ထိုင်ခုံနောက်တွင် မှီလိုက်သည်။
"တုပိုင်နဲ့ငါက အစောပိုင်းက အတန်းတက်ခဲ့တယ် မင်းစည်းကမ်းတွေကို လိုက်နာမယ်ဆိုရင် အဆင်ပြေလိမ့်မယ် သရဲတွေက စည်းမျဥ်းစည်းကမ်းတွေကို အသုံးချပြီး အခြားသူများကိုလည်း ဒုက္ခပေးလို့ရတယ်၊ သူတို့က အကြမ်းဖက်လို့မရဘူး "
"ငါတို့က သရဲတွေကို အကြမ်းဖက်လို့ရနိုင်မလား "
ဝမ်ကျား၏မျက်လုံးများသည် ရက်စက်မှုဖြင့် တောက်ပသွားသည်။
"ငါလဲ ထင်ပါတယ် "
ကောင်းမင်က စကားပြောဂရုကို ကြည့်လိုက်သည်။
"လူနာဝတ်စုံနဲ့ကျိုးဘိုက ကျောင်းမှာကျိုးဘိုကို သတ်ပစ်ခဲ့တယ် ၊ ဒါကြောင့်မို့ လူသတ်တာကို ခွင့်ပြုထားတယ် "
"မင်းတို့နှစ်ယောက် ရူးနေပြီလား ၊ သရဲတွေကို အလွယ်တကူသတ်လို့ရရင် သူတို့က ဘယ်သရဲဟုတ်တော့မလဲ "
တုပိုင်သည် ထိုစကားဝိုင်းတွင် မပါဝင်ချင်ခဲ့ပေ။ထိုနှစ်ယောက်ကား ပုံမန်မဟုတ်ဟု သူခံစားခဲ့ရသည်။
"ငါက မေးရုံပါပဲ "
ဝမ်ကျားက ပြုံးလိုက်သည်။
"ချီးကျုးမှတ်တွေကို စုဆောင်းဖို့က လက်တွေ့မကျဘူးလေ ၊ မင်းတို့ အတန်းချိန်တစ်ရာလုံး အသက်ရှင်နိုင်မယ်လို့ ယုံကြည်ချက်ရှိလား "
"ကျောင်းကနေလွတ်မြောက်ဖို့ တခြားနည်းလမ်းတွေရှိရမယ် "
စားပွဲပေါ်ရှိ သစ်စေ့များကို ကောင်းမင်လေ့လာလိုက်သည်။သူသည် ဟန်သဲ့ကိုယ်ပိုင်ကျောင်းတွင် သေခဲ့ခြင်းမရှိသောကြောင့် မှတ်ဉာဏ်များဆက်စပ်နေခြင်းမရှိပေ။
"ဘွဲ့ရတယ်ဆိုတာ ထွက်သွားလို့ရတာကိုဆိုလိုတာ မဟုတ်ဘူး ၊ တစ်ခါတစ်လေမှာ ရှင်သန်နေတာက သေတာထက်ပိုဆိုးတယ် "
ကောင်းမင်အတွက် သူသေခဲ့လျင် ဥမင်ထဲပြန်ရောက်သွားပေလိမ့်မည်။သို့သော်လည်း သူ့လွတ်လပ်မှုသာ ယူဆောင်သွားခံရပါက သူသည် ထာဝရပိတ်မိနေတော့မည်ဖြစ်သည်။သူသည် သေခြင်းကို မကြောက်သော်လည်း မသေနိုင်သည်ကို ကြောက်သည်။
ကျောင်းသူကျောင်းသားများသည် အချက်အလက်များကို လဲလှယ်၍ လွတ်မြောက်ရန်ဆွေးနွေးကြသည်။ချင်ကျွင်းရန် ၊ ရွှမ်ဟွေ့ နှင့် လျိုယီသည် အလုပ်လုပ်ရန် လူတိုင်းကို အတူတကွ စုစည်းခဲ့ပြီး သူတို့အိပ်ခန်းယူနစ်များအဖြစ် စည်းရုံးခဲ့သည်။
"ဝမ်ကျား ၊ ကောင်းမင် မင်းတို့အခန်း ၁၃၁၄က သင်္ချာဆောင်ကို ကိုင်တွယ်လိုက်၊ ကောင်းကင်မှောင်လာရင် ငါတို့ အဆောင်ကို ပြန်သွားကြ..."
