ရှင်ကျန်ရစ်သူ
Vol. 9 Ch. 121
"အဆောင်မန်နေဂျာ ချစ်ထားရစ်ခဲ့တဲ့ စည်းကမ်းတွေထဲမှာ သင့်အခန်းကို လာစစ်ဆေးရင်း တစ်စုံတစ်ယောက်ကပြုံးလာရင် ငါတို့ အိပ်ခန်းထဲက ဖြစ်နိုင်သမျှ ထွက်သွားသင့်တယ်တဲ့ "
ကျောင်းသားကောင်စီ ထွက်သွားပြီးနောက် ဝမ်ကျားသည် မတ်တပ်ထရပ်လိုက်ပြီး ဖိနပ်စီးလိုက်သည်။
"ငါတို့ ထွက်သွားပြီး အဖြေရှာရမယ် "
"ညဘက်မှာ အရမ်းအန္တရာယ်များတယ် ၊ ဒီမှာနေတာက အသက်ရှင်နိုင်မယ့် တစ်ခုတည်းသော နည်းလမ်းပဲ "
ယွမ်ဟွေ့က တိုက်တွန်းလိုက်သည်။
မည်သူမှ စကားမပြောခဲ့ပေ။ဝမ်ကျားက ဖုန်းကိုထုတ်၍ စာရိုက်လိုက်သည်။
"ယွမ်ဟွေ့က သရဲပဲ ၊ ငါတို့ ကျောင်းသားကောင်စီကို အပြစ်ပြုမိခဲ့ပြီ ထင်တယ် ၊ ကျိုးကျွင်းရဲ့ အထောက်အထားက မရှင်းလင်းဘူး ၊ ငါတို့ ဒီမှာဆက်နေလို့ မဖြစ်တော့ဘူး၊ ဆယ့်ငါးမိနစ်ကြာရင် ငါတို့ အိမ်သာကို အတူတူသွားကြမယ် "
စီဆန်း "နားလည်ပြီ အစ်ကိုကြီး ၊ မင်းက ငါ့နတ်သားလေးပဲ "
ကောင်းမင် "ညသန်းခေါင်ကျော်ရင် ဖုန်းမသုံးဖို့ တားမြစ်တဲ့ စည်းမျဉ်းတစ်ခုရှိတယ် မင်းတို့လိုအပ်သမျှကို ပြင်ဆင်ထား ၊ အိပ်ခန်းထဲက ထွက်ပြီးရင် ငါ့နားကနေ ဝေးဝေးမသွားနဲ့ "
ကျောင်းသားများသည် ဘေးအန္တရာယ်မှ လွတ်မြောက်ရန် အိပ်ခန်းမှထွက်သွားချင်နေကြသည်။ကောင်းမင်ကား ကျောင်းအုပ်ကြီးရုံးခန်းထဲ ဝင်ချင်နေလေသည်။စီတုအန်းကို ဝါးမြိုပြီးနောက်၊ သတ်သေခြင်းသည် ကောင်းမင်၏ရွေးချယ်မှုဖြစ်သည်။
ကောင်းမင်စိုးရိမ်နေသည့်အရာ နှစ်ခုသာရှိသည်။ပထမဆုံး ဤကျောင်းထဲတွင် သေခဲ့ပါက သူ့ဝိဉာည်သည် ပိတ်မိနေပြီး နောက်ထပ်ကျောင်းသားအသစ်တစ်ဦးဖြစ်လာလိမ့်မည်။ဒုတိယ သူဥမင်ထဲကိုပြန်ရောက်ပြီးနောက် သူ့ကိုသတ်ခဲ့သော ပုဂ္ဂိုလ်သည် သူ့မှတ်ဉာဏ်များကို ထိန်းသိမ်းထားသည်အား နားလည်သွားလိမ့်မည်။
လူတိုင်းကား ကုတင်ပေါ်တွင် အိပ်ပျော်ဟန်ဆောင်နေကြလေသည်။အမှန်ကား လူတိုင်းတိတ်တဆိတ် ပြင်ဆင်နေကြခြင်းဖြစ်သည်။လူခြောက်ယောက် အိပ်ခန်းတစ်ခုဖြစ်သော်လည်း စကားပြောဂရုမည်မျှရှိလိမ့်မည်ကို ဘယ်သူမှ မသိနိုင်ပေ။ကောင်းမင်သည် လူသားသဘာဝဖြင့်နတ်ဆိုးများကို ဘယ်တော့မှ လျှော့တွက်ခြင်းမရှိပေ။သူတို့အသက်ဖြင့် ခြိမ်းခြောက်ခံရပါက ထိုလူများသည် သူ့အားရောင်းစားရန် ဘယ်တော့မှဝန်လေးလိမ့်မည် မဟုတ်ချေ။မိုးရေသည် ပြတင်းပေါက်ကို ဆေးကြောနေသည်။အမှောင်ထဲတွင် နေနေခြင်းသည် မွန်းကြပ်ဖွယ်ကောင်းပေ၏။
အချိန်သည် ဖြည်းညင်းစွာရွေ့လျားနေသည်ဟု ခံစားရသည်။စီဆန်းနှင့်ဝမ်ကျားသည် အဆင်သင့်ဖြစ်ပြီးနောက် သူတို့စာအုပ်များကို အိပ်ရာထဲတွင် ဝှက်လိုက်ကြသည်။အားလုံးသည် တစ်စုံတစ်ရာကို စောင့်ဆိုင်းနေကြလေသည်။
"ခုက ပထမညပဲ ရှိသေးတယ်..."
