သရဲနီ
Vol. 9 Ch. 125
စီတုအန်းသည် အမည်မသိအရာကြီးကို အစာကျွေးရန် ဟန်သဲ့ကိုယ်ပိုင်ကျောင်းကို တည်ဆောက်ခဲ့သည်။ဟန်ဟိုင်း၏ နာမည်ကြီး စီးပွားရေးသမားနှင့် ပရဟိတသမားဖြစ်လာရန်ပင် သူကြိုးစားခဲ့သည်။ သူသည် အထင်ကြီးစရာကောင်းသော်လည်း သူ့လုပ်ရပ်များသည် လွန်ကဲပေသည်။
"သူက ဒီမရဏဘုံကိုတည်ဆောက်ခဲ့မှတော့ ဘာလို့ ကျွန်တော်တို့အကူအညီလိုအပ်တာလဲ "
ကောင်းမင်က မေးလိုက်သည်။
"ပေါင်းစည်းပြီးရင် တစ်ဖွဲ့က ပျောက်ကွယ်သွားလိမ့်မယ် ၊ သရဲကို အစာကျွေးခဲ့တဲ့ စီတုအန်းက သူ့ဆုံးဖြတ်ချက်ကို စတင်နောင်တရနေပြီလို့ ငါသံသယရှိတယ် "
တင်းယွမ်က မီးကို ပိတ်လိုက်သည်။
"ဒါပေမယ့် ဒါက ငါသံသယရှိရုံပဲ ၊ အခု ငါတို့အားလုံးအတည်ပြုနိုင်တာက စီတုအန်းဟာ တစ်ကျောင်းလုံးကို အပြည့်အဝမထိန်းချုပ်နိုင်သေးဘူးဆိုတာပဲ ၊ သူ့ဩဇာသက်ရောက်တဲ့ နေရာတွေက ရုံးခန်းအဆောက်အဦး၊ သင်္ချာဆောင်နဲ့ ဓာတ်ခွဲခန်းအဆောက်အဦးတစ်စိတ်တစ်ပိုင်းပဲ ၊ အဲ့ဒီနေရာတွေကို သင်ကြားရေး အိုင်ဒီကတ်နဲ့ မင်းဝင်လို့ရတယ် "
"သင်ကြားရေးအိုင်ဒီကတ်ဆိုတာ စည်းမျဉ်းတစ်မျိုးဖြစ်လိမ့်မယ် ကျောင်းသားကောင်စီတံဆိပ်က နောက်စည်းမျဉ်းတစ်ခုကို ကိုယ်စားပြုတာလား "
"မှန်တယ် "
တင်းယွမ်သည် ကောင်းမင်အား လေးစားသမှုဖြင့်ကြည့်လိုက်သည်။
"ကျောင်းသားကောင်စီက ကျောင်းရဲ့အစစ်အမှန်စည်းမျဉ်းတွေကို ကိုယ်စားပြုတယ် ၊ စားဖိုမှူးတွေ အစောင့်တွေနဲ့ အဆောင်မန်နေဂျာတွေလို ဝန်ထမ်းတချို့က ကျောင်းစည်းကမ်းတွေကို လိုက်နာကြတယ် "
"စီတုအန်းက ဒီနေရာမှာ အကြာကြီးရှင်သန်နိုင်ဖို့ နောက်ထပ်ဝှက်ဖဲတစ်ခု ရှိရမယ် "
ကောင်းမင်က စီတုအန်းသည် မရိုးရှင်းကြောင်း သိသည်။သို့သော်လည်း ထိုမတိုင်ခင်က သူ့အနေအထားသည် စီတုအန်းနှင့်ယှဉ်လျှင် အလွန်အားနည်းခဲ့သည်။ယခုအကြိမ်တွင် သူသည် စီတုအန်းကို အပြည့်အဝစားပစ်မည်ဟု ကျိန်ဆိုလိုက်သည်။
