← Chapters

လက်တစ်ချောင်းက ကောင်းကင်ကို ခွဲပစ်နိုင်လား

Vol. 10 Ch. 144

လက်တစ်ချောင်းက ကောင်းကင်ကို ခွဲပစ်နိုင်လား

Vol. 10 Ch. 144

"ကောင်းပါပြီ ကောင်းပါပြီ မငိုနဲ့တော့... ဒါ မင်းရဲ့ပထမဆုံး အကြိမ်လည်း မဟုတ်ဘဲနဲ့..."

စနစ်၏ဆုကြေးငွေကို အစပျိုးလိုက်သည်ကို မြင်လိုက်ရသဖြင့် ချင်းယန် ရှောင်ပိုင်ကို စိတ်မဝင်စားတော့ဘဲ သူမလက်ကို မထီမဲ့မြင်ပြုဟန်ဖြင့် ဝေ့ယမ်းရင်း ထွက်ခွာသွားခဲ့သည်။

နောက်အခိုက်အတန့်တွင် ရှောင်ပိုင် သူမအမြီးကို ဆုပ်ကိုင်လိုက်ပြီး ချင်းယန်၏လက်များထဲမှ ထွက်သွားကာ ဆိုဖာထောင့်တွင် တွန့်ကွေးရင်း တုန်တုန်ယင်ယင်နှင့် မျက်လုံးများ နီရဲလာသည်။

ရံဖန်ရံခါ သူမ ချင်းယန်လက်ကို ရွံရှာဖွယ်အကြည့်ဖြင့် ကြည့်နေသေးသည်..။

"အဲဒါ ဘာကိုဆိုလိုတာလဲ?"

ချင်းယန် သူမ၏ အကြည့်ကို ခံစားလိုက်ရသဖြင့် အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။

"သခင်က မင်းရဲ့ခန္ဓာကိုယ်ကို မမက်မောဘဲ လေးလေးနက်နက် သုတေသနလုပ်နေတာ!"

အခုလေးတင် စူးစမ်းရှာဖွေမှု၌ ရှောင်ပိုင်၏ စတုတ္ထအမြီးက အသား၊ အရေနှင့် အရိုးတို့ကို အပြည့်အဝ စူးစမ်းလေ့လာခဲ့သည်။ ယခုအခါ ချင်းယန်သည် မြေခွေးမျိုးနွယ်၏ ဇီဝကမ္မဖွဲ့စည်းပုံကို ပိုမိုနက်ရှိုင်းစွာ နားလည်လာခဲ့သည်။

"ငါက မင်းကို အလကား အခွင့်ကောင်းယူမယ့်လူလား"

သူစကားပြောနေစဉ်တွင် ကြယ်လက်စွပ်ကိုဖွင့်ကာ စိတ်ငြိမ်ဆေးနှစ်လုံးကို ထုတ်ကာ သူမဆီသို့ ပစ်ချလိုက်သည်။

"ဟမ်..."

ရှောင်ပိုင် ဆေးလုံးများကို မြင်သောအခါတွင် အလိုလို ပါးစပ်ကိုဖွင့်ကာ စက္ကန့်မလပ် မတွေးဘဲ ငုံပစ်ပြီး သူမ၏ ယခင် မကျေနပ်ချက်များ ရုတ်ချည်း ပျောက်ကွယ်သွားခဲ့သည်။

အရသာရှိလိုက်တာ!

သူမ၏ စိတ်ထဲတွင် တွက်ချက်မှုများ ပြေးလွှားသွားသည်။

သခင်က ငါ့အမြီးကို ထိပြီး စိတ်ငြိမ်ဆေးနှစ်လုံးနဲ့ လဲလှယ်သွားတယ်! ဒါကြောင့် အမြီးကို ထိခွင့်ပေးလိုက်တာက ဆေးသောက်ရတာနဲ့ အတူတူပဲ။

"ဒီနတ်သမီးက မရှုံးပါဘူး!"

ဒါကိုတွေးရင်း ရှောင်ပိုင် သူမခန္ဓာကိုယ်ကို ရွှေ့ကာ ချင်းယန်၏ လက်နှစ်ဖက်ထဲသို့ လိမ့်ဝင်သွားလိုက်သည်။ ပြီးနောက် နောက်တဖန် ဖင်ကို ထုတ်ကာ သူမ၏ အမွေးရှိသော မြေခွေးအမြီးများကို ဝေ့ယမ်းပြလိုက်သည်။

"သခင် ဆက်ကစားပါဦး...မလုံလောက်သေးရင် ဆက်ကစားပါ... ကျေးဇူးပြုပြီး ကျွန်မကို ကရုဏာမပြပါနဲ့..."

"ထွက်သွား!"

ဒါကိုကြားတော့ ချင်းယန် အမွေးဖြူတွေကို ရှောင်ရင်း ခေါင်းကို နောက်ပြန်လှည့်လိုက်သည်။ သူက ရှောင်ပိုင်ရဲ့ တင်ပါးကို ရိုက်ကာ ဆိုဖာပေါ်တင်လိုက်ပါ၏။ ထို့နောက် ထရပ်ကာ ခြံဝင်းထဲသို့ လျှောက်သွားလိုက်တော့သည်။

"ငါမင်းကိုပြောခဲ့ပြီးသား..... ငါကသုတေသနကို အလေးအနက်ထား လုပ်တာ! မင်းငါ့လက်ကို ကစားရဲတယ်ပေါ့?"

