← Chapters

အချိန်တစ်နှစ်ကျော်ကြာ ခရီးထွက်ပြီး နောက်ဆုံး ခမ်းနားတဲ့ ဗီလာကို ရောက်လာပြီ

Vol. 10 Ch. 136

အချိန်တစ်နှစ်ကျော်ကြာ ခရီးထွက်ပြီး နောက်ဆုံး ခမ်းနားတဲ့ ဗီလာကို ရောက်လာပြီ

Vol. 10 Ch. 136

နောက်တစ်နေ့ နံနက်စောစော။

နံနက်ခင်းအလင်းရောင်က မှိန်ဖျော့ဖျော့ပဲ ဆိုပေမယ့် အိမ်ကြီးကတော့ တောက်ပနေသည်။ တစ်ညတာ ပြင်းထန်သော တိုက်ပွဲအပြီးတွင် ဝတ်ရုံနက်အမျိုးသား သုံးဦးစလုံး အချင်းချင်း လက်ချက်ဖြင့် သေဆုံးခဲ့ကြသည်။

နေရာတိုင်းတွင် အသွေးအသားစများ ပျံ့နေသဖြင့် ပြင်းထန်သော ငါးရနံ့က လေထုထဲ ပြည့်လျှံစေပြီး မအီမသာ ဖြစ်လာစေသည်။

ထိုစဥ် အောက်ထပ်က ဗီလာအခန်းတစ်ခန်း၌ ကြယ်သိုင်းရဲစခန်း ရဲကားကို လမ်းဘေးတွင် ရပ်ထားပြီး လိမ္မော်ရောင် ကြိုးကို တပ်ဆင်ထားသည်။ ခေါင်းဆောင်ကြီးက မှုခင်းအခင်းဖြစ်ပွားရာ နေရာသို့ တပ်ဖွဲ့ဝင်များအား ကိုယ်တိုင်ကိုယ်ကျ ပို့ဆောင်နေခဲ့သည်။

လီတောက်မင်သည် မနေ့ညက အသေးစိတ် အချက်အလတ်များကို အရာရှိများစွာအား ရှင်းပြကာ ဘေးတွင် ရပ်နေခဲ့သည်။

"ငါတို့ ထပ်ရှင်းဖို့ လိုပုံရတယ်..."

လီချင်းဟဲက ဂျင်းဘောင်းဘီကြပ်ကြပ်ကို ၀တ်ထားပြီး ရှုပ်ပွနေတဲ့ ဆံပင်တိုတိုနဲ့ ပြင်ဆင်ထားတဲ့ မနက်စာကို သူ့လက်ထဲမှာ ကိုင်ရင်း ဖြတ်သွားခဲ့သည်။

မနေ့ညက စီးနင်းမှုမှာ တကယ် စိုးရိမ်စရာပါပဲ။

ချင်းယန် သူမကို ပေးခဲ့တဲ့ အစီအရင်ကျောက်တုံးရဲ့ ကျေးဇူးကြောင့်ပဲ ညက စီးနင်းသူတွေဟာ အချင်းချင်း သတ်ဖြတ်ပစ်ခဲ့ကြသည်။ ဒီလိုကြင်နာမှုမျိုးက သူမအသက်ကို ကယ်တင်ခြင်းနဲ့ အတူတူပါပဲ။

မနေ့ညက လီတောက်မင် နဲ့ ဆွေးနွေးပြီးနောက်မှာတော့ သူမ ကျေးဇူးတင်ကြောင်း ဖော်ပြဖို့ ဆုံးဖြတ်ခဲ့ပါ၏။

……….

ခဏအကြာ။

စာကြည့်တိုက်အပြင်ဘက် လေဟာပြင်မှာ။

လမ်းပေါ်တွင် လူများ စည်ကားနေပြီး အသွားအလာများ တဟုန်းဟုန်း တိုးလာနေသည်။ အလုပ်များနေသော ရုံးဝန်ထမ်းများသည် မြေအောက်ရထားလမ်းကို အမြန်ဖြတ်နေပြီး ကလေးငယ်များသည် ၎င်းတို့၏ ကျောပိုးအိတ်ဖြင့် ကစားကြသည်။

"မင်း အလုပ်အစောကြီး လာသားပဲ"

နာရီကြည့်ပြီးနောက် ချင်းယန် လေဟာပြင်ဧရိယာတွင် လစ်လပ်နေသော ထိုင်ခုံကိုတွေ့ကာ လမ်းဘေးမြင်ကွင်းကို အေးအေးဆေးဆေး သဘောကျစွာ ကြည့်နေသည်။ သူ့အလုပ်စတင်ချိန်ကို စောင့်ဆိုင်းရင်း ရုတ်တရက် လီချင်းဟဲ ချဉ်းကပ်လာသည်ကို တွေ့လိုက်ရသည်။

