← Chapters

ရှဟဲရဲ့ ယူဆချက်

Vol. 10 Ch. 142

ရှဟဲရဲ့ ယူဆချက်

Vol. 10 Ch. 142

"မိုးကြိုးတစ်ချောင်း၊ မီးတစ်ချောင်း၊ လေကာတာတစ်ခု ပေးပါကွာ... ပြီးရင် မီးခိုးဒဏ်ခံနိုင်တာလေးကောပဲ!"

"ဟေ့ သိပ်လောဘမကြီးပါနဲ့ ကောင်လေး... ငါ့ကြယ်ကျောက်တွေက ပိုက်ဆံမပေါဘူး!!"

သီးသန့်ခန်းထဲမှ ချင်းယန်သည် သူ့အိတ်ကပ်ထဲက ကြယ်ကျောက်တုံးတွေကို ဖောက်ထုတ်လိုက်သည်။ အဆုံးတွင်တော့ သူသည် ရှဟဲစကားကို မခုခံနိုင်ဘဲ အစီအရင် ပုံစံအသစ်တစ်ခုကို ဖန်တီးပေးခဲ့သည်။

"ငါသိပါတယ် လောင်ချင်းရာ... မင်းတော်တော်လေး စာနာတတ်တာပဲ!"

ရှဟဲ ကြယ်ကျောက်တုံးများကို ယူဆောင်ကာ ဝမ်းသာအားရဖြင့် ၎င်းတို့ပေါ်ရှိ ပုံစံများကို စိတ်လှုပ်ရှားစွာ လေ့လာနေခဲ့သည်။

"နောက်ထပ်ရှိသေးလား ငါ အဲဒါတွေကို အလကားမယူပါဘူး ငါ ပေးချေလို့ရတယ်နော်"

"မရှိတော့ဘူး"

ချင်းယန်သည် ရှဟဲ၏ မျှော်လင့်နေသော မျက်လုံးများကို လျစ်လျူရှုကာ သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။ ရှဟဲ သုံးနိုင်တဲ့ အစီအရင် ပုံစံအများစုကို ပေးထားပြီးသားပါ။ ကျန်တာတွေက သူ့အတွက် အဆင်မပြေလောက်ချေ။

ကြယ်ကျောက်တုံး အစီအရင်ဟာ အဆင့်မြင့်လေ တင်းကြပ်သော ကြယ်စွမ်းအင် လိုအပ်ချက်များက အလွန်မြင့်မားလေ ဖြစ်သည်။ ပရော်ဖက်ရှင်နယ် မဟုတ်သော အစီအရင်ပညာရှင်များပင် ၎င်းတို့ကို မလည်ပတ်နိုင်ပါ။

ရှဟဲနှင့် သူ၏ လုပ်ဖော်ကိုင်ဖက်များသည် ၎င်းတို့၏ အသုံးပြုမှု ကန့်သတ်ချက်ကိုပင် မရောက်သေးချေ။ ထိုမျှသာမက သူပေးတဲ့ ဒီကြယ်ကျောက်တုံးလေးတွေကလည်း ထူးထူးခြားခြား ဖြစ်နေပါပြီ။

ချင်းယန် တခြားဘာကိုမှ အာမမခံနိုင်ပေ။

သို့သော် ရှဟဲသည် ကြယ်ကျောက်တုံးများကို သယ်ဆောင်ထားသရွေ့ ကျန်းဟိုင်မြို့တော်တွင် ဒီအစီအရင် ဖွဲ့စည်းတည်ဆောက်မှုကို ချိုးဖျက်နိုင်သော လူအနည်းငယ်သာ ရှိသည်။ သူတို့ကို အနိုင်ယူမနိုင်ရင်တောင်မှ ကျော်ဖြတ်ပြီး သူပိုင်ဆိုင်တဲ့ အစီအရင် ဖွဲ့စည်းမှုရဲ့ စွမ်းအားကို အပြည့်အ၀ မြှင့်တင်နိုင်ပါသေး၏။

"ကျေးဇူးတင်ပါတယ် လောင်ချင်း"

ဟိုတယ်မှထွက်လာပြီးနောက် နှစ်ယောက်သား စာကြည့်တိုက်သို့ ပြန်ရောက်လာကြသည်။ ရှဟဲက သူ့ပြိုင်ကား၏ဘေးတွင် ရပ်ကာ နှုတ်ဆက်လိုက်သည်။