ချင်ကျွင်းရန် ပြောမဆုံးသေးခင် ဝမ်ကျားက စိတ်မရှည်စွာနှောက်ယှက်လိုက်သည်။
"သင်္ချာဆောင်က အန္တရာယ်အများဆုံးပဲ မင်းသွားချင်ရင် ကိုယ့်ဘာသာ သွားလေ ၊ ငါတို့ကို မင်းနဲ့ဆွဲမခေါ်နဲ့ "
"ငါလည်း မင်းတို့နဲ့သွားလို့ရပါတယ် တစ်ယောက်ယောက်တော့ ဒါကိုလုပ်ရမှာပဲလေ ဟုတ်တယ်မလား "
ချင်ကျွင်းရန် သဘောထားကြီးစွာပြောလိုက်သည်။
"ဒါက အများအကျိုးအတွက်ပါပဲကွာ "
"မြင့်မြတ်သလို လုပ်မနေစမ်းပါနဲ့ကွာ "
ဝမ်ကျားက မတ်တပ်ထရပ်လိုက်သည်။
"မင်း လျိုယီကိုကြိုက်နေတာ ငါသိတယ် ဒါပေမယ့် သူ့ကို ကောင်းမင်က သဘောကျနေတာ ၊ ဒါကြောင့် မင်းက ငါတို့အဖွဲ့ကို ပစ်မှတ်ထားနေတာပဲ "
"အဓိပ္ပါယ်မရှိတာတွေ မပြောနဲ့ "
ချင်ကျွင်းရန်မျက်နှာက အေးစက်သွားသည်။
"လျိုယီက ဘာကြောင့် ကောင်းမင်ကိုဂရုစိုက်နေလဲ မင်းသိလား ၊ သူက တစ်ဦးတည်းသော စိတ်ပညာရှင်မို့လို့ပဲ ၊ သူက စုတ်ပြတ်နေတဲ့ လူ့နှလုံးသားထဲက ပေါ်လာတဲ့ သရဲတွေကို နားလည်လို့ပဲ "
ဝမ်ကျားသည် နောက်ပြန်မဆုတ်ခဲ့ပေ။
"လှည့်ကွက်တွေ ကစားနေတာ တော်လိုက်တော့ ငါတို့ မင်းကို သတ်ချင်ရင်း မင်းသုံးရက်တောင် အသက်ရှင်မှာမဟုတ်ဘူး "
ချင်ကျွင်းရန် ဆွံ့အသွားသည်။တတိယမျိုးဆက်သခင်လေးသည် အကြောင်းအရာများစွာကို သိနေလေသည်။ရွှမ်ဟွေ့ ပြောတာနဲ့ သူကြားခဲ့ရသည့် အတင်းအဖျင်းတွေကို ပြန်စဉ်းစားလိုက်သည်။ သူက ဝမ်ကျားသည် အရူးလူသတ်သမားဟု သံသယရှိခဲ့သည်။
"ငါတို့အားလုံးနောက်နေကြတာ သေချာတာပေါ့ကွ "
စီဆန်းက ငြိမ်းချမ်းရေးသမားဖြစ်လာသည်။
"သင်္ချာဆောင်က အရမ်းအန္တရာယ်များတယ် ၊ ငါတို့ အလှည့်ကျသွားကြဖို့ အကြံပေးချင်တယ် "
"ချင်ကျွင်းရန် မင်းရဲ့ဩဇာအာဏာက ဒီမှာ ဘာမှ မဟုတ်ဘူးနော် "
ဝမ်ကျားသည် စီဆန်းနှင့်ချင်ကျွင်းရန်အား မျက်နှာသေဖြင့်ကြည့်လိုက်သည်။
"ကြည့်ရတာ သရဲတွေက ခန်းမထဲမှာ ရောနှောနေပြီထင်တယ် ၊ ဒီမှာ လူတိုင်းက လူသားတွေလို့ ဘယ်လိုပြောနိုင်မလဲ"
"ဝမ်ကျား မင်းဘာအကြောင်းပြောနေတာလဲ "
"ငါတို့က မစခင်ကတည်းက တစ်ယောက်နဲ့တစ်ယောက် လိုက်နေကြပြီလား မင်းရည်ရွယ်ချက်ကဘာလဲ"
ကျောင်းသားများက ဝမ်ကျားကို မကြိုက်သလို ဝမ်ကျားကလည်း သူ့အိပ်ခန်းအပြင်ရှိ မည်သူ့ကိုမှ မယုံကြည်ပေ။
"သွားကြမယ် ဒါကို သူတို့ရဲ့နည်းလမ်းအတိုင်း ကစားကြပါစေ"
ကောင်းမင်က လျိုယီထံမက်ဆေ့ပို့လိုက်ပြီး သူတို့နှစ်ယောက်ကြား သီးသန့်ကုဒ်တစ်ခု ဖန်တီးလိုက်သည်။
