နာကြည်းခြင်းအခန်း ၊ သရဲအိမ် ၊ ယင်အဆောက်အဦး
Vol. 9 Ch. 124
ကွန်ပျူတာ၏ပြာလဲ့လဲ့အလင်းရောင်မှာ တင်းယွမ်အပေါ်ဖြာကျနေလေသည်။ကျောင်းအုပ်ကြီးရုံးခန်းထဲမှ စုံစမ်းရေးမှူးများသည် တင်းယွမ်နှင့်သူ့လက်ထောက်ကို ရှင်းပစ်ရန် ဝန်းရန်လိုက်သည်။လီပြောင်က အစီအစဉ်စတင်ရန် မျက်ရိပ်ပြလိုက်သည်။လက်တွဲဖော်ဟောင်းများသည် သူတို့၏အဝတ်များအောက်တွင် ဝှက်ထားသော ဓားများကို တိတ်တဆိတ်ကြထုတ်လိုက်သည်။
အမှောင်ထုထဲတွင် ထက်မြိနေသော ဓားရောင်များ လက်ခနဲဖြစ်သွားသည်။တင်းယွမ်၏ လည်ပင်းကိုကြည့်၍ လီပြောင်က ပြုံးလိုက်သည်။
"အဘိုးကြီးတင်း ၊ အခုအချိန်က ခင်ဗျားရဲ့နေရာကို ပြောင်းလဲဖို့ အချိန်ပဲ "
ဓားသွားများကျဆင်းမလာမီ ရုံးခန်းတံခါးသည် ဗြုန်းခနဲပွင့်သွားလေ၏။အရိပ်တစ်ခု လှစ်ခနဲပြေးဝင်လာချေသည်။
"အပြင်ဘက်မှာ လူရှိတယ် !"
တင်းယွင်၏လက်ထောက်က အော်ဟစ်လိုက်သည်။သူသည် အခြားစုံစမ်းစစ်ဆေးရေးမှူးများကို ဖြတ်ကျော်၍ တင်းယွမ်ကို ဖမ်းဆုပ်လိုက်ပြီး ထွက်ပြေးလိုက်သည်။
"ရုံးခန်း အဆောက်အဦးကို သရဲတွေ ကျူးကျော်လာတာလား"
"ထွက်သွားပြီး စစ်ဆေးကြစမ်း "
ရုံးခန်းထဲမှ စုံစမ်းရေးမှူးများပြေးထွက်လာကြသည်။ကော်ရစ်ဒါထောင့်တွင် ရပ်နေသော အရိပ်တစ်ခုသည် သူတို့အား စောင့်ကြိုနေမှန်း သိခဲ့ပါလျှင်။
"လိုက်ကြ! "
စုံစမ်းရေးမှူးများက ရုံးခန်းအဆောက်အဦးထဲတွင် လူခွဲကြလိုက်ကြသည်။တင်းယွမ်သည် သူတစ်ဦးတည်း ကျန်သည်အထိ ပြေးလွှားနေ၏။တင်းယွမ်မှာ အတွေ့အကြုံရှိသောသူဖြစ်သည်။သူသည် တစ်စုံတစ်ခုကို အာရုံမိလိုက်ပြီး ရပ်တန့်လိုက်သည်။
"အပြောင်းလဲတွေ စတင်ခဲ့ပြီ ၊ ပုန်းမနေပါနဲ့တော့ ၊ မင်းဒီမှာရှိမှန်း ငါသိပါတယ် "
"ခင်ဗျားက သရဲတွေကို အာရုံခံနိုင်ပေမယ့် လူသားတွေကိုတော့ အာရုံမခံနိုင်ဘူးပဲ "
ကောင်းမင်က အရိပ်ထဲမှ လမ်းလျှောက်ထွက်လာလေသည်။တင်းယွင်သည် ခွေးကြီးအပေါ်တွင် အာရုံစိုက်ထားသောကြောင့် ထိုနေရာတွင်ကောင်းမင်ရှိနေမှန်းပင် မသိမထားမိပေ။
"ကျောင်းသားလား ၊ မဟုတ်ဘူး ..."