"ကြည့်ရတာ စီတုအန်းက အရမ်းကြောက်ဖို့ကောင်းမယ့်ပုံပဲ ၊ ကျွန်တော် သူ့ကို မခန့်မှန်းနိုင်ဘူး "
တင်းယွမ်သည် မြေပုံနှင့် အခြားအရာအားလုံးကို သူ့အိတ်ထဲသို့ ထိုးထည့်လိုက်သည်။
"တခြားဟာတွေထက် ငါပြောချင်တဲ့စည်းမျဉ်းနှစ်ခုရှိတယ် ၊ စည်းမျဉ်းနှစ်ခုလုံးကို မလိုက်နာတဲ့ 'သရဲနီ'တချို့ရှိကြတယ် ၊ မရဏဘုံဟာ အနီးအနားက သရဲတွေကို ဆွဲဆောင်လိမ့်မယ် ၊ အဲ့ဒီသရဲနီတွေက အရမ်းစွမ်းအားကြီးတယ် ၊ မင်းသူတို့ကို တတိယအင်အားစုအဖြစ် မြင်လို့ရတယ် "
"ခင်ဗျား အခု ရုံးခန်းအဆောက်အဦးက ထွက်သွားတော့မှာလား "
"စီတုအန်းက ငါ့ကို သတ်ချင်နေတာ ၊ ငါဒီမှာနေတာ မလုံခြုံဘူး "
တင်းယွမ်က သူ့အိတ်ကို ကောက်ယူလိုက်သည်။
"ငါမင်းကို ထူးခြားတဲ့သရဲနီတစ်ကောင်နဲ့တွေ့ဖို့ ခေါ်သွားပေးမယ် "
"ကျွန်တော့်ကို သရဲနီတစ်ကောင်နဲ့တွေ့ဖို့ ခေါ်သွားမှာလား "
တင်းယွမ်သည် ကောင်းမင်တွေးထားသကဲ့သို့ ရှေးရိုးစွဲတစ်ယောက်မဟုတ်ပေ။သူသည် သရဲများနှင့်ပင် ပူးပေါင်းနေသေးသည်။
တင်းယွမ်နှင့်ကောင်းမင်သည် ပထမထပ်သို့ရောက်သောအခါ လော်စပီကာမှ လီပြောင်၏အသံကို ကြားလိုက်ရသည်။
"အဘိုးကြီးတင်း ၊ အခု ကျောင်းအုပ်ရုံးခန်းကို လာခဲ့ ၊ ခင်ဗျားရဲ့လက်ထောက်တောင် ဒီမှာနော် ၊ ခင်ဗျား ဘယ်မှာလဲ "
"ဒီခွေးသားက ရှောင်ဖေးကို အသုံးချပြီး ငါ့ကို ခြိမ်းခြောက်ချင်နေတာလား "
တင်းယွမ်၏မျက်နှာ မဲမှောင်သွားသည်။
"အကြီးအကဲက ကျောင်းဟာကွက်တစ်ခုကို တွေ့ထားတယ် ခင်ဗျားအချိန်မှီမလာဘူးဆိုရင် ကျုပ်က အဖွဲ့နဲ့ အဲ့အထဲဖြတ်သွားတော့မှာ "
လီပြောင်သည် တင်းယွမ်လွတ်မြောက်သွားမည်ကို ပူပန်နေပုံမရပေ။
ရုံးခန်းအဆောက်အဦး၏ ထွက်ပေါက်နှစ်ခုသည် ပိတ်ဆို့ခံထားရသည်။
"ကမူးရှူးထိုး မလုပ်နဲ့ ၊ တခြားလူတွေကို ကယ်ဖို့ ခင်ဗျား အသက်ရှင်နေဖို့လိုတယ် "
ကောင်းမင်က တံခါးဘေးတွင် ရပ်လိုက်သည်။
"ကျွန်တော်တို့ ပြတင်းပေါက်တွေကတဆင့် လွတ်နိုင်မလား "