ကောင်းမင်က သူ့လက်ကို အပြင်ထုတ်လိုက်သည်။မိုးရွာချသံသည် အားနည်းလာသည်။လွန်ခဲ့သောဆယ်နှစ်က သူကျောင်းတက်ခဲ့စဉ်က သူသည် ယခုကဲ့သို့ပင် အိပ်ရာပေါ်လှဲနေခဲ့သည်။သူသည် လွန်ခဲ့သည့်ဆယ်နှစ်က မိုးရွာသံများကို သူနားထောင်နေခဲ့သည်။
"ဘာလို့ ငါတို့ကို ရွေးချယ်ခဲ့တာလဲ ၊ လွန်ခဲ့တဲ့ ဆယ်နှစ်က ဘတ်စ်ကားပေါ်မှာ ဘာလို့ ကျောင်းသားတွေချည်းပြည့်နေတာလဲ "
မေးခွန်းများ ပလုံစီထလာလေသည်။သူထိုအကြောင်းကို ပိုတွေးလေလေ ပိုပင်ပန်းလေလေဖြစ်လာ၏။ကောင်းမင် မျက်လုံးများကို ဖြည်းဖြည်းချင်းမှိတ်လိုက်သည်။ထိုအချိန်တွင် ကော်ရစ်ဒါမှ ထူးဆန်းသော အသံတစ်ခုကို သူကြားလိုက်ရသည်။
"ကောင်းမင် ငါမင်းဘေးထိုင်လို့ရမလား ဘယ်သူမှ ငါ့ကို အနိုင်မကျင့်ပါဘူး ၊ ငါမင်းနောက်လိုက်ချင်လို့ပါပဲ...."
"ကောင်းမင် နက်ဖြန်ကစပြီး ငါကျောင်းမလာတော့ဘူးနော် ငါကျောင်းပြောင်းလိုက်ပြီ "
"ကောင်းမင် မင်းကြားရလား ၊ ငါမင်းကိုလာရှာတာ ၊ မင်းငါနဲ့ လာနေပါလား "
အဆောင်ကော်ရစ်ဒါတွင် လူတစ်ယောက်သီချင်းဆိုနေ၏။အသံသည် အလွန်ရင်းနှီးနေပေသည်။အသံပိုင်ရှင်သည် သူတို့နှင့်အတူ အချိန်အတော်ကြာနေခဲ့ပေသည်။
"အတန်း ၁၃က လူပိုကျောင်းသားလား "
"ကောင်းမင် မင်းငါ့ကိုကြားလား ၊ ငါမင်းနဲ့ တစ်ခန်းထဲနေလို့ရမလား "
ကောင်းမင် တံတွေးမြိုချလိုက်သည်။ထူးဆန်းသောသည် အိပ်ခန်းထဲမှ ထွက်လာခြင်းဖြစ်သည်။ထိုလူသည် ကောင်းမင်၏ကုတင်နှင့် မျက်နှာချင်းဆိုင်၍ အခန်းအလယ်တည့်တည့်တွင် ရပ်နေခြင်းဖြစ်ဟန်တူသည်။ထူးဆန်းသောအသံကို ကြားသောအခါ ကောင်းမင်မလှုပ်ရှားခဲ့ပေ။
"ကောင်းမင် မင်းငါ့ကို ကြားရလား ၊ ငါ ခိုက်ခိုက်တုန်အောင် အေးနေတယ်ကွာ ၊ ငါမင်းကုတင်မှာ လာအိပ်လို့ရမလား "
ခြင်ထောင်သည် ဆွဲလှန်ခံလိုက်ရသည်။တစ်စုံတစ်ရာက အတွင်းထဲ တွားဝင်လာလေသည်။အိပ်ရာခင်းများ စိုစွတ်လာ၏။စိုရွှဲနေသော အဝတ်များသည် ကောင်းမင်ကို လာထိနေသည်။အေးစက်ပြီး ရွှံ့များပေကျံနေသော လက်တစ်စုံသည် ကောင်းမင်၏ မျက်နှာကို ထိတွေ့လိုက်သည်။သူသည် စိုရွှဲနေသောအုတ်ဂူထဲမှ တွားထွက်လာပုံရသည်။လက်ချောင်းများသည် ကောင်းမင်၏ခန္ဓာကိုယ်ပေါ် တရွရွသွားနေလေသည်။
"ကောင်းမင် ငါ့ကို ကြည့်ပါလား ၊ ငါပါ၊ ငါမင်းကိုပြန်လာရှာတာ "