တင်းယွမ်က အနက်ရောင်ဆက်သွယ်ရေးစက်ကို ထိလိုက်သည်။
"မင်းက ဒီမူမမှန်မှူနဲ့ ချည်နှောင်ခံလိုက်တဲ့ ပြည်သူတစ်ယောက်ပဲ ၊ ဒါပေမယ့် ပြည်သူတစ်ယောက်လို တုန့်ပြန်မနေဘူး "
"ကျွန်တော်က အခြေအနေတွေကို မြန်မြန်ဆန်ဆန် အသားကျ လွယ်ပါတယ် "
ကောင်းမင်က သူ့လက်ကို ဆန့်ထုတ်လိုက်သည်။
"ကျွန်တော်က ကောင်းမင်ပါ ၊ လီစန်းဌာနရဲ့ အလုပ်သင်စုံစမ်းရေးမှူးပါ "
အနည်းငယ်တွေဝေနေပြီးနောင် တင်းယွမ်က ကောင်းမင်၏လက်ကို ဆုပ်ကိုင်လိုက်သည်။
"မြို့တော်အရှေ့ပိုင်းဌာန ၊ ဟွမ်မင်ခရိုင်ရဲ့ ခေါင်းဆောင် တင်းယွမ်ပါ "
"ခင်ဗျား ကျွန်တော့်ကို သံသယမဖြစ်ဘူးလား "
ကောင်းမင်က တင်းယွမ်ထံတွင် သူ့အား ရန်လိုမှုများမရှိပဲ ရှုပ်ထွေးမှုနှင့် အနည်းငယ်သံသယဖြစ်ခြင်းတို့ကိုသာ မြင်ခဲ့ရသည်။
"ကျောင်းအုပ်ကြီး ရုံးခန်းမှာကတည်းက ငါလီပြောင်ရဲ့ဓားကို မြင်ခဲ့တယ် ဒါပေမယ့် အရမ်းနောက်ကျသွားပြီလေ ၊ ငါ့လက်ထောက်အတွက် လွတ်လမ်းတစ်ခုဖန်တီးပေးဖို့ ငါက ရည်ရွယ်ချက်ရှိရှိ စီတုအန်းနဲ့စကားများခဲ့တာ ဒါပေမယ့် အဆုံးမှာတော့ မင်းက ငါတို့နှစ်ယောက်လုံးကို ကယ်ခဲ့တယ် "
တင်းယွမ် သူ့လက်ကို လွတ်ပေးလိုက်သည်။
"ငါက သရဲတွေကို အာရုံခံနိုင်သလို လူတွေကိုလည်း အာရုံခံနိုင်ပါတယ် ၊ ဒီမူမမှန်မှုကြီးက ဝက်အူရစ်လိုဖြစ်နေပြီ ၊ ငါတို့ တတ်နိုင်သမျှ လွတ်မြောက်အောင်လုပ်ပြီး သတင်းဖြန့်ဖို့လိုတယ် ၊ ငါတို့ ဒီနေရာကြီးကို ချိတ်ပိတ်ရမယ် ၊ ဒီနေရာကို ဌာနချုပ်က စုံစမ်းရေးမှူးတွေ ထပ်ပို့နေတာကို ငါတို့ တားဆီးရမယ် ! "
"ဒီမှာ ဘာဖြစ်ခဲ့တာလဲ "
ကောင်းမင်သည် ယခင်က တင်းယွမ်နှင့် မဆက်ဆံခဲ့ရပေ။ သူ့ကို လီပြောင်က အမြဲတမ်း သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။
"မြို့တော်အရှေ့ပိုင်း ယာယီအကြီးအကဲ စီတုအန်းက သံသယဖြစ်စရာကောင်းတယ် ၊ ဒီမူမမှန်ဖြစ်ရပ်က သဘာဝအတိုင်းမဟုတ်ဘူး လူတွေလုပ်ထားတာပဲ ! "
တင်းယွမ်ကသေချာနေ၏။
"ဟန်သဲ့ကိုယ်ပိုင်ကျောင်းကို လာဖို့ လွန်ခဲ့တဲ့နှစ်ရက်က ငါအမိန့်ရခဲ့တယ် ၊ အဲ့အချိန်က အတန်းတစ်တန်းက ကျောင်းသားတွေပဲ ထင်ယောင်ထင်မှားခံစားနေရတာ ၊ သူတို့ပြောတာက အခန်း၁၃ရဲ့ ခုံတိုင်းမှာ ကြိုးဆွဲချထားတဲ့ လူတွေရှိတယ်တဲ့ ၊ လူသေ ၅၁ယောက်အတွက် ထိုင်ခုံ ၅၁လုံးရှိတယ် "
