ညထွက်ခြင်း
Vol. 8 Ch. 118
"ဒီတွေ့ဆုံပွဲက ပိုပိုပြီး မမေ့နိုင်စရာ ဖြစ်လာနေပြီပဲ "
ကောင်းမင်က ဓာတ်ပုံအစွန်းများကို ထိတွေ့လိုက်သည်။ဖြတ်ရာသည် တိတိရိရိဖြစ်နေ၏။တရားခံသည် ထိုဖြစ်စဉ်တွင် ပျော်ရွှင်နေပုံရသည်။
"အဆုံးမှာ လူဘယ်လောက်များ ရှင်သန်နိုင်လိမ့်မလဲ ငါသိချင်မိတယ် "
အတိတ်တွင် ကောင်းမင်သည် သူ့သူငယ်ချင်းများက ကောင်းမွန်ရိုးသားသည်ဟု ထင်ခဲ့သော်လည်း ကိစ္စများအရ မရိုးရှင်းကြောင်း သူသဘောပေါက်ခဲ့သည်။လွန်ခဲ့သောဆယ်နှစ်က မြို့သုံးမြို့ကြားရှိ ဥမင်ထဲတွင် အက်ဆီးဒင့်တစ်ခု ဖြစ်ပွားခဲ့သည်။သို့သော်လည်း လျိုယီသည် ထိုအကြောင်းကို မည်သည့်အရာမှ ရှာမတွေ့နိုင်ခဲ့ပေ။
ခန်းမထဲတွင် အစောပိုင်းရွှမ်ဟွေ့ပြောခဲ့သော စကားများသည် ကောင်းမင်ကို အတော်ပင်သက်ရောက်စေခဲ့သည်။သူဆက်တိုက်မက်နေသော အိမ်မက်သည် အစစ်အမှန်ဖြစ်နိုင်၏။သို့သော်လည်း လူတိုင်းသည် ယင်းကို အကြောင်းပြချက်တချို့ကြောင့် မေ့လျော့သွားကြပုံရလေသည်။
"လွန်ခဲ့တဲ့ဆယ်နှစ်က အက်ဆီးဒင့်ဖြစ်ခဲ့တဲ့အချိန်မှာ ငါတို့အားလုံး ကားပေါ်မှာ ရှိနေပုံပဲ ..."
ဆယ်စုနှစ်တစ်ခုကုန်လွန်သွားပြီးနောကိ ကျောင်းသားများသည် အကြောင်းအရင်းအမျိုးမျိုးကြောင့် ထပ်မံစုစည်းလာကြသည်။ မြို့တော်အရှေ့ပိုင်း စုံစမ်းစစ်ဆေးဌာနသည် သူတို့အား ကျောင်းထဲ ပို့ခဲ့လေသည်။
ပြတင်းပေါက်ဘေးတွင်ရပ်နေရင်း အပြင်ဘက်သို့လှမ်းကြည့်လိုက်ရာ သူတို့အား ပို့ဆောင်ပေးခဲ့သောဘတ်စ်ကားသည် ကျောင်းအပြင်ဘက်တွင် ထီးထီးကြီးရပ်တန့်နေဆဲဖြစ်သည်။၎င်းအား ညအမှောင်ထုနှင့် မိုးရေများ ဖုံးလွှမ်းနေလေသည်။
"ဘတ်စ်ကား ၊ ကျောင်း ၊ အက်ဆီးဒင့် ၊ အပိုကျောင်းသား ၊ ဆယ်နှစ်တာရဲ့ တစ်ကျော့ပြန်ခြင်းတစ်ခု..."
ဖုန်းမြည်သံသည် ကောင်းမင်၏အတွေးများကို နှောက်ယှက်လိုက်သည်။သူက စခရင်ကို ကြည့်လိုက်သည်။ဝမ်ကျားသည် သူ့အားအိပ်ခန်းထဲ ပြန်လာရန်တိုက်တွန်းထားခြင်းဖြစ်သည်။အဘယ်ကြောင့်ဆိုသော် သူတို့သည် ရှာဖွေမှုကြီးတစ်ခု ရှိနေသောကြောင့်ဖြစ်သည်။သူ အခန်း၁၃၁၄သို့ ပြန်ရောက်ချိန်တွင် စီဆန်းသည် ကုတင်ပေါ်ဖိခံထားရကြောင်းမြင်လိုက်ရသည်။သူ့လက်များကို ကြိုးချည်ထားပြီး သူ့မျက်နှာတွင် ဒဏ်ရာများရှိနေလေသည်။
"မင်းတို့ ဘာလုပ်နေကြတာလဲ "
"ဒီအရူးလေ !"