"မင်းကြုံရာ တံခါးကို မဖွင့်သင့်ဘူး ၊ စီတုအန်းပျိုးထောင်ထားတဲ့ အရာတွေ ပုန်းနေနိုင်တယ် ၊ သူတို့ တစ်ခါထွက်လာတာနဲ့ အခြေအနေက အဆိုးဝါးဆုံးဖြစ်သွားလိမ့်မယ် "
"ဒါဆို ကျွန်တော်တို့ ရှေ့တံခါးကိုပဲ သုံးရမှာပေါ့ "
ကောင်းမင်က သူ့ဘေးရှိ အမှောင်ထုကို ထိတွေ့လိုက်သည်။တင်းယွမ်သည် မတုံ့ပြန်နိုင်သေးခင် ခွေးကြီးက သူ့အားမြိုချလိုက်သည်။ အမှောင်ထုထဲပုန်းနေသောခွေးကြီးသည် ရုံးခန်းအဆောက်အဦးမှ ထွက်လာခဲ့ပြီး ဓာတ်ခွဲခန်းအဆောက်အဦးထဲ တိတ်တခိုးရောက်လာခဲ့သည်။
သူတို့အား ပစ်ချထားခဲ့ပြီးနောက် ခွေးကြီးပျောက်ကွယ်သွားသည်။တင်းယွမ်သည် ထိတ်လန့်နေသော်လည်း ဘာမှ မမေးမြန်းခဲ့ပေ။ယင်းသည် ကောင်းမင်၏လျှို့ဝှက်ချက်မှန်း သူသိသောကြောင့်ဖြစ်သည်။
"စီတုအန်းရဲ့ စည်းမျဉ်းတွေက ကျောင်းစည်းမျဉ်းနဲ့ ပဋိပက္ခဖြစ်နေကြတယ် ၊ သူတို့က ဓာတ်ခွဲခန်း အဆောက်အအုံကို ထိန်းချုပ်ဖို့ တိုက်ခိုက်နေကြလို့ ဒီအဆောက်အအုံကို ပရမ်းပတာဖြစ်ရပ်ထဲနစ်မြှုပ်သွားစေခဲ့တာပဲ ၊ သရဲနီတချို့က ဒီမှာ ပုန်းနေကြတာ "
တင်းယွမ်သည် ဘယ်ဘက်နံရံကို မှီလိုက်သည်။သူသည် ဘယ်ဘက်ကော်ရစ်ဒါထဲသို့ ၀င်ပြီး ပထမထပ်သို့ ပြန်မလာမီ စတုတ္ထထပ်သို့ တက်သွားလိုက်သည်။ယင်းကဲ့သို့ လေးကြိမ်လုပ်ပြီးနောက် သူနှင့်ကောင်းမင်သည် အဘွားအိုတစ်ယောက်၏အသံကို ကြားလိုက်ရလေသည်။
"သူ့ကို အရှုံးပေးလိုက်လို့ ပြောလိုက် ! ဒီကျောင်းက ငါ့ဟာပဲ! "
ကောင်းမွန်စွာဝတ်ဆင်ထားသော အဘွားအိုတစ်ယောက်သည် လေးလွှာ၏ကော်ရစ်ဒါတွင်ရပ်နေ၏။သူမသည် ဖုန်းအစုတ်တစ်လုံးကို ကိုင်ထားပြီး ကြိမ်းမောင်းနေလေသည်။
"နင် ကျောင်းကို စီတုအန်းဆီရောင်းရဲရင် ငါ့မှာ နင့်လိုသားမရှိတော့ဘူး ! နင်လဲ သူနဲ့အတူ အရှုံးပေးလိုက်တော့"
"ပရဟိတဆိုတာ အလေ့အကျင့်တစ်ခုပဲ ၊ ရုတ်တရက်ကြီး ပရဟိတ ထမလုပ်ဘူး ! စီတုအန်းက နင့်ကို လိမ်နေတာ ! နင်ဘာလို့ ဒီလောက်တုံးနေရတာလဲ "
"လက်လျှော့လိုက် ၊ ငါ့ကျောင်းက ထွက်သွားစမ်း!"