"မင်းအဆင်ပြေရင် ဒီမှာပဲ ရပ်လိုက်ကြရအောင်.. ငါ့ကို လိုက်ပို့စရာမလိုဘူး"

တိမ်ဖြူများအောက်တွင် ချင်းယန် စာကြည့်တိုက်တံခါးဆီသို့ လျှောက်သွားနေခဲ့သည်။ သူက နောက်ပြန်မလှည့်ဘဲ လက်ကို ဝှေ့ယမ်းရင်း

"ရဲဌာနမှာ ကောင်းကောင်းနေ... ကိုယ့်ကိုကိုယ် မသတ်နဲ့"

"ရပြီ မင်း ငါ့ဆီက သတင်းကောင်းတစ်ခုပဲ စောင့်နေလိုက်!"

ရှဟဲ ပြုံးပြုံးလေး အော်ဟစ်လိုက်ပြီး ချင်းယန်ရဲ့ နောက်ကျောကို ကြည့်ရင်း ကျန်ခဲ့သည်။ ထို့နောက် လက်ထဲက ကြယ်ကျောက်တုံးကို ငုံ့ကြည့်ရင်း တွေးတောကြည့်မိ၏။

"လောင်ချင်း မင်းက တကယ် ကျင့်ကြံသူပဲ..."

ဒီရက်ပိုင်းတွေထဲ ချင်းယန်သည် အဂ္ဂိရတ်ဆေးတွေကို ပဲချောင်းကဲ့သို့ ဖြန်းပေးခဲ့ပြီး ၎င်းတို့၏ အာနိသင်မှာ ထူးထူးခြားခြားပင်။ သူဖန်တီးထားတဲ့ အစီအရင် ပုံစံတွေက ခိုင်ခံ့လွန်းတာကြောင့် မွေးရာပါ နယ်ပယ်က ကျင့်ကြံသူတောင်မှ မချိုးဖျက်နိုင်ခဲ့ပါ။

ဒါဆို ဒီလူရဲ့နောက်ကွယ်က အထောက်အထား ဘယ်လိုလုပ် ဆိုးနိုင်မှာလဲ။

"မင်းက မနေ့ညက ငါ့ကို ကယ်ခဲ့တဲ့သူပဲ မဟုတ်လား"

ရှဟဲ ရေရွတ်လိုက်ပြီး ကားထဲကို ပြန်ဝင်ကာ မောင်းထွက်သွား၏။ အတိတ်က မီးခိုးနှင့်တူသည်။ အခု စားပွဲမှာ ချင်းယန်က အဲဒါကို ဖောက်ထုတ်ပြဖို့ စိတ်မ၀င်စားခဲ့ရာ မိမိက ဘာလို့ လိုက်ကောက်နေရမှာလဲ ။

ချင်းယန်က ဘယ်သူပဲဖြစ်ဖြစ် သူက အမြဲတမ်း ငါ့ညီအစ်ကိုပဲ!

"ဟမ့် ဒီကောင်လေး ဘယ်တုန်းက အရမ်းမိုက်နေတာလဲ"

ပြန်တွေးကြည့်ရင်း ရှဟဲ ရုတ်တရက် မနာလိုဖြစ်သွားသည်။ သူအရင်က ဒီညီအစ်ကို ငတ်မှာကို စိတ်ပူနေပေမယ့် သူ့ညီအစ်ကိုက Land Roverတောင် မောင်းနေပြီ။ အရင်က များများလေ့ကျင့်ပြီး အကြံပေးခဲ့ဖူးပေမယ့် အခု ချင်းယန်က အမြင့်ကို လှမ်းတက်လှမ်းဖို့တောင် ခြေလှမ်းပြင်ထားပြီးပြီ။

သေရော!

ရှဟဲ ရဲအုပ်ကြီး၏ ကားရပ်နားရန်နေရာသို့ ဆွဲခေါ်သွားကာ ရှက်စိတ်များ တိုးလာသည်။ မိမိ သူ့ကို များများလေ့ကျင့်ဖို့ လျှော့ပြောခဲ့သင့်၏။

ဒါဆို လူရွှင်တော်က တကယ်ပဲ ငါလား?

