တင်းယွမ်
Vol. 9 Ch. 123
"ညဘက်မှာ အဆောင်မပြန်ရင် ချီးကျုးမှတ် ငါးမှတ်နူတ်ခံရတယ် ၊ ငါက ညဘက်မှာ အဆောင်ကိုဖျက်ပြီး ထွက်လာတော့ အမှတ်ဘယ်လောက် ဆုံးရှုံးလိမ့်မလဲ "
"မသိဘူးလေ ငါမှကျောင်း မတက်ဘူးတာ "
ခွေးကြီးသည် ကောင်းမင်အားမြိုချလိုက်ပြီးနောက် အမှောင်ထဲတွင် ပြေးလွှားနေ၏။
မိုးရေသည် အနက်ရောင်အမွေးဖားကြီးများကို စိုရွှဲနေစေသည်။ခွေးကြီးသည် အရိပ်ထဲတွင်ခုန်လိုက်တိုင်း မီတာအနည်းငယ်ရောက်သွားပုံရသည်။ခွေးကြီးအထဲတွင် ပုန်းနေရင်းကောင်းမင်သည် အမှောင်ထဲမှ ကျောင်းတော်ကြီးကို လေ့လာနေပေသည်။ဘယ်သူကမှ မလိုချင်တဲ့ ပြဌာန်းစာအုပ်များအပေါ် မိုးရေများတစ်စက်စက်ကျနေ၏။အသိပညာသိပညာများ မှုန်ဝါးလာကြသည်။
ကော်ရစ်ဒါတွင် လူများစွာပြေးလွှားနေကြသည်။သူတို့သည် သီချင်းဆိုနေခြင်း သို့မဟုတ် ကခုန်နေကြပုံရသည်။စာသင်ခန်းများထဲမှ အသက်ရှူသံများ ထွက်ပေါ်နေကြသည်။အတောင်မဲ့နေသော ငှက်များသည် အနက်ရောင်တိမ်တိုက်များအောက်တွင် လှည့်လည်နေကြ၏။သွေးစီးကြောင်းများသည် ဤကမ္ဘာ၏ကြယ်များဖြစ်သကဲ့သို့ ခေါင်မိုးပေါ်မှ စီးကျနေကြသည်။
ထူးဆန်းသောကမ္ဘာကြီးသည် ရွှံ့ဗွက်များတွင် ပုံရိပ်ပြန်နေလေသည်။ဧရာမလက်သည်းကြီးတစ်ခုက ရွှံ့ဗွက်များကို ထိုးခွဲသွားတတ်သည်။
ရံဖန်ရံခါ ခွေးကြီးသည် များစွာသောအကြည့်များကို ဆွဲဆောင်ရင်း လူအုပ်ကြားထဲပေါ်လာတတ်သည်။တောအုပ်အစွန်တွင် လူငယ်စုံတွဲတစ်တွဲ ရပ်နေကြသည်။အိုင်ဒီကတ်များဖြင့် ကျောင်းသားများက နံရံကို ကျော်တက်နေကြသည်။ကင်းလှည့်နေသော ဆရာများက အမြန်ပြေးသွားကြလေသည်။လုံခြုံရေးအစောင့်များသည် ဦးထုပ်ဆောင်းလိုက်ပြီး သူတို့ကို အလေးပြုလိုက်ကြသည်။
