← Chapters

ကျောင်းအုပ်ကြီးက ဟာသတစ်ခုပဲ

Vol. 8 Ch. 120

ကျောင်းအုပ်ကြီးက ဟာသတစ်ခုပဲ

Vol. 8 Ch. 120

ကောင်းမင်၏ မက်ဆေ့ကိုဖတ်ပြီးနောက် ဝမ်ကျားသည် သူ့ကိုယ်သူ ပါးရိုက်ချင်သွားသည်။အခန်းဖော်တိုင်းတွင် ကိုယ်ပိုင်အိပ်ခန်းသော့ တစ်ချောင်းစီရှိကြသည်။သော့မရှိသောလူသည် အခန်းထဲဝင်ရန်မလိုအပ်ပေ။ဒါဆို သူသည် အဘယ်ကြောင့် သူ့ကိုယ်သူသေခြင်းအန္တရာယ်ပိုတိုးလာအောင် လုပ်ခဲ့ရသနည်း။

ယွမ်ဟွေ့သည် လူဖြစ်စေ သရဲဖြစ်စေ နောက်ကျနေခဲ့ပြီဖြစ်သည်။အကယ်၍ မအောင်မြင်ခဲ့ပါက ဝမ်ကျားသည် ကောင်းမင်နှင့်စီဆန်းကို ဆွဲခေါ်၍ အိမ်သာထဲတွင် တစ်ညလုံးပုန်းနေရန်စီစဉ်ထားသည်။

"တံခါးဖွင့်ပါ ! ငါပါကွ မာထုံ ! ငါမင်းတို့ကို လိမ်နေတာမဟုတ်ဘူး ! မကြာခင် အိပ်ခန်းစစ်တွေ ရောက်လာတော့မယ်ကွ ! "

"ငါတို့ တံခါးဖွင့်မပေးနိုင်ဘူးကွာ ! "

ယွမ်ဟွေ့သည် ကုတင်ပေါ်မှ ခုန်ဆင်းလာပြီး တံခါးကို ပိတ်ဆို့လိုက်သည်။

"ထွက်သွား ၊ မင်းအိပ်ရာမင်း သွားနေ ၊ ဘယ်သူမှ ညအချိန်ကြီး အိပ်ရာက ထွက်မသွားဘူးကွ "

ယွမ်ဟွေ့သည် သာမန်ပင် တုန့်ပြန်နေ၏။သူပြောသမျှတိုင်းသည် အများအကျိုးအတွက်ဖြစ်သည်။သို့သော်လည်း ထို့လူသည် အမှန်တကယ်ယွမ်ဟွေ့မဟုတ်ပါက နောက်ပိုင်းအရာအားလုံးသည် အလွန်ကြောက်စရာကောင်းပေလိမ့်မည်။လူတိုင်း ခြင်ထောင်ချပြီးနောက်တွင် ယွမ်ဟွေ့သည် အိပ်ခန်းထဲတွင် လွတ်လွတ်လပ်လပ်သွားနိုင်လိမ့်မည်ဖြစ်သည်။

"တံခါးဖွင့် !"

မာထုံ့အသံသည် ပို၍ လှုံ့ဆော်လာသည်။၎င်းသည် တံခါးကို မထိသော်လည်း တံခါးက တလှုပ်လှုပ်ဖြစ်နေ၏။

"လျစ်လျူရှုထားလိုက် ၊ အဲ့ဒါကြီးကသာ တံခါးဖွင့်နိုင်စွမ်းရှိရင် အထဲရောက်နေပြီးလောက်ပြီ "

ကောင်းမင်တစ်ယောက် ကုတင်ပေါ်မှ ခုန်ဆင်းလာ၏။သားစားကြူးနတ်ကြောင့် သူသည် သာမန်လူများမမြင်နိုင်သော အရာများကို မြင်နိုင်လေသည်။