"ထိုင်ခုံတိုင်းရဲ့ အပေါ်မှာ ကြိုးဆွဲချထားတဲ့ လူတစ်ယောက်ရှိတာလား "
"အမှန်ပဲ ၊ ငါတို့ရဲ့ စုံစမ်းစစ်ဆေးမှုအရ ကျောင်းသားနံပါတ်တွေနဲ့ ကျောင်းမှာရှိတဲ့ဖိုင်တွေနဲ့ မကိုက်ညီကြောင်း သိလိုက်ရတယ် ၊ ဓာတ်ခွဲခန်းအဆောက် အအုံအတွင်းမှာ လူကြီးတွေ အများအပြားကို ငါတို့တွေ့ခဲ့ရတယ် ၊ စီတုအန်းက သူတို့တွေကို လူအိုရုံက လူတွေလို့ ပြောခဲ့တယ် ၊ သူတို့က ကုသရေးနည်းလမ်းတစ်ခုအဖြစ် သူတို့ငယ်ဘဝတွေ ခံစားဖို့ ကျောင်းကို လာကြတာတဲ့ ၊ ဒါပေမယ့် ထိတ်လန့်စရာအမှန်တရားကို ငါတို့ ရှာတွေ့ခဲ့တယ် "
တင်းယွမ်က လေးနက်စွာဖြင့် "သူတို့တွေက စီတုအန်းမွေးစားထားတဲ့ မိဘမဲ့ကလေးတွေတဲ့လေ "
"ဟန်သဲ့ကိုယ်ပိုင်ကျောင်းကို တည်ထောင်ထားတာ နှစ်နှစ်ဆယ် မပြည့်သေးဘူး ၊ တခြားစကားနဲ့ပြောရရင် ကလေးတွေဟာ အဲ့နှစ်တွေအတွင်းမှာ လျင်လျင်မြန်မြန်ပဲ အသက်ကြီးသွားကြတာ "
ကောင်းမင်သည် ဓာတ်ခွဲခန်းအဆောက်အဦးကို မသွားရသေးပေ။
"စီတုအန်းက ဒီနေရာမှာ တချို့ထူးဆန်းတဲ့ စမ်းသပ်မှုတွေ ပြုလုပ်နေခဲ့တာ ဒီမူမမှန်ဖြစ်ရပ်ကြောင့်သာ မဟုတ်ရင် သူ့လျှို့ဝှက်ချက်ကို ရှာတွေ့ခံရမှာပဲ ၊ဒီလူသည် ရုပ်ဖျက်ရန် အလွန်ကောင်းတဲ့သူ ၊ ဟန်ဟိုင်တစ်ခုလုံးက သူ့ကို ပရဟိတသမားကောင်းတစ်ဦးလို့ ထင်နေကြတာ "
တင်းယွမ်သည် စီတုအန်းကို စုံစမ်းစစ်ဆေးချင်ခဲ့သောကြောင့် ပစ်မှတ်ထားခံခဲ့ရသည်။
"မင်းတို့ဌာနက စုံစမ်းရေးမှူးဘယ်နှစ်ယောက်ပို့လိုက်တာလဲ ၊ သူတို့အားလုံး ကျောင်းသားတွေလား"
"ကျွန်တော် တစ်ယောက်ထဲပဲ "
ကောင်းမင်က သူ့အား တွေ့ဆုံပွဲအကြောင်းပြောလိုက်သည်။ကျိုးကျွင်းပေးပို့သည့် ဖိတ်ခေါ်ချက်ကို တင်းယွမ်ကြားလိုက်သောအခါ သူ့မျက်နှာမှာ မည်းမှောင်သွားသည်။
"ကွင်းစ်စုံစမ်းစစ်ဆေးရေးဌာန အပျောက်ရှင်းခံရတာ သိပ်မကြာသေးဘူး ၊ စီတုအန်းက ကျိုးကျွင်းကို ကပ္ပတိန်အသစ်အဖြစ် ခန့်ခဲ့တယ် ၊ အဲ့ကလေးက ရိုးသားပုံပေါ်ပေမယ့် ကောက်ကျစ်စဉ်းလဲတဲ့သူပဲ "
တင်းယွမ်သည် ရုတ်တရက် တစ်ခုခုကို သတိရသွားသည်။
"မင်းပြောတာ မင်းအထက်တန်းကျောင်းတုန်းက အခန်း၁၃မှာ တက်ခဲ့တာဆို "
"ဟုတ်တယ် ၊ ဒါပေမယ့် ကျွန်တော်ရဲ့ အတန်းဖော်အချို့က သရဲဝင်စီးခံထားရပြီ ၊ အခြေနေ ကောင်းပုံမပေါ်ဘူး "