လျိုယီသည် လူအုပ်နှင့်အတူ နေခဲ့မည်ဖြစ်သည်။တစ်စုံတစ်ယောက်ကား လူစားထိုးခံထားရပြီးဖြစ်ပေလိမ့်မည်။သူမသည် လူသားများနှင့် သရဲတစ္ဆေများမှပေးသော အချက်အလက်များကို စုဆောင်းမည်ဖြစ်သည်။သူမသည် ပတ်တီးပတ်ထားသည့် မျက်နှာနှင့် ယောက်ျားလေးကျောင်းသားကို စောင့်ကြည့်နေလိမ့်မည်။ ထိုလူမှာ နာမည်မရှိ၊ မျက်နှာလည်းမရှိပေ။ သို့သော် သူသည် အခြားသူများနှင့် ပတ်သက်သမျှ အရာအားလုံးကို သိနေ၏။
ကောင်းမင်သည်လည်း ကိုယ်ပိုင်စုံစမ်းရေးလုပ်လိမ့်မည်ဖြစ်သည်။နောက်တွင် သူသည် လျိုယီနှင့် မှတ်စုချင်းပြန်တိုက်မည်ဖြစ်သည်။
"အလကား အချိန်ကုန်တာပဲကွာ "
ဝမ်ကျားက စီးကရက်တစ်လိပ်ထုတ်လိုက်သည်။ စိုစွတ်နေသောကြောင့် စီးကရက်ကို မီးမညှိနိုင်ခဲ့ပေ။ သူသည် ဒေါသဖြင့် စီးကရက်ကို တက်နင်းလိုက်သည်။
"သူတို့နဲ့ အချိန်ဖြုန်းမနေပါနဲ့ကွာ "
စီဆန်းက အဆင်ပြေစေရန်ကြိုးစားလိုက်သည်။
"ဝမ်ကျားနဲ့ငါက ကျောင်းတစ်ပတ်သွားခဲ့တယ် ၊ ဒီနေရာက ကြီးတယ်ကွ ၊ gymတစ်ခု ၊ အားကစားခန်းမ နဲ့ ဓာတ်ခွဲခန်းအဆောက်အဦးလည်းရှိတယ် ၊ အဆောက်အဦးတစ်ခုစီတိုင်းက အထူးအချိန်တွေမှာပဲ ဖွင့်တာ ၊ ကျောင်းမှာလည်း လှုပ်ရှားမှုတွေ လုပ်လိမ့်မယ် ၊ပြီးတော့ အနိုင်ရသူတွေဟာ ချီးကျူးမှတ်တွေ အများကြီးရနိုင်တယ် "
"သရဲတွေလည်း ဒီလှုပ်ရှားမှုတွေမှာ ပါလိမ့်မယ် ဒါမှမဟုတ် လှုပ်ရှားမှုတွေက အစကတည်းက သရဲတစ္ဆေ တွေအတွက် ရည်ရွယ်ထားတာပဲ "
ဝမ်ကျားသည် စိတ်လျှော့ရန် အသက်ပြင်းပြင်းရှူလိုက်လေသည်။
"ကောင်းမင် နောက်ထပ်ဘာလုပ်ဖို့ စီစဉ်ထားလဲ ၊ ချီးကျူးမှတ်တွေ စုမှာလား "
"မင်းက ကိစ္စတွေကို ပိုရိုးရှင်းအောင် လုပ်နေပြန်ပြီ "
ကောင်းမင်သည် မူမမှန်ဖြစ်ရပ်များစွာ ကြုံတွေ့ဖူးသည်။
"အခု ငါတို့က သရဲကျောင်းတော်တစ်ခုမှာ ရောက်နေတာ ၊ လွတ်မြောက်ဖို့အကြောင်း မစဉ်းစားနဲ့ဦး ၊ နောက်တစ်ရက်အထိ ဘယ်လိုအသက်ရှင်နိုင်မလဲဆိုတာပဲ စဉ်းစားထား ၊ မင်းတို့သုံးယောက်က အတူတူလှုပ်ရှားကြ ၊ ငါတခြားအတန်းတွေသွားပြီး အတွေ့အကြုံယူလိုက်မယ် ညကျရင် အဆောင်မှာ တွေ့မယ် "
ကောင်းမင်သည် တုပိုင်ကို လွှတ်လိုက်ပြီး သူ့အကြံအစည်ကို အကောင်အထည်ဖော်လိုက်သည်။ကျောင်းတွင်းစည်းကမ်းများကို သရဲများက ချမှတ်ထားခြင်းဖြစ်သည်။သူတို့သည် စည်းကမ်းများကိုလိုက်နာပါက အကြောက်တရားဖြင့်သာ ရှင်သန်နိုင်လိမ့်မည်ဖြစ်သည်။ထိုအခြေအနေကို ပြောင်းလဲရန် သူတို့သည် စည်းမျဉ်းအသစ်များဖန်တီးသူဖြစ်ရပေမည်။
