← Chapters

အဖေ

Vol. 8 Ch. 117

အဖေ

Vol. 8 Ch. 117

ကျောင်းသူသည် ရုံးခန်းအဆောက်အဦးတွင် လူပေါင်းများစွာကို ကြုံတွေ့ခဲ့ရသည်။သူမက လူများကို ကူညီပေးရန်မေးလိုက်သည့်အခါတိုင်း သူတို့သည် ထွက်ပြေးလျင်ထွက်ပြေး သို့မဟုတ် သူမကို သနား၍ နေခဲ့ကြသည်။ယခုအကြိမ်သည် သူမအတွက် ကောင်းမင်လိုလူမျိုးအား ပထမဆုံးအကြိမ်တွေ့ရခြင်းဖြစ်သည်။

"မဟုတ်ပါဘူး ၊နင်က အိမ်စာ မဟုတ်ပါဘူး...."

ကောင်မလေးသည် သူမ၏လျို့ဝှက်ချက် ဖော်ထုတ်ခံလိုက်ရဟန် တူသည်။သူမသည် စာအုပ်များကိုသယ်လျက် အပေါ်ထပ်သို့ တက်ပြေးသွားသည်။

"မသွားနဲ့လေ ! "

ကောင်းမင်သည် သူမနောက်ပြေးလိုက်သွားသည်။

"မင်းက တခြားသရဲကျောင်းသားတွေနဲ့ မတူဘူးဆိုတာ ငါသတိထားမိတယ် ၊ သူတို့က သူတို့ကိုယ်သူတို့ လူတွေနဲ့တူအောင် ကြိုးစားနေကြတာ ဒါပေမယ့် မင်းရဲ့ပုံစံကတော့ သတိထားမိနိုင်အောင် ထူးခြားနေတယ် "

ကောင်းမင်သည် ကောင်မလေး၏လက်ကို ဆွဲလိုက်သည်။လက်သည် သေးသွယ်အားနည်းပြီး နွေးထွေးနေလေသည်။

"နေပါဦး ၊ မင်းက လူသားလား ၊ လူတစ်ယောက်က သရဲတွေကို ကူညီနေတာလား "

ကောင်းမင်သည် သူ့သံသယကို အတည်ပြုလိုက်ပြီး ကောင်မလေးအား ထောင့်သို့ ဆွဲခေါ်လိုက်သည်။

"ငါမင်းကို အပြစ်မတင်ပါဘူး လူတိုင်းမှာ ဒါကိုလုပ်ဖို့ အကြောင်းပြချက်ရှိမှာပဲ ၊ ငါမင်းကို မေးခွန်းနဲနဲမေးချင်ရုံပါပဲ "

ကောင်မလေးသည် ကြောက်မက်ဖွယ်ရာကောင်းနေ၏။သူမသည် နှိပ်စက်ညင်းပန်းမှုအမြောက်အများကို ကြုံတွေ့ခဲ့ရခြင်းဖြစ်ပေလိမ့်မည်။သူမသည် သရဲများလက်ခံထားသော ကောင်မလေးတစ်ယောက်ဖြစ်ပေသည်။ယင်းအတွက် သူမသည် စိတ်ကူးရန်ခက်ခဲသော ‌တန်ကြေးကို ပေးဆပ်ခဲ့ရလိမ့်မည်ဖြစ်သည်။

"မင်း ဒီကိုရောက်နေတာ ဘယ်လောက်ကြာပြီလဲ "

ကောင်းမင်နှင့်ရင်ဆိုင်ရသောအခါ ကောင်မလေးသည် ခေါင်းကိုတွင်တွင်ခါလျက် စာအုပ်များကိုသာ တင်းကျပ်စွာ ပွေ့ပိုက်ထားလေသည်။

"မင်း ဘာလို့ အရမ်းကြောက်နေရတာလဲ မင်းကို ငါ ရုံးခန်းအဆောက်အဦးထဲက ခေါ်သွားပေးရမလား "

ထိုသည်ကို ကြားသောအခါ ကောင်မလေးသည် ပို၍ပင်ခေါင်းခါလိုက်သည်။

"ငါ ရုံးခန်း အဆောက်အဦးထဲက ထွက်သွားလို့မရဘူး ၊ ဘယ်တော့မှပဲ! "

ကောင်းမင်သည် သူမအား အလွယ်တကူလွတ်ပေးမည်မဟုတ်သည်ကို သိသောကြောင့် သူမသည် ကောင်းမင်အား ဒုတိယထပ်ရှိ ယောက်ျားလေးသန့်စင်ခန်းဆီခေါ်သွားလိုက်သည်။သူမသည် တံခါးကို ပိတ်လိုက်ပြီး ကောင်းမင်နှင့်အတူ လေးခုမြောက်အိမ်သာခန်းထဲ ဝင်လိုက်သည်။