ကျောင်းရှိ စပီကာများက သီချင်းတချို့ ထုတ်လွှင့်နေ၏။သာယာသောအသံသည် မိုးရေထဲတွင် ဖုံးကွယ်ခံထားရသည်။ယင်းသည် လူများကြားမကြား ဂရုမစိုက်ပေ။အနုပညာခန်းမထဲရှိ မော်ဒယ်အတုများက ၎င်းကို လက်ခုပ်တီး၍ အားပေးလိုက်ကြသည်။
ထူးဆန်းစွာဝတ်ဆင်ထားသော ကျောင်းသားများသည် စာသင်ခန်းများထဲတွင် အလုပ်ကြိုးစားနေကြသည်။စာကြည့်တိုက်၏ နောက်ဆုံးစာသင်ခန်းထဲမှ အလင်းရောင်က ဖျတ်ခနဲပင်။ရေကူးကန်သည် ငါးကြီးတစ်ကောင်ရှိနေသကဲ့သို့ တဖျတ်ဖျတ်လှုပ်ခါနေသည်။
ကျောင်းသားများ၏ ပန်းချီကားများသည် ကျောက်သင်ပုန်းနောက်တွင် ပေါ်လာကြသည်။ ဇာတ်လမ်းဟောင်းများကို ပြတင်းပေါက်မှ လွှင့်ပစ်ခဲ့သည်။ ရည်းစားစာများကို အံဆွဲထဲတွင် ဝှက်ထားခဲ့ကြလေသည်။
ခွေးကြီးအတွင်းတွင် ပုန်းနေရင်း ကောင်းမင်သည် သူ့မျက်လုံးများကိုပင် မယုံကြည်နိုင်ခဲ့ပေ။အရိပ်ကမ္ဘာကြီးသည် သူ့ကိုယ်ပိုင်စည်းမျဉ်းများရှိပြီး မယုံနိုင်ဖွယ်အလှတရားတစ်ခု ရှိပေသည်။
"ညဘက်မှာ လှုပ်ရှားနေတဲ့ကျောင်းသားတိုင်းဟာ အနီရောင်ယူနီဖောင်းဝတ်ထားကြတယ် "
စည်းမျဥ်းစည်းကမ်းများနှင့် ကန့်သတ်ချက်များမရှိဘဲ လူ့အဖွဲ့အစည်းမှ လက်မခံသော 'အရူး' သည် အမှောင်ထုနှင့်မိုးရေထဲတွင် ပျော်ရွှင်နေလေ၏။သူတို့သည် နောက်အခိုက်အတန့်တွင် အသတ်ခံရနိုင်သော်လည်း ပစ္စုပ္ပန်တွင် ပျော်ရွှင်ရန်သာ ရွေးချယ်ခဲ့ကြသည်။
ခွေးကြီးသည် ရုံးခန်းအဆောက်အဦးသို့ ရောက်လာပြီး ကောင်းမင်အား ထွေးထုတ်လိုက်သည်။သူက အရိပ်များထဲ ပုန်းလိုက်သည်။
"ဒီအဆောက်အဦးက ငါ့ကို မကောင်းတဲ့ခံစားချက်တွေပေးနေတယ် ၊ ဒီလိုအန္တရာယ်များတဲ့နေရာတွေကို မကြာခဏလာရတာကို ဘာလို့ကြိုက်နေတာလဲ "
"ငါသာ အဲ့လိုနေရာတွေမသွားခဲ့ရင် မင်းနဲ့တွေ့မှာမဟုတ်ဘူးနော် "
ကောင်းမင်က ခွေးကြီး၏ဦးခေါင်းကို ပွတ်သပ်လိုက်သည်။ခွေးကြီးက သူ့အမွေးများကို ခါလိုက်ပြီး ကောင်းမင်အား စိုရွှဲစေလိုက်သည်။
"ဆောရီးပဲ "