တံခါးလက်ကိုင်ဘုကို ကိုင်ထားရင်း ကောင်းမင်သည် အဟကြားမှ ချောင်းကြည့်လိုက်သည်။သူ့နှလုံးသည် တဒုန်းဒုန်းခုံလာသည်။သွေးများက သူ့ရင်ဘတ်တစ်လျှောက် ပွက်ပွက်ဆူလာ၏။သူ့ဘယ်ဘက်မျက်လုံးထဲ သွေးကြောမျှင်များ တွားသွားဝင်သွားသည်။သူ့မျက်ဆံသည် ထိုးဖောက်ခံလိုက်ရသည်။အရိပ်သည် သူ့မြင်ကွင်းကို ထပ်မံမတားဆီးနိုင်တော့ပေ။

အိပ်ခန်းတံခါးဝတွင် ပုတ်ပွနေသော အသားပုံကြီးတစ်ခုကို သူမြင်လိုက်ရသည်!။၎င်းတွင် အထူးပုံသဏ္ဍာန်မရှိချေ။ထိုအရာကြီးသည် အရိပ်နှင့်အသားမှ တိုးထွက်လာခြင်းဖြစ်သည်။၎င်းတွင် လူသားပါးစပ်နှင့်တူသော အရာတစ်ခုရှိနေပေသည်။ယင်းသည် ကန်တင်းမှ လာခဲ့ခြင်းဖြစ်ပုံရသည်။၎င်းသည် ထူးဆန်းသောအနံ့တစ်ခုကို သယ်ဆောင်လာ၏။

ဒါက မာထုံလား ။

ဒုတိယအကြိမ်အိပ်ခန်းစစ်ဆေးခြင်းက ရောက်လာတော့မည်ဖြစ်ပြီး ဘယ်သူမှ ပြန်မဖြေသောကြောင့် အသားပုတ်တုံးကြီးသည် ၎င်း၏ပစ်မှတ်ကို ပြောင်းလိုက်သည်။၎င်းသည် အမှောင်ထဲတွင် တလိမ့်ခြင်းရွေ့လျားနေ၏။၎င်း၏ ခန္ဓာကိုယ်သည် နံရံနှင့်ကြမ်းပြင်များကို ပွတ်တိုက်လျက် အခန်း၁၃၂၄သို့ ရွေ့လျားသွားသည်။

"အစ်ကိုဝေ မာထုံပါ ၊ တံခါးဖွင့်ပါဦး ၊ ကျုပ်သော့မေ့ထားခဲ့လို့ပါ "

အသားပုံကြီးထံမှ ရင်းနှီးနေသော အသံတစ်ခုထွက်ပေါ်လာသည်။အသံသည် မာထုံနှင့်တူပေသည်။

"ဖက်တီး တံခါးဖွင့်ဦး ၊ဒါဆို မင်းလက်ထပ်ပွဲအတွက် ငါ့ဆီကချေးထားတဲ့ ပိုက်ဆံ‌တွေ ပြန်ပေးစရာမလိုတော့ဘူး "

"အိပ်ခန်းစစ်မယ့်လူတွေ လာနေကြပြီ ၊ မင်းတို့ ငါသေတာ ထိုင်ကြည့်နေတော့မလို့လား "

"ငါတို့က သုံးနှစ်လုံးလုံး အတူနေကြတာလေကွာ ၊ မင်း ဘာတွေစိုးရိမ်နေလဲ ငါမသိတော့ဘူး ၊ ဖက်တီး မင်းမိန်းမကို ငါမိတ်ဆက်ပေးခဲ့တာ မင်းမေ့သွားပြီလား ၊ အစ်ကိုဝေ မင်းအိမ်ပြောင်းသွားတုန်းက ဘယ်သူက မင်းကို ကူညီဖို့ ကားမောင်းပေးခဲ့တာလဲ "