ဝမ်ကျားသည် ထိုင်ခုံကိုဆွဲ၍ စီဆန်းအား ရိုက်ချင်နေလေသည်
"သူက ငါတို့ရှာတွေ့ထားတာကို ကျိုက်မေ့မေ့ကို ပြောလိုက်တယ်လေ ၊ အခုက ဘယ်လိုအချိန်လဲ ဒီမိန်းမအကြောင်း သူတွေးနေနိုင်သေးတာလား ၊ ငါသူ့ကို သတ်ချင်နေပြီ ! "
စီဆန်းသည် တစ်ခွန်းမှ မပြောဝံ့ပဲ ကောင်းမင်အား တောင်းပန်သောအကြည့်ဖြင့်ကြည့်နေ၏။
"မင်းတို့ ဘာတွေ့ခဲ့လို့လဲ "
ကောင်းမင်သည် စီဆန်းအတွက် ဝင်မပြောပေးခဲ့ပေ။လူတိုင်း အသက်ရှင်ချင်ကြသည်။သေစေနိုင်သောအရာတိုင်းသည် သေခြင်းတရားတစ်ခု ဖြစ်သွားနိုင်၏။
"ငါတို့ သုံးယောက်က အားကစားအဆောက်အဦးကို သွားခဲ့ကြပြီး ရေကူးကန်မှာ မစ်ရှင်တစ်ခုရခဲ့တယ် "
တုပိုင်က စီဆန်းကိုကြည့်၍ မပျော်မရွှင်ပြောလိုက်သည်။
"ရိုးရိုးမစ်ရှင်လေးပါပဲ ငါတို့ ရေကူးအဖွဲ့ စက်ပစ္စည်းတွေကို ကောက်ပေးတဲ့နေရာမှာ ကူညီပေးဖို့ပဲ လိုတာ ၊ အဲ့ဒါပြီးတော့ ငါတို့ ချီးကျူးမှတ်တစ်ခု ရမှာလေ ငါတို့သုံးယောက် ပစ္စည်းတွေကို စီနေတုန်း ခြေသံတွေကို ကြားလိုက်ရတယ် ငါတို့လဲ အဝတ်လဲခန်းထဲ ပုန်းလိုက်ကြတာပေါ့ ၊ ပြီးတော့ ငါတို့ဟာ ကျောင်းကောင်စီတံဆိပ်တွေနဲ့ ကျောင်းသားတွေ ဝင်လာတာမြင်လိုက်ရတယ် သူတို့က ထူးဆန်းတာတစ်ခုခုပြောနေကြတယ်လေ "
"ယေဘူယျ အယူအဆကတော့ ဒီမှာရှိတဲ့ သရဲတွေကို မတူညီတဲ့ အုပ်စုတွေ ခွဲထားတယ်ဆိုတာပဲ ၊ သူတို့ကြားထဲက ကျောင်းကောင်စီက လူတွေဟာ အထူးခြားဆုံးပဲ ၊ သူတို့က သရဲတွေနဲ့ လူသားတွေကို စီမံခန့်ခွဲနိုင်ကြတယ် သူတို့က စည်းကမ်းထိန်းသိမ်းရေးသမားတွေပဲ ၊ သူတို့ထက် စည်းကမ်းမလိုက်နာဘဲ အခြားကျောင်းသားတွေကိုသတ်ပစ်တဲ့ သရဲကျောင်းသားတချို့လည်း ရှိသေးတယ်တဲ့ ၊ အဲ့ဒီသရဲကျောင်းသားတွေက သူတို့ယူနီဖောင်းအောက်မှာ အနီရောင်ဝတ်စုံရှိကြတယ် "
ဝမ်ကျားသည် ကောင်းမင်အား လသာဆောင်သို့ ဆွဲခေါ်သွားသည်။
"ဒီကျောင်းကြီးက သက်ရှိလူသားတစ်ယောက်ဆိုရင် ကျောင်းကောင်စီက သွေးဖြူဥဆဲလ်တွေပဲ ၊ အနီရောင်ဝတ်စုံနဲ့ကျောင်းသားတွေက ကင်ဆာဆဲလ်တွေ ၊ သူတို့က အန္တရာယ်အများဆုံးပဲ "