အသံသည် ကောင်းမင်၏ရှေ့တည့်တည့်တွင် ဖြစ်သည်။သူမျက်လုံးဖွင့်လိုက်သည်နှင့် သူမြင်ရလိမ့်မည်ဖြစ်သည်။သို့သော်လည်း အန်တီကြီး၏ စည်းကမ်းထဲတွင် မျက်လုံးများကို မဖွင့်ရန် ပြောထားပေသည်။
ကောင်းမင်သည် အိပ်ရာပေါ်လှဲနေရင်း သူနစ်မြှုပ်နေသလို ခံစားရသည်။ယင်းသည် သူ့ကို စူပါးမားကတ်ထဲတွင် ရေသရဲများက ဆွဲချသွားသည့်ခံစားချက်အား အမှတ်ရစေသည်။
ကောင်းမင်သည် သေခြင်းတရားကို ထိုင်စောင့်မနေနိုင်ပေ။သူသည် သူ့လက်များကို ဆန့်လိုက်ပြီး အသံပိုင်ရှင်ကို ပွေ့ဖက်လိုက်သည်။တဖက်လူသည် ယင်းကို မမျှော်လင့်ထားခဲ့ပေ။
"ကောင်းမင် ...."
"လာလေ ငါတို့ အခု ဘယ်တော့မှ မခွဲတော့ဘူး "
ဧရာမလက်များသည် အသံကို ပွေ့ဖက်လိုက်သည်။သွေးကြောမျှင်များသည် အသံပတ်လည်တစ်လျှောက် ချည်နှောင်ပစ်လိုက်သည်။ကောင်းမင်၏ ရင်ဘတ်သည် အိမ်မက်ဆိုးများကိုစားသုံးသည့် ပါးစပ်တစ်ခု ဖြစ်လာလေ၏။လက်များသည် ထိုအသံအား ကောင်းမင်၏ နှလုံးခန်းထဲသို့ ဖိသွင်းလိုက်သည်။
တည်ရှိမနေခဲ့သော မှတ်ဉာဏ်သည် ကောင်းမင်၏ ရင်ဘတ်အတွင်း ပေါက်ကွဲထွက်သွားသည်။ကောင်းမင်သည် မှုန်ဝါးဝါးမှတ်ဉာဏ်တစ်ခုကို မြင်လိုက်ရလေသည်။
သူတို့ အထက်ကျောင်းတက်နေဆဲအချိန် သူတို့နှစ်တွင် အခန်းကိုးခုရှိလေသည်။ သူတို့သည် အခန်း ၁ မှ ၈ အထိ ခေါ်ဝေါ်ကြပြီး သူတို့အခန်းကို အခန်း ၁၃ ဟုခေါ်ကြသည်။(ဆယ်တန်းတုန်းက Aခန်း Bခန်း C ခန်းခေါ်သလိုမျိုးပါ။ကောင်းမင်တို့အခန်းကျ ၁၊၂၊၃၊၄လို့ ခေါ်ကြတာဖြစ်ပါတယ်)
ကောင်းမင် သိချင်သွားသည်။သူတို့အခန်းကို အဘယ်ကြောင့် အခန်း၉ ဟုမခေါ်ပဲ အခန်း၁၃ဟု ခေါ်ပါသနည်း။၁၃ နံပါတ်သည် သူတို့အတွက် အထူးအဓိပ္ပါယ်ရှိနေပုံရသည်။ သေချာသည်က အခန်း ၁ ကနေ ၁၂အထိ လူတိုင်းက တစ်ခုခုဖြစ်ပွားခဲ့နိုင်သည်။
"သေသွားတာလား ၊ ပျောက်သွားကြတာလား ဒါမှမဟုတ် ဆိုးရွားတာ တစ်ခုခုများလား "
အိမ်မက်ဆိုးတွင် အဖြေမရှိပေ။မှတ်ဉာဏ်သည် စက္ကန့်အနည်းငယ်သာ ကြာပေသည်။
မနက်ခင်းတစ်ခုတွင် သတင်းအသစ်တစ်ခု ထွက်ပေါ်လာ၏။လေပြင်းများကြောင့် ခန်းဆီးသည် တဖျတ်ဖျတ်လွင့်နေ၏။ကောင်းကင်သည် မဲမှောင်နေခဲ့သည်။မှတ်ဉာဏ်ပိုင်ရှင်သည် အခန်း၁၃ တံခါးကို ဖွင့်လိုက်သည်။ငယ်ရွယ်သော မျက်နှာတစ်ခုက သူ့အားကြည့်ရှူနေလေသည်။