ခဏကြာတော့ သူ့ရှေ့ကိုရောက်လာ၏။

"ဆရာ... မင်္ဂလာနံနက်ခင်းပါ"

လီချင်းဟဲက ကုလားထိုင်ကို ဆွဲထုတ်ပြီး ထိုင်လိုက်သည်။

"မနေ့ညက ဆရာ့ရဲ့အကူအညီအတွက် ကျေးဇူးတင်ပါတယ် ညက စီးနင်းမှုပြီးသွားပြီ"

သူမ ထမင်းဘူးကို စားပွဲအလယ်မှာ ချ၍ ရိုးရိုးသားသား ပြောလိုက်သည်။

"ဒါက လက်ဆောင်လေးတစ်ခုပါ ကျေးဇူးပြုပြီး လက်ခံပေးပါနော်..."

"ဘာမှမဟုတ်ပါဘူး... အဲဒါက သေးငယ်တဲ့ စေတနာတစ်ခုပဲ"

ချင်းယန် ခေါင်းညိတ်လိုက်ပြီး ထမင်းဗူးကို မဆိုင်းမတွ ယူကာ ဖွင့်လိုက်သည်။ အရသာရှိလှသော မနက်စာရနံ့များ သူ့နှာခေါင်းထဲသို့ စိမ့်ဝင်လာ၏။ လီကျစ်ရွှမ်း၏ ယခင်မနက်စာများနှင့် မတူဘဲ ၎င်းသည် သာမန်စားဖွယ် တစ်ခုမျှသာမဟုတ်၊ သပ်ရပ်သော ဓားကျွမ်းကျင်မှုဖြင့် သေသေချာချာ ပြင်ဆင်ထားသော အကောင်းဆုံးအသားများ ပါလေသည်။

"ဒါက အဖေ့ဆီက လက်ဆောင်လေးတစ်ခုပါ..."

လီချင်းဟဲ တစ်ဖက်လူကို မော့ကြည့်ရင်း တိုးတိုးလေး ပြောလိုက်သည်။ နားရွက်မှ ဆံပင်များကို ဖြီးပြီး စာရွက်တစ်ရွက်နှင့် သိမ်မွေ့သောသော့တစ်ချောင်းကို ထုတ်ပေးလာသည်။

"ပိုင်ဆိုင်မှုလက်မှတ်လား?"

ချင်းယန် ဝါးရင်း: "ငါ့ကို ပေးတာလား"

"ဟုတ်ကဲ့"

လီချင်းဟဲ ခေါင်းညိတ်လိုက်ပြီး သူ့မျက်လုံးတွေကို ခေတ္တ မှိတ်ထားလိုက်သည်။

“တပည့် မှတ်မိပါသေးတယ် ဆရာက အငှားအိမ်မှာ နေနေတာမလား... ဒီအိမ်က မနေ့ညက ဆရာ့အတွက် ပြင်ထားတဲ့ ကျေးဇူးလက်ဆောင်ပါ... မြို့နဲ့ဝေးတယ် ဆိတ်ငြိမ်ပြီး တိတ်ဆိတ်တာမလို့ ဆရာ့ကို အနှောင့်အယှက်ပေးမယ့်သူ လုံးဝမရှိပါဘူး..."

"ဒါ့အပြင် အတွင်းခန်းကိုလည်း ပရိဘောဂအပြည့်အစုံနဲ့ တပ်ဆင်ထားပါတယ်.. ရေ၊ လျှပ်စစ်၊ သို့မဟုတ် ပိုင်ဆိုင်မှုစီမံခန့်ခွဲမှုအတွက် စိတ်ပူစရာ မလိုပါဘူး... ကျွန်မတို့ လီမိသားစုက ဆရာ့အတွက် အစစအရာရာကး ဂရုစိုက်ပေးထားပါတယ် ဆရာ ချက်ချင်း ရွှေ့လို့ရတယ်"

"ဒါ..."