"သခင်က လူယုတ်မာပဲ!"

"..."

ဒါကိုကြားတော့ ရှောင်ပိုင်ရဲ့ မျက်နှာလေးခမျာ နီမြန်းလာတော့သည်။ သူမသည် ဆိုဖာ၏ ထောင့်စွန်းသို့ တက်သွားကာ ချင်းယန် ထွက်ခွာသွားသည်ကို ကြည့်ရင်း ရင်တွင်းမှ ရေရွတ်မိသည်။

"ဟမ့် နင် မကစားချင်ရင် မကစားနဲ့ပေါ့... ငါ့ကိုဘာလို့စိတ်ပျက်နေတာလဲ"

......

ခြံအပြင်ဘက်။

ညပိုင်းမို့ ပတ်ဝန်းကျင်က တိတ်ဆိတ်ငြိမ်သက်နေ၏။

ချင်းယန်သည် လရောင်အောက်တွင် လင်းလက်နေသော ပွင့်လင်းရာ နေရာတစ်နေရာကို ရှာတွေ့ခဲ့သည်။ သူသည် မြက်ခင်းပျော့ပေါ်တွင် လှဲအိပ်ကာ စနစ်၏ ဆုလာဘ်များကို လက်ခံလိုက်သည်။

ပထမဆုမှာ "လက်နက် သန့်စင်ခြင်း၏ စစ်မှန်သော ရှင်းလင်းချက်" ဖြစ်သည်။

"လက်နက်ကို သန့်စင်တာကလည်း နတ်ဘုရားလိုပဲ"

ချင်းယန် မျက်လုံးများကို မှိတ်ထားပြီး အာရုံစူးစိုက်မှုပြုကာ သူ့အသိစိတ်သည် ဉာဏ်အလင်းနယ်ပယ်ထဲသို့ နစ်မြုပ်သွားခဲ့သည်။ ဗဟုသုတများစွာ ထွက်ပေါ်လာပြီး ရုတ်တရက် ဉာဏ်အလင်းရရှိကာ လက်နက်သန့်စင်ခြင်း၏ မှော်ဆန်သည့် အသုံးအဆောင်များကို အကြမ်းဖျင်း ဆုပ်ကိုင်ထားနိုင်သည်။

လက်နက်သန့်စင်ခြင်း ဆိုတာ ဘာလဲ။

ဤကမ္ဘာက လူသားတို့သည် ကောင်းကင်ရှိ ကြယ်များ၏ စွမ်းအားကို ဆွဲယူကာ လူ့လောက၏ ဝိညာဉ်စွမ်းအင်ကို စုဆောင်းပြီး ၎င်းကို ရှေးဟောင်းပစ္စည်းများအဖြစ် ပြန်လည်သန့်စင်ကြသည်။

အဂ္ဂိရတ်ဆေး၊ ရူရီ၊ ပန်းဝတ်ရည်အိုးများ၊ ယဇ်ပလ္လင်များကို နှပ်ထားသော သစ်သား၊ အမိန့်ပေးအလံများ သို့မဟုတ် ဗုဒ္ဓဘာသာ၏ ရတနာရှစ်ပါးကဲ့သို့ အားလုံးသည် လက်နက်သန့်စင်ခြင်း၏ အမျိုးအစားအောက်တွင် တည်ရှိပါသည်။

လက်နက်ကောင်းတစ်ခုကို ကိုင်ဆောင်ထားခြင်းဖြင့် ကိုင်ဆောင်သူ၏ တိုက်ခိုက်ရေးစွမ်းအားအတွက် သိသာထင်ရှားသော အပိုစွမ်းအင်များကိုပါ ဆောင်ကြဉ်းပေးနိုင်ပါသည်။

"အင်း...."

လက်နက် သန့်စင်ခြင်းဆိုင်ရာ စစ်မှန်သော ရှင်းလင်းချက် အသိပညာကို တခဏမျှ နားလည်ပြီးနောက် ချင်းယန်သည် သူ၏ အတွေးများကို ရုတ်သိမ်းကာ နောက်ဆုတစ်ခုသို့ ဆက်သွားခဲ့သည်။

မဟာတောရိုင်းကောင်းကင်လက်ချောင်း!

နောက်ထပ် ဧကရာဇ်အဆင့် ကိုယ်ခံပညာ။

"ရင်းနှီးနေသလိုပဲ"

ချင်းယန်သည် ဧကရာဇ်အဆင့် ကိုယ်ခံပညာ မိတ်ဆက်ကို ကြည့်ကာ သူ့မေးစေ့ကို ပွတ်သပ်ရင်း ခဏလောက် စဉ်းစားနေမိသည်။

ဒါ...ဘယ်သူဖန်တီးခဲ့တာလဲ။

"ဟမ် ငါ မမှတ်မိတော့ဘူး... ဘာပဲဖြစ်ဖြစ် စုပ်ယူလိုက်တာပေါ့..."