"အင်း ဒါတွေအားလုံးက အမှားတစ်ခုပဲ"

ရှဟဲ သက်ပြင်းချကာ ကားတံခါးကိုဖွင့်ကာ ရဲအုပ်ကြီး၏ ပင်မရုံးခန်းအဆောက်အအုံဆီသို့ ဦးတည်သွားခဲ့သည်။

ရဲအုပ်ကြီး၏ ဌာနရှေ့တွင် ခိုဖြူအုပ်များ ပျံဝဲနေပြီး ဖြတ်သွားဖြတ်လာများက ဓာတ်ပုံရိုက်ရန် ဂိတ်ရှေ့တွင် ရပ်နေကြသည်။ ခမ်းနားထည်ဝါသော စတုရန်းအဆောက်အအုံသည် သံမဏိသစ်တောကြားတွင် မြင့်မြတ်သော အထိမ်းအမှတ် အဆောက်အဦးတစ်ခုကဲ့သို့ တည်ရှိနေသည်။

….

လှည့်ပတ်နေသော တံခါးကို ဖြတ်သွားစဉ် ဧည့်ကြိုက သူ့ကို ရုတ်တရက် တား၍ အပေါ်ထပ်ကို ညွှန်လိုက်သည်။

"အရာရှိရှ... ဦးစီးချုပ်က မင်းကို တွေ့ချင်နေတယ်"

"အခုလား?"

ဒါကိုကြားတော့ ရှဟဲ အံ့အားသင့်သွားပေမယ့် စက္ကန့်ပိုင်းလောက်ကြာတော့ မအံ့သြစရာတော့ပါ။ သူနဲ့ သူ့လုပ်ဖော်ကိုင်ဖက်တွေက မနေ့ညက ဘယ်လို လွတ်မြောက်ခဲ့သလဲ ဆိုတာကို ရဲအုပ်ကြီးရုံးခန်းထဲမှာ လူသိများပြီး စစ်မှုထမ်းဟောင်း တော်တော်များများကလည်း ဒါကို အံ့ဖွယ်လို့ ခေါ်နေကြ၏။

စစ်ကူများ ရောက်လာသောအခါတွင် မိစ္ဆာတစ်ကောင်မျှ မတွေ့ရတော့ပေ။

မိစ္ဆာတွေ ဘယ်ရောက်ကုန်တာလဲ။

နောက်ပိုင်းမှာတော့ မှုခင်းဆေးပညာ ကျွမ်းကျင်သူတွေက အခင်းဖြစ်ပွားရာ နေရာကို ကွင်းဆင်း လေ့လာခဲ့ပြီး မိစ္ဆာတွေကို မတွေ့ခဲ့ရပေ။ ရှဟဲ ရဲစခန်းသို့ ပြန်ရောက်သောအခါ သူ့ကို လုပ်ဖော်ကိုင်ဖက်တွေက ပံ့ပိုးကူညီသူအဖြစ် ချက်ချင်း အသိအမှတ်ပြုခဲ့ပြီး သူ၏ကိုယ်ရေးရာဇဝင်တွင် ထင်ရှားသော အမှတ်အသားတစ်ခု ကျန်ရစ်ခဲ့သည်။

"လောင်ချင်းရေ... ကျေးဇူးပဲ"

ရှဟဲ အပေါ်ထပ်ရှိ ရုံးခန်းသို့ ဓာတ်လှေကားကို တိုက်ရိုက် တက်သွားခဲ့လိုက်သည်။ တံခါးကို တွန်းဖွင့်ပြီး ဝင်လိုက်တဲ့အခါ စားပွဲမှာထိုင်နေတဲ့ ဦးစီးချုပ်ကို ချက်ချင်းတွေ့ရကာ ထိုလူက သူ့မေးစေ့ကို လက်နှစ်ဖက်ပေါ် တင်ထား၏။ အခန်းကို ရိုးရိုးရှင်းရှင်းသာ အလှဆင်ထားပြီး ကြမ်းပြင်မှ မျက်နှာကြက်အထိ ပြတင်းပေါက်များ ရှိကာ မြို့၏ မြင်ကွင်းကျယ်ကို ပြသထားသည်။

"မင်းဒီမှာ... ထိုင်ပါ။"

"ဟုတ်ကဲ့ပါ ဦးစီးချုပ် "