အသားပုံကြီးထံမှ ထိုအရာများထွက်ပေါ်လာ၏။ထိုအရာကြီးကို သူမမြင်ပါက ကောင်းမင်သည် မာထုံအစစ်ဟုတွေးမိပေလိမ့်မည်။

"အသားတုံးလိုအရာကြီးက တကယ့်မာထုံများဖြစ်နေမလား ၊ သူ့ကို မီး‌ဖိုချောင်ထဲ ပို့ခံလိုက်ရပြီးတော့ သူဒီလိုဖြစ်သွားတာလား! "

"တံခါးဖွင့် ! တစ်ခုခုလာနေပြီ ၊ ငါ့ကို ကယ်ပါဦး ဖက်တီး! "

ပုတ်ပွနေသော အသားသည် အခန်း၁၃၂၄တွင် ပျော်ဝင်နေ၏။အခန်းထဲရှိလူများသည် တံခါးမဖွင့်ခင်တွေဝေနေကြသေးသည်။ဖက်တီးသည် တံခါးဖွင့်လိုက်ပြီး ဖုန်းမီးဖြင့်ထိုးကြည့်လိုက်သည်။ 'မာထုံ' ကိုသူမြင်လိုက်ရသောအခါ စူးစူးဝါးဝါးအော်ဟစ်လိုက်သည်။အသားပုံကြီးသည် အခန်းထဲတိုးဝင်သွားပြီး တံခါးသည် ပြန်ပိတ်သွားလေသည်။အရိုးကျိုးသံများနှင့် အရာဝတ္ထုပြုတ်ကျသံများ တစ်ချိန်တည်းထွက်ပေါ်လာလေ၏။လူတစ်ယောက်က အကူညီတောင်းရန် ငိုကြွေးနေသော်လည်း မကြာမီသူတို့ပါးစပ်များပိတ်သွားတော့သည်။ဆယ်မိနစ်ခန့်ကြာပြီးနောက် ပြန်လည်တိတ်ဆိတ်သွားလေ၏။

"ဘာဖြစ်သွားတာလဲ "

ဝမ်ကျားသည် ဘာမှ မမြင်လိုက်ရပေ။ကြားရုံသာ ကြားလိုက်ရသည်။

"မာထုံက အခန်း၁၃၂၄ထဲ ဝင်သွားတယ် ၊အခုချိန်ကစပြီး ငါတို့ အဲ့ဒီအခန်းထဲကလူတွေကို ယုံလို့မရတေ့ာဘူး "

ကောင်းမင် နာရီကို တစ်ချက်ကြည့်လိုက်သည်။

"ဒုတိယအကြိမ် အခန်းစစ်လာတော့မယ် ၊ အိပ်ရာထဲ ပြန်သွားကြစို့ "

ဝမ်ကျားသည် အိပ်ရာထဲ ဝင်သွားပြီးနောက် စကားပြောဂရုအသစ်တစ်ခု ထောင်လိုက်ပြီး သူ့အခန်းဖော်များကို ထည့်လိုက်သည်။

ဝမ်ကျား "ဒီဂရုမှာ ယွမ်ဟွေ့နဲ့ တုပိုင်မရှိဘူး ၊ ဒုတိယအကြိမ်စစ်ဆေးမှုမှာ ဘာပဲဖြစ်ဖြစ် ငါတို့ အိမ်သာထဲ ထွက်ပြေးကြမယ် "

စီဆန်း "ငါ့ကို‌ ခေါ်တဲ့အတွက် ကျေးဇူးတင်ပါတယ်ကွာ! "

ဝမ်ကျား "ငါ့မှာ တုပိုင်ပါပြီး ယွမ်ဟွေ့မပါတဲ့ ဂရုတစ်ခုလည်း ရှိသေးတယ် ၊ စီဆန်း မင်းပါးစပ်ကို ထိန်းထား "