ခွေးကြီးက ခေါင်းမော့လိုက်၏။
"မင်း ဒါကို တမင်လုပ်တာ ဖြစ်ရမယ် "
ကောင်းမင်သည် အဆောက်အဦးထဲဝင်လိုက်ပြီး ကျောင်းအုပ်ကြီးရုံးခန်းသို့ ဦးတည်လိုက်သည်။
'ကျောင်းသား'တိုင်းသည် စွန့်ပစ်ခံခဲ့ရသော်လည်း သူတို့တွင် ကောင်းမွန်သော ဘဝတစ်ခုရှိကြသည်။သို့သော်လည်း အပြင်အင်အားစုတစ်ခု ရောက်လာပြီး သူတို့အား စည်းမျဉ်းစည်းကမ်းနှင့်ကံကြမ္မာကို လိုက်နာစေရန် ဖိအားပေးခဲ့ကြသည်။ကျောင်းသားအများစုသည် စည်းကမ်းများကို လိုက်နာရန်ဆန္ဒရှိသော်လည်း သေးငယ်သောအစိတ်အပိုင်းတချို့က အစစ်အမှန်သရဲများ ဖြစ်လာကြေလသည်။
"ကျောင်းသားကောင်စီက လူတိုင်းကို လိမ်ထားခဲ့တာပဲ ၊ သူတို့ပြောသလောက် ကျောင်းက ညဘက်မှာ အန္တရာယ်မများပါဘူး "
ခွေးကြီး၏အကူအညီဖြင့် ကောင်းမင်သည် ရှာတွေ့မခံရပဲ ခြောက်လွှာသို့ရောက်လာ၏။နေ့ဘက်တွင် အလွန်ဖိနှိပ်ခံရသော ရုံးခန်းအဆောက်အဦးသည် ညဘက်တွင် ပို၍သဘာဝကျပေသည်။
"ငါတို့ ရောက်ပြီ "
ကျောင်းအုပ်ကြီး ရုံးခန်းသည် ခြောက်လွှာ၏အလယ်တည့်တည့်တွင် ရှိလေသည်။အနီရောင်နောက်ခံ ကဗ္ဗည်းပြားတစ်ခုနှင့် အနက်ရောင်စာလုံးများကို တံခါးပေါ်တွင် ချိတ်ဆွဲထားသည်။ကောင်းမင် အနားကပ်သွားသောအခါ တံခါးသည် တစ်ဝက်ဖွင့်ထားပြီး အတွင်းတွင် လူများစွာရှိကြောင်း သဘောပေါက်လိုက်သည်။
"အကြီးအကဲ စုံစမ်းရေးမှူး ၄၁ယောက်မှာ လူနှစ်ဆယ်ပဲ ကျုပ်တို့အမိန့်တွေကို နာခံတော့တယ် ၊ ကျန်တဲ့လူတွေကို ကျောင်းက ကျူးကျော်လိုက်ပြီ ၊ သူတို့က သူတို့ကို သူတို့ ဒီက ဆရာတွေလို့ မြင်နေကြတယ် ၊ ဒီတိုင်းဆက်ဖြစ်နေရင် ကျုပ်တို့အားလုံးကို ဒီကျောင်းက စားသွားလိမ့်မယ် "