ချင်းယန်သည် အထက်ပါလိပ်စာ- ကျန်းဟိုင်မှာ ဖုဟိုင်ဗီလာကို ကြည့်လိုက်သည်။

တောင်များနှင့် ရေစပ်တွင် တည်ရှိသော နာမည်ကြီး အငြိမ်းစား အပန်းဖြေစခန်းများ ဖြစ်သည်။ ထင်ရှားသော အရာရှိများနှင့် နိုင်ငံတကာ ကြယ်ပွင့်များစွာတို့၏ အိမ်တွေ တည်ရှိကာ ၎င်းသည် အလွန်သီးသန့်ဖြစ်ပြီး တိတ်ဆိတ်ငြိမ်သက်သော လေထုကို မြှင့်တင်ပေးသည်။

ဒါပေမယ့် မေးစရာက လီမိသားစု ပေးခဲ့တဲ့ ပစ္စည်းတွေက တခြားအရာတွေနဲ့ ဆက်စပ်နေသလား။

"ဆရာ စိတ်မပူနဲ့။"

ချင်းယန်၏ စိုးရိမ်ပူပန်မှုများကို ခံစားသိမြင်နေသလို လီချင်းဟဲက ပြောလာသည်။

"ဒီဗီလာကို ကျွန်မရဲ့ကိုယ်ပိုင်နာမည်နဲ့ ဝယ်ယူခဲ့တာပါ... ပိုင်ဆိုင်မှု၊ ရေနဲ့ လျှပ်စစ်အတွက် ကျွန်မမှာ တာဝန်ရှိပါတယ် တခြားလီမိသားစုဝင်တွေက ဒါကို သတိထားမိမှာ မဟုတ်ဘူး.. ဆရာ လက်ခံပြီးရင် စိတ်ချလက်ချနဲ့ အဲဒီမှာနေနိုင်တယ်"

"မင်းနာမည်အောက်ကနေ ဝယ်ခဲ့တာလား"

ဒါကိုကြားတော့ ချင်းယန် လီချင်းဟဲကို ကြည့်လိုက်ပြီး သူမရဲ့ ဝတ်စားဆင်ယင်မှုကို အကဲဖြတ်လိုက်သည်။

ဒီနေ့မှာတော့ သူမရဲ့ အသွင်အပြင်ကို ဖုံးကွယ်မထားဘဲ အသွင်အပြင်အစစ်ကို ထုတ်ဖော်ပြသခဲ့ပါတယ်။ သူမသည် ယွမ်ထောင်ချီ သို့မဟုတ် သောင်းနှင့်ချီ၍ တန်သော ဇိမ်ခံဝတ်စုံကို ၀တ်ဆင်ထား၏။

.

အချိန်တွေ အများကြီး အတူတူ ကုန်ဆုံးပြီးနောက် သူမဟာ ချမ်းသာတဲ့ အမျိုးသမီး တစ်ဦးပဲ ဆိုတာကို မေ့လုနီးပါး ဖြစ်နေမိသည်။ ပြီးတော့ ဒီချမ်းသာတဲ့ အမျိုးသမီးက ကျွန်တော့်ကို အိမ်တစ်လုံးလက်ဆောင်ပေးနေ၏။

ဘာလို့ တစ်ခုခု ထူးထူးခြားခြား နေသလို ခံစားနေရတာလဲ။

"ဆရာ လက်ခံလိုက်ပါ မဟုတ်ရင် ကျွန်မ အပြစ်ရှိသလို ခံစားရတယ်"

ချင်းယန် တုံ့ဆိုင်းနေတာကိုမြင်တော့ လီချင်းဟဲ သူမလက်ကို စားပွဲပေါ်တင်ပြီး လက်ဖဝါးထဲက ကြယ်ကျောက်ကို ထုတ်ဖော်ပြလိုက်ပါ၏။

"မနေ့ညက ဆရာသာမကူညီရင် အဖေ အန္တရာယ်ဖြစ်လိမ့်မယ်..."

သူမ ခေါင်းခါကာ နှလုံးသားထဲက ကြောက်ရွံ့ထိတ်လန့်စွာဖြင့် ဆက်ပြောရင်း : "ညက တိုက်ခိုက်သူတွေက ကျွန်မတို့ကို အဆိပ်ခတ်ရုံတင်မကဘဲ သူတို့လည်း မွေးရာပါနယ်ပယ်က အရှင်သခင်တွေ..."

ဒါကိုကြားတော့ ချင်းယန်လည်း အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။

"မင်းကို ငါပြောပြီးတော့ မင်းတို့မိသားစုက ရဲတပ်ဖွဲ့ နဲ့ လူအိုလီတို့ကို မဆက်သွယ်ခဲ့ဘူးလား"

"ကျွန်မတို့လုပ်တယ် ချက်ချင်း လုပ်ခဲ့တယ် ဒါပေမယ့်..."