ရှဟဲ ကုလားထိုင်ကို ဆွဲထုတ်ပြီး ထိုင်ချလိုက်သည်။ သူ့လက်တွေကို ဒူးပေါ်တင်ကာ မတ်မတ်ထိုင်လိုက်၏။ စစ်သူကြီး၏ မျက်နှာကို ကြည့်ရင်း သူ့လက်များက တုန်ရီလာသည်။ အရင်က တီဗီမှာ တွေ့ဖူးပေမယ့် ဒါက ပထမဆုံးအကြိမ် မျက်နှာချင်းဆိုင် တွေ့ဖူးတာပင်။

"စိတ်မပူပါနဲ့... မင်း ဒီလွန်ခဲ့တဲ့ ရက်အနည်းငယ်က အလုပ်ကြိုးစားခဲ့တယ်"

ဦးစီးချုပ် အဖြစ်လည်း သူတို့၏ ခေါင်းဆောင်ကြီးသည် စားပွဲပေါ်ရှိ လက်ဖက်ရည်အိုးကို ကောက်ယူလိုက်ပြီး လက်ဖက်ရည်ခွက်ထဲ လောင်းချကာ ရှဟဲထံ ပေးလိုက်သည်။

"မင်းရဲ့အဖွဲ့က အသေအပျောက် များတယ် သတင်း အချက်အလက်တွေလည်း ရထားတယ်"

"အဆင်ပြေပါတယ်... ဒါ ကျနော့်တာဝန်ပါ"

ရှဟဲ လက်ဖက်ရည်ကိုယူကာ တစ်ငုံသောက်လိုက်ပြီး လက်သီးကို ကျစ်နေအောင် ဆုပ်ထားလိုက်သည်။

"အချက်အလက်တွေ ပေးပို့နိုင်သရွေ့ ညီအကိုတွေရဲ့ စွန့်လွှတ်အနစ်နာခံမှုကို အလဟဿ မဖြစ်စေတော့ပါဘူး"

"မဆိုးဘူး လူငယ် မင်းက အရမ်းတာဝန်ယူတတ်တယ်"

ဦးစီးချုပ်က ကျေနပ်စွာ ခေါင်းညိတ်သည်။

"ဒီမစ်ရှင်မှာ မင်းရဲ့စွမ်းဆောင်ရည်ကို ထည့်သွင်းစဉ်းစားပြီး မင်းအတွက် ဌာနချုပ်ကို ငါ ဆက်သွယ်ပေးထားပြီးပြီ... မင်း ရာထူးတိုး လျှောက်ထားဖို့ အခွင့်အရေးတစ်ခု ရှာတွေ့လိမ့်မယ်"

"ကျေးဇူးတင်ပါတယ်"

ရှဟဲ စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

"မလိုပါဘူး.. ငါမင်းကိုစစ်ဆေးဖို့ တစ်ခုရှိသေးတယ်"

ဦးစီးချုပ်က အံဆွဲကိုဖွင့်ကာ စာရွက်နှစ်ရွက်ကို ဖယ်ထုတ်လိုက်သည်။ သူက စာရွက်တွေကို စားပွဲပေါ်မှာ တင်ထားလိုက်ပြီး။

"ဒါက မနေ့ညက ဆိုက်တွင်း စစ်တမ်း အစီရင်ခံစာပါ... ငါ အဲဒါကို မင်းနဲ့ ထပ်ပြီး အတည်ပြုရမယ်"

"ဥပမာ?"

"စိတ်မပူပါနဲ့ ဒါက အများအားဖြင့် အသေးအမွှားတွေပဲ"

သူသည် စာရွက်စာတမ်းများထဲမှ တစ်ခုကို ဆွဲထုတ်လိုက်ပြီး သူ့မျက်လုံးများကို တစ်ချက်ကြည့်လိုက်သည်။

"အသေးစိတ် အချက်အလက်တွေကို ကျော်ဖြတ်ပြီး အဓိကမေးခွန်းတွေကိုပဲ တည့်တည့်ကြည့်မယ်"

သူက မတ်တပ်ထရပ်ပြီး လက်ဖဝါးတွေကို စားပွဲခုံပေါ် ဖိလိုက်သည်။ ပြီးနောက် ရှဟဲကို စိုက်ကြည့်ရင်း စကားတစ်ခွန်း စမေးလေသည်။

"မင်း ဒီအဆင့်ငါး အစီအရင်ကို ဘယ်ကရခဲ့တာလဲ မင်းကို ကယ်ခဲ့တဲ့သူက ဘယ်သူလဲ"