ချင်းယန် ဉာဏ်ပညာထဲသို့ နစ်မြုပ်သွားခဲ့သည်။ စာလုံးပေါင်း များပြားစွာ ပျံ့လွင့်လာကာ သူ့အသိစိတ် တက်လိုက်ကျလိုက် ဖြစ်နေသည်။ ကျင့်စဥ်ကို စုပ်ယူပြီးသောအခါ သူ့မျက်နှာမှာ ကျေနပ်မှုအပြည့်နှင့် ဖြစ်နေတော့၏။

ခဏလေးအတွင်းမှာပဲ သူ့မျက်လုံးများကို ပြန်ဖွင့်လိုက်ကာ ဤဧကရာဇ်အဆင့် ကိုယ်ခံပညာ၏ လေးနက်မှုကို စတင်နားလည်လာသည်။

ကောင်းကင်နှင့်မြေကြီး၏ ကြယ်စွမ်းအားကို တစ်ခုတည်းသော အချက်အဖြစ် အာရုံစူးစိုက်ပြီး ပြီးပြည့်စုံမှု အထွတ်အထိပ်သို့ ရောက်ရှိကာ ကောင်းကင်ကို အကျဉ်းချနိုင်မည်။ ဒါ့အပြင် ကမ္ဘာမြေကြီးကိုလည်း မျက်စိတစ်မှိတ်အတွင်း တုန်ခါစေနိုင်သည်။

"လေ့ကျင့်ဖို့ သင့်တော်တဲ့နေရာကို ရှာရမယ်"

ချင်းယန် ပတ်ပတ်လည်ကို လှမ်းကြည့်လိုက်သည်။ မဟာတောရိုင်း ကောင်းကင်လက်ချောင်းက အလွန်အစွမ်းထက်ပါ၏။ ပေါ့ပေါ့ဆဆ စမ်းကြည့်ရုံနဲ့ မရပါ၊ မြေကြီးပေါ်မှာလည်း မသေချာပါ။

လက်ညိုးထိုးပြလိုက်ရင် ဖုဟိုင်ဗီလာရပ်ဝန်းက တိုက်ခန်း အများစုသည် အပျက်အစီးများအဖြစ်သို့ လျော့ကျသွားလိမ့်မည်။ သေချာပေါက် မြေကြီးပေါ်တော့ မရချေ။

ကောင်းကင်ကြီးကော။

ဒီလိုတွေးရင်း ချင်းယန် ညကောင်းကင်ယံကို မော့ကြည့်ရင်း ခေါင်းပေါ် မော့ကြည့်လိုက်သည်။ ကျယ်ပြန့်ပြီး အကန့်အသတ်မရှိသော ကောင်းကင်ကြီးက အဆုံးမရှိ ဖြန့်ကျက်နေ၏။ ယနေ့ညတွင် လရောင်က မှိန်ဖျော့နေပြီး ကြယ်အနည်းငယ်သာ မြင်ရသည်။

"တစ်ချက်လောက် စမ်းကြည့်ရအောင်..."

ချင်းယန် သူ့ညာလက်ကို ဆွဲထုတ်လိုက်ပြီး ညကောင်းကင်ကို လက်ညိုးထိုးကာ ကောင်းကင်ကို ကန့်လန့်ကာအဖြစ် ညင်သာစွာ ဖိချလိုက်တယ်။

ဝုန်း!

အမြင့် မီတာ တစ်သောင်းကျော်မှာ တိမ်မည်းများ လိပ်ပြီး ပေါက်ကွဲသွားသည်။ တဟုန်းဟုန်း တိုက်ခတ်လာသော လေပြင်းများကြောင့် တိမ်မည်းများ ရွေ့လျားသွားရာ တောက်ပသောလသည် ရုတ်တရက် မှိန်ဖျော့သွား၏။ တစ်ဆက်တည်း လေထုက ပျက်ကွက်အက်ကွဲသွားသည်။

ဆင်ခြေဖုံးရပ်ကွက်ရှိ ညကောင်းကင်အောက်က တယ်လီစကုပ်တစ်ခုရှေ့တွင် ကြယ်ပုံဆွဲဝါသနာရှင်တစ်ဦးသည် ကောင်းကင်ကို မော့ကြည့်ကာ တုန်တုန်ယင်ယင်နှင့် အထက်သို့ ညွှန်ပြနေ၏။ သူသည် သူ၏အပေါင်းအဖော်များကို လျင်မြန်စွာ ဆွဲထုတ်ကာ ပွင့်လင်းမြင်သာသော နေရာသို့ ပြေးထွက်သွားခဲ့သည်။

"ဒီကို လာကြည့်... အရှေ့တောင် ကောင်းကင်မှာ ကြယ်အပိုတစ်ခု ရှိနေတယ်... အစောက ဘာလို့ မမြင်နေရတာလဲ။"

"မဟုတ်ဘူး အဲဒါက ကြယ်ပုံမပေါ်ဘူး... အခုနတုန်းက မတွေ့ဘူး!"

"မြန်မြန်... မြန်မြန် ဓာတ်ပုံရိုက်ပြီး အွန်လိုင်းမှာ တင်လိုက်... ဒါက ကျန်းဟိုင်ရဲ့ ကံကြမ္မာအစဖြစ်မလား မသိဘူး"

ဓာတ်ပုံအွန်လိုင်းပေါ် တက်လာချိန်မှာတော့ ကြယ်ပွင့်ရဲ့ အသွင်အပြင်ဟာ အကြောင်းရင်းကို ထင်ကြေးပေးနေကြတဲ့ အင်တာနက်သုံးစွဲသူတွေကြားမှာ ချက်ချင်းပဲ ပြင်းပြင်းထန်ထန် ဆွေးနွေးမှုတွေ ထွက်ပေါ်လာခဲ့ပါ၏။

…………

"ဟမ့် ဆိုးသွမ်းတဲ့သခင် ဒီနတ်သမီးကို စောင့်နေစမ်းပါ!"