လီချင်းဟဲ မျက်မှောင်ကြုတ်ကာ ခေတ္တရပ်သွားသည်။

"မနေ့ညက ကျန်းဟိုင်မြို့ရဲ့ နေရာအတော်များများမှာ အဓိကရုဏ်းတွေ ဖြစ်နေခဲ့တယ်... မြို့ရဲ့ မြောက်ဘက်နဲ့ အနောက်ဘက်တွေမှာ ရုန်းရင်းဆန်ခတ် ဖြစ်စေတဲ့ ဒုစရိုက်ဂိုဏ်းတွေ ရှိတယ်... ကြယ်သိုင်းရဲခေါင်းဆောင်ကြီးက အဖွဲ့ဝင်တွေကို နှိမ်နင်းဖို့ ညတွင်းချင်း စေလွှတ်လိုက်ရတယ်။

ပြီးတော့ လူအိုလီကလည်း သူ့တပည့်တွေကို အကာအကွယ်ပေးဖို့ ကိုယ်ခံပညာအကယ်ဒမီမှာ နေခဲ့ရတာမို့ သူ ထွက်မလာနိုင်ခဲ့ဘူး"

ထိုအချိန်တွင် လီချင်းဟဲသည် ချင်းယန်ကို မော့ကြည့်ကာ ကျေးဇူးတင်ချင်စိတ်ကို ဖုံးကွယ်မထားနိုင်ပေ။ ချင်းယန်၏ အချက်အလက်နှင့် မနေ့ညက အစီအရင်ကြောင့်သာ မဟုတ်ပါက သူ့အဖေက အရင်ကတည်းက ပိတ်မိနေလိမ့်မည်။

မထင်မှတ်ဘဲ ဘာမှမဖြစ်ခဲ့ရင် ခေတ်စားနေတဲ့ ရှာဖွေမှုတွေက အခုပဲ ခေါင်းကြီးပိုင်းတွေပေါ်မှာ ပေါ်လာမှာဖြစ်ပြီး လီမိသားစုရဲ့ နာရေးကြော်ငြာဟာ ရှေ့ဆုံးစာမျက်နှာမှာ နေရာယူလိမ့်မည်။

"ကောင်းပြီ.. ဒီလိုဆိုရင်တော့ ငါလည်း မယဉ်ကျေးနေတော့ဘူး"

ကြင်နာမှုကို ငြင်းဆန်ရန် ခဲယဉ်းတာကြောင့် ချင်းယန် ထိုလက်ဆောင်ကို အလွယ်တကူ လက်ခံခဲ့လိုက်သည်။ သူက အလှူငွေထည့်ဝင်ပြီး လုပ်အားအတွက် အပြန်အလှန် ဆုချတာဟာ လုံးဝ ကျိုးကြောင်းဆီလျော်တဲ့ ကိစ္စပါပဲ။ ဤလက်ဆောင်ကို လက်ခံခြင်းတာကလည်း လုံးဝ တရားမျှတပါသည်။

ဒီနောက်ပိုင်းမှာတော့ အိမ်ငှားရမ်းဖို့ ခက်ခဲလာတာလည်း ထင်ရှားလာပါ၏။ သက်ကြီးရွယ်အို အိမ်နီးနားချင်းတွေ အများကြီးရှိတော့ နိယာမအပိုင်းအစတွေကို နားလည်ဖို့ သိပ်အဆင်မပြေပါ။ သူ့ဆီကနေ တစ်ချိန်လုံး မိုးခြိမ်းသံနဲ့ မိုးရွာနေတယ် မဟုတ်ပါလား။

ဘယ်သူက ခံနိုင်မှာလဲ !

……………

ညနေခင်းရောက်တော့ စာကြည့်တိုက် ဝန်ထမ်းတွေ အလုပ်ပြီးလို့ အိမ်ပြန်ကြသည်။ ချင်းယန်နဲ့ ရှောင်ပိုင်တို့သည်လည်း ၎င်းတို့၏ အပြောင်းအရွှေ့အတွက် စတင်လုပ်ဆောင်ခဲ့ကြသည်။

ရက်ပေါင်းများစွာ လှည့်လည်သွားလာပြီးနောက် သူတို့မှာ သိပ်ကြီးကြီးမားမား သယ်စရာ ဘာမှ မရှိခဲ့ပါဘူး။ အဝတ်အစားတွေ စုဆောင်းပြီး အိတ်နှစ်လုံး ကောက်ပြီးတာနဲ့ ပြီးလုနီးပါး ဖြစ်နေပြီ။