ည ၁၁ နာရီတွင် တံခါးဘုက လှုပ်ရှားလာ၏။ခြေသံများ တံခါးခေါက်သံများမကြားရပေ။အရာအားလုံး ရုတ်တရက်ဖြစ်သွားခြင်းဖြစ်သည်။သော့တံသည် သော့ပေါက်ထဲ ဝင်သွားသည်။တံခါးကို အပြင်ဘက်မှ ဖွင့်လိုက်ခြင်းဖြစ်သည်။

အနီရောင်ဝတ်ထားသော အဆောင်မန်နေဂျာသည် သော့တွဲဘေးတွင် ရပ်လျက်ရှိသည်။ကျောင်းကောင်စီတံဆိပ်ကပ်ထားသော ကျောင်းသားလေးယောက် အိပ်ခန်းထဲ ဝင်လာကြသည်။

အိပ်ပျော်ချင်ယောင်ဆောင်နေသော ကောင်းမင်သည် မျက်မှောင်ကြုံ့လျက် အချက်အလက်များကို မှတ်သားနေ၏။အဆောင်မန်နေဂျာသည် မည်သည့်အင်္ကျီအရောင်ဝတ်ဝတ် အိပ်ခန်းထဲ ဝင်လာခြင်းမရှိပေ။ကျောင်းသားကောင်စီမှ ကျောင်းသားများက လွတ်လပ်စွာဝင်နိုင်သော်လည်း သော့များသည် အဆောင်မန်နေဂျာထံတွင်သာ ရှိပေသည်။

ကျောင်းသားကောင်စီသည် စွမ်းအားကြီးပေသည်။သူတို့သည် စည်းကမ်းများကို လျစ်လျူရှုနိုင်ပြီး မီးပိတ်ချိန်တွင် လွတ်လပ်စွာ သွားလာနိုင်ကြသည်။အနီရောင်တံဆိပ်သည် သူတို့၏အမှတ်အသားဖြစ်သည်။

ကျောင်းသားလေးယောက်သည် ကုတင် ၆ ဘေးတွင် ရပ်လိုက်ကြသည်။တစ်ယောက်က စီဆန်း၏ ခြင်ထောင်ကို ဆွဲမလိုက်သည်။

"ကုတင် ၆ က ကျောင်းသားက ဘယ်မှာလဲ "

"ကျွန်တော် ဘာမှ မသိပါဘူး "

သူသည် လူကြီးတစ်ယောက်ဖြစ်နေသော်လည်း ကလေးတစ်ဦးကဲ့သို့ ဖိအားပေးခံနေရလေသည်။ကျောင်းသားသည် အလောင်းတစ်လောင်းနှင့်တူ၏။သူ့စကားလုံးများသည်ပင် အေးစိမ့်နေလေသည်။

"မင်းတို့ထဲက ကုတင်၆ က‌ ကလေးနဲ့ ဘယ်သူဆက်ဆံရေးအကောင်းဆုံးလဲ "

အခြားကျောင်းသားတစ်ယောက်က ပတ်ဝန်းကျင်အား ကြောက်မက်ဖွယ်ရာ ကြည့်လိုက်သည်။

"ကုတင် ၁ က ယွမ်ဟွေ့က သူနဲ့ဆက်သွယ်တာ အများဆုံးပါပဲဗျာ ၊ သူသိလောက်တယ် "

ဝမ်ကျားထပြောလိုက်ရာ ယွမ်ဟွေ့မျက်နှာသည် အစိမ်းရောင်ပြောင်းသွားသည်။

ယွမ်ဟွေ့သည် သူ့မျက်နှာကို ကာ၍ ကုတင်ပေါ်မှ ပြန်ဖြေလိုက်သည်။

"ကျိုးကျွင်းက ကျောင်းအုပ်ကြီးနဲ့ ဆက်ဆံရေးကောင်းပါတယ် ၊ သူပြောတာက သူကကျောင်းအုပ်ကြီးကို ကူညီဖို့ ရုံးခန်းအဆောက်အဦးကိုသွားမယ်လို့ ပြောပါတယ် ၊ ခင်ဗျားတို့ သွားစစ်ဆေးလို့ ရပါတယ် "