လသာဆောင်တွင်တော့ ရှောင်ပိုင်သည် အဂ္ဂိရတ်ဆေး၏ အာနိသင်ကို စုပ်ယူရင်း နီရဲစွာ ရှူလိုက်သည်။ ဖြစ်ပျက်ခဲ့သမျှကို ပြန်တွေးရင်း အရှက်တကွဲ လှိုင်းလုံးကြီး ခံစားလိုက်ရသည်။

"ဒီနေ့ ငါ နင့်ကို နမ်းမယ်!"

"တစ်နေ့ ငါ သန်မာလာတဲ့အခါ နင့်ခေါင်းကို ငုံ့ခိုင်းပြီး ဆယ်ဆလောက် ပြန်နမ်းခိုင်းပစ်မယ်!"

"ငါ ပိုင်လီ ကောင်းကင်ဘုံကို ကျိန်ဆိုတယ်!"

ရှောင်ပိုင် နှာခေါင်းရှုံ့ကာ ဒေါသတကြီး ရေရွတ်လိုက်သည်။ ကျိန်ဆိုဖို့ လက်ကို မြှောက်လိုက်စဥ် ချင်းယန်ကလည်း အောက်ကနေ ကောင်းကင်ကို လက်ညိုးထိုးနေတာကို သူမ တွေ့လိုက်ရသည်။

"ဟင် သခင် ဘာလုပ်နေတာလဲ"

ဒါကိုမြင်တော့ သူမ ခဏလောက် အေးခဲသွားပြီး မျက်လုံးတွေကို ပွတ်သပ်ကာ ချင်းယန် ညွှန်ပြနေတဲ့ ဘက်ကို ကြည့်လိုက်သည်။

ညကောင်းကင်...

ချင်းယန်သည် ပေါ့ပေါ့တန်တန် ညွှန်ပြလိုက်တဲ့ အဖြူရောင်အလင်းတန်းသည် ရုတ်တရက် တောက်ပလာပြီး မှိန်ဖျော့ ပျောက်ကွယ်သွားလေသည်။

ကြယ်တွေကို လက်ညှိုးထိုးနေတာလား

မဟုတ်ဘူး...

အဲဒါ ကြယ်မဟုတ်ဘူး။

အပေါက်ဖောက်လိုက်တာနဲ့ ပိုတူတယ်။

"ဒါ...ဒါသခင် လုပ်နေတာလား?"

ဒါကိုမြင်တော့ ရှောင်ပိုင် သူ့အရင်က ကြမ်းတမ်းတဲ့ စကားတွေကို ပြန်သတိရပြီး အောက်ခြေက ချင်းယန်ကို ထိတ်လန့်တကြား ကြည့်လိုက်မိသည်။

"သူကြားသွားပြီလား"

အဲဒီလက်ညှိုးက သူမကို ညွှန်ပြလာရင် အမြီးတွေကို ကာကွယ်နိုင်မှာ မဟုတ်တော့ချေ။

ဒါကိုတွေးပြီး ရှောင်ပိုင်ရဲ့ ကျောရိုးဖြောင့်သွားပြန်သည်။ သူ့ခြေထောက်တွေကို ချိတ်ဆွဲထားရင်း ဗိုက်ထဲမှာ ဆီးသွားချင်စိတ်တွေ တဟုန်ထိုး တက်လာပြီး ကြောက်လန့်တကြားနဲ့ အတွင်းထဲကို ပြန်ပြေးသွားတော့သည်။

...

ခဏအကြာ။

ချင်းယန်သည် မြေပြင်ပေါ်တွင် လဲလျောင်းနေပြီး ရှောင်ပိုင်အသံကို ရုတ်တရက် ကြားလိုက်သောအခါတွင် သူ့ပါးစပ်ထဲတွင် မြက်ပင်အမြစ်ကိုကိုင်ကာ ညမြင်ကွင်းကို သဘောကျစွာ ကြည့်နေခဲ့သည်။

"သခင်... လေ့ကျင့်နေတာ ကြာပြီ ခက်နေသလား"

ရှောင်ပိုင် လက်ဖက်ရည်နှင့် မုန့်များကို ခေါင်းပေါ်တင်ယူလာရင်း မြေပြင်ပေါ်တွင် ထိုင်နေသော ချင်းယန်ထံသို့ ရောက်လာသည်။

"လာ... သစ်သီးတွေစား၊ လက်ဖက်ရည်သောက်၊ အေးအေးဆေးဆေးနေပါ... ရှောင်ပိုင် ပုခုံးနှိပ်ပေးမယ်လေ...."

သူမစကားပြောနေစဉ်တွင် ပန်းကန်ပြားကိုချကာ သူမ၏အဖြူရောင် အမွေးအမြီးကြီးသုံးချောင်းကို နှိမ့်ချလိုက်သည်။

"လာပါ သခင်... ဒီမှာ လာအိပ်..."