အသံသည် စိတ်လှုပ်ရှားနေ၏။ကောင်းမင်က ထိုအသံကို မှတ်မိပေသည်။သူသည် မြို့တော်အရှေ့ပိုင်း စုံစမ်းစစ်ဆေးရေးဌာန၏ ဒု ကပ္ပတိန်ဖြစ်သူ လီပြောင်ဖြစ်ပေသည်။သူသည် စီတုအန်းကို လုံးဝဥသုံယုံကြည်ခြင်းဖြစ်သည်။သူသည် တချိန်က စီတုအန်းအတွက် စီစွေ့အိမ်ရာတွင် အသားဆိုင်ကို စောင့်ကြပ်ခဲ့ပြီး ရွှမ်ဝမ်ကိုပင် ချုပ်နှောင်ခဲ့သေးသည်။
"စီတုအန်း ကျုပ်မင်းကို ဒါတွေ ထပ်လုပ်ခွင့်မပြုနိုင်တော့ဘူး !၊ မင်းက ဘာကိုမှ စုံစမ်းနေတာမဟုတ်ဘူး ၊ မင်းက လူတိုင်းရဲ့အသက်ကို အန္တရာယ်ဖြစ်စေတယ် ! မင်းက အကြီးအကဲဖြစ်လာဖို့ အရည်အချင်းမမှီဘူး ! ကျုပ်တို့ ဟွမ်မင်ဌာနက ကျုပ်တို့ကိုယ်ပိုင်နည်းလမ်းအတိုင်း လုပ်မယ်! "
အခြားအသံတစ်ခုက တင်းမာစွာပြောလိုက်သည်။ကောင်းမင်သည် သူ့တွင်ရှိသော အချက်အလက်များကို နှိုင်းယှဉ်ကြည့်လိုက်သည်။စီတုအန်း၏ အမည်ကိုခေါ်ခဲ့သော လူအိုကြီးသည် ဟွမ်မင်ဌာန၏ ခေါင်းဆောင်ဖြစ်သူ တင်းယွမ်ဖြစ်ပေသည်။သူသည် သမာသမတ်ကျသော လူတစ်ယောက်ဖြစ်သည်။နောက်ဆုံးအကြိမ်က သူသည် လီပြောင်၏သတ်ဖြတ်ခြင်း ခံခဲ့ရသည်။
"အဘိုးကြီးတင်း ခင်ဗျားက ဟွမ်မင်ဌာနကို ထပ်ပြီး ကိုယ်စားမပြုနိုင်တော့ပါဘူး "
လီပြောင်က ပွင့်လင်းစွာပြောလိုက်သည်။
"အကြီးအကဲ မစိုးရိမ်ပါနဲ့ ဟွမ်မင်က စည်းမျဉ်းတွေကို မချိုးဖောက်နိုင်ပါဘူး "
အသံတစ်ခုက ထမပြောခင်အထိ သူတို့သည် အချင်းများနေကြလေသည်။
"ကျုပ်တို့ကျောင်းရောက်ရင် ခင်ဗျားကျုပ်ကို ကျောင်းအုပ်ကြီးအဖြစ် သတ်မှတ်ရမယ် ခင်ဗျားရဲ့ အခန်းကဏ္ဍကို ကစားဖို့ပဲလိုအပ်တယ်၊ တခြားဘာမှ ဂရုစိုက်နေစရာ မလိုဘူး "
ထိုအသံကို ကြားသောအခါ ကောင်းမင်၏နှလုံးသည် ခုန်ပေါက်သွားတော့သည်။
စီတုအန်း!
ကောင်းမင်သည် အရာအားလုံးအား ဆင်ခြင်တုံတရားဖြင့် ရင်ဆိုင်နိုင်မည်ဟု ထင်ထားခဲ့သည်။သို့သော် စီတုအန်း၏အသံကို ကြားသောအခါ သူ့နှလုံးခန်းတွင်းမှ သေခြင်းမှတ်ဉာဏ်များသည် စတင်ဆန့်ကျင်လာတော့သည်။
"စိတ်အေးအေးထား ..."