"ကျောင်းအုပ်ကြီးလား "

ကျောင်းသားကောင်စီ၏ တုန့်ပြန်မှုသည် စိတ်ဝင်စားဖွယ်ကောင်း၏။သူတို့သည် ကျောင်းအုပ်ကြီးအား လေးစားမှုမပြကြပေ။ပြုံးပင်ပြုံးလိုက်သေးသည်။

"ကျောင်းအုပ်ကြီးတောင်မှ ကျောင်းစည်းကမ်းကို ဖောက်ဖျက်လို့မရဘူး ၊ ဒါကို မှတ်ထားလိုက် ၊အခန်း ၁၃၁၄ ကုတင်၆ရှိ ကျိုးကျွင်းသည် ညဘက်တွင် သူ့အခန်းသို့ ပြန်ရောက်ခြင်းမရှိပါ ၊ ချီးကျူးမှတ် ငါးမှတ် နုတ်တယ် "

ထို့နောက် သူတို့ထွက်သွားကြလေသည်။

ယွမ်ဟွေ့နှင့်ဝမ်ကျားသည် တစ်ဦးနှင့်တစ်ဦး မီးပွင့်မတတ် စိုက်ကြည့်နေကြသည်။ဝမ်ကျားသည် ယွမ်ဟွေ့အား ဘတ်စ်ကားပေါ်မှ ပစ်ချခဲ့သည်။ယွမ်ဟွေ့စကားများသည် ကျောင်းသားကောင်စီကို ပြုံးသွားစေခဲ့သည်။အိပ်ခန်းတစ်ခုလုံး အန္တရာယ်ရှိနေတော့သည်။

"တစ်ယောက်နဲ့တစ်ယောက် အလျင်စလို အပြစ်မတင်ကြပါနဲ့ဦး ၊ ဘာလို့ ကျောင်းသားတွေက ကျောင်းအုပ်ကြီးအကြောင်းကြားတော့ ပြုံးသွားကြတာလဲ "

တုပိုင်က ပြောလိုက်သည်။

ငါလည်း ဆရာတစ်ယောက်ပါပဲ ၊ ကျောင်းသားတစ်‌ ယောက်က ဘာလို့ ကျောင်းအုပ်ကြီးကို နှိမ့်ချရတာလဲ "

"ကျောင်းအုပ်ကြီးက ဟာသတစ်ခုဖြစ်နေလို့လား"

ဟန်သဲ့ကိုယ်ပိုင်ကျောင်းအား စီတုအန်းတည်ဆောက်ခဲ့ကြောင်း ကောင်းမင်သိသည်။သို့သော်လည်း ထိုနေရာသည် ထိန်းချုပ်မှုလွတ်နေခဲ့ပြီးဖြစ်သည်။၎င်းသည် စီတုအန်းနှင့် မြို့တော်အရှေ့ပိုင်းဌာနကို ဝါးမြိုခဲ့ပြီးလောက်သည်။

သူ့ဘာသာ တွေးကြည့်လိုက်သည်။

"ကျောင်းသားကောင်စီက ကျောင်းစည်းကမ်းတွေကို ကိုယ်စားပြုတယ် ၊ ကျောင်းအုပ်ကြီးက စုံစမ်းစစ်ဆေးရေးဌာနကို ကိုယ်စားပြုတာဖြစ်ရမယ် ၊ ကျောင်းမှာ စည်းကမ်းတွေကို ချိုးဖောက်နေတဲ့ သရဲတွေ ရှိနေသေးတယ် ၊ အတန်း ၁၃ အပါအဝင် အခုဒီကျောင်းမှာ မတူညီတဲ့အင်အားစုလေးခု ရှိနေပြီ "

All Chapters