"အိုး မင်းက သိပ်ကြင်နာတာပဲ"

ချင်းယန်သည် ရှောင်ပိုင်၏ မြေခွေးအမြီးပေါ်တွင် ခေါင်းတင်ကာ ပန်းကန်ထဲမှ ကိတ်မုန့်ကို ကောက်ယူပြီး ပါးစပ်ထဲသို့ ထည့်လိုက်သည်။ သူ့ပုခုံးကို နှိပ်နယ်ခံရတာကို နှစ်သက်သည်လေ။ ထိုစဥ် အနောက်ကိုလည်း တစ်ချက် ကြည့်လိုက်သေး၏။

ကြီးထွားလာတဲ့ အမြီးက လှုပ်နေသည်။

ဘယ်ညာ ယိမ်းနွဲ့နေပုံက ကောင်းကင်ကိုတောင် ရောက်လုနီးနေပြီ။

"မြေခွေးဆိုး!"

...

နောက်နေ့။

ကျန်းဟိုင်စာကြည့်တိုက်။

ဤကာလအတွင်း စာကြည့်တိုက်သို့ လာရောက်သူဦးရေမှာ ပုံမှန်ထက် သိသိသာသာ နည်းပါးခဲ့သည်။ ကျန်းဟိုင်မြို့ရှိ လူတိုင်းသည် ခြိမ်းခြောက်ခံနေရပြီး မြို့ခံအများအပြားသည် အိမ်တွင်နေ၍ အပြင်ထွက်ခြင်းကို လျှော့ချနေကြသည်။

စာကြည့်တိုက်ကိုလည်း စွန့်ခွာသွားခဲ့သည်။

ချင်းယန်သည် ဧရိယာတစ်ရှိ စားပွဲတစ်ခုတွင် ထိုင်ကာ မနေ့ညက ရရှိခဲ့သော "လက်နက်သန့်စင်ခြင်းဆိုင်ရာ ရှင်းလင်းချက်" ကို ပွင့်ပွင့်လင်းလင်း လေ့လာနေခဲ့သည်။ ဤဆုလာဘ်သည် မြောက်မြားစွာသော လက်နက်သန့်စင်ရေး နည်းပညာများကို မှတ်တမ်းတင်ထားသည်။

ဥပမာ... ပစ္စည်းရွေးချယ်မှုမှအစ လက်မှုပညာ၊ သန့်စင်ရန်အတွက် လိုအပ်သော အပူချိန်၊ အလွန်တင်းကျပ်သော စံချိန်စံညွှန်းများ အထိ ရှိနေသည်။

ဓားကို အတုလုပ်ရင် ရက်တစ်ရာလောက် အရင် အစာရှောင်ပါ။ ထို့နောက် ကြည်လင်သော စမ်းရေတွင်းအနီး ဆိတ်ငြိမ်သော နေရာတွင် အနောက်မျက်နှာတွင် မီးဖိုအိမ်ဆောက်ပါ။ ကျွမ်းကျင်သော ပန်းပဲဆရာသည် သံစိမ်းနှင့် သံပုယိုကို ပေါင်းစပ်၍ လုံလောက်သည်အထိ သန့်စင်ပေးရပါသည်။ အနှစ်ကို အပြည့်အဝ ဆုပ်ကိုင်လိုပါက ဝါးမီးသွေးကို အသုံးပြုပါ စသဖြင့်။

ဓားတစ်ချောင်းကို သန့်စင်ရန်မှာ အလွန်ရှုပ်ထွေးသော ထုံးတမ်းစဉ်လာတစ်ခု လိုအပ်သည်။ ချင်းယန်သည် သူ့လက်ထဲတွင် "ကျစ်ဝေးနတ်ဓား" ကို တွေးတောစဉ်းစားနေသည်။

အဲဒီဓားသာဆို အချိန်ဘယ်လောက် ကုန်ခဲ့လဲလို့ တွေးမိသည်။

ဆယ်နှစ်? အနှစ်တစ်ရာ?

သူသည် ငွေရေးကြေးရေး လုံခြုံသောအခါတွင် သူ၏ သူငယ်ချင်းများနှင့် မိသားစုတိုင်းကို "ကျစ်ဝေး" ဓားတစ်ချောင်း လက်ဆောင်ပေးရန် အချိန်ရှာရလိမ့်မည်။ ဒါကတော့ တကယ်ကို အထင်ကြီးစရာ ဖြစ်သွားလိမ့်မည့။

ဓားကို သန့်စင်ခြင်းအပြင်၊ "လက်နက် သန့်စင်ခြင်း၏ စစ်မှန်သော ရှင်းလင်းချက်" တွင်လည်း သမားရိုးကျ လက်နက် သန့်စင်ခြင်း လျှို့ဝှက်ချက် အမျိုးမျိုး ပါရှိသည်။

လူအရိုးများ၊ အရေခွံခွာထားသော တိရိစ္ဆာန်အသားများ၊ အရွတ်များကို ထုတ်ယူကာ သက်ရှိလူသားများနှင့် ကြယ်သားရဲများကို ပစ္စည်းများအဖြစ် အသုံးပြုပုံ၊ လျှို့ဝှက်နည်းပညာများကို အသုံးပြုကာ ထူးခြားသည့်လုပ်ငန်းစဉ်ကို လုပ်ဆောင်ပုံ၊ ဝိညာဉ်တစ်ထောင်အလံ၊ လူ့အရိုးမှော်တူရိယာများနှင့် နှလုံးပုတီးစေ့များကဲ့သို့သော အရာများ စသည့်အပြင် ဖန်တီးမှုလုပ်ငန်းစဉ် တချို့က အလွန်ဆိုးရွားသည်။