သူသည် စတိတ်ခုံပေါ် ရှက်ရွံ့စွာတက်လိုက်သည်။သူသည် ကောင်းမင်ရင်းနှီးနေသောအသံဖြင့် စကားပြောလိုက်သည်။
"ဟယ်လို ငါက ကျောင်းပြောင်းကျောင်းသားအသစ်ပါ ၊ ငါက ပန်းချီဆွဲတာနဲ့ သီချင်းဆိုတာကို ကြိုက်ပါတယ် "
မှတ်ဉာဏ်သည် ပိုင်ရှင်၏ရှုထောင့်မှ ပြသနေသောကြောင့် ကောင်းမင်သည် ထိုသူ့မျက်နှာကို မမြင်ရပေ။
မှတ်ဉာဏ်ပိုင်ရှင်အား ကျိုးစီစီဘေးတွင် ထိုင်ရန် စီစဉ်ပေးလိုက်သည်။ထိုနောက် လူတိုင်းသည် လာလတ္တံ့သော မြို့တော်လှုပ်ရှားမှုအကြောင်းကို ပြောဆိုကြတော့သည်။
ကျိုးစီစီသည် မှတ်ဉာဏ်ပိုင်ရှင်အား အကြောင်းစုံရှင်းပြခဲ့သည်။သို့သော်လည်း မှတ်ဉာဏ်ပိုင်ရှင်သည် စာရွက်စာတမ်းများ မပြည့်စုံသောကြောင့် သူသည် ပွဲတော်ကို လွတ်သွားခဲ့ရသည်။
မှတ်ဉာဏ်ပိုင်ရှင်သည် အခန်း ၁၃၏ ၅၁ယောက်မြောက် ကျောင်းသားဖြစ်ပုံရသည်။ပွဲကျင်းပရာနေရာသို့ ဘတ်စ်ကားမစီးဘဲ သူတစ်ယောက်တည်းကျန်ခဲ့ခြင်းဖြစ်သည်။
မှတ်ဉာဏ်အပိုင်းအစသည် အဆုံးသတ်သွားလေ၏။ကောင်းမင်သည် သူ့မျက်လုံးများကို ဖြည်းညင်းစွာဖွင့်လိုက်သည်။ခြင်ထောင်သည် စုတ်ပြဲနေခဲ့သည်။အိပ်ရာတွင် ရွံ့များပေကျံနေခဲ့သည်။နံရံပေါ်တွင် ရုန်းကန်ထားသော လက္ခဏာများရှိနေလေ၏
"လွန်ခဲ့တဲ့ဆယ်နှစ်က မြို့ရဲ့ပွဲကို တက်ရောက်ဖို့ အတန်းထဲကလူတိုင်း ဘတ်စ်ကားစီးခဲ့ကြတယ် ၊ ဘတ်စ်ကားပေါ်က လူတိုင်း သေခဲ့ကြတယ် ၊ ကျောင်းပြောင်းကျောင်းသား တစ်ယောက်ပဲ ရှင်ကျန်ခဲ့တာလား ၊ သူတစ်ယောက်ပဲ အသက်ရှင်ကျန်ခဲ့သူလား "
"ဒါက အမှန်တရားလား "
"ဒါပေမယ့် ဒါက အမှန်တရားဆိုရင် ဘာလို့ငါတို့က အသက်ရှင်နေပြီး လူတိုင်းက သူ့ကို ဘာလို့မမှတ်မိကြတော့တာလဲ "
"လူတိုင်းကို ကယ်တင်ဖို့ သူ့ကိုယ်သူစတေးခဲ့တာလား "
မှတ်ဉာဏ်အပိုင်းမှတဆင့် ၅၁ယောက် ကျောင်းသားသည် လူဆိုးတစ်ယောက်ဖြစ်ပုံမရပေ။သို့သော်....
ကောင်းမင်သည် အိပ်ရာပေါ်မှ ရွှံ့များကို သုတ်လိုက်သည်။အသံသည် လူတိုင်းကို သတိပေးခဲ့ခြင်းဖြစ်သော်လည်း ကောင်းမင်ကြောင့် တိုက်ရိုက်ဝါးမြိုခံခဲ့ရလေသည်။
"မှတ်ဉာဏ်အပိုင်းအစတွေ အများကြီးရှိရမယ် ၊ တစ်ခုကို စားလိုက်တာလဲ ငါ့အတွက်ကောင်းတာပဲ "