"မင်းတို့က သရဲတစ္ဆေတွေကို အချင်းချင်းတိုက်ခိုက်စေချင်တာလား "
ကောင်းမင်သည် လိုင်းများကြားတွင် ကြားနေရသည်။
"ဟုတ်တယ် "
ဝမ်ကျားသည် သူ့လက်ကို ကောင်းမင်ပုခုံးပေါ်တင်လိုက်သည်။
"ငါ ရေကူးအသင်းကို ကူညီခဲ့တုန်းက ဒုကပ္ပတိန်က သူ့ယူနီဖောင်းကို ချွတ်လိုက်တာ မြင်ခဲ့ရတယ် ၊ သူက အနီရောင်ရှပ်အင်္ကျီကို ဝတ်ထားတာ ကျောင်းကောင်စီက သူ့ကိုရှာဖို့ရောက်လာတာ ၊ ဒါပေမယ့် ငါသူနဲ့ဆက်ဆံပြီးတဲ့အခါမှာတော့ သူက တော်တော်ကောင်းတဲ့ လူတစ်ယောက်ဆိုတာ ငါသဘောပေါက်လိုက်တယ် ဒီကျောင်းက ကိစ္စတော်တော်များများကို သူက မကျေမနပ်ဖြစ်နေတာ သူကစည်းကမ်းတွေကိုတောင် ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခဲ့တယ် အရေးကြီးဆုံးက ချီးကျူးမှတ်တွေကိုတောင် သူဂရုမစိုက်ဘူး"
ZY HL, [10/12/2025 12:19 PM]
"ငွေကြေးတစ်ခုရဲ့ အနှစ်သာရက အများဆန္ဒနှင့် ယုံကြည်ချက်ပဲ ကျောင်းကြီးမှာ ချီးကျူးမှတ်တွေက အရာရာဖြစ်ပေမယ့် ဒုကပ္ပတိန်က အဲ့တာတွေကို လျစ်လျူရှုထားတယ် ၊ သူ့ရဲ့ အပြုအမူ အမျိုးမျိုးကြောင့် သူက ငါတို့ဘက်မှာ အသုံးချနိုင်တဲ့ သူတစ်ယောက်လို့ ငါ့ကို ယုံကြည်စေတယ်ကွ "
ဝမ်ကျား၏အတွေးများသည် လျင်မြန်၏။သူသည် စည်းမျဥ်းများကို မလိုက်နာသော်လည်း သူ့အတွက် အကျိုးရှိမည့်သူများကို အာရုံစိုက်ခဲ့သည်။ယင်းကား သူ့မိသားစုက သူ့ကို သင်ပေးခဲ့ခြင်းဖြစ်နိုင်ပေသည်။
"မနက်ဖြန်ကျရင် ငါတို့သူ့ကို သွားတွေ့ကြမယ် "
ကောင်းမင်သည် အခန်းထဲပြန်သွားလိုက်ပြီး စီဆန်းကို ကြိုးဖြေပေးလိုက်သည်။
"ကျေးဇူးပါပဲကွာ နောက်ထပ်စကားတစ်ခွန်းမှ မဟတော့ဘူးလို့ ငါကတိပေးပါတယ် "
စီဆန်းသည် ကောင်းမင်အား ဒူးထောက်လုနီးပါးဖြစ်နေ၏။အစောပိုင်းက ဝမ်ကျားသည် နတ်ဆိုးတစ်ကောင်နှင့်တူနေခဲ့သည်။
"နောက်တစ်ကြိမ်ဆိုတာမရှိဘူး ၊ နောက်တစ်ကြိမ်ကျရင် မင်းအကျိုးဆက်တွေ ခံစားရလိမ့်မယ် "
ကောင်းမင်က ကြိုးကို အဝေးပစ်လိုက်သောအခါ လူတစ်ယောက်က တံခါးလာခေါက်လေသည်။သူတို့က အချင်းချင်းကြည့်လိုက်ကြသည်။
"ငါသွားလိုက်မယ် !"