အချို့မှာ အလောင်းများကို နေရောင်ခြည်ဖြင့် ရက်အတန်ကြာ ထိတွေ့စေပြီးနောက် ခြောက်သွေ့နေသော အရေပြားကို ဖယ်ထုတ်ခြင်း သို့မဟုတ် အလွန်အေးသော နေရာများတွင် တွေ့ရသော ဦးခေါင်းခွံများကို ယူဆောင်ခြင်း ပါဝင်သည်။

ကြည့်လိုက်ရုံနဲ့ ကျောချမ်းစေမယ့် ရှင်းလင်းချက် စာသားတွေပင်။

"ဘယ်လို ထူးထူးဆန်းဆန်းကြီးလဲ... ဟင်? မြေခွေးမွေးနဲ့ ပြုလုပ်ထားတဲ့ မှော်တူရိယာလား?"

ချင်းယန်သည် လက်နက်သန့်စင်ခြင်းဆိုင်ရာ အသိပညာကို ရှာဖွေခဲ့ရာ အနည်းငယ် အံ့အားသင့်သွားသည်။ ၎င်းကို စစ်ဆေးပြီးနောက် ရှောင်ပိုင် တစ်ချက်ကြည့်လိုက်ရာ သူမက စားပွဲပေါ်တွင် ပက်လက်လန်နေသည်။

နှင်းဖြူမြေခွေးလေးသည် စားပွဲပေါ်တွင် လိမ့်နေ၏။

လက်နက် သန့်စင်ခြင်း၏ စစ်မှန်သော ရှင်းလင်းချက်တွင် အမြီးကိုးချောင်း မြေခွေး မျိုးနွယ်သည် နှလုံး၊ အရေပြား၊ အသည်းနှင့် အဆုတ်၊ မျက်လုံးများမှ အထူးမှော်ဆန်သည့် တူရိယာများအဖြစ် ဖန်တီးနိုင်သည့် ရတနာသိုက်ဖြစ်ကြောင်း ဖော်ပြထားသည်။

ချင်းယန် ရှောင်ပိုင်ကို စိုက်ကြည့်နေသည်။

ဒီအနံ့လေးက အရမ်းကောင်းတယ်!

ချင်းယန်၏ အကြည့်ကို သတိပြုမိလိုက်ရာ ရှောင်ပိုင် သူ့ခေါင်းကို သတိရှိရှိ မြှောက်လိုက်ပြီး နားရွက်ကို လှုပ်ယမ်းကာ မျက်မှောင်ကြုတ်လိုက်သည်။ သူမနောက်ကျောမှာ အေးစိမ့်မှုကိုလည်း ခံစားလာရ၏။

အကြောင်းပြချက်မရှိဘဲ သခင်က ဘာကိုကြည့်နေတာလဲ။

သူ့မျက်လုံးများက အနည်းငယ် ထူးဆန်းနေသည်။

ဒါကိုတွေးပြီး ခင်မင်ရင်းနှီးစွာ ချဉ်းကပ်ကာ ချင်းယန်၏လက်ကို ပွတ်သပ်ကာ သူ့အမွေးအမြီးများက ဝှေ့ယမ်းပြလိုက်သည်။

"အမြီးနဲ့ လာကစားပါနော် သခင် အဲ့ဒီအတွေးဆိုးတွေကို ဆက်မတွေးနဲ့တော့လေ..."

ချင်းယန် ရှောင်ပိုင်၏ ပျော့ပျောင်းသော အမြီးကို ကိုင်လိုက်ပြီး မြေခွေးကို သက်တောင့်သက်သာလေး နမ်းလိုက်သည်။ ရုတ်တရက် သူ့မျက်လုံးထောင့်မှ အရိပ်တစ်ခု ချဉ်းကပ်လာသည်ကို မြင်လိုက်ရသည်။

တစ်ယောက်နဲ့တစ်ယောက် မတွေ့တာကြာပြီ ဖြစ်တဲ့ ကောင်မလေးက ယောက်ျားအဝတ်အစားတွေကို ပြန်ပြောင်းပြီး "လီချင်း" အဖြစ်နဲ့ ချင်းယန်ဘက်ကို ပြေးလာသည်။

"ဆရာ-"

လီချင်းဟဲက သူ့နောက်မှာ လက်နှစ်ဖက်နဲ့ မက်မွန်ပွင့်မျက်လုံးတွေကို ကျဉ်းမြောင်းပြီး စားပွဲတစ်ဖက်မှာ ထိုင်ချလိုက်ရင်း ပြုံးလိုက်သည်။

"လွန်ခဲ့တဲ့ ရက်ပိုင်းလောက်က ကျွန်မကို လွမ်းနေလား"

"မလွမ်းဘူး လွန်ခဲ့တဲ့ ရက်ပိုင်းက မင်းအလုပ်နဲ့ ဝေးကွာတော့ အကယ်ဒမီက ပိုတိတ်ဆိတ်သွားပြီး ငါလည်း အေးအေးဆေးဆေး အိပ်လို့ရတယ်"

"ကျွန်မပေးခဲ့တဲ့ ဗီလာကို သုံးနေပြီလား"

လီချင်းဟဲ တံတောင်ဆစ်တွေကို စားပွဲပေါ်တင်လိုက်ပြီး မေးစေ့ကို ဆန့်ထုတ်လိုက်သည်။

"ဆရာ့ကို 4K TV ဝယ်ပေးစေချင်လား"

"ကျစ်!"