သူပြောပြီးသည်နှင့် ရှဟဲ၏ မျက်နှာအမူအရာကို ကြည့်ကာ သေချာ အကဲခတ်နေ၏။ မနေ့က မစ်ရှင်အပြီးမှာ သံသယဖြစ်စရာအချက်တွေ အများကြီးရှိခဲ့ပါသည်။

ပထမနှင့် အရေးအကြီးဆုံး၊ ဤအဆင့်ငါး အစီအရင် ဖွဲ့စည်းမှု ရှိနေသည်။ ရဲအရာရှိတွေ မပြောနှင့် သူ့လို ရာထူးကြီးသူတောင် မထုတ်နိုင်ပါ။ ရလဒ်ကတော့ ရှဟဲ အမည်ရှိ ဒီရဲအရာရှိငယ်က အဲဒါကို ထုတ်ခဲ့တယ်တဲ့လား။

ဒုတိယအချက်မှာ ဝိုင်းရံပြီးခါမှ သုတ်သင်ခြင်းခံရသော မိစ္ဆာများ၏ သေဆုံးရခြင်း အကြောင်းရင်း ရှိပါသည်။ မီးလောင်မှု ဖြစ်ပွားရာ နေရာ၌ မီးလောင်မှု ထပ်မံ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။

တစ်နည်းပြောရရင်တော့ ထိုအချိန်တွင် တန်ခိုးကြီးသူတစ်ဦးက အခြေအနေကို တိုက်ရိုက် မီးတင်ရှို့လိုက်ရာ သူတို့ကိုယ်သူတို့ မီးလောင် သေဆုံးသွားစေခဲ့သည်။

ဤကဲ့သို့သော နည်းပရိယာယ်များသည် ရိုးရှင်းစွာ သာလွန်ကောင်းမွန်ပါသည်။

"ဒီ..."

ရှဟဲ နဖူးက ချွေးတွေကို သုတ်လိုက်ပြီး သွားတွေကို အံကြိတ်ကာ လိမ်ညာလိုက်တော့၏။

"ကျနော်... ခေါင်းဆောင်ကြီးကို မပြောချင်ဘူး... ကျနော့်ဆရာက ခွင့်မပြုထားလို့ပါ..."

ပြောမိရင် ချင်းယန်အပေါ် သစ္စာဖောက်မိသည်။ အကြောင်းကို အမှန်အတိုင်းပြောရန် သူ့ကိုယ်သူ သေချာပေါက် တွန်းအားမပေးနိုင်ခဲ့သောကြောင့် ရွေးချယ်စရာမရှိ လိမ်လိုက်ရလေသည်။ လီညာတာက ညီအစ်ကိုကို သစ္စာဖောက်ခြင်းထက်တော့ သာ၍ကောင်း၏။

"အဲ့လိုလား..."

ဒါကိုကြားတော့ ဦးစီးချုပ်ရဲ့ မျက်လုံးတွေက မှိတ်တုတ်မှိတ်တုတ်ဖြင့် တခဏမျှ တုံ့ဆိုင်းသွားပြီးနောက် သူက ခေါင်းညိတ်ပြလာသည်။

"ကောင်းပြီ ငါနားလည်ပြီ။ အဲဒါဆိုရင် မင်းသွားနိုင်ပါပြီ... ကျန်ကိစ္စတွေကို တစ်ယောက်ယောက်က ကိုင်တွယ်လိမ့်မယ်"

"ဟုတ်ကဲ့"

ရှဟဲ ခေါင်းညိတ်ပြပြီး အမြန်ထရပ်ကာ ရုံးခန်းထဲက အမြန်ထွက်သွားတော့သည်။

သူထွက်သွားရင်ပဲ ဦးစီးချုပ်ကြီးသည် ပြတင်းပေါက် အပြင်မှ တိမ်များကို စိုက်ကြည့်ရင်း အတွေးပျက်သွားသည်။ ကျန်းဟိုင်မြို့မှာ ပဉ္စမအဆင့် အစီအရင်ကို ကျွမ်းကျင်ပိုင်နိုင်သူမှာ လီတောက်မင်သာ ဖြစ်သည်။

အဲဒါဖြစ်နိုင်မလား...

ရှဟဲက မိသားစုနဲ့လည်း အဆက်အသွယ် ရှိလား။

ဒါကိုတွေးပြီး သူ ခေါင်းခါမိပြန်သည်။

"လူအိုလီကို လာလည်ဖို့ ဖိတ်ရတော့မယ် ထင်တယ်"

All Chapters