စီဆန်းက တံခါးကို ဖွင့်လိုက်သည်။
ဈေးပေါသည့်ရေမွှေးနံ့သည် အခန်းထဲပျံ့နှံ့သွားသည်။အပြာရောင်ဝတ်စုံဖြင့် မန်နေဂျာအန်တီကြီးသည် တံခါးဝတွင်ရပ်နေလေ၏။
"မင်းတို့ကြည့်ရတာ ရင်းနှီးနေတယ် မင်းတို့ဒီမှာနေတာ အတော်ကြာပြီလား ငါကြည့်ပါရစေ...မင်းတို့က ဒီမှာ လွန်ခဲ့တဲ့ဆယ်နှစ်က နေခဲ့တာမလား ၊ မင်းတို့ကို ရင်းနှီးနေတာ ငါသိပါတယ် ! "
အန်တီကြီးသည် သူ့လက်ချောင်းများဖြင့်ရေတွက်လိုက်သော်လည်း အခန်းထဲရှိမည်သူကမှ စကားမပြောကြပေ။
"အစ်မကြီး ခင်ဗျား အမှတ်မှားနေတာလား ခုက ကျွန်တော်တို့ရဲ့ ပထမဆုံးအကြိမ်ပါ"
စီဆန်းက အန်တီကြီးကို ချီးကျူးလိုက်သည်။
"မဖြစ်နိုင်ဘူး ၊ မင်းတို့က အားလုံးကို မေ့သွားကြတဲ့သူတွေပဲ "
အန်တီကြီးက ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။သူမသည် အိပ်ခန်းထဲ မဝင်ဝံ့ပေ။
"မင်းတို့ ပြန်ရောက်မလာတာ အတော်ကြာပြီပဲ ဒါကြောင့် စည်းမျဉ်းတွေကို ငါထပ်ပြောပြမယ် အဆောင်တွေမှာ ကြိမ်နူန်းမြင့် လျှပ်စစ်ပစ္စည်းတွေကို သုံးခွင့်မပြုဘူး ၊ မပြေးရဘူး ရန်မဖြစ်ရဘူး ၊ ဆယ်နာရီကျော်လို့ မီးပိတ်ပြီးရင် ဆူဆူညံညံမလုပ်ရဘူး ၊ အခန်းမကူးရဘူး လူတိုင်းဟာ ကျောင်းအချိန်ဇယားကို လိုက်နာရမယ် "
"မစိုးရိမ်ပါနဲ့ ကျွန်တော်တို့က ကျောင်းစည်းကမ်းတွေကို ချိုးဖောက်မှာ မဟုတ်ပါဘူး "
"ငါသိတယ် ၊ ညဘက်မှာ မင်းတို့ တစ်ခုခုကြုံခဲ့ရင် မန်နေဂျာအခန်းမှာ ငါ့ကို လာရှာလို့ရတယ် "
အန်တီကြီးသည် ရုတ်တရက်သူမ အဝတ်အစားကို ညွှန်ပြလိုက်သည်။
"ငါက ပုံမှန်ဆို အပြာရောင်ပဲ ဝတ်တယ် "
ကြင်နာတတ်သော အန်တီကြီးသည် တံခါးကိုပိတ်၍ ထွက်သွားလေသည်။
ခြေသံများ ပျောက်ကွယ်သွားပြီးနောက် သူတို့အုပ်စုသည် ညဘက်တွင် မည်သို့ ရှင်သန်နိုင်ရန် ဆွေးနွေးနေကြစဉ် တံခါးခေါက်သံ ထပ်မံထွက်ပေါ်လာလေ၏။
"ကျိုးကျွင်းနဲ့ ယန်ဟွေ့လား "
စီဆန်းသည် ကုတင်အလွတ်များကို ကြည့်လိုက်သည်။သူသည် တံခါးကို ဖြည်းညင်းစွာဖွင့်လိုက်သည်။
"မင်းတို့ ဘာလို့ အရမ်းကြာနေတာလဲ "