ပြင်းထန်လှသော နာကျင်မှုများသည် သူ့နှလုံးကို တူးဆွနေကြသည်။ကောင်းမင်၏ ဘယ်ဘက်မျက်လုံးသည် သွေးထွက်လာတော့သည်။ရုံးခန်းအတွင်း လှမ်းကြည့်ရန် သူ့ခန္ဓာကိုယ်အား လှုပ်ရှားလိုက်သည်။
ရုံးခန်းထဲတွင် ယူနီဖောင်းဖြင့် စုံစမ်းရေးမှူးများ မတ်တပ်ရပ်နေကြသည်။သူတို့အားလုံး ဆရာအိုင်ဒီကတ်များ ချိတ်ဆွဲထားကြသည်။
ကောင်းမင်က အခန်းကို စစ်ဆေးလိုက်ရာ စီတုအန်းကို မမြင်ရပေ။စားပွဲပေါ်တွင် ကွန်ပျူတာတစ်လုံးကို သူမြင်လိုက်ရပြီး စီတုအန်းအသံသည် ထိုထဲမှ ထွက်ပေါ်နေခြင်းဖြစ်သည်။
"တော်တော်ဂရုစိုက်တဲ့လူပဲ ၊ သူက အခု ကျောင်းရဲ့အစိတ်အပိုင်းဖြစ်နေပြီလား "
ချင်ဂီနှင့် ဒေါက်တာလု အသတ်ခံရပြီးနောက် စီတုအန်းသည် အရာရာတိုင်းကို ထပ်မထိန်းချုပ်နိုင်တော့ပေ။
"ကျုပ်တို့ ဒီကို ပို့လိုက်တဲ့စုံစမ်းရေးမှူးတွေက လက်ရွေးစင်တွေကြားက လက်ရွေးစင်တွေပဲ ၊ သူတို့အားလုံး အဆင့်၂ မူမမှန်မှူကို ဖြတ်ကျော်ဖူးကြတယ် ၊ သူတို့အားလုံး ဒီမူမမှန်ဖြစ်ရပ်ထဲ သေခဲ့ရင် ဒီဟာကို မင်းတာဝန်ယူနိုင်လား စီတုအန်း "
တင်းယွမ်သည် စားပွဲအား ဒေါသတကြီး ရိုက်ချလိုက်သည်။
"မင်းက ကျုပ်တို့ကို ကျောင်းမှာ ရောနှောဖို့ပဲ ပြောခဲ့တာ ၊ အခုကဘာတွေလဲ စုံစမ်းစစ်ဆေးမှုပြုလုပ်ဖို့ အကောင်းဆုံးအချိန်ကို ကျုပ်တို့ လွတ်သွားခဲ့ပြီး ကျုပ်ရဲ့လုပ်ဖော်ကိုင်ဖက်တွေကို ငရဲထဲသို့ တွန်းပို့ခဲ့ရတာကွ! "
"ကျောင်းရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်လာတာလည်း ရှင်သန်ဖို့နည်းလမ်းတစ်ခုပဲ ၊ သူတို့သာ စိတ်ဓာတ်ခိုင်မာရင် သူတို့က ဆရာတွေအဖြစ် ဆက်လက်စုံစမ်းစစ်ဆေးရေး လုပ်လို့ရတယ် "
"ဘာစကားလဲ ဒါက ! မင်းက ဒီကျောင်းကို ဆောက်ခဲ့တာ ၊ ကျုပ်တို့ ဒီကို ပထမဆုံးရောက်လာတုန်း အခန်း၁၃ မှာ အဆင့်၁ မူမမှန်မှုပဲ ရှိသေးတယ် ၊ ဒါပေမယ့် ရက်အနည်းငယ်ပဲရှိသေးတယ် မူမမှန်ဖြစ်ရပ်က တစ်ကျောင်းလုံးကို ပြန့်နှံ့သွားပြီ ၊ ဒါက အဓိပ္ပါယ်မရှိတာပဲ ၊ မင်းက ဒီနောက်ကွယ်မှာရှိမယ်လို့ ကျုပ်မှာ အကြောင်းပြချက်ရှိတယ် ! "
တင်းယွမ်သည် သူ့လက်အောက်ငယ်သားများ၏ လုံခြုံရေးအတွက် စီတုအန်းနှင့် တိုက်ရိုက်အချင်းများနေခဲ့သည်။
"အဘိုးကြီးတင်း စိတ်လျှော့ပါဦး "
လီပြောင်သည် သူ့အနား တဖြည်းဖြည်းချဉ်းကပ်လာလေ၏။သူသည် တင်းယွမ်ကို နှစ်သိမ့်နေသော်လည်း သူ့လက်သည် အမှောင်ထဲတွင် ဓားတစ်ချောင်းကိုင်ထားခဲ့သည်။သူသည် တင်းယွမ်ကို သတ်ချင်နေခြင်းဖြစ်သည်!။