အဘွားကြီးကတော့ ကောင်းမွန်စွာနေတတ်သူဖြစ်သည်။ သူမ၏ ၀တ်စုံတွင် တွန့်ကြေနေခြင်းများ မရှိပေ။ သူမသည် အလေးအနက်ထားတတ်သူဖြစ်ပြီး သူ့မကိုယ်သူမ အဆင့်အတန်းတစ်ခုဖြင့်နေလေ့ရှိသည်။သို့သော်လည်း ယခုအချိန်တွင် သူမသည် လှေထိုးသားတစ်ယောက်ကဲ့သို့ ကျိန်ဆဲနေရလေသည်။
"အဘွားအိုရဲ့နာမည်က ယန်ရှီကျီတဲ့ သူက ဟန်သဲ့ရှုရှန်းအကယ်ဒမီရဲ့ ကျောင်းအုပ်ဆရာမကြီးပဲ ၊ သူက မိဘမဲ့ကလေးတွေအတွက် စာသင်ကျောင်းဆောက်ရဖို့ သူ့ရဲ့ဘဝတစ်လျှောက်လုံးစုဆောင်းငွေတွေကို အသုံးပြုခဲ့တယ် ၊စီတုအန်း ဟန်သဲ့ပရဟိတဌာနချုပ်ကို မ၀င်သေးခင်ချိန်က သူက ဒုဥက္ကဌဖြစ်ခဲ့တယ် "
တင်းယွမ်သည် ထိုအမျိုးသမီးအား လေးစားစွာကြည့်လိုက်သည်။
"သူက အရမ်းချမ်းသာပေမယ့် အရမ်းနှိမ့်ချတတ်တယ်၊ သူဟာ လူပေါင်းများစွာကို ကူညီခဲ့တယ် "
"ဒါဆို သူက ဘာလို့ဒီရောက်နေတာလဲ "
"သူက ဘဝကို ရိုးရိုးရှင်းရှင်းနေခဲ့ပေမယ့် သူ့သားတွေကြောင့် ပျက်စီးခဲ့ရတယ် ၊ သူ့ရဲ့ အကြီးသားဟာ ပရဟိတအဖွဲ့က ငွေတွေကို အလွဲသုံးစားလုပ်ခဲ့ပြီး မီဒီယာမှာ ဖော်ထုတ်ခံခဲ့ရတယ် ၊ သူ့ရဲ့ ဒုတိယသားက ရဲတွေဆီက ထွက်ပြေးခဲ့ပြီး နောက်ဆုံး သူ့ကိုယ်သူသတ်သေသွားခဲ့တယ် ၊ ဒါတွေပြီးတော့ လူတိုင်းက သူတို့လှည့်စားခံခဲ့ရတယ်လို့ ခံစားခဲ့ရတယ် ၊ လူတွေက သူ့ကို လူဆိုးလို့ထင်ခဲ့ကြပြီး အလှူအတန်းဆိုတာ ဟန်ပြသက်သက်ပဲလို့ ထင်ခဲ့ကြတယ် ၊ လူတွေက သူ့ကို နှုတ်ထွက်ခိုင်းပြီး သတ်ပစ်ချင်ခဲ့ကြတယ် "
တင်းယွမ် သက်ပြင်းချလိုက်သည်။
"သူသာ လူတွေကို ကူညီခဲ့ပေမယ့် သူအတွက် ဘယ်သူကမှ စကားမပြောပေးခဲ့ကြဘူး "
"လူထုကဆိုတာ စည်းကမ်းမဲ့နေတဲ့ အုပ်စုတစ်ခုပဲ သူတို့က အသုံးချခံခဲ့ရသလို ခံစားရမှာပေါ့ "
ကောင်းမင်သည် စိတ်ပညာကို နားလည်သည်။