"ဒီကျောင်းမှာ နံပါတ် ၄ က ကံအကောင်းဆုံး နံပါတ်ပဲ "

ကောင်မလေးသည် စာအုပ်များ ရေစိုသွားမည်စိုးသောကြောင့် စာအုပ်များကို ဂရုတစိုက်ပွေ့ထားလေသည်။

"၄ ကကောင်းတာလား ၊ ကြာသပတေးနေ့ မနက်လေးနာရီမှာ ငါတို့ကျောင်းက ထွက်သွားလို့ရတာလား "

ကောင်းမင်သည် အရာအားလုံးကို မှတ်သားနေလေသည်။

"နင်ကြိုးစားနိုင်ပါတယ် "

ကောင်မလေးက နံရံကို မှီလိုက်သည်။

"ငါ ဒီမှာ စာသင်နေခဲ့တာ အတော်ကြာပြီ ဒီကျောင်းမှာ ကျောင်းသားတွေ ပိုပိုပြီး များလာတာကို တွေ့ခဲ့ရပေမယ့် ဘယ်လောက်ပဲ များနေပါစေ ကျောင်းက သူတို့နဲ့ အံဝင်ခွင်ကျ ဖြစ်နေခဲ့တယ် ဘာလို့လဲဆိုတော့..."

ကောင်မလေးက ခဏရပ်ပြီး ဆက်ပြောလိုက်သည်။

"‌ဒီကျောင်းက လူတွေက စားနေလို့ပဲ ၊ ကျောင်းက အရောင်တွေပြည့်နေတဲ့လူတွေကို ဝါးမြိုတယ် ၊ ဆရာတွေက နင့်ကို အပြင်လောကကြီးက ဘယ်လောက်အန္တရာယ်များကြောင်း ပြောပြလိမ့်မယ် ဒီကျောင်းက အကြင်နာဆုံးနဲ့ အကောင်းဆုံးနေရာပဲ ၊ သူတို့က ကျောင်းသားတိုင်းကို အသိစိတ်မရှိတဲ့စက်ရုပ်တွေဖြစ်လာအောင်လေ့ကျင့်ဖို့ ကျောင်းစည်းကမ်းတွေကို လိုက်နာဖို့ ပြောကြတယ် "

ကောင်မလေးသည် ရိုးသားသောအမူအရာဖြင့်ပြောပြနေ၏။သူမသည် စာအုပ်များကို ပိုက်မထားလျှင် သူမလက်များကို သုံးနိုင်ပေလိမ့်မည်။

"ဒီကျောင်းကြီးက မှောင်လာတဲ့အခါမှ သူ့ကိုယ်သူထုတ်ပြတာ ဒီကျောင်းက လူသားတွေဖန်တီးထားတဲ့ ဧရာမစက်ကြီးတစ်လုံးပဲ ၊ လူတိုင်းက ဘီးလုံးရဲ့ခွေးသွားစိတ်တစ်ခုပဲ စက်ကို လည်ပတ်ဖို့ ကူညီပေးတဲ့ နေရာမှာ သူတို့က အောက်ခြေလူတွေအဖြစ်နာကျင်ခံစားနေကြရတယ်”

"ဘယ်လိုကျောင်းမျိုးက သူတို့ကျောင်းသားတွေကို ဒီလိုမျိုးဆက်ဆံလို့လဲ "

"ဒါကအမှန်ပဲ! မဟာ‌ဘေးအန္တရာယ်ကြီး မရောက်လာခင် ဒီစက်ကြီးက ထိန်းချုပ်မှုလွတ်မသွားခင်အထိ ဆက်လက်လည်ပတ်နေလိမ့်မယ် ၊ ဘေးအန္တရာယ်ကြီး ရောက်မလာခဲ့ရင် ဒါကြီးက စည်းမျဉ်းတွေကို ထိန်းသိမ်းဖို့ ဘေးအန္တရာယ်ကို ဖန်တီးလိမ့်မယ် "

သာမန်ကျောင်းများသည် ထိုသို့လုပ်လိမ့်မည်မဟုတ်သော်လည်း ကောင်းမင်သည် ဌာနယူနီဖောင်းဝတ်ထားသော ဆရာမကို အမှတ်ရလိုက်သည်။

"ကျောင်းကြီးက စုံစမ်းစစ်ဆေးရေးဌာနလား "

‌ထိုအကြောင်းကို ကောင်းမင်တွေးမိသည်။ဌာနသည် ဒီနည်းလမ်းဖြင့် လူသစ်များကို လေ့ကျင့်နေသည်လော။