"ကောင်းပြီ ဒါဆို ထူးထူးခြားခြား တစ်ခုပြမယ်"

လီချင်းဟဲ ကြယ်လက်စွပ်ကို လက်ညိုးနဲ့ ပွတ်ရင်း ထူးထူးခြားခြား ပြောလိုက်ပါ၏။

နောက်အခိုက်အတန့်၌ စားပွဲပေါ်တွင် အဝါရောင်ပုံစံတစ်ခု ပေါ်လာသည်၊ ၎င်း၏ပေါင်းစပ်ထားသော ခင်းကျင်းမှုအလွှာများသည် ရှုပ်ထွေးသော၊ ရှေးကျသော၊ လေးနက်သော အစီအရင် တစ်ခုဖြစ်သည်။

"အစီအရင်တစ်သောင်းပုံကြမ်း?"

ချင်းယန် အံ့အားသင့်သွားပြီး သူမကို အံ့အားသင့်စွာ ကြည့်လိုက်သည်။ အစီအရင်တစ်သောင်း ပုံကြမ်းက တတိယထပ်မှာ ရှိနေသင့်တာ မဟုတ်ဘူးလား။

လီချင်းဟဲရဲ့လက်ထဲမှာ ဘယ်လိုလုပ် အဆုံးသတ်သွားတာလဲ။

ဒီကောင်မလေး ခိုးပြန်ပြီလား

ချင်းယန်၏ ထူးဆန်းသော အမူအရာကို မြင်လိုက်ရတော့ လီချင်းဟဲ သူမလက်ကို အမြန်ဝှေ့ယမ်းပြီး ရှင်းပြလိုက်သည်။

"ဆရာ ကျွန်မကို အထင်မလွဲပါနဲ့... ဒီတစ်ခါတော့ ကျွန်မ မခိုးဘူး!"

"မင်းအရင်တုန်းက ဒီလိုပဲပြောတယ... မင်းမိသားစုဆီက ပစ္စည်းယူတာ ခိုးတာမဟုတ်ဘူးတဲ့ ဒီတစ်ခါ မင်းရဲ့ရှင်းပြချက်က ဘာလဲ"

"ဒီအချိန်က မတူဘူး ဆရာ!"

လီချင်းဟဲသည် အစီအရင် တစ်သောင်းပုံကြမ်းကို ပွတ်သပ်ရင်း သူမမျက်လုံးများ မှိန်ဖျော့နေသည်။

"ဒီဖွဲ့စည်းပုံကြမ်းကို ကျွန်မ ခိုးယူခဲ့တာ မဟုတ်ပါဘူး အဖေက ကျွန်မကို ပေးခဲ့တာ..."

သူမ စကားပြောနေစဉ် ချင်းယန်ကို စေ့စေ့ကြည့်မိသည်။

"လွန်ခဲ့တဲ့ ရက်အနည်းငယ်က ဆရာလည်း ခံစားမိမှာပါ... မြို့ထဲက ကြယ်စင်အိမ်မွေးတိရစ္ဆာန်တွေ ရုန်းရင်းဆန်ခတ်ဖြစ်ပြီး သတင်းတွေက ဆူညံနေတယ်...ကျန်းဟိုင် မြို့တစ်ခုလုံး ကမောက်ကမ ဖြစ်နေပါတယ်"

"အင်း"

ချင်းယန် အနည်းငယ် ခေါင်းညိတ်ကာ ရှောင်ပိုင်၏ ခေါင်းကို ပုတ်ကာ သူမ၏ယခင် အတွေ့အကြုံကို သတိရနေသည်။ မွေးရာပါနယ်ပယ် အစောပိုင်းအဆင့်များတွင် အမြီးကိုးချောင်းမြေခွေးသည်ပင် ထိခိုက်မိရာ အခြားအားနည်းသော ကြယ်သားရဲများဆို ဆိုးဆိုးဝါးဝါး ထိခိုက်ခံရမည်။

ဤသားရဲဒီရေ၏ အတိုင်းအတာသည် ယခင်ရေစီးကြောင်းထက် အဆများစွာ ပိုကြောက်စရာကောင်းပုံရသည်။ မြို့တော် ပြိုကျပြီးသည်နှင့် အသက်ရှင်ကျန်ရစ်သူမရှိသော မျှော်လင့်ချက်မဲ့ အခြေအနေတစ်ခု ဖြစ်လာလိမ့်မည်။

"ဒီရက်ပိုင်း... အဖေက အဲဒါကို နောက်ဆုံးတော့ သိသွားပြီ ဂုဏ်သိက္ခာရှိတဲ့ သက်ကြီးရွယ်အိုတွေကို စုစည်းပြီး ကျွန်မအတွက်လည်း အထူးသီးသန့် မိသားစုစည်းမျဉ်းတွေကို ဖျက်ပစ်လိုက်တယ်... အခု နောက်ဆုံးတော့ ကျွန်မ အစီအရင်တစ်သောင်း ပုံကြမ်းရဲ့ တရားဝင်ပိုင်ရှင်ဖြစ်နေပါပြီ။"