"ဒီနေရာက စကားပြောလို့ ကောင်းတဲ့နေရာမဟုတ်ဘူး ၊ ငါနဲ့လိုက်ခဲ့ "
တင်းယွင်သည် ကောင်းမင်အား တတိယနှစ်ရုံးခန်းသို့ ခေါ်ဆောင်သွားသည်။
တင်းယွမ်မှာ မီးများကို မဖွင့်ချေ။သူသည် တည်နေရာအားလုံးကို မှတ်မိနေသည့်ပုံရသည်။သူက ပရိဘောဂများကို ရှောင်ရှား၍ ဗီရိုတစ်လုံးနောက် ရောက်လာခဲ့သည်။သူက ဓာတ်မီးအသေးလေး ဖွင့်လိုက်သည်။ဖျော့တော့တော့အလင်းရောင်သည် အမှောင်ထုကို မောင်းထုတ်လိုက်သည်။ဗီရိုထဲတွင် စာရွက်စာတမ်းများ ပြည့်နေ၏။အသိသာဆုံးသည် ကျောင်းမြေပုံတစ်ခုဖြစ်သည်။ကျောင်းတွင် အဆောက်အဦး ကိုးခုရှိသည်။
အချက်အချာကျသော သင်္ချာအဆောက် အအုံသည် မြေပြင်ပေါ်တွင် တည်ဆောက်ထားသော Baguo နှင့်တူသည်။ အဆောက်အဦတစ်ခုစီကို နံပါတ်အမျိုးမျိုးနှင့် အရောင်များဖြင့် မှတ်သားထားသည်။ နံပါတ်များစွာကို တည်းဖြတ်ခဲ့သည်။
သင်္ချာဆောင်အား ဗဟိုအဖြစ်ထား၍ မြေပြင်ပေါ်တွင် ပါကွပုံသဏ္ဍာန် တည်ဆောက်ထားသည်။အဆောက်အဦးတစ်ခုစီတိုင်းသည် မတူညီသောနံပါတ်နဲ့အရောင်များရှိသည်။နံပါတ်များစွာသည် ပြင်ဆင်ခြင်းခံထားရသည်။
"မင်း ဒါကို နားလည်လား "
တင်းယွမ်က နံပါတ်များကို ညွှန်ပြလိုက်သည်။
"အရောင်တွေက အန္တရာယ်ရှိနူန်းကိုပြပြီး နံပါတ်တွေက သရဲအရေအတွက်ကို ပြောတာလား "
"တော်တယ် ၊ မင်းရဲ့ကပ္ပတိန်က ကံကောင်းတာပဲ "
တင်းယွင်က ရှင်းပြလိုက်သည်။
"သရဲတစ်ကောင်ပေါ်လာတဲ့အချိန်က အဆင့်၃ မူမမှန်ဖြစ်ရပ်ပဲ ၊ ဒါပေမယ့် အဆင့် ၄ မူမမှန်ဖြစ်ရပ်ကို ဘာကဖြစ်စေလဲ မင်းသိလား "
"သရဲအရေအတွက်လား "
ကောင်းမင်က တွေးလိုက်သည်။
"ပိုတိတိကျကျပြောရရင် သရဲတွေရဲ့ သိပ်သည်းဆနဲ့ တွက်တာပဲ ၊ သရဲတွေက အခန်းတစ်ခန်းတစ်ခန်းထဲမှာစုနေပြီး သုံးကောင်ထက်နည်းနေရင် အဲ့လိုအဆောက်အဦးတွေကို နားကြည်းခြင်းအခန်းလို့ ခေါ်ကြတယ် ၊ အန္တရာယ်နူန်းကတော့ အဆင့်၃ နဲ့ ၄ကြားမှာပဲ ၊ အခန်းတစ်ခုလုံး ဒါမှမဟုတ် တစ်အိမ်လုံး သရဲတွေနဲ့ ပြည့်နေရင် အဲ့ဒါကို သရဲအိမ်လို့ခေါ်တယ် ၊ ရပ်ကွက်ထဲမှာ အခန်းအမြောက်အများ ဒါမှမဟုတ် အထပ်မြင့်တစ်တိုက်လုံး သက်ရောက်နေတယ်ဆိုရင် အဲ့ဒါကို ယင်အဆောက်အဦးလို့ ခေါ်တယ် ၊ ငါတို့ရောက်နေတဲ့ အခြေအနေကတော့..."