ခဏအကြာတွင် သူသည် တက္ကစီတစ်စီးကို ဖုန်းဖြင့် ဟစ်အော်ကာ ဖုဟိုင်းအသိုက်အဝန်းဆီသို့ ဦးတည်သွားခဲ့သည်။ ကားက လမ်းမပေါ်သို့ ဖြည်းညှင်းစွာ မောင်းလာခဲ့သည်။ ချင်းယန် ခရီးသည်ထိုင်ခုံတွင် ထိုင်နေပြီး ရှောင်ပိုင်ကတော့ ပြတင်းပေါက်မှ ရှုခင်းများကို လှမ်းကြည့်ရင်း ရင်ခွင်ထဲတွင် တွဲလျက် ရှိနေ၏။

သူ အချိန်ကို တွက်ကြည့်သည်။

သူ ကူးပြောင်းလာတာ တစ်နှစ်နီးပါးရှိပြီ။ ဤတိုက်ခန်းငယ်လေးတွင် ကာလကြာရှည်စွာ နေထိုင်ခဲ့ရာ တွယ်တာမှုအချို့ ရှိခဲ့တာတော့ မလွဲမသွေပင်။

"လူငယ်လေး... မင်း ဖုဟိုင်ရပ်ကွက်ကို ပြောင်းနေတာလား"

ကားမောင်းသူသည် စတီယာရင်ဘီးပေါ်မှ လက်တင်လျက် ချင်းယန်၏ ၀တ်စားဆင်ယင်မှုကို တစ်ချက်ရှိုးကာ။

"အဲဒါက နေရာကောင်းပဲ အိမ်ဈေးတွေ တဟုန်ထိုး တက်နေတယ်လို့ ကြားတယ် နေရာလည်း လှတယ်"

"ဟုတ်လား?" ချင်းယန် ပြုံးလိုက်သည်။

"မသေချာဘူး ကျနော် အဲဒီမှာ ခဏပဲနေမယ်"

"မသေချာဘူး?"

ကားသမား မျက်လုံးပြူးသွားသည်။

"မြေကွက်တွေက ပိုက်ဆံအများကြီး တန်တာ မသိဘူးလား... နောက်တာ မဟုတ်ဘူး ဟိုမှာအိမ်ခြံမြေလက်မှတ်တွေက အရမ်းဈေးကြီးလို့ ပိုက်ဆံနဲ့တောင် မရဘူး အဲဒါတွေအားလုံးက အဆက်အစပ်တွေနဲ့ ရတယ"

သူက ချင်းယန်ကို လှည့်ကြည့်လိုက်ပြီး ပြုံးပြလေ၏။

"မင်း အဲဒီအတွက်လက်မှတ်ကို အများကြီး ထည့်ထားရတာ မဟုတ်လား"

"တစ်ယောက်က ကျွန်တော့်ကို ပေးခဲ့တာပါ"

ချင်းယန်သည် ကုလားထိုင်ခေါင်းအုံးကို နောက်သို့ မှီကာ မျက်လုံးမှိတ်လိုက်သည်။

"လက်ဆောင်ရပြီလား?"

ကားမောင်းသူသည် ခေတ္တရပ်ပြီးနောက် ချင်းယန်၏ မျက်နှာကို လေ့လာကာ အဓိပ္ပာယ်ရှိသော အပြုံးတစ်ခု ပြုံးပြလာသည်။

"သြော် ငါနားလည်ပါတယ် ငါနားလည်ပါတယ်။ မဆိုးပါဘူး လူငယ်... မင်းဘဝအတွက် ဖြတ်လမ်းတစ်ခု ရှာတွေ့ခဲ့ပြီး အနှစ်ခုနစ်ဆယ်ကြာ ကြိုးစားအားထုတ်မှုကို ကယ်တင်ခဲ့တာပဲ"

ကားမောင်းသူက သူ့ကို လက်မထောင်ပြသည်။

"မင်းလိုလူငယ်တွေကို ငါလေးစားတယ်"

ချင်းယန် : "..."

……….

ခဏအကြာတွင် တက္ကစီက လမ်းဘေးမှာ ရပ်တန့်သွားသည်။ ချင်းယန် ထွက်သွားပြီး ခရီးဆောင်အိတ်ကို ဆွဲယူကာ ရှောင်ပိုင်နှင့် လမ်းဘေးတွင် ဆင်းလိုက်သည်။ သူတို့ရှေ့မှာ ခမ်းနားထည်ဝါတဲ့ အိမ်ရာဝင်းကြီးကို ငေးကြည့်ရင်း ခံစားချက်လှိုင်းလုံးတွေက သူ့အပေါ်ကို လွှမ်းခြုံသွား၏။

တစ်နှစ်ကျော်သွားပြီ။

နောက်ဆုံးတော့ ကြီးကျယ်ခမ်းနားတဲ့ ဗီလာကြီးထဲကို ၀င်နိုင်ခဲ့ပြီပေါ့လေ။

All Chapters