"ဖြစ်သင့်တာကြာပြီ" ချင်းယန်က ရေရွတ်လိုက်သည်။

သမိုင်းလမ်းကြောင်းသည် လည်ပတ်နေပြီ။ လှည့်ကွက်များစွာ လှည့်ပတ်ပြီးနောက် အစီအရင်တစ်သောင်း ပုံကြမ်းသည် နောက်ဆုံးတွင်တော့ လီချင်းဟဲလက်ထဲသို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။

အစီအရင် ဖွဲ့စည်းမှုများအတွက် သဘာဝကျသော အရည်အချင်းတစ်ခုဖြင့် အစီအရင်တစ်သောင်း ပုံကြမ်းကို လေ့လာရန် အချိန် မဖြုန်းတီးမိတော့ပါ။ လီမိသားစုသာ နည်းလမ်းဟောင်းများကို ဆက်လက်စွဲကိုင်နေမည်ဆိုလျှင် "ဆင်းရဲသားလူငယ်ကို အနိုင်ကျင့်မနေနဲ့" ဟူသော ရှေးစကားအတိုင်း ဖြစ်ကောင်းဖြစ်လာနိုင်သည်။

"ဆရာရော အဲ့လို ထင်လား"

လီချင်းဟဲသည် ချင်းယန်အား စိတ်လှုပ်ရှားစွာ ကြည့်နေခဲ့ပြီး သူ့ခွင့်ပြုချက်ရရှိပြီးနောက် အနည်းငယ် စိတ်လှုပ်ရှားသွားခဲ့သည်။

"စောင့်ကြည့်လိုက်ပါ... တစ်နေ့ ကျွန်မ အစီအရင်ပညာမှာ ဂိုဏ်းဆရာတစ်ယောက် ဖြစ်လာလိမ့်မယ်...."

သူမစကားပြောနေစဉ်တွင် သူမအမူအရာက ပို၍ပို၍ စိတ်လှုပ်ရှားပုံ ပေါ်လာသည်။

"ကျွန်မ မိန်းမသားတစ်ယောက်အနေနဲ့ ဒီကမ္ဘာမှာ ကျွမ်းကျင်ပိုင်နိုင်မှုရဲ့ အထွတ်အထိပ်ကို ရောက်အောင်သွားမှာ သေချာတယ်!"

"..."

ချင်းယန်က ဘာမှမပြောဘဲ ပြုံးကာ ခေါင်းကို အနည်းငယ်သာ ခါယမ်းလိုက်သည်။

မင်းအောင်မြင်ပြီး အစီအရင် မဟာသခင်ဖြစ်လာမယ့် အနှစ်ငါးရာနေ့ရဲ့ ရူပါရုံကိုလည်း ငါသိပြီးပြီ။ မင်းအခုမျှော်လင့်နေတဲ့ အနာဂတ်က ငါ့မျက်လုံးထဲမှာတော့ အတိတ်ရဲ့ နောက်ထပ်အခန်းတစ်ခုပဲ..။

လီချင်းဟဲ ချင်းယန်ကို တစ်ချက်ကြည့်လိုက်သည်။ သူ့ရဲ့ ဂရုမစိုက်တဲ့ အပြုအမူကို မြင်တော့ သူမ အနည်းငယ် စိတ်မသက်မသာ ခံစားလိုက်ရ၏။

တကယ်တော့ စောစောက ဖြန့်ပြထားတဲ့ မျိုးနွယ်စုရဲ့ မြေပုံနဲ့ ပတ်သတ်ပြီး သူမ ဘာမှ ထပ်မပြောခဲ့ပါ။ အဖေက သူ့ကို ပုံကြမ်း ပြစေချင်တဲ့ အကြောင်းရင်းရဲ့ အများစုကတော့ သူမကို ဓားနတ်ဘုရားရဲ့ တပည့်ဖြစ်လာစေဖို့ပါပဲ။

အဲဒီညက တိုက်ခိုက်ခံရပြီးနောက် ချင်းယန်ရဲ့ ကြယ်ကျောက်ဖွဲ့စည်းပုံမျဉ်းက သူမအမြင်မှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ပေးခဲ့လေသည်။

ယခု အကြီးအကဲများသည် သူမအပေါ် မျှော်လင့်ချက် ကြီးကြီးမားမား ရှိထားကြပြီး တစ်နေ့တွင် အစီအရင်တစ်သောင်း ပုံကြမ်းကို ပြီးစီးအောင် မြင်နိုင်မည်ဟု မျှော်လင့်ထားပါသည်။

"စိတ်မပူပါနဲ့ ဖေဖေ.. သမီး အောင်မြင်မှာပါ"

လီချင်းဟဲ အစီအရင်တစ်သောင်း ပုံကြမ်းကို လှန်ပြီး စားပွဲပေါ်တင်လိုက်သည်။ ချင်းယန်ဆီကို တိုးတိုးလေးဖြင့်။

"ဆရာ... အစီအရင် ဖွဲ့စည်းမှုတွေနဲ့ ပတ်သက်ပြီး မေးစရာလေးတွေ ရှိလို့ပါ... ကျေးဇူးပြုပြီး ကျွန်မကို ကူညီပေးနိုင်မလား"

All Chapters