တင်းယွမ်သည် ကျောင်းတစ်ခုလုံးကို စက်ဝိုင်းဝိုင်းလိုက်ပြီး "မရဏဘုံလို့ ခေါ်တယ် "
"မရဏဘုံကို စိတ်ပျက်အားငယ်ခြင်းဘုံလို့လည်း သိကြတယ် ၊ ဒီနေရာမှာ ကိုယ်ပိုင်စည်းမျဉ်းတွေ ရှိတယ် ၊ စည်းမျဉ်းတွေကို လက်ခံမှပဲ လိုက်နာမှပဲ မင်းအသက်ရှင်နိုင်လိမ့်မယ် ၊ အဲဒါကြောင့် ငါက စီတုအန်းရဲ့ အစီအစဉ်ကို လိုက်နာပြီး ငါ့ရဲ့ လက်အောက်ငယ်သားတွေကို ဒီမှာ ဆရာတွေ လုပ်ခိုင်းခဲ့ပေမယ့် ပြဿနာကို ငါသဘောပေါက်ခဲ့တယ် !"
တင်းယွမ်က ဒေါသတကြီးဖြင့်ပြောလိုက်သည်။
"ဒီမရဏဘုံက စီတုအန်း ဖန်တီးခဲ့တာပဲ ! "
"ကျွန်တော် နားမလည်ဘူး "
နောက်ဆုံးအကြိမ်စီတုအန်းနှင့်တွေ့ခဲ့ချိန်တွင် ကောင်းမင်သည် စီစွေ့အိမ်ရာရှိ သားစားကြူးနတ်ကို ထိန်းချုပ်နိုင်ရန် စီတုအန်းနှင့် တိုက်ခိုက်ခဲ့ရသည်။သားစားကြူးနတ်ကို သူဝါးမြိုပြီးနောက် စီတုအန်းသည် အသစ်တစ်ခုကို ဖန်တီးခဲ့သည်
"စီတုအန်းငယ်စဉ်က တစ်ခုခုကို သူကြုံခဲ့ရတယ် ဒါကြောင့်ပဲ သူ့ကံကြမ္မာကို ပြောင်းလဲခဲ့တာ ၊ သူက အဲ့ဒီအရာကို ကြီးထွားအောင် တဖြည်းဖြည်းကူညီခဲ့တယ် ၊ သူက အဲ့ဒါကို အမည်မသိအရာကနေ သရဲတစ်ကောင်ဖြစ်အောင် ဆယ်စုနှစ်တွေကြာအောင် ပျိုးထောင်ခဲ့တယ် ၊ ဒါပြီးတော့ သူက သရဲကို အူတိုင်အဖြစ်သုံးပြီး နာကြည်းခြင်းအခန်းကို မရဏဘုံအဖြစ် ပျိုးထောင်ခဲ့တာပဲ ! "
တင်းယွမ်က ထိုအကြောင်းကို ပြောလိုက်သောအခါ သူ့မျက်ဆံများ တဆတ်ဆတ်တုန်သွားသည်။
"ဒီအရူးက ဒီမရဏဘုံနဲ့ ပေါင်းစည်းဖို့ ကြံစည်နေတာ ၊ သူက ငါတို့ကို သုံးပြီး ဒီမရဏဘုံရဲ့ အုပ်စိုးသူဖြစ်လာဖို့ စီစဉ်နေတာပဲ "