အထက်လူကြီးများက ဂျူနီယာများအား စည်းကမ်းများကို အနီးကပ် လိုက်နာကြရန်အတွက် အမည်မသိ ဘေးအန္တရာယ်အား တုတ်အဖြစ် အသုံးပြုကာ လိုက်နာရန် တောင်းဆိုခဲ့သည်။ သက်ရှိလူသားများအား မူမမှန်မှုများထဲသို့ပစ်ချခံရသည့် ကိရိယာများအဖြစ် ဖန်တီးထားကြသည်။

"လွန်ခဲ့တဲ့‌နှစ်တွေက ဟန်သဲ့ကိုယ်ပိုင်ကျောင်းကို စီတုအန်းက တည်ဆောက်ထားတာ ၊ သူ့အကူအညီနဲ့ ဒီကျောင်းကြီးက မကောင်းဆိုးဝါးတစ်ကောင်ဖြစ်လာတော့တာပဲ "

ဟန်ဟိုင်းသည် လွတ်လပ်သော နိုင်ငံတကာဆိပ်ကမ်းမြို့တစ်မြို့ဖြစ်သည်။နှစ်စဉ်နှစ်တိုင်း လူများစွာပျောက်ဆုံးလျက်ရှိသည်။ကြောက်စရာအကောင်းဆုံးမှာ အိမ်ခြေရာမဲ့များနှင့် စွန့်ပစ်ခံလူများကဲ့သို့ အစွန်အဖျားရှိ လူများကို ဟန်ဟိုင်းပရိဟိတမှ မကြာခဏ ကူညီပေးခဲ့ခြင်းဖြစ်သည်။

"နင်ကတော့ လွတ်မြောက်ဖို့ အခွင့်အရေးရှိသေးပေမယ့် ငါတော့ မဟုတ်ဘူး "

ကောင်မလေးသည် နာကျင်ဖွယ်အမှန်တရားကို လက်ခံထားခဲ့သည်။

"ငါက မိဘမဲ့အဖြစ်ကြီးပြင်းလာခဲ့ပြီး ဒီကို စာလေ့လာဖို့ ပို့ခံခဲ့ရတာ ဒီနေရာက ငါ့အတွက် အရာရာပဲ ၊ ဒီနေရာက ဘယ်လောက်ကြောက်စရာကောင်းကောင်း ငါ့အိမ်ပဲ ၊ အခု ငါ့ခံစားချက်ကို နင်နားလည်ပြီလား "

ကောင်းမင်သည် ကောင်မလေး၏ချုပ်ခံထားရသော မျက်လုံးများကို ကြည့်လိုက်ပြီး ကုန်းစီကို သတိရလိုက်ရသည်။

"မင်းနာမည် ဘယ်လိုခေါ်လဲ "

"စီတုရှင်း"

ကောင်မလေးက တီးတိုးပြောလိုက်သည်။

"ဒီကျောင်းက လူတွေမှာ စီတုဆိုတဲ့ မျိုးရိုးနာမည်ရှိကြတာလား "

"မဟုတ်ဘူး ၊ အဖေမွေးစားထားတဲ့ ကလေးတွေပဲ ဒီမျိုးရိုးနာမည်ရှိကြတာ "

ကောင်မလေးသည် ဖြည်းညင်းစွာခေါင်းငုံ့လိုက်သည်။

"ငါတို့က သူ့ကို ချစ်လည်းချစ် ကြောက်လည်းကြောက်ကြတယ် "

"မင်းရဲ့အဖေက မင်းအခုဖြစ်နေတာကို မသိဘူးလား ၊ သူက မင်းအတွက် လက်စားမချေပေးဘူးလား "

ကောင်းမင်က သူ့လေသံကို ပြင်လိုက်သည်။သူသည် ကောင်မလေး၏ ဖခင်သည် စီတုအန်းဖြစ်သည်ဟု သံသယရှိသည်။

"ငါ့မျက်လုံးတွေကို ချုပ်ပေးခဲ့တာ အဖေပဲ ၊ ဒါက သူ့အချစ်ပဲ ၊ တခြားကလေးတွေကို ကျောင်းက စားသောက်လိုက်ပေမယ့် ငါက အသက်ရှင်နေတုန်းပဲ ဘာလို့လဲဆိုတော့ သူ့ရဲ့အချစ်တွေက ငါ့ကို အသက်ရှင်ဖို့ ခွင့်ပြုထားလို့ပဲ "

ကောင်မလေးသည် သူ့အဖေအကြောင်းပြောလိုက်သောအခါ ခြေဖျားထောက်၍ မတ်တပ်ရပ်လိုက်သည်။သူမ၏ စိတ်ဓာတ်များ တက်ကြွလာ၏။

"မင်းအဖေရဲ့ ဂရုစိုက်မှုကို ပြသတဲ့နည်းလမ်းက အရမ်းထူးခြားတာပဲ‌နော် ၊ ငါသူ့ကို ဘယ်မှာရှာလို့ရမလဲ ပြောပြလို့ရမလား "