"ဒီကျောင်းက ခြောက်ခြားဂိမ်းအကြီးကြီးတစ်ခုလိုပဲ ၊ ဒါက စီစွေ့အိမ်ရာထက် ပိုရှုပ်ထွေးတယ် ၊ စီတုအန်းက ဘယ်နေရာက ကစားနေမလဲ ငါသိချင်မိတယ် "
သူသည် သင်္ချာဆောင်အပြင်ဘက်တွင် တစ်နာရီခန့် စောင့်ဆိုင်းနေ၏။ထို့နောက် စည်းကမ်း ဖောက်ဖျက်ခဲ့သည့် ကျောင်းသားတစ်ယောက် နှင်ထုတ်ခံခဲ့ရသည်။ သူ့ကြည့်ရတာ အသက် ၂၀ မပြည့်သေးပေ။ သူသည် သူ့ပတ်ဝန်းကျင်ရှိ ကျောင်းသားများကို ဆက်လက်တောင်းပန်နေခဲ့သည်။ကောင်းမင်သည် သူတို့နောက်မှ တိတ်တဆိတ်လိုက်သွားခဲ့သည်။ထိုကျောင်းသားအား ရုံးခန်းအဆောက်အဦးသို့ ခေါ်ဆောင်သွား၏။
အခြားအဆောက်အဦးများနှင့် နှိုင်းယှဉ်ရလျင် ရုံးခန်းအဆောက်အဦးသည် ခြောက်ချားဖွယ်အကောင်းဆုံးဖြစ်သည်။မှောင်မဲနေသော ကော်ရစ်ဒါများသည် အဆုံးရှိပုံမရချေ။ရုံးခန်းများထဲမှ ထူးဆန်းသောအသံများ ထွက်ပေါ်နေ၏။အသံများသည် ငိုကြွေးသံ သို့မဟုတ် တီးတိုးပြောဆိုနေသံများနှင့်တူပေ၏။သူ အဆောက်အဦးထဲ ရောက်သွားပြီးနောက် ကျောင်းသားသည် ပျောက်ကွယ်သွားလေ၏။ထိုကျောင်းသားအား မည်သည့်အခန်းထဲ ထားလိုက်မှန်း ကောင်းမင်မသိပေ။
"ကျောင်းသား..."
ကောင်းမင်နောက်ဘက်က ရုတ်တရက်အသံတစ်ခု ထွက်ပေါ်လာသည်။သူသည် သူ့လက်အား အိတ်ကပ်ထဲလှမ်းလိုက်ပြီး နောက်သို့ တဖြည်းဖြည်းလှည့်လိုက်သည်။သူ့လက်ချောင်းသည် လူသေဓာတ်ပုံကို ထိထားသည်။
"နင်လည်း နင့်အိမ်စာတွေ လာပို့တာလား "
ကောင်းမင်နောက်တွင် ကောင်မလေးတစ်ယောက် တိတ်တဆိတ်ကိုယ်ထင်ပြလာသည်။သူမမျက်လုံးများသည် အပ်ဖြင့်ချုပ်ခံထားရသည်။သူမဆံပင်များသည် ဟိုတကွက် ဒီတကွက်နူတ်ခံထားရသည်။သူမမျက်နှာပေါ်တွင် လူများက ခြောက်ခြားဖွယ်စာများ ရေးထားကြသည်။မိန်းကလေးသည် သေးကွေးသော်လည်း သူ့မလက်အပြည့်စာအုပ်များကို သယ်ဆောင်ထားလေ၏။
"ငါ့အိမ်စာတွေကို အခုမှ ပို့ပြီးတာလေ ၊ ခုပဲ သွားတော့မလို့ "
သူမသည် လူသေလား လူရှင်လား ကောင်းမင်မပြောတတ်ပေ။
"ဒါကို နင်ငါ့ကို ကူညီနိုင်မလား "
ကောင်မလေးက ရှေ့တိုးလိုက်ရာ ကောင်းမင်နှင့်တိုက်မိလုမတတ်ဖြစ်သွားသည်။သူမက ခေါင်းမော့လိုက်သည်။
"ငါ့မှာ အထူးအိမ်စာတွေရှိတယ် ဒါပေမယ့် အဲဒါကို ဘယ်လိုဖွင့်ရမှန်းမသိဘူး နင် ငါနဲ့လိုက်ခဲ့လို့ရမလား"
ကောင်းမင်က ရှောင်ထွက်မသွားခဲ့ပေ။သူက ကောင်မလေး၏ ခြောက်ခြားဖွယ်မျက်နှာကို စိုက်ကြည့်လိုက်သည်။
"မင်းအိမ်စာက ငါတော့မဟုတ်ပါဘူးနော် ဟုတ်တယ်မလား "