ရင်းနှီးနေသော အသံက ပြောလိုက်သည်။အန်တီကြီးပြန်ပေါ်လာသော်လည်း သူမအဲဒီမှာရှိနေခဲ့ခြင်းကို မမှတ်မိပေ။ သူမ၏ အမူအရာမှာ တင်းမာပြီး အေးစက်နေသည်။
"အစ်မကြီး ခင်ဗျား ဘာလို့ပြန်လာတာလဲ "
စီဆန်းက ထိတ်လန့်နေလေသည်။
"ဘယ်သူက နင့်အစ်မလဲ "
အန်တီကြီးသည် အစိမ်းရင့်ရောင်ရှပ်အင်္ကျီဝတ်ထား၏။သူမသည် မှတ်စုစာအုပ်နှင့်ဘောပင်တစ်ချောင်း ကိုင်ထားသည်။
"ငါတို့ကျောင်းက တခြားကျောင်းတွေနဲ့ မတူဘူး၊ ညဘက်မှာ ဘယ်မှ မသွားနဲ့နော် ၊ စည်းမျဉ်းတွေကို လိုက်နာမှသာ မင်းတို့လုံခြုံလိမ့်မယ် "
သူမသည် မှောင်မည်းနေသော ကော်ရစ်ဒါကိုကြည့်၍ မှတ်စုစာအုပ်မှ စာရွက်နှစ်ရွက်ကို ဆုတ်ဖြဲလိုက်သည်။
"မင်းတို့ အသက်ရှင်ချင်ရင် အဆောင်စည်းကမ်းတွေကို လိုက်မှတ်ထားကြ"
"ခင်ဗျားက အစောပိုင်းက အပြာရောင်ရှပ်အင်္ကျီကို ဝတ်ထားတာမလား "
စီဆန်းသည် စာရွက်ကို လက်ခံလိုက်ပြီး စိတ်ရှုပ်ထွေးစွာမေးလိုက်သည်။
"ငါက အစိမ်းရောင်ပဲ အမြဲဝတ်တယ် "
အန်တီကြီးသည် တံခါးကို ဆောင့်ပိတ်လိုက်သည်။
"သူတို့က ရုပ်တူသလိုပဲ ဒါပေမယ့် သူက အဝတ်လဲလိုက်တဲ့အချိန်မှာ မတူညီတဲ့လူတစ်ယောက်လိုပဲ "
စီဆန်းသည် လူတိုင်းအား စာရွက်နှစ်ရွက်ကို ပြလိုက်သည်။၎င်းပေါ်ရှိစည်းမျဉ်းများသည် ထူးဆန်းနေ၏။
"ဟန်သဲ့ကိုယ်ပိုင်ကျောင်းက အဆောင်တွေမှာ ညဆယ်နာရီမီးပိတ်တယ် ၊ မီးပိတ်ပြီးမှ မင်းအိမ်သာသွားချင်တယ်ဆိုရင် ကျေးဇူးပြုပြီး လူသုံးယောက်အုပ်စုဖွဲ့သွားပါ ၊ အိပ်ခန်းထဲတွင် တစ်ယောက်တည်း မနေပါနှင့် "
"မင်းပိတ်ပြီးတဲ့အခါမှာ အိပ်ခန်းထဲကလူအရေအတွက်ကို အတည်ပြုပါ ၊ အကယ်၍ လူအရေအတွက် မမှန်ကန်ဘူးဆိုပါက ကျေးဇူးပြုပြီး သင်ယုံကြည်ရသော လူများနှင့် အိမ်သာထဲ သွားပုန်းပါ "
"အနီရောင်အဝတ်အစားဝတ်တာမျိုး သတိထားပါ ၊ ဘယ်သူစိမ်းတစ်ယောက်ကိုမှ တံခါးဖွင့်မပေးပါနဲ့ "
" ကော်ရစ်ဒါမှာ သင်ထူးဆန်းတာတစ်ခုကြားရင် မကြားချင်ယောင်ဆောင်ပါ ၊ အိပ်ခန်းထဲမှာ တစ်ခုခုကြားရင် အိပ်ပျော်ချင်ယောင်ဆောင်လိုက်ပါ ၊ သင့်အိပ်ရာပေါ်မှာတစ်ခုခုကြားရရင် ဘာပဲဖြစ်ဖြစ် မျက်လုံးမဖွင့်ပါနဲ့ "