ကောင်းမင်က အဓိကမေးခွန်းကို မေးမြန်းလိုက်သည်။

"ကျောင်းအုပ်ကြီး ရုံးခန်းမှာရှိမယ် ဒါပေမယ့် နင်အဲ့ဒီကို ညသန်းခေါင်ကျော်ပြီးမှပဲ သွားလို့ရမယ် ၊ ရုံးခန်းက ပုံမှန်ဆိုရင် သော့ခတ်ထားတာ "

ကောင်မလေးသည် အထင်အမြင်မလွဲစေရန် ထပ်ပြောလိုက်သည်။

"အဖေက ကျောင်းကို ပုံမှန်ပြန်ဖြစ်စေချင်တာ ၊ သူက အရမ်းအလုပ်ကြိုးစားနေတယ် ၊ သူက ငါတို့အားလုံးကို ကယ်တင်ချင်နေတာလေ ! "

ကျောင်းကြီးသည် မှောင်လာပြီးနောက် သူ့ကိုယ်သူဖော်ပြလေ့ရှိသော်လည်း ကျောင်းသားတိုင်းသည် ထိုအချိန်အိပ်ပျော်နေကြပြီဖြစ်သည်။ထို့ကြောင့် ညသန်းခေါင်တွင် ကျောင်းအုပ်ကြီးရုံးခန်းကို သွားကြသည်ထက် တကယ့်ကျောင်းအစစ်ကိုပင် ဘယ်သူမှ မြင်နိုင်လိမ့်မည် မဟုတ်ချေ။

"ငါသွားသင့်ပြီ သူတို့စောင့်နေတာ အရမ်းကြာသွားရင် ဆရာတွေက ငါကို ရုံးထဲက ထွက်ရှာကြလိမ့်မယ်"

စီတုရှင်းသည် ကြောက်ရွံ့နေ၏။ကောင်းမင်သည် သူမကို မတားဆီးသောကြောင့် သူမပြေးထွက်သွားလေ၏။

"စည်းမျဥ်းတွေ ချိုးဖောက်တာရဲ့ အကျိုးဆက်တွေကို ငါမတွေ့ပေမယ့် စီတုအန်းအကြောင်း သဲလွန်စတွေ ငါပိုရခဲ့တယ် ၊ ဒါလည်း မဆိုးပါဘူး "

ရုတ်တရက် သူ့နှလုံးက တဒုတ်ဒုတ်ခုန်လာလေသည်။သားစားကြူးနတ်သည် သူ့အားထွက်သွားရန် သတိပေးနေ၏။

ကောင်းမင် ရုံးခန်းအဆောက်အဦးမှ ထွက်လာခဲ့သည်။အခြားအတန်းများကို တက်ရန် သူအချိန်ပေးလိုက်သည်။မတူညီသော အတန်းများတွင် မတူညီသောဖြစ်ရပ်များရှိကြောင်း သူသဘောပေါက်ခဲ့သည်။

ကောင်းမင်သည် ၈နာရီတွင် အဆောင်သို့ ပြန်လာခဲ့သည်။

မနက်ပိုင်းနှင့်ယှဉ်လျှင် အိပ်ဆောင်သည် ကောင်းစွာပြောင်းလဲသွားပြီဖြစ်သည်။အဆောင်မန်နေဂျာရုံးခန်းတွင် ကြင်နာတတ်‌သောအဆောင်မန်နေဂျာအမျိုးသမီးတစ်ဦးရှိလေသည်။သူသည် အပြာရောင်ဖျော့ဖျောရှပ်အင်္ကျီလက်တိုတစ်ထည် ဝတ်ဆင်ထားလေသည်။အနီရင့်ရောင် အင်္ကျီလက်ရှည်တစ်ထည်နှင့် အစိမ်းရင့်ရောင် အင်္ကျီတစ်ထည်ကို သူမ၏ တစ်လုံးတည်းသောကုတင်‌ပေါ်တွင် တင်ထားသည်။

"ဒီအရောင်သုံးခုပဲ ထပ်လာပြန်ပြီလား "

ကောင်းမင်သည် မင်လောင်စူပါမားကတ်၏ အလုပ်သမားယူနီဖောင်းများကို အမှတ်ရလိုက်သည်။

ကောင်းမင်က မန်နေဂျာကို လျစ်လျူရှူထားလိုက်သည်။သူရှေ့လျောက်လာချိန်တွင် သူ့အတန်းထဲမှ ကျောင်းသူကျောင်းသားများ၏ ဓာတ်ပုံများအား ခေါင်းဖြတ်ထားသည်ကို သတိပြုမိလိုက်သည်။တစ်စုံတစ်ယောက်သည် ရည်ရွယ်ချက်ရှိရှိ ကပ်ကြေးနှင့်ဖြတ်ခဲ့ခြင်း ဖြစ်ပုံရသည်။

All Chapters