"သူ့အတွက် အရာအားလုံးကို ပြောပြဖို့ အရမ်းနောက်ကျသွားတယ် ၊ သူဟာ သူ့ရဲ့ပိုင်ဆိုင်မှုတွေကို ထုတ်ပြခဲ့တယ် ၊ လူတွေက သူဟာ သူ့ပိုင်ဆိုင်မှုတွေကို ထုတ်မပြခင် ငွေတွေကို ရွေ့ပြောင်းထားလိုက်ပြီလို့ ပြောခဲ့ကြတယ် ၊ သူဟာ သူတို့ကို ဖုံးကွယ်ထားတာမရှိကြောင်း သက်သေပြဖို့အတွက် သူ့ရဲ့သားတွေနဲ့ပို့ထားတဲ့ မက်ဆေ့တွေကို ထုတ်ပြခဲ့တယ် ၊ လူတွေက သူဟာ သူ့ကိုယ်သူ ကယ်တင်ဖို့အတွက် သူ့သားတွေကို စတေးခဲ့တဲ့ တိရိစ္ဆာန်ထက်တောင် ဆိုးရွားတဲ့လူလို့ ပြောဆိုခဲ့ကြတယ် ၊ တစ်နေ့မှာတော့ သူ ပျောက်ကွယ်သွားခဲ့တယ် ၊ သူ အသက်ရှင်နေလား သေသွားလားဆိုတာ ဘယ်သူမှ ဂရုမစိုက်ခဲ့ကြဘူး ၊ လူတွေပြောကြတာတော့ သူဟာ ငွေတွေယူပြီး ဒီနိုင်ငံက ထွက်ပြေးသွားပြီတဲ့လေ "
တင်းယွမ်က ကော်ရစ်ဒါပေါ် လမ်းလျှောက်လိုက်သည်။
"အမှန်တကယ်တော့ သူဟာ ကြံစည်ခံခဲ့ရတာပဲ ၊ သူမပျောက်ကွယ်သွားပြီး မကြာခင် ပရိဟိတရဲ့ ဒုဥက္ကဌအဖြစ် သူမရဲ့နေရာကို စီတုအန်းက တာဝန်ယူလိုက်တယ် "
ဝတ်ကောင်းစားလှအဘွားအိုသည် တင်းယွမ်နှင့်ကောင်းမင်ကို မြင်သွားသည်။သူမသည် ဖုန်းကို ဒေါသတကြီး ချလိုက်ပြီး လမ်းလျှောက်လာလေ၏။
"ဆရာတင်း ညအရမ်းနောက်ကျပြီးမှ ရောက်လာတာ အရေးကြီးကိစ္စရှိလို့လား "
"ခင်ဗျားရဲ့ အကြီးဆုံးသားက ကျောင်းကို စီတုအန်းဆီရောင်းလိုက်ပြီ ၊ ရက်အနည်းငယ်အတွင်း သူက ကျောင်းအုပ်အသစ်အဖြစ် တာဝန်ယူလိမ့်မယ် "
"ငါဒီမှာ ရှိနေသရွေ့ ဟန်သဲ့ရှုရှန်းအကယ်ဒမီက သူ့လက်ထဲ ကျရှုံးသွားမှာ မဟုတ်ဘူး ! ဒီမှာရှိတဲ့ ကျောင်းသားတစ်ယောက်ချင်းစီကို ငါကာကွယ်မယ် ! "
ယန်ရှီကျီသည် ဒေါသထွက်နေသော ခြင်္သေ့မတစ်ကောင်နှင့်တူ၏။သူမ၏ မှတ်ဉာဏ်သည် စီတုအန်းကျောင်းအုပ်ဖြစ်မလာခင် အခိုက်အတန့်တွင် ရပ်တန့်နေခြင်းဖြစ်သည်။
"ကြည့်ရတာ အဘွားအိုက ပျောက်သွားတာ မဟုတ်ဘူး သူ့ကို ကျောင်းမှာ စီတုအန်းက သတ်လိုက်တာ ဖြစ်မယ် ၊ သူသေပြီးတော့ သူက ထူးခြားတဲ့ သရဲနီတစ်ကောင်ဖြစ်လာတာပဲ "
ကောင်းမင် အဘွားအိုကို လေ့လာနေသောအချိန်တွင် အဘွားအိုသည်လည်း သူ့ကို လေ့လာနေပေသည်။